စာရင်း

ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း

အမြန်လမ်းညွှန်
ပညတ်တော်ခေတ်တွင် လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် ကယ်တင်ခြင်း
ကျေးဇူးတော်ခေတ်တွင် လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် ကယ်တင်ခြင်း
နောက်ဆုံးသောကာလ၌ လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် ကယ်တင်ခြင်း

ဂျွန်ရင်း တရုတ်ပြည်

ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူအချင်းချင်း ကယ်တင် ခြင်းနှင့် ကွဲပြားပါသည်။ လူချမ်းသာက ဆင်းရဲသားကို ပေး သည့် ငွေကြေးဆိုင်ရာ ထောက်ပံ့မှု မဟုတ်ပါ။ သေခါနီးလူ တစ်ယောက်ကို ကယ်တင်ခြင်း နှင့် ဒဏ်ရာရထားသူ တစ်ယောက်ကို ဆေးကုသပေးသည့် ဆရာဝန်က လူနာများကို ကုသခြင်းမျိုး မဟုတ်ပါ။ ပြီးနောက် ကုသိုလ်ဖြစ် အဖွဲ့အစည်း များ သို့မဟုတ် အများအကျိုးဆောင်ရွက်သူများ၏ လုပ်ရပ်များ လည်း မဟုတ်ပါ။ ဘုရားသခင်၏ ကယ်တင်ခြင်း သည် လူများ၏ အကျင့်ပျက်စီးနေသည့် ဝိညာဉ်များကို ကယ်တင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ကိုယ်တော်၏ ကယ်တင်ခြင်းတစ်ခုလုံးသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တာ တို့ကို လိုအပ်ပါသည်။ ကျွန်ုပ်တို့ ကယ်တင်ခြင်း ရရှိပြီးနောက်တွင် နာကျင်ခြင်း၊ မျက်ရည်များ သို့မဟုတ် ဝမ်းနည်းခြင်းများ မရှိတော့သကဲ့သို့ ကျွန်ုပ်တို့ မိသားစုများတွင် ကူညီရာမဲ့သည်ဟု ခံစားရခြင်း၊ ကျွန်ုပ်တို့ သင်ယူလေ့လာ မှုများ၊ ကျွန်ုပ်တို့ အလုပ်နှင့် ကျွန်ုပ်တို့ အသက်တာများ ပါဝင်သည့်အပြင်၊ ကျွန်ုပ်တို့၏ အသက်တာသည်လည်း အလင်းနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက် နေပါသည်။ ကျွန်ုပ်တို့သည်လည်း ပိုမိုများပြားသော ရည်ရွယ်ချက် နှင့် အဓိပ္ပါယ်တို့ဖြင့် အသက်ရှင်နေထိုင်ပြီးလျှင် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများဖြင့် အသက်ရှင် နေထိုင်ခြင်း ဖြစ်ပါသည်။

အသက်တာအချိန်တစ်ခုတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်း ရရှိရန် များစွာသော အခွင့်အလမ်းများ ပေးမည်ဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိုပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပထမဦးစွာ သိရှိရမည် သို့မဟုတ်ပါက ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိရန် မိမိအခွင့်အရေးနှင့် လွဲချော်မည် ဖြစ်ပါသည်။ အချို့သော လူများက “လွဲချော်သွား တော့ရောဘာဖြစ်လဲ။ အရေးမကြီးပါဘူး။” ဟု ဆိုကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ နားလည်ထားသင့်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် မိမိအခွင့်အရေးနှင့် လွဲချော်ခြင်းသည် ဟင်းလျာကောင်းတစ်ခုကို မစားရခြင်း သို့မဟုတ် မြေအောက်ရထားကို လွဲချော်ရခြင်း အပြင် လေ့လာရန် သို့မဟုတ် အလုပ် တို့အတွက် အခွင့်အလမ်း လွဲချော်ခြင်း စသည်တို့နှင့် မတူပါ။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် မီးလောင်နေသည့် အဆောက်အဦးတစ်ခု တွင်ပိတ်မိနေပြီး မီးသတ်သမားက အချိန်မီလာရောက် ကယ်ဆယ်ခြင်းခံရရန် သင့်အခွင့်အရေးကို လွဲချော်ရခြင်းနှင့် တူပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် လူတစ်ယောက်၏ အခွင့်အရေးကို ဆုံးရှုံးရခြင်းသည် မယုံနိုင်အောင် ပူဆွေးဝမ်းနည်းဖွယ် နှင့် ယူကြုံးမရဖွယ်သော အရာတစ်ခု ဖြစ်ပါ သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းတို့သည် အလွန် အရေးကြီးပါသည်။ ပြီးနောက် ၎င်းတို့သည် အရေးကြီးသည့် အားလျော်စွာ ဘုရားသခင်၏ အမှုတော်မှုနေပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၏ ဖြစ်ခြင်းကို ယခုကျွန်ုပ်တို့ တဖြည်ဖြည်းချင်း သင်ယူသွားမည် ဖြစ်ပါသည်။

ပညတ်တော်ခေတ်တွင် လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် ကယ်တင်ခြင်း

အစတွင် အာဒံနှင့် ဧဝံတို့သည် ဧဒင်ဉယျာဉ်မှ မောင်းထုတ်ခြင်း ခံရပြီး၊ ၎င်းတို့သည် မည်သို့အသက်ရှင်နေထိုင်ရမည်ကို လည်းကောင်း၊ ဘုရားသခင်ကို မည်သို့ကြောက်ရွံ့ရမည်ကို လည်းကောင်၊ ဘုရားသခင်၏ လမ်းခရီးကို မည်သို့လိုက် လျှောက် ရမည်ကိုလည်းကောင်း နားလည် သဘောပေါက်ခြင်း မရှိခဲ့ကြပါ။ ထို့နည်းတူစွာ ကမ္ဘာကြီးသည် လူသတ်မှု၊ အကြမ်းဖက်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း စသည်တို့ဖြင့် ပြည့်နှက်လာခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီပြီးနောက် ကမ္ဘာကြီးသည် ရေဖုံးလွှမ်းမှုဖြင့် ဖျက်ဆီးခံရချိန်အထိပင် ဖြစ်ပါသည်။ လူများသည် မည်သို့ အသက်ရှင်နေထိုင်ရ မည်ကို လည်းကောင်း၊ ဘုရားသခင်ကို မည်သို့ဝတ်ပြုကိုးကွယ်သင့် ကြောင်းကိုလည်း ကောင်း မသိရှိဆဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် မောရှေအား သူ၏ ပညတ်တော်များနှင့် လူသားများအတွက် တရားတော်များကို ကြေငြာစေသည်။ ဥပုသ်ကို စောင့်ထိန်းရန်၊ မိမိ မိဘများကို လေးစားရန် နှင့် ရုပ်ထုဆင်းထု မကိုးကွယ်ရန်၊ သူ့မယားပြစ်မှားခြင်း သို့မဟုတ် သူ့ဉစ္စာခိုးယူခြင်း မရှိသင့်ကြောင်း စသည်တို့ကဲ့သို့ ဖြစ်ပါသည်။ ယဇ်ပူဇော်ခြင်း၊ အစာစားခြင်း၊ ခိုးယူခြင်းအတွက် အလျော် ပေးခြင်း တို့အပြင်၊ နွားနှင့် သိုးများကို သတ်ဖြတ်သည့် စသည့် စည်းမျဉ်းစည်းကမ်းများစွာလည်း ရှိခဲ့ပါသည်။ ထိုနည်း အားဖြင့် လူများမည်သည့်အရာကို ပြုသည်ဖြစ်စေ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ရန် အခြေခံ သဘောတရား များ ရှိခဲ့ပါသည်။ လူများသည် ဘုရားသခင်၏ တရားတော် များနှင့် အမိန့်များကို ထိခိုက်သည့်အခါတွင်၊ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်း ခံရပါသည်။ သို့သော်လည်း ၎င်းတို့က ဘုရားသခင်ထံ ပူဇော်ခြင်းများ ပြုလုပ်ပြီး၊ ဝန်ချ တောင်းပန် ကာ၊ ၎င်းတို့ အပြစ်ထပ်မံပြုလုပ်ခြင်းတို့မှ ရှောင်ကြည် ပါက ဘုရားသခင်သည် ၎င်းတို့၏ အပြစ်ကြီးသော လုပ်ဆောင်ချက် များမှ လွှတ်ပေးပါသည်။ ယေဟောဝါက လူများကို ကန့်သတ်ချက်များ ထားရှိရန် သူ၏ ပညတ်တော်များနှင့် တရားတော်များ၏ စည်းမျဉ်းများကို အသုံးပြုတော်မူခဲ့သည်။ အကြောင်းမှာ လူများသည် ယေဟောဝါ၏ ပညတ်တော်များနှင့် တရားတော်များကို စောင့်ထိန်းခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၏ ကာကွယ်ခြင်းကို ခံကြရသည်။ ပြီးနောက် ၎င်းတို့သည် ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခဲ့ကြသည်။

ကျေးဇူးတော်ခေတ်တွင် လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် ကယ်တင်ခြင်း

ပညတ်တော်ခေတ် အဆုံးသတ်ခါနီးတွင် လူများသည် ပို၍ ပို၍ အကျင့်ပျက်လာကြရာ ၎င်းတို့သည် တရားတော်များနှင့် ပညတ်တော်များကို စောင့်ထိန်းခြင်း မရှိတော့ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ထိခိုက်စေသည့် အရာများစွာ ဖြစ်သည့် ရုပ်ထုဆင်းထုကိုးကွယ်ခြင်း နှင့် သူ့မယား ပြစ်မှားခြင်း၊ မကောင်းသောအကျင့်အကြံစည်များကို ဖန်တီး ခြင်း၊ လှည့်စားခြင်း နှင့် လိမ်လည်ခြင်း၊ သူ့ဉစ္စာကို ခိုးယူခြင်း နှင့် လုယူခြင်း၊ သူတစ်ပါးငွေကို အလွဲသုံးစား ပြုခြင်း တို့ကို ပြုခဲ့ကြသည်။ ထို့အပြင် ဘုရားသခင်ကို ခြေလက်အင်္ဂါ မသန်စွမ်းသော၊ မျက်လုံးကန်းနေသာ ချိုးငှက် များ၊ နွားများနှင့် သိုးများ စသည်တို့ဖြင့်ပင် ပူဇော်ကြ သည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့အား စက်ဆုပ်ရွံမုန်း ခဲ့သည်။ ယေရမိ ၁၄:၁၀ တွင် ဖော်ပြထားသည့် “ဤလူတို့ကို ယေဟောဝါမိန့်တော်မူသည်မှာ၊ ထိုသူတို့သည် ဤကဲ့သို့ လှည့်လည်သွားလာရန် နှစ်သက်ကြ၏၊ မိမိတို့ခြေကို မချုပ်တည်းကြ။ ထို့ကြောင့် ယေဟောဝါသည် သူတို့ကို လက်ခံတော်မမူ။ ယခုတွင် သူတို့ပြုသော ဒုစရိုက်ကို သူသည် အမှတ်ရပြီး သူတို့အပြစ်များကို စီရင်တော်မူမည်။” အတိုင်းပင် ဖြစ်ပါသည်။

သို့သော်လည်း ဘုရားသခင်သည် သူ၏ တရားတော်များဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို သေစေရန် အပြစ်ဒဏ် ပေးလောက်အောင် အကြင်နာကင်းမဲ့ခြင်း မရှိပါ။ ထို့ကြောင့် ကိုယ်တော်သည် လူသားဖြစ်သည့် သခင်ယေရှုအဖြစ် လူ့ဇာတိ ကိုခံယူခဲ့ကာ လူသားမျိုးနွယ်အတွက် လမ်းခရီးကို တစ်ဖန် ပြန်လည်ဖွင့်ပေးခဲ့ပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ်စေ ခဲ့သည်။ ထို့နောက် ကျေးဇူးတော်ခေတ်၏ ရွေးနှုတ်ခြင်းအမှုကို လမ်းကြောင်းပေးတော်မူခဲ့သည်။ သခင်ယေရှုသည် သွားလေရာ နေရာတိုင်းတွင် ကိုယ်တော်၏ ဧဝံဂေလိတရားတော်ကို ဟောကြားခြင်း၊ နာမကျန်းသူများကို အနာငြိမ်းစေခြင်း နှင့် နတ်ဆိုးများကို မောင်းထုတ်ခြင်း၊ လူများပေါ်တွင် ပေါ်လျှံလှသည့် ကျေးဇူးတော်ကို ပေးသနားခြင်း အပြင်၊ ၎င်းတို့၏ အပြစ်များကို လွှတ်ပေးခြင်း စသည်တို့ကို ပြုတော်မူခဲ့သည်။ ထို့ကြောင့် လူသားအပြစ်များသည် အကြွင်းမဲ့ လွတ်ငြိမ်းရန် ဖြစ်နိုင်ခဲ့သည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် တင်ခြင်း ခံရသောကြောင့် လူများ၏ ထာဝရယဇ်ဖြေရာ ဖြစ်လာကာ၊ ကျေးဇူးတော်ခေတ်၏ ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ ကယ်တင်ခြင်းကို လက်ခံပြီး၊ ကိုယ်တော်၏ နာမတော်အားဖြင့် ဆုတောင်းခြင်း၊ ကျွန်ုပ်တို့၏ အပြစ်များ အတွက် ကိုယ်တော့်ကို ဝန်ခံခြင်း နှင့် ဝန်ချတောင်းပန်ခြင်း စသည်တို့ကို ပြုပါက၊ ကျွန်ုပ်တို့ အပြစ်မှ လွှတ်ခြင်း ခံရမည် ဖြစ်ပြီးလျှင်၊ ကျွန်ုပ်တို့သည်လည်း တရားတော်များကို ထိခိုက်စေသောကြောင့် တရားစီရင်ခြင်း သို့မဟုတ် သေဒဏ်အပြစ်ဒဏ်ကို ခံရခြင်းတို့ ဖြစ်တော့မည် မဟုတ်ချေ။ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူခဲ့သည့် ကယ်တင်ခြင်း ဖြစ်ပါ သည်။

နောက်ဆုံးသောကာလ၌ လူများအတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် ကယ်တင်ခြင်း

သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်မှာ “နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅)

“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲ ၉:၂၈)

“သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၃) ဟု ဖြစ်ပါသည်။

စာအုပ်ထဲတွင်လည်း “လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။”ဟု ဆိုထားပါသည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ကို ရွေးနှုတ်တော်မူခဲ့ပြီး ကျွန်ုပ် တို့၏ အပြစ်များကိုလွှတ်ပေးခဲ့သည်။ သို့သော်လည်း လူသား တို့၏ အပြစ်ရှိသောသဘာဝ၏ အခြေအမြစ်သည် ဆက်လက် ကျန်ရှိနေခဲ့ပြီး၊ မာနထောင်လွှားခြင်း နှင့် စိတ်ကြီး ဝင်ခြင်း၊ အတ္တကြီးခြင်း နှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မရိုးသားခြင်း နှင့် လှည့်စားခြင်း အပြင် အကျိုးအမြတ် ရအောင် ပြုလုပ်လိုခြင်း စသည့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီး သော စိတ်သဘောထား များသည်လည်း ကျွန်ုပ်တို့ ကိုယ်တွင်း တွင် နက်ရှိုင်းစွာ အခြေအမြစ်စွဲ ကျန်ရစ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ပိုင်ဆိုင်ကြ သောကြောင့်ပင် မိမိတို့ မိတ်ဆွေများဖြင့် ငြင်းခုံခြင်း၊ အချင်းချင်း သံသယဝင်ခြင်း နှင့် ကျော်ကြားမှု နှင့် ကြွယ်ဝမှု များအတွက် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် မကောင်း ကြံစည်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ကြသည့်အပြင်၊ ကိုယ်နှင့် ကိုယ့်မိသားစု တို့အကြား ယုံကြည်မှုဆုံးရှုံးခြင်း ကိုလည်း ဖြစ်စေနိုင်ပါသည်။ နာမကျန်းဖြစ်ခြင်း နှင့် ဘေးဒုက္ခ များ ကဲ့သို့ စမ်းသပ်မှုများ ကျရောက်လာပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို အပြစ်တင် ကာ အထင်လွဲပြီးနောက် နေ့အချိန် တွင် အပြစ်လုပ် ကာ၊ ညအချိန်တွင် ဝန်ချတောင်းပန်သည့် ဘဝမျိုးဖြင့် အသက်ရှင် နေထိုင်လာကြပါသည်။ သခင်ယေရှုက တစ်ချိန်က “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ယော ၈:၃၃-၃၅) ဟု မိန့်တော်မူခဲ့ပါသည်။ ဘုရားသခင်သည် သန့်ရှင်းတော်မူသည်။ မည်သည့် အပြစ်ရှိသူတစ်ယောက်မှ ဘုရားသခင်၏ နိုင်ငံတော် ကို ဝင်ရောက်ခွင့်မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း၏ ပိုမိုသော အဆင့်ကို လိုအပ်ပါသည်။ သို့မှသာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သည် သန့်စင်ပြီးလျှင်၊ ကျွန်ုပ်တို့သည် လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို အကြွင်းမဲ့ လက်ခံရ ရှိမည် ဖြစ်ပါသည်။ သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။( ၁၆:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” ( ၂:၇) ဟု မိန့်တော်မူ ခဲ့ပါသည်။ နောက်ဆုံး သောကာလမှ သမ္မာတရား၏ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သမ္မာတရား အားလုံးထံသို့ လမ်းပြပြီး၊ နက်နဲမှုများအားလုံးကို ဖော်ထုတ် နိုင်ရန် ကြွတော်မူမည်ဟု ဘုရားသခင်က ကျွန်ုပ်တို့ အား ရှင်းလင်းစွာ မိန့်တော်မူခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချီးမွမ်းမှုကို ထိုက်တန်စွာ ရရှိလိုပါက၊ နောက်ဆုံးသောကာလ၌သာလျှင် ကျွန်ုပ်တို့အတွက် ဘုရား သခင်က အလုံးစုံ ပြင်ဆင်ပေးတော် မူခဲ့သည့် ကယ်တင်ခြင်းကို ရရှိနိုင်သောကြောင့် နောက်ဆုံး သောကာလ၌ ဘုရားသခင်၏ အမှုတော်ကို လက်ခံရပါမည်။ ထို့ကြောင့် ဘုရားသခင်၏ အသံတော်ကို သေချာစွာ နားထောင်ခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် သခင်ပြန်ကြွ လာမည်ကို ကြိုဆိုနိုင်မည် ဖြစ်ပြီးလျှင်၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည် ဖြစ်ပါသည်။

သင်နှစ်သက်နိုင်သည့် အရာများ-

အဆုံးသတ်စကား- သင်သည် နောက်ဆုံးကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိုသလော။ အကယ်၍ မိတ်ဆွေသည် နောက်ဆုံးကာလ ဘုရားသခင်၏ သန့်စင်ကယ်တင်ခြင်းအမှုတော်နှင့် ပတ်သက်၍ ပိုမိုနားလည်လိုပါက မိတ်ဆွေသည် ဖုန်းမှန်မျက်နှာပြင်ရဲ့ ညာဘက်အောက်ရှိ Messenger ကိုနှိပ်ပြီး ကျွန်ုပ်တို့ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်၊ သန့်စင်ခြင်းကို ရရှိကာ ဘုရားသခင်၏ ပြီးပြည့်စုံတဲ့ကယ်တင်ခြင်းကို ရရှိနိုင်မည့်နည်းလမ်းကို ကျွန်ုပ်တို့ အတူတကွဆွေနွေးကြရအောင်။

အမှာစကား ချန်ခဲ့မည်