စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၉

87 06/07/2022

လက်တွေ့ကျခြင်းကိုသိခြင်းနှင့် ဘုရားသခင်၏အလုပ်ကို ရှင်းလင်းစွာ မြင်နိုင်ခြင်းတို့အားလုံးကို သူ၏နှုတ်ကပတ်တော်တွင် တွေ့ရသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ ဉာဏ်အလင်းကို ရရှိနိုင်သောကြောင့် သင့်ကိုယ်သင် သူ၏ နှုတ်ကပတ်တော်များဖြင့် ပို၍တပ်ဆင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှရရှိသော သင်၏နားလည်မှုကို မိတ်သဟာယဖွဲ့ခြင်း ၌ မျှဝေလော့။ သင်၏မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အခြားသူများသည် ဉာဏ်အလင်းကို ရရှိနိုင်ပြီး ထိုအရာသည် လူများကို လမ်းကြောင်းထဲသို့ ပို့ဆောင်နိုင်သည်၊ ထိုလမ်းကြောင်းသည် လက်တွေ့ကျ၏။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တခုကို မစီစဉ်မီ သင်တို့ အယောက်တိုင်းသည် သူ၏နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် တပ်ဆင်ခြင်းကို ဦးစွာ လုပ်ရမည်။ ထိုအရာသည် လူတိုင်းလုပ်သင့်သောအရာဖြစ်ပြီး အရေးတကြီး ဦးစားပေးရမည့်အရာတခု ဖြစ်သည်။ ပထမဦး ဆုံးလုပ်ရမည့်အရာမှာ သူ၏နှုတ်ကပတ်တော်များကို စားသောက်နိုင်ရန် ဖြစ်သည်။ သင်မလုပ်နိုင်သောအရာများအတွက် သူ၏နှုတ်ကပတ်တော်များ ထဲမှ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်း တစ်ခုကို ရှာဖွေပြီး သင်နားမလည်သော အကြောင်းအရာများ သို့မဟုတ် သင်၌ရှိသောအခက်အခဲ တစ်စုံတစ်ရာအတွက် သူ၏နှုတ်ကပတ်တော်ထဲတွင် ကြည့်လော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များအား သင့်အထောက်အပံ့ဖြစ်စေလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းဖို့ကူညီခွင့်ပြုပြီး သင့်ဘဝတွင် သူ၏နှုတ်ကပတ်တော်များကို သင့်အကူအညီဖြစ်လာရန် ခွင့်ပြုလော့။ ထိုကဲ့သို့ဖြစ်လာရန် သင့် ကြိုးပမ်းမှု လိုအပ်သည်။ ရလဒ်များကို ဘုရားသခင်၏နှုတ်ကပတ်တော်အား စားသောက်ခြင်းမှ ရရှိရမည်။ သင်သည် သူ့ရှေ့တွင် သင့်နှလုံးသားကို တည်ငြိမ်အောင်ထားပြီး ပြဿနာများ တွေ့ကြုံသောအခါ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့ လုပ်နိုင်ရမည်။ သင် မည်သည့်ပြသနာများကိုမျှ တွေ့ကြုံရခြင်း မရှိသောအခါတွင် စားသောက်ရုံသာ လုပ်လော့။ တစ်ခါတစ်ရံ သင်ဆုတောင်းပြီး ဘုရားသခင်၏မေတ္တာကို စဉ်းစားနိုင်သည်၊ သူ၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအပေါ် မိတ်သဟာယဖွဲ့နိုင်သည်၊ သင့်အထဲတွင် ကြုံတွေ့ရသော ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ အပေါ်နှင့် နှုတ်ကပတ်တော်များကို ဖတ်သောအခါ သင်ရရှိသော တုံ့ပြန်မှုတို့ကို မိတ်သဟာယဖွဲ့နိုင်ပြီး လူများကို လမ်းကြောင်းသို့ ပို့ဆောင်နိုင်သည်၊ ယင်းသည် လက်တွေ့ကျ၏။ ထိုကဲ့သို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ကျသော အထောက်အပံ့ဖြစ်လာ ခွင့်ပြုရန် ဖြစ်သည်။

တစ်နေ့လုံးတွင် ဘုရားသခင့်ရှေ့၌ နာရီပေါင်းမည်မျှ သင်အမှန်တကယ် အကုန်ခံသနည်း။ ဘုရားသခင်ကို သင့်နေ့ရက်၏မည်မျှ ပေးသနည်း။ ဇာတိပကတိကို မည်မျှလောက် ပေးသနည်း။ လူတစ်ဦး၏နှလုံးသားသည် ဘုရားသခင်ဘက်သို့ အစဉ်ဦးတည်နေခြင်းသည် ဘုရား သခင်အားဖြင့် စုံလင်စေခြင်းသို့ ဦးတည်သော လမ်းကြောင်းမှန်ပေါ်သို့ ပထမခြေလှမ်း ဖြစ်သည်။ သင်သည် သင့်နှလုံးသား၊ ကိုယ်ခန္ဓာနှင့် သင်၏စစ်မှန်သော မေတ္တာအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ နိုင်သည်၊ ထိုအရာများကို ဘုရားသခင်ရှေ့တွင် ချထားခြင်း၊ သူ့ကို အကြွင်းမဲ့နာခံခြင်းနှင့် သူ့အလိုတော်အား လုံးဝဆင်ခြင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင့်ကိုယ်ပိုင်ဆန္ဒများအတွက်လည်း မဟုတ်ဘဲ ဘုရားသခင့်အိမ်တော်၏ အကျိုးတို့အတွက် ဖြစ်သည်။ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို အခြေခံသဘောတရားအဖြစ်သော်လည်းကောင်း၊ အခြေခံအုတ်မြစ် အဖြစ်သော်လည်းကောင်း သင်ခံယူနိုင်သည်။ ထိုနည်းအားဖြင့် သင့်ရည်ရွယ်ချက်များနှင့် သင့်အမြင်များအားလုံးတို့သည် နေရာမှန်တွင် ရှိမည်ဖြစ်ပြီး သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသောသူဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့ထံသို့ အကြွင်းမဲ့ဦးတည်သူများ၊ အခြားမည်သည့်အရာကိုမျှ မဟုတ်ဘဲ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်သည်။ ဘုရားသခင် မုန်းတီးသောသူများမှာ ဘုရားသခင်အကြောင်းကို စိတ်မပါတပါဖြစ် သောသူများနှင့် ဘုရားသခင်အား ပုန်ကန်သောသူများ ဖြစ်သည်။ သူ့အားယုံကြည်၍ သူ၌ အစဉ်မွေ့လျော်လိုသော်လည်း၊ သူ့အတွက် အပြည့်အဝ အသုံးမခံနိုင်သူများအား သူမုန်းတီး၏။ သူ့အား ချစ်သည်ဟုပြောသော်လည်း နှလုံးသားထဲတွင် သူ့အား ပုန်ကန်သူများ ဖြစ်သည်။ လှည့်ဖြားရန် စီကာပတ်ကုံးဖွဲ့နွဲ့သောစကားလုံးများကို သုံးသောသူများကို သူမုန်းတီးသည်။ ဘုရားသခင်အား စစ်မှန်သော ဆက်ကပ်ခြင်း သို့မဟုတ် စစ်မှန်သော နာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်သောသူများ ဖြစ်သည်။ ထိုသူတို့သည် သဘာဝအားဖြင့် အလွန်မောက်မာကြသည်။ သာမန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ စစ်မှန်စွာ နာခံနိုင်ခြင်းမရှိသော သူများသည် သာ၍ပင် မောက်မာကြပြီး ထိုသူတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ မျိုးဆက်များ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးပြုသောသူများသည် ဘုရားသခင်ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားသည်။ ထိုသူတို့သည် ဘုရားသခင်၏ မိန့်မြွက်စကားများအားလုံးကို စစ်မှန်စွာ နာခံပြီး ထိုသူတို့သည် ဘုရားသခင်၏ စကားများကို လက်တွေ့ကျင့်သုံးနိုင်ကြသည်။ ထိုသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်များကို ၎င်းတို့၏ ဖြစ်တည်ခြင်းအုတ်မြစ် ဖြစ်စေပြီး ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် လက်တွေ့ လုပ်ဆောင်ခြင်း အပိုင်းများကို စစ်မှန်စွာ ရှာဖွေနိုင်ကြသည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်ရှေ့တွင် အမှန်တကယ် နေထိုင်သောသူ ဖြစ်သည်။ သင်လုပ်ဆောင်သောအရာသည် သင့်ဘဝအတွက် အကျိုးရှိပြီး၊ သင့်ဘ၀ စိတ်သဘောထားကို ပြောင်းလဲရန် သင့်စိတ်အတွင်း၌ဖြစ်သော လိုအပ်ချက်များနှင့် အားနည်းချက်များကို နှုတ်ကပတ်တော်များအား စားသောက်ခြင်းအားဖြင့် သင်ဖြည့်ဆည်းနိုင်လျှင် ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ပြီး ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေလျှင် ဤအရာသည် သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ပို၍ လက်တွေ့ကျကျ ဝင်ရောက်ခြင်းအကြောင်းကို ပြောသောအခါ ယင်းမှာ သင်သည် သင့်တာဝန်ကို စွမ်းဆောင်နိုင်ပြီး ဘုရားသခင်၏သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော လက်တွေ့ကျသော လုပ်ဆောင်မှုများကိုသာလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်နိုင်သည်။ ဤလက်တွေ့ကျခြင်းထဲသို့ သင်ဝင်ရောက်နိုင်လျှင် သင်၌ သမ္မာတရားရှိသည်။ ဤအရာသည် လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခြင်း အစဖြစ်၏၊ ဤလေ့ကျင့်ခြင်းကို သင်ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက်မှ သင်သည် ပို၍ နက်နဲသော လက်တွေ့ကျခြင်းထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည်။ ပညတ်တရားများကို မည်ကဲ့သို့ ထိန်းသိမ်းမည်နှင့် ဘုရားသခင်ရှေ့တွင် မည်ကဲ့သို့ သစ္စာရှိမည်တို့ကို ဆင်ခြင်လော့။ သင်မည်သည့် အချိန်တွင် နိုင်ငံတော်အတွင်းသို့ ဝင်ရောက်နိုင်မည်ဆိုသည်ကို အမြဲတမ်း မစဉ်းစားလေနှင့်။ သင့်စိတ်သဘောထား မပြောင်းလဲလျှင် သင်စဉ်းစားသော အရာတိုင်းသည် အကျိုးမရှိဖြစ်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ရန် ပထမဦးစွာ သင့်အတွေးများနှင့် စိတ်ကူးများ အားလုံးကို ဘုရားသခင်အတွက် ဖြစ်စေနိုင်ရမည်။ ဤအရာသည် အခြေခံကျဆုံးသော လိုအပ်မှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

အမှာစကား ချန်ခဲ့မည်