စာရင်း

ကပ်ဘေးဒုက္ခကြီးသည် တဖြေးဖြေးနီးကပ်လာပြီ မည်သို့မှ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းကို ရနိုင်မည်နည်း

အမြန်လမ်းညွှန်
ဘေးအန္တရာယ်နောက်ကွယ်ရှိဘုရားသခင့်အလိုတော်
ဘေးအန္တရာယ်၌ ကာကွယ်ခြင်းရနိုင်သည့် တစ်ခုတည်းသောလမ်း

ကပ်ဘေးဒုက္ခကြီးသည် တဖြေးဖြေးနီးကပ်လာပြီ မည်သို့မှ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းကို ရနိုင်မည်နည်း

မကြာသေးမီက နိုင်ငံများစွာတွင် အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှုများ ကြုံတွေ့ခဲ့ရသည်။ တစ်ရက်အတွင်း အတည်ပြုနိုင်ခဲ့သည့် အရေအတွက်သည် တစ်ကမ္ဘာလုံးတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူဦးရေမှာလည်း လျင်မြန်စွာကြီးထွားလာနေသည်။ အိန္ဒိယ ကူးစက်ရောဂါဗေဒပညာရှင်များက တတိယလှိုင်းကူစက်မှု" strain B.1.618 ကို အိန္ဒိယနိုင်ငံရှိပြည်နယ်များစွာတွင် တွေ့ရှိခဲ့ရပြီး ယခုမျိုးကွဲအမျိုးအစားသစ်သည် အခြားမျိုးကွဲများထက် စွမ်းအင်ပိုမိုပျံ့နှံ့နိုင်သည်။ ဤအကြောင်းကြောင့် လူအများအပြားသည်ကြောက်လန့်တကြားဖြစ်နေပြီး အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ရကာ သူတို့နှင့်သူတို့၏ မိသားစု၀င်များ ကူးစက်ခံရမည်ကို စိုးရိမ်ပြီး ချစ်မြတ်နိုးရသူများ သေဆုံးခြင်းကို ကြုံရမည်မှာ ပို၍ပင်စိုးရိမ်ကြသည်။ ကမ္ဘာအ၀ှမ်းရှိနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်းနှင့် စစ်ပွဲများဖြစ်ပွားခြင်းများသာမက ဘေးအန္တရာယ်များ ပိုမိုများပြားလာသည့်အခါ လူတို့သည် ဘုရားသခင်အား ဂရုစိုက်စောင့်ရှောက်ရန်အဆက်မပြတ်တောင်းဆိုကြတော့သည်။ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ဘုရားသခင့်ရည်ရွယ်ချက်မှာအဘယ်နည်း။ ဘေးအန္တရာယ်ကြားမှ ကျွန်ုပ်တို့မည်သို့ကယ်တင်နိုင်မည်နည်း။ ဒီနေ့ဒီခေါင်းစဉ်နဲ့ မိတ်သဟာယဖွဲ့ကြလိမ့်မည်။

ဘေးအန္တရာယ်နောက်ကွယ်ရှိဘုရားသခင့်အလိုတော်

လွန်ခဲ့သောအနှစ်နှစ်ထောင်က တပည့်တော်တို့သည် သခင်ယေရှုကို မေးခဲ့ကြသည်- “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃) သခင်ယေရှုက ဖြေထားသည်မှာ “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။(ရှင်မဿဲခရစ်ဝင် ၂၄:၆-၈)

ယနေ့ကမ္ဘာတစ်လွှား၌ မြေငလျင်များ၊ ကပ်ဘေးများ၊ အစာခေါင်းပါးခြင်း၊ စစ်ပွဲများနှင့်ရေကြီးခြင်းများကြောင့် ဘေးအန္တရာယ်များပိုများလာသည်။ အထူးသဖြင့် သရဖူနယူနီးယားအသစ်သည် ကမ္ဘာသို့ပျံ့နှံ့သွားသည်။ ဤဖြစ်ရပ်များမှကြည့်လျှင် သခင်ယေရှုသည် သမ္မာကျမ်းစာထဲတွင် ပြန်လာခြင်း၏ ပရောဖက်ပြုချက်သည် ပြည့်စုံခဲ့ပြီး သခင်ပြန်ရောက်လာပြီ။ ဤဘေးအန္တရာယ်များ ဖြစ်ပွားခြင်းသည် သခင်ယေရှုပြန်ရောက်ပြီဖြစ်ကြောင်း ကျွန်ုပ်တို့အား ဘုရားသခင်သတိပေးသည့်အနေနှင့် အတိအကျဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံပန်းသဏ္ဌာန်နှင့် အလုပ်ကိုလျင်မြန်စွာ ရှာဖွေသင့်သည်။ သို့သော် ယနေ့ခေတ်တွင်လူတို့သည် ပိုမိုဆိုးရွားလာပြီး အကျင့်ပျက်ခြစားမှုများ ဖြစ်လာသည်။ ဘုရားသခင်ရှိသည်ဟု လူအများက အသိအမှတ်မပြုကြပါ။ ဘုရားသခင်ကို ယုံကြည်သောလူများစွာပင်လျှင် လောကအရာကိုလိုက်စားခြင်း၊ စားသောက်ခြင်း၊ ပျော်ပါးခြင်း ဇာတိ၌သာမွေ့လျှော်နေကြသည်၊ လူနည်းစုကသည်သာ ဘုရားသခင်ကိုတက်ကြွစွာ ရှာဖွေကြသည်။ ဘုရားသခင်၏ပေါ်ထွန်းခြင်းအမှုကို ရှာဖွေကြသည်။ သခင်ယေရှုပြန်လာကြောင်း သက်သေခံသူတစ်ဦး၏သတင်းကို လူအများကြားဖူးကြသော်လည်း နောက်ဆုံးသောနေ့ရက်များတွင် သူတို့သည် ဘုရားသခင့်ကယ်တင်ခြင်းကိုတက်ကြွစွာရှာဖွေခြင်း၊ လေ့လာဆန်းစစ်ခြင်း မရှိကြတော့ပေ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ဂရုမပြုကြပေ။ ဘေးအန္တရာယ်ကို ဘုရားသခင်ခွင့်ပြုခြင်းသည် ကျွန်ုပ်တို့အား သတိပေးခြင်း၊ ကျွန်ုပ်တို့၏ နှလုံးသားကို နိုးထစေခြင်းဖြစ်သည်၊ သခင်ဘုရားပြန်ကြွလာခြင်း၏ ပရောဖက်ပြုချက်ပြည့်စုံခြင်းနှင့် သခင်ပြန်လာပြီကို ရှင်းလင်းစွာ တွေ့မြင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဘေးအန္တရာယ်များ၌ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်း အခွင့်အရေးရရှိစေရန် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကိုအလျင်အမြန်ရှာဖွေသင့်သည်။

ဘေးအန္တရာယ်၌ ကာကွယ်ခြင်းရနိုင်သည့် တစ်ခုတည်းသောလမ်း

ဒါဆို ကျွန်ုပ်တို့သည် မည်သို့မှ သခင့်ကို ကြိုဆိုနိုင်ကာ ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းကို ရရန် အခွင့်ရှိနိုင်မည်နည်း။ နှုတ်ကပတ်တော်က မည်သို့ပြောသည်ကို ကျွန်ုပ်တို့အတူတကွ ကြည့်ကြပါစို့။

ဘုရားသခင် ပြောခဲ့သည်မှာ- “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ကိုက်ညီမှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို စွန့်ပစ်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ် ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။” သခင်ဘုရားကြွလာခြင်းသည် အသံတော်ကိုလွင့်မည်ဖြစ်ကြောင်း နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ရှင်းရှင်းလင်းလင်းနားလည်နိုင်သည်။ ကျွန်ုပ်တို့သည်သခင်ဘုရားကို ကြိုဆိုပြီး ဘုရားသခင့်ခြေရာတော်အတိုင်းလိုက်လျှောက်လိုပါက ကျွန်ုပ်တို့သည် ဘုရားသခင့်အသံကို နားထောင်ရန်နှင့် ဘုရားသခင့် နှုတ်မြွက်စကားတော်ကို ရှာဖွေရန် အာရုံစိုက်ရမည်။ အသံတော်ဆိုသည်မှာ ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ခြင်းနှင့် သခင်ကိုကြိုဆိုခြင်းကို ဆိုလိုသည်။ ထို့ကြောင့်သခင်ဘုရားပြန်လာပြီဟု တစ်ဦးဦးက ဧ၀ံဂေလိတရားကို ပြောပေးလျှင် သင်ကြားသော် ၎င်းကိုမျက်စိမမြင်ဘဲ ငြင်းပယ် လျစ်လျူရှု၍ မရပါ။ ၎င်းအစား ကျွန်ုပ်တို့သည်တက်ကြွစွာရှာဖွေ စုံစမ်းသင့်သည်။ သို့မှသာ ကျွန်ုပ်တို့သည် သခင်ဘုရားကို ကြိုဆိုနိုင်ပြီး ကြည့်ရှုရန်အခွင့်အရေးရရှိမည်ဖြစ်သည်။ ဘုရားသခင်၏ကြည့်ရှုစောင့်ရှောက်မှုကို ခံကြရမည်ဖြစ်သည်။

ယနေ့ခေတ်တွင် ကပ်ဘေးကြီးသည် လူသားတို့ကိုတစ်ဆင့်ချင်းစီ ချဉ်းကပ်နေပြီး လူသားတို့ နောင်တရမည့် နေ့ရက်များ အများကြီးမရှိတော့ပြီ။ ဤအချိန်တွင် ကျွန်ုပ်တို့သည် သခင်ယေရှုပြန်ကြွလာခြင်းကို စိတ်မ၀င်စားပါ၊ နောက်ဆုံးသောနေ့ရက်များတွင် ဘုရားသခင့်အမှုတော်ကိုလည်း မရှာဖွေကြသေး။ သခင်ယေရှုကိုလက်ခံကြိုဆိုရန် အစပြုမလုပ်ဆောင်လျှင် ဘုရားသခင်က မည်ကဲ့သို့သော အရာများကိုပြုတော်မူမည်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်က၊ “လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။

အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ကဲ့သို့သော မရေတွက်နိုင်သည့် ပြောင်းလဲမှုများသည် ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။

ဘုရားသခင့်စကားတော်မှ ကျွန်ုပ်တို့ နားလည်နိုင်သောအရာ တစ်ခုရှိသည်။ ဘုရားသခင်သည် သန့်ရှင်းစင်ကြယ်သည့်အနှစ်သာရရှိသည်၊ လူသားတို့၏ ဆိုးယုတ်မှုနှင့် အကျင့်ပျက်ခြစားမှုကို မုန်းသည်။ ဘေးအန္တရာယ်များကို လူသားများထံရောက်ရှိရန် ခွင့်ပြုထားသည်။ လူသားများသည် ဤနည်းဖြင့် ဖျက်ဆီးခြင်းခံရသည်သာမက သူဖန်ဆင်းထားခြင်းလည်းခံရသည်။ ဘေးအန္တရာယ်မတိုင်မှီ ဘုရားသခင်သည် လူတို့အားဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်အခွင့်အလမ်းနှင့် အချိန်အလုံအလောက်ပေးခဲ့သည်။ ဘုရားသခင်သည် နောဧအားဖြင့် နှစ်ပေါင်းတစ်ရာကျော် ဧဝံဂေလိပြုခဲ့သည်၊ ဤကာလအတွင်းနှစ်၏ ဧ၀ံဂေလိတရားသည် လူတို့အားဘုရားသခင်ထံလာပြီးသူ၏ကယ်တင်ခြင်းကိုလက်ခံရန်အခွင့်အလမ်းပေးခဲ့သည်။ နောက်ဆုံးသောနေ့ရက်ကာလ၌သခင်ယေရှုပြန်ကြွလာချိန်၌လည်းအလားတူပင်။ ယခု သခင်ယေရှုပြန်ကြွလာခြင်းကို အနန္တတန်ခိုးရှင်အသင်းတော်သာ လူသိရှင်ကြား တွေ့မြင်ခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလ၏ခရစ်တော်ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် အနန္တတန်ခိုးရှင်စတင် ပေါ်ထွန်းခဲ့ပြီး စတင်အလုပ်လုပ်ခဲ့သည်မှာ အနှစ် ၃၀ ရှိခဲ့ပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြသော (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) နှင့် ဧဝံဂေလိရုပ်ရှင်များ၊ ဟောပြောချက်ပုံကြမ်းများ၊ သံစုံတီးဝိုင်းများနှင့်ဘုရားသခင့်ရွေးချယ်ထားသူများ၏ သဘောထားပြောင်းလဲခြင်းများ စုံစမ်းစစ်ဆေးမှုများကို ထုတ်ဝေခဲ့သည့် သက်သေခံချက်များသည်လည်း ကမ္ဘာတစ်လွှားမှလူများထံ အင်တာနက်ပေါ်တွင်တင်ခဲ့သည်။ ဘုရားသခင်သည် လူများကိုလည်း နောက်ဆုံးသောနေ့ရက်များတွင်ဘုရားသခင့်အမှုအကြောင်း ဟောပြောခြင်းနှင့်သက်သေခံရန် အသုံးပြုခြင်းဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်မြတ်နိုးသူများစွာသည် ဘုရားသခင့်အသံတော်ကို ကြားရကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီသို့ ပြန်လာ၍ ကောင်းကင်နိုင်ငံတော် တည်ထောင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာအနှံ့ဟောပြောခဲ့သည်။ သခင်ယေရှုဟောကိန်းထုတ်သည့်အတိုင်း ယခုနောက်ဆုံးသောနေ့ရက်များ၏ ဘုရားသခင့်အမှုတော်သည်အဆုံးသတ်နေပြီ၊ တကြိမ်မှမကြံဖူးသော ကပ်ဘေးကြီးပေါ်ပေါက်လာပြီဖြစ်သည်။ သခင်ယေရှု ပရောဖက်ပြုထားသည်မှာ "အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။-" (ရှင်မဿဲခရစ်ဝင် ၂၄:၂၁) လူသားတို့အတွက် ဘုရားသခင့်အချိန်ပေးထားသည်မှာ မများတော့ပေ၊ ကျေးဇူးတော်တံခါးလည်းပိတ်တော့မည်။ ဤအရေးကြီးသောအခွင့်အလမ်းကို အသုံးချခြင်း၊ နောက်ဆုံးသောနေ့ရက်များတွင် ဘုရားသခင့်ပေါ်ထွန်းခြင်းကို လေ့လာဆန်းစစ်ခြင်းနှင့် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းအားဖြင့်ကျွန်ုပ်တို့ အခွင့်အလမ်းရရှိနိုင်ကြသည်။ သဘာဝဘေးဒဏ်များတွင် ဘုရားသခင်ကကာကွယ်ပေးမည်ဖြစ်သည်။

မိတ်ဆွေ သင်သည် သခင့်ကို အလျင်အမြန် ကြိုဆိုချင်သော စိတ်ဆန္ဒရှိပါသလား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

အမှာစကား ချန်ခဲ့မည်