Read more!
Read more!

လေဖြတ်သောကြောင့် အသက် (၇၀) အရွယ်တစ်ယောက် အောက်ပိုင်းသေပြီးနောက်၊ သူမသည် ဘုရားသခင်ကို မှီခိုခြင်းဖြင့် အလွန်အံ့ဖွယ်ကောင်းစွာ နာလန်ထလာခြင်း

ဆန်ဟောင်း၊ တရုတ်ပြည်

ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်ပြီး အသက် ၇၀ ရှိပါပြီ။ ကျွန်မသည် တစ်ခါက နာမကျန်းဖြစ်သောကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး၊ ဦးနှောက် သေလုနီးပါးပင် ဖြစ်သွားခဲ့သည်။ ထိုကာလအတွင်း ကျွန်မသည် ရှင်သန်ခြင်း၏ မည်သည့် မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်သော်လည်း အရေးကြီးသည့် အဆင့်တစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုပေးခဲ့ပြီး၊ ကျွန်မအသက်တာ ကိုလည်း အလွန်အံ့သြဖွယ် ကောင်းအောင် ပြန်လည်ရရှိစေခဲ့ပါသည်။ ဘုရားသခင်ကသာ ကျွန်မကို မကယ်တင်ခဲ့ပါက၊ ကျွန်မသည် ဤကမ္ဘာလောကကြီးမှ ထွက်ခွာသွားခဲ့ရ သည်မှာ ကြာပြီ ဖြစ်ပါသည်။

ရုတ်တရက်သတိလစ်ကာ၊ အောက်ပိုင်းသေသွားခြင်း

၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကျွန်မ အိပ်ရာမှ ထပြီးနောက် ခေါင်းအလွန်နာကျင်ကိုက်ခဲ့လေသည်။ ရုတ်တရက် ကျွန်မ ယိုင်တိယိုင်တိုင် ဖြစ်ပြီး အိပ်ရာပေါ်သို့ လဲကျသွားခဲ့သည်။ ကျွန်မခန္ဓာကိုယ် တစ်ဝက်ကို လှုပ်ရှား၍မရပဲနှင့် ကျွန်မ တဖြည်းဖြည်းချင်း သတိလစ်သွားခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်မဆွေမျိုးများက ကျွန်မကို စီတီဓါတ်မှန်ရိုက်သည့် နေရာ ဆေးရုံအရေးပေါ်ခန်းသို့ ခေါ်ဆောင်သွားပါသည်။ ဆရာဝန်က ကျွန်မ သွေးလွှတ်ကြော နံရုံပေါက်ကွဲခြင်းကြောင့် ဦးနှောက်ပင်မတွင် သွေးယိုရပြီး၊ ကျွန်မတို့အနေဖြင့် ထိုသွေးများကို မရပ်နိုင်ပါက၊ ကျွန်မအသက်အန္တရာယ် စိုးရိမ်ရသည် ဟု ပြောခဲ့သည်။ ၎င်းကို ကျွန်မသမီး ကြားသည့်အချိန်တွင် သူ့မှာ ရှိုက်ငိုပြီး ဝမ်းနည်းပက်လက် ဖြစ်ရလေသည်။ ဆရာဝန်က ကုသမှုကို နှောင့်နှေးမနေပဲနှင့် ကျွန်မကို အရေးပေါ်ကယ်ဆယ်ရေးဌာနသို့ ခေါ်ဆောင် လာရန် သူနာပြုများ အား ပြောလိုက်သည်။

ထိုနေရာတွင် ဆရာဝန်က သူနာပြုများအား “အဖွားအိုကို စောင့်ကြည့်နေပါ။ သူ အသက်ရှုနိုင်စွမ်း ဆုံးရှုံးခါနီးနေပြီ။ သူ့မိသားစုလည်း သူတို့စိတ်ကို ပြင်ဆင်ထားပြီး၊ သူ့နောက်ဆုံး ကိစ္စဝိစ္စတွေကို စလုပ်နိုင်ဖို့ သူ့နားကပ်တွေ၊ လက်စွပ်တွေ နဲ့ ဆွဲကြိုးတွေကို ချွတ်ပြီး၊ သူ့မိသားစုကို ပေးထားလိုက်၊” ကျွန်မ မျက်လုံးများ မဖွင့်နိုင်သည့်အပြင် လုံးဝ လှုပ်ရှား၍ မရသော်လည်း၊ ကျွန်မမှာ သတိအပြည့်ရှိနေခဲ့သည်။ ကျွန်မသေရတော့မည်ဟု ကြားသည့် အချိန်တွင်၊ ကျွန်မသည် ကြောက်စိတ် နှင့် ဝမ်းနည်းခြင်း နှစ်ခုလုံးကို ခံစားခဲ့ရပါသည်။ လူတိုင်းသေကြရသည်ကို ကျွန်မ သိသော်ငြားလည်း၊ ကျွန်မအနေဖြင့် လျင်မြန်စွာနှင့် ရုတ်တရုက်ကြီး သေဆုံးရမည်ဟု မမျှော်လင့်ခဲ့ပါ။ ကျွန်မနားတွင် ရှိသူများကို နှုတ်ဆက်ရန် အချိန်လေးပင် မရလိုက်၊ ဤလောကကိုလည်း နောက်ဆုံးတစ်ချက် မကြည့်ရှုရသေး သည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်သော်လည်း ကျွန်မသည် သမ္မာတရားရရှိခြင်း သို့မဟုတ် ဘုရားသခင်ကို နားလည်ခြင်းများလည်း မရှိခဲ့ပါ… ဤအချိန်အတွင် ကျွန်မ အသက်တာ သည် အလွန်တိုတောင်း သည်ဟု ခံစားခဲ့ရသည်။ ဤလောကကို ရုတ်တရက် ကြီး ထွက်ခွာသွား ရတော့မည် ဆိုသည့်အတွေး၊ မပြီးဆုံးသေး သည့် အရာများစွာ ကျန်ရှိနေခြင်းတို့ဖြင့် ကျွန်မ နှလုံးသားသည် ဝမ်းနည်းမှု နှင့် နောင်တတို့ဖြင့် လေးလံလာခဲ့ပါသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရခဲ့ပါသည်။ “လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို နှစ်သိမ့်မှု အနည်းငယ်ပေးခဲ့သည်။ ဆရာဝန်သည် ကျွန်မကို ကယ်တင်ဖို့ကြိုးစားရန် လက်လျှော့လိုက် သော်လည်း ကျွန်မမှာ မှီခိုရန် ဘုရားသခင်ရှိသေးသောကြောင့် ကျွန်မ မည်သည့်အရာကိုမျှ ကြောက်ရန် မရှိခဲ့ပါ။ လူ၏ သေရေးရှင်ရေးတို့သည် ဘုရားသခင်၏ လက်တော်ထဲ တွင်သာ ရှိသောကြောင့် ကျွန်မတို့သည် မိမိကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိပါ။ ကျွန်မ ရှင်မည် သို့မဟုတ် သေမည် ဆိုသည်မှာ ဆရာဝန် သို့မဟုတ် ကျွန်မ အပေါ်တွင် မူတည်မနေပါ။ ထိုအရေးကိစ္စအတွက် ဘုရားသခင် တစ်ပါးတည်းသာလျှင် ဆုံးဖြတ်ခွင့် ရှိပါသည်။ အကြိမ်ကြိမ်အဖန်ဖန် ဆိုသကဲ့သို့ ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်ကို တိတ်ဆိတ်စွာဖြင့် “ဘုရားသခင်။ ဘုရားသခင်။ ကျွန်မ သေရေးရှင်ရေးက ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ ပြီးတော့ ကျွန်မ သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း နှင့် စီစဉ်မှုများကို နာခံပါ့မယ်” ဟု ဆုတောင်းခဲ့ပါသည်။ဆုတောင်းပြီးနောက်တွင် ကျွန်မ ပိုမိုလုံခြုံစိတ်ချမှုကို ခံစားလိုက်ရပါသည်။

စိတ်နှလုံးမချမ်းမြေ့သည့်ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိကိုယ်ကို ယုံကြည်မှုနှင့် မျှော်လင့်ချက်တို့ကို ပေးခြင်း

ကျွန်မသည် အရေးပေါ်ကယ်ဆယ်ရေးဌာနတွင် ၇ရက်ကြာအောင် နေခဲ့ရပြီး၊ သတိရတစ်ချက် မရတစ်ချက်ဖြင့် ရှိနေခဲ့သည်။ ကျွန်မသတိရသည်နှင့် တပြိုင်နက် ကျွန်မ ဘုရားသခင်ကို ငိုယိုဟစ်ကြွေးမည်သာဖြစ်သည်။ ၇ရက်မြောက်နေ့တွင် ဆရာဝန်က ကျွန်မကို အရေးပေါ်ကယ်ဆယ်ရေးဌာနမှ လူနာအားအချိန်မလပ် စောင့်ကြည့်ကုသခြင်းဌာန သို့ လွှဲပြောင်းပေးခဲ့သည်။ ဤအချိန်တွင် ကျွန်မသည် ရှင်လျက်နှင့် သေနေသူတစ်ယောက်ကဲ့သို့ အိပ်ရာပေါ်တွင် အောက်ပိုင်းသေကာ လှဲလျောင်းနေခဲ့ပြီး၊ ကျွန်မသည် အပျက်သဘောဆောင်ခြင်း နှင့် အားနည်းခြင်းများ ထဲသို့ ကျရောက်သွား ခဲ့သည်။ ကျွန်မခင်ပွန်းသည် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစား နေရပြီး၊ ယခုကျွန်မက အောက်ပိုင်းသေနေသည်။ ကျွန်မတို့သည် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်ခြင်း သို့မဟုတ် လွတ်လပ်စွာလှုပ်ရှားနိုင်ခြင်း မရှိသည့်အပြင်၊ ကျွန်မတို့ သမီးကလည်း သူ့ကိစ္စနှင့် သူရှိသောကြောင့်၊ သူမသည် ရှင်လျက်နှင့်သေနေသော ကျွန်မတို့ နှစ်ဦးကို မည်သို့ ပြုစုစောင့်ရှောက်မည်နည်း။ မျက်လုံးထောင့်မှ မျက်ရည်များ ကျွန်မ နားရွက်ထဲသို့ စီးဝင်လာပြီး၊ ကျွန်မမှာ ၎င်းတို့ကို မိမိလက်များဖြင့် မသုတ်နိုင်ခဲ့ပါ။ အသက်ရှင်နေထိုင်ရခြင်း၏ အဓိပ္ပါယ်မှာမည်သည့် အရာဖြစ်ခဲ့သနည်း။ ကျွန်မ သေသွားသည်ကမှ ပိုကောင်းဦးမည် ဟု ကျွန်မတွေးမိပြီး အသက်ရှင်နေထိုင်ရခြင်းထက် သေလိုသည့် ခံစားချက်သည် အလွန်ခါးသီးလေသည်။ ဘုရားသခင်၊ ကျွန်မဤမျှ ကြီးမားသည့် ရောဂါကြီးကို မည်သို့ ခံစားနိုင်မည်နည်း။ ဘုရားသခင်၊ ဤအရာ၌ ကိုယ်တော်၏ အလိုတော်မှာ မည်သည့်အရာဖြစ်သနည်း။

ခဏတာ စိတ်ဆင်းရဲပြီးနောက် ကျွန်မ အခြေအနေသည် မမှန်ကန်ကြောင်း ချက်ခြင်း နားလည်သဘောပေါက်ပြီး၊ ဘုရားသခင်ထံသို့ “ဘုရားသခင်၊ အခု ကျွန်မ အထူးတလည် အပျက်သဘောဆောင်ပြီး အားနည်းတယ်လို့ ခံစားနေရတဲ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှု နဲ့ အသက်ရှင်နေထိုင်ရန် သတ္တိတို့ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဘုရားသခင် ကျွန်မကို ဉာဏ်ပွင့်စေပြီး၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်သဘောပေါက်ခွင့်ကိုပေးပါ။” ဟု အလျင်အမြန် ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြီးနောက်၊ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ပြန်လည်အမှတ်ရခဲ့သည်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။...လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များ သည် ကျွန်မနှလုံးသားကို ကြီးစွာတည်ငြိမ်စေပြီး၊ ဘုရားသခင်ထံ၌ ကျွန်မတို့ကို ယုံကြည်မှုရှိစေ လိုကြောင်း၊ နှစ်သိမ့်ခြင်း နှင့် ဆင်းရဲဒုက္ခခံစားခြင်း နှစ်ခုလုံးတွင် ဘုရားသခင်ကို ညည်းတွားခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုပဲနှင့် ကျွန်မတို့၏ ဘုရားသခင်ကို ကြောက်စိတ် နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို နာခံခြင်းတို့ကို ဆက်လက် မြဲမြံနေစေရန် တို့ကို အလိုတော်ရှိကြောင်း နားလည်သဘောပေါက် စေခဲ့ပါသည်။များပြားလှသည့် နွားများနှင့် သိုးများသည် လုယူခံရသော၊ အိမ်ပြိုကျသောကြောင့် သားသမီးများ သေဆုံးကုန်သော၊ ပြီးနောက် အနာများဖြင့် တစ်ကိုယ်လုံးဖုံးလွှမ်းနေခဲ့သော ယောဘကဲ့သို့ပင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုများကြားတွင် ယောဘသည် ကြီးစွာသော ညှင်းပန်းမှုဒဏ်ကို ခံရသော်လည်း ဘုရားသခင်ကို အပြစ်တင်ခြင်းဖြင့် သူ၏ ပါးစပ်နှင့် အပြစ်မကျူးလွန်ခဲ့ပါ၊ ဘုရားသခင်၌ မည်သည့်အခါမျှ ယုံကြည်မှု မပျောက်ဆုံးသည့်အပြင်၊ ဘုရားသခင်ပေးသနားတော်မူပြီး ပြန်ယူသွားသည့် အရာကိုလည်း သူအပ်နှံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းခဲ့ပါသည်။ ကျွန်မအနေအထားက ကျွန်မကို အားနည်းစေပြီး စိတ်ပျက်စေကာ၊ မိမိကိုယ်ကို ပျက်စီးစေခြင်း နှင့် ကျွန်မ နာကျင်မှုသက်သာစေရန် သေခြင်းတရားကိုပင် အသုံးပြုလိုခဲ့သည်ကို တွေးရသည်မှာ အလွန်ပင် ရှက်ခဲ့ရပါသည်။ ဤသည်မှာ ကျွန်မသည် ယခုနာမကျန်းဖြစ်ခြင်းကို ဆက်လက်တွေ့ကြုံခံစားလိုပါက၊ ယောဘကဲ့သို့ ယုံကြည်မှုရှိရန်မှာ အလွန်အရေးကြီးကြောင်းကို ကျွန်မတွေ့မြင်သည့် အချိန်တွင် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မသည် ယောဘကဲ့သို့ တူညီသည့် မိမိကိုယ်ကို ယုံကြည်မှုမျိုးကို မည်သို့ရရှိနိုင်မည်နည်း။

ဘုရားသခင်၏ လမ်းပြခြင်း ကျေးဇူးကြောင့် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်လည်အမှတ်ရခဲ့ပါသည်။ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီးယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” ယောဘ၏ ယုံကြည်မှုသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့် သြဇာအာဏာ တို့ကို သိခြင်း ဆိုသည့် အချက်တွင် အခြေခံကြောင်းကို ကျွန်မနားလည်ခဲ့ရပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ၏ နားလည်ခြင်းကြောင့် စမ်းသပ်မှုများကြားတွင် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ပြီးလျှင် ဘုရားသခင်ကို ယုံကြည်မှုရှိကာ၊ သူ့ကလေးများ၊ ပိုင်ဆိုင်မှု နှင့် သူ့အသက်ပင်လျှင် အားလုံးတို့သည် ဘုရားသခင်က အုပ်စိုးထားပြီး၊ လွှမ်းမိုးထားသည်ကို သိခဲ့သောကြောင့် သူ့ပိုင်ဆိုင်မှုနှင့် သားသမီးများအားလုံးကို ဆုံးရှုံးရသည့်အချိန် နှင့် နာကျင်လှသည့် အနာများ သူ့တစ်ကိုယ်လုံးတွင် ပေါက်လာသည့်အချိန် တို့တွင် သူသည် ဘုရားသခင်၏ စီစဉ်မှုများကို လက်ခံပြီး နာခံနိုင်သည့်အပြင်၊ ဘုရားသခင်ကို တောင်းဆိုခြင်း တစ်စုံတစ်ရာလည်း မပြုခဲ့ပါ။ ကျွန်မအသက်တာသည် ဘုရားသခင်၏ လက်တော်တွင်သာ ရှိသည်ဟု စိတ်ပိုင်းဖြတ်ကာ၊ သံသယကင်းကင်းဖြင့် ယုံကြည်ရမည့်အစား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်မ၏ နားလည်မှု သည် အပေါ်ယံဝန်ခံချက်တစ်ခုသာ ဖြစ်ခဲ့သောကြောင့်၊ ယခုနာမကျန်းဖြစ်ခြင်း ကာလတွင်း၌၊ ကျွန်မသည် မိမိအသက်တာကို ဘုရားသခင်ကို အပြည့်အဝ အပ်နှံနိုင်ခြင်းမရှိသည့်အပြင်၊ စောင့်မျှော်ခြင်း သို့မဟုတ် နာခံခြင်း စိတ်နေသဘောထားများဖြင့် ထိုပတ်ဝန်းကျင်ကို တွေ့ကြုံခံစားနိုင်ခြင်းလည်း မရှိခဲ့ပါ။ နောက်ဆုံးတွင် ယခုနာမကျန်းဖြစ်ခြင်း ကို မည်သို့ ရင်ဆိုင်ရမည်ကို ကျွန်မနားလည် သဘောပေါက်ခဲ့သည်။ ကျွန်မ၏ အသက်တာကို ဘုရားသခင်ကို အပြည့်အဝ အပ်နှံပြီး၊ မိမိကိုယ်ကို ပျက်စီးစေခြင်း နှင့် မိမိအသက်တာကို စွန့်လွှတ်ခြင်းတို့ မပြုပဲ၊ မိမိအသက်တာကို ကာကွယ်စောင့်ရှောက် ပေးပါရန် ဘုရားသခင်ကို မတောင်းဆိုသည့်အပြင် အထူးသဖြင့် ယခုပတ်ဝန်းကျင်အတွက် ဘုရားသခင်ကို အပြစ်မတင်ပဲ နေရမည် ဖြစ်ပါသည်။ထိုအစား ကျွန်မသည် စိတ်ရှည်စွာ စောင့်သင့်ပြီး၊ လာမည့်အရာများကို မိမိကိုယ်ကို ယုံကြည်မှုဖြင့် တွေ့ကြုံခံစားသင့်ပါသည်။ မည်သည့်ရလဒ်ပင် ဖြစ်ပါစေ၊ ကျွန်မသည် ဘုရားသခင်ကို ရိုးသားသည့် ယုံကြည်မှုရှိပြီး ပြတ်သားစွာရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်ရန် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့် စီစဉ်မှုများကို နာခံသင့်သည်။

ဤအရာကို ကျွန်မနားလည်သဘောပေါက်ပြီးနောက်၊ ကျွန်မ၏ အပျက်သဘောဆောင်မှု၊ အားနည်းချက် နှင့် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် မရှိသည့် တောင်းဆိုမှုများ တို့သည် ပျောက်ကွယ်သွားကာ၊ ၎င်းတို့၏ နေရာများတွင် ဘုရားသခင်ကို နာခံခြင်း နှင့် ယုံကြည်မှုများ ရှိလာခဲ့ပါသည်။ ကျွန်မနှလုံးသားတွင် ဘုရားသခင်ကို တိတ်ဆိတ်စွာဖြင့် “ဘုရားသခင်၊ ကိုယ်တော်ဖန်ဆင်းတော်မူတဲ့ ဒီပတ်ဝန်းကျင်မှာ ကျွန်မအယူအဆတွေနဲ့ မကိုက်ညီတဲ့ အခြေအနေတွင် ဖြစ်လာတဲ့အချိန်မှာ ကျွန်မက မနာခံနိုင်ခဲ့တဲ့အပြင် ဘုရားသခင်ကို တောင်းဆိုမှုများပြုနေဆဲဖြစ်တာကို တွေ့ရပါတယ်။ကျွန်မက တကယ့်ကို ဆင်ခြင်တုံတရား နဲ့ အသိစိတ် ကင်းမဲ့သူတစ်ယောက် ဖြစ်နေတယ်။ ပြီးတော့ အခုလို နာကျင်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ ပြတ်ပြတ်သားသား ရပ်တည်ပြီး ကိုယ်တော့်ကို သက်သေခံဖို့အတွက် အခု ကျွန်မ ဝန်ချတောင်းပန်ပြီး ပြောင်းလဲလိုတဲ့အပြင်၊ ကိုယ်တော့်ကို နားလည်သဘောပေါက်ဖို့နှင့် ကျေနပ်နှစ်သိမ့်စေဖို့ အတွက်လည်း အလိုရှိပါတယ်။ ကျွန်မ နာမကျန်းဖြစ်ခြင်းကနေ နာလန်ထသည် ဖြစ်စေ မထသည်ဖြစ်စေ၊ ကိုယ်တော့်ကို နာခံပါမယ်” ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက် ကျွန်မ ပိုမိုတည်ငြိမ်လာခဲ့ပါသည်။

အံ့ဖွယ်အမှုတစ်ခု နှင့် ပြီးပြည့်စုံသည် နာလန်ထခြင်း

ရက်အနည်းငယ်ကြာပြီးနောက် မမျှော်လင့်စွာ ကျွန်မ၏ လက်များနှင့် ခြေထောက်များကို အနည်းငယ် လှုပ်နိုင်ခဲ့သည်။ ပြန်လည်ထူထောင်ရေး ဒါရိုက်တာ က ကျွန်မလက်များနှင့် ခြေများကို လှုပ်ရှားနိုင်သည်ကို တွေ့သည့်အချိန်တွင် သူက “အဖွား နာလန်ထလာပြီး၊ လမ်းတောင် လျှောက်လို့ ရနိုင်ခြေရှိတယ်” ဟု ကျွန်မကို ပြောပါသည်။ ဤအကြောင်းကို ကျွန်မကြားသည့်အချိန်တွင် အလွန်စိတ်လှုပ်ရှားကာ ဘုရားသခင်ကို အကြိမ်ကြိမ် အဖန်ဖန် ဆုတောင်းခဲ့ပါသည်။ ကျွန်မ ဆေးရုံကို ပထမဆုံးအကြိမ် ရောက်သည့်အချိန်က၊ ကျွန်မ မကြာမီပင် အသက်ရှုရပ်မည်ဖြစ်ကာ၊ ကျွန်မအတွက် မျှော်လင့်ချက်လည်း မရှိဟု ဆရာဝန်က ပြောခဲ့သည်။ ယခုအခါတွင် ကျွန်မက မသေရုံမျှမက သတိအပြည့်ရှိနေဆဲဖြစ်ကာ ပုံမှန်အတိုင်းပင် စားသောက်နိုင်ခဲ့သည့်အပြင် နာလန်ထသည့် လက္ခဏာများကိုလည်း ပြခဲ့လေသည်။ ဘုရားသခင်၏ အံ့သြဖွယ်ရာ အမှုကြောင့် မဟုတ်ပါက၊ ကျွန်မကို မည်သူတစ်ဦး တစ်ယောက်ကမျှ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းမှ လုံခြုံစိတ်ချရစွာ ကယ်တင်နိုင်မည် မဟုတ်သည်ကို ကျွန်မသိခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ သြဇာအာဏာကို တကယ်ပင် စစ်မှန်စွာ တွေ့ကြုံခံစားခဲ့ရပြီး၊ လာမည့်အရာကိုလည်း ပိုမိုကြီးမားသည့် မိမိကိုယ်ကို ယုံကြည်မှုနှင့် တွေ့ကြုံခံစားနိုင်ခဲ့ပါသည်။

ထို့နောက် ၄ ရက် သို့မဟုတ် ၅ ရက်အကြာတွင်၊ ကျွန်မ ပြန်လည်ထူထောင်ရေးဌာနသို့ လွှဲပြောင်းခြင်းခံရပါသည်။ ကျွန်မအခန်းထဲသို့ ရွှေ့ပြီးနောက် ကျွန်မနှင့် မျက်နှာချင်းဆိုင်တွင် လေဖြတ်ထားပြီး အောက်ပိုင်းသေနေသည့် အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ယောက် အိပ်ရာပေါ်တွင် လှဲနေသည်ကို တွေ့ခဲ့သည်။ သူမသည် သူမ၏ မိသားစုကိုပင် မှတ်မိခြင်း မရှိပဲ သူမခန္ဓာကိုယ်အနှံ့မှာလည်း ပိုက်များ ထိုးသွင်းထားသည်။ ဤသည်ကို မြင်ရသည့်အချိန်တွင် ကျွန်မသည် ဘုရားသခင်ကို ကျေးဇူးတင်သည့် မျက်ရည်များကျလာခဲ့သည်။ သူမ နာမကျန်းမှုသည် ကျွန်မ၏ နာမကျန်းမှုနှင့် တူညီပြီး ကျွန်မက အသက် ၇၀ ရှိသော်လည်း ကျွန်မ အိပ်ရာပေါ်တွင် ထိုင်ကာ၊ ကျွန်မ စိတ်ကလည်း အလုပ်လုပ်နေဆဲ ဖြစ်ပါသည်။ အသက် ၅၀ အရွယ်မျှနှင့် သူမသည် ဦးနှောက်သေကာ မေ့မြောနေသည်။ ကျွန်မသည် မိမိနှလုံးသားမှနေပြီး ဘုရားသခင်ကို တစ်ဖန် ကျေးဇူးတင်ကာ ချီးမွမ်းခဲ့ပြန်ပါသည်။

ထို့နောက် ကျွန်မသည် ပြန်လည်ထူထောင်ခြင်း ဌာနတွင် ဆရာဝန်၏ ကုသမှုအစီအစဉ်ကို စတင်တွေ့ကြုံခံစားရပါသည်။ ကျွန်မသည် တံခါးကို မှီလျက် လေ့ကျင့်ခန်းလုပ်ခဲ့သည်။ သို့သော်လည်း မိနစ်လေးဆယ်ခန့် မတ်တပ်ရပ်ပြီးနောက်၊ ပြောပြမရနိုင်သော နာကျင်မှုမျိုးကို ကျွန်မ အမြဲတမ်းခံစားရပြီး ကျွန်မလေ့ကျင့်ခန်းကို ဆက်လုပ်ရန် မိမိကိုယ်ကို ယုံကြည်မှုလည်း အမှန်တကယ် မရှိတော့တော့ပါ။ “သူနာပြုက “လေ့ကျင့်ခန်းဆက်လုပ်ပါ။ အဖွားပြန်လည်ထူထောင်လာဖို့ ဒါက အရေးကြီးတဲ့အဆင့်ဖြစ်တယ်နော်။ ပြီးတော့ အဖွားဒါကို မလုပ်ခဲ့ရင်၊ ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မသည် ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ ပေးပါရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့ပြီး၊ အလျှော့မပေးပဲ ဆက်လုပ်ဖြစ်ခဲ့သည်။ ခြေထောက်မခြင်း ကို မိနစ် ၂၀ လက်ကောက်ဝတ် လှုပ်ရှားမှုကို မိနစ် ၂၀ ဖြင့် အခြားလေ့ကျင့်ခန်းများစွာကိုလည်း ပြုလုပ်ခဲ့သည့်အပြင်၊ ဆရာဝန်ကလည်း တစ်နာရီနှိပ်ပေးပါသည်။ ဆရာဝန်က မည်သည့် လေ့ကျင့်ခန်းကို စီစဉ်ပေးခဲ့သည် ဖြစ်စေ၊ ကျွန်မ ဆက်လက်ဆောင်ရွက်နိုင်ရန် ဘုရားသခင်ကို မှီခိုအားကိုးခဲ့ပါသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မ ဟိုဒီလျှောက်သွားနိုင်ခဲ့ပြီ။ ဆရာဝန်က ကျွန်မကို တွေ့ပြီး “အဖွား နာလန်ထလာတာက အံ့ဖွယ်အမှုတစ်ခုပဲနော်။ အဖွားလို အနေအထားမျိုး တခြားလူတွေဆိုရင် တစ်ချို့တွေက စကားမပြောနိုင်ဘူး ဒါမှမဟုတ် လမ်းမလျှောက်နိုင်ဘူး။ ပြီးတော့ တစ်ချို့တွေက ကိုယ်လက်လှုပ်ရှားနိုင်ခြင်းမျိုး မရှိတော့ဘူး။ အဖွား အရမ်းကို ကောင်းကောင်းမွန်မွန်နဲ့ နာလန်ထလာနိုင်တာ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ” ဟု တအံ့တသြဖြင့် ပြောခဲ့ပါသည်။ အခြားလူနာများကလည်း ကျွန်မကို မနာလိုသည့် မျက်လုံးများဖြင့် ကြည့်ကြသည်။ကျွန်မသည် ဤအရာများအားလုံးကို တွေ့မြင်ချိန်တွင် ဤသည်မှာ ကျွန်မ၏ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှု မဟုတ်ပဲနှင့် ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသည့် အမှုတော် နှင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ဖြစ်သည်ကို ကျွန်မနှလုံးသားတွင် ရှင်းလင်းစွာ သိခဲ့ပါသည်။

ထို့နောက် မကြာမီပင် ဆေးရုံမှဆင်းခွင့်ရသည်။ ကျွန်မ အိမ်ပြန်ရောက်သည့်အချိန်တွင် ကျွန်မသည် အသက်တာ၌ ကိုယ်ပိုင် လိုအပ်ချက်များကို ပြုလုပ်နိုင်သည့်အပြင် အဝတ်လျှော်ရန် သို့မဟုတ် ထမင်းဟင်းချက်ရန် အတွက်လည်း မည်သည့် အကူအညီမျှ မလိုအပ်ခဲ့ပါ။

နာမကျန်းဖြစ်ပြီးနောက် ကျွန်မသည် ဘုရားသခင်၏ တန်ခိုးတော်အနန္တနှင့် ပြည့်စုံခြင်းနှင့် အချုပ်အခြာ အာဏာတို့ကို ပိုမိုလက်တွေ့ကျသည့် နားလည်သဘောပေါက်ခြင်းတစ်ခု ရှိခဲ့ပြီး၊ ကျွန်မ နာမကျန်းဖြစ်သည့် ကာလအတွင်း ဘုရားသခင်သည် ကျွန်မကို ဂရုစိုက်ပြီး ကာကွယ်နေခဲ့သည်ကို တွေ့ခဲ့ရသည်။ ကျွန်မ အားနည်းပြီး အပျက်သဘောဆောင်သည့်အချိန် တွင် ကျွန်မကို ဉာဏ်ပွင့်စေပြီး၊ မိမိကိုယ်ကိုယုံကြည်မှု နှင့် ခွန်အားပေးသူမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်ပါသည်။ ကျွန်မ အောက်ပိုင်းသေချိန်တွင် ကျွန်မကျန်းမာရေးကို နည်းနည်းချင်း နာလန်ထလာစေရန် ခွင့်ပြုခဲ့သည်မှာ ဘုရားသခင်၏ ကာကွယ်မှု ဖြစ်ပါသည်။ လေ့ကျင့်ခန်းကို ဆက်လုပ်ရန် ဇွဲမရှိသည့်အချိန်တွင် ဆက်လုပ်နိုင်ရန် ဘုရားသခင်က ကျွန်မကို မိမိကိုယ်ကို ယုံကြည်မှု နှင့် ခွန်အားများ ပေးသနားတော်မူခဲ့သည်။ ကျွန်မကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများကို မြင်တွေ့ခဲ့ပြီး ဘုရားသခင်၌ ကျွန်မ ယုံကြည်မှုကို တိုးပွားစေသည့် ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကိုလည်း ကျွန်မတွေ့မြင်ခဲ့ရပါသည်။သမ္မာတရားကို လိုက်လျှောက် ခြင်း နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ အတွက် ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ တာဝန်ကို ပြည့်စုံစေရန် ကျွန်မအသက်တာတွင် ကျန်ရှိနေသည့် အချိန်များကို အသုံးပြုလိုပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

Share