စာရင်း

သမ္မာကျမ်း ပရောဖက်ပြုချက်များ ယေရှုပြန်ကြွလာခြင်းနည်းလမ်းနှစ်ခု

အယ်ဒီတာ၏ မှတ်စု-

ယခုလက်ရှိတွင် ဘေးဒုက္ခများသည် ကမ္ဘာအနှံ့တွင် မကြာခဏ ဖြစ်ပေါ်လာပြီး၊ သခင့်ပြန်ကြွခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ။ ခရစ်ယာန်များစွာတို့က စိတ်ရှုပ်ထွေးသည်ဟု ခံစားနေရသည်။ သခင်က ကျွန်ုပ်တို့ကို တွေ့ဖို့ မိုးတိမ်တိုက် တစ်ခုနဲ့ ကြွလာတာကို ကျွန်ုပ်တို့ ဘာကြောင့် မတွေ့ရသနည်း။ ဤကျမ်းစာပိုဒ်များကို လေ့လာကြပါစို့။ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၄၄) ဤကျမ်းချက်များက သခင်သည် သူခိုးကဲ့သို့ တိတ်တဆိတ် ကြွလာပြီး၊ မည်သူကမျှ သိမည်မဟုတ်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤအရာနှင့် ပတ်သက်ပြီး မည်သည့်အရာများဖြစ်နေသနည်း။ သခင်က မိုးတိမ်တိုက်တစ်ခုဖြင့် ကြွလာမည့် ပရောဖက်ပြုခြင်းသည် မည်သို့ပြည့်စုံမည်နည်း။ အဖြေများကို ရှာတွေ့ဖို့ ဤဆောင်းပါးကို ဖတ်ရှုပါ။

တစ်နေ့ အွန်လိုင်းပေါ်တွင် အသက်ပါသော ဆွေးနွေးမှုတစ်ခုကို ကျွန်မ တွေ့ရသည်၊ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် သွေးရောင်လွှမ်းသောလလေးလုံး ပေါ်ထွက်ခြင်းမှာ အဆုံးသတ်ကာလ၏ သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကြီးစား ငလျင်များ တစ်ကမ္ဘာလုံးအနှံ့ မကြာခဏ ပိုမိုဖြစ်လာနေသည်ဟု လူများက ပြောဆိုနေကြလေသည်။ ကျွန်မ ကိုယ်ကိုယ်ကိုယ် တွေးမိသည်မှာ၊ “သွေးရောင်လွှမ်းတဲ့လလေးလုံးက ဖြစ်နှင့်ပြီးပြီ။ အာကာသဖြစ်စဉ်တွေ ပေါ်ထွက်ပြီးပြီ။ ကပ်ဘေးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေက တိုးလာနေတယ်၊ စစ်ပွဲတွေက စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်...။ နမိတ်တွေအားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံနေပြီဆိုတာ ပြနေတယ်။ ဒီတော့ ငါတို့ကို တွေ့ဆုံဖို့ မိုးတိမ်ပေါ်မှာ သူ ကြွဆင်းလာတာကို ဘာလို့ ငါမတွေ့ရသေးတာလဲ။ သခင် ပြန်မကြွလာသေးတာလား ဒါမှမဟုတ် သူ ကြွပြီးပြီဖြစ်ပေမယ့် ငါ သူ့ကို မတွေ့သေးတာလား။ သူ့ရဲ့ ပြန်ကြွလာခြင်းကို ငါ ဘယ်လို ကြိုဆိုနိုင်မှာလဲ” ဟူ၍ ဖြစ်သည်။ ဤရှုတ်ထွေးမှုသည် ကျွန်မ စိတ်နှလုံးဝန်းကျင်ကို အလိုလို ထိခိုက်စေပြီး ကျွန်မကို ခေါင်းခြောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ရှင်းလင်းမှုအချို့ရအောင် ကြိုးစားရင်း၊ သခင့်ကို ကျွန်မ စတင်ပြီး ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သည်။ သူ့ကို ကျွန်မ ကြိုဆိုနိုင်ဖို့ရန်နှင့် သူ၏ စွန့်ပစ်ခြင်းကို မခံရစေဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ့ကို ကျွန်မ တောင်းလျှောက်နေခဲ့သည်။

အချိန်ကာလတစ်ခုကြာပြီးနောက်တွင် လအနည်းငယ်ကြာ ကျွန်မ မတွေ့ခဲ့ရသည့် အစ်မ ဂန်က ကျွန်မကိုလာတွေ့သည်။ ဤအရာကို သခင်စီစဉ်မှန်း ကျွန်မ သိခဲ့သည်။ အစ်မ ဂန်သည် သခင့်အတွက် အလုပ်လုပ်နေခဲ့သည်မှာ နှစ်များစွာ ရှိနေပြီဖြစ်ပြီး စဉ်းစားတတ်ပြီး ထိုးထွင်းသိမြင်တတ်သော သူတစ်ဦး ဖြစ်သည်။ ကျွန်မ၏ ဤပြဿနာကို သူ ဖြေရှင်းနိုင်လမ့်မည်ဟု ကျွန်မ ထင်မြင်ခဲ့သည်။ ထို့ကြောင့် ကျွန်မက၊ “အစ်မ ဂန်၊ ကျွန်မ လေ့လာလိုက်စားချင်တဲ့ နည်းနည်းမရှင်းမလင်း ဖြစ်နေတဲ့အရာတစ်ခု ရှိတယ်။ ကျမ်းစာထဲမှာ၊ ‘ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။’ (ရှင်လုကာခရစ်ဝင် ၂၁:၂၇) ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။’ (ဗျာဒိတ်ကျမ်း ၁:၇) လို့ မှတ်တမ်းတင်ထားတယ်။ သခင် ကြွလာတဲ့အခါ မိုးတိမ်ပေါ်မှာ ကြီးမားတဲ့ ဘုန်းအသရေ၊ တန်ခိုးတွေနဲ့ ကြွဆင်းလာမယ်၊ သူဟာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းပြီး လူတိုင်း သူ့ကို မြင်နိုင်လမ့်မယ်လို့ ပြောတယ်။ ဒီတော့ ကျွန်မတို့ကို ကောင်းကင်ဘုံဆီ ယူဆောင်ဖို့ မိုးတိမ်ပေါ်မှာ သခင် ကြွလာတာကို ကျွန်မတို့ အမြဲ စောင့်နေခဲ့ကြတယ်။ အခု ကမ္ဘာ့အနှံ့မှာ စဉ်ဆက်မပြတ် ကပ်ဘေးတွေ၊ မြေငလျင်တွေ၊ အစာခေါင်းပါးမှုတွေနဲ့ မကြာခဏ စစ်မက်ဖြစ်ပွားမှုတွေ၊ပြီးတော့ အာကာသ ဖြစ်စဉ်တွေ အများကြီး ရှိနေပြီ။ နမိတ်အားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံပြီလို့ ပြနေတယ်။ ဒီတော့ ကျွန်မတို့ကို တွေ့ဆုံဖို့ ကိုယ်တော် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို ဘာလို့ ကျွန်မတို့ မမြင်ရသေးတာလဲ။ တကယ်ကို ဘာဖြစ်နေတာလဲ” ဟု ပြောလိုက်သည်။

ကျွန်မ ပြောသည့်အရာကို အစ်မ ဂန်က နားထောင်ကာ အနည်းငယ် တွေးတောလိုက်ပြီးနောက် “ညီမရဲ့ ဒီမေးခွန်းက သခင့်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းကို ကြိုဆိုနုတ်ဆက်ဖို့ မျှော်လင့်နေကြတဲ့ ကျွန်မတို့အားလုံး နားလည်ချင်ကြတဲ့ အရာတစ်ခုပါ။ ကိုယ်တော့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်မတို့ ကြိုဆိုချင်တယ်ဆိုရင် နောက်ဆုံးသော ကာလမှာ သခင် အမှန်တကယ် ဘယ်လို ကြွလာမလဲဆိုတာ အရင်ဆုံး သိဖို့လိုပါတယ်။ဒါ အရေးကြီးတယ်။ တကယ်တော့ ညီမပြောခဲ့တဲ့ မိုးတိမ်ပေါ် ကြွလာခြင်းပဲ မဟုတ်ဘဲနဲ့ နောက်တစ်နည်းနဲ့ သခင်ကြွလာမယ့်အကြောင်း ပရောဖက်ပြုချက်တွေ ကျမ်းစာထဲမှာ ရှိပါတယ်။ ဥပမာအနေနဲ့ ဗျာဒိတ်ကျမ်း ၁၆:၁၆ မှာ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။’ ဆိုတာ ရှိတယ်၊ ပြီးတော့ ဗျာဒိတ်ကျမ်း ၃:၃ က ‘ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။’ လို့ပြောတယ်။ ပြီးတော့ မဿဲ ၂၄:၄၄မှာလည်း ‘ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။’ လို့ပြောထားတယ်။ ဒီပရောဖက်ပြုချက်တွေက ကိုယ်တော်ဟာ သူခိုးလို တိတ်တဆိတ်ပြန်လာမှာဖြစ်ပြီး ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ဖော်ပြတယ်။ ညီမလေး၊ အစ်မတို့ ခုလေးတင် ဆွေးနွေးခဲ့ကြတဲ့ ကျမ်းချက်တွေကို လေ့လာကြည့်လိုက်။ တစ်ချို့နေရာတွေမှာ သခင်ဟာ မိုးတိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြန်ကြွမယ်လို့ ပြောတယ်။ တစ်ချို့နေရာတွေမှာတော့ သူက တိတ်တဆိတ် ပြန်ကြွလာမှာဖြစ်ပြီး ဘယ်သူမှ သိမှာမဟုတ်ဘူးတဲ့။ ဒါကို ငါတို့ တွေးကြည့်ခဲ့ကြဖူးလား။ သခင့်ရဲ့ ကြွလာခြင်းတစ်ခုတည်းကိုပဲ ပရောဖက်ပြုချက်တွေက ဘာလို့ မတူညီကွဲပြားတာတွေ ပြောရတာလဲ” ဟု ပြောသည်။

သူပြောသည့်အရာကို ကျွန်မ သိပ်သဘောမပေါက်ခဲ့ပါ၊ ပြီးလျှင် ကျွန်မက “အဲဒါ မှန်တယ်။ ဗျာဒိတ်ကျမ်း ၁:၇ က ‘မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။’ လို့ ပြောပေမယ့် ဗျာဒိတ်ကျမ်း ၁၆:၁၆ က ‘သူခိုးကဲ့သို့ ငါလာ၏’ လို့ ပြောတယ်။ အဲဒါ ဘာကိုဆိုလိုတာလဲ။ သခင်က တကယ်တမ်း ဘယ်လို ကြွလာမှာလဲ” ဟု မိမိဖာသာ တွေးခဲ့သည်။

စိတ်ရှုတ်ထွေးလျက် အစ်မ ဂန်ကို ကျွန်မ ပြန်ဖြေလိုက်သည်၊ “ဒီပရောဖက်ပြုချက်တွေထဲက တစ်ချို့က သခင်ဟာ ပွင့်ပွင့်လင်းလင်း ကြွဆင်းလာမယ်လို့ ပြောနေတဲ့အချိန်မှာ တစ်ချို့က သူ တိတ်တဆိတ် ကြွလာမယ်လို့ ပြောတယ်။ ကြည့်ရတာ ဆန့်ကျင်ကွဲလွဲနေကြသလိုပဲ၊ ဒါပေမယ့် သခင့်နှုတ်ကပတ်တော်ထဲမှာ ဟာကွက်တစ်ခုမှမရှိတာ ကျွန်မ သိပါတယ်၊ ပြီးတော့ အဲဒါကို ကျွန်မ ခုချိန်မှာ နားကိုမလည်တာပါ။ ကျေးဇူးပြုပြီး ဒါနဲ့ပတ်သက်လို့ ကျွန်မနဲ့အတူ မိတ်သဟာယ ဝေမျှပေးပါဦး။”

ပြုံးရင်းဖြင့် အစ်မ ဂန်က “သခင်က သစ္စာရှိပြီး ဒီပရောဖက်ပြုချက်တွေ ပြည့်စုံပါလိမ့်မယ်- အဲဒါတွေ ဖြစ်လာလိမ့်မယ်။ ဒါတွေက ကွဲလွဲပုံပေါ်ပေမယ့် လုံးဝ မကွဲလွဲကြပါဘူး။ ‘သူခိုးကဲ့သို့’ ဆိုတာက သခင် တိတ်တဆိတ် ပြန်ကြွလာမှာကို ပြောတာ၊ ပြီးတော့ ‘မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်’ ဆိုတာက သူ ပွင့်ပွင့်လင်းလင်း ကြွလာတာကို ရည်ညွှန်းတာပါ။ အဲဒါက ကိုယ်တော် ပြန်ကြွလာတဲ့အခါ အရင်ဆုံး တိတ်တဆိတ် ကြွလာမှာဖြစ်ပြီး အဲဒီနောက် သူ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမှာဖြစ်ပါတယ်” ဟု ပြောလေသည်။

“အရင်ဆုံး တိတ်တဆိတ်၊ ပြီးတော့ ပွင့်ပွင့်လင်းလင်းပေါ့” ဟု ကျွန်မ တအံ့တသြ ပြောလိုက်သည်။

“ဟုတ်တယ်၊ သခင် ပြန်ကြွလာတဲ့အခါ ပထမဆုံး လူသားအနေနဲ့ လူ့ဇာတိခံယူခြင်းအားဖြင့် တိတ်တဆိတ် သူ ကြွလာလိမ့်မယ်၊ ပြီးရင်တော့ အဲဒီအမှုကို သူ ပြီးစီးတာနဲ့တပြိုင်နက် မိုးတိမ်ပေါ်မှာ သူကြွလာပြီး တိုင်းနိုင်ငံအားလုံးရဲ့ လူတွေအားလုံးဆီကို ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမှာဖြစ်တယ်” ဟု သူမက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

ကျွန်မက စိတ်အားထက်သန်စွာဖြင့် “ဒီတော့ အရင်ဆုံး လူသားအနေနဲ့ သူ လူ့ဇာတိခံမယ်၊ တိတ်တဆိတ်ကြွလာမယ်၊ ပြီးရင် မိုးတိမ်ပေါ်မှာ ပေါ်ထွန်းမယ်ပေါ့။ ဒါကို ပထမဆုံးအကြိမ် ကျွန်မ ကြားရတာပဲ” ဟု ကျွန်မ ဆိုလိုက်သည်။

အစ်မ ဂန်က ပြုံးလိုက်ပြီး “နောက်ထပ် ကျမ်းချက်တွေကို ကြည့်ရအောင်၊ ပြီးရင် ညီမလေး နားလည်သွားလိမ့်မယ်။ သခင်ယေရှုက ‘လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။’ (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ‘ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) လို့ ပြောခဲ့တယ်။ ဒီကျမ်းချက်တွေက ‘လူသား’ နဲ့ ‘လူသားကြွလာခြင်း’ တွေကို ဖော်ပြတယ်။ ‘လူသား’ဟာ လူပုဂ္ဂိုလ်တစ်ဦးကနေ မွေးဖွားတာဖြစ်တယ်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်တယ်၊ ပြီးတော့ ပုံမှန်လူတစ်ဦးအတိုင်းပဲ စားတယ်၊ အဝတ်ဝတ်တယ်၊ အသက်ရှင်နေထိုင်ပြီး ပြုမူတယ်။ အပြင်ပန်းမှာ သူက သာမန်လူတစ်ယောက်နဲ့ပဲ တူတယ်။ ဒါပေမယ့် ဘုရားဖြစ်ခြင်း အနှစ်သာရကို သူပိုင်ဆိုင်ပါတယ်၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုပြုနိုင်တယ်။ အဲဒါက သခင်ယေရှုဟာ ‘လူသား’ လို့ အခေါ်ခံခဲ့ရတဲ့အတိုင်းပါပဲ၊ ဘာလို့လဲဆိုတော့ သူက ဇာတိပကတိမှာ လူ့ဇာတိခံယူခဲ့တဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဖြစ်ခဲ့တာကြောင့်ဖြစ်ပြီး အပြင်ပန်းမှာ သူက သာမန်၊ ပုံမှန်ဖြစ်ပုံရပေမယ့် အဲဒီ လူ့ဇာတိက အနှစ်သာရအရ ဘုရားသခင်ဖြစ်ပြီး ဘုရားသဘာဝ အပြည့်အဝ ပိုင်ဆိုင်ထားတယ်လေ။ ဒါက သခင်ယေရှုဟာ ဘာလို့ ခရစ်တော်ဖြစ်သလဲ၊ ဘာလို့ သူကိုယ်တိုင်က ဘုရားသခင်ဖြစ်သလဲဆိုတဲ့ အကြောင်းရင်းပါပဲ။ အဲဒါကြောင့် သခင်ယေရှုက ‘လူသား’ နဲ့ ‘လူသားကြွလာခြင်း’ ဆိုတာကို ပြောခဲ့တာ ဖြစ်တယ်။ ဒါတွေအားလုံးက နောက်ဆုံးသော ကာလမှာ ဘုရားသခင်က လူ့ဇာတိနဲ့ ပြန်ကြွလာတာကိုရည်ညွှန်းထားတာပါ။ သမ္မာကျမ်းစာက ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ လို့လည်း ပြောတယ်။ ဘုရားသခင်က သူ့ကိုယ်သူ လူသားအဖြစ် လူ့ဇာတိကို ယူတင်ဝတ်ဆင်ပြီး လူသားမျိုးနွယ်ကြားမှာ တိတ်တဆိတ် ကြွလာတဲ့အခါမှပဲ လူတွေက သူ့ကို ဘုရားအဖြစ် သတိမပြုမိကြဘူးဆိုတာ အစ်မတို့ အားလုံးသိကြတာပဲလေ။သူတို့က လူ့ဇာတိခံ လူသားကို သာမန်လူတစ်ဦးအဖြစ် မှတ်ယူကြတယ်၊ ပြီးတော့ အဲဒါကြောင့် သူတို့က ဘုရားသခင်ကို ငြင်းပယ်ကြတယ်၊ အသရေဖျက်ကြပြီး ဝေဖန်ကြတယ်၊ ဒါမှမဟုတ် လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်တာတောင်ပြုလုပ်ကြတယ်။ အဲဒါကြောင့် ဘုရားသခင်ဟာ ‘များစွာသောဆင်းရဲဒုက္ခကို’ ခံရမှာဖြစ်တယ်။ သခင်ယေရှုက လူ့ဇာတိမှာ ပေါ်ထွန်းပြီး အလုပ်လုပ်ခဲ့တဲ့ အချိန်တုန်းကအတိုင်းပဲ၊ သူဟာ လူသားမျိုးနွယ်ဆီကနေ ငြင်းပယ်တာ၊ အသရေဖျက်တာ၊ ပြက်ရယ်ပြုတာ၊ ပြစ်မှားစော်ကားတာနဲ့ ရှုတ်ချတာတွေကို ခံစားခဲ့ရပြီး နောက်ဆုံးမှာ လက်ဝါးကားတိုင်မှာ သံနဲ့အရိုက်ခံခဲ့ရတယ်လေ။ တကယ်လို့ သခင်က သူပြန်ကြွလာတဲ့အခါ မိုးတိမ်ပေါ်မှာ ကြွဆင်းပြီး လူတွေဆီ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမယ်ဆိုရင် ဲဒါကို လူတိုင်းက မြင်မယ်၊ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်ကြမယ်၊ ပြီးတော့ ဘုရားသခင်ရှေ့မှာ ဝတ်ပြုကိုးကွယ်မှုနဲ့ သူတို့ကိုယ်သူတို့ ဝပ်စင်းကြမှာပဲ။ ဘယ်သူမှ ဘုရားသခင်ကို ပုန်ကန်တာ ဒါမှမဟုတ် ဆန့်ကျင်တာ လုပ်ရဲမှာ မဟုတ်ဘူး။ ဒီတော့ အဲဒီလိုဆိုရင် ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ဆိုတာ ဘယ်လိုလုပ်ပြီး ပြည့်စုံမှာလဲ။ ဒါကြောင့် သခင်ဟာ အရင်ဆုံး လူ့ဇာတိနဲ့ တိတ်တဆိတ် ပြန်ကြွလာမှာဖြစ်ပြီး အဲဒီနောက် သူဟာ မိုးတိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမှာဖြစ်တယ်ဆိုတာ အစ်မတို့ သေချာသိနိုင်ပါတယ်” ဟု ဆိုလေသည်။

သူမ ပြောသည့်အရာကို ကျွန်မ ကြားပြီးသည့်နောက် ၎င်းကို ကျွန်မ မိမိဖာသာ အချိန်ယူစဉ်းစားခဲ့သည်။ “ဒီတော့ သခင်ပြန်ကြွလာတဲ့အခါ ပထမဆုံး သူ တိတ်တဆိတ်ကြွလာမယ်၊ အဲဒါပြီးတော့ မိုးတိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း သူပေါ်ထွန်းမယ်ဆိုတဲ့ အဆိုအတွက် ကျမ်းဆိုင်ရာ အခြေပြုချက် ရှိတာပဲ။ ဒီနှစ်တွေအားလုံး ကျမ်းစာကို ငါ ဖတ်နေခဲ့ပေမယ့် ကိုယ်တော်က မတူညီတဲ့ နည်းလမ်းနှစ်ခုနဲ့ ပြန်ကြွလာမယ်ဆိုတာကို လုံးဝ မတွေ့ခဲ့တာက ဘယ်လိုဖြစ်တာလဲ။ ဝိုး။ ဒါပေမယ့် ကိုယ်တော်က အရင်ဆုံး လူ့ဇာတိဖြစ်လာပြီး တိတ်တဆိတ်နဲ့ ကြွလာပြီး အဲဒီနောက် ပွင့်ပွင့်လင်းလင်းနဲ့ ဘာလို့ ပေါ်ထွန်းရမှာလဲ။ အဲဒီအကြောင်းက ဘာလဲ။ ငါ မေးရမယ်။” ထို့နောက် ကျွန်မက “အစ်မ ဂန်၊ အစ်မရဲ့ မိတ်သဟာယကနေ သခင်ရဲ့ ပြန်ကြွလာခြင်းက အရင်ဆုံး တိတ်တဆိတ်နဲ့ ဖြစ်မယ်၊ ပြီးတဲ့နောက် သူက ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမယ်ဆိုတာ ကျွန်မ နားလည်ရတယ်၊ ဒီလို ယူခြင်းအားဖြင့် သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်တွေက ကွဲလွဲမှု ဖြစနေတဲ့ပုံစံမရှိတော့ဘူး။ ဒါပေမယ့် ကိုယ်တော်က ဘာကြောင့် အရင်ဆုံး တိတ်တဆိတ် ကြွလာပြီး အဲဒီနောက် ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမှာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘူးရှင်။ ဒီအကြောင်းအရာမှ သခင့်ရဲ့ အလိုတော်က ဘာလဲ” ဟု ပြောလိုက်သည်။

အစ်မ ဂန်က ပြန်ဖြေသည်၊ “အမှန်က ဘုရားသခင်ဟာ ပထမဆုံး လူ့ဇာတိဖြစ်လာပြီး တိတ်တဆိတ် အလုပ်လုပ်ပြီးတဲ့နောက် နောက်ဆုံးသော ကာလမှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတာက သူ့အမှုတော်အတွက် လုံးလုံးလျားလျား လိုအပ်တဲ့အရာပါ၊ ပြီးတော့ အဲဒါက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်တွေဖြစ်တဲ့ အစ်မတို့တွေလည်း လိုအပ်တဲ့အရာတစ်ခုပါပဲ။ သခင့်ကို အစ်မတို့ ယုံကြည်ပြီး သခင်ယေရှုရဲ့ ရွေးနုတ်တာကို ခံခဲ့ကြရတယ်၊ အစ်မတို့ရဲ့ အပြစ်တွေက ခွင့်လွှတ်ခံရပြီးပြီ။ ဒါပေမယ့် အစ်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတုန်းပဲဖြစ်ပြီး အစ်မတို့ မတတ်နိုင်ဘဲ မကြာခဏ အပြစ်ပြုမိကြတယ်၊ ဒါမှမဟုတ် ဘုရားသခင်ကို ပုန်ကန်တဲ့အရာ၊ ဆန့်ကျင်တဲ့အရာတွေကိုတောင် လုပ်မိကြတယ်။ အဲဒါက ငြင်းလို့မရတဲ့ အချက်တစ်ခုပဲ။ ယေဟောဝါ ဘုရားသခင်က ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။’ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) လို့ ပြောခဲ့တယ်။ ပြီးတော့ ဟေဗြဲ ၁၂:၁၄ မှာ ‘...သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ လို့ ပြောတယ်။ စဉ်ဆက်မပြတ် အပြစ်ပြုမိနေကြပြီးတဲ့နောက် ဝန်ချတတ်ကြတဲ့ အစ်မတို့လို လူတွေက သခင့်ရဲ့ မျက်နှာတော်ကို ဖူးတွေ့ဖို့ လုံးဝကို မထိုက်တန်ကြသလို ကောင်းကင်နိုင်ငံထဲကို ဝင်ဖို့ အရည်အချင်း မမှီကြပါဘူး။ အဲဒါကြောင့် သခင်ယေရှုက ဟိုးအရင်က ဒီပရောဖက်ပြုချက်တွေကို မိန့်မြွက်ခဲ့တာ ဖြစ်ပါတယ်- ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ဗျာဒိတ်ကျမ်း ၂:၇ မှာလည်း ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။’ ဒီပရောဖက်ပြုချက်တွေကနေ အစ်မ နားလည်တာက နောက်ဆုံးသော ကာလမှာ သခင် ကြွလာတဲ့အခါ နောက်ထပ်နှုတ်ကပတ်တော်တွေကို သူ ဖော်ပြမှာဖြစ်ပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုကို ပြုမှာဖြစ်တယ်ဆိုတာပဲ။ လူသားမျိုးနွယ်ကို ပြောင်းလဲဖို့၊ သန့်စင်စေဖို့ နဲ့ ကယ်တင်ဖို့ သူ ကြွလာမှာဖြစ်ပြီး အစ်မတို့ကို စာတန်ရဲ့ အုပ်စိုးမှုကနေ အပြည့်အဝ ကယ်ဆယ်မှာဖြစ်တယ်။ သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်မှာ လူတွေကို သူတို့အမျိုးအစားအလိုက် ခွဲခြားတာလည်း ပါလိမ့်မယ်။ သူက စစ်မှန်တဲ့ ယုံကြည်သူတွေနဲ့ အယောင်ဆောင် ယုံကြည်သူတွေ၊ ဂျုံစပါးပင်တွေနဲ့ တောပင်တွေ၊ သိုးနဲ့ ဆိတ်တွေကို ထုတ်ဖော်ပြလိမ့်မယ်၊ အားလုံးကို သူတို့အမျိုးအစားအလိုက် ခွဲခြားရင်းနဲ့ အဲဒီနောက် ကောင်းတဲ့သူတွေကို ဆုချပြီး ဆိုးညစ်သူတွေကို သူ အပြစ်ပေးလိမ့်မယ်။ ဘုရားသခင် တိတ်တဆိတ် အမှုပြုတဲ့ ကာလအချိန်အတောအတွင်းမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံကြသူတွေဟာ ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို ချီဆောင်ခံကြရလိမ့်မယ်။ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို တွေ့ကြုံကြမှာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် ဆိုးယုတ်တဲ့ သဘာဝတွေနဲ့ ဘုရားသခင်ကို သူတို့ အာခံရခြင်းရဲ့ အရင်းအမြစ်ကိုအမှန်တကယ် သတိပြုမိကြလိမ့်မယ်။ ဘယ်ပုန်ကန်ပြစ်မှားခြင်းကိုမှ သည်းခံမှာမဟုတ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း သူတို့ နားလည်သဘောပေါက်လာကြလိမ့်မယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ တဖြည်းဖြည်း သန့်စင်ခံရပြီး ပြောင်းလဲသွားကြလိမ့်မယ်။ သမ္မာတရားကို ရှာဖွေခြင်းနဲ့ ဘုရားသခင်ရဲ့ အပြည့်အဝ ကယ်တင်ခံရခြင်း လမ်းကြောင်းပေါ်ကို သူတို့ လှမ်းလျှောက်ကြလိမ့်မယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို သူ့ရဲ့ တိတ်တဆိတ် အမှုပြုတဲ့ ကာလအတွင်းမှာ လုံးဝ မရှာဖွေကြသူတွေ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ငြင်းတောင်ငြင်းပယ်ကြပြီး ရှုတ်ချကြသူတွေဟာ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ထဲမှာ မယုံကြည်သူတွေအဖြစ်၊ ဆိုးညစ်သူတွေအဖြစ် ဖော်ထုတ်ခံရမယ့်သူတွေပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ လျှို့ဝှက်တဲ့အမှုတော် ပြီးဆုံးလာတဲ့အခါမှာ ကောင်းမြတ်သူတွေကို ဆုချတာနဲ့ ဆိုးညစ်သူတွေကို အပြစ်ပေးတာတွေ အစပြုဖို့ ကြီးမားတဲ့ ကပ်ဘေးတွေကို သူရွာချစေလိမ့်မယ်၊ ပြီးတော့ ဒီကပ်ဘေးတွေပြီးတဲ့နောက်မှာ သူဟာ လူတွေအားလုံးဆီ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမှာဖြစ်တယ်။ ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်ခဲ့ကြသူတွေက သူတို့ ငြင်းပယ်ပြီး ဆန့်ကျင်နေခဲ့ကြတဲ့ သူက အမှန်တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း မြင်ကြတဲ့အခါ ရင်ဘတ်စည်တီး ငိုကြွေးပြီး သွားတွေကို ခဲကြိတ်ကြလိမ့်မယ်။ ဒါက သခင့်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ပြည့်စုံစေပါတယ်- ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။’ (ဗျာဒိတ်ကျမ်း ၁:၇) ဒီအရာကနေ ဘုရားသခင်ရဲ့ အမှုတော်က ဉာဏ်ပညာနဲ့ ပြည့်စုံတယ်ဆိုတာ အစ်မတို့ မြင်နိုင်တယ်၊ ပြီးတော့ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ဖော်ပြချက်တစ်ခုလည်း ဖြစ်တယ်။”

အစ်မဂန်ဆီမှ ဤမိတ်သဟာရကို ကြားရသည့်အခါ ကျွန်မ၏ နှလုံးသား အတော်အားတက်ခဲ့ရသည်။ ဤသည်မှာ သခင်၏ ပြန်ကြွလာခြင်း ပရောဖက်ပြုချက်များ ပြည့်စုံမည့်ပုံစံ ဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်လိုက်သည်။ သခင် ပြန်ကြွလာသည့်အခါ သူသည် သမ္မာတရားကို ဖော်ပြဖို့ တရားစီရင်ခြင်း အမှုကို ပြုဖို့နှင့် အောင်မြင်သောသူများ အုပ်စုကို ဖန်တီးဖို့ရန် အရင်ဆုံး လူ့ဇာတိခံပြီး တိတ်တဆိတ် ကြွလာပါလိမ့်မည်။ ထို့နောက်တွင်မှ လူသားမျိုးနွယ်ထံပွင့်ပွင့်လင်းလင်း ပေါ်ထွန်းလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို သူ၏ တိတ်တဆိတ် အမှုပြုနေသည့် ကာလအတွင်း လက်မခံကြဘဲ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်လွတ်စပယ် ဝေဖန်ပြီး ရှုတ်ချသူတိုင်းသည် သမ္မာတရားကို မုန်းတီးသော သူဖြစ်ပြီး ဘုရားသခင် ပေါ်ထွန်းသည့်အခါတွင် ကပ်ဘေးထဲသာ ကျရောက်ပြီး အပြစ်ပေးခံရနိုင်သည်။ ဘုရားသခင်သည် လူအားလုံးကို သူတို့အမျိုးအစားအလိုက် ခွဲခြားရင်း ဂျုံစပါးနှင့် တောပင်များ၊ သိုးနှင့် ဆိတ်များ၊ ကောင်းသော အစေခံနှင့် ဆိုးသော အစေခံများကို ဖော်ထုတ်ဖို့ ဤနည်းကိုလည်း အသုံးပြုပါလိမ့်မည်။ ဘုရားသခင်သည် အမှန်ပင် အလွန် ဉာဏ်အမြော်အမြင်ရှိပါသည်၊ အလွန်ပင် တန်ခိုးတော်အနန္တဖြင့်ပြည့်စုံပါသည်။ အရင်က သခင် မည်သို့ အမှန်တကယ် ကြွလာမည်ကို ကျွန်မ လုံးဝ နားမလည်ခဲ့ပါ၊ သို့သော် ရူးမိုက်စွာဖြင့် ကောင်းကင်ထဲက မိုးတိမ် တစ်ခုခုအပေါ် သခင်ကြွဆင်းလာမှုကို စောင့်ဆိုင်းရင်း ထိုမိုးတိမ်များကို ငေးကြည့်ရန်သာ သိခဲ့သည်။ ကိုယ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်အားလုံးကို ကျွန်မ လုံးဝ တကယ်မရှာဖွေ၊ မတွေးဆခဲ့ပါ၊ ထို့ကြောင့် ကိုယ်တော် တိတ်တဆိတ် ကြွလာခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များကို ကျွန်မ လျစ်လျူရှုမိခဲ့သည်။ ယင်းမှာ အလွန် အန္တရာယ်များလှပေသည်။ ထိုသို့သာ ကျွန်မ ဆက်စောင့်ဆိုင်းနေခဲ့လျှင် သခင့်ကို ကြိုဆိုနိုင်လိမ့်မည်မဟုတ်သည်သာမက ဘုရားသခင်အားဖြင့် အပြည့်အဝ ကယ်တင်ခံရဖို့နှင့် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့ ကျွန်မ၏ အခွင့်အရေးကိုလည်း ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။ ဤအရာက ကျွန်မကို အတော်စိတ်ပူပန်မှုခံစားစေခဲ့သည်၊ ထို့ကြောင့် ကျွန်မက “အစ်မ ဂန်ရေ၊ ဒါဆိုရင် သခင့်ရဲ့ အမှုတော်ကို သူ တိတ်တဆိတ် ကြွလာတဲ့အချိန်မှာ တွေ့ဖို့နဲ့ သူ့ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်မတို့ ဘာလုပ်သင့်လဲ” ဟု အလောတကြီး မေးလိုက်သည်။

သူမက ပြုံးလိုက်ပြီး “နောက်ဆုံးသော ကာလမှာ သခင် ပြန်ကြွလာတဲ့အခါ နောက်ထပ် နှုတ်ကပတ်တော်တွေကို သူ မိန့်မြွက်မှာဖြစ်ပြီး လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနဲ့သန့်စင်ခြင်း အမှုတော်ကို လုပ်ဆောင်လိမ့်မယ်ဆိုတာကို ကျမ်းစာထဲက ပရောဖက်ပြုထားတဲ့အရာကနေ အစ်မတို့ မြင်နိုင်ကြပြီးပြီ။ ဒီတော့ ကိုယ်တော်ရဲ့ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုဖို့ အဓိကသော့ချက်က သူ့ရဲ့ နောက်ဆုံးသော ကာလ နှုတ်ကပတ်တော်တွေကို လက်ခံခြင်းနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို အမှီလိုက်ခြင်းထဲမှာ ရှိပါတယ်။ သခင်ယေရှုက ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ (ရှင်မဿဲခရစ်ဝင် ၂၅:၆) ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) လို့ ပြောခဲ့တယ်။ ဘုရားသခင်ရဲ့ သိုးတွေက ဘုရားသခင်ရဲ့ အသံတော်ကို ကြားနိုင်ကြတယ်။ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကို ကြားပြီး ဒါတွေကနေ သူ့ရဲ့ အသံတော်ကို သတိပြုနိုင်ကြသူတွေအားလုံးဟာ သခင့်ရဲ့ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်ကြပါလိမ့်မယ်။ အဲဒါက သခင်ယေရှုရဲ့တပည့်တော်တွေဖြစ်ကြတဲ့ ပေတရု၊ ယောဟန်၊ မဿဲ နဲ့ အခြားသူတွေလိုပေါ့။ သူတို့က ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားနဲ့ပတ်သက်ပြီး သခင်ယေရှုရဲ့ တရားဒေသနာတွေကို ကြားခဲ့ကြတဲ့အချိန်မှာ သူ့ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကနေ ကိုယ်တော်ဟာ သူတို့ စောင့်ဆိုင်းခဲ့ကြတဲ့ မေရှိယဖြစ်တယ်ဆိုတာ စိတ်ပိုင်းဖြတ်နိုင်ခဲ့ကြပြီး ဒီလိုနဲ့ တုံ့ဆိုင်းခြင်းမရှိဘဲ ကိုယ်တော့်နောက်လိုက်ခဲ့ကြတယ်လေ။ သူတို့ဟာ ပညာရှိတဲ့ အပျိုကညာတွေ ဖြစ်ခဲ့ကြတယ်။ သခင့်ရဲ့ ဒုတိယအကြိမ် ကြွလာခြင်းကို အစ်မတို့ ကြိုဆိုချင်တယ်ဆိုရင် အစ်မတို့လည်း ကိုယ်တော်ရဲ့ အသံတော်ကို ကြားခြင်းအပေါ် အာရုံစိုက်ရင်းနဲ့ ပညာရှိ အပျိုကညာတွေ ဖြစ်ဖို့လိုတယ်။သခင် ပြန်ကြွလာပြီးနှင့်ပြီ၊ အသစ်သော နှုတ်ကပတ်တော်တွေကို သူ မိန့်မြွက်ပြီး လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော် လုပ်ဆောင်နေတယ်လို့ တစ်ယောက်ယောက် ပြောတာကြားတယ်ဆိုရင် အဲဒါကို စုံစမ်းစစ်ဆေးဖို့ အချိန်တစ်ခုတစ်လေမှ ဖြုန်းလို့မဖြစ်ဘူး။ အဲဒါက ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ဖြစ်တယ်လို့ အစ်မတို့ အတည်ပြုနိုင်သရွေ့ အစ်မတို့ ဒါကို လက်ခံပြီး ကျိုးနွံနာခံရမယ်။ ဒီလိုနည်းနဲ့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို အစ်မတို့ ကြိုဆိုနိုင်မှာဖြစ်ပြီး သူ့နဲ့အတူ ပွဲတော်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုလေသည်။

အစ်မဂန်၏ မိတ်သဟာယကို ကြားရသည့်အခါ ကျွန်မသည် စိတ်လှုပ်ရှားစွာဖြင့် “သခင့်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အခု သခင့်ရဲ့ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုဖို့ အဓိကသော့ချက်က ပညာရှိ အပျိုကညာ ဖြစ်ခြင်း နဲ့ ဘုရားသခင်ရဲ့ အသံတော်ကို ကြားဖို့ ဂရုစိုက်ခြင်းပဲဆိုတာကို နောက်ဆုံးမှာ ကျွန်မ နားလည်သွားပြီ။ အဲဒီနှုတ်ကပတ်တော်တွေဟာ ဘုရားသခင် မိန့်မြွက်တာဖြစ်တယ်လို့ ကျွန်မ အတည်ပြုနိုင်သရွေ့ ဒါကို အမြန်လက်ခံရမယ်— အဲဒါက ကိုယ်တော်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ အို၊ အစ်မ ဂန်ရေ၊ အစ်မကို ကျွန်မ မတွေ့ဖြစ်တာ လနည်းနည်းပဲ ရှိသေးတယ်။ အစ်မ ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန် အများကြီး နားလည်သဘောပေါက်လာခဲ့တာလဲ” ဟု တုံ့ပြန်ပြောဆိုခဲ့ပါသည်။

သူမက ပျော်ရွှင်စွာဖြင့် “သခင့်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အစ်မ ဒီနေ့ ပြောခဲ့သမျှတိုင်းကို စာအုပ်တစ်အုပ် ဖတ်ပြီးတဲ့နောက်မှပဲ အစ်မ နားလည်လာခဲ့တာပါ။ ဒီနေ့ မိတ္တူတစ်အုပ် အစ်မ ယူလာတယ်။ အစ်မတို့ဒီစာအုပ်ကို အတူတူ ကြည့်ကြရအောင်လေ” ဟု ပြောလေသည်။

စိတ်လှုပ်ရှားရင်ခုန်လျက်ဖြင့် ကျွန်မ ခေါင်းညိတ်လိုက်ကာ “ကောင်းလိုက်တာ” ဟု ပြောလိုက်သည်။

အမှာစကား ချန်ခဲ့မည်