စာရင်း

ပညာသတိရှိသော သတို့သမီးများသည် မည်သည့် ဆုလာဘ်ပေးအပ်ခံရပါသနည်း။ မိုက်မဲသော သတို့သမီးများသည် ကပ်ဘေးကို မလွန်ဆန်နိုင် ဖြစ်လိမ့်မည်လော။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပညာသတိရှိသော သတို့သမီးများသည် မည်သည့် ဆုလာဘ်ပေးအပ်ခံရပါသနည်း။ မိုက်မဲသော သတို့သမီးများသည် ကပ်ဘေးကို မလွန်ဆန်နိုင် ဖြစ်လိမ့်မည်လော။

“သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကိုဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင်ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်းရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်းနှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။

ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ မှ

နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်တိုင်းကို သင်တွေ့ကြုံပြီးချိန်တွင် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသော မျှော်လင့်ချက်များသည် နောက်ဆုံးတွင် တကယ်ဖြစ်ပေါ်လာကြောင်း သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်တွေ့ရပြီ၊ ယခုမှသာ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးတွေ့ရပြီ၊ ဘုရားသခင်၏ ကိုယ်တိုင်မိန့်မြွက်ချက်ကို ကြားရပြီ၊ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို တွေ့ကြုံခံစားရပြီ၊ ဘုရားသခင်သည် မည်မျှစစ်မှန်ပြီး အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံကြောင်းကို အမှန်သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်ကလူများ မမြင်ခဲ့ဖူး သို့မဟုတ် မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင်ပိုင်ဆိုင်ရပြီဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာဖြစ်သည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်မှုမှာ အဘယ်အရာဖြစ်သည့်အကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပါသည်၊ အတိတ်၏ အမြင်များကို သင်တွယ်ဖက်ထားပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့်အချက်ကို သင်ပစ်ပယ်လျှင် သို့မဟုတ် ငြင်းပယ်လျှင်၊ သင်သည် လက်ဗလာဖြင့် ဘာမျှမရရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ် ရှိပေမည်။ သမ္မာတရားကို နာခံပြီး ဘုရားသခင်၏ အမှုကို နာခံသောသူသည် ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမအောက်တွင် အကျုံးဝင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကိုယ်တိုင်လမ်းညွှန်မှုကို လက်ခံရလိမ့်မည်၊ ပိုသာပြီး ပိုမြင့်သော သမ္မာတရားကိုရပြီး စစ်မှန်သော လူသားဘဝကို ရလိမ့်မည်။ သူတို့သည် ယခင်ခေတ်ကလူများ မမြင်ဖူးသည့် ရူပါရုံကိုလည်း ရှုမြင်ကြရမည်၊ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း၊ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုဃ်းပွင့်ကဲ့သို့လည်းကောင်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ် ၁:၁၂-၁၆) ဤရူပါရုံမှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းသည် ယခုအချိန်တွင် လူ့ဇာတိအဖြစ်ကို သူခံယူသည့်အခါ ဘုရားသခင်၏ အမှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ ပြစ်ဒဏ်ပေးခြင်းနှင့် တရားစီရင်ခြင်း လုပ်ငန်းစဉ်များတွင်၊ လူသားတော်သည် သူ၏ ပင်ကိုစိတ်သဘောထားကို မိန့်ကြားသော စကားများဖြင့် ဖော်ပြပါသည်။ ယောဟန်တွေ့မြင်ခဲ့သော လူသားတော်မျက်နှာ၏ တိတိကျကျ သရုပ်ဖော်ထားသော မျက်နှာပင်ဖြစ်သည့် မိမိ၏ မျက်နှာအမှန်ကို မိမိ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံး မြင်တွေ့စေပါသည်။ (ဤအရာအားလုံးကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏အမှုကို လက်မခံသောသူများ မြင်လိမ့်မည်မဟုတ်သည်မှာ သေချာလှပါသည်။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူသားတို့၏ စကားလုံးများကိုသုံး၍ အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူသားတို့ကို ပြသရန်အတွက် မိမိ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားတော်၏ ပင်ကိုစိတ်သဘောထားကို ကြုံတွေ့ခဲ့ဖူးသောသူများ အားလုံးသည် လူသားတော်၏ မျက်နှာအစစ်ကို ဖူးမြင်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ လူသားတို့သည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုအဆင့်ဆင့်ကို တွေ့ကြုံပြီးသည်နှင့် မီးခွက်များအကြားရှိ လူသားတော်ဟု ပြောသည့်အခါတွင် ယောဟန်စကားများ၏ ဆိုလိုရင်း အစစ်အမှန်ကို သူသိပေလိမ့်မည်၊ “ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုဃ်းပွင့်ကဲ့သို့လည်းကောင်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။” ထိုအချိန်တွင် စကားများစွာ မိန့်ခဲ့သော ဤသာမန်လူ့ဇာတိသည် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင် အမှန်ပင် ဖြစ်ကြောင်းကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင် သင်မည်မျှ ကောင်းချီးခံရကြောင်း စစ်မှန်စွာ သင်ခံစားရလိမ့်မည်ဖြစ်ပြီး ကံအကောင်းဆုံးသော သူဖြစ်သည်ဟု သင့်ကိုယ်သင် ခံစားရလိမ့်မည်။ ဤကောင်းချီးကို သင်လက်မခံလိုဘဲ ရှိလိမ့်မည်လော။

 ကျမ်းဦးစကား မှ

နိမိတ်လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ ဧကန်အမှန် ရောက်မည့်အမျိုးအစားဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ လူ့ဇာတိသို့ တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏နှုတ်ကပတ်တော်များကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များဖြစ်သည်မှာ သေချာပြီး ၎င်းတို့သည် ထာဝရပျက်စီးခြင်းသို့ ရောက်မည့်အမျိုးအစားဖြစ်သည်။ ငါပြောသည့်အရာများကို များစွာသောလူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှုကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ “ဖြူသောမိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်” ဟု မလျှော့တမ်းယုံကြည်သူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်လမ်းကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန်ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယုံကြည်စိတ်များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေသူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။

ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် မှ

သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိန့်မြွက်ဖို့ နှင့် ပြောဆိုဖို့၊ ဘုရားသခင်၏ အိမ်တော်မှ စသည့် တရားစီရင်ခြင်း အမှုကို ပြုဖို့၊ သူ့အသံတော်ကို ကြားသည့် လူများအားလုံးကို သန့်စင်ပြီး၊ စုံလင်စေဖို့၊ သူ့ပလ္လင်တော်ရှေ့သို့ ပြန်လာစေဖို့၊ နှင့် သူတို့ကို အောင်မြင်သူတစ်စုအဖြစ် ပြုဖို့ တို့အတွက် လူ့ဇာတိကို ခံယူပြီး၊ လူသားများအလယ်တွင် တိတ်တဆိတ် ဆင်းသက်လာသည်။ ထို့နောက် ဘုရားသခင်သည် ကြီးမားသော ကပ်ဘေးကြီးကို ဖြစ်စေကာ၊ နောက်ဆုံးသောကာလ၏ ဘုရားသခင့် တရားစီရင်ခြင်းကို လက်မခံသူများ အားလုံးကို စစ်ဆေးခြင်း နှင့် ပြစ်တင်ဆုံးမမည်။ နောက်တွင် ဘုရားသခင်က တိမ်များဖြင့် ဆင်းသက်လာပြီး လူပုံအလယ်တွင် ပေါ်ထွန်းမည်။ သို့ပါက ဗျာဒိတ်ကျမ်း ၁:၇မှ ပရောဖက်ပြုခြင်းကို ပြည့်ဝစေမည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” သခင်က တိမ်များဖြင့် ဆင်းသက်လာသည့်အချိန်တွင် သူ့ကို ထိုးဖောက်သူများသည် သူ့ကို မြင်တွေ့နိုင်ဆဲ ဖြစ်ပါသလား။ သူ့ကို ထိုးဖောက်သူများမှာ မည်သူနည်း။ သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲသူများ ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ယင်းမှာ အမှန်တရား ဖြစ်ပါသလား။ သခင်ယေရှုကို ကားတိုင်တင်ခဲ့ကြသူများသည် ဟိုးယခင်အချိန် ကတည်းက ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံခဲ့ရပြီး မဟုတ်ပါလား။ လက်တွေ့တွင်မူ နောက်ဆုံးသောကာလတွင် အမှုပြုရန် လူ့ဇာတိခံဘုရားသခင် က တိတ်တဆိတ် ဆင်းသက်လာသည့် ကာလအတွင်း ဘုရားသခင်၏ အသံတော်ကို မရှာဖွေကြသူများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ ခုခံသူများသည် သူ့ကို ထိုးဖောက်သူများ ဖြစ်ပါသည်။ ထိုအချိန်တွင် သူတို့ ခုခံပြီး ပြစ်တင်ရှုတ်ချခဲ့သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူတို့နှစ်ပေါင်းများစွာ အသည်းအသန် စောင့်ဆိုင်းနေခဲ့သည့် ကယ်တင်ရှင် ယေရှု အမှန်အကန်ပင် ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ သူတို့က သူတို့ရင်များကို ထုပြီး၊ ငိုကြွေးကာ၊ သူတို့သွားများကို ကြိတ်ပြီးအံခဲ ကြရလိမ့်မည်။ ဘုရားသခင်၏ အသံတော်ကို ကြားသည့် ပညာရှိသတို့သမီးများသာလျှင် သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုရန်၊ သိုးသငယ်၏ မင်္ဂလာဆောင် ညလယ်စာစားပွဲကို တက်ရောက်ဖို့ ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ဆောင်ကြဉ်းခံဖို့အလို့ငှာ၊ အောင်မြင်သူ တစ်ယောက်အဖြစ် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ငှာ အခွင့်အလမ်းကို ရကြမည် ဖြစ်သည်။ ယင်းက ဗျာဒိတ်ကျမ်း ၁၄:၄ထဲမှ ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” သခင်က တိမ်များဖြင့် ဆင်းသက်လာမည်ဆိုသည့် အယူအဆကို စွဲကိုင်ထားသော်လည်း၊ နောက်ဆုံးသောကာလ၏ ဘုရားသခင့် အမှုတော်ကို မရှာဖွေ၊ မစုံစမ်း သူများ အတွက်မှာမူ၊ သူတို့သည် မိုက်မဲသောသတို့သမီးများ အဖြစ် သတ်မှတ်ခံရမည်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အပြင်းအထန် ခုခံပြီး၊ ပြစ်တင်ရှုတ်ချသူများသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ဖြင့် ဖော်ထုတ်ခံရသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်သည်။ သူတို့အားလုံးသည် ဘုရားသခင်ကို တစ်ဖန်ပြန်လည် ကားတိုင်တင်ခဲ့သူများ ဖြစ်သည်။ ထိုလူများအားလုံးတို့သည် ကြီးမားသော ကပ်ဘေးကြီးထဲ ကျရောက်ပြီး၊ အပြစ်ဒဏ်ကို ခံရမည် ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေထားပြီး သက်သေခံထားပြီးဖြစ်ကာ သင်တို့သည် နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင့်အမှုတော်ကို လက်ခံရန် နယ်မြေများအားလုံးမှ၊ တိုင်းနိုင်ငံများအားလုံးမှ ပထမဦးဆုံးသော လူစုဖြစ်သည်။ သင်တို့သည် မင်္ဂလာအရှိဆုံးသောသူများဖြစ်ကြသည်။...ပထမအနေဖြင့် သင်သည် သခင်ယေရှုပြန်ကြွလာခဲ့သည်ကို မြင်ခဲ့သည့်အပြင် သူ့အနေဖြင့် နောက်ဆုံးသောကာလတွင် သမ္မာတရားကို ဖော်ပြနေပြီး သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရင်း လူသားတော်အဖြစ် လူ့ဇာတိခံယူထားသည်ကို မြင်ခဲ့ပြီးဖြစ်သောကြောင့် နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုကို သင်လက်ခံထားပြီးဖြစ်သည်။ ထို့ကြောင့် သင်၏လက်သင့်ခံခြင်းမှာ သင်သည် ချီဆောင်ခံရပြီးဖြစ်သည်၊ ဘုရားသခင် ရှေ့မှောက်သို့ ချီဆောင်ခံရပြီးဖြစ်သည်ဟု ဆိုလိုသည်။ သင်သည် သခင်နှင့် တွေ့ဆုံဖို့ရန်အတွက် လေထဲသို့ ချီပင့်ခြင်းခံရပြီး ဖြစ်သည်။ ဤ “လေ” သည် မည်သည့်အရာကို ဆိုလိုပါသနည်း။ လူတို့ကို ရရှိရန် ဧဝံဂေလိတရားကို ဟောကြားခြင်းနှင့် အွန်လိုင်းတွင် စကားပြောခြင်းဖြစ်သည်၊ ယင်းသည် “လေထဲတွင်” မဟုတ်ပါသလော။ “လေ” အဘယ်မှာနည်း။ “လေ” သည် တင်စားမှုတစ်ခုဖြစ်ပြီး ယင်းက ကျွန်ုပ်တို့ ကောင်းကင်မှာ ရှိသည်၊ မြေကြီးပေါ် ရှိသည်နှင့်ဆိုင်သော မေးခွန်းကို ကိုယ်စားပြုသည်။ အရိုးစင်းဆုံး ပြောရပါက ကျွန်ုပ်တို့သည် မြေကြီးပေါ်တွင် ရှိနေကြသည်၊ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူရှိသည့် အသက်တာကို မွေ့လျော်ကြပြီး ပလ္လင်တော်မှ စီးဆင်းသော အသက်ရေစီးရာမြစ်၏ ရေဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် တတိယကောင်းကင်ဘုံတွင် ရှိကြဘိသကဲ့သို့ အသက်ရှင်ကြသည်။ ယင်း၏ စစ်မှန်သော အဓိပ္ပာယ်အရဆိုပါက ကျွန်ုပ်တို့ အဘယ်မှာ ရှိနေကြသနည်း။ ကောင်းကင်မှာ ရှိနေကြသလား၊ သို့မဟုတ် မြေကြီးပေါ်မှာလား။ ပြောရန် ခက်ပါသည်၊ ထို့ကြောင့် ယင်းကို သရုပ်ဖော်ဖို့ “လေထဲတွင်” ဟူသည်ကို ကျွန်ုပ်တို့ သုံးခြင်းဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်နှင့်အတူ စားပွဲတော်ကျင်းပခြင်းဖြစ်သည့် သိုးသငယ်နှင့်အတူ စားပွဲတော်ကျင်းပရန် ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်သို့ ချီဆောင်ခံကြရပြီး ဖြစ်သည်။ ဒုတိယအနေဖြင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်အားဖြင့် စုံလင်ခံရဖို့ အခွင့်အရေးကို သင်တို့ရရှိကြပြီးဖြစ်သည်။ အကယ်၍ သင်တို့သည် ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက်တွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် သန့်စင်ခံရပြီး စုံလင်စေခြင်းကို ခံကြရလျှင် ဘုရားသခင်၏ထောက်ခံမှုကိုရရန် သင်တို့အရည်အချင်းမီကြလိမ့်မည် ဖြစ်သည်။ အလွန်ကြီးမားသော ကောင်းချီးမင်္ဂလာပေတည်း။ ခေတ်အဆက်ဆက်က သန့်ရှင်းသူများ တောင့်တခဲ့ကြသော်လည်း ၎င်းတို့အများစုက မရရှိခဲ့ကြသည့်အရာကို ကျွန်ုပ်တို့ရရှိကြပေပြီ။ ကျွန်ုပ်တို့သည် ကံအကောင်းဆုံးသူများ ဖြစ်ကြသည် မဟုတ်ပါလား။ တတိယအနေဖြင့် ကျွန်ုပ်တို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရရင်း၊ ပြစ်တင်ဆုံးမခံရပြီး ဆုံးမပဲ့ပြင်ခံရရင်းဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံနေကြရပေသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးများအတွင်းတွင် အနည်းငယ် ဒုက္ခဝေဒနာ ခံစားကြရပြီး အစပထမတွင် အရှက်ရခြင်းကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ နောက်ဆုံးတွင် တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ရရှိကြပါလိမ့်မည်။ တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့သည် သန့်စင်ခံရခြင်း၊ သမ္မာတရားကို သိရှိခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းဟူသည့် ရလဒ်ကို ရရှိကြပါလိမ့်မည်။ ကျွန်ုပ်တို့သည် ပြစ်တင်ဆုံးမခြင်းကို ခံကြရသောအခါ မိမိတို့ကိုယ်ကို ဝပ်တွားပြီး ခါးသီးစွာ ငိုကြွေးရင်း၊ မိမိတို့အပြစ်များကို ဝန်ချပြီး နောင်တရရင်းဖြင့် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာနှင့် မျက်နှာကို ဘေးဖယ်ထားကြသော်ငြားလည်း ထိုသို့သော စစ်ဆေးမှုကာလတစ်ခုကို ကြုံရပြီးနောက်တွင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို ကျွန်ုပ်တို့ စတင်အသက်ရှင်ကြလေသည်။ ကျွန်ုပ်တို့သည် ပို၍ပို၍လက်တွေ့ကျလာသည်၊ ကျွန်ုပ်တို့၏ အသိတရား နိုးကြားလာသည်၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များ အားတက်လာပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ တွေ့မြင်ကြသည်။ ဤလမ်းကြောင်းကို ကျွန်ုပ်တို့ လုံးဝသေချာလာပြီး နောက်ဆုံးတွင် စုံလင်ခံလာရခြင်းဆီသို့ သွားသော လမ်းကြောင်းအပေါ် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အစပျိုးသည်အထိ ကျွန်ုပ်တို့၏ လမ်းခရီးက တောက်ပသည်ထက် တောက်ပလာကာ အောင်မြင်သောသူများ ဖြစ်လာကြသည်။ အောင်မြင်သောသူများ ဖြစ်လာရန်မှာ မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းသည် ကြီးမားသော ကပ်ဘေးဒုက္ခကို မကြုံရခြင်းဟု ဆိုလိုသည်၊ ထိုအရာ လာသောအခါ၊ “သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။” (ဆာလံ ၉၁:၇) ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာ မဟုတ်ပါလား။ မယုံကြည်သူများနှင့် ဘာသာရေးသမားတို့သည် ကပ်ဘေးထဲသို့ ကျဆင်းကြလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်တို့အနေဖြင့် ကပ်ဘေးအလယ်တွင် ရှိနေပုံထင်ရသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိ၏၊ ထို့ကြောင့် ကပ်ဘေးသည် ကျွန်ုပ်တို့အပေါ် ကျရောက်လိမ့်မည် မဟုတ်ပါ။ သမ္မာတရားကို သင်အမှန်တကယ် ရရှိပြီးဖြစ်လျှင်၊ သင့်ကို ကျွန်ုပ်ပြောမည်၊ သေခြင်းတရားကို သင်မြည်းစမ်းရလိမ့်မည်မဟုတ်ပါ။ ဤစကားများသည် အမှန်ဖြစ်၏။ နောက်ဆုံးသောကာလအတွက် ဘုရားသခင်၏ ကတိတော်၊ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများသည် ကျွန်ုပ်တို့အပေါ်တွင် ပြည့်စုံကြပါလိမ့်မည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၀ မှ

အမှာစကား ချန်ခဲ့မည်