စာရင်း

ဘေးဒုက္ခများကြားတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှာဖွေသနည်း။

အမြန်လမ်းညွှန်
သခင် မိုးတိမ်တိုက်တစ်ခုပေါ်မှ ကြွလာသည်ကို စောင့်မျှော်ခြင်းအားဖြင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မျက်မြင် မြင်တွေ့ရမည်လော။
ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မည်သို့ရှာဖွေမည်နည်း။
ဘုရားသခင်သည် ယခုအခါ ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်နေသည်- ကိုယ်တော်၏ အသံတော်ကို သင် သတိပြုမိပါသလား။

ရှင်းဂျေး

ငလျင်များ၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် ရောဂါကပ်ဆိုးများတို့သည် လတ်တလော နှစ်များတွင် ပို၍ပို၍ မကြာခဏ ဖြစ်ပေါ်လာ ခဲ့သည်။ သခင်၏ ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများသည် အခြေခံအားဖြင့် ယခုအခါတွင် ပြည့်စုံခဲ့ပြီ၊ ပြီးလျှင် သခင်၏ ပေါ်ထွန်းခြင်းကို ရိုးသားစွာ တောင့်တ ကြသည့် ညီအစ်ကိုမောင်နှမများစွာတို့က သခင်သည် ပြန်ကြွလာပြီးဖြစ်လောက်သည်ဟု ခံစားကြရသည်။ သို့ပါက ကျွန်ုပ်တို့က သခင့်ကို အဘယ့်ကြောင့် မကြိုဆိုရသေးသနည်း။ ကိုယ်တော် အဘယ်မှာနည်း။ ကျွန်ုပ်တို့သည် သခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ရှာဖွေသင့် သနည်း။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး၊ “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀) ဟု သမ္မာကျမ်းစာတွင် ပြောထားသည့် အတွက် လူအချို့က သခင် ပြန်မကြွလာသေးဟု ထင်ကြပြီး၊ သူတို့သည် သခင့်ကို ထွက်ရှာဖွေဖို့ မလိုဟု ယုံကြည်ကြသည်။ သခင်ပြန်ကြွလာသည့် အချိန်တွင် သခင်သည် ကြီးစွာသော ဘုန်းအာနုဘော်နှင့် ခွန်အားတို့ဖြင့် မိုးတိမ်တိုက် တစ်ခုဖြင့် ကြွလာလိမ့်မည်ဖြစ်ပြီး၊ ဤဖြစ်စဉ်များကို မတွေ့မြင်ရသေးသောကြောင့်၊ ဤအရာက သခင်သည် ပြန်မကြွလာသေးသည်ကို သက်သေပြသည်ဟု သူတို့က ယုံကြည်ကြသည်။

ယခုအခါတွင် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ကွဲလွဲသော အမြင်ရှုထောင့်နှစ်ခု ရှိနေသည်။ ထို့ကြောင့် သခင်ပြန်ကြွလာပြီးပြီလား သို့မဟုတ် မကြွသေးဘူးလား။ သခင်ပြန်ကြွလာ သည့်အချိန်တွင် လူသားတို့ထံ သခင် မည်သို့ ပေါ်ထွန်းမည်နည်း။ သခင်က မိုးတိမ်တိုက် တစ်ခုပေါ်တွင် ဆင်းသက်လာသည်ကို စောင့်ဆိုင်းခြင်းက ကျွန်ုပ်တို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီး၊ သူ့အား ကြိုဆိုရလိမ့်မည်ဟု အာမခံချက်ပေးနိုင်ပါသလား။ ဤမေးခွန်းများနှင့် ပတ်သက်ပြီး အတူတကွ မိတ်သဟာယ ပြုကြရအောင်။

ဘေးဒုက္ခများကြားတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှာဖွေသနည်း။

သခင် မိုးတိမ်တိုက်တစ်ခုပေါ်မှ ကြွလာသည်ကို စောင့်မျှော်ခြင်းအားဖြင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မျက်မြင် မြင်တွေ့ရမည်လော။

“အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဤနှုတ်ကပတ်တော် ကျမ်းပိုဒ်ပေါ်တွင် အခြေခံလျက်၊ သခင် ရှင်ပြန်ထမြောက်သည့် အချိန်တွင်၊ သူက အဖြူရောင်မိုးတိမ်တိုက် တစ်ခုပေါ်တွင် ကောင်းကင်မှ ဆင်းသက်ခဲ့ကြောင်း၊ ပြီးလျှင် သခင်ပြန်ကြွလာသည့် အချိန်တွင်လည်း ထိုနည်းတူ သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာသည် အဖြူရောင် မိုးတိမ်တိုက် တစ်ခုကို စီးလာမည်ဖြစ်ကြောင်း ယုံကြည်သည့် ညီအစ်ကိုမောင်နှမများစွာ ရှိပါသည်။ သခင်က မိုးတိမ်တိုက်တစ်ခုပေါ်မှ ဆင်းသက်လာခြင်းနှင့် ပတ်သက်သည့် ဤဖြစ်စဉ်ကို မမြင်ရသေးသမျှ ကာလပတ်လုံး၊ ဤအရာက သခင်ပြန်မကြွလာ သေးကြောင်း ပြသနေသည်ဟု သူတို့က ယုံကြည်ကြသည်။ သို့သော် ဤနားလည်မှုသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးလုံး ကိုက်ညီသည်ဟု ကျွန်ုပ်တို့ သေချာနိုင်ပါသလား။ သမ္မာကျမ်းစာထဲမှာ- “အဘယ်ကြောင့်ဆိုသော် ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်မဟုတ်၊ သင်တို့၏ နည်းလမ်းများသည်လည်း ငါ၏ နည်းလမ်းများမဟုတ်ဟု ယေဟောဝါ မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်သည် မြေကြီးထက် ပိုမိုမြင့်မားသကဲ့သို့၊ ငါ၏ နည်းလမ်းများသည် သင်တို့၏ နည်းလမ်းများထက်၊ ငါ့ အကြံအစည်များသည် သင်တို့၏ အကြံအစည်များထက် သာ၍ မြင့်မား၏။(ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉) ဘုရားသခင်၏ အမြော်အမြင်သည် ကောင်းကင်ဘုံထက် ပိုရောက်သည်၊ ထို့ကြောင့် ဖန်ဆင်းခံလူသားမျိုးနွယ်ဖြစ်သည့် ကျွန်ုပ်တို့က ဘုရားသခင်၏ အမှုတော်ကို မည်သို့ နားလည် နိုင်မည်နည်း။ နောက်ဆုံးသောကာလတွင် သခင် မည်သို့ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်ပုံမှာ ကျွန်ုပ်တို့ လူသားများ မည်သည့်အခါမျှ မဆုံးဖြတ်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ သမ္မာကျမ်းစာ အစပိုင်းတွင် မေရှိယ ကြွလာခြင်းကို ပရောဖက်ပြုထား သော်လည်း၊ ထို့နောက် သခင်ယေရှု ကြွလာခဲ့ သည်- ဤသည်မှာ ကျွန်ုပ်တို့ လူသားများ စိတ်ကူးထားနိုင်သည့် အရာတစ်ခု ဖြစ်ပါသလား။ အကြောင်းမှာ ထိုအချိန်က ဖာရိရှဲများသည် အလွန်မာနထောင်လွှားပြီး၊ ဘဝင်မြင့်ခဲ့ကာ၊ သူတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ ကို ဖက်တွယ်ခဲ့ကြသောကြောင့်၊ ဘုရားသခင်ကို သူတို့က အာခံခဲ့ကြသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့က မည်မျှ သြဇာအာဏာပြည့်ဝပါစေ၊ သို့မဟုတ် တန်ခိုး ရှိပါစေ၊ သူတို့က ဘုရားသခင်၏ အမှုတော်ကို ဘောင်ခတ်ဖို့ သူတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ လိုက်နာခဲ့ကြလေသည်။ မေရှိယသည် နိုင်ငံရေးဆိုင်ရာ အာဏာကိုင်စွဲမည် ဖြစ်ကြောင်း၊ နန်းတော် တစ်ခုတွင် သေချာပေါက် မွေးဖွားမည်ဖြစ်ကြောင်း၊ နှင့် သူ၏ ပေါ်ထွန်းခြင်းတွင် အံ့ဖွယ်ကောင်းမည်ဖြစ်ကြောင်း သူတို့က ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် သခင်ယေရှုကို သူတို့ကြည့်ပြီး၊ သူက သာမန်ဂျူးလူမျိုး တစ်ယောက်သာ ဖြစ်ကြောင်း၊ သူက မေရှိယဟု မခေါ်သကဲ့သို့၊ နန်းတော် တစ်ခုတွင် မမွေးဖွားခဲ့ကြောင်းတို့ကို မြင်သည့်အခါတွင်၊ သူတို့က သခင်၏ အမှုတော်ကို လက်မခံလိုဘဲ၊ သခင်ယေရှုကို ကားစင်တွင် သံမှိုစွဲဖို့ ရောမအာဏာပိုင်များဖြင့် လျှို့ဝှက် ဆောင်ရွက်သည်အထိပင် လွန်လွန်ကဲကဲ ဆောင်ရွက်ခဲ့သည်၊ ထိုသို့ဖြင့် သူတို့သည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခံခဲ့ရသည်။ သို့သော် ဖာရိရှဲတို့သည် သခင့်ကို မည်မျှ ပြစ်တင်ရှုတ်ချပြီး၊ ဆန့်ကျင်ခဲ့ပါစေ၊ သခင် ပေါ်ထွန်းခြင်း နှင့် အလုပ်လုပ်ခြင်းတို့သည် အမှန်တရားများဖြစ် ကြသည်၊ ပြီးလျှင် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ခုလုံးကို ရွေးနှုတ်ခြင်း အလုပ်ကို စုံလင်စေ ခဲ့သည်။ ထို့ကြောင့် ဘုရားသခင် ပေါ်ထွန်းပြီး၊ အမှုတော်ကို ဆောင်ရွက်နေခြင်းရှိမရှိကို လူများ အသိအမှတ်ပြုခြင်း ရှိမရှိပေါ်တွင် အခြေခံပြီး ဆုံးဖြတ်၍မရနိုင်ဘဲ၊ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် အချက်များပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ရပါမည်။ ယခုခေတ်တွင် ဘေးဒုက္ခများသည် မကြာခဏ ပေါ်ပေါက်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်၊ အစ္စရေးနိုင်ငံတော်သည် ပြန်ပေါ်ထွန်းလာပြီ၊ ပြီးလျှင် အနီရောင် လကြတ်ခြင်းလေးခုကိုလည်း တွေ့မြင်ဖူးပြီ- ဤအရာအားလုံးတို့သည် သခင်၏ ပြန်ကြွလာခြင်း နှင့် ပတ်သက်သည့် ပြည့်စုံချက်များ ဖြစ်လေသည်။ သခင်သည် ပြန်ကြွလာပြီ ဖြစ်သော်လည်း၊ ကျွန်ုပ်တို့က သူ့အား မိုးတိမ်တိုက်တစ်ခုပေါ်မှ ဆင်းသက်လာသည်ကို မလှုပ်မယှက် စောင့်မျှော် နေဆဲဖြစ်ပါက၊ ကျွန်ုပ်တို့သည်လည်း သခင်ယေရှုကို ဖာရိရှဲများ ဆန့်ကျင်ခဲ့သည့် အချိန်က ဖာရိရှဲများကဲ့သို့ အမှားမျိုးကို ထပ်လုပ်ဖို့ ကြီးစွာ အန္တရာယ် မရှိပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည့်အတိုင်းပင် ဖြစ်သည်။ “သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။

အမှန်မှာမူ နောက်ဆုံးသောကာလတွင် သခင် အတိအကျ မည်သို့ ပြန်ကြွလာမည်ဆိုသည်နှင့် ပတ်သက်ပါက၊ မိုးတိမ်တိုက်တစ်ခုပေါ်တွင် သခင် ကြွဆင်းလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာရှိ ပရောဖက်ပြုခြင်းအပြင်၊ သခင် တိတ်တဆိတ် ပြန်ကြွလာမည့်အကြောင်း ပြောထားသည့် အခြား ပရောဖက်ပြုခြင်းများ ရှိပါသည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။(ဗျာဒိတ်ကျမ်း ၃:၃)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) နှုတ်ကပတ်တော်၏ ဤကျမ်းပိုဒ်များတွင် “သန်းခေါင်ယံ၌ကြည့်ပါ။ ကြွေးကြော်လျှင်။” နှင့် “သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။” ဆိုသည့် စကားလုံးများက သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်သည် တိတ်ဆိတ်စွာ လာမည်ဖြစ်ကြောင်း၊ လူသားမျိုးနွယ်အကြားတွင် ကိုယ်တော်သည် တိတ်တဆိတ် ဆင်းသက်လာမည် ဖြစ်ကြောင်း နှင့် သူ၏နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ်တို့၏ တံခါးများကို ခေါက်မည်ဖြစ်ကြောင်းတို့ကို ဖော်ပြ ထားသည်။ နောက်ဆုံးသောကာလတွင် သခင်က မိုးတိမ်တိုက်တစ်ခုပေါ်မှ ဆင်းသက်ခြင်းဖြင့် ကျွန်ုပ်တို့ထံ ပေါ်ထွန်းခဲ့မည် ဆိုပါက၊ ဤပရောဖက်ပြုခြင်းများသည် မည်သို့ ပြည့်စုံ မည်နည်း။ သခင်က မိုးတိမ်တိုက် တစ်ခုပေါ်မှ ဆင်းသက်လာမည်ဆိုပါက၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ တံခါးများကို ခေါက်ဖို့ လိုပါသလား။ သခင်က သူ့ကို ယုံကြည်သူများအားလုံးထံသို့ မိုးတိမ်တိုက်တစ်ခုပေါ်မှ ကြွလာခြင်းဖြင့် ပေါ်ထွန်း မည်ဆိုပါက၊ မည်သူမျှ သူ့ကို ဆန့်ကျင်ရဲမည် မဟုတ်ဘဲ၊ အားလုံးသည်လည်း ကိုယ်တော်၏ ခြေတော်ရင်းတွင် ပြိုလဲကြလိမ့်မည်။ ထိုအရာ ဖြစ်ပျက်ပါက၊ ကိုယ်တော် ပြန်ကြွလာ သည့်အချိန်တွင် တောပင်များမှ စပါးပင်ကို၊ ဆိတ်များမှ သိုးများကို၊ ပြီးလျှင် ပညာမဲ့သော သတို့သမီးများမှ ပညာရှိသတို့သမီးများကို ခွဲခြားခြင်းဖြစ်သည့် သခင်၏ အလုပ်နှင့် ပတ်သက်သော သမ္မာကျမ်းစာထဲမှ ပရောဖက် ပြုခြင်းများသည် မည်သို့ ဖြစ်လာမည်နည်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပရောဖက်ပြုသည့် ကျမ်းချက်အနည်းငယ်ကို ယူပြီး၊ ထိုကျမ်းချက်များကို အသုံးပြုကာ သခင်ပြန်ကြွ လာသည့် အချိန်တွင် ဖြူသောမိုးတိမ်တိုက် တစ်ခုပေါ်မှ ဆင်းသက် လာခြင်းဖြင့် ကျွန်ုပ်တို့ ထံသို့ ပေါ်ထွန်းမည်ဟု ဆုံးဖြတ်၍မရပါ၊ အကြောင်းမှာ ထိုသို့ဆုံးဖြတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်မှုလွဲနိုင် လိမ့်မည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မည်သို့ရှာဖွေမည်နည်း။

သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများ နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ ဆွေးနွေးချက် ပေါ်တွင် အခြေခံလျက်၊ သခင်သည် တိတ်တဆိတ် လာခြင်းဖြစ်သော နောက်ထပ်နည်းလမ်းတစ်ခုဖြင့် မည်သို့ပြန်ကြွလာမည့် အကြောင်းကို ကျွန်ုပ်တို့ ယခုလေးတင် ပြောသွားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှာဖွေသင့်သနည်း။ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟု မိန့်တော်မူ ခဲ့သည်။ ပြီးလျှင် ဗျာဒိတ်ကျမ်းတွင် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂၊ ၃) ဟု အကြိမ်ပေါင်းများစွာ ပရောဖက်ပြုထား ပါသည်။ သခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေဖို့အလို့ငှာ၊ သခင် မိုးတိမ်တိုက်တစ်ခုပေါ်မှ ဆင်းသက်လာသည်ကို ကျွန်ုပ်တို့ မလှုပ်မယှက်နှင့် စောင့်မျှော်နေရုံဖြင့် မရကြောင်းကို သခင်၏ နှုတ်ကပတ်တော်များနှင့် ဗျာဒိတ်ကျမ်းရှိ ပရောဖက်ပြုခြင်းများမှနေပြီး ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ယင်းအစား ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ သင်ယူရမည်ဖြစ်ပြီး၊ အသင်းတော်များသို့ သန့်ရှင်းသောဝိညာဉ်တော် မည်သည့်အရာများ မိန့်မြွက်သည်ကို ရှာဖွေရမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့် အရာ ပြောသည်ကို ကြည့်ကြရအောင်၊ “ဘုရားသခင်သည် မည်သည့်အရပ်၌ ပေါ်ထွန်းသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသနည်း။ သင်တို့၌ အဖြေရှိပြီလော။ လူတော်တော်များများက ‘ဘုရားသခင်က သူ့နောက်လိုက်သောသူ အားလုံးအကြား၌ ပေါ်ထွန်းပြီး ကိုယ်တော်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြား၌ ရှိသည်၊ ထိုမျှပင် ရိုးစင်းလှသည်။’ ဟု ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေကားကျ စကားလုံးများပါသည့် အဖြေမျိုးကို ပေးနိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ၏ခြေရာများဟုဆိုရာ၌ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်ကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများထဲသို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက် တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာ ဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင် လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် ရေတိုလုပ်ဆောင်မှုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတွင်းရှိ အလုပ်အဆင့် တစ်ဆင့်အလို့ငှာ ဖြစ်သည်။

ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ကိုက်ညီမှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင် မြင်တွေ့လိုပြီး၊ ဘုရားသခင်၏ ခြေရာများကို ရှာတွေ့လိုပါက၊ အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ကျွန်ုပ်တို့ ရှာဖွေဖို့ဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား နားလည်သဘောပေါက် ခွင့်ပြုလေသည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင် မြင်တွေ့ခြင်းဆိုသည်မှာ သခင်၏ ဝိညာဉ်ခန္ဓာက မိုးတိမ်တိုက်အဖြူတစ်ခုပေါ်တွင် စီးလာပြီး၊ ကျွန်ုပ်တို့ ရှေ့တွင် ရုတ်တရက် ပေါ်ထွန်းလာခြင်းကို ဆိုလိုခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ခဲ့ဖူးသည်။ အမှန်မှာမူ လူသားထံသို့ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် မည်သည့်အရာ၏ နိမိတ်လက္ခဏာမျှ မဟုတ်ဘဲ၊ တဒင်္ဂမျှ ပေါ်ထွန်းခြင်းတစ်ခုလည်း မဟုတ်ပါ။ ထိုအစား လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို ထမ်းဆောင်ဖို့၊ ခေတ်ဟောင်းကို အဆုံးသတ်ဖို့၊ သမ္မာတရားကို လူသားတို့အပေါ် ပေးအပ်ဖို့ နှင့် လူသားတို့ကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြဖို့တို့အတွက် ဘုရားသခင် ကိုယ်တော်တိုင် လူသားများအကြား ဆင်းသက် လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ မိန့်မြွက်ချက်အသစ်များကို ကျွန်ုပ်တို့ ရှာတွေ့ပါက၊ ကျွန်ုပ်တို့သည် သူ၏ အသံတော်ကို ကြားပြီး၊ သူ၏ ပေါ်ထွန်းခြင်းကို မျက်မြင် မြင်တွေ့လိမ့်မည်။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော် ဆောင်ရွက်သည့်အချိန်က၊ ကိုယ်တော်သည် ပညတ်တော်ခေတ်၏ အမှုတော် အဆုံးသတ်ခဲ့ပြီး၊ ခေတ်သစ်တစ်ခုကို စတင်ကာ၊ နောင်တရခြင်း နည်းလမ်းကို ဖော်ပြသည်၊ လူများကို ဝန်ခံဖို့နှင့် နောင်တရဖို့၊ သည်းခံပြီး စိတ်ရှည်ဖို့၊ နှင့် သူတို့၏ ရန်သူများကို ချစ်ရန်၊ စသည်တို့ကို သင်ကြားပေး ခဲ့သည်။ ကိုယ်တော်သည် ကောင်းကင် နိုင်ငံတော်၏ နက်နဲမှုများနှင့် ကောင်းကင်ဘုံထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေအနေများ စသည်တို့ ကိုလည်း ထုတ်ဖော်ခဲ့သည်။ ကိုယ်တော်က “ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ ထို့ကြောင့် နောင်တရကြလော့။(ရှင်မဿဲခရစ်ဝင် ၄:၁၇) နှင့် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သော သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဆိုသည့် အရာများကို မိန့်တော်မူခဲ့သည်။ ဤနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ပုံနှင့် ဆက်နွှယ်နေပြီး၊ ၎င်းတို့သည် အလွန့်အလွန် နက်နဲပုံရသည့်အပြင်၊ သြဇာအာဏာပြည့်ပြီး၊ တန်ခိုးရှိလှသည်။ မည်သည့် လူသားတစ်ယောက်မှ ထိုကဲ့သို့သော စကားများကို မပြောနိုင်ခဲ့ပါ၊ ယင်းထက် ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် လူ့ဇာတိခံ ဘုရားသခင်၏ ဖော်ပြချက်များ ဖြစ်ပေသည်။ သခင်ယေရှု၏ ဒေသနာများကို ကြားသည့်သူများ၊ ထိုဒေသနာများကို ဘုရားသခင်၏ အသံတော် အဖြစ် သတိပြုနိုင်စွမ်းရှိပြီး၊ သခင်ယေရှု၏ အမှုတော်ကို လက်ခံနိုင်စွမ်းရှိသူများသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင် မြင်တွေ့ခဲ့ပြီး၊ သူ၏ ခြေရာများနောက်ကို လိုက်ခဲ့သူများဖြစ်သည်။ အခြားတစ်ဖက်မှာမူ၊ တရားတော်များကို ခေါင်းမာစွာနှင့် ဖက်တွယ် ထားပြီး၊ မေရှိယ၏ ကြွလာခြင်းကို စောင့်မျှော် ရုံသာ ရှိသူများသည်၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ကြားပြီး၊ လူသားများ မပြုလုပ်နိုင်သည့် အံ့ဖွယ်အမှုများကို ကိုယ်တော် ပြုခဲ့သည်ကို မြင်သော်လည်း ကိုယ်တော်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်သည်ကို အသိအမှတ်မပြုဆဲဖြစ်သည်။ ယင်းအစား ကိုယ်တော်သည် ပြစ်မှားစော်ကားသော စကားများကို ပြောကြောင်း နှင့် ဗေလဇေဗုလ၏ တန်ခိုးအားဖြင့် မကောင်းဆိုးဝါးများကို မောင်းထုတ်ကြောင်းတို့ကို ပြောလျက် သူတို့က သခင်ယေရှုကို စီရင်ပြီး၊ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဤလူများက ဘုရားသခင်၏ အသံတော်ကို သတိပြုနိုင်စွမ်းမရှိဘဲ၊ ပညာမဲ့သတို့သမီးများ ဖြစ်ကြကာ၊ သူတို့သည် ဘုရားသခင်၏ ဖော်ထုတ်ပြီး သုတ်သင်ဖယ်ရှင်းခြင်းကို ခံခဲ့ရသူများဖြစ်သည်။ ထို့ကြောင့် သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ဂရုတစိုက် နားထောင်ဖို့ အရေးကြီးပါသည်။ သခင်ယေရှုက သူပြန်ကြွလာသည့်အချိန်တွင် သမ္မာတရားများကို ပို၍ ဖော်ပြမည်ဟု ကြာမြင့်စွာကတည်းက ပရောဖက်ပြုထားခဲ့သည်၊ ဥပမာအားဖြင့် “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇တွင် သူက “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” ဟု မိန့်တော်မူထားသည်။ ပြီးလျှင် ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇တွင် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” ဟု ပြောထားသည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် သူက ကျေးဇူးတော်ခေတ်တွင် ဖော်ပြခဲ့သည့် သမ္မာတရားများထက် ပိုမိုများပြားပြီး၊ ပိုမိုမြင့်မားသည့် သမ္မာတရားများကို ကျွန်ုပ်တို့၏ ဝိညာဉ်အသက်တာအတိုင်း ထုတ်ဖော်ပြမည်ဟု ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့ကို ပြထားသည်။ ထိုသည်မှာ ကိုယ်တော်က “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူ သည်ကို။” ကို ဖော်ပြမည်ဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ထမ်းဆောင်လိမ့်မည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းများမှ သန့်ရှင်းစေဖို့၊ အပြစ်၏ အချုပ်အနှောင်များမှ လွှတ်ပေးဖို့ နှင့် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့ အလို့ငှာ ကျွန်ုပ်တို့ကို သန့်စင် ပေးဖို့ သူဖော်ပြသည့် သမ္မာတရားများကို အသုံးပြုလိမ့်မည်။ ထို့ကြောင့် သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့၊ ကျွန်ုပ်တို့၏ အရေးတကြီး လုပ်ဆောင်ချက်တာဝန်မှာ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များကို မိန့်မြွက်သည့်အရာများကို ရှာဖွေဖို့ ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

ဘုရားသခင်သည် ယခုအခါ ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်နေသည်- ကိုယ်တော်၏ အသံတော်ကို သင် သတိပြုမိပါသလား။

သို့ပါက အသင်းတော်များကို သန့်ရှင်းသော ဝိညာဉ်တော် မိန့်မြွက်သည့်အရာကို ကျွန်ုပ်တို့ မည်သည့်နေရာတွင် ရှာဖွေသနည်း။ အမှန်မှာမူ သခင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော် တစ်ဖြစ်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ကြာမြင့်သောအချိန် ကတည်းက ပြန်ကြွလာခဲ့ပြီး ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင်၊ ကိုယ်တော်သည် လူသားအဖြစ်နှင့် လူ့ဇာတိခံယူခဲ့ပြီး၊ သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ တရုတ်ပြည်တွင် ပေါ်ထွန်းခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားများအားလုံးကို ဖော်ပြလေပြီ၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ကိုယ်တော် ဆောင်ရွက်လေပြီ၊ ပြီးလျှင် ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ခဲ့သည်။ ယခုအခါတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိ တရားသည် အနောက်တိုင်းကို ရောက်ရှိပြီး၊ လူသားမျိုးနွယ် တစ်ခုလုံး ရှာဖွေပြီး စုံစမ်းမေးမြန်းဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘာသာစကား ၂၀ ကျော်သို့ ဘာသာပြန်ဆိုပြီး အွန်လိုင်းတွင် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဤသည်မှာ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟု ပြောထားသည့် သမ္မာကျမ်းစာရှိ ပရောဖက်ပြုခြင်းကို ပြည့်စုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင်၏ နှစ်ခြောက်ထောင်စီစဉ်ခန့်ခွဲမှု အမှုတော်နှင့် ပတ်သက်သည့် နက်နဲမှုကို ဖွင့်ပြသည်၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသား၏ အပြစ်ရှိသော ဇာစ်မြစ်ကို ထုတ်ဖော်ခဲ့သည်၊ ပြီးလျှင် သန့်စင်ခံရပြီး၊ ကယ်တင်ခံရဖို့ လမ်းကြောင်းကို ကျွန်ုပ်တို့ကို ပြခဲ့သည်။ ဤသမ္မာတရားများသည် အရှေ့အရပ်မှ ထွက်ပေါ်လာပြီး အနောက်အရပ်သို့ပင် ထွန်းလင်းခဲ့သည့် စစ်မှန်သော အလင်းဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အချို့ကို ယခုဖတ်ကြရအောင်၊ ပြီးလျှင် ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်မဟုတ်၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော်များ ဟုတ်မဟုတ်တို့ကို ကျွန်ုပ်တို့ ကိုယ့်ဘာသာ တွေ့မြင်နိုင်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ့အမှု၏ နှစ်ကာလများစွာအတွင်းတွင် လူတို့သည် များစွာ ရရှိကြပြီးဖြစ်ကာ များစွာ စွန့်လွှတ်ကြပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မယုံကြည်ကြဟု ငါ ပြောဆဲ ဖြစ်သည်။ အကြောင်းမှာ၊ လူတို့သည် ငါဘုရားသခင်ဖြစ်သည်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုရုံမျှပြုကြသော်လည်း၊ ငါပြောဆိုသော သမ္မာတရားများကို ၎င်းတို့ သဘောမတူကြသည့်အပြင်၊ ၎င်းတို့ကို ငါ စေခိုင်းသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရား၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ အသက်၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏နာမကို အသိအမှတ်ပြုကြသော်လည်း သူ၏ အနှစ်သာရကို အသိအမှတ်မပြုကြဟု ဆိုလိုသည်။ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားဖို့ သာယာသော စကားများကိုသာ အသုံးပြုကြသည့်အတွက်၊ ငါသည် ၎င်းတို့ကို ၎င်းတို့၏စိတ်အားထက်သန်မှုအတွက် စက်ဆုပ်ရွံရှာ၏။ ၎င်းတို့ထဲမှ မည်သူမျှ ငါ့ကို အမှန်တကယ် မကိုးကွယ်ကြချေ။ သင်တို့၏ စကားများသည် မြွေ၏သွေးဆောင်ဖြားယောင်းခြင်း ပါရှိ၏။ ထို့အပြင်၊ ယင်းတို့သည် ကောင်းကင်တမန်မင်း၏ ကြေငြာချက်သဖွယ် လွန်လွန်ကဲကဲ စိတ်ကြီးဝင်ကြလေသည်။ ထို့အပြင်၊ သင်တို့၏ လုပ်ဆောင်ချက်များသည် အလွန်ဆိုးဝါးသော အတိုင်းအတာတစ်ခုထိ စုတ်ပြတ်ကာ ပေါက်ပြဲနေသည်။ သင်တို့၏ လွန်ကြူးသော စိတ်ဆန္ဒများနှင့် တပ်မက်သော ရည်ရွယ်ချက်များသည် နားကြားပြင်းကပ်စရာ ဖြစ်ကြသည်။ သင်တို့အားလုံးသည် ငါ၏အိမ်တွင် ပိုးဖလံများ၊ စက်ဆုပ်ရွံ့ရှာခြင်းဖြင့် စွန့်ပစ်ရမည့်အရာဝတ္ထုများ ဖြစ်သွားကြပြီးဖြစ်သည်။ အကြောင်းမှာ သင်တို့ထဲမှ မည်သူမျှ သမ္မာတရားကို မချစ်ပေ။ ထိုအစား၊ သင်တို့သည် ကောင်းချီးမင်္ဂလာ ခံစားရန်၊ ကောင်းကင်ဘုံသို့ တက်ရန်၊ ကမ္ဘာမြေပေါ်၌ ခရစ်တော်က သူ၏ တန်ခိုးအာဏာ ကိုင်စွဲခြင်းနှင့်ဆိုင်သည့် ခမ်းနားသော ရူပါရုံကို ရှုမြင်ရန် ဆန္ဒရှိကြပေသည်။ သို့သော်၊ သင်တို့ကဲ့သို့ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိလေသူ၊ အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသောသူ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏နောက်လိုက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်ကို သင်တို့ တွေးကြဖူးပါသလော။ ကောင်းကင်ဘုံသို့ သင်တို့ အဘယ်သို့ တက်ရောက်နိုင်ကြမည်နည်း။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းများ၊ ၎င်းတို့၏ ထည်ဝါမှုတွင် အစဉ်အလာမရှိသည့် မြင်ကွင်းများကို ရှုမြင်ခြင်းငှာ သင်တို့ အဘယ်သို့ ထိုက်တန်နိုင်ကြမည်နည်း။

ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။.

နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။

ယခုအခါ ကျွန်ုပ်တို့သည် လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု ခဲ့ပြီးသည့်အတွက်၊ စိတ်နှလုံးနှင့် ဝိညာဉ်နှစ်မျိုးလုံး ပိုင်ဆိုင်သည့် ညီအစ်ကိုမောင်နှမများသည် ဘုရားနှုတ်ကပတ်တော်တွင်ရှိသော သြဇာအာဏာနှင့် တန်ခိုးတို့ကို သဘောပေါက် နိုင်စွမ်းရှိပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်သည့် ပေါ်ထွန်းခြင်းကို တွေ့မြင်နိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ သမ္မာတရားကို ငြီးငွေ့သော၊ လောဘကြီးသော၊ လှည့်စားတတ်သော၊ မာနထောင်လွှားပြီး ဘဝင်မြင့်သော၊ ပြီးလျှင် သာ၍များပြားသော ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့်အပြင်၊ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်မှုတွင် ကျွန်ုပ်တို့ ကိုင်စွဲထားသည့် မမှန်ကန်သည့် အမြင်ရှုထောင့်များကိုလည်း ဖော်ထုတ်လေသည်။ အလုပ်အပင်ပန်းခံကြိုးစားခြင်းအားဖြင့်၊ အရာအားလုံးကို စွန့်လွှတ်ခြင်းအားဖြင့်၊ ပြီးလျှင် ဒုက္ခခံပြီး၊ ပေးဆပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သာလျှင် ဘုရားသခင်ကို အချစ်ဆုံး သူများ ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ခဲ့ဖူးသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံခြင်းအားဖြင့်သာလျှင်၊ ကျွန်ုပ်တို့၏ စိတ်သဘောထားများသည် အလွန် မောက်မာ သည်ကို မြင်တွေ့ရပြီး၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့က ကျွန်ုပ်တို့၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီပါက၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများတို့ဖြင့် ဘုရားသခင်၏ အမှုတော်ကို ဘောင်ခတ်သည် အထိ လုပ်ဆောင်ကြလေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အလွန် စွန်းထင်း နေသည်ကိုလည်း ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး၊ သူ၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ဘဲ၊ ယင်းထက် ကျွန်ုပ်တို့သည် ကောင်းကြီး မင်္ဂလာများကို ရရှိနိုင်ဖို့၊ ဘေးဒုက္ခများကို ရှောင်တိမ်းပြီး၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ဖို့တို့ အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံ နိုင်စွမ်း ရှိသော်လည်း၊ ဘုရားသခင်ကို အမှန်တကယ် နာခံခြင်း သို့မဟုတ် ချစ်ခြင်း မရှိပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကောင်းကြီး ပေးသည့်အခါတွင်၊ သူ့အတွက် ကျွန်ုပ်တို့ မိမိကိုယ်ကိုယ် အသုံးခံဖို့ ဆန္ဒရှိသော်လည်း၊ ဘေးဒုက္ခနှင့် စမ်းသပ်မှုများ ကျွန်ုပ်တို့ထံ ကျရောက်သည့်အခါတွင်၊ ဘုရားသခင်ကို ညည်းညူခြင်းနှင့် အပြစ်တင်ခြင်းတို့မှ မိမိကိုယ်ကိုယ် မရပ်တန့်နိုင်ပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို သံသယဖြစ်၍ပင်၊ ငြင်းပယ်ကြသည်။ ဤနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း မရှိဘဲ၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် သတိပြုမိခြင်း လုံးဝမရှိပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ဘုရားသခင်ကို ချစ်ပြီးနာခံသောသူများအဖြစ်နှင့်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရမည့် သူများအဖြစ် ယုံကြည်လျက် မိမိတို့၏ ကိုယ်ပိုင် ချီးမွမ်းခြင်းများကို သီဆိုနေဆဲဖြစ်လိမ့်မည်။ သို့သော်လည်း ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ်တို့ လက်ခံပြီးနောက်၊ ဘုရားသခင်သည် မည်မျှ သန့်ရှင်းပြီး ဖြောင့်မတ်သည်ကို ကျွန်ုပ်တို့ သဘောပေါက် လာသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို မရှာဖွေခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အပြစ်မှ မဖယ်ရှားခြင်း၊ ယင်းထက် ကောင်းကြီးမင်္ဂလာကို လက်ခံရရှိဖို့နှင် ကျေးဇူးတော် ရရှိရုံသာ ကိုယ်တော်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အသုံးချပြီး၊ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ သတိပြုမိလာသည်။ သို့ပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံသည်ဟု နောက်ထပ် မပြောရဲတော့ဘဲ၊ ကျွန်ုပ်တို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ဖျက်စီးခံထားရကြောင်းနှင့် သမ္မာတရားကို ရှာဖွေဖို့ အဆောတလျင် ပြုရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရမည်ဖြစ်ကြောင်းတို့ကို ခံစားရပါသည်။ တစ်ချိန်တည်းမှာပင် သမ္မာတရားကို ဖော်ပြခြင်းနှင့် လူသားမျိုးနွယ်ကို တရားစီရင်ခြင်းတို့၌ နောက်ဆုံးသောကာလ၏ ခရစ်တော် ထားရှိသည့် ကြီးစွာသော စောင့်ရှောက်မှု နှင့် အတွေးတို့ကို ကျွန်ုပ်တို့ နားလည်လာသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များသည် ခက်ထန်နိုင်သော်လည်း၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှုတို့ကို ရရှိစေဖို့ အလို့ငှာ ထိုနှုတ်ကပတ်တော်များအားလုံးကို မိန့်တော် မူခဲ့ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်လာ ခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်းတွင် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ သနားကရုဏာကို တွေ့ရှိနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားခြင်း မရှိပါက၊ စာတန်က ကျွန်ုပ်တို့အား မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးထားသည်ကို ကျွန်ုပ်တို့ မည်သည့်အခါမျှ တွေ့နိုင်မည် မဟုတ်ပေ၊ ပြစ်မှားစော်ကား၍မရနိုင်သော ဘုရားသခင်၏ ဖြောင့်မတ်သော၊ ဘုန်းအာနုဘော်ရှိသော စိတ်သဘောထားကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ၊ ဘုရားသခင်ကို ကြောက်သည့် နှလုံးသားတစ်ခုသည် ကျွန်ုပ်တို့ အတွင်းတွင် ပေါ်ပေါက်လာမည် မဟုတ်ပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် အပြစ်၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့် လူဖြစ်လာမည် မဟုတ်ပါ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြခြင်းကြောင့်သာ မဟုတ်ပါက၊ ပြစ်မှားစော်ကား၍ မရနိုင်သော ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားများကို မည်သည့် နှုတ်ကပတ်တော်က ထုတ်ဖော်နိုင်မည်နည်း။ အခြားမည်သူက ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သူတို့၏ စကားများဖြင့် တရားစီရင်ပြီး၊ ထုတ်ဖော်နိုင် သနည်း။ နောက်ဆုံးသောကာလတွင် လူများကို လုံးလုံး တရားစီရင်ပြီး သန့်စင်ပေးသည့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် ခပ်သိမ်းသော သမ္မာတရားများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနေအထားတို့ကို ထုတ်ဖော်ထားသည်။ သူ၏ သမ္မာတရားများသည် လူသားအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ ဖြစ်သော်လည်း၊ ထိုနှုတ်ကပတ်တော်များသည် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့လည်း ဖြစ်သည်။ နောက်ဆုံးသောကာလနှင့် ကြီးစွာသော ဘေးဒုက္ခကြီး မတိုင်မီ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တကြသူများကို ရှာဖွေဖို့ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ယင်းမှာ နောဧခေတ်ကဲ့သို့ပင် ဖြစ်သည်။ ရေလွှမ်းမိုးမှုကြီး မဖြစ်ပေါ်မီ၊ ဘုရားသခင်သည် လူများကို ကယ်တင်ဖို့ ဧဝံဂေလိတရား ဖြန့်ဝေရန် နောဧကို တာဝန်ပေး စေခိုင်းခဲ့သည်၊ ပြီးလျှင် ဧဝံဂေလိတရားကို လက်ခံနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ခဲ့သူသည် အသက်ရှင်လေသည်။ နောဧ၏ မိသားစုဝင် ရှစ်ဦးတို့က ကိုယ်တော်၏ စကားများကို ကြားပြီး၊ နာခံခဲ့သည်။ သူတို့က သင်္ဘောပေါ်တက်ခဲ့ သောကြောင့်၊ အသက်ရှင်သန်ခဲ့သည်၊ အမှန်တရား ကို မမြင်နိုင်သူများမှာမူ၊ မယုံကြည်ကြ သောကြောင့် ရေလွှမ်းမိုးမှု၏ ဖျက်ဆီးခံခဲ့ရသည်။ ယခုအခါ နောက်ဆုံးသောကာလတွင်၊ နောက်ဆုံးသောကာလ ခရစ်တော်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံသူများသည် သန့်စင်ခံရပြီး၊ ပြောင်းလဲကြ သည်။ သူတို့သည် ကြီးစွာသော ဘေးဒုက္ခကြီး မကျရောက်မီ ဘုရားသခင်အားဖြင့် အောင်မြင်သူ တစ်စုအဖြစ် ပြုလုပ်ခံရသည်၊ ၎င်းတို့သည် နောက်တစ်ခေတ်ထဲသို့ ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်းကို ခံရပြီး၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများနှင့် ကတိတော်များကို အမွေဆက်ခံရလေသည်။ ဘုရားသခင်သည် အောင်မြင်သူတစ်စုကို ပြုလုပ်ပြီးသည်နှင့် တပြိုင်နက်၊ ကြီးစွာသော ဘေးဒုက္ခကြီးကို လွှတ်ပေးလိမ့်မည်ဖြစ်ပြီး၊ ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ကာ၊ ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ပေးလိမ့်မည်။ ကိုယ်တော်သည် မိုးတိမ်တိုက်တစ်ခုပေါ်မှ ကြွလာပြီး၊ လူပုံအလယ်တွင် သူ့ကိုယ်သူ ထုတ်ဖော်ကာ၊ ထိုအချိန်က မိုးတိမ်တိုက်တစ်ခုပေါ်မှ သခင် ဆင်းသက်လာသည်ကိုသာ စောင့်မျှော်ပြီး၊ ဘုရားသခင်၏ လျှို့ဝှက်သော အမှုတော်ကို လက်မခံခဲ့ကြသူများမှာမူ ဘေးဒုက္ခများ၌ ဖယ်ရှားခံရကာ၊ ပြစ်ဒဏ်ပေးခံရမည်၊ ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းနှင့် အံကြိတ်ခြင်းများစွာ ရှိလိမ့်မည်။ ဤသည်မှာ “ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှား လိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၀) ဟု ပြောထားသည့် သမ္မာကျမ်းစာရှိ ပရောဖက်ပြုခြင်း၏ ပြည့်စုံချက် ဖြစ်လိမ့်မည်။

သို့ပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီဖို့အလို့ငှာ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို မည်သို့ ချဉ်းကပ်ကြရမည်နည်း။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။” အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ မျှော်လင့်ချက်များ ပါရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကြုံဆုံရသည့် အချိန်တွင်၊ ထိုအမှုတော်ကို ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများတို့ဖြင့် ဘောင်မခတ်ဘဲ၊ ယင်းထက် သမ္မာတရားကို နှိမ့်ချစွာ ရှာဖွေသူများ ဖြစ်လာခြင်း၊ ကျွန်ုပ်တို့သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို နားထောင်ခြင်း နှင့် ဤသမ္မာတရားများသည် ဘုရားသခင်၏ အသံတော် အမှန်တကယ် ဟုတ်မဟုတ်ကို သိဖို့ ကြိုးစားခြင်းတို့ကို ဘုရားသခင်က မျှော်လင့်ပါသည်။ ဤသို့ မပြုလုပ်ပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်မှာ သခင့်ကို ကြိုဆိုဖို့ အခွင့်အလမ်းကို လက်လွှတ်ရဖို့သာ ဖြစ်နေပြီး၊ ၎င်းသည် နောင်တရဖို့အတွက် အလွန်နောက်ကျလိမ့်မည် ဖြစ်သောကြောင့် ဤသို့ပြုလုပ်ခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်မည် ဖြစ်သည်။

အမှာစကား ချန်ခဲ့မည်