စာရင်း

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- သခင့်ကိုကြိုဆိုရန် ပညာသတိရှိသော သတို့သမီးများဖြစ်လာနည်း

အမြန်လမ်းညွှန်
သမ္မာကျမ်းစာများဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် သခင့်အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ခြင်း- ဤအရာက ပညာသတိရှိသော သတို့သမီးကို ဖြစ်စေသလော
ပညာသတိရှိသော သတို့သမီးဟူသည် အဘယ်နည်း
၁) ဘုရားသခင်ဖော်ပြထားသည့် မိန့်မြွက်ချက်များက အခွင့်အာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်ပြီး၊ ၎င်းတို့မှာ ဘုရားသခင်၏ စိတ်နေသဘောထား ဖော်ပြချက်တစ်ခုဖြစ်သည်။
၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များက နက်နဲရာများကို ထုတ်ဖော်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုနှင့် လျှို့ဝှက်ချက်များကို ဖော်ထုတ်သည်
၃) ဘုရားသခင်၏ မိန့်မြွက်ချက်များက အသက်၏အာဟာရကို ထောက်ပံ့ပေးနိုင်သည့်အပြင် လူတို့အတွက် လမ်းကြောင်းတစ်ခုကို စီစဥ်ပေးနိုင်သည်

သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။(ရှင်မဿဲခရစ်ဝင် ၂၄:၆-၈) ယခုဆိုလျှင် ကပ်ဘေးများမှာ တစ်ကမ္ဘာလုံးတွင် တိုး၍များပြားသော အရေအတွက်များဖြင့် ဖြစ်ပျက်နေသည်- ဝူဟန်ကိုရိုနာဗိုင်းရပ်စ်၊ အာဖရိကတွင် ကျိုင်းကောင်များ၊ သြစတြေးလျတွင် တောမီးများနှင့် အခြားသဘာဝဘေးဒဏ်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြပြီ။ သွေးရောင်လွှမ်းသောလ လေးစင်းလည်း ပေါ်ထွန်းပြီးပြီ။ သခင်ကြွလာခြင်း၏ အနာဂတ္တိစကားများမှာ အခြေခံအားဖြင့် ပြည့်စုံပြီဖြစ်သည်။ သခင်သည် ပြန်လည်ကြွလာနှင့်ပြီးဖြစ်ရမည်။ သခင့်ကိုယုံကြည်သူများစွာ၏ စိတ်နှလုံးကို နေရာယူနေသော အကြောင်းအရာတစ်ခုမှာ ဤအရာဖြစ်သည်- သခင်၏ ပြန်ကြွလာခြင်းကို လက်ခံကြိုဆိုရာ၌ ကျွန်ုပ်တို့သည် ပညာသတိရှိသော သတို့သမီးများ မည်သို့ဖြစ်လာနိုင်သနည်း။ တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီးတစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။(ရှင်မဿဲခရစ်ဝင် ၂၅:၁-၄) ပညာသတိရှိသော သတို့သမီးများက မီးခွက်ဆီကို ပြင်ဆင်ပြီး သခင်ကြွလာခြင်းကို အလေးအနက်ထား စောင့်နေခဲ့ကြသည်ကို ကျမ်းချက်တို့မှ ကျွန်ုပ်တို့တွေ့နိုင်သည်။ နောက်ဆုံးတွင် သူတို့က သူ့ကို ကြိုဆိုနိုင်ခဲ့ကြပြီး ကောင်းကင်နိုင်ငံတော်၌ စားသောက်ပွဲတက်ရောက်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများစွာတို့က သူတို့အနေဖြင့် သမ္မာကျမ်းစာများကို အမြဲတမ်း ဖတ်ရှုခြင်း၊ စည်းဝေးပွဲများတက်ရောက်ခြင်း၊ သခင့်အလုပ်ကို ကြိုးကြိုးစားစား ဆောင်ရွက်ခြင်းနှင့် အလေးအနက်ထား စောင့်ဆိုင်းခြင်းတို့ပြုသရွေ့၊ ဤအရာက သူတို့သည် ဆီကိုပြင်ဆင်ထားပြီး ပညာသတိရှိသော သတို့သမီးများဖြစ်ကြသည့်အပြင် သခင်လာသည့်အခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ယူခြင်းခံရမည်ဟု ဆိုလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ဤသည်မှာ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့၏ လက်တွေ့ကျင့်သုံးမှုဖြစ်လာပြီး ယခု ကပ်ဘေးမျိုးစုံ ရောက်ရှိပြီးဖြစ်သော်လည်း ကျွန်ုပ်တို့သည် သခင့်ကို လက်ခံကြိုဆိုမှု မပြုရသေးပေ။ ဤအရာက ကျွန်ုပ်တို့ကို စဥ်းစားဆင်ခြင်ရန်နှင့် မိမိကိုယ်ကိုယ် မေးရန်မှတပါး ရွေးစရာမရှိဖြစ်စေသည်- သခင့်အလုပ်ကို ဤအတိုင်း ကြိုးကြိုးစားစား လုပ်ဆောင်နေခြင်းက အမှန်ပင် ပညာသတိရှိသော သတို့သမီးဖြစ်ခြင်းလော။ ကြီးစွာသောဆင်းရဲဒုက္ခမတိုင်ခင် ကျွန်ုပ်တို့သည် သခင့်ကို လက်ခံကြိုဆိုပြီး ခေါ်ယူခြင်းခံရနိုင်မည်လော။

သမ္မာကျမ်းစာများဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် သခင့်အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ခြင်း- ဤအရာက ပညာသတိရှိသော သတို့သမီးကို ဖြစ်စေသလော

ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများကို ပြန်သတိရကြစို့။ သူတို့အားလုံးသည် သမ္မာကျမ်းစာများ၌ နှံ့စပ်ပြီး သူတို့မိသားစုများက ဘုရားသခင်ကို ခေတ်အဆက်ဆက် အစေခံခဲ့ကြပြီးဖြစ်သည်။ သူတို့သည် ပညတ်တော်ကို နာခံကာ၊ ပညတ်ချက်များကို လိုက်နာပြီး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည့်အပြင် ဘုရားသခင်၏ ဧဝံဂေလိတရားကို ပျံ့နှံ့စေရန် တစ်ကမ္ဘာလုံးသို့ပင် ခရီးပြုခဲ့ကြသည်။ သူတို့သည် အလုပ်တော်တော်များများ လုပ်ခဲ့ကြကာ ဆင်းရဲဒုက္ခကို မနည်းခံခဲ့ကြပြီးလျှင် မေရှိယရောက်ရှိလာခြင်းကို အလေးအနက်ထား စောင့်ဆိုင်းခဲ့ကြသည်ဟု ပြော၍ရကောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများအရ သူတို့သည် ဆီကို ပြင်ဆင်ထားခဲ့သည့် ပညာသတိရှိသော သတို့သမီးများဖြစ်သင့်သည်၊ သူတို့သည် သခင်ကိုလက်ခံကြိုဆိုပြီး သူ၏ကယ်တင်ခြင်းနှင့် ကျေးဇူးတော်ကို ရရှိရန် အခြားသူများထက် ပို၍အရည်အချင်းပြည့်မီသင့်သည်။ သို့သော် အဖြစ်မှန်များမှာ အဘယ်နည်း။ သခင်ယေရှုသည် လူဇာတိခံပြီး အမှုပြုရန် ကြွလာခဲ့သည့်အခါ ဤလူများက သခင်ယေရှုကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့သည်သာမက၊ သူတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ “‘မေရှိယ’ ဟု အခေါ်မခံရသောသူ မည်သူမဆို ဘုရားသခင်မဟုတ်” ဟုပင် ယုံကြည်ခဲ့ကြသည်။ သခင်၏စကားများက အခွင့်အာဏာနှင့် တန်ခိုးရှိသည်ကို သူတို့ ရှင်းလင်းစွာ ကြားသိနိုင်ခဲ့သည့်တိုင် သူတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံကာ သခင်ယေရှု၏ အလုပ်နှင့် စကားများကို သမ္မာကျမ်းစာများမှ သွေဖည်သည်ဟု ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သူတို့က သခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းကို ငြင်းဆိုရန် ဤအရာကို အကြောင်းပြချက်အဖြစ် အသုံးချခဲ့ကြသည့်အပြင် သခင်ယေရှုကို တရားစီရင်ရန်နှင့် စော်ကားပြစ်မှားရန်အတွက်လည်း ဤအရာကို သူတို့ အမိအရအသုံးချခဲ့ကြသည်။ သူတို့သည် နှလုံးသားထဲတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်း တစ်စက်မျှမရှိခဲ့ကြပေ။ သူတို့သည် နားလည်သဘောပေါက်ခြင်းလည်း မရှိသကဲ့သို့ ဤအရာအပေါ် ရှာဖွေခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းလည်း မပြုခဲ့ကြပေ။ သူတို့သည် သခင်ယေရှုကို ကားစင်တင်သတ်ရန်အတွက်ပင် ရောမအစိုးရနှင့်အတူ လုပ်ဆောင်ကာ၊ နောက်ဆုံးတွင် သူတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။ ထို့ကြောင့် ဖာရိရှဲများက ပညာသတိရှိသော သတို့သမီးများဖြစ်သည်ဟု ပြော၍ရနိုင်သလော။ သူတို့သည် အပင်ပန်းခံခြင်းနှင့် အလုပ်လုပ်ဆောင်ခြင်းဖြင့်၊ ဓမ္မဟောင်းကျမ်းမှ ပညတ်တော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကိုယ်သာလျှင် အရေးစိုက်ခဲ့ကြသော်လည်း သူတို့တွင် ဘုရားသခင်အား သိကျွမ်းခြင်း စိုးစဥ်းမျှ မရှိခဲ့ကြပေ။ သူတို့က ဘုရားသခင်၏အသံကို ကြားခြင်းငှာ မစွမ်းနိုင်ခဲ့ကြချေ။ သူတို့ကို အမိုက်မဲဆုံးသော သတို့သမီးများဟု ခေါ်နိုင်သည်။ သို့ဆိုလျှင် မည်သည့်အရာက ပညာသတိရှိသော သတို့သမီးကို ဖြစ်စေသနည်း။ ထပ်၍ ရှာဖွေတွေ့ရှိရန် ဆက်ဖတ်ပါ။

ပညာသတိရှိသော သတို့သမီးဟူသည် အဘယ်နည်း

တစ်ခါက သခင်ယေရှု မိန့်ဆိုခဲ့သည်မှာ၊ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်၏အသံအား နားထောင်ခြင်းကို အလွန်အရေးတကြီး ပြုကြသောကြောင့် မင်္ဂလာဆောင်လုလင်ကို အဓိကအားဖြင့် လက်ခံကြိုဆိုနိုင်ခဲ့ကြသည်ကို သမ္မာကျမ်းစာများမှ ကျွန်ုပ်တို့တွေ့နိုင်သည်။ ပညာသတိရှိသော သတို့သမီးများသည် တစ်စုံတစ်ဦးက မင်္ဂလာဆောင်လုလင်လာနေပြီဟု ကြွေးကြော်သံကို ကြားရသောအခါ သူ့ကို လက်ခံကြိုဆိုရန် သူတို့ထွက်သွား၍ လက်ဦးမှုရယူပြီးလျှင် ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုကြသည်။ နောက်ဆုံးတွင် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏အသံကို ကြားသောကြောင့် သခင့်ကို လက်ခံကြိုဆိုကြသည်။ ယင်းသည် သမ္မာကျမ်းစာများတွင် မှတ်တမ်းတင်ထားသည့်အတိုင်း၊ ရှမာရိအမျိုးသမီးအနေဖြင့် သခင်ယေရှုက “အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဘူးပြီ။ ယခု သင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည် မှန်သောစကားကို ပြောပြီဟု မိန့်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၄:၂၉) ဟု မိန့်ဆိုသည်ကို ကြားခဲ့ရသကဲ့သို့ ဖြစ်ပေသည်။ ထိုအခါ သူမသည် ဘုရားသခင်ကသာလျှင် သူမစိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသော အရာများကိုသိ၍ ပြောနိုင်ကြောင်း သဘောပေါက်ခဲ့သည်။ အံ့အားသင့်စွာဖြင့် သူမက ထိုနေရာရှိလူတို့ကို “အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသေ။” (ရှင်ယောဟန်ခရစ်ဝင် ၄:၂၉) ဟု အော်ဟစ်ပြောဆိုလေသည်။ သခင်ယေရှုကြွလာမည့်အကြောင်း ဟောကိန်းထုတ်ထားခဲ့သော မေရှိယဖြစ်သည်ကို သူ၏ နှုတ်ထွက်စကားများအားဖြင့် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပေတရုရှိသေးသည်၊ သခင်နှင့်အတူ ရှိနေခဲ့သော သူ၏ဘဝတစ်လျှောက်တွင် သခင်ယေရှုပြောခဲ့သော စကားများနှင့် ပြုခဲ့သောအလုပ်တို့မှာ သာမန်လူတစ်ဦး ပြောနိုင်လုပ်နိုင်စွမ်းရှိသည့် အရာများမဟုတ်ကြောင်းကို သူတွေ့မြင်ခဲ့သည်။ သခင်၏ စကားများနှင့် အလုပ်အားဖြင့် သူက သခင်ယေရှုသည် ဘုရားသခင်၏သား၊ ခရစ်တော်ဖြစ်သည်ကို သိမှတ်ခဲ့ပေသည်။ နာသနေလ၊ ယောဟန်၊ အန္ဒြေနှင့် သခင်ယေရှု၏ နှုတ်ထွက်စကားများ၌ ဘုရားသခင်၏အသံကို ကြားခဲ့သောသူများ အားလုံးတို့လည်း ရှိသေးသည်။ သူတို့က သခင်ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်း အသေအချာ သဘောပေါက်နားလည်ပြီး သူ့နောက်လိုက်ရန် အရာအားလုံးကို သူတို့ စွန့်လွှတ်ခဲ့ကြသည်။ ဤလူတို့သာလျှင် ပညာသတိရှိသော သတို့သမီးများ ဖြစ်ကြပါသည်။

အထက်ပါအချက်အလက်များက ကျမ်းစာဖတ်သော၊ စည်းဝေးပွဲများ တက်ရောက်သော၊ သခင့်အလုပ်ကို ကြိုးကြိုးစားစား ဆောင်ရွက်သော၊ ထို့ပြင် အလေးအနက်ထား စောင့်ဆိုင်းသော လူများအားလုံးမှာ ပညာသတိရှိသော သတို့သမီးများ မဟုတ်ကြောင်းကို ပေါ်လွင်ထင်ရှားစေသည်။ အထက်ပါအားလုံးထက် ပညာသတိရှိသော သတို့သမီးများမှာ ဘုရားသခင်၏ အသံကို အရေးစိုက်သောသူများ ဖြစ်ကြပြီး၊ သူတို့သည် အခြားသူများက ဘုရားသခင်၏ ဧဝံဂေလိတရားအား ဝေငှသည်ကို ကြားကြသောအခါ သူတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်နိုင်ကြပြီး ဘုရားသခင်၏အလုပ်ကို နှိမ့်ချမှုရှိသော၊ ရှာဖွေမှုပြုတတ်သော စိတ်နှလုံးများနှင့်အတူ ဘုရားသခင်၏အလုပ်ကို စုံစမ်းစစ်ဆေးနိုင်ကြသည်။ နောက်ဆုံးတွင် သူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိကာ၊ ဘုရားသခင်၏အသံကို သိမှတ်ပြီး သခင့်ကို လက်ခံကြိုဆိုကြသည်။ ဘုရားသခင်၏အသံအား နားထောင်ခြင်းကို အာရုံမစိုက်သောသူများ၊ ဖော်ပြပြောဆိုနေသော သမ္မာတရားကို ကြားပြီးနောက်တွင်ပင် မရှာဖွေသောသူများ၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများ၊ သမ္မာကျမ်းစာများ၏ လုံးချင်းစာသားများအပေါ် ခေါင်းမာစွာဖြင့်သာ ဖက်တွယ်ထားသူများနှင့် အပင်ပန်းခံခြင်း၊ မိမိကိုယ်ကိုယ်အသုံးခံခြင်းနှင့် ပူဇော်သက္ကာများကို တင်လှူခြင်းအားဖြင့် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို သူတို့ ကြိုဆိုနှုတ်ဆက်နိုင်လိမ့်မည်ဟု ယုံကြည်သောသူများ၊ သူတို့အားလုံးမှာမူ မိုက်မဲသော သတို့သမီးများဖြစ်ကြပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကျေးဇူးတော်ကို သူတို့ ဆုံးရှုံးရလိမ့်မည်။

ကပ်ဘေးများကြားတွင် မိုက်မဲသောသတို့သမီးများ ဖြစ်လာခြင်းနှင့် ဘုရားသခင်၏ စွန့်ပစ်မှုနှင့် သုတ်သင်ဖယ်ရှင်းမှု ခံရခြင်းကို ရှောင်လွှဲရန်အတွက် သခင်ကြွလာခြင်းကို လက်ခံကြိုဆိုရမည့် ဤအရေးကြီးသော အခါသမယတွင် ကျွန်ုပ်တို့သည် ပညာသတိရှိသော သတို့သမီးများ ဖြစ်လာသင့်ပြီး ဘုရားသခင်၏အသံကို ကြားရရန် ရှာဖွေခြင်းအပေါ် မိမိကိုယ်ကိုယ် အာရုံစိုက်သင့်ပေသည်။ ဗျာဒိတ်ကျမ်းစာအုပ်ထဲတွင်- “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဟု ရေးထားသည်။ အဆုံးသတ်ကာလတွင် သခင်ပြန်လာသည့်အခါ သူသည် နှုတ်ကပတ်တော်များအား မိန့်မြွက်ရန်အတွက် ဖြစ်သည်ကို ဤအနာဂတ္တိစကားများက ပြသပါသည်။ ထို့ကြောင့် ဘုရားသခင်၏အသံကို ကျွန်ုပ်တို့ အဘယ်သို့ သတိပြုနားလည်နိုင်မည်နည်း။ နောက်ထပ် အခြေခံသဘောတရားများ အနည်းငယ်အပေါ် ထပ်မံ၍ မိဿဟာယပြုကြစို့။

၁) ဘုရားသခင်ဖော်ပြထားသည့် မိန့်မြွက်ချက်များက အခွင့်အာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်ပြီး၊ ၎င်းတို့မှာ ဘုရားသခင်၏ စိတ်နေသဘောထား ဖော်ပြချက်တစ်ခုဖြစ်သည်။

ကျွန်ုပ်တို့အားလုံး သိကြသည့်အတိုင်း အစအဦး၌ ကမ္ဘာမြေကို ဖန်ဆင်းရန် ဘုရားသခင်အသုံးပြုခဲ့သည်မှာ မိန့်မြွက်ချက်များပင်ဖြစ်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များက အခွင့်အာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုကို ပြောထွက်လိုက်သည်နှင့် ယင်းက လက်တွေ့အရှိတရား၌ ဖြစ်မြောက်လေသည်။ ယင်းက ကမ္ဘာဦးကျမ်းစာထဲတွင် ဘုရားသခင် ပြောဆိုသည့်အတိုင်းပင်ဖြစ်သည်- “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။(ကမ္ဘာဦးကျမ်း ၁:၃)တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။(ကမ္ဘာဦးကျမ်း ၁:၉) ယေဟောဝါက မောရှေထံ “ခပ်သိမ်းသော ဣသရေလလူမျိုးတို့အား သင် ပြောကြားကာ၊ သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းကြရမည်ဟု ဆိုလော့။(ဝတ်ပြုရာကျမ်း ၁၉:၂) ဟု မိန့်မှာခဲ့သည်။ ဖာရိရှိတို့ကို ဖော်ထုတ်ခဲ့သည့် သခင်ယေရှု၏ စကားများလည်း ရှိသည်- “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ ကြားလိုက်သည်နှင့် သာမန်လူတို့က ၎င်းတို့ကို မပြောနိုင်ကြောင်း ကျွန်ုပ်တို့ သတိပြုမိလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို အမိန့်ပေးနိုင်သည်။ ၎င်းတို့မှာ သူ၏နှုတ်ကပတ်တော်များအားဖြင့် ပုံသွင်းပြီး ပြုလုပ်ထားသည်။ ဘုရားသခင်ကို ခုခံပြီး မလိုက်နာသောသူများ အားလုံးသည်လည်း သူ့နှုတ်ကပတ်တော်များ၏ ရှုတ်ချပြစ်တင်ခြင်းကို ခံရနိုင်သည်။ ယင်းတို့ကို နားထောင်ခြင်းက ကျွန်ုပ်တို့အတွက် အံ့သြမှင်သက်ဖွယ်ကောင်းပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထားက မည်သည့်လူသားထံမှ စော်ကားပြောဆိုခြင်းကို သည်းမခံတတ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ၏ အဆင့်အတန်းနှင့် အခွင့်အာဏာကို အပြည့်အဝ ကိုယ်စားပြုကြောင်းနှင့်၊ နောက်ဆုံးသောကာလ၌ ကျွန်ုပ်တို့ကြားသည့်အရာမှာ ပြန်ကြွလာပြီးသောသခင်၏ အသံဟုတ်မဟုတ်ကို ကျွန်ုပ်တို့ သိမှတ်ရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုနိုင်သည်။ ဤသည်မှာ ကျွန်ုပ်တို့အနေဖြင့် ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည့်ပုံစံပင်ဖြစ်သည်။

၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များက နက်နဲရာများကို ထုတ်ဖော်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုနှင့် လျှို့ဝှက်ချက်များကို ဖော်ထုတ်သည်

ကျွန်ုပ်တို့အားလုံး သိကြသည့်အတိုင်း လူဇာတိခံယူထားသော သခင်ယေရှုက သူအမှုရန်ကြွလာခဲ့သည့် အချိန်အတောအတွင်း၌ နက်နဲရာများစွာကို ထုတ်ဖော်ခဲ့သည်။ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဟူ၍ ရှိသည့်အပြင် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဟူ၍လည်း ရှိခဲ့သည်။ သခင်က ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းနှင့်နှီးနွှယ်သည့် နက်နဲရာများကို ထုတ်ဖော်ခဲ့သောကြောင့်သာလျှင် အမှန်တကယ် နောင်တရပြီး ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်ကိုဆောင်သော လူများသည်သာ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ကြောင်းကို ကျွန်ုပ်တို့သိရသည်။ ဤသည်မှာ သခင်ယေရှုက ကျွန်ုပ်တို့ထံ ဤနက်နဲရာကို မထုတ်ဖော်ခဲ့ပါက ကျွန်ုပ်တို့ မည်သည့်အခါမျှ သိရလိမ့်မည်မဟုတ်သည့် အရာပင်ဖြစ်သည်။

ထို့ပြင် ဘုရားသခင်သည် လူတို့၏ အတွင်းပိုင်းစိတ်နှလုံးများကို ကြည့်ရှုစစ်ဆေးသော ဘုရားပင်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် စေ့စပ်သေချာသော နားလည်ခြင်းရှိသည်။ ဘုရားသခင်ကသာလျှင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ တည်ရှိသောအရာကို ထုတ်ဖော်နိုင်သည်။ ဥပမာ၊ သခင်ယေရှုက သင်္ဘောသဖန်းပင်အောက်က နာသနေလ၏ အကြောင်းအရာကို ပြောဆိုလျက် သခင်ယေရှုသည် ကြွလာမည့်အကြောင်း ဟောကိန်းထုတ်ထားခဲ့သော မေရှိယပင်ဖြစ်ကြောင်း နာသနေလအား လက်ခံဖို့ အခွင့်ပေးခဲ့သည်။ ယေရှုက သူ၏ဆုတောင်းချက်များတွင် ပါဝင်သည့်အကြောင်းအရာကို ပြောဆိုခဲ့သောကြောင့် သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်းကို အသိအမှတ်ပြုခဲ့သည့် အခွန်ခံမဿဲလည်း ရှိခဲ့ပေသည်။ ဤနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက နက်နဲရာများကို ထုတ်ဖော်ရုံသာမက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လျှို့ဝှက်ချက်များကိုလည်း ဖော်ထုတ်ကြောင်း ကျွန်ုပ်တို့ တွေ့နိုင်သည်။ ဤသည်မှာ တစ်စုံတစ်ရာက ဘုရားသခင်၏အသံ ဟုတ်မဟုတ်ကို ကျွန်ုပ်တို့ သတိပြုမိနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

၃) ဘုရားသခင်၏ မိန့်မြွက်ချက်များက အသက်၏အာဟာရကို ထောက်ပံ့ပေးနိုင်သည့်အပြင် လူတို့အတွက် လမ်းကြောင်းတစ်ခုကို စီစဥ်ပေးနိုင်သည်

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဘုရားသခင်ကိုယ်တော်တိုင်သည် သမ္မာတရားဖြစ်၏။ ဘုရားသခင်သည် မည်သည့်အချိန် မည်သည့်နေရာ၌မဆို လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့်အညီ သူတို့၏အာဟာရအတွက် သမ္မာတရားကို ဖော်ပြပေးနိုင်သည်။ ပညတ်တော်ခေတ်အတွင်း၌ လူသားမျိုးနွယ်သည် အသက်ရှင်နေထိုင်ပုံ သို့မဟုတ် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပုံကို မသိခဲ့ကြသောကြောင့် ဘုရားသခင်သည် သူတို့၏အသက်တာ၌ လူတို့ကို ဦးဆောင်ရန် မောရှေမှတစ်ဆင့် ပညတ်တော်ကို ပြဋ္ဌာန်းခဲ့သည်။ ပညတ်တော်ဆယ်ပါးထဲတွင် ပြောထားသည့်အတိုင်းပင်ဖြစ်သည်- “ငါသည် ကျွန်ခံရာနေရာ အီဂျစ်ပြည်မှ သင်တို့ကို ထုတ်ဆောင်လာခဲ့သော သင်တို့၏ဘုရားသခင် ယေဟောဝါဖြစ်သည်။ ငါ့ရှေ့မှောက်တွင် သင်တို့၌ အခြားသော ဘုရားမရှိရ။(တရားဟောရာကျမ်း ၅:၆-၇)လူအသက်ကို မသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။...ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယားကို တပ်မက်သောစိတ် မရှိစေနှင့်။...(တရားဟောရာကျမ်း ၅:၁၇-၂၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရပြီးနောက်တွင် ထိုခေတ်လူတို့သည် သူတို့ မည်သို့အသက်ရှင်နေထိုင်သင့်ပုံနှင့် ဘုရားသခင်အား မည်သို့ဝတ်ပြုကိုးကွယ်သင့်ပုံကို သိနားလည်ခဲ့ကြသည်။ ထို့နောက် သခင်ယေရှုသည် အမှုပြုရန်နှင့် ကောင်းကင်နိုင်ငံတော်နှင့်ယှဥ်သော ဧဝံဂေလိတရားကို ဖြန့်ဝေရန် ကြွလာခဲ့သောအခါ လူတို့သည် မိမိ၏အပြစ်များကို ဝန်ချ၍ နောင်တရသင့်ကြောင်း၊ သူတို့သည် သည်းခံစိတ်ရှည်ရမည့်အကြောင်း၊ သူတို့သည် မိမိကိုယ်ကိုယ်ကဲ့သို့ အခြားသူများကို ချစ်ရမည့်အကြောင်း၊ သူတို့သည် ကမ္ဘာလောက၏ ဆားနှင့်အလင်း ဖြစ်ရမည့်အကြောင်းနှင့် အခြားအကြောင်းအရာတို့ကို လူတို့အား စတင်သွန်သင်ခဲ့သည်။ ပေတရုက သခင်ယေရှုအား ဤမေးခွန်းကို မေးခဲ့စဥ်ကကဲ့သို့ဖြစ်သည်၊ “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်။” (ရှင်မဿဲခရစ်ဝင် ၁၈:၂၁) ယေရှုက ပေတရုကို ချက်ချင်းပင်၊ “ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။(ရှင်မဿဲခရစ်ဝင် ၁၈:၂၂) ဟု ပြန်ပြောခဲ့သည်။ သခင့်ထံမှ ဤစကားများကို ကြားရပြီးနောက်တွင် ပေတရုက ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့ လိုက်လျှောက်သင့်သည့်အရာဖြစ်ကြောင်းကို နားလည်ခဲ့သည်။ ဤသည်မှာ အခြေအနေပေါ်မမူတည် သို့မဟုတ် တိကျသော အကြိမ်အရေအတွက်အဖို့ ကန့်သတ်မထားပေ။ ဤတွင် ပေတရု၌ လက်တွေ့ကျင့်သုံးမှုလမ်းကြောင်းတစ်ခု ရရှိခဲ့သည်။

ထို့ကြောင့် တစ်စုံတစ်ဦးက ကျွန်ုပ်တို့ကို သခင်သည် ပြန်ကြွလာပြီးပြီဟု သတင်းကောင်းပေးပြီး သန့်ရှင်းသောဝိညာဥ်တော်က အသင်းတော်များကို စကားပြောနေသည်ဟု ကျွန်ုပ်တို့ကို သက်သေခံပါက ကျွန်ုပ်တို့သည် နားထောင်ပြီးလျှင် ဤနည်းလမ်းက ကျွန်ုပ်တို့၏ လတ်တလော လိုအပ်ချက်များအတွက် အာဟာရပေးနိုင် မပေးနိုင်သည်ကို အကဲဖြတ်နိုင်လေသည်။ ယခုတွင် ကျွန်ုပ်တို့အားလုံးသည် အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့ကို ဝန်ချတတ်သော အခြေအနေ၌ အသက်ရှင်နေကြကာ၊ ထိုမှနေ၍ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် မကယ်တင်နိုင်ကြပေ။ သူတို့ဝေငှသော စကားများက မိမိကိုယ်ကိုယ် အပြစ်မှ လွတ်မြောက်စေပြီး စင်ကြယ်ခြင်းအား ရရှိဖို့ရန်လမ်းကြောင်းကို ညွှန်ပြပေးနိုင်ပါက ဤသည်မှာ သခင်ယေရှုသည် ပြန်ကြွလာပြီးပြီဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤတစ်ခုတည်းသော သဘောတရားအပေါ် အခြေခံ၍ ဘုရားသခင်၏အသံကို ကျွန်ုပ်တို့ သတိပြုမိနိုင်လေသည်။

ဤမိဿဟာယပြုချက်က သင့်အား ပညာသတိရှိသောသတို့သမီး ဖြစ်လာရန်နှင့် သခင့်ကို လက်ခံကြိုဆိုရန်အတွက် လမ်းကြောင်းကို စီစဥ်ပေးသလော။ ၎င်းက သင့်အတွက် အကူအညီဖြစ်စေလျှင် သင်သည် ဤအရာကို အခြားသူများအား ဝေငှပေးလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် ပညာသတိရှိသော သတို့သမီးများ ဖြစ်လာနိုင်ကာ သခင့်အသံကို ရှာဖွေပြီး အာရုံစိုက်နားထောင်ရာ၌ ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ပုံအပ်လာရန်မှာ ကျွန်ုပ်၏ဆန္ဒပင်ဖြစ်သည်။ မကြာမီ သခင်၏ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုနှုတ်ဆက်ပြီး သူနှင့်အတူ စားသောက်ပွဲသို့ တက်ရောက်နိုင်ကြပါစေ။

အမှာစကား ချန်ခဲ့မည်