စာရင်း

အပြစ်ဆိုသည်မှာ အဘယ်နည်း။ ခရစ်ယာန်များသည် အပြစ်ကို မည်သို့ဖယ်ရှားနိုင်သနည်း

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) လူများသည် အပြစ်၏ ချည်နှောင်မှုနှင့် နှောင်ကြိုးများမှ မိမိကိုယ်ကို မဖယ်ရှားနိုင်ဘဲ၊ အပြစ်ကို ဆက်လက် ကျူးလွန်နေပါက၊ သူတို့သည် အပြစ်၏ ကျေးကျွန်များဖြစ်ပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်ကို သခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြောထားပါသည်။ နှုတ်ကပတ်တော်၏ ဤကျမ်းပိုဒ်ကို ဖတ်ရှုရင်း၊ သစ္စာရှိသော ညီအစ်ကိုမောင်နှမများစွာက သူတို့သည် ညတွင် ဝန်ခံဖို့အတွက်သာ နေ့တွင် အပြစ် ကျူးလွန်ကြပုံကို တွေးကြလိမ့်မည်၊ ထို့ကြောင့် သူတို့ အပြစ်တွင် အသက်ရှင်သန်ပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ကို မဝင်ရောက် နိုင်မည်ကို စိုးရိမ်ပူပန်ကြလိမ့်မည်၊ ပြီးလျှင် သူတို့၏ စိတ်နှလုံးများထဲတွင် မချိတင်ကဲဝေဒနာ ခံစားရလိမ့်မည်။ သူတို့က သခင့်ကို ယုံကြည်ကြသည်၊ သို့ပါက သူတို့သည် မိမိကိုယ်ကိုယ် အပြစ်မှ အဘယ့်ကြောင့် မဖယ်ရှားနိုင်ကြ သနည်း။ ကျွန်ုပ်တို့သည် အပြစ်၏ နှောင်ကြိုးများမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားနိုင်ကြသနည်း။ ဤသမ္မာတရား၏ ရှုထောင့်နှင့် ပတ်သက်ပြီး ယခု ကျွန်ုပ်တို့ မိတ်သဟာယပြုကြ ပါမည်။

အမြန်လမ်းညွှန်
ကျွန်ုပ်တို့သည် သခင့်ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ အပြစ်ကို အဘယ့်ကြောင့် မဖယ်ရှားနိုင်ကြသနည်း။
ခရစ်ယာန်များသည် မိမိကိုယ်ကိုယ် အပြစ်မှ မည်သို့ဖယ်ရှားနိုင် သနည်း။
ဘုရားသခင်သည် လူသားကို မည်သို့ သန့်စင်ပြီး တရားစီရင်သနည်း။

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) လူများသည် အပြစ်၏ ချည်နှောင်မှုနှင့် နှောင်ကြိုးများမှ မိမိကိုယ်ကို မဖယ်ရှားနိုင်ဘဲ၊ အပြစ်ကို ဆက်လက် ကျူးလွန်နေပါက၊ သူတို့သည် အပြစ်၏ ကျေးကျွန်များဖြစ်ပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်ကို သခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြောထားပါသည်။ နှုတ်ကပတ်တော်၏ ဤကျမ်းပိုဒ်ကို ဖတ်ရှုရင်း၊ သစ္စာရှိသော ညီအစ်ကိုမောင်နှမများစွာက သူတို့သည် ညတွင် ဝန်ခံဖို့အတွက်သာ နေ့တွင် အပြစ် ကျူးလွန်ကြပုံကို တွေးကြလိမ့်မည်၊ ထို့ကြောင့် သူတို့ အပြစ်တွင် အသက်ရှင်သန်ပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ကို မဝင်ရောက် နိုင်မည်ကို စိုးရိမ်ပူပန်ကြလိမ့်မည်၊ ပြီးလျှင် သူတို့၏ စိတ်နှလုံးများထဲတွင် မချိတင်ကဲဝေဒနာ ခံစားရလိမ့်မည်။ သူတို့က သခင့်ကို ယုံကြည်ကြသည်၊ သို့ပါက သူတို့သည် မိမိကိုယ်ကိုယ် အပြစ်မှ အဘယ့်ကြောင့် မဖယ်ရှားနိုင်ကြ သနည်း။ ကျွန်ုပ်တို့သည် အပြစ်၏ နှောင်ကြိုးများမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားနိုင်ကြသနည်း။ ဤသမ္မာတရား၏ ရှုထောင့်နှင့် ပတ်သက်ပြီး ယခု ကျွန်ုပ်တို့ မိတ်သဟာယပြုကြ ပါမည်။

ကျွန်ုပ်တို့သည် သခင့်ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ အပြစ်ကို အဘယ့်ကြောင့် မဖယ်ရှားနိုင်ကြသနည်း။

ကျွန်ုပ်တို့သည် သခင့်ကို ယုံကြည်သော်လည်း မိမိကိုယ်ကိုယ် အဘယ့်ကြောင့် အပြစ်မှ မဖယ်ရှားနိုင်သနည်း ဆိုသည့် မေးခွန်းနှင့် ပတ်သက်ပါက၊ ဘုရား နှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကို ပထမဦးစွာ ဖတ်ရှုကြရအောင်- “လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”) ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို ကြုံတွေ့ခဲ့ပြီး၊ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရကာ၊ အပြစ်ကျူးလွန် ပြီးနောက်၊ ကျွန်ုပ်တို့သည် သခင့်ထံ ဆုတောင်း၊ ဝန်ခံပြီး နောင်တရကြပြီး၊ သခင်က ကျွန်ုပ်တို့အပေါ် အပြစ်သားများ အဖြစ် နောက်ထပ် မရှုမြင်တော့သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝများသည် ဆက်လက် တည်ရှိဆဲ ဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြထားသည်။ ကျွန်ုပ်တို့သည် မကြာခဏ အပြစ်ကျူးလွန်ဖို့၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ဖို့ နှင့် ညတွင် ဝန်ခံဖို့သာ နေ့တွင် အပြစ်၌ အသက်ရှင်နေထိုင်ဖို့ ဖြစ်နိုင်ဖွယ်ရှိ နေသေးသည်။ ဥပမာအားဖြင့်၊ အခြားသူများက ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်စေသည့် အရာ တစ်စုံတစ်ခုကို ပြောသည့်အချိန် ဖြစ်စေ၊ လုပ်သည့် အချိန်ဖြစ်စေ၊ ကျွန်ုပ်တို့က သူတို့ကို မုန်းတီးကြသည်။ ဘုရားသခင်သည် ရိုးသားသော သူများကို ချစ်သည်ကို ကျွန်ုပ်တို့ ကောင်းကောင်းကြီး သိသော်လည်း၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ကျွန်ုပ်တို့ မကြာခဏ လိမ်လည်ပြီး လှည့်စားကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရ သည့်အခါတွင်၊ ဘုရားသခင်ကို အမြဲမပြတ် ကျေးဇူးတင်ပြီး၊ ဘေးဒုက္ခများ ဝိုင်းရံဖိစီးခံရသည့် အချိန်တွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပတ်သက်ပြီး စတင် မကျေမနပ် ညည်းညူ ကြလေသည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပုတ်ခတ်ပြစ်တင်အော်ဟစ်လျက်၊ သူ့ကိုပင် ကြိမ်းမောင်း နိုင်သည်။ ထို့ကြောင့် သခင်ယေရှုပြုခဲ့သည်မှာ ကားစင်တင်သည့် အမှု နှင့် လူသားမျိုးနွယ်၏ ရွေးနှုတ် ကယ်တင်ခြင်းဖြစ်ပြီး၊ လူသားကို လုံးလုံးလျားလျား သန့်စင်ခြင်း နှင့် ကယ်တင်ခြင်း မဟုတ်သည့်အတွက်၊ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရပြီး ပုံရသော်လည်း၊ ကျွန်ုပ်တို့ အတွင်းမှ ဖောက်ပြန် ပျက်စီးသည့် စိတ်သဘောထားများသည် သန့်စင်မခံရသေးပါ။ ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာကြာအောင် စာတန်၏ ဖောက်ပြန် ပျက်စီးစေခြင်းကို ခံခဲ့ရပြီး၊ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများသည် ကျွန်ုပ်တို့၏ သဘာဝများထဲတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေလေသည်။ မာနထောင်လွှားခြင်း၊ ဘဝင်မြင့်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ သစ္စာဖောက်ခြင်း၊ ကလိမ်ကကျစ်ကျခြင်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ မနာလိုဖြစ်သော သဘောထားကွဲလွဲမှုများ၊ ယုတ်မာမှု၊ ရက်စက်မှု၊ သမ္မာတရားကို မုန်းတီးခြင်း နှင့် ဘုရားသခင်ကို ရန်လိုခြင်း- ဤအရာအားလုံးတို့သည် အပြစ်ထက် ပို၍ ပြောင်းလဲဖို့ခက်ခဲကာ၊ လူများအား ဘုရားသခင်ကို တိုက်ရိုက် ဆန့်ကျင်စေသည်။ ဤအကြောင်းအရင်းခံများကို ရှာဖွေ သတ်မှတ်ခြင်းမရှိပါက၊ ကျွန်ုပ်တို့သည် အပြစ်၏ ချည်နှောင်မှုများနှင့် နှောင်ကြိုးများမှ ဖယ်ရှားခြင်းငှာ လုံးလုံးမစွမ်းသာဘဲ၊ ကျွန်ုပ်တို့သည် ယနေ့ အပြစ်ကျူးလွန် လိမ့်မည် ဖြစ်ပြီး၊ ထိုနည်းတူပင် မနက်ဖြန်လည်း အပြစ်ကျူးလွန် လိမ့်မည်။

ခရစ်ယာန်များသည် မိမိကိုယ်ကိုယ် အပြစ်မှ မည်သို့ဖယ်ရှားနိုင် သနည်း။

သို့ပါက ကျွန်ုပ်တို့သည် အပြစ်၏ချည်နှောင်မှုများမှနေ မိမိကိုယ်ကိုယ် အပြည့်အဝ မည်သို့ ဖယ်ရှားနိုင်မည်နည်း။ သခင်ယေရှုက ပရောဖက်ပြုခဲ့သည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည် အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

ဘုရားသခင်၏ နှုတ်ကပတ်တော်ကလည်း ပြောသည်မှာ “စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

နောက်ဆုံးသောကာလ၏ ဘုရားသခင်သည် လူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လုံးလုံး ဖြေရှင်းပြီး၊ လူကို အပြစ်မှ ကယ်တင်လျက်၊ သူ့နှုတ်ကပတ်တော်များကို ဟောကြားဖို့နှင့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ပြန်ကြွလာမည်ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြောသွားသည်။ ယနေ့ခေတ်တွင် သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင် အဖြစ်နှင့် ဇာတိပကတိ၌ ပြန်ကြွလာလေပြီ။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ကို အကြောင်းခံကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ့အမှုတော်၏ အဆင့်ဖြစ်သည့် ဘုရားသခင်၏ အိမ်တော်တွင် စတင်သည့် တရားစီရင်ခြင်းကို ဆောင်ရွက်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝကို အမြစ်မှ ဖြေရှင်းပြီး၊ ကျွန်ုပ်တို့ သမ္မာတရားကို နားလည်ဖို့၊ အပြစ်မှ မိမိကိုယ်ကိုယ် ဖယ်ရှားဖို့၊ အပြစ်ကျူးလွန်ခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့မှ ရပ်ဖို့၊ ပြီးလျှင် ဘုရားသခင်ကို နာခံပြီး၊ ကြောက်ရွံ့သူများ ဖြစ်လာကာ ယင်းအချိန်တွင် ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ်ခံရဖို့တို့ကို ဖြစ်မြောက်စေလျက် လူသားမျိုးနွယ်ကို သန့်စင်ခြင်း နှင့် ကယ်တင်ခြင်းအတွက် သမ္မာတရားအားလုံးကို ဖော်ပြလေပြီ။ ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံမှသာလျှင်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှ မိမိကိုယ်ကိုယ် ဖယ်ရှားခွင့်နှင့် သန့်စင်ခံရခွင့်တို့ကို ကျွန်ုပ်တို့ ရရှိလိမ့်မည်။

ဘုရားသခင်သည် လူသားကို မည်သို့ သန့်စင်ပြီး တရားစီရင်သနည်း။

သို့ပါက နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူကို အပြစ်မှ သူ့ကိုယ်သူ လွတ်မြောက် စေလျက်၊ လူကို သန့်စင်ပြီး၊ ကယ်တင်ဖို့ တရားစီရင်ခြင်း အမှုတော်ကို မည်သို့ ဆောင်ရွက်သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

တရားစီရင်ခြင်း အမှုတော်အကြောင်း ပြောရာတွင်၊ လူတစ်ချို့က တွေးနိုင်သည်။ တရားစီရင်ခြင်းဆိုသည်မှာ ဘုရားသခင်အားဖြင့် ပြစ်တင်ရှုတ်ချခြင်း မဟုတ်ဘူးလား။ သို့ပါက လူတစ်ယောက်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သို့ခံရနိုင်ဦးမည်နည်း။ ထိုကဲ့သို့သော အတွေးအခေါ်မျိုး ကျွန်ုပ်တို့ထံတွင် ရှိရခြင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို မသိသောကြောင့် ဖြစ်လေသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်သည့် တရားစီရင်ခြင်း အမှုတော်သည် အဓိကအားဖြင့် လူသားကို စီရင်ဖို့နှင့် သန့်စင်ဖို့ သမ္မာတရား၏ ဖော်ပြချက် ဖြစ်သည်၊ ထိုသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ခြင်းများမှနေ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား များကို သတိပြုမိကာ၊ စာတန်၏လက်များထဲမှ ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်း နှင့် ပတ်သက်သည့် တကယ့် သမ္မာတရားကို ရှုမြင်ဖို့ ကျွန်ုပ်တို့ကို ခွင့်ပြုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြောထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အသွားနှစ်ဖက်ပါသော ဓားကဲ့သို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အချိန်တွင်၊ မာနထောင်လွှားသော၊ ဘဝင်မြင့်သော၊ တစ်ကိုယ်ကောင်းဆန်သော၊ ယုတ်ညံ့သော၊ သစ္စာဖောက်သော၊ ကလိမ်ကကျစ်ကျသော၊ လောဘကြီးပြီး၊ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည့် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ကျွန်ုပ်တို့အား သတိပြုစေလျက်၊ သူက ကျွန်ုပ်တို့ကို မျက်နှာချင်းဆိုင် တရားစီရင်ပြီး ဖော်ထုတ်နေသည့်အလားပင် ဖြစ်သည်။ ကျွန်ုပ်တို့က သခင့်ကို စတင်ယုံကြည်သည့်အချိန်တွင်၊ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် သခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ကြသည်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိကြသည်၊ အထူးသဖြင့် သခင့်အားဖြင့် ကျွန်ုပ်တို့ကို ပေးသည့် ကောင်းကြီးမင်္ဂလာများနှင့် ကတိတော်များကို ကျွန်ုပ်တို့ တွေ့မြင်ပြီးနောက်၊ ကျွန်ုပ်တို့သည် သူ့အတွက် မိမိကိုယ်ကိုယ် အသုံးခံရာတွင် ပို၍ပင် စိတ်ပြင်းပြလာကြသည်။ ကျွန်ုပ်တို့သည် ဝတ်ပြုအစည်းအဝေး တစ်ခုကို မည်သည့်အခါမျှ မလွတ်ပါ သို့မဟုတ် နှုတ်ကပတ်တော်ဖတ်ရှုခြင်းကို တစ်ခါမျှ မပျက်ကွက်ပါ။ မိမိကိုယ်ကိုယ် အသုံးခံပါက၊ သခင်က ကျွန်ုပ်တို့အတွက် အရာအားလုံး လုံခြုံချောမွေ့စေလိမ့်မည်၊ ပြီးလျှင် ထို့နောက်တွင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီး၊ ထာဝရအသက်ကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်လျက်၊ ကျွန်ုပ်တို့ သွားသမျှ နေရာတိုင်းတွင် ဧဝံဂေလိကို ဖြန့်ဝေပြီး၊ ကျွန်ုပ်တို့၏ ဝတ်ပြုခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းတွင် ဇွဲကောင်းကာ၊ ကျွန်ုပ်တို့သည် အားနည်းသော ညီအစ်ကို မောင်နှမများကို မကြာခဏ ထောက်ပံ့ကြသည်။ သို့သော် ကံဆိုးခြင်းက ကျွန်ုပ်တို့ပေါ် ကျရောက်သည့်အခါ၊ သခင်က ကျွန်ုပ်တို့ကို မစောင့်ရှောက်၊ မကာကွယ်သည့်အခါ၊ ကျွန်ုပ်တို့ ယခင်က သခင့်အတွက် မိမိကိုယ်ကိုယ် မည်သို့အသုံးခံခဲ့သည်ကို နောင်တရပြီး၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စတင်၍ပင် အပြစ်တင်ကြလေသည်။ ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့သည့်အချိန်တွင်၊ သူက အောက်ပါအတိုင်း ပြောသည်ကို ကျွန်ုပ်တို့ တွေ့မြင်ကြရသည်- “ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။ ဤအရာကို ကောင်းချီးခံစားရခြင်း ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ဆုလာဘ်များကို ရရှိုခြင်း ရည်ရွယ်ချက်အတွက်၊ သရဖူရရှိခြင်းအတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော ပုံဥပမာတစ်ခု ဖြစ်သည်။…(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်”)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ယွင်းမှားသော ရည်ရွယ်ချက်များနှင့် ရှုထောင့်များကို ဖော်ထုတ်ရာတွင် လိုရင်းကို ဖော်ပြသွားလေသည်။ မိမိကိုယ်ကိုယ် ပြန်သုံးသပ်ခြင်းမှတစ်ဆင့်သာလျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျွန်ုပ်တို့၏ ချစ်ခြင်းအားဖြင့် အလုပ်ကြိုးစားခြင်းမဟုတ်သည့်အပြင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်ုပ်တို့ ဆန္ဒရှိသောကြောင့် မဟုတ်သည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်လေသည်။ ထိုအစား ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများနှင့် ကတိတော်များအတွက် မိမိကိုယ်ကိုယ် အသုံးခံဖို့ ရှာဖွေနေသည်- ကျွန်ုပ်တို့၏ အပြုအမူကောင်းများနှင့် လုပ်ရပ်များသည် ကျွန်ုပ်တို့ ကိုယ်ပိုင် ပန်းတိုင်များကို အောင်မြင်ရရှိဖို့အတွက်သာ ဖြစ်လေသည်။ ထိုသို့သော အချိန်များတွင် ကျွန်ုပ်တို့၏ သဘာဝများသည် မည်မျှ တစ်ကိုယ်ကောင်းဆန်ပြီး၊ ယုတ်ညံ့သည်ကို ကျွန်ုပ်တို့ မြင်ရသည်။ ကျွန်ုပ်တို့သည် “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုသည့် စာတန်နှင့်ဆိုင်သည့် ဥပဒေသအားဖြင့် အသက်ရှင်သန်ကြသည်။ ကျွန်ုပ်တို့ လုပ်ဆောင်သမျှသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကျိုးအမြတ်အတွက် ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် အနည်းငယ် အသုံးခံသည့်အချိန်တွင်ပင်၊ ဤသည်မှာလည်း ဘုရားသခင်ထံမှ အမြတ်အစွန်းများနှင့် ကောင်းကြီးမင်္ဂလာများ တို့ကို ရရှိဖို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကြီးမားသော ကောင်းကြီးမင်္ဂလာများအတွက် အသေးအဖွဲ သုံးစွဲမှုတစ်ချို့ကို ဖလှယ်လိုကြသည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် ဤအသက်တာတွင် အဆတစ်ရာ ရရှိဖို့ နှင့် လာမည့် ကမ္ဘာတွင် ထာဝရအသက်ကို ရရှိဖို့ ကြိုးစားကြသည်။ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့အလို့ငှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် လုံးဝ အသုံးမခံပါ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ဆန္ဒများ မပြည့်ဝသည့်အခါတွင်၊ ကျွန်ုပ်တို့သည် အပျက်သဘောဆောင်ကြသည်၊ ညည်းညူ ကြသည်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ကြသည်။ ကျွန်ုပ်တို့သည် မည်မျှ ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးကာ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး၊ ဘုရားသခင်၏ ဆုလာဘ်များနှင့် ကောင်းကြီးမင်္ဂလာများကို လက်ခံရရှိဖို့ လုံးဝ မသင့်တော်သည်ကို မြင်သည့်အခါတွင်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် နောင်တနှင့် မိမိကိုယ်ကိုယ် တန်ပြန်စွပ်စွဲချက်များကို ခံစားရသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ရွံရှာပြီး၊ အသစ်တစ်ဖန် ပြန်စဖို့ မျှော်လင့်ကာ၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံဖို့ ဆန္ဒရှိပြီး၊ မည်သည့်အရာကိုမျှ ပြန်ရဖို့အတွက် နောက်ထပ် မတောင်းဆိုတော့ဘဲ ကျွန်ုပ်တို့ အပြစ်များကို ဝန်ခံဖို့ ဘုရားသခင် ရှေ့တော်မှောက်တွင် ပြိုလဲရန် လှုံ့ဆော်ခံရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့်၊ ကျွန်ုပ်တို့သည် မိမိ၏ ကိုယ်ပိုင် ဆိုးယုတ်သော စိတ်သဘောထားများကို သတိပြုမိလာကာ၊ ဘုရားသခင်သည် လူ၏ အပြစ်များကို ရွံရှာသည်ကို ကျွန်ုပ်တို့ မြင်ရသည်။ ညစ်ညမ်းမှု ရှိသည့်နေရာတိုင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းရှိပြီး၊ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရ နှင့် သူ၏ ဖြောင့်မတ်ခြင်း၊ စော်ကားမရနိုင်သော စိတ်သဘောထားတို့ကို သိလာရသည်၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်သော နှလုံးသားတစ်ခုက ကျွန်ုပ်တို့ထဲတွင် မွေးဖွားလာလေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှု အောက်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များကို တဖြည်းဖြည်းချင်း နားလည်လာကာ၊ လူသားတစ်ယောက်၏ တာဝန်ငယ်လေးကို ထမ်းဆောင်ဖို့ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အနေအထားကို ကျွန်ုပ်တို့ တည်ကြသည်၊ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ပါဝင်ပတ်သက်မှုတွင် အပေးအယူလုပ်ခြင်းက နည်းသထက် နည်းလာကာ၊ သူနှင့် ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးသည် တိုး၍ နီးကပ်လာသည်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲမှုတစ်ချို့ကို ကြုံရပြီး၊ အဆုံးသတ်တွင် ကျွန်ုပ်တို့သည် စစ်မှန်သော လူတစ်ယောက် အသွင်သဏ္ဌာန်၌ အသက်ရှင်နေထိုင်ကြလေသည်။

ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် ကျွန်ုပ်တို့၌ အောင်မြင်ရရှိခဲ့သည့် အကျိုးသက်ရောက်မှုလုံးလုံးကို ရရှိသည်နှင့်အညီ ကျွန်ုပ်တို့ ပြောင်းလဲနိုင်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစား ရသူများနှင့် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးသူများ အားလုံးတို့သည်၊ နှစ်တစ်ချို့ကြာပြီးနောက် ပြောင်းလဲမှုတစ်ခုကို ရှင်းလင်းစွာ မြင်ပြီး၊ အသီးအနှံကို ရိတ်သိမ်းရသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်း မည်မျှ ကြီးမားပြီး လူသားအတွက် သူ၏ ကယ်တင်ခြင်းသည် မည်မျှ ကြီးမားသည်ကို အာရုံခံစားနိုင်သည်၊ ပြီးလျှင် ဘုရားသခင်၏ အမှုတော်သည် မည်မျှစစ်မှန်သည်ကို နက်နဲသော နားလည်မှုတစ်ခု ရှိလာခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည်သာလျှင် အစစ်မှန်ဆုံး ကယ်တင်ခြင်းဖြစ်သည်ကို သူတို့ သဘောပေါက် လိုက်သည်၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစား ပြီးနောက်မှသာလျှင်၊ သူတို့သည် သန့်စင်ခံရပြီး၊ ပြောင်းလဲနိုင်သည်- ဤသည်မှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် အပြစ်မှဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။

အယ်ဒီတာ၏ မှတ်စု-

ဤမိတ်သဟာယသည် သင်၏ စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပေးပါသလား။ ဤမိတ်သဟာယတွင် သင့်ကိုယ်သင် အပြစ်မှဖယ်ရှားဖို့ လမ်းကြောင်းကို သင်တွေ့ပါသလား။ ဤအကြောင်းအရာသည် သင့်အတွက် အထောက်အကူ ဖြစ်သည်ဟု ခံစားရပါက၊ ဤဝက်ဆိုက်ကို စောင့်ကြည့်နေပါ၊ ပြီးလျှင် ကျွန်ုပ်တို့က အကြောင်းအရာ အသစ်ဖြင့် ဆက်လက် ပြုပြင်မွမ်းမံသွားပါမည်။ သင်သိထားသည့် လူတစ်ယောက်က သင့်ကဲ့သို့ စိတ်ရှုပ်ထွေး နေပါက၊ ဤဆောင်းပါးကို သူတို့ကို ဝေမျှပါ။ သင့်ထံတွင် မေးခွန်းများ သို့မဟုတ် အခက်အခဲများ တစ်ခုတစ်လေ ရှိပါက၊ ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်၊ ကျွန်ုပ်တို့သည် ၎င်းတို့အား အတူတကွ စုံစမ်းစစ်ဆေးနိုင်ပြီး၊ ရှာဖွေနိုင်ပါသည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့က သင့်ကို ရုပ်ရှင်တစ်ချို့ ဖြစ်သည့် ကျွန်ုပ် လူကောင်းတစ်ယောက်ပါ။ ကောင်းကင်နိုင်ငံတော်သားများ နှင့် အရာရှိတစ်ယောက်၏ နောင်တ တို့ကို အကြံပြုလိုပါသည်။ ဤရုပ်ရှင်များမှနေပြီး၊ ခရစ်ယာန်များသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခံစားပြီးနောက် မည်သို့ အမှန်တကယ် နောင်တရပြီး ပြောင်းလဲသည်ကို သင်ယူလေ့လာနိုင်သည်။ ၎င်းတို့သည် သင့်အတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

အမှာစကား ချန်ခဲ့မည်