စာရင်း

ကျွန်ုပ်တို့အကြောင်း

ဇစ်မြစ်

ယေရှုခရစ်တော်ပြန်ကြွလာခြင်း သည် အမြတ်အစွန်းအတွက် မရည်ရွယ်သော ခရစ်ယာန် ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပါသည်။ သခင်ယေရှုက မိန့်တော်မူသည်မှာ “ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။”( ရှင်ယောဟန် ၁၀: ၁၀) “ငါသည်အလျင် အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိ စကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ ဟု ပြောဆို၏။” ( ဗျာဒိတ်ကျမ်း ၂၂: ၇) ဟု ဖြစ်ပါသည်။ သခင်ယေရှုပြန်ကြွလာခြင်းအတွက် ခါးသီးစွာ စောင့်မျှော်နေသည့် ညီအစ်ကို မောင်နှမများအားလုံးသည် ဘုရားသခင်၏ အသံတော်ကို ပညာသတိရှိသည့် သတို့သမီးများကဲ့သို့ ကြားနိုင်စေရန်၊ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင် စေရန်၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို တက်ရောက်နိုင်စေရန်၊ ဘုရားသခင် ထောက်ပံ့တော်မူသည့် အသက်တာ၏ ပိုမိုများပြားသော ကြွယ်ဝမှုများကို ရရှိနိုင်စေရန် စသည်တို့အတွက် ကျွန်ုပ်တို့ ဝဘ်ဆိုဒ်အားဖြင့် သခင်ယေရှု၏ ဒုတိယအကြိမ် ပြန်ကြွလာခြင်းအကြောင်း ပိုမိုများပြားသော သတင်းစကားများနှင့် သမ္မာတရားတို့ကို သက်သေခံ ဖြန့်ဝေနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်ပါသည်။

ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာများ

ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်ဖြစ်သည့် ယေရှုခရစ်တော်ပြန်ကြွလာခြင်း သည် ဇန်နဝါရီလ ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည့် အားလျော်စွာ၊ သမ္မာတရားကို ချစ်ပြီး ၊ သခင်ပေါ်ပေါက်လာမည့်အချိန်ကို တောင့်တနေ ကြသည့် မောင်နှမများအားလုံးအနေဖြင့် ယုံကြည်မှုနှင့် အသက်တာတို့တွင် ( မိသားစု၊ အိမ်ထောင်ရေး၊ အလုပ်အကိုင် စသည်ဖြင့်) ရှိသည့် စိတ်ရှုပ်ထွေးမှုများနှင့် ပြဿနာများကို အချိန်မှီ ဖြေရှင်းနိုင်ခြင်း၊ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်း၊ ဘုရားသခင်၏ အလင်း၌ ရှင်သန်နိုင်ခြင်း နှင့် ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ခြင်း တို့ရှိလာစေဖို့အတွက် သခင့်အားကြိုဆိုသည့် နည်းလမ်းကိုလည်းကောင်း၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်သည့်နည်းလမ်းကိုလည်းကောင်း၊ ထာဝရအသက်ကို ရရှိခြင်းနည်းလမ်းကိုလည်းကောင်း စသည်တို့အပြင် နောက်ထပ်ပိုမိုများပြားသော ညီအစ်ကိုမောင်နှမများအနေဖြင့် သခင် ပြန်ကြွလာခြင်းကို ပိုမိုစောစီးစွာ ကြိုဆိုနိုင်ရန်၊ ရေလောင်းပျိုးထောင်ခြင်းကို လက်ခံရရှိရန်၊ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိန်းကျောင်းနိုင်ရန် စသည့်တို့အတွက် ကူညီပေးနိုင်ရန် လည်းကောင်း ဖော်ပြထားသည့် ဆောင်းပါးမျိုးစုံ၊ ဧဝံဂေလိတရားတော် မေးခွန်းများနှင့် အဖြေများ၊ ဗီဒီယိုများ၊ တေးဂီတများ၊ နှင့် ဓါတ်ပုံများ စသည်တို့ ပါဝင်သော ကြွယ်ဝလှသည့် ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အရင်းအမြစ်များ ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ အမှုတော်

သခင်ပြန်ကြွလာရန် ခါးသီးစွာစောင့်မျှော်နေသည့် နောက်ထပ် ပိုမိုများပြားသော ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ အသံတော်ကို ပိုမိုစောစီးစွာ ကြားနိုင်ရန်၊ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုရန်၊ သခင့် ခြေရာများအတိုင်း လိုက်လျှောက်နိုင်ရန် နှင့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ဘုရားသခင် ပေးသနားတော်မူခဲ့သည့် ကတိတော်များဖြစ်သည့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့် ထာဝရအသက်ကို ရရှိခြင်း စသည်တို့ကို ရရှိနိုင်ရန်တို့အတွက် ကျွန်ုပ်တို့ ဝဘ်ဆိုဒ်သည် သခင်ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ပြန်ကြွခြင်းအကြောင်းနှင့် ပတ်သက်သည့် ပိုမိုများပြားသည့် သတင်းစကားများနှင့် သမ္မာတရားများကို ဖြန့်ဝေရန်နှင့် သက်သေခံရန် ရည်မှန်းချက်ထားပါသည်။