စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Choir Song | ကောင်းကင်နိုင်ငံတော်သီချင်း (၃) လူအပေါင်းတို့… ဝမ်းမြောက်ခြင်းရှိကြလော့

4,482 08/03/2020

ဘုရားအလင်း၌ လူတွေ အလင်းပြန်မြင်ရ

နှုတ်ကပတ်တော်၌ လူတွေ ကြည်နူးစရာများ တွေ့

ဘုရားသည် အရှေ့ဘက်ကလာ၍ ထိုအရပ်ဇာတိ ဖြစ်သည်

ဘုရားဘုန်းတော်ထွန်းတောက်လျှင်၊ တိုင်းနိုင်ငံအားလုံး ထွန်းလင်း

အားလုံးကို အလင်းဆီခေါ်ဆောင်၊ မှောင်မိုက်၌ ကျန်ရစ်တာမရှိ

ဘုရားနိုင်ငံတော်၌ ဘုရားလူမျိုးတို့ဘဝ အနှိုင်းဆမဲ့ ပျော်ရွှင်

ရေသည် လူတို့၏မင်္ဂလာရှိသောအသက်တာများအတွက် ကခုန်

တောင်တွေဟာ ဘုရားရဲ့ကြွယ်ဝပြည့်စုံခြင်းကို

လူတွေနဲ့အတူ အကျိုးခံစား

လူအားလုံး အလုပ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိ

ဘုရားရဲ့နိုင်ငံတော်မှာ သူတို့ရဲ့သစ္စာတရားကို ပြသ

ဘုရားနိုင်ငံတော်တွင် ပုန်ကန်မှုမရှိ၊ အတိုက်အခံလည်း မရှိတော့ပေ

ကောင်းကင်နဲ့မြေကြီး အချင်းချင်းအမှီသဟဲပြု

လူနဲ့ဘုရား နီးကပ်ပြီး နက်ရှိုင်းစွာသိရှိ

ဘဝရဲ့ပျော်ရွှင်မှုတွေကြောင့်အတူတကွ မှီခိုတွယ်တာနေ….

ဒီချိန်မှာ ကောင်းကင်နဲ့ဆိုင်သောအသက်တာကို ဘုရားသခင် စတင်

စာတန်ရဲ့နှောင့်ယှက်မှု မရှိတော့

လူတို့ ဘုရားရဲ့ငြိမ်သက်ခြင်းရရှိကြ

စကြဝဠာတစ်ခုလုံး၌

ဘုရားရွေးကောက်သောလူမျိုးသည် ဘုရားဘုန်းတော်၌ နေထိုင်

အနှိုင်းမဲ့ ကောင်းချီးခံစား၍ လူတွေကြား ရောနေသူများကဲ့သို့မဟုတ်

ဘုရားနဲ့အတူ နေထိုင်သူများကဲ့သို့ဖြစ်သည်

လူတိုင်း စာတန်ရဲ့ဖျက်ဆီးမှု ကြုံဖူးခဲ့ကြ

ဘဝရဲ့ခါးသီးမှုနဲ့ချိုမြိန်မှုကို မြည်းစမ်းဖူးကြသည်

ယခု ဘုရားအလင်း၌ အသက်ရှင်

မဝမ်းမြောက်သူ ရှိမလား

ဒီလိုသာယာတဲ့အခိုက်အတန့်မျိုး ဘယ်သူ လက်လွှတ်နိုင်မှာလဲ

လူတို့… ဘုရားအတွက် ယခု နှလုံးသားထဲက

သီချင်းများ သီဆိုကာ ကခုန်ကြလော့

ဖြူစင်တဲ့နှလုံးသားကို ဘုရားအား ပူဇော်လော့

ယခု ဘုရားအတွက် ဗုံကိုထု၍ တီးလော့

ဘုရားသည် စကြဝဠာတစ်ခုလုံး၌ ဝမ်းမြောက်ခြင်း ပြည့်လျှံစေသည်

သူ့ရဲ့ဘုန်းကြီးသောမျက်နှာကို လူသားတို့အား သူပြ

သူသည် မြည်ဟည်းလိမ့်မည်

သူသည် စကြဝဠာကို ကျော်လွန်လိမ့်မည်

သူသည် လူတွေကြားထဲမှာ စိုးစံလေပြီ၊

သူ့ကို လူသားများ ဂုဏ်ပြုချီးမြောက်

ဘုရားသခင်ဟာ ကောင်းကင်ပြာကြီးထဲ လွင့်မျော

လူသားများ သူ့အတိုင်း လိုက်ရွေ့

ဘုရားလူတွေကြား လမ်းလျှောက်အတူရှိနေ

သူ့လူမျိုးများ သူ့အား ဝန်းရံ

လူတို့နှလုံးသားများ ဝမ်းမြောက်ရွှင်လန်း

သူတို့တေးသီချင်းများ စကြဝဠာကို လှုပ်ခါစေကာ၊

ကောင်းကင်ကြီးကို အက်ကွဲစေသည်

စကြဝဠာကြီးကို မြူမဖုံးလွှမ်းတော့ပါ

ရွံ့ဗွက်မရှိ၊ အညစ်အကြေးများ မစုရုံးတော့ပါ

သန့်ရှင်းသောစကြဝဠာသားများ

ဘုရားရဲ့စစ်ကြောမှုတွင် သင့်မျက်နှာထားအမှန် ပေါ်လွင်

သင်တို့သည် အညစ်အကြေးဖြင့် ပြည့်နေသောသူများမဟုတ်၊

ကျောက်စိမ်းပမာ သန့်ရှင်းသူများဖြစ်ကြပြီ

ဘုရားရဲ့ချစ်ရသူအားလုံး၊ ဘုရားရဲ့နှစ်သက်သူအားလုံး

ခပ်သိမ်းသောအရာများ အသက်ပြန်ရ

သူတော်သူမြတ်အားလုံး ကောင်းကင်ဘုံ၌ ဘုရားကို အစေခံ

ဘုရားရဲ့နွေးထွေးတဲ့ရင်ခွင်ထဲ တိုးဝင်

ငိုကြွေးခြင်း၊ ပူဆွေးခြင်းအစဉ်ကင်း

ဘုရားထံ ဆက်ကပ်ပူဇော်ကြ

ဘုရားအိမ်တော်ပြန်လာကြ၊ ဘုရားအိမ်တော်ပြန်လာကြ

ဇာတိအရပ်၌ သူတို့ ဘုရားကို ထာဝရချစ်ကြလိမ့်မည်

ထာဝရ မပြောင်းလဲ …ထာဝရ မပြောင်းလဲ …

ပူဆွေးခြင်းရှိရာ မျက်ရည်တွေရှိရာ လူ့ဇာတိနေရာ

ကမ္ဘာကြီး မရှိတော့ပြီ၊ ကောင်းကင်သည် အစဉ်တည်

လူမျိုးအားလုံးထံ ဘုရားပေါ်ထွန်း လူမျိုးအားလုံး ဘုရားကို ချီးမွမ်း

လူတို့ မသိသေးသော

ရှေးအခါမှ တည်ရှိသော ဒီဘဝ၊

ဒီအလှတရားသည် မပြောင်းလဲဘဲ အစဉ်ထာဝရ တည်တံ့လိမ့်မည်

ဒါ ဘုရားနိုင်ငံတော်၌ ဘဝ ပေတည်း

ဒါ ဘုရားနိုင်ငံတော်၌ ဘဝ ပေတည်း

ဒါ ဘုရားနိုင်ငံတော်၌ ဘဝ ပေတည်း

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်