စာရင်း

နောက်လာမည့်အရာ

Myanmar Praise Song (လူသားအတွက်ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည်စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခြင်းဖြစ်၏)

6,504 02/05/2020

ဘုရားသခင်လုပ်ဆောင်သမျှတိုင်းသည်လက်တွေ့ကျပြီးသူလုပ်ဆောင်သည့်

မည်သည့်အရာမျှအနှစ်မမဲ့ပါ။

မိမိကိုယ်ကိုယ်သာမန်လူတစ်ဦးအဖြစ်နှိမ့်ချရင်း၊

လူသားတို့ကြားဘုရားသခင်ကြွလာသည်။

အမှုအနည်းကိုလုပ်ဆောင်ပြီးစကားအနည်းငယ်ပြောပြီးနောက်သူမစွန့်ခွာပါ၊

ထို့ထက်၊ လောက၏ဆင်းရဲဒုက္ခကိုတွေ့ကြုံဖို့လူသားများကြားသူအမှန်တကယ်ကြွလာသည်။

လူသားမျိုးနွယ်အတွက်ခရီးပန်းတိုင်တစ်ခုအတွက်ဖလှယ်ရာတွင်သူကိုယ်တိုင်၏

ဆင်းရဲဒုက္ခအတွေ့အကြုံနှင့်ဆိုင်သည့်အဖိုးအခကိုသူပေးလေသည်။

ဤသည်မှာလက်တွေ့ကျသောအမှုဖြစ်သည်မဟုတ်သလော။

မိဘများသည်၎င်းတို့သားသမီးများဖို့အလို့ငှာလေးနက်သောအဖိုးအခတစ်ခုကိုပေးနိုင်ကြပြီး၊

ဤအရာက၎င်းတို့၏စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကိုကိုယ်စားပြုသည်။

ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံဘုရားသည်

လူသားမျိုးနွယ်အဖို့စိတ်ရင်းအမှန်ဆုံးနှင့်သစ္စာအရှိဆုံးဖြစ်လေသည်။

ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊

သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။

လူသားများအတွက်သူလုပ်ဆောင်သမျှတိုင်းသည်စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

မိန့်မြွက်ချက်များလုပ်ဆောင်ခြင်းသက်သက်ကိုသူမပြုပေ၊

အဖိုးအခသူပေးမည်ဟုဆိုသည့်အခါ၊ အဖိုးအခကိုသူအမှန်တကယ်ပေး၏။

လူသားမျိုးနွယ်၏ဆင်းရဲဒုက္ခကို သူတာဝန်ယူပြီးသူတို့ကိုယ်စား

ဆင်းရဲဒုက္ခခံမည်ဟုသူဆိုသည့်အခါ၊

ဤဆင်းရဲဒုက္ခကိုကိုယ်တိုင်ကိုယ်ကျခံစားကာတွေ့ကြုံရင်း၊

သူတို့ကြားတွင်အသက်ရှင်ဖို့ သူအမှန်တကယ်ကြွလာလေသည်။

ထို့နောက်တွင်၊ စြင်္ကဝဠာထဲရှိအရာခပ်သိမ်းတို့သည် ဘုရားလုပ်သမျှတိုင်းက မှန်ကန်ကာဖြောင့်မတ်သည်၊

ဘုရားသခင်လုပ်ဆောင်သည့်အရာအားလုံး လက်တွေ့ကျသည်တို့ကိုအသိအမှတ်ပြုကြလိမ့်မည်။

ဤသည်မှာအားကောင်းသောသက်သေတစ်ခုဖြစ်သည်။

လူသားမျိုးနွယ်သည်အနာဂတ်တွင် လှပသောခရီးပန်းတိုင်တစ်ခုရှိလိမ့်မည်ဖြစ်ပြီး၊

ကျန်ရှိသူအားလုံးကဘုရားသခင်ကိုချီးမွမ်းကြလိမ့်မည်၊

ဘုရား၏လုပ်ဆောင်ချက်များအား

လူသားမျိုးနွယ်အတွက်သူ၏ချစ်ခြင်းမေတ္တာမှ အမှန်လုပ်ဆောင်သည်ကိုသူတို့ချီးမွမ်းကြလိမ့်မည်။

ဘုရား၏အလှတရားနှင့်ကောင်းမြတ်မှုအနှစ်သာရကို

သူ၏ဇာတိပကတိ၌လူ့ဇာတိခံယူခြင်း၏ အရေးပါမှုတွင်တွေ့မြင်နိုင်သည်။

သူလုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊

သူပြောသမျှတိုင်းသည်လေးနက်ပြီးသစ္စာရှိသည်။

သူလုပ်ဆောင်ဖို့ရည်ရွယ်သမျှအားလုံး လက်တွေ့ကျကျလုပ်ဆောင်ပြီး၊

၎င်းတို့အတွက်တကယ့်အဖိုးအခကိုသူပေးလေသည်၊

မိန့်မြွက်ချက်များလုပ်ဆောင်ခြင်းသက်သက်ကိုသူမပြုပေ။

ထို့ကြောင့်၊ ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားသခင်ဖြစ်သည်၊

ဘုရားသခင်သည်သစ္စာရှိသောဘုရားသခင်ဖြစ်ပေသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်