စာရင်း

တရားဟောဆရာတစ်ယောက်၏ စိတ်အနှောင့်အယှက်ဖြစ်ရခြင်း—သင့်ပြန်ကြွလာခြင်းကို ကြိုဆိုနည်း

ဂျန်ရှင်း တရုတ်ပြည်

ကျွန်တော်သည် အသင်းတော်မှ တရားဟော ဆရာတစ်ယောက် ဖြစ်သော်လည်း၊ ကျွန်တော့်မှာ ဟောကြားရန် ထိုက်တန်သည့် အရာတစ်ခုမှ မရှိသည့်အပြင် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့နိုင်ခြင်းလည်း မရှိဖြစ်နေပါသည်။ သူတို့၏ ယုံကြည်မှု သည် ယေဘူယျအားဖြင့် အားနည်းပြီး၊ အနှစ်အရသာ ကင်းမဲ့လာခဲ့ သည့်အပြင်၊ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် အတွင်း၌ သူတို့သည် ငိုက်မျဉ်း၍ ဖြစ်စေ၊ သို့မဟုတ် တီးတိုးစကားစမြည်ပြော၍ ဖြစ်စေ ရှိကြသည်။ ထိုမြင်ကွင်းသည် အသင်းတော်တွင် ပုံမှန်ဖြစ်ပေါ် နေသည်ကို မြင်ရသည်မှာ ကျွန်တော့် ကို အလွန်ပင် စိတ်တို စေပါသည်။ ကျွန်တော်သည် သခင်ထံသို့ အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ပြီး၊ အခါအခွင့်သင့်သည့် အချိန်များစွာတွင် ညီအစ်ကို မောင်နှမများအား နိုးကြားပြီး စောင့်ကြည့်မှု အပြည့်ရှိစေရန် သတိပေးခဲ့သော်လည်း၊ သူတို့ သည် သခင့်ပြန်ကြွလာခြင်းကို မကြိုဆိုနိုင်သေး သောကြောင့်၊ သူတို့ယုံကြည်မှုကိုလည်း ဆုံးရှုံးခဲ့ ကြရပါသည်။ ကျွန်တော်မည်သည့်အရာကိုပင် လုပ်ပါစေ၊ အသင်းတော်ကို အသက်ပြန်ဝင်လာ စေဖို့ မလုံလောက်ခဲ့ပါ။ ပြီးနောက် ယခုနောက်ဆုံး သောကာလကို ရောက်ခဲ့၍ မယုံကြည်သူ များကပင် ဘေးအန္တရာယ်ဆိုးကြီးများ ဖြစ်ပေါ် တော့မည်ကို သိကြသောကြောင့် သခင်ပြန်ကြွလာ သင့်ပြီ ဆိုသည့်အချက်မှာ အကျိုးသင့် အကြောင်းသင့်ရှိပါသည်။ သို့သော်လည်း ကျွန်တော်တို့က ကိုယ်တော့်ကို အဘယ့်ကြောင့် မကြိုဆိုနိုင်ရသနည်း။ ကျွန်တော်တို့သည် တိမ်များနှင့် မိုးကောင်းကင်ကို ကြည့်ခြင်း အားဖြင့် သခင့်ပြန်ကြွလာခြင်းကို အမှန်တကယ် ကြိုဆိုနိုင်မည်လား။ ကျွန်တော့်နှလုံးသားသည် အမှန်တကယ်ပင် မအီမသာဖြစ်ရပါသည်။

ကျွန်တော်သည် စိတ်မပါလက်မပါနှင့် ပဟေဠိဖြစ်နေသည့် အချိန်တွင်ပင်၊ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် သုံးဦးဖြစ်သည့် အစ်မလျူ၊ အစ်ကိုဂျန် နှင့် အစ်ကိုဝမ်းတို့ကို ကျွန်တော့်အိမ်သို့ လာရောက်လည်ပတ်ကြသည်၊ ပြီးနောက် ကျွန်တော်က သူတို့ကို မိမိစိတ်အနှောင့် အယှက်ဖြစ်ရခြင်းအကြောင်းကို ပြောပြသည်။

အစ်ကိုဝမ်းက “ယိုယွင်းပျက်စီးနေတဲ့ အသင်းတော်တွေဟာ ဘာသာရေးလောကတစ်ခုလုံးမှာ တစ်လျှောက်လုံး ဖြစ်လေ့ရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ သင်းအုပ်ဆရာတွေ နဲ့ တရားဟောဆရာတွေ များစွာတို့က သူတို့အဆင့်အတန်း နဲ့ အသက်မွေးမှုကို ကာကွယ်ချင်ကြလို့ ဒါကို ဝန်မခံကြတဲ့အပြင်၊ သူတို့ ရထားတဲ့ အရာတွေကို သူတို့က တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားကြတယ် ဒါပေမဲ့လည်း ဘေးအန္တရာယ်တွေက ပိုမိုကြီးမားလာပြီး၊ အပြာရောင် လကြတ်ခြင်းဖြစ်တာပဲ ၄ ခေါက်ရှိနေပြီ၊ ဒါကသမ္မာကျမ်းစာထဲမှာ ယောလကျမ်းက ပရောဖက်ပြုခြင်း ‘ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။' (ယောလ ၂:၂၉-၃၁) ကို ပြည့်စုံစေတာပဲ။ ဒီရက်ပိုင်း အတွင်း ကျွန်တော်က ဒီပရောဖက်ပြုခြင်းကို လေးလေးနက်နက် စဉ်းစားဆင်ခြင်ခဲ့ပြီး၊ အပြာရောင်လကြတ်ခြင်း ၄ ခေါက်ပေါ် လာခဲ့တာက 'လသည်လည်းသွေးဖြစ်လိမ့်မည်' ဆိုတဲ့ ဝါကျကို ပြည့်စုံစေတဲ့ သဘောရတယ်။ ပရောဖက်ပြုခြင်းမှာ 'ယေဟောဝါရဲ့ ကြောက်မက်ဖွယ်သောနေ့ ကြီးမတိုင်မီ'လို့လည်း ဖော်ပြထားတယ်။ ဒီ 'ကြောက်မက်ဖွယ်သောနေ့ကြီး' ဆိုတာက ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို ညွှန်းဆိုတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြီးတော့ ‘ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍။' ဆိုတာက ကြီးမားတဲ့ ဘေးအန္တရာယ်တွေ မဖြစ်ခင် ကာလအတွင်းမှာ ဘုရားသခင်ပြုတော်မူမဲ့ အမှုတော်ကို အတိအကျ ရည်ညွှန်းနေတယ်။ ဒါကတော့ ဒီပရောဖက်ပြုခြင်းတွေက ဘာကိုဆိုလိုတာလဲဆိုတာကို ကျွန်တော်နားလည်သဘောပေါက်တဲ့အရာပဲ။ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ မဖြစ်ခင်မှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က ဘုရားသခင်ရဲ့ အမှုကို ဆောင်ရွက်တဲ့ ယောက်ျားမိန်းမတို့အပေါ်ကို မြွက်ဆိုပြီး သွန်းလောင်းမဲ့ သဘောရတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က နောက်ဆုံးသောကာလမှာ အမှုတော်အဆင့် အသစ်ကို ပြုလုပ်တော့မယ်လို့ ကျွန်တော်ခံစားရတယ်။

ဘုရားသခင့်ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်က ဒီမှာ ပြောပြထားတာက အသင်းတော်တွေကို သန့်ရှင်းသောဝိညာဉ်တော် မြွက်ဆိုမဲ့အကြောင်း ဗျာဒိတ်ကျမ်းထဲက ပရောက်ဖက်ပြုခြင်းနဲ့ ဆက်စပ်နေတဲ့ သဘောရတယ်နော်။ ကျမ်းစာကျွမ်းကျင်သူ အများစုကလည်း ကြီးမားတဲ့ ဘေးအန္တရာယ် မဖြစ်ခင်မှာ ဘုရားသခင်က အောင်မြင်သောသူတစ်အုပ်ကို အတူတကွ စုစည်းမယ်ဆိုတာကို သဘောတူကြတဲ့ သဘောမှာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တွေးတာက ဒီလိုရှိတယ်- ဘုရားသခင့်ဝိညာဉ်တော်က ကိုယ်တော်ရဲ့ မိန့်မြွက်ချက်ကို မိန့်တော်မူပြီး၊ ဘုရားသခင်က အောင်မြင်သောသူတစ်အုပ်ကို ဖန်ဆင်းမယ်ဆိုတာ အတိအကျကိုပဲ ဆက်စပ်နေပြီးတော့ ဘုရားသခင်ရဲ့ မျက်လုံးတော်မှာ အောင်မြင်သောသူတွေက ဘုရားသခင်ရဲ့ အမှုကိုပြုတဲ့ ယောက်ျားမိန်းမတွေ အားလုံး ဖြစ်တယ်"ဟု ပြောသည်။

လူတိုင်းက ဤအချက်အားဖြင့် အသိဉာဏ်ပွင့်လင်းကြပြီး၊ အစ်ကိုဝမ်းကို ကြည့်ကြသည်။

အစ်ကိုဝမ်းပြောသည်ကို ကျွန်တော်က တွေးဆနေချိန်တွင် အစ်ကိုဂျန်က သူ့စကားကို ဆက်ပြီး “အဲဒါသာ တကယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံးလည်း အပြင်ထွက်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေကို လိုက်ရှာသင့်နေပြီ။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ သုတ်သင်ဖယ်ရှင်းတာကို ခံရပြီး ဘေးအန္တရာယ်တွေနဲ့ မတွေ့ရအောင် သန့်ရှင်းသောဝိညာဉ်တော်က သူ့ကိုသူ ဘယ်မှာ ဖော်ပြနေတယ်ဆိုတာကို ကျွန်တော်တို့ ရှာသင့်တယ်”ဟု ပြောလိုက်သည်။

ဤအကြောင်းကိုကြားရင်းဖြင့် ကျွန်တော့်နှလုံးသားကို ပိုမို များပြားသည့် အလင်းများ တို့ထိသည်ကိုပင် ခံစားခဲ့ရပြီး၊ ကျွန်တော်က “အစ်ကို့မိတ်သဟာယပြုတာကို နားထောင်ရင်းနဲ့ ကျွန်တော် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေဖြစ်တဲ့ ‘တောင်းကြ လော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကို ခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။' (ရှင်မဿဲ ၇:၇) 'ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။' (ရှင်မဿဲ ၅:၆) တို့ကို တွေးမိတယ်။ကျွန်တော်တို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်ကို အလျင်အမြန် ရှာဖွေပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်က ဘယ်အသင်းတော်ကို မြွက်ဆိုနေလည်း ဆိုတာကိုလည်း ကြည့်ရမဲ့သဘောမှာရှိတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့က မိုက်မဲစွာနဲ့ နေနေရင်၊ သခင့်ရဲ့ ဖယ်ရှားခြင်းခံရမှာကို စိုးမိပါတယ်”ဟု ပြောလိုက်သည်။

အစ်မလျူကလည်း ချိန်ဆပြောသည့် လေသံဖြင့် “အစ်ကိုက ဘုရားသခင့်ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေက သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်တွေကို မြွက်ဆိုနေတာ ဖြစ်တယ်လို့ ပြောနေတာလား။ ဒီအချက်က ကျွန်မကို သခင်ဟာ အနန္တ တန်ခိုးရှင်ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီဆိုတာကို သက်သေခံကြ တဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ယုံကြည်သူတွေအကြောင်း တွေးမိစေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရား များစွာကို ထုတ်ပြန်တော်မူခဲ့ပြီး၊ ဘုရားသခင်ရဲ့ အိမ်တော်ရာမှာ စတင်တဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုတော်မူနေတဲ့အပြင်၊ လက်ရှိမှာ အောင်မြင်သူတစ်အုပ်ကို စုံလင်အောင် ပြုနေတယ်။ဒါက ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ဘုရားသခင်ရဲ့ အမှုကိုပြုသူတွေကို သွန်းလောင်းတယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်မှု ရှိတယ်လို့ ထင်သလား။ ဟုတ်တယ်ဆိုရင်တော့ ကျွန်မတို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဟာ ဘုရားသခင်ရဲ့ အမှုတော်တကယ်ဟုတ်မဟုတ် ဆိုတာကို စုံစမ်းစစ်ဆေးတာမှာ အချိန်မဖြုန်းသင့်ဘူး”ဟု ပြောခဲ့ပါသည်။

အစ်မလျူကလည်း ချိန်ဆပြောသည့် လေသံဖြင့် “အစ်ကိုက ဘုရားသခင့်ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေက သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်တွေကို မြွက်ဆိုနေတာ ဖြစ်တယ်လို့ ပြောနေတာလား။ ဒီအချက်က ကျွန်မကို သခင်ဟာ အနန္တ တန်ခိုးရှင်ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီဆိုတာကို သက်သေခံကြ တဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ယုံကြည်သူတွေအကြောင်း တွေးမိစေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရား များစွာကို ထုတ်ပြန်တော်မူခဲ့ပြီး၊ ဘုရားသခင်ရဲ့ အိမ်တော်ရာမှာ စတင်တဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုတော်မူနေတဲ့အပြင်၊ လက်ရှိမှာ အောင်မြင်သူတစ်အုပ်ကို စုံလင်အောင် ပြုနေတယ်။ဒါက ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ဘုရားသခင်ရဲ့ အမှုကိုပြုသူတွေကို သွန်းလောင်းတယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်မှု ရှိတယ်လို့ ထင်သလား။ ဟုတ်တယ်ဆိုရင်တော့ ကျွန်မတို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဟာ ဘုရားသခင်ရဲ့ အမှုတော်တကယ်ဟုတ်မဟုတ် ဆိုတာကို စုံစမ်းစစ်ဆေးတာမှာ အချိန်မဖြုန်းသင့်ဘူး”ဟု ပြောခဲ့ပါသည်။

အစ်ကိုဝမ်းက “ဟုတ်တယ်။ ကျွန်တော်လည်း အဲဒါကို ကြားလိုက်တယ်။ သခင့်ပြန်ကြွလာတာကို ကြိုဆိုခြင်းနဲ့ ပတ်သက်ပြီး သခင်ယေရှုက ကျွန်တော်တို့ကို ပညာရှိသတို့သမီးတွေလိုဖြစ်အောင် အရမ်းအရေးကြီးတဲ့အချက်၊ အရမ်းလေးနက်တဲ့ အချက် တစ်ခုခုကို မိန့်တော်မူခဲ့တယ်”ကိုယ်တော်က ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။' (ရှင်မဿဲခရစ်ဝင် ၂၅:၆) လို့ မိန့်တော်မူတယ်။ ဤအချက်မှနေပြီး ကျွန်တော်တို့က သခင် ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်က ကိုယ်တော့်ပေါ်ထွန်းမှုကို စောင့်ဆိုင်းနေခဲ့ကြတဲ့ သူတွေအားလုံးဆီကို ကိုယ်တော်အသံတော်ကို ထုတ်လွှင့်တော်မူဖို့ လူတွေကို အသုံးပြုတော်မူမှာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့တွေ့ နိုင်ပါတယ်။ ကျွန်တော်တို့က သခင့်ပြန်ကြွလာတာကို တစ်စုံ တစ်ယောက်က သက်သေခံတယ်လို့ကြားတာနဲ့ ကျွန်တော်တို့လည်း ပညာရှိသတို့သမီးတွေလို ဖြစ်သင့်ပြီး၊ ဘုရားသခင်ရဲ့ အသံတော်ကို သေချာစွာ နားထောင်သင့်တယ်။ အဲဒါမှသာလျှင် ကျွန်တော်တို့က သခင့်ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်မှာဖြစ်တယ်”ဟု ပြောခဲ့သည်။

ထို့နောက် အစ်မလျူက “ကျွန်မမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီး အခုအဝေးမှာနေတဲ့ ဝမ်းကွဲအစ်မတစ်ယောက် ရှိတယ်၊ ပြီးတော့ သူက ကျွန်မကို ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့တယ်။ ကျွန်မက ဒီမေးခွန်းကို သူနဲ့ စကားရည်လုခဲ့ပေမဲ့လည်း ကျွန်မတို့အသင်းတော်က သင်းအုပ်ဆရာက အရှေ့အရပ်ကလျှပ်ပြက်ခြင်းရဲ့ စာအုပ်တွေကို ဖတ်တဲ့လူ ဘယ်သူမဆို နှင်ထုတ်ခြင်းခံရမယ်လို့ ခြိမ်းခြောက်ခဲ့တာနဲ့၊ ကျွန်မလည်း ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ မဝံ့ရဲတော့ဘူး။ ကျွန်မအစ်မဝမ်းကွဲက ကျွန်မကို ဗျာဒိတ်ကျမ်း ၁၆:၁၅ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။' နဲ့ ရှင်မဿဲခရစ်ဝင် ၂၅:၆ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။' နဲ့ ပြီးတော့လည်း ဗျာဒိတ်ကျမ်း ၃:၂၀ ‘ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။' ထဲက ပရောဖက်ပြုခြင်းတွေလိုမျိုး သခင့်ပရောဖက်ပြုခြင်းတွေအကြောင်းကို ပြောပြခဲ့တယ်။ သခင့် နှုတ်ကပတ်တော်တွေအရဆိုရင် ကိုယ်တော်က ပြန်ကြွလာတဲ့အခါမှာ သူခိုးကဲ့သို့ လာပြီး၊ တစ်စုံတစ်ယောက် ‘သန်းခေါင်ယံ’မှာ ‘မင်္ဂလာဆောင်လုလင်လာပြီ’ လို့မျက်မြင်တွေ့ခဲ့ တာက အဲဒါကို ဆိုလိုတာဖြစ်တဲ့အပြင်၊ လူတွေ သတိမထားမိချိန်မှာပဲ၊ ဘုရားသခင်က လူသားအနေနဲ့ လူ့ဇာတိကို ခံယူခဲ့ပြီး၊ ကိုယ်တော့် အမှုတော်ကို ပြုဖို့နဲ့ မိန့်မြွက်ချက်တွေကိုထုတ်ပြန်ဖို့တို့အတွက် တိတ်တဆိတ် လျှို့ဝှက်စွာ ကြွတော်မူတာဖြစ်တယ်။ လူတိုင်းက အဲဒါကို သိရမယ်ဆိုတာက တကယ့်အချက်မဟုတ်ပါဘူး။ သခင့် အသံတော်ကို နားထောင်နိုင်တဲ့သူတွေသာလျှင် သခင့်ကို သတိပြုမိနိုင်ပြီး၊ လက်ခံမှာဖြစ်ပါတယ်။ ကျွန်မ အစ်မဝမ်းကွဲ ကလည်း တစ်ယောက်ယောက် သခင်ပြန်ကြွလာတဲ့အကြောင်းကို သက်သေခံတာကို ကြားတာကြောင့် သခင့်အသံတော်ကို သေချာစွာ နားထောင်တဲ့သူဟာ ပလ္လင်တော်ရှေ့တော်မှောက်ကို ချီဆောင်ခံရ တဲ့အပြင်၊ သခင်နဲ့ အတူစားသောက်မယ် လို့လည်း ပြောခဲ့တယ်”ဟုပြောခဲ့သည်။

အစ်ကိုဝမ်က “ဒီပရောဖက်ပြုခြင်းတွေမှာက ကိုယ်တော်ပြန်ကြွ လာတဲ့အချိန်မှာ ကိုယ်တော့်ကို လူတိုင်းကမြင်မှာမဟုတ်ဘူးလို့ သခင်ယေရှုက အမှန်တကယ်ကို မိန့်တော်မူသွားခဲ့တယ်။ သခင့်အသံတော်ကို ကြားနိုင်တဲ့သူတွေသာလျှင် ကိုယ်တော့်ကို ကြိုဆိုနိုင်မှာဖြစ်တယ်။ အစ်ကို့အနေနဲ့ သခင့်ပြန်ကြွခြင်းကို ကြိုချင်တယ်ဆိုရင်၊ သခင့်အသံတော်ကို သေချာ အာရုံစိုက်ပြီး နားထောင်ရမယ်ဆိုတဲ့ သဘောရှိတယ်”ဟု ပြောလိုက်သည်။

အစ်ကိုဂျန်းသည် ကျွန်တော်တို့ကို တွေးတွေးဆဆကြည့်ရင်းဖြင့် “အစ်ကိုတို့ အစ်မတို့ မိတ်သဟာယပြုတာက တော်တော့်ကို အကျိုးသင့်အကြောင်းသင့်ရှိတဲ့ သဘောရပါတယ်။ ကျွန်တော်တို့က ကိုယ်တွေ ပိုင်ဆိုင်သမျှ အရာတွေအားလုံးကို ဆုံးရှုံးနိုင်ပေမဲ့ ကျွန်တော်တို့က သခင့်သွန်သင်ခြင်းထဲက စကားတစ်လုံးကိုမျှ ဆုံးရှုံးလို့မရပါဘူး။ သခင်က ‘ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။' (ရှင်ယောဟန်ခရစ်ဝင် ၁၄:၃) လို့မိန်တော်မူခဲ့တယ်။ ဒါကလည်း တစ်ချိန်ချိန်မှာ တကယ်ကိုဧကန်မုချ ဖြစ်လာမှာပဲ၊ ဒါပေမဲ့ သခင့်ပရောက်ဖက်ပြုခြင်းက ဘယ်လိုဖြစ်လာမယ် ဆိုတာနဲ့ ဘယ်လိုပြည့်စုံမယ် ဆိုတာတွေကတော့ တကယ့်ကို နက်နဲမှုတစ်ခုပဲ။ လူသားတွေ နားလည်နိုင် တဲ့ အရာတစ်ခုတော့ မဟုတ်ဘူး။ အခုကျွန်တော်တို့က အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ငြင်းဆန်ပြီး ပြစ်တင်ရှုတ်ချခြင်းမှာ သင်းအုပ်ဆရာတွေ နောက်မလိုက်သင့်ပေမဲ့ အဲဒီအစား သူတို့ရဲ့ နည်းလမ်းကို အလောတကြီး စုံစမ်းစစ်ဆေးသင့်တဲ့ သဘောရနေတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့တွေက သခင့်ရဲ့ ဖယ်ရှားခြင်းကို ခံရမှာဖြစ်ပြီး၊ နောင်တရဖို့ အချိန်တောင်ရမှာ မဟုတ်ဘူး”ဟု ပြောခဲ့သည်။

ထို့နောက်တွင် အစ်ကိုဝမ်းက “ဟုတ်တယ်။ ကျွန်တော်တို့က သခင့်ပြန်ကြွလာတာကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်တာခံရဖို့တို့အတွက် ကျွန်တော်တို့အသက်တာ အများစုမှာ သခင့်ကို ယုံကြည်ခဲ့ကြတယ်။ အခု ကျွန်တော်တို့က သခင့်ပြန်ကြွတဲ့အကြောင်း ကြားပြီးဖြစ်တဲ့နောက်မှာ ကျွန်တော်တို့က အဲဒါကို ရှာဖွေ စုံစမ်းစစ်ဆေးသင့်တဲ့အပြင်၊ သင်းအုပ်ဆရာတွေရဲ့ ကန့်သတ်မခံသင့်ဘူး။ ‘ပျားလိမ္မော်က ချို၏၊ ချဉ်၏ သင်အရသာခံဖူးမှ သိလိမ့်မည်'ဆိုတဲ့ စကားပုံလို့ပေါ့” ဟု ဆက်ပြောခဲ့ပါသည်။

သခင့်ကို ကျေးဇူးတင်ပါသည်။ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်းမှတစ်ဆင့် ကျွန်တော့်အကျပ်အတည်းကို ကျော်ဖြတ်နိုင်ခဲ့သည်။ ကျွန်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော် ပါရှိသည့် အသင်းတော်တစ်ခုကို ရှာဖွေခြင်းတွင် အချိန်လုံးဝမဖြုန်းတော့ပါ။ သခင်အမှန်တကယ် ပြန်ကြွပြီးဖြစ်ပါက၊ ဤသို့ပြုခြင်းအားဖြင့် အနည်းဆုံးအနေဖြင့် ကျွန်တော်သည် ကျွန်တော့်ညီအစ်ကိုမောင်နှမများအား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရခြင်းကဲ့သို့ အဓိကကျသည့် အသက်တာ အဖြစ်အပျက်မျိုးကို ကြုံတွေ့ခံစားရခြင်းမှ ဟန့်တားမိတော့မည် မဟုတ်ပါ။

အမှာစကား ချန်ခဲ့မည်