စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၁

56 06/07/2022

ဤအရာကို ဖတ်ရှုပြီးသည့်နောက်၊ ဤနှုတ်ကပတ်တော်များကို လက်ခံဖို့ သင် အခိုင်အမာ ပြောရုံမျှပြောဆိုသော်လည်း၊ သင့်စိတ်နှလုံးသည် တို့ထိခြင်းမခံရဘဲရှိကာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မှန်ကန်စေဖို့ သင် မကြိုးစားပါက၊ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို အလေးမထားကြောင်း သက်သေပြနေသည်။ သင်၏အမြင်များသည် အမှန်မရှိသေး၊ သင်၏ရည်ရွယ်ချက်များသည် ဘုရားသခင်၏ ရယူခံရခြင်းခံရဖို့နှင့် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းပေးဖို့ ချမှတ်ထားခြင်း မရှိသေးဘဲ ယင်းအစား၊ စာတန်၏ အကြံများကို အောင်နိုင်ခွင့်ပေးခြင်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များကို ရရှိခြင်းသို့သာ ဦးတည်နေဆဲဖြစ်သည်။ ထိုသို့သောလူများသည် မှားယွင်းသည့် ရည်ရွယ်ချက်များနှင့် မမှန်ကန်သည့် အမြင်များရှိကြသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ သို့မဟုတ် မည်ကဲ့သို့ ပြောသည်ဖြစ်စေ၊ ထိုသို့သော လူတို့သည် လုံးဝ စိတ်ဝင်စားမှု မရှိမြဲဖြစ်ကာ နည်းနည်းမျှ မပြောင်းလဲကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်ရွံ့မှု မခံစားရ၊ ထို့အပြင် မရှက်ကြချေ။ ထိုသို့သောလူတစ်ဦးသည် ဝိညာဉ်ကင်းမဲ့သည့် ငတုံးတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို ဖတ်ကြားပြီး ၎င်းတို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်လော့။ သင်၏ ဇာတိပကတိ အားနည်းသည့် အချိန်အခါများ၊ သို့မဟုတ် သင် ပုန်ကန်တတ်သည့် အချိန်အခါများ သို့မဟုတ် သင် ခုခံတတ်သည့် အချိန်အခါများ ရှိကောင်းရှိလိမ့်မည်။ ယခင်က သင်မည်သို့ပင် ပြုမူခဲ့ပါစေ၊ အနည်းငယ်သော အကျိုးဆက်သာ ရှိပြီး ယနေ့ သင်၏ အသက်တာကို ရင့်ကျက်ခြင်းမှ မဟန့်တားနိုင်ပေ။ ယနေ့တွင် သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး ရှိနိုင်သရွေ့ မျှော်လင့်ချက် ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်သည့်အချိန်တိုင်းတွင် သင့်အထဲ၌ ပြောင်းလဲမှုရှိပြီး၊ သင်၏အသက်တာ ပိုကောင်းဖို့အတွက် ပြောင်းလဲပြီဟု အခြားသူများ ပြောနိုင်ပါက၊ ယင်းသည် ယခုတွင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီဖြစ်ပြီး၊ မှန်ကန်စေပြီး ဖြစ်သည်ကို ပြပေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အပြစ်ကျူးလွန်မှုများအတိုင်း ဆက်ဆံခြင်းမပြုပေ။ သင်နားလည်ပြီး သတိပြုမိ လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ပုန်ကန်ခြင်း၊ ခုခံခြင်း ရပ်တန့်နိုင်သရွေ့၊ ဘုရားသခင်သည် သင့်အပေါ် သနားခြင်းကရုဏာ ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရခြင်းအဖြစ်ကို လိုက်စားဖို့ သိနားလည်မှု ရှိပြီး ဆုံးဖြတ်ချက် ရှိသည့်အခါတွင်၊ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏အခြေအနေက မှန်ကန်လာလိမ့်မည်။ သင်အဘယ်အရာကို လုပ်ဆောင်ပါစေ၊ လုပ်ဆောင် နေသည့်အချိန်တွင် အောက်ပါတို့ကို စဉ်းစားဆင်ခြင်လော့- ဤအရာကို ငါလုပ်လျှင် ဘုရားသခင် မည်ကဲ့သို့ထင်မည်နည်း၊ ယင်းသည် ငါ၏ညီအစ်ကိုမောင်နှမများကို အကျိုးပြုမည်လော၊ ယင်းသည် ဘုရားသခင်၏ အိမ်တော်၌ရှိသည့် အလုပ်ကို အကျိုးပြုမည်လော။ ဆုတောင်းခြင်း၊ မိတ်သဟာယပြုခြင်း၊ စကားပြောဆိုခြင်း၊ အလုပ် သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ခြင်းတွင် သင်၏ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို စစ်ဆေးလော့။ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် အတွေးများကို သင်သည် မသိမြင်နိုင်ပါက၊ ဤအရာက သင်သည် ခွဲခြားနိုင်ခြင်း ကင်းမဲ့သည်ကို ဆိုလိုသည်၊ ယင်းမှာ သင်သည် သမ္မာတရားအား အလွန်နည်းပါးစွာ နားလည်သည်ကို သက်သေပြပေသည်။ ဘုရားသခင်လုပ်ဆောင်သမျှတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး ဘုရားသခင်ဘက်တွင် ရပ်တည်ရင်း ဘုရားနှုတ်ကပတ်တော်၏ ရှုထောင့်မှတစ်ဆင့် အဖြစ်အပျက်များကို သိမြင်နိုင်ပါက၊ သင်၏အမြင်များ မှန်ကန်လာပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ အယောက်တိုင်းသည် ယင်းကို ၎င်းတို့ဘဝတွင် ပဓာန အရေးကြီးသည့်တာဝန်တစ်ခုနှင့် အကြီးမားဆုံးသော ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းကို သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး ရှိမရှိဆိုသည့်အရာဖြင့် တိုင်းတာပေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် မှန်ကန်ပြီး သင်၏ရည်ရွယ်ချက်များ မှန်ပါက၊ ဆောင်ရွက်လော့။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများ ဆုံးရှုံးခြင်း ခံစားရဖို့ မစိုးရွံ့နှင့်။ စာတန်ကို အနိုင်ယူခွင့် သင်ပေး၍မရ၊ စာတန်အား သင့်အပေါ် အခိုင်အမာတွယ်ခွင့် ပေး၍မရသကဲ့သို့၊ စာတန်က သင့်အား ရယ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။ ထိုသို့သော ရည်ရွယ်ချက်များရှိခြင်းသည် သင်နှင့် ဘုရားသခင်၏ဆက်ဆံရေး မှန်ကန်သည့် လက္ခဏာဖြစ်သည်- ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ အလိုကို ကျေနပ်စေခြင်းအတွက် ဖြစ်သည်။ မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်ရန်၊ သင့်အနေဖြင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သင်၏အမြင်ကို မှန်ကန်စေရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရရှိနိုင်ဖို့၊ သူ၏နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် သူဖော်ထုတ်ပြနိုင်ဖို့နှင့် သင့်ကို သာ၍ပင် ဉာဏ်အလင်းပေးပြီး အလင်းပြနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်ခြင်းနည်းဟန်ထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ ယနေ့ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်လော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များကို မလိုက်နာနှင့်၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို မဖက်တွယ်နှင့်၊ ပြီးလျှင် ယနေ့ အလုပ်လုပ်ခြင်း နည်းဟန်ထဲသို့ ဖြစ်နိုင်သမျှမြန်မြန် ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် လုံးဝ မှန်ကန်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် တက်လှမ်းပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

အမှာစကား ချန်ခဲ့မည်