စာရင်း

နောက်လာမည့်အရာ

လူသားကို ဘုရားသတိပေးခြင်း

1,123 18/06/2020

ဆင်းရဲသူကို မြေမှုန့်ထဲမှ ဘုရား ချီးမြှောက်

နှိမ့်ချသူကို အလွန်ပင် ကြီးမြတ်စေပြီ

ဘုရား သူ၏ဉာဏ်ပညာကို အသွင်မျိုးစုံဖြင့် အသုံးချကာ၊

ကမ္ဘာတစ်ဝှမ်းရှိ သူ၏ အသင်းတော်၊

လူမျိုးနှင့်တိုင်းနိုင်ငံအပေါင်းကို စီမံအုပ်ချုပ်မည်၊

ယခင်က နာခံခြင်း မရှိသူများ

ယခု နာခံမှု ပြသရမည်

လူသားအားလုံး သူ့ကို ဝန်ခံရလိမ့်မည်

သင်တို့သည် တစ်ယောက်ကိုတစ်ယောက်ချစ်လျက်၊

ကျိုးနွံကာ အသက်တာ၌ ပေါင်းစည်းရမည်

တစ်ယောက်ခွန်အား တစ်ယောက်သုံးလို့

တစ်စည်းတစ်လုံးတည်း အစေခံ၊ သည်းခံရမည်။

သို့မှသာ စာတန်ရဲ့အကြံအစည် မထမြောက်ဘဲ

အသင်းတော် ခိုင်မြဲလိမ့်မည်

ဘုရားရဲ့အစီမံ ထိုသို့ ပြည့်စုံလိမ့်မည်

လူသားကို ဘုရား သတိပေး၊ ဘုရား သတိပေး၊

တစ်စုံတစ်ယောက်သည် ထိုနည်းထိုပုံ ပြုမူသောကြောင့်

နားလည်မှုလွှဲမှားခြင်း ဖြစ်ပွားရန်နှင့်

ဝိညာဉ်ရေးအသက်တာ ပျက်စီးဆုတ်ယုတ်သွားရန် ခွင့်မပေးနဲ့၊

ဘုရားအမြင်တွင် ထိုအမူအရာများ မသင့်လျော်ပါ၊ တန်ဖိုးမရှိပါ၊

သင်ယုံကြည်သော သူဟာ ဘုရား မဟုတ်လား

ထိုသူဟာ ဘယ်လူသားမှ မဟုတ်

လုပ်ဆောင်ချက်များ ကွဲပြားလည်း ခန္ဓာတစ်ခုတည်းသာရှိ၏၊

လူတိုင်း သူ့နေရာ သူ အကောင်းဆုံး ဆောင်ရွက်လျက်

သူ့တာဝန် သူထမ်းဆောင်

လူတိုင်း ကိုယ့်အလင်း ကိုယ်ဖြာထွက်သော မီးပွားများ ဖြစ်ရမည်

အသက်တာ၌ ရင့်ကျက်ရန် ကြိုးစားပါ၊

သို့မှသာ ဘုရား ကျေနပ်လိမ့်မည်၊

လူသားကို ဘုရား သတိပေး၊ ဘုရား သတိပေး၊

လူသားကို ဘုရား သတိပေး၊ ဘုရား သတိပေး၊

လူသားကို ဘုရား သတိပေး၊ ဘုရား သတိပေး၊

လူသားကို ဘုရား သတိပေး၊ ဘုရား သတိပေး၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်