စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Movie | သခင်ပြန်ကြွလာသည့်အခါတွင် ကျွန်ုပ်တို့သည် ချက်ချင်း ပုံစံပြောင်းပြီး ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရမလား။ (အသားပေးပြသချက်များ)

6,107 06/08/2019

လူတချို့က သခင့်ကို စောင့်မျှော်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့အရေးနဲ့ပတ်သက်ရင် ရှင်ပေါလုရဲ့အဆိုအမိန့်ကို လိုက်နာကြပါတယ်။ “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်” (ကောရိန္သု ဩဝါဒစာ ပဌမစောင်ာ ၁၅:၅၂) လို့ဆိုတယ်။ လူတွေဟာ အပြစ်ကျူးလွန်တတ်တဲ့သဘာဝကို မချိုးဖျက်ဘဲ အပြစ်တွေကို အမြဲလုပ်နေကြတုန်းဖြစ်ပေမယ့်၊ သခင်ဟာ သူတို့ကိုပြောင်းလဲစေပြီး ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားမှာပဲလို့ သူတို့က ယုံကြည်ကြတာပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့မိန့်ဆိုချက်ကို လိုက်နာကြသူတွေလည်း ရှိနေပြန်တယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မဿဲ ၇:၂၁) “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။” (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဒီလိုလူတွေကျတော့ အပြစ်ကို အမြဲလုပ်နေသူတွေဟာ သန့်ရှင်းခြင်းကိုရဖို့ ဝေးလွန်းပြီး၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့ အရည်အချင်းမပြည့်မီဘူးလို့ ယုံကြည်ကြတယ်။ ဒီလိုနဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ ဆွေးနွေးပွဲတစ်ခု စလာခဲ့ပါတယ်။ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့ဆိုရင် ဘယ်လိုလူတွေက အရည်အချင်းပြည့်မီကြမလဲ။ ဒါကြောင့် ဒီ ဗီဒီယိုဇာတ်လမ်းတိုလေးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်။

အမှာစကား ချန်ခဲ့မည်