စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Song (တိုင်းနိုင်ငံနှင့် လူမျိုးတိုင်းကို ဘုရားသခင်၏ စီရင်ချက်ကျူး)

1,967 14/04/2020

ဘုရား၏ နိုင်ငံတော်သည် လုံးလုံးလျားလျားအမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီး ၎င်းသည်

ကမ္ဘာလောကကြီးထဲသို့လူသိရှင်ကြား ဆင်းသက်လာခဲ့ပြီ ဖြစ်သည်၊

ထိုမျှမက သူ၏ တရားစီရင်ခြင်းသည် လုံးဝကျရောက်ခဲ့ပြီဖြစ်ကြောင်းကိုလည်း ၎င်းက ညွှန်ပြနေပါသည်။

ဘေးဒုက္ခအပေါင်းသည်တစ်ခုပြီး နောက်တစ်ခု ကျရောက်လိမ့်မည်၊

တိုင်းနိုင်ငံအပေါင်းနှင့် နေရာတိုင်းတွင်ဘေးဒုက္ခများကို ကြုံတွေ့ကြလိမ့်မည်—ကပ်ဆိုး၊

ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့်

ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။

ဤဘေးဒုက္ခများသည် နေရာတစ်နေရာ၊နှစ်နေရာ၌သာ ဖြစ်ပျက်မည် မဟုတ်ဘဲ ၎င်းတို့သည်

တစ်ရက် နှစ်ရက် အတွင်းလည်းပြီးဆုံးသွား လိမ့်မည်မဟုတ်။

ပို၍ပို၍ နယ်ပယ် ကျယ်ပြန့်တိုးချဲ့လာပြီး

ဘေးဒုက္ခများသည် ပို၍ပို၍ ပြင်းထန်လာလေမည်။

ဤကာလအတွင်း အင်းဆက်ကပ်ဆိုးအမျိုးအစားအားလုံး တစ်ခုပြီးတစ်ခု ဖြစ်ပေါ် ပြီး

ခပ်သိမ်းသော နေရာတို့၌ ဇာတ်တူသားစားသည့်အံ့ဖွယ် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။

ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ်ဘုရား၏ တရားစီရင်ခြင်း ဖြစ်သည်။

ဘုရား၏ နာမသည် အရပ်တကာနှင့်နေရာအားလုံးသို့ ရောက်ရမည်၊

ထိုမှသာ အယောက်တိုင်းသည်သူ၏ သန့်ရှင်းသောနာမကို သိကြပြီး သူ့ကို သိနိုင်ကြမည်။

ဘေးဒုက္ခများ၏ နောက်ပိုင်းတွင်သူ၏ နာမသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လိမ့်မည်၊

ထို့အပြင် သင်တို့သည် ဂရုမပြုပါက

သင်တို့အတွက် ဖြစ်ထိုက်သော ဝေစုကိုသင်တို့ ဆုံးရှုံးကြရလိမ့်မည်၊

သင်တို့ မစိုးရိမ်သလော။

ဘုရားသခင်၏ နာမသည် ဘာသာအားလုံး၊လူနေမှုအဆင့်အတန်းအားလုံး၊

တိုင်းနိုင်ငံအားလုံးနှင့်ဂိုဏ်းဂဏအားလုံးထံ ရောက်လေမည်။

ဤသည်မှာ အစီအစဉ်တကျ၊ အသေအချာချိတ်ဆက်ထားသော အချိတ်အဆက်များဖြင့်

လုပ်ဆောင်ပြီးမြောက်သည့် သူ၏အလုပ်ပင် ဖြစ်ပြီး

အားလုံးသည် သူ၏ ဉာဏ်ပညာနှင့်ပြည့်စုံသောစီမံခန့်ခွဲမှုအားဖြင့် ဖြစ်ကြသည်။

သင်တို့သည် တစ်ဆင့်ချင်း ရှေ့တိုးနိုင်ကာသူ၏ ခြေလှမ်းများနောက်သို့

အနီးကပ် လိုက်လျှောက်နိုင်ကြသည်ဟူ၍သာ ဘုရားသခင်အလိုရှိပေသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်