စာရင်း

သခင် ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန်အတွက် အလွန်အရေးပါသည့် အဆင့်တစ်ဆင့်

ဝူဝမ် တရုတ်နိုင်ငံ

“ခုံးကောင်များအား စစ်ဆေးခြင်း” ဆိုသည့် ဆောင်းပါးတစ်ခုရှိသည်။ ဤဆောင်းပါးမှာ ခုံးကောင်များအား အလွန်ကြိုက်နှစ်သက်သည့် ကောင်လေးတစ်ယောက်၏ ဇာတ်လမ်းဖြစ်သည်။ တစ်နေ့တွင် သူ၏ အမေသည် ခုံးကောင်များပါသည့် အိတ်ကြီးတစ်အိတ်ကို အိမ်ကို သယ်လာခဲ့သည်။ အရသာရှိသော ခုံးကောင်များ ရရှိရန်အတွက် ခုံးကောင်များ ကောင်းမကောင်းကြည့်ရန်နှင့် မကောင်းသည့်အကောင်များအား ခွဲထုတ်ရန်အတွက် မချက်ပြုတ်ခင်တွင် ခုံးကောင်များအား စစ်ဆေးရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ခုံးကောင်တစ်ကောင်အား လတ်ဆတ်ပြီး အသက်ရှင်သည်ဟု ထင်မြင်လျှက် ထုတ်ယူလိုက်သည်။ ပြီးလျှင် အခြားခုံးကောင်များ မကောင်းမွန်ခြင်း ရှိမရှိ တိုင်းတာရန်အတွက် ၎င်းအား စံအနေဖြင့် အသုံးပြုခဲ့သည်။ ထို့နောက်တွင် သူသည် ခုံးကောင်များ၏ အခွံပေါ်သို့ ခပ်ဖျော့ဖျော့ပုတ်လိုက်ပြီး ၎င်းတို့အား စံသတ်မှတ်ထားသည့် အကောင်ဖြင့် ယှဉ်ကြည့်သည်။ သူသည် ထို ခုံးကောင်များအား တစ်ကောင်ပြီးတစ်ကောင်ပုတ်သည်။ သို့ရာတွင် သူ ပြီးဆုံးသွားသောအခါ၌ အခြားခုံးကောင်များအားလုံးမှာ မကောင်းခြင်း သို့မဟုတ် သေနေခြင်းဖြစ်နေသည်ကို သူ တွေ့ရှိရသည်။ သူ၏ မိခင်အား ဤအကြောင်းကို သူ ပြောပြလိုက်သည်။ သို့သော်လည်း သူ၏ မိခင်က ဤသည်မှာ မဖြစ်နိုင်ဟု ထင်သည်။ ထို့ကြောင့် မည်သို့ဖြစ်သည်ကို ကြည့်ရန်အတွက် သူမ သွားလိုက်သည်။ ထို့နောက်တွင် သူမသည် ဤသည်မှာ အခြားခုံးကောင်များက မလတ်ဆတ်ခြင်းကြောင့်မဟုတ်ဘဲ တိုင်းတာဖို့အတွက် သူ အသုံးပြုသည့် ခုံးကောင်မှာ အမှန်တကယ်တွင် မကောင်းသောကြောင့်ဖြစ်သည်ကို သူမ သဘောပေါက်လိုက်သည်။ ဤအခြေအနေတွင် သူသည် မကောင်းသည့် ခုံးကောင်အား စံအနေဖြင့် အသုံးပြုသည့်အခါ အခြားခုံးကောင်များ ကောင်းသည်၊ မကောင်းသည်ကို သူ မည်သို့ ပြောနိုင်ပါမည်နည်း။

ဤဇာတ်လမ်းကို ဖတ်ပြီးနောက်တွင် ကျွန်မသည် ဇာတ်ကောင်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မိခင်သည် ရောင်းချသူ၏ လှည့်စားခြင်းကို ခံလိုက်ရသည်၊ သူသည် ခုံးကောင်များအား စားလို့မရတော့ ဟု တွေးမိသောကြောင့်ဖြစ်သည်။ ပထမ ခုံးကောင်သည် အမှန်တကယ်တွင် မကောင်းသည့် အကောင်ဖြစ်နေကြောင်းကို ကျွန်မ လုံးဝ မစဉ်းစားမိခဲ့ပေ။ သို့သော်လည်း သူသည် သူ၏ စိတ်ကူးထင်မြင်မှုအပေါ် အမှီပြုလျက် ဤအကောင်သည် ကောင်းမွန်သည်ဟု ထင်မြင်ခဲ့ပြီး စံအနေဖြင့် အသုံးပြုကာ ကောင်းမွန်သော ခုံးကောင်များအားလုံးက မကောင်းဟု သတ်မှတ်သည့် ရလဒ်ထွက်ပေါ်လာစေခဲ့သည်။ သူ့အမှားကို သူ၏မိခင်မှ အချိန်မီ မတွေ့ရှိခဲ့လျှင် သူသည် ခုံးကောင်များအားလုံးကို ပစ်လိုက်လိမ့်မည်ဟု ကျွန်မ ထင်သည်။ စိတ်ကူးထင်မြင်ခြင်းနှင့် အယူအဆတို့သည် အမှန်တကယ်ပင် လူတို့အား ထိခိုက်နစ်နာစေသည်။

ပညတ်တော်ခေတ်ကို ကျွန်မ မတွေးဘဲ မနေနိုင်ပေ။ ထိုအချိန်ကာလတွင် ဂျူးဘာသာဝင် ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့သည် မေရှိယ ကြွလာခြင်းအား စိတ်အားထက်သန်စွာ တောင့်တခဲ့ကြသည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် သူ့အား ဆန့်ကျင်ပြီး ရှုတ်ချရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ပရောဖက်ပြုချက်များနှင့်ပတ်သက်ပြီး မှားယွင်းသည့် ထင်မြင်မှုများစွာအား ခံယူသိမ်းဆည်းထားကြပြီး ကယ်တင်ရှင် ကြွလာသည့်အခါတွင် မေရှိယဟု ခေါ်ဝေါ်သင့်သည်ဟု ထင်မြင်ကြသည်။ သူသည် ဘုရင့် နန်းတော်တွင် မွေးဖွားသင့်သည် သို့မဟုတ် မြင့်မြတ်သည့် မိသားစုတစ်စုတွင် သို့မဟုတ် အနည်းဆုံး ထင်ပေါ်ကျော်ကြားသည့် မိသားစုတစ်စုတွင် မွေးဖွားသင့်သည်ဟု ထင်မြင်ကြသည်။ သို့တိုင်အောင် သခင်ယေရှုကြွလာသည့်အခါတွင် သူ့ကို မေရှိယဟု မခေါ်သည့်အပြင် သာမန်မိသားစုတစ်စုတွင် မွေးဖွားခဲ့သည်။ ဤသည်မှာ သူတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် လုံးဝ ဆန့်ကျင်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် သခင်ယေရှုအား အကြောင်းမဲ့ စတင် ထိခိုက်စော်ကားပြီး ရှုတ်ချခဲ့ကြသည်။ သူတို့သည် သခင်ယေရှုအား ဆန့်ကျင်ပြီး အပုပ်ချပြောဆိုရန်အတွက် “သင်ဟာ မေရှိယလို့ မခေါ်ဆိုသ၍ သင်ဟာ ခရစ်တော်မဟုတ်ဘူး။” ဆိုသည့် သူတို့၏ မှားယွင်းသည့် အမြင်အား စွဲကိုင်ထားကြသည်။ သူတို့တွင် သမ္မာတရားကို ရှာဖွေသည့် နှလုံးသားတစ်ခု လုံးဝ မရှိပေ။ အဆုံးတွင် သူတို့သည် မေရှိယအား မကြိုဆိုနိုင်ခဲ့ရုံသာမက သခင်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့်ရိုက်ခဲ့ကြသည်။ သူတို့သည် အလွန်ဆိုးရွားသည့် အပြစ်ကို ကျူးလွန်ခဲ့ကြပြီး လူမျိုးတစ်မျိုးလုံး ပျက်စီးခြင်းသို့ ကျရောက်ခဲ့ကြရသည်။

သို့ရာတွင် ရှမာရိအမျိုးသမီးသည် ကွဲပြားခြားနားသည်။ သခင်ယေရှုသည် သူမနှင့် အပြန်အလှန်စကားပြောပြီးနောက်တွင် သူမသည် သခင်ယေရှုက ကြွရောက်လာသည့် မေရှိယဖြစ်ကြောင်းကို သိရှိခဲ့သည်။ သခင်သည် ပေတရု၊ ယောဟန်၊ မဿဲ၊ မာကုနှင့် အခြားလူများအား စေခိုင်းသည့်အခါတွင် သူတို့သည် သခင်ယေရှုက မေရှိယဖြစ်ကြောင်းကို မသိမြင်သော်လည်း သူ၏ တရားဟောချက်များတွင် သမ္မာတရားရှိသည်ကို ၎င်းတို့ တွေ့ရှိခဲ့သောကြောင့် သူတို့သည် သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်နိုင်သည့်အရာအားဖြင့် သို့မဟုတ် အခြားလူများ၏ စကားများအားဖြင့် သခင်အား ဝေဖန်အကဲဖြတ်မည့်အစား နာခံပြီး သခင်နောက်သို့လိုက်နိုင်ခဲ့သည်။ သခင်ယေရှုသည် သူ၏ နှလုံးသားထဲမှ အတွေးအမြင်များအား ထုတ်ဖော်ပြောဆိုသည်ကို ကြားရသည့်အခါတွင် ချက်ချင်း လက်ခံယုံကြည်ခဲ့ပြီး သခင်ယေရှုသည် ကြွရောက်လာသည့်သူဖြစ်ကြောင်း ယုံကြည်ကာ သူ၏နောက်သို့လိုက်ခဲ့သည့် နာသနေလသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ထို့အပြင် လူများစွာတို့သည် “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇)သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၄၀) စသည့် ဤကျမ်းပိုဒ်များကို ကြားကြပြီးနောက်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူငါးထောင်အား ကျွေးခြင်း၊ လေနှင့်ပင်လယ်ကို ငြိမ်သက်စေခြင်း၊ လူသေကို စကားတစ်ခွန်းဖြင့် ပြန်လည်အသက်ရှင်စေခြင်း စသည့် သခင်ယေရှု၏ လုပ်ဆောင်ချက်များအား ၎င်းတို့ မြင်ကြပြီးနောက်တွင် သခင်ယေရှုနောက်သို့ လိုက်ခဲ့ကြသည်။ အထက်ပါ ဖော်ပြချက်မှတစ်ဆင့် ဤလူတို့သည် သူတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များအပေါ်တွင် အမှီပြုခြင်းမရှိခဲ့ဘဲ ဖာရိရှဲတို့၏ အတင်းအကြပ်စေခိုင်းခြင်းကို မခံရကြကြောင်းကို ကျွန်မတို့ မြင်နိုင်သည်။ ထိုအစား သခင်ယေရှု၏ မိန့်မြွက်ချက်များနှင့် လုပ်ဆောင်မှုမှ တစ်ဆင့် သူသည် ကြွရောက်လာသည့် မေရှိယဖြစ်ကြောင်း သိမြင်ခဲ့ကြသောကြောင့် သူ၏ နောက်သို့ လိုက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အခြားဂျူးများနှင့် အလွန်ကွာခြားသည့် ကံကြမ္မာကို ရရှိလျက် သခင်အား ကြိုဆိုခဲ့ကြသည်။

သက်ဆိုင်သည့် အကြောင်းအရာ-

ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉ တွင် “အဘယ်ကြောင့်ဆိုသော် ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်မဟုတ်၊ သင်တို့၏ နည်းလမ်းများသည်လည်း ငါ၏ နည်းလမ်းများမဟုတ်ဟု ယေဟောဝါ မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်သည် မြေကြီးထက် ပိုမိုမြင့်မားသကဲ့သို့၊ ငါ၏ နည်းလမ်းများသည် သင်တို့၏ နည်းလမ်းများထက်၊ ငါ့ အကြံအစည်များသည် သင်တို့၏ အကြံအစည်များထက် သာ၍ မြင့်မား၏။” ဟု ဆိုထားသည်။ ဘယ်လူကမှ ဘုရားသခင်၏ အမှုတော်ကို နားလည်သဘောပေါက်ခြင်း မရှိနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။ ဘုရားသခင်သည် အသိဉာဏ်ပညာရှိပြီး အဆုံးအစမဲ့တန်ခိုးရှိသည်။ သူသည် သူ၏ အမှုတော်ကို ကျွန်မတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းမရှိပေ။ သခင်ယေရှု ကြွလာသည့်အချိန်ကကဲ့သို့ပင် လူအားလုံးက ဘုရား၏ အမည်သည် မေရှိယဖြစ်သင့်သည်၊ သူသည် နန်းတော်တွင် မွေးဖွားသင့်သည်ဟု ထင်မြင်ခဲ့ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အမှုတော်သည် လူ၏ အယူအဆများအား ကြီးမားစွာ ပြန်လည်ရိုက်ခတ်ခဲ့သည်။ သခင်ယေရှုအား မေရှိယဟု မခေါ်ပေ။ ပြီးလျှင် သူသည် နွားစာခွက်တစ်ခုတွင် မွေးဖွားခဲ့သည်။ ထို့ကြောင့် ကျွန်မတို့သည် ဘုရားသခင်၏ အမှုတော်အား ကျွန်မတို့၏ စိတ်တွင်ရှိသော စိတ်ကူးထင်မြင်မှုများနှင့်အညီ အတိအကျ ဖော်ပြခြင်း မပြုလုပ်နိုင်ပေ။ ခရစ်ယာန်များအနေဖြင့် ကျွန်မတို့သည် သခင်၏ စောစီးစွာ ပြန်လည်ကြွလာခြင်းကို စိတ်အားထက်သန်စွာ တောင့်တလျက်ရှိကြသည်။ ကိုယ်တော်အား ကြိုဆိုရန်၊ ဂျူးတို့၏ အမှားကို ထပ်မံ၍ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရန်အတွက် ကျွန်မတို့ ဘာလုပ်သင့်သနည်း။

ဤနှစ်ကာလများကို ပြန်လည်စဉ်းစားကြည့်သည့်အခါတွင် သခင်သည် အလွန်ဆူညံစွာဖြင့် တိမ်ဖြူစီးပြီး ပြန်ကြွလာမည်ဟု ကျွန်မ ထင်မြင်နေခဲ့သည်။ ကောင်းကင်တမန်များ၏ တံပိုးခရာများ တီးမှုတ်ကြမည်။ ပြီးလျှင် သေသူများသည် ပြန်လည် အသက်ရှင်ကြမည်။ ထို့ကြောင့် ဤနှစ်ကာလများတွင် ကျွန်မသည် သခင်မှ ကျွန်မတို့အား ကောင်းကင်အိမ်သို့ ခေါ်ဆောင်ရန်အတွက် တိမ်ဖြူစီးပြီးကြွလာခြင်းကို စောင့်ဆိုင်းလျက် ကောင်းကင်မှ တိမ်များကို ကျွန်မ မကြာခဏ စောင့်ကြည့်ခဲ့သည်။ ကျွန်မ ဘေးပတ်ဝန်းကျင်ရှိ လူများက သခင်ယေရှုသည် ပြန်လာခဲ့ပြီဖြစ်ပြီး နှုတ်ကပတ်တော်များ ဖော်ပြပြီးဖြစ်သည်၊ ဘုရားသခင်၏ အိမ်တော်မှစသည့် တရားစီရင်ခြင်းအမှုအား လုပ်ဆောင်ပြီးဖြစ်သည် ဟု ကျွန်မအား သက်သေခံကြသော်လည်း ကျွန်မသည် ရှာဖွေပြီး စူးစမ်းစစ်ဆေးရန် ဆန္ဒမရှိနေဆဲဖြစ်သည်။ ရလဒ်အနေဖြင့် ကျွန်မသည် ကိုယ်တော် တိမ်ဖြူစီးပြီး ပြန်ကြွလာသည့်နေ့အား တောင့်တပြီး စောင့်မျှော်နေလျှက်ရှိသည်။ သို့ရာတွင် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သခင်သည် ကြွလာခြင်း သို့မဟုတ် သူနှင့် တွေ့ဆုံရန်အတွက် ကျွန်မတို့အား လေထဲသို့မတင်ခြင်းမရှိခဲ့ပေ။ ဤအကြောင်းအရာကို ယခု စဉ်းစားကြည့်သည့်အခါတွင် ကျွန်မသည် တိမ်ဖြူစီးပြီး ကြွလာခြင်းမရှိသည့် မည်သည့် သခင်ယေရှုမဆို ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်သည်ဆိုသည့် ကျွန်မ၏ အယူအဆများနှင့် ဘုရားသခင်အား အဓိပ္ပါယ်ဖွင့်ဆိုနေခြင်း မဟုတ်ပါလား။ ဤပုံစံဖြင့် သခင် ပြန်လည်ကြွလာခြင်းကို ကြိုဆိုရန် စောင့်ဆိုင်းသည့်အခါ ကျွန်မသည် ကျွန်မ၏ အယူအဆများ၊ စိတ်ကူးထင်မြင်ချက်များဖြင့် အသက်ရှင်နေဆဲ မဟုတ်ပါလား။

သမ္မာကျမ်းစာအား ကျွန်မ လေ့လာသည့်အခါတွင် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။(ဗျာဒိတ်ကျမ်း ၂:၇) နှင့် “ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဟူ၍ ပရောဖက်ပြုထားသည့် ဗျာဒိတ်ကျမ်းကို ကျွန်မ တွေ့ရှိသည်။ ဤကျမ်းပိုဒ်များ၌ သခင်ပြန်ကြွလာခြင်းအား ကြိုဆိုရာတွင် အဓိကအချက်မှာ ကျွန်မတို့သည် ဘုရားသခင်၏ အသံတော်အား နားထောင်ခြင်းတွင် အာရုံစူးစိုက်သင့်ပြီး သူ၏နှုတ်ကပတ်တော်၊ သူ၏အမှုတော်မှတစ်ဆင့် ဘုရားအား သိရှိရန် ကြိုးစားဖို့ဖြစ်ကြောင်း ကျွန်မတို့ မြင်နိုင်သည်။ သတို့သား၏ အသံကို ကြားသည့်အခါတွင် သူ့အား ကြိုဆိုနှုတ်ဆက်ရန်အတွက် သွားသည့် ဉာဏ်ပညာရှိသော အပျိုစင်တို့ကဲ့သို့ပင်ဖြစ်သည်။ ရှမာရိအမျိုးသမီးသည် သခင်ယေရှု၏ မိန့်မြွက်ချက်မှတစ်ဆင့် သူ့အား မေရှိယအဖြစ် သိမြင်ခြင်း မရှိခဲ့ဘူးလား။ ထို့အပြင် ပေတရု၊ ယောဟန်၊ မဿဲ၊ ဖိလိပ္ပုတို့ကဲ့သို့သော သခင်ယေရှုနောက်ကိုလိုက်ခဲ့သည့် တပည့်တော်များက သခင်ယေရှုသည် သြဇာအာဏာနှင့် ဘုန်းတန်ခိုးရှိသူဖြစ်ကြောင်းတွေ့ရှိပြီး သူ့နောက်ကိုလိုက်ခဲ့သည်မှာလည်း သူ၏ မိန့်မြွက်ချက်နှင့် လုပ်ဆောင်မှုများမှ တစ်ဆင့်ဖြစ်သည်။ သူတို့သည် သူတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များအပေါ်တွင် အမှီပြုပြီး သခင်အား အဓိပ္ပါယ်ဖွင့်ဆိုခြင်း မရှိခဲ့ဘဲ ဘုရားသခင်၏ အသံတော်ကို နားထောင်ရန် ရွေးချယ်ခဲ့သည်။ အဆုံးတွင် သူတို့သည် သခင်ယေရှု၏ ကယ်တင်ခြင်းကို ရရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန်အတွက် သူ၏ အသံတော်ကို နားထောင်ခြင်း၌ အာရုံစူးစိုက်ခြင်းသည် ကျွန်မတို့အတွက် အလွန်ပင်အရေးကြီးကြောင်းကို ပြပါသည်။

အမှာစကား ချန်ခဲ့မည်