စာရင်း

သခင် ပြန်ကြွလာခြင်း နိမိတ်များ ပေါ်ထွန်းလေပြီ- သူ့ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်သနည်း။

လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက ကျွန်ုပ်တို့ကို ကတိပေးခဲ့၏။ “ငါသည်အလျှင်အမြန် လာသည်။(ဗျာဒိတ်ကျမ်း ၂၂:၁၂) ယခုတွင်၊ သူ၏ ပြန်ကြွလာခြင်း နိမိတ်မျိုးစုံ ပေါ်ထွန်းပြီးဖြစ်သကဲ့သို့ ညီအစ်ကို မောင်နှမများစွာက သခင်၏ နေ့ရက်ကာလ နီးပြီဟူသည့် စိတ်ခံစားချက်များ ရှိကြလေသည်။ သခင် ပြန်ကြွလာနှင့်ပြီးပြီလော။ သခင့်ကို ကြိုဆိုဖို့ မည်သည့်အရာကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သနည်း။ ကျမ်းစာထဲတွင် ရှင်းလင်းဖော်ပြထားသည့် ပရောဖက်ပြုချက်များကို လေ့လာခြင်းအားဖြင့် ယခု ဤအရာကို ဆွေးနွေးကြပါစို့။

သခင် ပြန်ကြွလာခြင်း၏ ပထမဆုံး နိမိတ်- မြေငလျင်လှုပ်ခြင်းများ၊ အစာခေါင်းပါးခြင်းများ၊ ကပ်ရောဂါများနှင့် စစ်ပွဲများ

ရှင်မဿဲခရစ်ဝင် ၂၄:၆-၈ က ပြောသည်- “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။” အာဖဂန်နစ္စတန်တွင် တာလီဘန်အစိုးရ ဖြုတ်ချခံရမှု၊ အိန္ဒိယနှင့် ပါကစ္စတန်ကြား ပဋိပက္ခ၊ အမေရိကန်၏ အီရတ်ကို ကျူးကျော်မှု၊ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား စစ်ပွဲများ ဆက်တိုက် ပြင်းထန်နေမှုကဲ့သို့သော ဖြစ်ရပ်များစသည့် မကြာသေးမီနှစ်များအတွင်း စစ်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ကပ်ရောဂါများ၊ မီးဘေး၊ ရေကြီးမှုနှင့် ငလျင်လှုပ်ခတ်မှုများကိုလည်း နေရာတိုင်းတွင် တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် သတိပြုမိသည်မှာ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သော "ဆန်းသစ်သော ကိုရိုနာဗိုင်းရပ်" ဖြစ်ပြီး ထိုအချိန်ကတည်းက ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားပြီဖြစ်သည်။ ဩစတေးလျတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြင်းထန်သော တောမီးလောင်မှုများလည်း ဖြစ်ပွားခဲ့စဉ်တွင် ကမ္ဘာတစ်ဖက်ခြမ်းရှိ အရှေ့အာဖရိကတွင် ကျိုင်းကောင်များ ပြင်းထန်စွာ ဖြစ်ပွားခဲ့သကဲ့သို့၊ ယခုအခါ နိုင်ငံအများအပြားတွင် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အင်ဒိုနီးရှားက ရေလွှမ်းမိုးမှုခံခဲ့ရပြီး ကနေဒါရှိ နယူးဖောင်လန်သည် ရာစုနှစ်တွင်တစ်ကြိမ်သာဖြစ်သည့် နှင်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည်။ တူရကီနိုင်ငံ အီလာဇစ်ဂ်၊ ကာရေဘီယံတောင်ပိုင်း ကျူးဘားနှင့် အခြားနေရာများတွင် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဤနိမိတ်များမှ၊ ဤပရောဖက်ပြုချက် ပြည့်စုံပြီးဖြစ်သည်ကို တွေ့မြင်နိုင်ပေသည်။

သခင် ပြန်ကြွလာခြင်း၏ ဒုတိယနိမိတ်- ကောင်းကင်တန်ဆာများ မူမမှန်မှု ဖြစ်ပေါ်ခြင်း

ဗျာဒိတ်ကျမ်း ၆:၁၂ က ပြောသည်- “ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။” ယောလအနာဂတ္တိကျမ်း ၂:၃၀ က ပြောသည်- “ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။” မကြာသေးမီနှစ်များတွင် လသည် သွေးနီရောင်ပြောင်းသွားသည့် ဖြစ်ရပ်များစွာရှိခဲ့သည်။ ဥပမာအားဖြင့်၊ ၂၀၁၄နှင့် ၂၀၁၅ နှစ်နှစ်တာကာလအတွင်းတွင် "သွေးလ" လေးခုဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် နှစ်ပေါင်း ၁၅၀လျှင် တစ်ကြိမ်သာပေါ်ထွန်းသည့် "စူပါအပြာရောင်သွေးလ" ရှိခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် “စူပါသွေးဝံပုလွေလ” ပေါ်လာသည်။ ပရောဖက်ပြုထားသည့် နေမှောင်မိုက်သွားခြင်းဖြစ်စဉ်လည်း ပေါ်ထွက်ခဲ့ပြီး အမှန်တကယ်ပင် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၆ တွင် စင်ကာပူ၌ နေကြတ်ခြင်းနှင့် ထိုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင်ပင် ချီလီ၌ နေကြတ်ခြင်းကဲ့သို့သော နေလုံးကြတ်ခြင်းများစွာ ရှိခဲ့သည်။ ဤဖြစ်စဉ်များတွင် ဤပရောဖက်ပြုချက် ပြည့်စုံခြင်းက သိသာပေသည်။

သခင် ပြန်ကြွလာခြင်း၏ တတိယနိမိတ်- အသင်းတော်များ ခြောက်ကပ်ကာ ယုံကြည်သူများ၏ ချစ်ခြင်းမေတ္တာ အေးစက်သွားသည်

ရှင်မဿဲခရစ်ဝင် ၂၄:၁၂ က ပြောသည်- “မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။” ဘာသာရေး လောကတစ်ခုလုံးအနှံ့ ခြောက်ကပ်မှုက ပျံ့နှံ့နေသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ တရားဟောချက်က ငြီးငွေ့စရာဖြစ်လာပြီး အဖန်တစ်ရာတေနေသော စကားများဖြင့် အပ်ကြောင်းထပ်နေသကဲ့သို့၊ ယုံကြည်သူများကို မထောက်ပံ့နိုင်ပေ။ အဆင့်အတန်းအတွက် မိမိတို့၏ ကြိုးပမ်းမှုတွင်၊ အချို့သင်းအုပ်များသည် အုပ်စုများဖွဲ့ပြီး အသင်းတော်များထဲတွင် ဂိုဏ်းကွဲမှုများ ဖန်တီးနေကြကာ အချို့မှာ ယုံကြည်သူများကို လောကီလမ်းကြောင်းတစ်လျှောက် ဦးဆောင်ဖို့ စက်ရုံများထောင်ခြင်းအားဖြင့် စီးပွားရေးသို့ပင် ဝင်ရောက်သွားကြပြီး ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ယုံကြည်သူများကြားတွင်၊ ယေဘုယျ ယုံကြည်မှုအားနည်းခြင်းနှင့် လောကနှင့်ခွဲထွက်ရန် တွန့်ဆုတ်ခြင်းရှိကြပြီး၊ ၎င်းတို့သည် လောက၏ စိတ်ပျက်ဖွယ် တွယ်ငြိမှုများတွင် အသက်ရှင်ကြလေသည်။ အချို့သောအသင်းတော်များသည် အပြင်ပန်းတွင် လူစည်ကားပြီး သက်ဝင်လှုပ်ရှားနေပုံရသော်လည်း လူများစွာသည် ဘုရားကျောင်းကို အရောင်းအဝယ်ပြုလုပ်သည့်နေရာအဖြစ် အသုံးပြုလျက် ၎င်းတို့၏ကွန်ရက်ကိုချဲ့ထွင်ရန်နှင့် ကုန်ပစ္စည်းများရောင်းချရန်မျှသာ ဘုရားကျောင်းသို့ လာရောက်ကြခြင်း ဖြစ်သည်။ ယနေ့ခေတ် အသင်းတော်နှင့် ပညတ်တော်ခေတ်၏ အဆုံးက ဗိမာန်တော်ကြား ခြားနားချက်မှာ အဘယ်နည်း။ ဤအရာများတွင်၊ သခင် ပြန်ကြွလာခြင်းနှင့်ဆိုင်သည့် ဤပရောဖက်ပြုချက်၏ အလုံးစုံ ပြီးပြည့်စုံခြင်းမှာ သိသာပေါ်လွင်ပေသည်။

သခင် ပြန်ကြွလာခြင်း၏စတုတ္ထ နိမိတ်- အယောင်ဆောင် ခရစ်တော်များ ပေါ်ထွန်းခြင်း

ရှင်မဿဲ ၂၄:၄-၅ က ပြောသည်- “ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။” သခင်၏ ပရောဖက်ပြုချက်မှ၊ သခင်ပြန်ကြွလာသည့်အခါ၊ အယောင်ဆောင် ခရစ်တော်များ ပေါ်ထွန်းပြီး လူတို့ကို လှည့်ဖြားလိမ့်မည်ကို ကျွန်ုပ်တို့ မြင်နိုင်သည်။ မကြာသေးမီ နှစ်များတွင်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်ကဲ့သို့သော နိုင်ငံများ၌ အယောင်ဆောင် ခရစ်တော်များ ပေါ်ထွန်းကာ လူတို့ကို လှည့်ဖြားပြီး ဖြစ်သည်။ ဤအယောင်ဆောင် ခရစ်တော်များသည် ခရစ်တော်၏ အနှစ်သာရ မပိုင်ဆိုင်သကဲ့သို့၊ သမ္မာတရားကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော်လည်း၊ မိမိတို့ကိုယ်ကိုယ် ခရစ်တော်အဖြစ် အခိုင်အမာဆိုပြီး အချို့သော နိမိတ်လက္ခဏာများကို ဆောင်ရွက်ဖို့ သခင်ယေရှုကို တုပခြင်းအားဖြင့် လူတို့ကို လှည့်ဖြားကြလေသည်။ ဤတွင်၊ ဤပရောဖက်ပြုချက် ပြည့်စုံခြင်း သိသာထင်ရှားပေသည်။

သခင်ပြန်ကြွလာခြင်း၏ ပဉ္စမနိမိတ်- အစ္စရေးနိုင်ငံ ပြန်လည်ထူထောင်ခြင်း

ရှင်မဿဲ ၂၄:၄-၅ က ပြောသည်- “သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။” သင်္ဘောသဖန်းပင်၏ နူးညံ့သောအကိုင်းအခက်များနှင့် အရွက်များသည် ဣသရေလနိုင်ငံ ပြန်လည်ထူထောင်ခြင်းကို ရည်ညွှန်းကြောင်း သခင်ဘုရားကို ယုံကြည်သူများစွာက သိကြသည်။ အစ္စရေးနိုင်ငံ ပြန်လည်ထူထောင်သောအခါ၊ သခင်၏နေ့ရက်သည် နီးကပ်လာမည်ဖြစ်ပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ပြန်လည်ထူထောင်ခဲ့သည်။ သိသာထင်ရှားသည်မှာ၊ သခင်ပြန်ကြွလာခြင်း၏ ဤပရောဖက်ပြုချက်သည် လုံး၀ပြည့်စုံသွားခဲ့ပြီဖြစ်သည်။

သခင်ပြန်ကြွလာခြင်း၏ ဆဋ္ဌမမြောက် နိမိတ်- ဧဝံဂေလိတရားသည် ကမ္ဘာမြေအဆုံးတိုင်အောင် ပျံ့နှံ့ခြင်း

ရှင်မဿဲ ၂၄:၁၄ က မှတ်သားထားသည်မှာ- “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။” ရှင်မာကုခရစ်ဝင် ၁၆:၁၅ တွင်၊ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သခင်ယေရှု၏ နောက်တော်သို့ လိုက်သူများကို သခင်ယေရှုအား သက်သေခံရန် စတင်ဦးဆောင်ခဲ့သည်။ ယနေ့ခေတ်တွင် ခရစ်ယာန်ဘာသာဝင်များသည် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားပြီဖြစ်သကဲ့သို့ ဒီမိုကရေစီနိုင်ငံများစွာသည် ခရစ်ယာန်ဘာသာကို ၎င်းတို့၏နိုင်ငံတော်ဘာသာအဖြစ် လက်ခံကျင့်သုံးကြပြီး ဖြစ်သည်။ အာဏာရပါတီက ဘုရားမဲ့ဝါဒဖြစ်သည့် တရုတ်နိုင်ငံတွင်ပင် သန်းနှင့်ချီသောလူများသည် သခင်ယေရှု၏ဧဝံဂေလိတရားကို လက်ခံကြပြီးဖြစ်သည်၊ ထို့ကြောင့် သခင်ယေရှုမှတစ်ဆင့် လူသားမျိုးနွယ်၏ရွေးနှုတ်ခြင်းဆိုင်ရာ ဧဝံဂေလိတရားသည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားပြီးဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ဤတွင်၊ သခင်ပြန်ကြွလာမည့် ပရောဖက်ပြုချက် ပြည့်စုံပြီးဖြစ်ကြောင်း ထင်ရှားသည်။

သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်သနည်း

အထက်တွင်ဖော်ပြထားသော အချက်အလက်များမှ၊ သခင်ပြန်ကြွလာခြင်း၏ နိမိတ်ခြောက်ပါး ပေါ်ထွန်းနှင့်ပြီဖြစ်သည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ယခုအချိန်သည် သခင်၏ ကြွလာခြင်းကို ကြိုဆိုရန် အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းမပြုနိုင်မီတွင် ကျွန်ုပ်တို့ မည်သည့်အရာ လုပ်ရမည်နည်း။ သခင်ယေရှုသည် လွန်ခဲ့သည့် အချိန်ကြာမြင့်စွာက ကျွန်ုပ်တို့အား ဤမေးခွန်းအတွက် အဖြေကို ပေးခဲ့သည်။

ရှင်ယောဟန် ၁၆:၁၂-၁၃ တွင်၊ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” ဗျာဒိတ်ကျမ်း ၃:၂၀ က ပြောသည်- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ တွင်လည်း ပရောဖက်ပြုချက်များစွာ ရှိသည်- “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” ဤကျမ်းချက်မှ မြင်ရသည့်အတိုင်း၊ သခင် ပြန်ကြွလာသည့်အခါ၊ ယခင်က ကျွန်ုပ်တို့ နားမလည်ခဲ့သည့် သမ္မာတရားအားလုံးကို ကျွန်ုပ်တို့အား ပြောပြလျက်၊ မိန့်မြွက်ချက်များကို ထုတ်ပြန်ကာ အသင်းတော်များကို စကားပြောမည် ဖြစ်သည်။ ဘုရား၏ စကားကို ကြားကာ သူ၏ အသံတော်ကို သတိပြုမိပြီး၊ သူ့ကို လက်ခံကာ ကျိုးနွံနာခံသောသူတို့သည် သခင့်ကို ကြိုဆိုပြီး သိုးသငယ်၏ စားပွဲတော်ကို တက်ရောက်နိုင်ကြလိမ့်မည်။ အခြားတစ်ဖက်တွင်၊ ဘုရား၏ အသံတော်ကို သတိမပြုသောသူတို့သည် ဧကန်မုချ ဘုရား၏ သိုးများ ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရား၏ ဖော်ထုတ်ခြင်းနှင့် ဖယ်ရှင်းခြင်း ခံရလိမ့်မည်။ ဤတွင်၊ သခင်၏ ကြွလာခြင်းကို ကျွန်ုပ်တို့ စောင့်ဆိုင်းသည့်အခါ၊ အသင်းတော်များကို ပြောဆိုသော သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများကို ရှာတွေ့ပြီး ဘုရား၏ အသံတော်ကို နားထောင်ရန် သင်ယူဖို့ အရေးကြီးသည်မှာ သိသာပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသကဲ့သို့ ဖြစ်သည်- “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏”)

ဤအရာကို ကြားသည့်အခါ၊ လူအချို့က မေးနိုင်သည်- “သို့ဆိုလျှင် ဘုရား၏ အသံတော်ကို မည်သည့်နေရာတွင် ကျွန်ုပ်တို့ သွားရှာရမည်နည်း”ဟူ၍။ ရှင်မဿဲခရစ်ဝင် ၂၅:၆ တွင်၊ သခင်ယေရှု ပြောခဲ့သည်မှာ- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” သခင်သည် သူ၏ သိုးများကို သူ၏ မိန့်မြွက်ချက်များနှင့် စကားဖြင့် ခေါ်သည့်အတွက်၊ သခင့်အသံကို အရင်ဦးစွာ ကြားကာ သိုးသငယ်နောက်လိုက်ပြီးနောက်၊ အားလုံးက ဘုရား၏ အသံတော်ကို ကြားရန် အခွင့်အရေးရနိုင်စေဖို့အလို့ငှာ၊ သခင်၏ ပြန်ကြွလာခြင်း သတင်းနှင့် သခင်၏ ဒုတိယအကြိမ် ကြွလာခြင်း နှုတ်ကပတ်တော်များကို ဖြန့်ဖို့ “မင်္ဂလာဆောင်လုလင် လာပြီ” ဟု နေရာတကာတွင် ဟစ်အော်မည့် လူအချို့ ဧကန်မုချ ရှိပေလိမ့်မည်။ ထို့ကြောင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်ုပ်တို့ အမှီလိုက်နိုင်ခြင်း ရှိမရှိမှာ သူ့ကို ရှာဖွေဖို့ တောင့်တသည့် စိတ်နှလုံး ကျွန်ုပ်တို့ ရှိမရှိဆိုသည်နှင့် ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ သတိပြုမိနိုင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် တည်မှီပေသည်။ သခင်ယေရှု ပထမဦးဆုံး ပေါ်ထွန်းချိန်တွင်၊ ပေတရု၊ မာရိနှင့် အခြားသောသူတို့က သခင်ယေရှုကို သူ၏ အမှုတော်နှင့် စကားမှ မေရှိယအဖြစ် သတိပြုမိပြီး သူ့နောက်လိုက်ကာ သူ၏ ဧဝံဂေလိတရားကို စတင်သက်သေခံခဲ့သည့်အတိုင်းပင် ဖြစ်သည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို ကြားကာ ဘုရား၏ အသံတော်ကို သတိပြုမိနိုင်သောသူတို့သည် ပညာရှိ သတို့သမီးများ ဖြစ်စဉ်တွင်၊ သမ္မာတရားကို မနှစ်သက်သည့် ယဇ်ပရောဟိတ်များ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့သည် သခင်ယေရှု နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးကို ကြားသော်လည်း ယင်းတို့ကို မစုံစမ်းမစစ်ဆေးခဲ့ကြပေ။ ထိုအစား၊ “မေရှိယဟု မခေါ်သောသူသည် ဘုရားမဟုတ်”ဟု တွေးရင်းနှင့် ၎င်းတို့ထံ မေရှိယပေါ်ထွန်းဖို့အတွက် စောင့်ဆိုင်းရင်း၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ခေါင်းမာမာနှင့် စောင့်ထိန်းခဲ့ကြသည်။ သခင်ယေရှု၏ အမှုကိုပင် ၎င်းတို့ ရှုတ်ချကာ ပြစ်မှားစော်ကားခဲ့ကြပြီး၊ အဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြသည်။ ဖာရိရှဲများနောက်သို့ လိုက်ပြီး သခင်ယေရှု၏ အမှုနှင့် နှုတ်ကပတ်တော်များတွှုင် ဘုရား၏ အသံတော်ကို မခွဲခြားခဲ့ကြသည့်၊ ယဇ်ပရောဟိတ်များ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများကို ကြောင်းကျိုးမမြင်ဘဲ နားထောင်ကာ သခင်၏ ကယ်တင်ခြင်းကို ငြင်းပယ်ခဲ့ကြသည့် ဂျူးလူမျိုး ယုံကြည်သူများလည်း ရှိသည်။ ထိုသို့သော လူတို့သည် သခင်၏ စွန့်ပစ်ခြင်းခံရသည့် မိုက်မဲသော သတို့သမီးများ ဖြစ်လာကြသည်။ လူအချို့က မေးနိုင်သည်- “သို့ဆိုလျှင် ဘုရား၏ အသံတော်ကို မည်သို့ ခွဲခြား၍ ရသနည်း”ဟူ၍။ အမှန်တွင်၊ ဤသည်မှာ မခက်ခဲပေ။ဘုရား၏ မိန့်မြွက်ချက်များနှင့် စကားများကို လူက ပြောမရနိုင် ဖြစ်ရပေမည်။ အထူးသဖြင့် ဩဇာအာဏာရှိကာ အစွမ်းတန်ခိုးရှိရမည်။ ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများကို ဖော်ထုတ်ကာ လူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားက ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြန်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များ၊ လူသားမျိုးနွယ်ထံ ဘုရား၏ ကတိတော်များ စသည်တို့ ပါရှိသည်။ ဤနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်ပြီး အားလုံးက လူသား၏ အသက်ဖြစ်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားသည့်အခါ စိတ်နှလုံးနှင့် ဝိညာဉ်ရှိသူတိုင်းသည် ယင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရှင်က ကျွန်ုပ်တို့ လူသားများထံ စကားပြောကာ သူ၏ မိန့်မြွက်ချက်များ ထုတ်ပြန်နေခြင်းဖြစ်သည်ကို စိတ်နှလုံးထဲတွင် အတည်ပြုချက်ရှိလိမ့်မည်။ ဘုရား၏ သိုးများက ဘုရား၏ အသံတော်ကို နားထောင်ကြသည်။ ဤနှုတ်ကပတ်တော်များက ဘုရား၏ အသံတော်ဖြစ်သည်ကို ကျွန်ုပ်တို့ သေချာပါက၊ ကျွန်ုပ်တို့၏ အယူအဆများနှင့် မည်မျှ ကိုက်ညီမှု နည်းပါးသည်ဖြစ်စေ၊ ယင်းတို့ကို လက်ခံကာ နာခံသင့်ပေသည်။ ဤနည်းဖြင့်သာ သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုနိုင်ပေသည်။

ယနေ့ခေတ် ကမ္ဘာလောကတွင်၊ သခင်- လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြန်ကြွလာနှင့်ပြီးဖြစ်သည်ဟု အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကသာ သက်သေခံသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ဖော်ပြနှင့်ပြီးဖြစ်သကဲ့သို့၊ နိုင်ငံအားလုံးနှင့် လူ့အလွှာအားလုံးမှ လူများ စစ်ဆေးဖို့အတွက် အင်တာနက်တွင် ဖြန့်ချိထားသည်။ သမ္မာတရားကို တောင့်တသည့် တိုင်းနိုင်ငံအသီးသီး၏ များစွာသော လူတို့သည် ဘုရားအသံတော်ကို ကြားကာ သခင့်ကို ကြိုဆိုဖို့ မျှော်လင့်ချက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် လာကြသည်။ ကျမ်းစာတွင် ပြောထားသည့်အတိုင်း ဖြစ်သည်- “မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်။” အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရား၏ အသံတော် ဟုတ်မဟုတ် သိမြင်ရန် နားထောင်လျက်ဖြင့် ၎င်းတို့ကို ကျွန်ုပ်တို့ ပိုမိုဖတ်ရှုပါက၊ သခင် ပြန်ကြွလာပြီးခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ်တို့ ဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်သည်။ သခင်ယေရှုက ရှင်ယောဟန် ၁၀:၂၇ တွင် ပြောထားသည့်အတိုင်း ဖြစ်သည်- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” ကျွန်ုပ်တို့အနေဖြင့် နှိမ့်ချစွာ ရှာဖွေတတ်သည့် စိတ်နှလုံး ရှိသရွေ့၊ ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ သတိပြုမိကာ သခင့်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်သည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။

အမှာစကား ချန်ခဲ့မည်