စာရင်း

ကျွန်မသည် ဆုတောင်းခြင်း၏ အရေးပါမှု နှင့် ဘုရားသခင် နားညောင်းသည့် ဆုတောင်းခြင်း အမျိုးအစားများကို နားလည်သဘောပေါက်ခဲ့သည်

ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်မှုမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ

ကောင်းသောနေ့ပါရှင့်။ မကြာသေးမီကမှ ကျွန်မ အစ်မကြီးက သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ကျွန်မကို ဟောကြားခဲ့ပါသည်။ အသင်းတော်ကို ပူးပေါင်းပြီးနောက်တွင်၊ ကျွန်မသည် သခင့်ထံ နေ့တိုင်း ဆုတောင်းဖို့လိုကြောင်း ကျွန်မအစ်မကြီးက ပြောပါသည်။ထိုအချိန်က ကျွန်မက စိတ်ရှုပ်ထွေးနေခဲ့ပါသည်၊ ကျွန်မတို့သည် အဘယ့်ကြောင့် ဘုရားသခင်ထံ နေ့တိုင်း ဆုတောင်းဖို့ လိုအပ်ပါသနည်း။ ဘုရားသခင်သည် ကျွန်မ၏ ဆုတောင်းခြင်းများကို နားထောင်ပါသလား။ ကျေးဇူးပြုပြီး ဤမေးခွန်းများကို ကျွန်မနှင့် မိတ်သဟာယပြုပေးနိုင်ပါသလား။

ခင်မင်လေးစားစွာဖြင့်

လင်းလီ

၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့

ညီမ လင်းလီ-

မင်္ဂလာပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် သနားကရုဏာကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးမှနေပြီး ကိုယ်တော်၏ အိမ်တော်ရာသို့ ပြန်သွားရန် ရွေးကောက်ခြင်း ခံရသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ သခင့်၌ ယုံကြည်သူအသစ်များအနေဖြင့် ကျွန်တော်တို့သည် ဆုတောင်းရန် လိုအပ်ရခြင်းအကြောင်းအရင်း နှင့် ဘုရားသခင်က ကျွန်တော်တို့၏ ဆုတောင်းများကို နားထောင်မည် ဟုတ်မဟုတ်တို့ကို ကျွန်တော်တို့ နားမလည်သည်မှာ သာမာန်ဖြစ်ပါသည်။ ပထမတွင် ကျွန်တော်လည်း ညီမကဲ့သို့ စိတ်ရှုပ်ထွေးမှုမျိုး ရှိခဲ့ပါသည်။ နောက်ပိုင်းတွင်မူ ညီအစ်ကိုမောင်နှမများထံမှ ဆက်သွယ်ဖလှယ်မှု နှင့် အကူအညီတို့ကြောင့် ကျွန်တော်သည် ဆုတောင်းခြင်း၏ အရေးပါမှုကို နားလည်သဘောပေါက်ခဲ့သည့်အပြင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် မည်သို့ ဆုတောင်းရမည်ကိုလည်း သိလာခဲ့သည်။ ထို့နောက်တွင်မူ ကျွန်တော့် ဦးနှောက်ခြောက်ခြင်းများ ပပျောက်သွားခဲ့ပါသည်။ ဤနေရာတွင် ကျွန်တော့် ကိုယ်ပိုင် နားလည်သဘောပေါက်မှုအကြောင်း အနည်းငယ်ပြောပြပါမည်။ ၎င်းသည် သင့်အတွက် အကူအညီအချို့ ဆောင်ကြဉ်းလာနိုင်မည်ဟု မျှော်လင့်ပါသည်။

ပထမဦးစွာ ဘုရားသခင်ကို ယုံကြည်သူများသည် ဆုတောင်းရန် အဘယ့်ကြောင့် လိုအပ်သည့်အကြောင်း ပြောကြပါစို့။ ကျွန်တော်သည် အောက်ပါတို့ကို အင်တာနက်ပေါ်တွင် ဖတ်ရှုခဲ့ရသည်။ "ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို ဝိညာဉ်များ ပေးသနားခဲ့နောက်တွင် အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ဟစ်ခေါ်ခြင်းမပြုပါက ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ရန် တတ်နိုင်လိမ့်မည် မဟုတ်ဘဲ ဤသို့နှင့် ကောင်းကင်ဘုံမှ 'ဂြိုလ်တု ရုပ်မြင်သံကြားစနစ်'သည် ကမ္ဘာမြေကြီးပေါ်တွင် ဖမ်းယူရရှိနိုင်လိမ့်မည် မဟုတ်ဟူ သူသည် ၎င်းတို့ကို ဆုံးမသြဝါဒပေးခဲ့သည်၊ ဘုရားသခင်သည် လူတို့၏ ဝိညာဉ်မျာဲး၌ မရှိတော့သောအခါ အခြားသောအရာများအတွက် နေရာလွတ်တစ်ခု ပွင့်သွားပြီး ထိုနည်းနှင့် စာတန်သည် ဝင်လာရန် အခွင့်အရေးကို မလွှတ်တမ်း ယူခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် ဘုရားသခင်ကို ဆက်သွယ်သောအခါ စာတန်သည် ချက်ချင်းပင် ချောက်ချားသွားပြီး လွတ်မြောက်ရန် တဟုန်ထိုး ပြေးလေသည်။ လူသားမျိုးနွယ်၏ အော်ဟစ်သံများမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့လိုအပ်သည့် အရာများကို ၎င်းတို့အား ပေးသည်၊ သို့သော်လည်း ကနဦး၌ ဘုရားသခင်သည် ၎င်းတို့အထဲတွင် 'ကျိန်းဝပ်ခြင်း'မရှိချေ။ ၎င်းတို့၏ အော်ဟစ်သံများကြောင့် သူသည် ၎င်းတို့ကို အစဉ်တစိုက်သာ အကူအညီပေးခဲ့ပြီး လူတို့သည် အတွင်း၌ရှိသော ထိုခွန်အားမှ ကြံ့ခိုင်ခြင်းကို ရရှိကြ သောကြောင့် စာတန်သည် ၎င်းသဘောရှိ 'ကစား'ရန်အလို့ငှာ ဤနေရာသို့ မလာဝံ့ပေ။ ဤနည်းလမ်းဖြင့် အကယ်၍ လူတို့သည် အစဉ်တစိုက် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ပါက စာတန်သည် လာရောက် နှောင့်ယှက်ရန် ဝံ့ရဲမည်မဟုတ်။ စာတန်၏ နှောင့်ယှက်ခြင်း မရှိပါက လူအားလုံးတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြပြီး ဘုရားသခင်သည် မည်သည့် တားဆီးခြင်းများမှ မရှိဘဲနှင့် ၎င်းတို့အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လုပ်ဆောင်လိုသော အရာသည် လူသားများမှ တစ်ဆင့် အထမြောက်နိုင်သည်။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၁၇" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ)

ဘုရားသခင်ကို ယုံကြည်သူများသည် ဆုတောင်းရန် လိုအပ်ရခြင်း အကြောင်းအရင်းမှာ ဆုတောင်းခြင်းသည် ဘုရားသခင်ထံ အော်ဟစ် ငိုကြွေးရန် နှင့် ဘုရားသခင်နှင့် ပုံမှန်မိတ်သဟာယတစ်ခုကို တည်ထောင်ရန် တို့အတွက် နည်းလမ်းများထဲမှ တစ်ခုဖြစ်ခြင်းသောကြောင့် ဖြစ်ကြောင်းကို ယခုကျမ်းပိုဒ်မှနေပြီး ကျွန်တော်တို့ မြင်တွေ့နိုင်ပါသည်။ ကျွန်တော်တို့က မိမိနှလုံးသားတွင် ဘုရားသခင်ကို ဆုတောင်းပြီး၊ ကျွန်တော်တို့၏ အခက်အခဲများနှင့် ဦးနှောက်ခြောက်ရသည့် အရာများကို ကိုယ်တော့်ကို ပြောပြဖို့ မိမိနှလုံးသားကို ဖွင့်ဟသည့်အချိန်တွင်၊ ဘုရားသခင်သည် ကျွန်တော်တို့၏ စစ်မှန်သောနှလုံးသားကို မြင်သောအခါ၊ ကျွန်တော်တို့၏ မလုံလောက်ခြင်းများနှင့် လိုအပ်ချက်များအတိုင်း ကျွန်တော်တို့ကို အသိဉာဏ်ပွင့်လင်းစေပြီး၊ ပြဿနာထဲမှ ဦးဆောင်ခေါ်ထုတ်သွားမည် ဖြစ်ပါသည်။  သာမာန်အားဖြင့် ဘုရားသခင်နှင့် ကျွန်တော်တို့ကြားမှ ပေါင်းသင်းဆက်ဆံရေးကို ဖျက်ဆီးရန် အတွက်၊ စာတန်သည် ပတ်ဝန်းကျင်အမျိုးမျိုး နှင့် လူအမျိုးမျိုးတို့ကို အသုံးပြုပြီး ကျွန်တော်တို့ နှလုံးသားများကို နှောင့်ယှက်ကာ၊ ကျွန်တော်တို့ အခြေအနေဆိုးများထဲသို့ ကျရောက်စေသည့်အပြင်၊ ဝိညာဉ်ရေးရာတွင် အားနည်းသည်ဟု ခံစားလာရစေမည် ဖြစ်ပါသည်။ထိုအချိန်ကာလအတွင်း ကျွန်တော်တို့သည် ဘုရားသခင်ထံသို့ စစ်မှန်သည့် နှလုံးသား တစ်ခုဖြင့် ဆုတောင်းပြီး၊ ငိုယိုဟစ်ကြွေးသည့် ကာလပတ်လုံး ဘုရားသခင်သည် ကျွန်တော်တို့အား စာတန်၏ လှည့်စားခြင်းများကို ထိုးဖောက်မြင်စေရန် နှင့် ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်စေရန် တို့အတွက် ဦးဆောင်သွားမည်သာ ဖြစ်ပါသည်။ ထိုနည်းအားဖြင့် စာတန်သည် ကျွန်တော်တို့အပေါ်တွင် အလုပ်လုပ်ရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ပါ။ ထို့နောက်တွင် ကျွန်တော်တို့လည်း ပုံမှန်အခြေအနေကို ပြန်သွားပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ရရှိကာ၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ပျော်မွေ့နိုင်မည် ဖြစ်ပါသည်။ ထို့ထက်ပိုပြီးလျှင် ဆုတောင်းခြင်းများသည် ကျွန်တော်တို့ ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ပါသည်။ အထူးသဖြင့် စမ်းသပ်မှုများနှင့် ဘေးဒုက္ခများ ကျွန်တော်တို့ အပေါ်သို့ ကျရောက်သည့် အချိန်တွင် ကျွန်တော်တို့သည် ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်၌ ပြည့်ဝသောယုံကြည်ခြင်းကို ရရှိနိုင်ပြီး၊ ကိုယ်တော်၏ ချစ်မြတ်နိုးခြင်း နှင့် ချစ်ခင်ဖွယ်ဖြစ်ခြင်းတို့ကို ခံစားရသောကြောင့်၊ ချစ်ခြင်းမေတ္တာဖြင့် နှလုံးသားတစ်ခုကို ဖြစ်ပေါ်စေကာ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပါသည်။ ဥပမာအားဖြင့် ဘုရားမဲ့သော တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သခင့်ကို အမှန်တကယ် ယုံကြည်ကြသည့် ညီအစ်ကိုမောင်နှမများသည် အတော်အတန် အားနည်းခြင်းကို ခံစားရမည် ဖြစ်သည်။ သို့သော်လည်း ယုံကြည်မှုနှင့် ခွန်အားအတွက် ဘုရာသခင်ကို ဆုတောင်းခြင်းမှတစ်ဆင့်၊ နောက်ဆုံးတွင် သူတို့သည် တရုတ်ကွန်မြူနစ်အစိုးရ၏ နှိပ်စက်ခြင်းကို အောင်မြင်ကာ၊ ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့ကြသည်။ ထိုကြောင့် ကျွန်တော်တို့ ခရစ်ယာန်တစ်ယောက်ချင်းစီအတွက် ဆုတောင်းရန် သင်ယူဖို့အတွက် အလွန်ပင် အရေးကြီးပါသည်။ ကျွန်တော်တို့သည် အချိန်ကာလတစ်ခုအတွင်း ဆုမတောင်းပါက၊ ကျွန်တော်တို့နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာမရှိပဲဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ ကျွန်တော်တို့သည် ဘုရားသခင်နှင့် ကျွန်တော်တို့၏ ပေါင်းသင်းဆက်ဆံရေးတွင် ထိခိုက်စေခဲ့သည်။ ရလဒ်တစ်ခုအနေဖြင့် ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့ကို ဆုံးရှုံးရမည် ဖြစ်သည့်အပြင်၊ စာတန်၏ အုပ်စိုးမှုအောက်သို့ ပြန်သွားပြီး၊ အမှောင်ထုထဲသို့ ကျရောက်မည် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်းအောက်တွင် အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်အောင် ဘုရားသခင်က ကျွန်တော်တို့အား သူ့ထံ ဆုတောင်းခွင့်ပေးခြင်း ဖြစ်ပါသည်။

ဘုရားသခင်က ကျွန်တော်တို့၏ ဆုတောင်းခြင်းများကို အမှန်တကယ် နားထောင်ပါသလား။ ဤသည်မှာ ကျွန်တော်တို့က မိမိတို့ နှလုံးသားဖြင့် ဘုရားသခင်ကို ရိုးသားစွာ ဝတ်ပြုကိုးကွယ်ခြင်း ရှိမရှိပေါ်တွင် မူတည်ပါသည်။ သခင်ယေရှုက တစ်ချိန်က မိန့်တော်မူခဲ့သကဲ့သို့ "ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်" (ရှင်ယောဟန် ၄:၂၃-၂၄) ဖြစ်ပါသည်။ သခင့်ထံတွင် သစ္စာစောင့်သိခြင်း၏ အနှစ်သာရရှိကြောင်းနှင့် ဘုရားသခင်သည် ရိုးသားသောသူများကို နှစ်သက်တော်မူကြောင်းကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။ထို့ကြောင့် ဆုတောင်းသည့်အချိန်တွင် ကျွန်တော်တို့သည် မိမိတို့နှလုံးသားများမှ စကားပြောဆိုသင့်ပြီး၊ ကိုယ်တော့်ကို ကျွန်တော်တို့၏ စစ်မှန်သည့် အတွေးများနှင့် အခက်အခဲများတို့ကို ပြောပြကာ၊ ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို ရှာဖွေနိုင်သည်။  ထိုနည်းအားဖြင့်သာလျှင် ဘုရားသခင်သည် ကျွန်တော်တို့၏ ဆုတောင်းခြင်းများကို နားထောင်မည် ဖြစ်ပါသည်။ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်ကို လှည့်စားရန် ကျွန်တော်တို့က ကောင်းမွန်သော စကားများပြောခြင်း သို့မဟုတ် ဆုတောင်းခြင်းတိုင်းတွင် တူညီသည့် အနှစ်သာရကင်းမဲ့ခြင်းများကို ထပ်ခါထပ်ခါ ပြောခြင်းတို့ ပြုပါက၊ ဘုရားသခင်သည် ကျွန်တော်တို့၏ ဆုတောင်းခြင်းများကို လက်ခံမည် မဟုတ်သည့်အပြင်၊ ထိုဆုတောင်းခြင်းများကို ကိုယ်တော် ဖြေကြားရန်မှာ ပို၍ပင် ဝေးလှပါသည်။ ဤသည်မှာ ကျွန်တော်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် နှလုံးသားတစ်ခုဖြင့် ရိုးသားစွာ ဆုမတောင်းသောကြောင့် ဖြစ်ပါသည်။ အစောဆုံးသောဖာရိရှဲများ၏ ဆုတောင်းချက်များကို နမူနာယူပါ။သူတို့က ဘုရားသခင်ကို သစ္စာစောင့်သိစွာဖြင့် အစေခံမည် ဖြစ်ကြောင်းနှင့်၊ ဂျူးလူမျိုးများကို ဘုရားသခင်ရှေ့တော်မှောက်သို့ ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း ဆုတောင်းခဲ့သော်လည်း၊ အမှန်မှာမူ သူတို့၏ ကိုယ်ပိုင် အကောက်ကြံမှုများကို ပြုခြင်းသာ ဖြစ်ပြီး၊ ဂျူးလူမျိုးများကို သူတို့ရှေ့သို့ခေါ်ဆောင်လာကာ သူတို့ကို ကိုးကွယ်စေခြင်း ဖြစ်သည်။ ဤအချက်မှနေပြီး၊ သူတို့သည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြောင်းကို ကျွန်တော်တို့တွေ့မြင်နိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ရိုးသားသည့်နှလုံးသားတစ်ခုဖြင့် ဘုရားသခင်ကို ဆုတောင်းရမည်။ ထိုနည်းအားဖြင့်သာလျှင် ဘုရားသခင်သည် ကျွန်တော်တို့၏ ဆုတောင်းခြင်းများကို နားညောင်းမည် ဖြစ်ပါသည်။

အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့ ဆုတောင်းခြင်းတွင် ပါဝင်သည့် အကြောင်းအရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များဖြင့် ကိုက်ညီပါက၊ ဘုရားသခင်သည် ကျွန်တော်တို့၏ ဆုတောင်းခြင်းများကို ဖြေဆိုမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ရှောလမုန်ဘုရင်၏ ဇတ်ကြောင်းကို ကြည့်ပါ။ သူသည် ခေတ်တစ်လျှောက်တွင် ဉာဏ်ပညာအရှိဆုံးဘုရင် ဖြစ်လာရခြင်း အကြောင်းအရင်းမှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကြောင့် ဖြစ်ပါသည်။တိုင်းနိုင်ငံတစ်ခု၏ ဘုရင်တစ်ပါးဖြစ် သည့်အားလျော်စွာ ရှောလမုန်သည် သူ့ဇာတိပကတိ အတွက် ကောင်းကြီးမင်္ဂလာနှင့်  ကျေးဇူးတော်အတွက် ဆုတောင်းခြင်း သို့မဟုတ် ဆုတောင်းချိန်တွင် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းတို့ မရှိခဲ့ပါ။ ထိုအစား ဘုရားသခင်ထံဆုတောင်းပြီး၊ ဘုရားသခင်၏ လူများကို အုပ်စိုးရာတွင် ကူညီစောင်မရန် တောင်းလျှောက်ခဲ့သည်။ ရှောလမုန်၏ ဆုတောင်းခြင်းများသည် ဘုရားသခင်အတွက် သူ၏စာနာထောက်ထားခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် တို့မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့သောဆုတောင်းခြင်းများသည် ဘုရားသခင်၏ လက်ခံခြင်းနှင့် အတည်ပြုခြင်းတို့ကို ခံရပါသည်။ အဆုံးသတ်တွင် ဘုရားသခင်သည် ရှောလမုန်ကို လုံလောက်သည့် ဉာဏ်ပညာဖြင့် ပေးအပ်နှင်းပြီး၊ ၎င်းအား အကြွယ်ဝဆုံးနှင့် ဉာဏ်ပညာအရှိဆုံးသော ဘုရင် ဖြစ်လာစေခဲ့သည်။

ယနေ့ခေတ်တွင် ကျွန်တော်တို့၏ ဆုတောင်းခြင်းများသည်လည်း ထိုနည်းအတိုင်း ဖြစ်သင့်ပါသည်။ ကျွန်တော်တို့၏ ဆုတောင်းခြင်းများသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များတို့ဖြင့် ကိုက်ညီပါက၊ ဘုရားသခင်က နားညောင်းမည်သာ ဖြစ်ပါသည်။ သခင်ယေရှုက "ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။" (ရှင်မဿဲ ၆:၃၃) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် ကိုယ်တော်၏နှလုံးသားနှင့် ကိုက်ညီသည့် ဆုတောင်းခြင်းများနှင့် ကိုယ်တော်ကို အမှန်တကယ် နာခံသည့် ဆင်ခြင်မှုရှိသောလူများ၏ ဆုတောင်းခြင်းများကို နားထောင်တော်မူသည်။ ထို့ကြောင့် မည်သို့သော ဆုတောင်းခြင်း အမျိုးအစားများသည် ဘုရားသခင်၏ နှလုံးသားနှင့် ကိုက်ညီပြီး၊ မည်သည့် ဆုတောင်းခြင်းများသည် မကိုက်ညီသနည်း။ ကျွန်တော် နမူနာအချို့ကို အလွယ်တကူ စာရင်းပြုစုပါမည်၊ ကျွန်တော်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သည့်အခါတွင်၊ ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေး ခြင်းနှင့် လမ်းပြခြင်းတို့ကို ရှာဖွေရန် နှင့် ဘုရားသခင်၏ အလိုတော်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျွန်တော်တို့ နားလည်သဘောပေါက်အောင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို နားလည်ဖို့ ကြိုးစားရန် တို့အတွက် ဆုတောင်းရမည်။ အသင်းတော်၌ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကိုမောင်နှမများသည် မလှုပ်မယှက် သို့မဟုတ် အားနည်းလာသည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက် ပြီး၊ ၎င်းတို့၏ မလှုပ်မယှက် အခြေအနေကို အောင်မြင်နိုင်ရန် ကျွန်တော်တို့ ဆုတောင်းကြသည်။ ထိုသို့သော ဆုတောင်းခြင်းမျိုးသည် ဘုရားသခင်၏ နှလုံးသားနှင့် ကိုက်ညီပါသည်။ ညီအစ်ကိုမောင်နှမများသည် ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အခြားသောအခက်အခဲများကို ရင်ဆိုင်နေကြရသည့် အချိန်တွင်၊ ကိုယ်တော်သည် သူတို့မှတစ်ဆင့် ဘုန်းတော်ထင်ရှားစေနိုင်ရန် ကျွန်တော်တို့က ဘုရားသခင်ထံ ဆုတောင်းပြီး၊ ကိုယ်တော်အတွက် သူတို့ သက်သေခံနိုင်ဖို့ သူတို့အား ကိုယ်တော် ဦးဆောင်ပါရန် တောင်းလျှောက်ပါသည်။ ထိုသို့သော ဆုတောင်းခြင်းများသည် ဘုရားသခင်အားဖြင့် အတည်ပြုခြင်းခံရပါသည်။ ကျွန်တော်တို့ စမ်းသပ်မှု နှင့် စစ်ဆေးခြင်း အမျိုးမျိုးကို တွေ့ကြုံသည့်အခါတွင် စစ်မှန်သည့် နှလုံးသားများမှ ဆုတောင်းပြီး၊ ကိုယ်တော်အတွက် ကျွန်တော်တို့ သက်သေခံနိုင်ရန် အတွက် ဘုရားသခင်က ကျွန်တော်တို့ ဦးဆောင်ရန် နှင့် ညဉ်းတွားခြင်းမရှိအောင် ထိန်းသိမ်းပေးပါရန် ဘုရားသခင်ကို တောင်းလျှောက်ရပါမည်။ ကျွန်တော်တို့သည် အဖန်ဆင်းခံသတ္တဝါများအဖြစ် နှင့် ဘုရားသခင်၏ ဧဝံဂေလိအမှုတော်ကို ဖြန့်ဝေရန် ကျွန်တော်တို့၏ တာဝန်များကို ပြည့်စုံအောင် ဆောင်ရွက်နိုင် စွမ်းရည်အတွက် ဆုတောင်းသင့်သည်။ ဘုရားသခင်၏ အလိုတော်ကို သိကျွမ်းရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် နှင့် ဘုရားသခင်၏ အလိုတော်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန် တို့အတွက် တောင်းသည့် ဆုတောင်းခြင်းများအားလုံးကို ဘုရားသခင်က အတည်ပြုပြီး၊ ဖြေကြားနိုင်ပါသည်။

မည်သို့ဆုတောင်းရမည်ကိုနားလည်ခြင်

ဘုရားသခင်၏ ဖြေကြားမှုကို မည်သည့် ဆုတောင်းခြင်းက မရနိုင်သနည်း။ ဥပမာအားဖြင့် အချို့လူများက ဝင်ငွေများစွာရရှိရန် ဆုတောင်းကြပြီး၊ အချို့က အလုပ်ကောင်းတစ်ခု ကူညီရှာဖွေပေးဖို့ တောင်းလျှောက်သည့်အပြင်၊ အခြားလူများက အိမ်ထောင်ပြုရန် သင့်တော်သည့် လက်တွဲဖော်များ စီစဉ်ပေးဖို့ ဆုတောင်းကြပါသည်။ ထိုဆုတောင်းခြင်းများအားလုံးသည် လူသားများ၏ ကိုယ်ကျိုးအတွက် သို့မဟုတ် သူတို့ကိုယ်ပိုင် ဇာတိပကတိကို ဖြည့်ဆည်းရန် အတွက် တောင်းခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှလုံးသားနှင့် မကိုက်ညီကြပါ။ ဘုရားသခင်၏ အမှုတော်သည် လူကို ကယ်တင်ခြင်းအတွက်သာ အာရုံစိုက်ပါသည်။ကျွန်တော်တို့ ဆုတောင်းသည့်အရာသည် ကျွန်တော်တို့၏ ကယ်တင်ခြင်းနှင့် ဆန့်ကျင်ဖက် ဖြစ်ပြီး၊ ကယ်တင်ခြင်းအတွက် အထောက်အပံ့ မဖြစ်ပါက၊ ထိုသို့သော ဆုတောင်းခြင်းများသည် ဘုရားသခင်၏ အတည်ပြုချက်များကို ရရှိမည် မဟုတ်ပါ။ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် ငွေပိုရှာနိုင်ရန် အတွက် ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းကြီးမင်္ဂလာပေးပါရန်  ဆုတောင်းကြသည်။ ဤအခြေအနေတွင် ဘုရားသခင်က ကျွန်တော်တို့၏ ဆုတောင်းခြင်းကို နားထောင်ပြီး၊ ကျွန်တော်တို့ကို သန်းကြွယ်သူဌေး ဖြစ်ခွင့်ပေးပါက၊ ကျွန်တော်တို့၏ နှလုံးသားများသည် ငွေဖြင့် အလုပ်ရှုပ်နေမည်။ ထိုသို့ဖြစ်ပေါ်လာပါက၊ ကျွန်တော်တို့သည် ဘုရားသခင်ကို ယုံကြည်ရန် နှလုံးသား ရှိပါဦးမည်လား။ နောက်ဆုံးတွင် ကျွန်တော်တို့သည် ဘုရားသခင်ကို ငွေကြောင့် သစ္စာဖောက်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သော ဆုတောင်းခြင်းမျိုးကို နားမထောင်ပါ။

ညီမ လင်းလီရေ၊ ကျွန်တော်တို့ ဘုရားသခင်က သစ္စာစောင့်သိပါသည်။ ဘုရားသခင် လက်ခံသည့်အရာများကို ကျွန်တော်တို့ ဆုတောင်းသမျှ ကာလပတ်လုံး ဘုရားသခင်သည် ကျွန်တော်တို့ကို အဖြေပေးမည် ဖြစ်ပါသည်။ ဟိုးယခင်အချိန်ကတည်းက ဘုရားသခင်က ကျွန်တော်တို့ကို မိန့်တော်မူခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ "တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။" (ရှင်မဿဲ ၇:၈) ဘုရားသခင်သည် သစ္စာစောင့်သိပြီး၊ ချစ်ခင်မြတ်နိုးဖွယ်ကောင်းကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ ဤကျမ်းပိုဒ်မှ ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။ ကျွန်တော်တို့ တစ်ယောက်စီတိုင်းသည် ကိုယ်တော်၏ ကတိတော်နှင့် ကောင်းကြီးမင်္ဂလာများကို ရရှိနိုင်စွမ်းရှိလာရန် ဘုရားသခင်က မျှော်လင့်ပါသည်။

ညီမမှာ အခြား မေးခွန်းများ သို့မဟုတ် စိတ်ရှုပ်ထွေးစရာများ ရှိပါက၊ ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်ရန် ဖိတ်ခေါ်လိုပါသည်။ ဘုရားသခင်ကို အတူတကွ ရှာဖွေကြပါစို့။ ကျွန်တော်တို့၏ ပြဿနာများအားလုံးသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ လမ်းပြမှုဖြင့် အလွယ်တကူ ပြေလည်သွားမည် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ခင်မင်လေးစားစွာဖြင့်

ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်မှု

၂၀၁၈ ခုနှစ် ဇွန်လ ၁၇ ရက်န့

အမှာစကား ချန်ခဲ့မည်