Read more!
Read more!

လူတစ်ယောက်သည် တရားခံပြေးတစ်ယောက် အဖြစ် အတင်းအကျပ် သွတ်သွင်းခံရသည့်အချိန်တွင် မည်သည့်နေရာတွင် ငြိမ်းချမ်းသော အိမ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မည်နည်း

ရှန်ဂျင်း တရုတ်ပြည်နယ်

ဘုရားသခင်ကို သူတို့၏ ယုံကြည်မှုကြောင့် ညှင်းပန်းနှိပ်စက်ခံရသည်၊ သူတို့က ပုန်းကွယ်သွား ကြပြီး၊ သူတို့မိသားစုကိုလည်း လုံးဝ ပြန်မတွေ့ နိုင်တော့ပါ

သူနှင့် သူ့ဇနီးတို့က ဧဝံဂေလိတရားတော် ဟောကြားသောကြောင့် သူတို့မှာ နှစ်ပတ်ကြာ တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ ထိန်းသိမ်းမှုကို ခံခဲ့ရသည်။ သူတို့လွတ်ပြီးနောက်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ရဲများသည် သူတို့ကို စစ်ဆေး မေးမြန်းရန် သူတို့အိမ်သို့ အလျဉ်းသင့်သလို အချိန်များတွင် လာရောက်ကြသည်။ သူတို့က ဘုရားသခင်ကို ဆက်ပြီး ယုံကြည်ပါက ထောင်ကျ မည် ဖြစ်ကြောင်း ရဲများက သူတို့ကို သတိပေး သည့်အပြင်၊ ရွာသားများက သူတို့ကို စောင့်ကြည့် ရန်နှင့် ခြေရာခံရန် ရဲများက စီစဉ်ထားခဲ့လေသည်။ ရဲများသည် ရွာအဝင် သို့မဟုတ် အထွက် လမ်းတိုင်း တွင် HD ကင်မရာများကို တပ်ဆင်ထားပြီး၊ သူတို့ကို အမြဲစောင့်ကြည့်နိုင်ရန် ၎င်းတို့ လုပ်ဆောင် နိုင်သမျှကို လုပ်ဆောင်ခဲ့သည်။ သူနှင့် သူ့ဇနီးတို့က အသင်းတော် စုဝေးပွဲတစ်ခု တက်ရောက်သည့် အခါတွင်၊ သူတို့က ထူးခြားစွာ သတိထားပြီး၊ ရဲများ အလိုက်ခံရခြင်း နှင့် သူတို့ညီအစ်ကို မောင်နှမ များကို အန္တရာယ်ကျရောက်စေခြင်း တို့အတွက် ကြောက်ရွံ့ခဲ့ပါသည်။

ထို့နောက် သိပ်မကြာမီတွင်ပင် သူနှင့် သူ့ဇနီးတို့က “တရုတ်ကွန်မြူနစ်ပါတီက အခု လုံးလုံး ရူးသွပ်သွားပြီ။ တရုတ်ပြည်မှာ ဘုရားမဲ့ ဝါဒီတစ်ခု ဖန်တီးဖို့နဲ့ ဘာသာတရားယုံကြည်မှုကို အားလုံး တားမြစ်ပိတ်ပင်ဖို့အတွက် သူက ခရစ်ယာန်တွေကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ရ အောင် သူ့အင်အားစု အားလုံးကို စတင်စုစည်းခဲ့ပြီ၊ ပြီးတော့ သူက အရင်က ဖမ်းဆီးခံရဖူးတဲ့သူတွေကို ခေါ်လာပြီး မေးခွန်းထပ်ထုတ်ဖို့အတွက် ထိန်းသိမ်း ထားချင်တယ်။ နေရာတော်တော် များများမှာ တိတ်တဆိတ် ဖမ်းဆီးခြင်းတွေ ဖြစ်ပြီးနေပြီ”ဟု ညီအစ်ကိုမောင်နှမများ ပြောသည်ကို ကြားခဲ့ရ သည်။

သတင်းကြားရင်းဖြင့် သူသည် အလွန် စိုးရိမ်ကြောင့်ကျလာခဲ့သည်။ သူနှင့် သူ့ဇနီး နှစ်ဦး လုံးတို့သည် ယခင်က ဖမ်းဆီးခံရဖူးသောကြောင့် သူတို့နေအိမ်တွင် ဧကန်မုချ မလုံခြုံတော့ပါ။ သူတို့အိမ်ကထွက်ပြီး၊ ပုန်းကွယ်ပြန်ပါကလည်း၊ အဝေးရောက် တက္ကသိုလ်ရှိ သူတို့သားက မည်သို့လုပ်ရမည်နည်း။ သို့သော်လည်း သူတို့အိမ်မှ မထွက်ပါက တရုတ်ကွန်မြူနစ်ပါတီရဲများက သူတို့ ကို ဧကန်မုချ အလွတ်ပေးမည် မဟုတ်သောကြောင့် သူတို့သည် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ကျခံရမည့် ဘေးအန္တရာယ် ထပ်ကာထပ်ကာ ကျရောက်နေ လိမ့်မည်။ သခင်ယေရှုက “တမြို့၌ သင်တို့ကို ညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၃) ဟု မိန့်တော်မူခဲ့သည်။ သူတို့မှာ သားလေး တက္ကသိုလ်မှ ပြန်လာရန် မစောင့်ဆိုင်းနိုင် သောကြောင့် ပိုင်ဆိုင်သည့်ပစ္စည်းအချို့ကို စုစည်း ကာ၊ အိမ်မှ ထွက်ခွာခဲ့ရပါသည်။ သူတို့နှစ်ယောက် အတူအဖမ်းခံရမည့် အန္တရာယ်ကို လျော့ပါးစေရန်၊ သူနှင့် သူ့ဇနီးတို့သည် မတူသည့် တည်နေရာ များတွင် ပုန်းကွယ်ခဲ့ကြပြီး၊ သူတို့တစ်ဦးချင်းစီ သည် အသင်းတော်၌ သူတို့ကိုယ်ပိုင် တာဝန်များကို ဆောင်ရွက်ခဲ့ကြသည်။

လာမည့်လများအတွင်း သူ့သားကို သူ မကြာခဏ လွမ်းဆွတ်ခဲ့သည်။ သူသားအနေဖြင့် ကျောင်းပိတ်ရက်အတွင်း အိမ်သို့ပြန်လာသည့် အချိန်တွင် သူ့မိဘများ မရှိတော့သည်ကို တွေ့ပါက မည်မျှ စိတ်ညစ်မည်ကို တွေးမိသည်။...သူကဤအချက်ကိုတွေးမိသည်နှင့်အညီ သတိမမူမိ ပဲနှင့် မျက်ရည်များပြည့်လျှံပြီး ကျလာခဲ့သည်။ သူက အိမ်သို့ပြန်နိုင်ပြီး၊ သူ့သားကို တွေ့နိုင်ရန် အလွန်ဆန္ဒ ရှိသော်လည်း တရုတ်ပြည်၌ ခရစ်ယာန်များအတွက် ထိုကဲ့သို့ သေးငယ်သည့် လုပ်ပိုင်ခွင့်လေးကိုပင် တရုတ်အစိုးရက သိမ်းယူ သည်ကို ခံခဲ့ရပါသည်။ ဤအချက်ကို တွေးမိသည် နှင့်အညီ တရုတ်အစိုးရအပေါ် သူ့အမုန်းတရား များမှာ ပို၍ပင် နိုးကြွလာခဲ့ပြီး၊ ဒီမိုကရက်တစ် နိုင်ငံများတွင် လူများသည် မည်ကဲ့သို့ ဘုရားသခင် ကို လွတ်လပ်စွာ ယုံကြည်နိုင်ပြီး၊ မိသားစု တစ်ခုလုံးသည်လည်း အတူတကွ စုဝေးကာ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ကြကြောင်းကို တွေးမိခဲ့သည်၊ မည်မျှပျော်ရွှင်ဖွယ် ကောင်းလိုက် သနည်း။

သူက “အသက်တာ ဝင်ရောက်သည်” အကြောင်း ဒေသနာများနှင့် ဆွေးနွေးချက်များတွင် ရေးသားထားသည့် အချက်တစ်ခုကို ဖတ်ရသည်။ “ဒီလောကကြီးက မှောင်မိုက်ပြီး ဆိုးညစ်တယ်၊ တိုင်းနိုင်ငံက လူတွေကို အတင်းအကျပ်လုပ်ခိုင်းပြီး၊ အစိုးရက လူတွေကို ညှင်းပန်းနှိပ်စက်တယ်။ လူတွေကို ဆိုးယုတ်တဲ့ လမ်းကြောင်းတွေကို လိုက်ဖို့ပဲ သူက ခွင့်ပြုပြီး၊ စစ်မှန်တဲ့ လမ်းခရီးကို လိုက်ဖို့ လူတွေကိုခွင့်မပြုဘူး။ လူသားမျိုးနွယ်ဟာ ဒီနည်းလမ်းနဲ့ ဖောက်ပြန်ပျက်စီးပြီး၊ ဆိုးညစ်ကြ တယ်၊ ပြီးတော့ ဒါဟာ ဘယ်သူမှ မပြောင်းလဲနိုင်တဲ့ တကယ့်လက်တွေ့ပဲဖြစ်တယ်။ ဒါ့ကြောင့် နတ်ဆိုးတွေ အာဏာစွဲကိုင်တဲ့ နိုင်ငံတွေမှာ သမ္မာတရားကို ရရှိပြီး၊ ကယ်တင်ခြင်းကို လက်ခံရဖို့ လူတစ်ယောက်ဟာ သူတို့ရဲ့ ဘုရားသခင်ကို ယုံကြည်မှုမှာ ညှင်းပန်းနှိပ်စက် ခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားရဖို့ ကံကြမ္မာပါလာပါတယ်။ သူတို့က ဒီဆင်းရဲဒုက္ခ ခံစားခြင်းကို သည်းမခံနိုင်ဘူး ဆိုရင်၊ သူတို့ ဘုရားသခင်ကို ယုံကြည်ဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ပါဘူး” ဤဆွေးနွေးချက်ကို ဖတ်ပြီးနောက် သူ့နှလုံးသားထဲတွင် တရုတ်ကွန်မြူနစ်ပါတီ ၏ မှောင်မိုက်သည့် အုပ်ချုပ်ရေး အတွက် ပို၍ပင် မုန်းတီးစိတ်များ ပြည့်နှက်လာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ခံရသည့် တိုင်းနိုင်ငံ တွင် ခိုက်ရန်ဖြစ်ပွားမှု များ၊ ရိုက်နှက်မှု များ၊ လူသတ်မှု နှင့် မီးရှို့မှုများ ကဲ့သို့ ဆိုးညစ်မှုများသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည်၊ လူ့အဖွဲ့အစည်းက ဝရုန်းသုန်းကားဖြစ်ပြီး၊ သာမာန် လူများသည် လုံခြုံမှု၏ အသိစိတ်မရှိသည့်အပြင်၊ အစိုးရကလည်း တကယ့်ကို မအုပ်ချုပ်ပါ။ သို့သော်လည်း ဘုရားသခင်ကိုယုံကြည်သည့် သူများ၊ ဘုရားသခင်နောက်လိုက်သူများ နှင့် အသက်တာတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်သူများကိုမူ၊ သူတို့အတွက် တရုတ် ကွန်မြူနစ်ပါတီသည် နက်ရှိုင်းသည့် အမုန်းတရား ဖြင့် တေးထားသည့်အပြင်၊ ခရစ်ယာန် များကို ဖမ်းဆီးပြီး၊ ညှင်းပန်းနှိပ်စက်ရန် ရဲများ၏ အာဏာအားလုံးကို စုစည်းဖို့ တွေဝေတုန့်ဆုတ် မနေပါ။ တရုတ်ကွန်မြူနစ်ပါတီသည် ဆိုးယုတ် ခြင်းလမ်းကြောင်းတွင် လူများကို လျှောက်ရန် ခွင့်ပေးပြီး၊ အသက်တာ၏ မှန်ကန်သည့် လမ်းကြောင်းကိုမူ လျှောက်ခွင့်မပေးပါ။ ဆိုးယုတ်မှု များ စိုးမိုးခြယ်လှယ်သော ထိုသို့သော နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ရန် လူများသည် ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခ တို့၏ နာကျင်မှုကို ကြံ့ကြံ့ခံဖို့ ကံဆိုးမိုးမှောင် ကျလေသည်။ သူက ပျော်ရွှင်သောမိသားစု တစ်စု၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ဖူးသော်လည်း ဘုရား သခင်ကို သူယုံကြည်မိကာ၊ အသက်တာ၌ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ခဲ့မိသောကြောင့်၊ တရုတ်ကွန်မြူနစ် ပါတီ ၏ ညှင်းပန်းနှိပ်စက်မှုကို ခံရကာ၊ သူနှင့် သူ့ဇနီးတို့သည်လည်း သူတို့ ကိုယ်ပိုင်အိမ်သို့ မပြန်နိုင်ခဲ့သည့်အပြင်၊ သူတို့မိသားစုနှင့်လည်း ကွဲနေခဲ့ရပါသည်။ သူတို့အနေဖြင့် စိုးရိမ်ကြောင့်ကျ ခြင်းနှင့် တောင့်တခြင်း အခြေအနေတွင် မရေမတွက်နိုင်သည့် နေ့နှင့် ညပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ရပြီး၊ ဤနာကျင်မှုများ အားလုံးသည် တရုတ်ကွန်မြူနစ်အစိုးရကြောင့်သာ ဖြစ်သည်။ ဤနားလည်သဘောပေါက်မှုကို ရရှိလာ ကာ၊ ဘုရားသခင်ကို နောက်လိုက်ရန် သူ့ ခံယူချက်ကလည်း ပိုမိုပြင်းထန်လာခဲ့သည်၊ တရုတ်ကွန်မြူနစ်ပါတီက သူ့ကို မည်မျှပင် ညှင်းပန်းနှိပ်စက်ပါစေ၊ သူက ဘုရားသခင်ကို အဆုံးသတ်အထိ နောက်လိုက်သွားမည်။

သူ့ဇနီး အဖမ်းခံရပြီး၊ သူ၏ အားနည်းနေသည့် အချိန်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များက သူ့ကို ယုံကြည်မှု ပေးခဲ့သည်

သူ့အသင်းတော်နှင့် သူ့ဇနီးတက်ရောက်သည့် အသင်းတော်တို့က တစ်ခုနှင့်တစ်ခု သိပ်မဝေး သည့်အပြင်၊ သူက နှစ်ပတ် မှ လေးပတ် လျှင် တစ်ကြိမ် ဆိုသကဲ့သို့ သူ့ဇနီးနှင့် စုဝေးပွဲတစ်ခုကို တက်ရောက်နိုင်ခဲ့သောကြောင့် သူ့ဇနီးအတွက် သူ့ပူပန်မှုကို လျော့ပေါ့ သက်သာစေခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် တရုတ်အစိုးရက “နွေဦးရာသီ လေထု စစ်ဆင်ရေး” ကို စတင်ဆောင်ရွက်ခဲ့ပြီး၊ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခရစ်ယာန်များကို နောက်တစ်ကြိမ်စတင်၍ အကြီးအကျယ် သွေးရူးသွေးတန်း ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သည်နှင့်အညီ နိုင်ငံ၏ ဒေသများအားလုံးတွင် ဒေသခံရဲများနှင့် လက်နက်ကိုင်ရဲများကို စုစည်းခဲ့သောကြောင့် ညီအစ်ကိုမောင်နှမ များစွာတို့ ကို ဖမ်းဆီးခြင်းဆီသို့ ဦးတည်ခဲ့ပါသည်။ တစ်ညနေတွင် ရဲများက သူ့ဇနီးဧည့်ခံ ကျွေးမွေးခံရသည့် အိမ်အနီးတွင် စောင့်ကြည့် နေခဲ့ကြသည်။ သူ့ဇနီးက ရဲဖမ်းခံရသည့်အချိန်တွင် သူမတာဝန်ကို ထမ်းဆောင်ပြီး အိမ်သို့ ပြန်ရောက် ခါစပင် ရှိသေးသည်။ သူ့ဇနီးအဖမ်းခံရကြောင်း သတင်းကို သူကြားရသည့်အချိန်တွင်၊ ယင်းမှာ မမျှော်လင့်ပဲ ကြားသိရခြင်းဖြစ်ပြီး၊ သူ့မျက်လုံးများ တွင် မျက်ရည်များဖြင့် မှုန်ဝါးကာ၊ သူ့နှလုံးသား မှနေ ဘုရားသခင်ကို ဆုတောင်းပြီး ခေါ်၍သာ နေမိခဲ့ပါတော့သည်။ သူ့ တည်ငြိမ်အေးဆေးမှုကို ပြန်လည်ရရှိရန် အချိန်အတော်ကြာခဲ့သည်။

သူ့ဧည့်ခံကျေးမွေးသည့် အိမ်သို့ပြန်သွားရင်း၊ သူ့နှလုံးသားက လေးလံလာကာ၊ သူ့မှာ စိတ်မပူပဲမနေနိုင်ခဲ့ပါ။ တရုတ်ကွန်မြူနစ်ပါတီ က အလွန်ရက်စက်ပြီး၊ နတ်ဆိုးမိစ္ဆာနှင့်တူသော နည်းလမ်းကို အသုံးပြုလေသည်။ ကျွန်တော့်ဇနီးကို သူတို့ မည်သည့် ဆိုးရွားသော နှိပ်စက်မှုဖြင့် ဘေးသင့်စေမည်နည်း။ ကျွန်တော့်ဇနီးက အလွန် နုနယ်လှသည်။ သူတို့၏ ရိုင်းစိုင်းသော ဆက်ဆံမှု ကို သူမကြံ့ကြံ့ခံနိုင်ပါမလား။ ဤအတွေး များ တွေးရင်းဖြင့် သူသည် နာကျင်မှုနှင့် စိတ်ညစ်မှုတို့ကို ခံစားရကာ၊ မျက်ရည်များကျ လာခဲ့သည်။ သူက ဘုရားသခင်ကို အလျင်စလို ဆုတောင်းခဲ့ပါသည်။ “အိုဘုရားသခင်၊ ကျွန်တော့်ဇနီး ထပ်ပြီး အဖမ်းခံရပါတယ်၊ ပြီးတော့ ကျွန်တော်လည်း အရမ်း နာကျင်ပြီး၊ အားနည်းနေတယ်လို့ ခံစားရပါ တယ်။ ဒါတွေအားလုံးကို ကျွန်တော့်ဘာသာ မအောင်မြင်နိုင်ပါဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်တော့် ကို လမ်းပြပြီး၊ ယုံကြည်မှုနဲ့ ခွန်အားတို့ကို ပေးသနားတော်မူပါ။ ကျွန်တော့် ဇနီးကို ကိုယ်တော့်လက်တော်ထဲမှာ အပြည့်အဝ ယုံကြည်စွာအပ်နှံလိုပါတယ်။ သူ သက်သေ ရပ်တည်နိုင်ဖို့ ကိုယ်တော် သူ့ကို ကွယ်ကာ တော်မူပါ”

ထို့နောက်တွင် ဘုရားသခင် က “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော နှုတ်ကပတ်တော်များကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။...ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။...အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” ဟု မိန့်တော်မူ သည်ကို သူတွေ့မြင်ခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ့အား အားပေးခဲ့သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဘုရားမဲ့သောတရုတ်ပြည်တွင် အလုပ်လုပ်နေ ကြောင်းနှင့် ကိုယ်တော်သည် တရုတ်ကွန်မြူနစ် ပါတီ ၏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်း တို့ကို အသုံးပြုကာ၊ ၎င်း၏ ဘုရားသခင်ကို ခုခံခြင်း၌ တရုတ်အစိုးရ၏ နတ်ဆိုးကဲ့သို့သော အနှစ်သာရရှိပြီး၊ ထိုအနှစ်သာရတွင် ဘုရားသခင် ၏ အမှုတော်ကို သူတတ်နိုင်သမျှ နှောင့်ယှက်ပြီး ဖျက်စီးကာ လူများကို ဝါးမြိုရန် ကြိုးစားနေသည် ကို သတိရှိစေရန် ခွင့်ပေးခြင်းဖြစ်ကြောင်း သူနားလည် သဘောပေါက်ခဲ့သည်။ လူများသည် တရုတ်ကွန်မြူနစ်ပါတီ ကို အမှန်ကတယ် ငြင်းပယ်ပြီး၊ စွန့်ပစ်နိုင်ရန် ဘုရားသခင်က ဤအမှုကို ပြုနေခြင်းဖြစ်သည်။ တစ်ချိန်တည်း မှာပင် လူတစ်ယောက်ချင်းစီကို စမ်းသပ်ရန် နှင့် စစ်ဆေးရန် ဘုရားသခင်သည် ခရစ်ယာန်များကို တရုတ်အစိုးရ၏ မသတီစရာကောင်းသည့် ညှင်းပန်းနှိပ်စက်ခြင်း အခြေအနေကို အသုံးပြုနေ ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ၏ ချေမှုန်းမခံရသည့်သူများအားလုံး၊ သူတို့ ယုံကြည်မှု ကို ထိန်းသိမ်းသူများ၊ သူတို့တာဝန်ကို ထမ်းဆောင် သူများနှင့် သမ္မာတရားကို ရှာဖေါသူများ၊ အဖမ်းခံရ၊ ပြစ်ဒဏ်ချမှတ်ခံရပြီး၊ ရက်စက်စွာ နှိပ်စက်ခံရသူများ၊ ထိုသူများသည် ဘုရားသခင်က စုံလင်စေခဲ့ပြီးဖြစ်သည့် အောင်မြင်သူများ လူအုပ် တစ်စုဖြစ်သည့်အပြင်၊ သူတို့၏ လုပ်ရပ်များမှ တစ်ဆင့် သူတို့သည် စာတန်ကို အနိုင်ရကာ၊ ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေ သည်။သူက တရုတ်ကွန်မြူနစ်ပါတီရဲများ၏ နှိပ်စက်ခံနေ ရသည့်၊ သူတို့၏ နောက်ဆုံးထွက်သက်တွင်ပင် ဘုရားသခင်ကို လုံးဝ သစ္စာမဖောက်မည့်၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ လမ်းပြမှုကို ရရှိသော ကြောင့် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက် များကို သက်သေခံပြီး၊ ဘုရားသခင်ကို အောင်မြင်စွာ သက်သေခံခဲ့သည့် ညီအစ်ကို မောင်နှမ များစွာတို့အကြောင်း တွေးမိ သည်။

ထို့ထက်ပိုပြီးလျှင် သခင်ယေရှုက “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြ လော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ဟု မိန့်တော်မူခဲ့သည်။ လူသား၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး၊ ခန္ဓာကိုယ် သေဆုံးခြင်းသည် ကြောက်စရာမဟုတ်ဟု သူတွေးမိသည်။ တရုတ် ကွန်မြူနစ်ပါတီ ရဲများက လူ့ခန္ဓာကိုယ်ကိုသာ ဖျက်ဆီးနိုင်သော်လည်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်၏ ဘုရားသခင်ကို နောက်လိုက်ရန် စိတ်ပိုင်းဖြတ် ထားခြင်း ကိုမူ မပြောင်းလဲနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညှင်းပန်းနှိပ်စက် ခံခဲ့ရသည့် ညီအစ်ကိုမောင်နှမ များ၏ အတွေ့အကြုံ များတို့က သူ့အား စာတန်နှင့် အဆုံးသတ်အထိ တိုက်ပွဲဝင်ရန် ယုံကြည်မှုနှင့် ခွန်အားတို့ကို ပေးခဲ့သည်။ သူလမ်းခရီးတွင် မည်သို့သော ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အတိဒုက္ခများ လာပြီး၊ သူမည်မျှပင် ဒုက္ခခံစားရပါစေ သူ့ဇနီးကို ဘုရားသခင်၏ လက်တော်ထဲသို့ လုံးလုံး ယုံကြည်စွာ အပ်နှံလိုပြီး၊ ဘုရားသခင်ကို မျှော်ကြည့်လိုကာ၊ သမ္မာတရားကို ရှာဖွေဖို့ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် နှင့် စာတန်ကို အရှက်ရစေသည့် အဓိပ္ပါယ်ပြည့်ဝသည့် အသက်တာ တစ်ခုကို အသက်ရှင်နေထိုင်ရန် စိတ်ပိုင်းဖြတ် ခဲ့ပါသည်။

နတ်ဆိုးကို ကြီးစွာသော စက်ဆုပ်ရွံရှာခြင်းဖြင့်၊ ဘုရားသခင်ကို မဆုတ်မနစ်ပဲ နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်

တစ်နေ့တွင် သူ့သားထံမှ စာတစ်စောင်ကို ရရှိခဲ့သည်၊ ထိုစာတွင် သူနှင့် သူ့ဇနီးတို့ အိမ်မှထွက် ပြေးသည့်အားလျော်စွာ ရဲများက အနီးကပ် မေးခွန်းမေးရန် သူ့သားထံ မကြာခဏ လာရောက် ပြီး “မင်းအဖေ အိမ်ကိုလာသေးလား။ သူဘယ်မှာလဲ မင်းသိလား။ သူ့လက်ကိုင်ဖုန်းနံပါတ်က ဘာလဲ။ မင်းအဖေ အိမ်ပြန်လာရင်၊ ငါတို့ကို ချက်ခြင်း ဖုန်းခေါ်”တို့ကဲ့သို့သော မေးခွန်းများကို မေးခဲ့သည် ဟု ဆိုသည်။ ၎င်းတို့က သူတို့နှင့် သူတို့ဆွေမျိုး များ၏ နေအိမ်ဝင်ပေါက်များ တွင်လည်း HD ကင်မရာများကို တပ်ဆင်ထားခဲ့ သည်၊ လက်ကိုင်ဖုန်းများအားလုံးကိုလည်း စောင့်ကြည့် စစ်ဆေး နေခဲ့သည်။ သူက လုံးဝကို ဖုန်းမခေါ်ရမည့်အပြင်၊ အိမ်သို့လည်း လုံးဝ မပြန်လာရမည့်အကြောင်းကို သူ့သားက သူ့အား ပြောခဲ့သည်။ သူ့ဇနီးက ထောင်ဒဏ်သုံးနှစ်နှင့် ယွမ် ၁၀၀၀၀ ပြစ်ဒဏ်ကျခံရကြောင်း စာထဲတွင် ဆက်ပြောသွားသည်။ သူ့ဇနီး ထောင်ထဲ ရောက်နေချိန်တွင်၊ သူ့ယောက္ခမက နေ့စဉ်နေ့တိုင်း အလွန်စိုးရိမ်ကြောင့်ကျပြီး ကြောက်နေခြင်းမှ နာမကျန်းဖြစ်လာခဲ့ပြီး၊ သေဆုံးခဲ့လေသည်။ ပို၍မုန်းတီး ဖွယ်ကောင်းသည်မှာ သူပြန်လာခဲ့ပါက သူ့အား ဖမ်းဆီးရန် စျာပနကို အခွင့်ကောင်းယူဖို့ မျှော်လင့်ရင်းဖြင့် အသုဘလိုက်ပို့သူများကြားတွင် အရပ်ဝတ်စုံများဖြင့် ရဲများ ရောနှောနေခဲ့ခြင်းပင် ဖြစ်ပါသည်။

သူဖတ်နေရင်းဖြင့် သူ့နှလုံးသားမှာ ဓါးတစ်ချောင်းနှင့် ထိုးခံရသကဲ့သို့ ခံစားရပြီး၊ သူ့မျက်လုံးများမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျလာခဲ့သည်။ သူ့ဇနီးမှာ ထောင်၌ သုံးနှစ် နေရန် အပြစ်ဒဏ်ကျခံခဲ့ရပြီး၊ မစဉ်းစားဝံ့သော ဆင်းရဲဒုက္ခ ခံစားဖို့ ကံဆိုးမိုးမှောင်ကျလေသည်။ ပြီးတော့ သူ့ယောက္ခမလည်း သေဆုံးခဲ့ရပြီ၊ သူ့ယောက္ခထီးရော ထိုသို့သော ထိုးနှက်မှုကို ခံနိုင်မည်လော။ ပြီးနောက် သူ့သားရော သူ့မိသားစု ဤကဲ့သို့ ရုတ်တရက်ကြီး ပြိုကွဲပျက်စီးသွား ရသည့်အတွက် မည်မျှ စိတ်မကောင်းဖြစ်နေ မည်နည်း။...သူအနေနှင့် အိမ်သို့ပြန်ပြီး၊ နှစ်ပေါင်းများစွာ မတွေ့ရသေးသည့် သူ့သားနှင့် ယောက္ခထီး နှစ်ဦးလုံးတို့ကို တကယ်ကို တွေ့ရမည်။ သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ က သူ့အိမ်ဝင်ပေါက်တွင် စောင့်ကြည့်သည့် ကင်မရာ မည်သို့တပ်ဆင်ထားကြောင်း တွေးမိသည့် အချိန် တွင်၊ သူရောက်သည်နှင့် တပြိုင်နက် အဖမ်းခံရမည့် အန္တရာယ်ရှိနိုင်ကြောင်းကိုလည်း သူသိပြီးဖြစ်သည်။ သူ့သားနှင့် ယောက္ခထီးတို့မှာလည်း သူ့ကြောင့် နာကျင်ရပြီး၊ စိတ်ပူရမည်ကိုလည်း သိသောကြောင့် အိမ်သို့ပြန်ရန် အကြံဉာဏ်ကို သူ့စိတ်ထဲမှ ထုတ်ခဲ့ရပါသည်။ ထိုအခြေအနေ၏ အမှန်တရားကို ရင်ဆိုင်ပြီး သူသည် တရုတ်ကွန်မြူနစ်ပါတီ မည်မျှ ဆိုးယုတ်ပြီး မနှစ်မြို့ဖွယ်ကောင်းခဲ့သည်ကို တစ်ဖန် တွေ့မြင်ရပြန်သည်၊ သူတို့၏ လူသတ်ရန်အပန်း မကြီးသည့် လက်များကို သူ့ဇနီးပေါ်တွင် တင်ခဲ့ရုံ သာမက၊ သူတို့က သူ့နောက်ကို လိုက်နေဆဲဖြစ်ပြီး၊ သူ့ကို ဖမ်းဆီးနိုင်ရန် အချိန် ရောက်လာခွင့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ သူ့ဘဝတွင် အမှန်တကယ် ပင် မည်သည့် ငြိမ်သက်ခြင်းမျှ မရှိခဲ့ပါ။

သူ့မိသားစုတစ်ခုလုံးကို တရုတ်ကွန်မြူနစ် ပါတီပေးခဲ့သည့် နာကျင်မှုနှင့် ထိုးနှက်မှုများကို ရေတွက်ရန်မှာ မဖြစ်နိုင်ပါ၊ သူ့နှလုံးသားထဲမှ ဒဏ်ရာများကို ကုစားရန်အတွက်မူ ပို၍ပင် မဖြစ်နိုင်သေးသည်။ သူက တရုတ်ကွန်မြူနစ် ပါတီကို သူ့အရိုးထဲမှ မုန်းတီးခဲ့သည်။ သူသည် ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပါသည်။ “နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ့နှလုံးသားထဲတွင် နာကျည်းချက်များကို စုပုံလာစေခဲ့ပြီး၊ ၎င်းတို့က နတ်ဆိုး တရုတ်ကွန်မြူနစ်ပါတီ ကို စွန့်ပယ်ရန် သူ့ကို စိတ်ပိုင်းဖြတ်ဖို့ ခွန်အားဖြည့်ပေးခဲ့သည်။ ဘုရားသခင်ကို ယုံကြည်မှု နှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအပြင်၊ အသက်တာတွင် မှန်ကန်သည့်လမ်းကြောင်းကို လျှောက်ဖို့ ရှာဖွေခြင်း တို့သည် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသဖြစ်ပြီး၊ လောကီဆိုင်ရာ အခြေခံမူ လည်းဖြစ်သည်၊ သို့သော်လည်း နတ်ဆိုး တရုတ်ကွန်မြူနစ်ပါတီ က ယုံကြည်သူများကို ထိတ်ထိတ်ပျာပျာဖြင့် လိုက်ရှာကာ၊ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သည့်အပြင်၊ ၎င်းက ခရစ်ယာန်များကို တရားမဝင် အကျဉ်းချပြီး နှိပ်စက်သည်၊ ပြီးနောက် လူပေါင်းများစွာကို သူတို့အိမ်မှ ထွက်ပြေးစေပြီး၊ မိသားစုများကို ပြိုကွဲစေခဲ့သည့်အပြင်၊ လူများစွာ တို့ကို အခြေမဲ့အနေမဲ့ အသက်တာများဖြင့် အသက်ရှင် နေထိုင်စေခဲ့သည်။ သို့သော်လည်း ၎င်းက အမည်းသည် အဖြူဖြစ်ကြောင်း ပြောပြီး၊ ဘုရားသခင်ကို ယုံကြည်သူများသည် သူတို့မိသားစု များကို စွန့်ခွာကြောင်း ခရစ်ယာန်များကို အမနာပ လုပ်ကြံပြောဆိုကာ၊ ခရစ်ယာန်များကို လှောင်ပြောင် ခြင်း၊ အသရေဖျက်ခြင်း နှင့် ပယ်ခြင်း တို့ဖြင့် မယုံကြည်သူအိမ်နီးချင်းများနှင့် မိတ်ဆွေ ကောင်း ဖမ်းစားခဲ့ပြီး၊ သူတို့ကို ၎င်း၏ ဆိုးယုတ် သော နည်းလမ်းများတွင် လိုက်ပါလာစေရန် ပြုခဲ့သည်။ သူက ယခင်က အခြေအနေများ အလွန်ငြိမ်သက်ပြီး၊ ပျော်ရွှင်စွာဖြင့် ရှိခဲ့ပုံ၊ သူ့ဇနီးနှင့် အတူတကွ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်ခဲ့သည့်အချိန်၊ သူတို့အသက်တာကို အတူပေါင်းသင်းပြီး၊ ပန်းတိုင်တစ်ခုတည်းကို ရှာဖွေလိုက်စားခဲ့ပုံ၊ ထိုအချိန်က သူပျော်ရွှင်ခဲ့ပုံတို့ကို တွေးမိပါသည်။ သို့သော် ယခုမူ ထိုမျှ ကောင်းမွန်သည့် အိမ်လေးသည် တရုတ်အစိုးရ၏ နတ်ဆိုးကဲ့သို့ အုပ်ချုပ်မှုအောက်တွင် ပျက်စီးခဲ့သည့်အပြင်၊ သူ့ဇနီးမှာလည်း ထောင်ထဲတွင် တရုတ်ကွန်မြူနစ် ပါတီ ၏ ဆိုးယုတ်သော ရဲများ သနားမှ ချမ်းသာရာရောက်မည့် အခြေအနေဖြစ်နေကာ၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် နှိပ်စက်မှုတို့ကို ဒုက္ခခံစားနေရပါသည်၊ သူက ၎င်းတို့ကိုမမုန်းပဲ မည်သို့နေနိုင်မည်နည်း။

သူက ဘုရားသခင်၏ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို တွေးမိသည်။ “၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော် သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။” ဘုရားသခင့် နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ဘုရားသခင်သည် လူတိုင်း၏ အသက်တာကို အုပ်စိုးပြီး ထောက်ပံ့ကြောင်း၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ ကံကြမ္မာကို ထိန်းချုပ်ထား ကြောင်းအပြင်၊ ဘုရားသခင်သည် အကောင်းဆုံး သော စီစဉ်မှုကို ပြုသည့်အတွက် သူ့ပူပင်သောကသည် မလိုအပ်ကြောင်း တို့ကို နားလည်သဘောပေါက် လာခဲ့သည်။ သူ့အကျဉ်းကျ နေသည့် ဇနီးကို ဘုရားသခင်ထံ ယုံကြည်စွာ အပ်နှံပြီး၊ သူမကို လမ်းပြရန် တရုတ်ကွန်မြူနစ် ပါတီ၏ ညှင်းပန်းနှိပ်စက်မှုအလယ်တွင် အောင်မြင်စွာ သက်သေခံနိုင်ရန် ဆုတောင်းခဲ့သည်။ သူ့အတွက်မူ သူ့မှာ အဖော်သဟဲပြုဖို့ ဘုရားသခင် ၏ နှုတ်ကပတ်တော်များ ရှိပြီး၊ သူ အသက်ရှင် နေထိုင်နေသည့် ခက်ခဲသည့် အခြေအနေ က သူ့နှလုံးသားကို ဘုရားသခင်နှင့် ပို၍နီးစပ်စေ ခဲ့သည်။ နောက်ဆုံးတွင် သူ့မိသားစု၏ သက်ကြီး ရွယ်အိုနှင့် သူ့သားတို့ကိုလည်း ဘုရားသခင်ထံတွင် ယုံကြည်စွာ အပ်နှံနိုင်ခဲ့သည်။

တရုတ်အစိုးရက သူ့တို့ကို ခံစားစေခဲ့သည့် ညှင်းပန်းနှိပ်စက်မှုသည် သူ့မိသားစုကို သနား ကရုဏာ ကင်းမဲ့စွာဖြင့် တစ်စစီ ဖြိုခွဲခဲ့ ပါသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် များက သူနှင့် သူ့မိသားစုကို အတူတကွ တင်းကျပ်စွာ ချိတ်ဆက်ပေးခဲ့ပြီး၊ သူက စိတ်ပိုင်းဖြတ်ချက် တစ်ခုချခဲ့သည်၊ သူက အရေးကိစ္စများ မည်မျှ ဆိုးရွားပါစေ ဘုရားသခင် နောက်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်နေ့တွင် သူအဖမ်းခံရပြီး၊ ထောင်ဒဏ်ချမှတ်ခံရသည့်တိုင် သူသည် လုံးဝ မညဉ်းတွားပဲနှင့် နောင်တလည်း လုံးဝ ရှိမည် မဟုတ်ပါ။

Share