စာရင်း

ကပ်ရောဂါများ၊ ငလျင်များသည် ကပ်ဘေး၏ အစဖြစ်သည် နောက်ဆုံးသောနေ့ရက်သည် နီးကပ်နေပြီဖြစ်သည့်အတွက် သင်သည် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုပြီးပြီလော

သခင်ယေရှုသည် နောက်ဆုံးသောကာလ၏ မြင်ကွင်းကို တစ်ချိန်က ပြောခဲ့သည်။ ထို့အပြင် သမ္မာကျမ်းစာ၏ ဗျာဒိတ်ကျမ်းတွင်လည်း နောက်ဆုံးသော ကာလတွင် ဖြစ်ပျက်မည့် အမှုအရာများကိုလည်း ကြိုတင် ပရောဖက်ပြုထားကြောင်း ကျမ်းစာကို ဖတ်ရှုပြီးသည့် ညီအစ်ကို မောင်နှမများအားလုံးသိကြသည်။ ယခုတွင် ကမ္ဘာ့အနှံအပြား၌ ကပ်ဘေးသည် ပိုမိုကြီးမားလာလေသည်။ များစွာသော လူတို့က ယင်းသည် ဗျာဒိတ်ကျမ်းတွင် မှတ်တမ်းတင်ထားသော အရာနှင့် ဆက်နွှယ်နေသည်ဟု ထင်မြင်ယူဆကြသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်းတွင် နောက်ဆုံးသောကာလနှင့် ပတ်သက်သည့် ပရောဖက်ပြုချက် ဖြစ်သော တံဆိတ်ခုနစ်ချက်၊ ဖလားခုနစ်လုံး၊ ဘေးဒဏ်ခုနစ်ပါး၊ သွေးလ အစရှိသော အမှုအရာများ ဖြစ်ပျက်မည်ကို မှတ်တမ်းတင်ထားသည်။ သို့ဆိုလျှင် ယခုဖြစ်ပျက်နေသည့် ကမ္ဘာ့အခြေအနေသည် ဗျာဒိတ်ကျမ်း၏ ပရောဖက် ပြုချက်များ ပြည့်စုံခြင်း ဟုတ်ပါသလော၊ မဟုတ်ပါသလော။ ကျမ်းစာကို ကြည့်ခြင်းဖြင့် အဖြေကို အတူတကွ ရှာကြစို့။

သမ္မာကျမ်းစာတွင် ဖော်ပြထားသော နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများမှာ မည်သည့် အရာနည်း

ကပ်ရောဂါများ၊ ငလျင်များသည် ကပ်ဘေး၏ အစဖြစ်သည် နောက်ဆုံးသောနေ့ရက်သည် နီးကပ်နေပြီဖြစ်သည့်အတွက် သင်သည် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုပြီးပြီလော

သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။(ရှင်မဿဲခရစ်ဝင် ၂၄:၆-၈)

အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၁-၂၂)

ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။(ဗျာဒိတ်ကျမ်း ၆:၁၂)

ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။(ယောလအနာဂတ္တိကျမ်း ၂:၂၉-၃၁)

ကျမ်းစာကို အခြေပြု၍ ယခုကမ္ဘာလောက၏ အခြေအနေကို ပြန်လည် ကြည့်ရှုလိုက်ပါက ထိုပရောဖက်ပြုချက်များ ပြည်စုံနေသည်ကို ကျွန်ုပ်တို့ အံ့သြဖွယ် မြင်တွေ့ရသည်...

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်တွင်၊ ကောင်းကင်ပေါ်၌ ဖြစ်ပေါ်ခဲ့သော ရှားပါးသော နက္ခတ္တဗေဒ ဖြစ်စဉ်တစ်ခု “စူပါ သွေးနီရောင် ဝံပုလွေလ” သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့သော “နီပြာစူပါမွန်း” ၏ နောက်တွင် ဖြစ်လာသော ရှားပါးသော ဖြစ်စဉ် တစ်ခုဖြစ်သည်။ ဂျူးဘာသာ၏ ဂန္တဝင်ကို ကိုးကား၍ ဆိုလာသော နေကြတ်ခြင်းသည် နိုင်ငံအားလုံးအတွက် မကောင်းသော နိမိတ်လက္ခဏာ တစ်ခု ဖြစ်သည်ဟု သတင်းအရ သိရသည်။ ထို့အပြင် လကြတ်ခြင်းတွင် လသည် သွေးနီးရောင်သန်းလျှင်၊ ယင်းသည် ယခုလတွင် ဖြစ်ပေါ်ခဲ့သော သွေးလအတိုင်း ဖြစ်ပါက ကမ္ဘာတွင် ကြီးမားသော စစ်ပွဲ ဖြစ်ပေါ်ခြင်း၏ နိမိတ်လက္ခဏာ ဖြစ်သည်။ ဤ ရှားပါးသော နက္ခတ္တဗေဒ ဖြစ်စဉ်အတွက် ဂျူးဘာသာ၏ ဆရာတော် ဂျီးနပ်က ရှေဗတ်လတွင် လကြတ်ခြင်း ဖြစ်ပါက ယင်းသည် ကမ္ဘာဘေးအန္တရာယ်များ လျင်မြန်စွာ မြင့်တက် လာလိမ့်မည် ဖြစ်ပြီး နေရာအနှံ၌ ဘေးဒဏ်များလည်း တိုးပွားလာလိမ့်မည်ဟု ဆိုခဲ့သည်။ ယင်းသည် “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သည်”ဟု အဓိပ္ပာယ်ရသည်။ အမှန်တွင် ကျွန်ုပ်တို့သည် မကြာသေးမီ နှစ်များအတွင်း ကမ္ဘာတစ်ဝှမ်းလုံးရှိ ဘေးအန္တရာယ်များဖြစ်သော ငလျင်လှုပ်ခြင်း၊​ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မီးလောင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများစသည်တို့ကို ပိုမိုကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် ၂၀၁၉ ခုနှစ် အကုန်တွင် ကိုဗစ် ကပ်ရောဂါ သည်လည်း ကမ္ဘာ့နေရာအနှံသို့ ပျံ့နှံ့လျက်ရှိပြီး သေဆုံးသူအရေအတွက်မှာ နိုင်ငံအားလုံးကို တုန်လှုပ်ခြောက်ခြား သွားစေသည်။ နိုင်ငံတိုင်းရှိလူများသည် ထိတ်လန့်တုန်လှုပ်၍ အသွားအလာ ကန့်သတ်ခြင်းခံရသည်။ ကမ္ဘာ့အခြေအနေသည် ပြောင်းလဲနေပြီး လှိုင်းလေထန်နေသည်။ စစ်ပွဲများ၊ အကြမ်းဖက်မှုဖြစ်စဉ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများသည် မကြာခဏဖြစ်ပွား လေ့ရှိပြီး ပိုမိုဆိုးရွားလာသည်။ ယင်းသည် သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်ဖြစ်သော “ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။ ထိုအခါ၊ ယေဟောဝါ၏ အမည်နာမကို ပန်ကြားသောသူ မည်သူမဆို ကယ်နုတ်ခံရလိမ်မည်။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။” ကို ပြည့်စုံစေသည်။ (ယောလအနာဂတ္တိကျမ်း ၂:၂၉-၃၁)။ ပရောဖက်၏ ပရောဖက်ပြုချက်များအရ ကပ်ဘေးကြီး မကျရောက်မီ ဘုရားသခင်၏ ဝိညာဉ်တော်သည် နှုတ်ကပတ်တော်ကို မိန့်မြွက်ပြီး ကိုယ်တော်၏ အစေခံ ယောက်ျားမိန်းမတို့ကို သွန်းလောင်းမည် ဖြစ်သည်။ တစ်နည်းဆိုသော် သခင်ယေရှု ပြန်ကြွလာသောအခါ နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး ကပ်ဘေးကြီး မတိုင်မီ အောင်မြင်သောသူ တစ်စုကို စုံလင်စေမည်။ ထိုသူတို့သည် အဦးသီးသော အသီးဖြစ်၍ နောင်အနာဂတ်တွင် ဘုရားသခင်၏ နိုင်ငံတော်၌ ဘုရားသခင်ကို အစေခံကြလိမ့်မည်။ ထိုသို့ဆိုလျှင် သမ္မာကျမ်းစာ၏ နောက်ဆုံးသောကာလ နိမိတ်လက္ခဏာသည် မည်သို့ ပြည့်စုံလာမည်နည်း။ ဆက်စပ်သောနှုတ်ကပတ်တော်များကို အတူတကွ ကြည့်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလသည် ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံများသည် ဝရုန်းသုန်းကား အခြေအနေတွင် ရှိနေသည်။ နိုင်ငံရေး ကစဉ့်ကလျားဖြစ်ခြင်း ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးမှုများ.နှင့် မိုးခေါင်မှုများသည် နေရာအနှံ့ ဖြစ်ပေါ်လျက် ရှိသည်။ လူသား၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေး ရှိသည်။ ကောင်းကင်ဘုံသည်လည်း ဘေးဒုက္ခကို စေလွှတ်ပြီးဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာရပ်များ ဖြစ်သည်။” (“လက်တွေ့လုပ်ဆောင်ခြင်း (၂)” )

အကျိုးဆက်အနေဖြင့် ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊ လူသားသည် အစဉ် ပြောင်းလဲသွားလိမ့်မည်၊ နေသည် တိုး၍ မှိန်သွားလိမ့်မည်၊ လသည် မှောင်သွားမည်၊ လူသားသည် အေးချမ်းမှုဖြင့် အသက်ရှင်ခြင်း နေ့ရက်များ နောက်ထပ် ရှိတော့မည်မဟုတ်၊ မြေပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်၊ ကောင်းကင်တို့သည် တစ်ဖန် မည်သည့်အခါမျှ တည်ကြည်ကာ ဆိတ်ငြိမ်လိမ့်မည် မဟုတ်သကဲ့သို့ အဓွန့်ရှည်စွာ တည်တံတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ မူလအသွင်ကို ပြန်ရကြလိမ့်မည်။(“အခန်း ၂၈” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

သင်၏ မျက်စိတို့အား ဖွင့်ပြီး ကြည့်လော့၊ ငါ၏ ကြီးမြတ်သောတန်ခိုးကို နေရာတိုင်း၌ သင် မြင်နိုင်သည်။ သင်သည် နေရာတိုင်း၌ ငါ့ကို သေချာနိုင်သည်။ စကြဝဠာ နှင့် မိုးမျက်နှာကြက်သည် ငါ၏ ကြီးမြတ်သော တန်ခိုးကို ပျံ့နှံ့စေနေသည်။ ငါဆိုခဲ့သော နှုတ်ကပတ်တော်တို့သည် ရာသီဥတုပူနွေးမှု၊ ဥတုရာသီ ပြောင်းလဲမှု၊ လူတို့အတွင်း မူမမှန်မှုများ၊ လူမှုဆက်ဆံရေးများ ကစဉ့်ကလျားဖြစ်မှုနှင့် လူတို့၏ နှလုံးသားများအတွင်း လိမ်ညာလှည့်ဖြားမှုများတွင် အမှန်ဖြစ်လာခဲ့ပြီးဖြစ်သည်။ နေသည် ဖြူလာပြီး၊ လသည် နီလာသည်၊ အရာအားလုံးသည် ဟန်ချက်မညီ ဖြစ်နေသည်။ သင်တို့သည် ဤအရာများကို အမှန်ပင် မမြင်သေးသလော။(“အခန်း ၃၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)

တိုင်းနိုင်ငံအားလုံးနှင့် ကမ္ဘာလောက၏ နေရာအားလုံးတွင်၊ မြေငလျင်များ၊ အငတ်ဘေးများ၊ ကပ်ရောဂါများနှင့် ကပ်ဘေးမျိုးစုံ မကြာခဏ ဖြစ်ပွားနေသည်။ ငါသည် ငါ၏ ကြီးမြတ်သော အမှုကို တိုင်းနိုင်ငံများအားလုံးနှင့် နေရာအားလုံးတွင် လုပ်ဆောင်သည်နှင့်အမျှ၊ ဤကပ်ဘေးများသည် ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက အခြားမည်သည့်အချိန်မဆိုထက် ပို၍ ပြင်းထန်မှုဖြင့် ထွက်ပေါ်လိမ့်မည်။ ဤသည်မှာ လူအပေါင်းတို့နှင့်ဆိုင်သည့် ငါ၏တရားစီရင်ခြင်း အစဖြစ်သည်၊…(“အခန်း ၉၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)

အမှုမဲ့အမှတ်မဲ့ဖြင့်၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ အခြေအနေသည် တိုး၍ အခြေအနေတင်းမာလာကာ၊ တစ်နေ့တခြား တစ်စတစ်စနှင့် ပြိုလဲပျက်စီးနေပြီး၊ တစ်နေ့တခြား ဖရိုဖရဲ အခြေအနေသို့ ဆင်းသက်နေသည်။ နိုင်ငံတိုင်း၏ ခေါင်းဆောင်တိုင်းတို့သည် နောက်ဆုံး၌ အာဏာရရှိရန် အားလုံးမျှော်လင့်လျက်ရှိသည်။ သူတို့သည် မမျှော်လင့်သော်လည်း ငါ၏ ပြစ်တင်ဆုံးမခြင်းသည် သူတို့အပေါ်တွင် ကျရောက်ပြီး ဖြစ်သည်။(“အခန်း ၈၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ )

ယနေ့ လောကကြီး၏ တိုင်းနိုင်ငံများအလယ်တွင်၊ ငါသည် ငါစတင်ပြီးဖြစ်သည့် အမှုကို ပြီးမြောက်ရန် လုပ်ဆောင်နေသည်။ ငါ၏ အစီအစဉ်အတွင်းရှိ အမှုအားလုံးကို လုပ်ဆောင်ရင်း၊ ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် လှုပ်ရှားသွားလာပြီး၊ လူသားမျိုးနွယ် အပေါင်းတို့သည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးသော တိုင်းနိုင်ငံများကို ဖြိုခွဲနေကြသည်။ နေ့ရက်အချိန် အမှန်ပင် နီးကပ်လာနေပြီး ကောင်းကင်တမန်များသည် ၎င်းတို့၏ တံပိုးခရာများကို မှုတ်နေကြပြီ ဖြစ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် မိမိတို့၏ အာရုံကို မိမိတို့ကိုယ်တိုင်၏ ခရီးဆုံးပန်းတိုင်ပေါ် စူးစိုက်ထားကြလေသည်။ အချိန်ဆွဲခြင်းများ နောက်ထပ်ရှိလိမ့်မည် မဟုတ်တော့သကဲ့သို့၊ ဖန်ဆင်းခြင်း အရာအားလုံးသည် ထို့နောက် ချက်ချင်း ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် စတင် ကခုန်ကြလိမ့်မည်။ မည်သူသည် ၎င်းတို့သဘောရှိ ငါ၏ နေ့ရက်ကို ရှည်စေနိုင်သနည်း။ ကမ္ဘာမြေသားလော။ သို့မဟုတ် မိုးကောင်းကင်ရှိ ကြယ်များလော။ သို့တည်းမဟုတ် ကောင်းကင်တမန်များလော။ ဣသရေလလူများ၏ ကယ်တင်ခြင်းကို စတင်ရန် ငါသည် မိန့်မြွက်ချက်တစ်ခုကို ပြုသောအခါ၊ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ဖိနှိပ်လေသည်။ လူသားတိုင်းသည် ဣသရေလ၏ ပြန်လာခြင်းကို ကြောက်ရွံ့ကြ၏။ ဣသရေလ ပြန်လာသောအခါ၊ ယင်းသည် ငါ့ဘုန်းအသရေ၏ နေ့ရက်ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုနည်းတူ အရာခပ်သိမ်းတို့ ပြောင်းလဲပြီး အသစ်ပြုပြင်ခြင်းကို ခံလာရသော နေ့ရက်လည်းဖြစ်လိမ့်မည်။ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် စကြဝဠာတစ်ခွင်လုံးသို့ ကျရောက်အံ့ဆဲဆဲ ချဉ်းကပ် လာသည်နှင့်အမျှ၊ လူ့လောကထဲ၌ ဖြောင့်မတ်ခြင်းသည် မရှိစဖူးသောကြောင့်၊ လူသားအားလုံးသည် တိုး၍ တွန့်ဆုတ်ကာ ကြောက်ရွံ့နေကြသည်။ ဖြောင့်မတ်ခြင်း၏နေ ထွက်ပေါ် လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည် ဖြစ်ပြီး၊ ထို့နောက်တွင် အပြန်အလှန်အားဖြင့် အယောက်တိုင်းထံ ရောက်ရှိရင်း၊ စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်။ အကယ်၍ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်းကို အမှန်တကယ် ဆောင်ရွက်နိုင်ပါက၊ အဘယ်အရာ ကြောက်စရာရှိသနည်း။ ငါ၏ လူများအားလုံးသည် ငါ၏နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေကြသည်၊ ၎င်းတို့အားလုံးသည် ငါ့နေ့ရက်၏ ရောက်လာခြင်းကို တောင့်တကြသည်။ လူသားမျိုးနွယ် အားလုံးအပေါ်သို့ အပြစ်ဒဏ်ကို ယူဆောင်လာရန်နှင့် ဖြောင့်မတ်ခြင်း၏နေအဖြစ် ငါ၏ အခန်းကဏ္ဍဖြင့် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို စီစဉ်ပေးရန် ၎င်းတို့သည် ငါ့ကို စောင့်မျှော်နေကြသည်။ ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင်လုံး အထက်တွင် ရုပ်လုံးပေါ်လာနေပြီး ငါ၏ ပလ္လင်သည် သန်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ကောင်းကင်တမန်များ၏ အကူအညီဖြင့်၊ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် မကြာမီတွင် အကျိုးဖြစ်ထွန်းခြင်းသို့ ရောက်လိမ့်မည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ့အား ၎င်းတို့နှင့်အတူ ပြန်ပေါင်းစည်းဖို့၊ မည်သည့်အခါတွင်မျှ တစ်ဖန် မကွဲကွားတော့ဖို့ရန် တောင့်တရင်း၊ ငါ၏ ပြန်လာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော် ကြလေသည်။ ငါ၏ ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ များစွာသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့ မပြေးကြဘဲ နေနိုင်မည်နည်း။ ဤသည်မှာ မည်သည့် အဖိုးအခမှ ပေးရန် မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းတစ်ခု ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်အသရေ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ထို့အပြင် ငါပြန်လာသည့်အခါ၊ ရန်သူ၏ အင်အားစု အားလုံးကို ငါသိမ်းပိုက်မည်။ အချိန်ကျရောက်လာလေပြီ။ ငါ၏အမှုတော်ကို ငါသည် စတင်ဆောင်ရွက်စေမည်၊ ငါသည် လူသားတို့အလယ် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိ၏။ ပြီးလျှင် ငါသည် ထွက်ခွာတော့မတတ် ဖြစ်သည်။ ဤသည်မှာ အယောက်တိုင်း မျှော်လင့်နေသော အရာဖြစ်သည်၊ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးအား ငါ၏ နေ့ရက် ဆိုက်ရောက်ခြင်းကို ရှုမြင်စေမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုကြလိမ့်မည်။(“အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

အယ်ဒီတာ၏ မှတ်စု-

ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သမ္မာကျမ်းစာ၌ ပရောဖက်ပြုထားသော မြင်ကွင်းကို ဖတ်ရှုပြီးနောက် မိတ်ဆွေသည်လည်း ကျွန်ုပ်နှင့် တူညီသော ခံစားချက် ရှိမည်ဟု ယုံကြည်ပါသည်။ ကပ်ဘေးမျိုးစုံသည် ကျရောက်လာပြီး ကျမ်းစာတွင် ပရောဖက်ပြုထားသော နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်နှင့်ပြီးဖြစ်သည်။ ယင်းက ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သည်။ လွန်ခဲ့သော အနှစ်နှစ်ထောင်က သခင်ယေရှုက လောက၏အဆုံးတွင် သခင်ပြန်ကြွလာပြီး ကျွန်ုပ်တို့ကို သူ့ဆီသို့ ခေါ်ဆောင်မည်ဟု ပြောခဲ့သည်။ ယနေ့တွင် ထို အမှုအရာ အားလုံးထွက်ပေါ်လာပြီး သခင် ပြန်ကြွလာခဲ့ပြီး ဖြစ်သည်။ ကပ်ဘေး၏ ဆိုက်ရောက်ခြင်းသည် တစ်ဖက်တွင် လူသားအား သခင်၏ ပြန်ကြွလာခြင်းကို သတိပေးပြီး အခြားတစ်ဖက်တွင် ဤဆိုးယုတ်သော ခေတ်ကာလကို ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ ဤအရေးကြီးသော အချိန်တွင် သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့် သနည်း။ အယ်ဒီတာမှ သင့်အား ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည် ကို ကြည့်ရှုရန် အကြံပြုပါသည်။ ယင်းသည် သင့်အား သခင့်ကို ကြိုဆိုခြင်း၌ သူ၏ ခြေလှမ်းကို ရှာဖွေခြင်းဆီသို့ ဦးဆောင်လိမ့်မည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

အမှာစကား ချန်ခဲ့မည်