စာရင်း

အကြိတ်အနယ် ငြင်းခုံဆွေးနွေးပွဲ- ပညာသတိရှိသော သတို့သမီးတို့သည် မည်သည့်အရာဖြစ်သနည်း။ မိုက်သောသတို့သမီးတို့သည် မည်သည့်အရာဖြစ်သနည်း။

ကျင်းရှင်၊ တရုတ်နိုင်ငံ

အမြန်လမ်းညွှန်
ပညာသတိရှိသောသတို့သမီးတစ်ယောက်ဖြစ်ရန်အတွက် စိတ်ပါဝင်စားစွာ အားထုတ်ရှာဖွေခြင်း
ပညာသတိရှိသော သတို့သမီးများသည် မည်သည့်အရာဖြစ်သနည်း။ မိုက်သော သတို့သမီးများသည် မည်သည့်အရာဖြစ်သနည်း။
ပညာသတိရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြသည်
မိုက်သောသတို့သမီးတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ ဖယ်ရှားခြင်းကို ခံရမည်နည်း
ပညာသတိရှိသော သတို့သမီးတို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ မိန့်မြွက်ချက်တို့ကို ရှာဖွေသည်

ပညာသတိရှိသောသတို့သမီးတစ်ယောက်ဖြစ်ရန်အတွက် စိတ်ပါဝင်စားစွာ အားထုတ်ရှာဖွေခြင်း

နေဝင်ရီတရောအချိန်ဖြစ်သည့် ညတစ်ညတွင် ကျားနန်သည် စာရေးစားပွဲခုံတစ်ခု၏ ဘေးတွင် ထိုင်နေသည်။ သမ္မာကျမ်းစာကိုဖွင့်လျက် သူ စတင်ဖတ်ရှုလိုက်သည်။ “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီးတစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။(ရှင်မဿဲခရစ်ဝင် ၂၅:၁-၁၀) ဤကျမ်းစာများကို ကြည့်ရှုပြီးနောက်တွင် ကျားနန်က သခင်ယေရှုသည် မည်ကဲ့သို့သောလူက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်သည်ဆိုသည်ကို ပြရန်အတွက် ရှင်းလင်းပြတ်သားသည့် တင်စားမှုတစ်ခု ငါတို့ကို ပေးခဲ့သည်ဟု ထင်မြင်ခဲ့သည်။ ဆီကို သူတို့နှင့်အတူ ယူဆောင်သောသူတို့သည် သတို့သားကို ကြိုဆိုနိုင်ပြီး ပညာသတိရှိသော သတို့သမီးများဖြစ်ကြသော်လည်း ဆီမရှိသော သူတို့သည် မိုက်သောသတို့သမီးများဖြစ်ကြပြီးသခင်၏ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်သည်။ ကျားနန်သည် သခင် ပြန်လည်ကြွလာခြင်းကို ကြိုဆိုပြီး သူနှင့်အတူ စားပွဲတက်ရောက်ရန်အတွက် အစဉ်သဖြင့် စိတ်ပိုင်းဖြတ်ထားလျှက်ရှိသည်။

နောက်တစ်နေ့ လုပ်ဖော်ကိုင်ဖက်အစည်းအဝေးတွင် ကျားနန်က ခါတိုင်းကဲ့သို့ ပြောသည်။ “ညီအစ်ကိုမောင်နှမတို့ အခုအချိန်ဟာ သခင်ကြွလာချိန်ဖြစ်တဲ့ နောက်ဆုံးသောကာလရဲ့ နောက်ပိုင်းအချိန်ကာလဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက ‘ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) လို့ မိန့်ကြားခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ဖို့လိုအပ်တာက သမ္မာကျမ်းစာကို မကြာခဏဖတ်ဖို့၊ သခင့်အတွက် အလုပ်ပိုလုပ်ဖို့၊ မကြာခဏ ဆုတောင်းဖို့၊ သခင့်ဆီကို မကြာခဏ ဝန်ခံပြီး နောင်တရဖို့ ဖြစ်ပါတယ်။အရေးကြီးဆုံးအရာက စောင့်ကြည့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ပညာသတိရှိတဲ့ သတို့သမီးတို့က ဆီကိုလုံလုံလောက်လောက် ပြင်ဆင်ထားသလို ပါပဲ။ ဒီနည်းနဲ့သာ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ ပြန်လည်ကြွလာခြင်းကို ကြိုဆိုနိုင်ပါမယ်။ ချီဆောင်ခံရခြင်း အခွင့်အရေးကို လွဲချော်ရခြင်းကို ရှောင်ဖို့ရန်အတွက် ကျွန်တော်တို့က အစည်းအဝေးတွေကို အချိန်မှန်လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။ ညလုံးပေါက်ဆုတောင်းပွဲတွေလုပ်ဖို့အတွက် ကျွန်တော်တို့အလှည့်ကျ လုပ်ဖို့လည်းလိုအပ်ပါတယ်။” ကျားနန်မှ ဤသို့ ပြောပြီးနောက်တွင် အစ်ကိုကျန်းက ချက်ချင်းပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နည်းနဲ့ ပြင်ဆင်ပြီး စောင့်ဆိုင်းဖို့က ပညာသတိရှိတဲ့ သတို့သမီးတွေရဲ့ အပြုအမူဟုတ်ရဲ့လား။” အစ်မဒုံက ဆက်ပြောလိုက်သည်။ “ကျွန်မတို့လုပ်နေတာက တကယ်ပဲ ဆီကို ပြင်ဆင်တာဆိုရင် ကျွန်မတို့က သခင်ပြန်ကြွလာတာကို ဘာလို့ မကြိုဆိုရသေးတာလဲ။” အစ်မဒုံ ပြောပြီးသည်နှင့်တပြိုင်နက် အားလုံးက လေးနက်စွာ စဉ်းစားသွားခဲ့ကြသည်။

ပညာသတိရှိသော သတို့သမီးများသည် မည်သည့်အရာဖြစ်သနည်း။ မိုက်သော သတို့သမီးများသည် မည်သည့်အရာဖြစ်သနည်း။

ဤအချိန်တွင် အစ်ကိုလျိုက မတ်တပ်ရပ်ပြီး ပြောသည်။ “တကယ့် ပညာသတိရှိတဲ့ သတို့သမီးတွေက ဘာလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မတူတဲ့ အမြင်တစ်ခုရှိတယ်။ ပညာသတိရှိတဲ့ သတို့သမီးတွေက သတို့သားကို ကြိုဆိုတဲ့ အကြောင်းကိစ္စမှာ နေ့စဉ် ကျွန်တော်တို့ရဲ့ စောင့်ကြည့်ခြင်း၊ ဆုတောင်းခြင်း၊ ညလုံးပေါက်ဆုတောင်းပွဲတွေပြုလုပ်ခြင်းက အပေါ်ယံသာဖြစ်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ တကယ့် ပညာသတိရှိတဲ့ သတို့သမီးတွေက ဘုရားသခင်ရဲ့ အသံတော်ကိုကြားနိုင်တဲ့သူတွေ ဖြစ်ပါတယ်။” “ဘုရားသခင်၏ အသံတော်ကိုကြားခြင်း” ဆိုသည့် သူ၏ စကားများကြောင့် လူတိုင်းက အံ့သြသွားခဲ့ကြသည်။ ကျားနန်က စဉ်းစားရခက်စွာဖြင့် “ဘုရားသခင်ရဲ့ အသံတော်ကို ကြားတဲ့သူတွေက ပညာသတိရှိတဲ့ သတို့သမီးတွေ ဟုတ်လား။ ကျွန်တော်တို့ ဒါကို ကြားဖူးတာ ပထမဆုံးအကြိမ်ပဲ။ ကျေးဇူးပြုပြီး ထပ်ပြောပြပါဦး။” အစ်ကိုလျိုက ပြုံးလိုက်ပြီး ပြောသည်။ “ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒီအကြောင်းကို ကျွန်တော့်သားနဲ့ကျွန်တော် ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့လုပ်ရပ်တွေက ပညာသတိရှိတဲ့ သတို့သမီးတွေရဲ့လုပ်ရပ်တွေမဟုတ်ဘူးလို့ သူက ထင်တယ်။ ပြီးတော့ သူက ဧဝံဂေလိ ဝဘ်ဆိုဒ်တစ်ခုမှာသူတွေ့ခဲ့တဲ့ စာပိုဒ်တချို့ကို ကျွန်တော့်ကို ဖတ်ပြတယ်။ အဲဒီစကားတွေကို ကြားပြီးနောက်မှာ ပညာသတိရှိတဲ့ သတို့သမီးတွေက တကယ်ပဲ ကျွန်တော်တို့ ထင်သလိုမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်သွားခဲ့တယ်။” ထို့နောက်တွင် အစ်ကိုလျိုက ထိုစကားများကို ကျွန်တော်တို့အား ဖတ်ပြသည်။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ရှင်းခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို နာခံနိုင်ကြလေသည်။(ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့)စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောဆိုသည့် နှုတ်ကပတ်တော်ကို သဘောပေါက်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အဖို့ သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ကြသကဲ့သို့ ဖယ်ရှားခံရမည့် သူများဖြစ်ကြ၏။(ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်)သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။(ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

ဤစကားများကို ဖတ်ရှုပြီးနောက်တွင် အစ်ကိုလျိုက ဆက်ပြောသည်။ “ပညာသတိရှိတဲ့ သတို့သမီးတွေဟာ တောင့်တပြီး ရှာဖွေတဲ့ နှလုံးသားနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသံတော်ကို ရှာဖွေဖို့အတွက် လာတယ်ဆိုတာ ဒီစကားတွေကနေတစ်ဆင့် ကျွန်တော်သိရတယ်။ ပြီးတော့ သူတို့တွေက ဘုရားသခင်ရဲ့ အသံတော်ကို အာရုံစူးစိုက်ပြီး နားထောင်တဲ့သူတွေ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမှုတော်အသစ်က သူတို့ဆီကို လာရောက်တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ရဲ့ အသံတော်ကို နှိမ့်ချစွာ ရှာဖွေဖို့အတွက် သူတို့ရဲ့ အယူအဆတွေကို လွတ်ချနိုင်ကြတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ အသံတော်ကို သူတို့ သိမြင်တဲ့အခါမှာ သူတို့ဟာ သမ္မာတရားကို လက်ခံနိုင်ပြီး သူ့ရဲ့အမှုတော်သစ်ကို နာခံကြတယ်။ တစ်ချိန်တည်းမှာပဲ မိုက်သော သတို့သမီးတွေက သူတို့ရဲ့ အယူအဆတွေ၊ စိတ်ကူးထင်မြင်ချက်တွေအပေါ် ခေါင်းမာစွာနဲ့ စွဲကိုင်ထားကြပြီး ဘုရားသခင်ရဲ့ အသံတော်ကို သူတို့ အာရုံစူးစိုက်ပြီး နားထောင်ခြင်း မရှိကြဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရင်တောင် သူတို့ မသိမြင်ကြဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ခရစ်တော်ကို မယုံကြည်သလို လက်လည်းမခံတာကြောင့်၊ ဘုရားသခင်ရဲ့ အမှုတော်နဲ့ သူ့ရဲ့ပေါ်ထွန်းခြင်းကို လက်ခံဖို့ ငြင်းပယ်တာကြောင့်ပါ။ အဆုံးမှာတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အခုလုပ်နေတဲ့ စောင့်ဆိုင်းခြင်း၊ ဆုတောင်းခြင်းနဲ့ ညလုံးပေါက်ဆုတောင်းခြင်းတွေက ပညာသတိရှိတဲ့ သတို့သမီးတွေရဲ့ လုပ်ရပ်တွေမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးထင်မြင်ချက်တွေဖြစ်ပါတယ်။”

ပညာသတိရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြသည်

ဤအချိန်တွင်ပဲ အစ်မယန်ကလည်း ပြောလိုက်သည်။ “ဟာ၊ အစ်ကိုလျို မှန်တယ်။ သူ့ရဲ့ မိတ်သဟာယကို ကြားပြီးတော့ ကျမ်းစာနှစ်ပိုဒ်ကို ကျွန်မ သတိရတယ်။ ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၂၇)အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်။(ဗျာဒိတ်ကျမ်း ၇:၁၇) ကျွန်မတို့က သခင်ပြန်ကြွလာတာကို ကြိုဆိုချင်တယ်ဆိုရင် အဓိကအချက်က ဘုရားသခင်ရဲ့ အသံတော်ကို အာရုံစူးစိုက်ပြီး နားထောင်ဖို့ပါပဲ။ ဘုရားသခင်ရဲ့အသံတော်ကို ကြားတဲ့သူတွေကသာ ပညာသတိရှိတဲ့ သတို့သမီးတွေဖြစ်တယ်။ ပေတရုလိုပေါ့။ သခင်ယေရှုက လေနဲ့ လှိုင်းလုံးတွေကို စကားတစ်ခွန်းနဲ့ ငြိမ်သက်စေနိုင်တာ၊ မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ လူငါးထောင်ကို ကျွေးမွေးနိုင်တာ၊ သေသူကို ရှင်စေနိုင်တာ စတဲ့အရာတွေကို သူ မြင်ခဲ့တယ်။ သခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်မှ တစ်ဆင့် သခင်ယေရှုမှာ ဘုရားသခင်ရဲ့ အနှစ်သာရရှိတယ်ဆိုတာ၊ သူဟာ ခရစ်တော်ဖြစ်တယ်ဆိုတာကို ပေတရု အတည်ပြုခဲ့တယ်။ ဒါမှမဟုတ် တခြား ဥပမာတစ်ခုဖြစ်တဲ့ ရှမာရိအမျိုးသမီးလိုပေါ့။ သူက သခင်ယေရှုနဲ့ စကားပြောနေတဲ့အခါမှာ သူ့ရဲ့ဖုန်းကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို သခင်က ပြောတယ်။ အဲဒီနောက်မှာ ဘုရားသခင်ကိုယ်တော်တိုင်သာ ဒီဖုန်းကွယ်ထားတဲ့အရာတွေကို ထုတ်ဖော်နိုင်တယ်ဆိုတာ၊ ဒီစကားတွေကို လူက လုံးဝမပြောနိုင်ဘူးဆိုတာ သူ သိမြင်လာခဲ့တယ်။ ဒါကြောင့် သခင်ယေရှုဟာ ကြွရောက်လာတဲ့ မေရှိယ၊ ခရစ်တော်ဖြစ်တယ်ဆိုတာကို သူ အတည်ပြုခဲ့တယ်။ ပေတရုနဲ့ ရှမာရိအမျိုးသမီးတို့နှစ်ဦးစလုံးဟာ သခင်ယေရှုက ဘုရားသခင်ဖြစ်တယ်ဆိုတာကို သူ့ရဲ့နှုတ်ကပတ်တော်တွေကတစ်ဆင့် သိမြင်ခဲ့ကြတာကြောင့် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို သူတို့ ရရှိခဲ့ကြတယ်။ သူတို့က တကယ်ကို တော်ပါတယ်။” လူတိုင်းက ခေါင်းညိတ်ကာ ဤသည်မှာ တကယ်ကို မှန်ကန်ပါသည်ဟု ပြောကြသည်။

မိုက်သောသတို့သမီးတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ ဖယ်ရှားခြင်းကို ခံရမည်နည်း

အစ်မဒုံက ပြောသည်။ “ဟုတ်တယ်။ ဘုရားသခင်ရဲ့ သိုးက ဘုရားသခင်ရဲ့ အသံတော်ကို ကြားတယ်။ ဘုရားသခင်ရဲ့ အသံတော်ကို သိမြင်တဲ့သူအားလုံးက ပညာသတိရှိတဲ့ သတို့သမီးတွေပဲ။ ဒီလိုမဟုတ်ရင်တော့ သူတို့ဟာ မိုက်သောသူတွေပဲ။ သခင်ယေရှုက သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ ဖာရိရှဲတွေမှာ တောင့်တပြီး ရှာဖွေတဲ့ နှလုံးသားမရှိခဲ့ဘူး။ ပြီးတော့ သူတို့ဟာ ခရစ်တော် မိန့်မြွက်ခဲ့တဲ့ သမ္မာတရားကို ဘုရားသခင်ရဲ့ အသံတော်ဟုတ်မဟုတ် ခွဲခြားသိမြင်ဖို့အတွက် စူးစမ်းလေ့လာခြင်း မရှိခဲ့ကြဘူး။ ဒါပေမဲ့ အဲဒီအစား သူတို့ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ရဲ့ စိတ်ကူးထင်မြင်မှုတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ သခင်က နိမိတ်လက္ခဏာတွေနဲ့ အံ့သြဖွယ်ရာတွေ လုပ်ဆောင်တာကို သူတို့မြင်ခဲ့ကြတယ်။ ဥပမာ သခင်ရဲ့စကားက သေသူကို ရှင်စေတာ၊ မျက်စိကန်းသူကို ကုသပေးတာတွေပေါ့။ ဒါပေမဲ့ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို မသိမြင်တာကြောင့် သခင်ယေရှုကို သာမန်လူအဖြစ် ဆက်ဆံခဲ့ရုံမကဘဲ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကို လူရဲ့ စကားတွေအဖြစ်လည်း မှတ်ယူခဲ့ကြပြီး သူ့ကို ထိခိုက်စော်ကားခဲ့ကြတယ်။ အဆုံးမှာ ဖာရိရှဲတွေဟာ သခင့်ကို လက်ဝါးကားတိုင်မှာသံနဲ့ ရိုက်ခဲ့ကြတယ်။ ပြီးတော့ သူတို့ဟာ ဘုရားသခင်ကို ယုံကြည်ပေမဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့သူတွေဖြစ်လာကြတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ အပြစ်ဒဏ်ပေးခြင်းအောက်ကို ကျရောက်ကြရတယ်။ ဒါက ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ခြင်းမှာ အာရုံစူးစိုက်မှုမရှိတဲ့သူတွေဟာ မိုက်တဲ့သတို့သမီးတွေဖြစ်ပြီး ဘုရားသခင်ရဲ့ ဖယ်ရှားခြင်းကို ခံရမယ်ဆိုတာကို ကျွန်မတို့ကို ရှင်းရှင်းလင်းလင်းမြင်စေပါတယ်။”

ပညာသတိရှိသော သတို့သမီးတို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ မိန့်မြွက်ချက်တို့ကို ရှာဖွေသည်

အစ်ကိုကျန်းက ချက်ချင်းပြောလိုက်သည်။ “အစ်မရဲ့ စကားတွေကို ကြားပြီးနောက်မှာ ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ခြင်းမှာ အာရုံစူးစိုက်ခြင်းက သိပ်အရေးပါပြီး အထူးသဖြင့် နောက်ဆုံးသောကာလ သခင်ပြန်ကြွလာခြင်းကို ကျွန်တော်တို့ ကြိုဆိုတဲ့ ဒီအရေးကြီးတဲ့အချိန်အခါမှာ သိပ်အရေးပါတယ်ဆိုတာ ကျွန်တော် အခုပဲ နားလည်သဘောပေါက်သွားတယ်။ သခင်ယေရှုက တစ်ခါက ပြောခဲ့တယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ(ဗျာဒိတ်ကျမ်း ၂:၇) သခင် ပြန်ကြွလာတဲ့အခါမှာ သူဟာ နောက်တစ်ခါ မိ်န့်ကြားဦးမယ်ဆိုတာ ဒီကျမ်းစာတွေကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အသံတော်ကို ကျွန်တော်တို့ သိမြင်နိုင်ခြင်းရှိနိုင်သလားဆိုတာဟာ ကျွန်တော်တို့က သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်ခြင်းရှိသလားဆိုတာနဲ့ တိုက်ရိုက်ပိုင်းခြားသတ်မှတ်ပါတယ်။ အခု သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်ကို ရှာဖွေဖို့ဟာ အရေးတကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ အဲဒါပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို မြင်ရပါမယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ ဘယ်မှာ ရှာတွေ့နိုင်မလဲ။”

အစ်ကိုကျန်းက ပြောသည်။ “ဟာ ဘဝတစ်ခုလုံးမှာ ကိုယ်က လိမ္မာပါးနပ်တယ်။ ဒါပေမဲ့ မိုက်မဲတဲ့အချိန်တခဏကြောင့် ပျက်စီးရတယ်။ အစ်ကိုလျိုဖတ်ခဲ့တဲ့ စကားလုံးတွေက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးခဲ့တဲ့အရာတွေပဲ။ ဒီစကားလုံးတွေမှာ နက်နဲမှုတွေပါပြီး သာမန်လူတွေ မပြောနိုင်ဘူး။ ဒါတွေက သန့်ရှင်းသောဝိညာဉ်တော်ဆီကနေ လာပုံရတယ်။”

ကျားနန်က တစ်ချက်ပြုံးလျက် ပြောသည်။ “အဲဒါ မှန်တယ်။ ဒီစကားတွေက တကယ်ကို သန့်ရှင်းသောဝိညာဉ်တော်ဆီကဖြစ်ပြီး လူသားမျိုးနွယ်ဆီက မဟုတ်ပါဘူး။ ကျွန်တော်တို့က စောင့်နေသရွေ့၊ ဆုတောင်းပြီး ညလုံးပေါက်ဆုတောင်းပွဲတွေလုပ်သရွေ့ ကျွန်တော်တို့ဟာ ပညာသတိရှိတဲ့ သတို့သမီးတွေပဲလို့ ကျွန်တော် ယုံခဲ့ဖူးတယ်။ ဒါပေမဲ့ မိုက်မဲတဲ့ သတို့သမီးတွေရဲ့ လုပ်ရပ်တွေလိုပဲ ဒါဟာ ကျွန်တော့်ရဲ့ အယူအဆတွေနဲ့ စိတ်ကူးထင်မြင်မှုတွေဆိုတာ၊ ဒါတွေကို ကျွန်တော်က စွဲကိုင်ထားရင် သခင်ပြန်ကြွလာခြင်းကို ကျွန်တော် မကြိုဆိုနိုင်ဘူးဆိုတာ ဒီနေ့မိတ်သဟာယကနေတစ်ဆင့် ကျွန်တော် နားလည်သဘောပေါက်ရပါတယ်။ သခင့်ရဲ့လမ်းညွှန်မှုအတွက် သခင့်ကို ကျေးဇူးတင်ပါတယ်။ အစ်ကိုလျို ကျွန်တော်တို့အတွက် ဖတ်ပြတဲ့ နှုတ်ကပတ်တော်တွေက ပညာသတိရှိတဲ့ သတို့သမီးတွေက ဘာလဲဆိုတာကို ကျွန်တော့်ကို သိစေပါတယ်။ ပညာသတိရှိတဲ့ သတို့သမီးတွေက ဘုရားသခင်ရဲ့ အသံတော်ကို ကြားနိုင်တာက၊ ရှာဖွေတဲ့၊ တောင့်တတဲ့ နှလုံးသားရှိတာက အဓိကအချက်တစ်ခုပဲ။ သခင်ပြောခဲ့သလိုပါပဲ။ ‘တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။(ရှင်လုကာခရစ်ဝင် ၁၁:၁၀) ကျွန်တော်တို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို တခြားနေရာတွေကနေ ရှာဖို့လိုမယ် မထင်ဘူး။ အစ်ကိုလျိူက သူ့သားက ဒီနှုတ်ကပတ်တော်တွေကို ဧဝံဂေလိဝဘ်ဆိုဒ်တစ်ခုကနေ ရှာတွေ့ထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျွန်တော်တို့ အဲဒါကို အင်တာနက်ကနေ စူးစမ်းလေ့လာဖို့အတွက် သူ့သားဆီ အကူအညီတောင်းလို့ရတာပဲ။”

အစ်ကိုလျိုက “သခင့်ကို ကျေးဇူးတင်ပါတယ်။ ဒီည ကျွန်တော့်အိမ်ကို ညီအစ်ကို မောင်နှမတို့ လာလို့ရပါတယ်။” ဟု ပြောသည်။

ကျားနန်က “ကောင်းပါပြီ။ ကျွန်တော်တို့လာခဲ့ပါမယ်။” ဟု ပြောလိုက်သည်။

အမှာစကား ချန်ခဲ့မည်