စာရင်း

သခင်၏ ကြွလာခြင်းကို ကြိုဆိုခြင်း- သင်သည် သောမကဲ့သို့ အမှားမျိုးကို ပြုလုပ်နေလား

ကျွန်ုပ်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ၏ နောက်ဆုံးအဆင့်ကို ရောက်နေပြီး၊ သခင့်ကို ကြိုဆိုခြင်း၏ ဤအရေးကြီးသောအချိန်တွင်၊ သခင်ယေရှု ပြန်ကြွလာဖို့အတွက် ဆုတောင်းနေသည့် ခရစ်ယာန်များ၏ စိတ်နှလုံးများထဲတွင် ကြီးထွားနေသည့် အရေးတကြီး ခံစားမှုတစ်ခုရှိနေသည်။ လူများစွာတို့က သခင် မိုးတိမ်များစီးကာ ကြွလာဖို့အတွက် စိုးရိမ်တကြီး မျှော်လင့်နေကြသော်လည်း၊ ကြီးစွာသော ဘေးဒုက္ခများသည် ကျွန်ုပ်တို့ပေါ် မကြာမီ ကျရောက်မည် ဖြစ်ကာ၊ ကျွန်ုပ်တို့သည် သခင် မိုးတိမ်များစီးကာ ကြွလာသည်ကို မမြင်တွေ့ရသေးပေ။ အဘယ့်ကြောင့်နည်း။ ယင်းမှာ ကျွန်ုပ်တို့သည် သခင်၏ ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်မှုတွင် သွေဖည်ခဲ့သောကြောင့် ဖြစ်နိုင်ပါသလား။ ဤအရာက ကျွန်ုပ်အား သမ္မာကျမ်းစာထဲမှ သောမကို သတိရစေသည်။ သခင်ယေရှုက ဇာတိပကတိတွင် အမှုတော်ကို ဆောင်ရွက်နေခဲ့စဉ်၊ သောမသည် အမြဲတမ်း သံသယများသိုထားခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲတွင် သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်ကို မယုံကြည်ခဲ့ပေ။ ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သည်ကို သောမကြားသည့်အချိန်တွင်၊ ၎င်းက မယုံကြည်နိုင်သေးပေ။ သခင်၏ ဝိညာဉ်ခန္ဓာကို ၎င်း၏ ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်ပြီးမှသာလျှင် ၎င်းက ယုံကြည်လိမ့်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် သခင်က သူ၏ တရားစီရင်ချက်ကို ကြေညာခဲ့လေသည်။ “သင်သည်ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) သောမ၏ ဇာတ်လမ်းသည် သခင် ပြန်ကြွလာဖို့ကို တမ်းတနေကြသည့် ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ မျက်လုံးများကိုသာ အားကိုးပြီး၊ သခင်ကို ကြိုဆိုခြင်းနှင့် စပ်လျဉ်းသည့် သမ္မာတရားကို မရှာဖွေပါက၊ ကျွန်ုပ်တို့လည်း သောမကဲ့သို့ အမှားမျိုးကို ကျူးလွန်နေလိမ့်မည် မဟုတ်ပါလား။ ထိုသို့ ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့ပါက၊ ဘေးဒုက္ခများ မတိုင်မီ ချီဆောင်ခံရဖို့ ကျွန်ုပ်တို့၏ အခွင့်အရေးကို ဆုံးရှုံးနိုင်ချေ ရှိလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုလိုပါက၊ သောမသည် ဘုရားသခင်ကို ၎င်း၏ ယုံကြည်မှုတွင် ရှုံးနိမ့်ရသည့် အကြောင်းအရင်း၏ အရင်းအမြစ်ကို ကျွန်ုပ်တို့ နားလည်ဖို့နှင့် သောမကဲ့သို့ တထေရာတည်းသော မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်းမှ ရှောင်ကြဉ်ဖို့တို့သည် လုံးဝ အရေးကြီးပေသည်။ အောက်တွင် ဤကိစ္စကို မိတ်သဟာယ ပြုပြီး၊ လေ့လာကြပါစို့။

သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း သတင်းကို တပည့်တော်များက သောမကို ပြောပြသည့်အချိန်တွင်၊ “သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၅) သခင်ယေရှုက သူ့အား “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) ဟု သမ္မာကျမ်းစာတွင် မှတ်တမ်းတင် ထားသည်။ အမှန်မှာမူ သခင်ယေရှုနောက်ကို သောမလိုက်နေစဉ် တစ်ချိန်လုံး၊ သခင်၏ အသံတော်ကို ကြားဖို့နည်းလမ်းကို သူမသိခဲ့ပေ။ ယေရှု၏ ဒေသနာများသည် လူများအတွက် မည်မျှ ထူးကဲသည်ဖြစ်စေ၊ မည်မျှ အကျိုးရှိသည်ဖြစ်စေ၊ ထိုဒေသနာများတွင် သမ္မာတရားကို ပိုင်ဆိုင်ခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ်ကို သခင်၏ နှုတ်ကပတ်တော်များတွင် ရှာဖွေဖို့ သောမ မည်သည့်အခါမျှ မကြိုးစားခဲ့ပေ။ ၎င်းသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့ပါစေ၊ ထိုအချိန်တစ်လျှောက်လုံး သခင်ယေရှု၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတိပြုမိနိုင်စွမ်း မရှိဆဲဖြစ်ပြီး၊ ထိုအကြောင်းကြောင့် ၎င်းသည် သခင်၏ ပင်ကိုလက္ခဏာကို အမြဲတမ်း သံသယရှိခဲ့ကာ၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ကို မယုံကြည်ခဲ့ခြင်းဖြစ်ပေသည်။ ဤသည်မှာ သောမသည် ဘုရားသခင်ကို ၎င်း၏ယုံကြည်မှုတွင် ရှုံးနိမ့်ရသည့် အကြောင်းအရင်း၏ အရင်းအမြစ် ဖြစ်လေသည်။ သောမသည် ဘုရားသခင်၏ အသံတော်ကို ကြားဖို့နည်းလမ်းကို မသိခဲ့ဘဲ၊ သခင်ယေရှု၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်ပြီး ယုံကြည်လက်ခံခြင်း မရှိသောကြောင့်ပင်၊ ယေရှုက သူ၏ သေဆုံးခြင်းနောက်ပိုင်းတွင် ရှင်ပြန်ထမြောက်လိမ့်မည်ဟု ကားစင်တင်မခံရမီတွင် သူ၏ တပည့်တော်များကို ပြောသည့်အချိန်တွင်၊ သခင်၏ နှုတ်ကပတ်တော်များသည် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သောမ မယုံကြည်ခဲ့ခြင်းဖြစ်သည်။ ပြီးလျှင် သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီးကြောင်း အခြားတပည့်တော်များက ပြောသည်ကို ၎င်းက ကြားသည့် အချိန်တွင်၊ မယုံကြည်ခဲ့သေးဘဲ ရှိလေသည်။ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ၏ မျက်စိရှေ့တွင် ပေါ်ထွန်းသည်ကို တွေ့သည့်အချိန်မှသာလျှင်၊ နောက်ဆုံးတွင် ၎င်းက ယုံကြည်ခဲ့သည်။ ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက်တွင် သူ၏ဝိညာဉ်ခန္ဓာ ပုံစံ၌ ၎င်းထံ ပေါ်ထွန်းခဲ့သည့်အချိန်တွင်၊ သောမသည် သခင်၏ ဝိညာဉ်ခန္ဓာကို သူ့ကိုယ်ပိုင်မျက်စိများဖြင့် တွေ့မြင်ခဲ့ကာ၊ သခင်၏ ခန္ဓာကိုယ်ပေါ်မှ သံရိုက်ရာချက်များကို တို့စမ်းပြီး၊ ထို့နောက်မှသာလျှင် သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး ဖြစ်သည်ကို သူယုံကြည်၍၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ကို သေချာလာသည်။ သို့သော် ယင်းမှာ အလွန်နောက်ကျသွားခဲ့ပြီး၊ သောမ၏ အဆုံးသတ်ကို ဆုံးဖြတ်နှင့်ပြီးဖြစ်လေသည်- ၎င်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ထာဝရ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

ကျွန်ုပ်တို့ သခင့်ကို ကြိုဆိုဖို့အချိန်ဖြစ်သည့် ဤအရေးကြီးသည့်အချိန်တွင်၊ ယခုအခါ သောမကဲ့သို့ အမှားမျိုးကို ကျွန်ုပ်တို့ ကျူးလွန်နေကြလေသည်။ သခင်သည် ဇာတိပကတိ၌ ပြန်ကြွလာနှင့်ပြီဖြစ်သည်ဟု တစ်စုံတစ်ယောက်က သက်သေခံခြင်းကို ကျွန်ုပ်တို့ ကြားသည့်အချိန်တွင်၊ ကျွန်ုပ်တို့ မယုံကြည်ဘဲ၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ နှင့် သခင့်ကို ကြိုဆိုဖို့ ကြိုးစားရန် စတင်ဆောင်ရွက်ခြင်းလည်း မရှိပေ။ ယင်းအစား ကိုယ်တော်သည် မိုးတိမ်ဖြူတစ်ခုစီးကာ မကြွလာမချင်း၊ ၎င်းမှာ သခင်ယေရှုမဟုတ်ဘဲ၊ သခင်၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် မြင်သည့်အခါမှသာလျှင် ယုံကြည်မည်ဆိုသည့် ကျွန်ုပ်တို့၏ ယုံကြည်မှုကို မလျှော့တမ်းထားရှိကြသည်။ ဤသည်မှာ သခင့်ကို ကျွန်ုပ်တို့ မကြိုဆိုနိုင်ခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်လေသည်။ တစ်စုံတစ်ယောက်က “ပရောဖက်ပြုခြင်းက ပြောထားသလို၊ သခင် မိုးတိမ်တွေစီးပြီး ကြွလာတာကို စောင့်မျှော်တာဟာ ငါတို့များ မှားနေလား။” ဟု ပြောသည့်သူအချို့ ရှိကောင်းရှိနိုင်ပါသည်။ သမ္မာကျမ်းစာထဲတွင် သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် ပရောဖက်ပြုခြင်းများစွာ ရှိသည်ကို ကျွန်ုပ်တို့ သတိပြုရမည်။ သခင်သည် မိုးတိမ်များစီးကာ ကြွလာလိမ့်မည်ဟု ပြောထားသည့် ပရောဖက်ပြုခြင်းမျှသာ ရှိသည် မဟုတ်ဘဲ၊ သခင်သည် ဇာတိပကတိ၌ တိတ်တဆိတ် ကြွလာလိမ့်မည်ဟု ပြောထားသည့် ပရောဖက်ပြုခြင်းများလည်း ရှိပါသည်၊ သခင်ပရောဖက်ပြုထားခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) “လူသား” ဆိုသည်မှာ လူမှမွေးဖွားလာသည့် သူတစ်ယောက်နှင့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည့်သူ တစ်ယောက်ကို ဆိုလိုသည်။ ကိုယ်တော်က ဝိညာဉ်တော် အနေဖြင့်လာသည်ဖြစ်စေ၊ သို့မဟုတ် သူရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာ၏ ပုံစံ၌လာသည်ဖြစ်စေ၊ သူ့ကို “လူသား” ဟု ခေါ်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤပရောဖက်ပြုခြင်းများကဆိုလိုသည်မှာ သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ သူသည် ဘေးဒုက္ခများမတိုင်မီ လူ့ဇာတိခံယူလိမ့်မည် ဖြစ်ပြီး၊ အမှုတော်ကို တိတ်တဆိတ်နှင့် ငြိမ်သက်စွာ လာရောက် ဆောင်ရွက်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ စိတ်ကူးထားသကဲ့သို့၊ သခင်သည် သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာ၌ မိုးတိမ်များစီးကာ ပြန်ကြွလာလျှင်၊ သူ၏ တိတ်တဆိတ်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် ပရောဖက်ပြုခြင်းများသည် မည်သို့ ပြည့်စုံမည်နည်း။ ထိုအချိန်က သခင်ယေရှု သေရာမှ ရှင်ပြန်ထမြောက်လိမ့်မည်ဆိုသည့် ပရောဖက်ပြုခြင်းကို သောမ မယုံကြည်ခဲ့ပေ။ သခင် တိတ်တဆိတ် ကြွလာလိမ့်မည်ဟု ပြောထားသည့် ပရောဖက်ပြုခြင်းများ ပြည့်စုံလိမ့်မည်ဟု ကျွန်ုပ်တို့ရော မယုံကြည်ကြဘူးလား။ ကျွန်ုပ်တို့သည် သောမ၏ ရှုံးနိမ့်ခြင်း လမ်းကြောင်းပေါ်တွင် လျှောက်ကို လျှောက်ရ ဦးမလား။ သခင်ယေရှုက ကျွန်ုပ်တို့ကို ရိုးရှင်းစွာ မိန့်တော်မူခဲ့သည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကျွန်ုပ်တို့၏ တံခါးများကို ခေါက်ဖို့ သူ၏ မိန့်မြွက်ချက်များကို အသုံးပြုလိမ့်မည်ဖြစ်ကြောင်း နှင့် ဘုရားသခင်၏ အသံတော်ကို မဖြစ်မနေ ကြားခြင်းသည် သခင့်ကို ကြိုဆိုခြင်းတွင် အရေးအကြီးဆုံးသော အရာ ဖြစ်ကြောင်းတို့ကို ဤကျမ်းပိုဒ်မှ ကျွန်ုပ်တို့ တွေ့နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သောမ၏ရှုံးနိမ့်ခြင်းမှ သင်ခန်းစာ ယူသင့်ပါသည်။ ကျွန်ုပ်တို့သည် သခင် မိုးတိမ်များစီးကာ ကြွလာခြင်းကို ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်မှသာလျှင် ယုံကြည်သည့်လူများကဲ့သို့ ဖြစ်၍မရပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းနှင့် သခင့်ကို ကြိုဆိုခြင်းတို့တွင် အာရုံစိုက်ရမည်၊ ပြီးလျှင် သခင်သည် ဇာတိပကတိတွင် ပြန်ကြွလာပြီဖြစ်ကြောင်း တစ်စုံတစ်ယောက်က သက်သေခံသည်ကို ကျွန်ုပ်တို့ ကြားသည့်အခါတွင်၊ ယင်းကို ရှာဖွေဖို့နှင့် စုံစမ်းမေးမြန်းဖို့ စတင်ဆောင်ရွက်သင့်သည်။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားသည့် အခိုက်အတန့်တွင်၊ ကျွန်ုပ်တို့သည် လက်ခံပြီး ကျိုးနွံနာခံသင့်သည်၊ ထိုသို့ပြုလုပ် ပြီးနောက်မှသာလျှင် ကျွန်ုပ်တို့သည် သခင့်ကို အမှန်တကယ် ကြိုဆိုနိုင်လိမ့်မည်ဖြစ်ပြီး၊ သူနှင့်အတူ စားတော်ပွဲကြီးကို တက်ရောက်နိုင်လိမ့်မည် ဖြစ်ပေသည်။ ပေတရုနှင့် ယောဟန်တို့ကဲ့သို့ တပည့်တော်များကို ဥပမာကြည့်ပါ။ ၎င်းတို့သည် ယေရှု၏ နှုတ်ကပတ်တော်များ ထဲတွင် သြဇာအာဏာနှင့် တန်ခိုးတို့ကို ကြားသည့်အချိန်တွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဖြစ်သည်ကို ၎င်းတို့ အသိအမှတ်ပြုခဲ့ပြီး၊ သခင်ယေရှုခရစ်တော်နောက်ကို လိုက်ခြင်းနှင့် သူ၏ ကယ်တင်ခြင်းကို လက်ခံခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ကြသည်။ ၎င်းတို့က လူ့ဇာတိခံ ဘုရားသခင် ပြောကြားသည့် မိန့်မြွက်ချက်များကို ကြားခြင်းအားဖြင့် သခင့်ကို ကြိုဆိုခဲ့ကြသောကြောင့်၊ ကောင်းကြီးမင်္ဂလာအခံစားရဆုံး ဖြစ်ခဲ့လေသည်။ 

၎င်းတို့သည် သူ အမှုတော်ကို တိတ်တဆိတ် ဆောင်ရွက်ဖို့ ကြွလာသည့်အချိန်အတွင်းတွင် ဘုရားသခင်၏ အသံတော်ကို ကြားဖို့ နှင့် သခင့်ကို ကြိုဆိုဖို့တို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မပြုမူဘဲ၊ ကိုယ်တော့်ကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်နိုင်ဖို့အလို့ငှာ သခင်မိုးတိမ်များစီးကာ ကြွလာသည်ကိုသာ စောင့်မျှော်လျက်၊ သောမ ပြုခဲ့သကဲ့သို့ ဆက်လက်ပြုမူနေပါက၊ သခင် မိုးတိမ်များစီးကာ ကြွလာသည်ကို ကျွန်ုပ်တို့ အမှန်တကယ် မြင်သည့်အချိန်တွင် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သမ္မာကျမ်းစာက ပရောဖက်ပြုထားသည်။ “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) သခင် မိုးတိမ်များစီးကာ ကြွလာသည်ကို တွေ့မြင်သည့်အချိန်တွင်၊ ယင်းမှာ မြေကြီးသား အမျိုးမျိုးရှိသမျှတို့ ငိုကြွေးမြည်တမ်းကြရလိမ့်မည့်အချိန် ဖြစ်သည်ကို ဤကျမ်းပိုဒ်များမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ လူများသည် သခင့်ကို မြင်သည့်အချိန်တွင် ဝမ်းမြောက်ခြင်းဖြင့် သူ့ကို ကြိုဆိုသင့်သည်ဟု တွေးသည်မှာ အကျိုးသင့် အကြောင်းသင့်ရှိပေသည်၊ သို့ဆိုပါက မြေကြီးသားအမျိုးမျိုး ရှိသမျှတို့သည် အဘယ့်ကြောင့် ငိုကြွေးမြည်တမ်း ရလိမ့်မည်နည်း။ အကြောင်းမှာ သခင်က နောက်ဆုံးသောကာလတွင် ပြန်ကြွလာသည့်အချိန်၌၊ သမ္မာတရားကို ဖော်ပြဖို့၊ လူကို တရားစီရင်ပြီး သန့်စင်ရန် အမှုတော်ကို ဆောင်ရွက်ဖို့ ဘေးဒုက္ခများမတိုင်မီ ပထမဦးစွာ ဇာတိပကတိ၌ တိတ်တဆိတ် ကြွလာမည်ဖြစ်သောကြောင့် ပင်တည်း။ ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ ယင်းကို ရှာဖွေ၊ လက်ခံသူများသည် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ချီဆောင်ခံရမည့် ပညာရှိသတို့သမီးများ ဖြစ်လေသည်။ ၎င်းတို့သည် တရားစီရင်ခံရပြီး၊ သန့်စင်ခံရကာ၊ ဘုရားသခင်အားဖြင့် အောင်မြင်သူများအဖြစ်သို့ ပြုလုပ်ခံရ ပြီးနောက်တွင်၊ လူ့ဇာတိခံဘုရားသခင် ကြွလာခြင်း၏ တိတ်တဆိတ် အမှုတော်သည် ပြီးဆုံးလိမ့်မည်။ ထို့နောက်တွင် ဘုရားသခင် ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးယုတ်သူများကို ပြစ်ဒဏ်ပေးဖို့ ကြီးစွာသော ဘေးဒုက္ခများကို ကျရောက်စေလိမ့်မည်ဖြစ်ပြီး၊ ယင်းမှာလူများ၏ အဆုံးသတ်ကို ဆုံးဖြတ်မည့်အချိန်လည်း ဖြစ်ပါသည်။ ဘေးဒုက္ခများ မတိုင်မီ အောင်မြင်သူများအဖြစ် ပြုလုပ်ခြင်းခံရသူများအားလုံးတို့သည် ဘုရားသခင်၏ ကွယ်ကာမှုအောက်သို့ရောက်လိမ့်မည်ဖြစ်ပြီး၊ အသက်ရှင်ကျန်ရစ်ကြလိမ့်မည်။ သခင် မိုးတိမ်တစ်ခုစီးကာ ကြွလာဖို့အတွက် မျက်စိစုံမှိတ်ကာ စောင့်မျှော်သူများ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ အမြဲ ငြင်းပယ်ကြသူများနှင့် နောက်ဆုံးသောကာလ ခရစ်တော်ကိုပင် ပြစ်တင်ရှုတ်ချကြသူများသည် ဘုရားသခင်၏ လုံးလုံး စွန့်ပစ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည်။— ၎င်းတို့ကို စောင့်မျှော်နေသည့်အရာမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် အပြစ်ဒဏ်ပေးခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဘုရားသခင်သည် ဘေးဒုက္ခများ ပြီးနောက် တိုင်းနိုင်ငံအားလုံးနှင့် လူများအားလုံးထံသို့ လူပုံအလယ်တွင် ပေါ်ထွန်းသည့်အချိန်တွင်၊ ၎င်းတို့ အာခံခဲ့သည့် နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်တကယ်ဖြစ်သည်ကို တွေ့မြင်ကြရလေသည်၊ ၎င်းတို့သည် ငိုကြွေးကာ၊ ၎င်းတို့၏ အံသွားခဲကြိတ်ကြ လိမ့်မည်ဖြစ်ပြီး၊ ယင်းမှာ သခင် မိုးတိမ်များစီးကာ ကြွလာသည့် ပရောဖက်ပြုခြင်း ပြည့်စုံသည့် အချိန် ဖြစ်လေသည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြ လိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

ယခုအခါတွင်၊ သခင်ယေရှုသည် လူ့ဇာတိခံယူခဲ့သည့် အနန္တတန်ခိုးရှင် ဘုရားသခင် အဖြစ် ပြန်ကြွလာနှင့်ပြီ ဖြစ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သာလျှင် လူသိရှင်ကြား သက်သေခံနေလေသည်။ ကိုယ်တော်သည် နောက်ဆုံးသောကာလတွင် သမ္မာတရားကို ဖော်ပြခဲ့ပြီး၊ လူတို့ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက် နေကာ၊ ဘေးဒုက္ခများ မကျရောက်မီ အောင်မြင်သူတစ်စုကို ပြုလုပ်လိမ့်မည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုခြင်းများကို အတိအကျ ပြည့်စုံစေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးလျှင် ရှင်ပေတရု သြဝါဒစာပဌမစောင် ၄:၁၇ က ပြောထားသည်၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များသည် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို” ဟု ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြု ထားခဲ့သကဲ့သို့ပင် ဖြစ်ပြီး၊ ထိုနှုတ်ကပတ်တော်များကို တစ်ကမ္ဘာလုံးအနှံ့မှ လူများ ရှာဖွေဖို့နှင့် စုံစမ်းမေးမြန်းဖို့ ကြာမြင့်သော အချိန်ကတည်းက အွန်လိုင်းပေါ်တွင် လူသူမရွေး ရရှိနိုင်ပြီဖြစ်သည်။— ဤသည်မှာ သခင်က ကျွန်ုပ်တို့၏ တံခါးများကို ခေါက်နေခြင်းဖြစ်လေသည်။ သို့သော် သခင်က ကျွန်ုပ်တို့၏ တံခါးများကို မည်သို့ပင် ခေါက်နိုင်ပါစေ၊ သခင်၏ အသံတော်ကို နားပိတ်ထားသူအချို့ နှင့် သောမကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်မှသာလျှင် ယုံကြည်မည့်သူများလည်း ရှိသည်။ ဤလူများသည် ဘေးဒုက္ခမတိုင်မီ ဘုရားသခင်၏ တိတ်တဆိတ် ကယ်တင်ခြင်း အမှုတော်နှင့် လွဲချော်ရလိမ့်မည်ဖြစ်ပြီး၊ သခင်မိုးတိမ်များစီးကာ လူပုံအလယ်တွင် ကြွလာသည်ကို ၎င်းတို့မြင်သည့်နေ့သည်၊ ၎င်းတို့ အပြစ်ဒဏ်ပေးခံရမည့် နေ့ဖြစ်ပါသည်၊ ထိုအချိန်တွင် ၎င်းတို့ မည်မျှ နောင်တရပါစေ၊ ယင်းမှာ အလွန်နောက်ကျ လိမ့်မည် ဖြစ်သည်။ သခင်ယေရှု မိန့်တော်ခဲ့သကဲ့သို့ဖြစ်သည်။ “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို အလေးအနက် တိုက်တွန်းလေသည်၊ “နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။(ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဘုရားသခင်သည် ဘေးဒုက္ခများမတိုင်မီ ဇာတိပကတိ၌ တိတ်တဆိတ် ကြွလာခြင်းကို ငြင်းပယ်သူများ၊ သခင် မိုးတိမ်များစီးကာ ကြွလာသည်ကိုသာ စောင့်မျှော်ပြီး၊ ကပ်ဘေးဒုက္ခကို ခံရသူများအကြားတွင် ကျွန်ုပ်တို့ နေလိုပါသလား။ သို့မဟုတ် သခင်မိုးတိမ်များစီးကာ ကြွလာသည်ကို မမြင်ရသေးသော်လည်း၊ ပြန်ကြွလာသည့် လူ့ဇာတိခံ သခင်၏ ကယ်တင်ခြင်း အမှုတော်ကို လက်ခံသူများ နှင့် ဘုရားသခင်၏ ကတိတော်ကို အမွေဆက်ခံရသူများ ကြားတွင် ကျွန်ုပ်တို့ နေလိုပါသလား။ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီသည် မိမိတို့အတွက် ဤရွေးချယ်မှုကို ပြုလုပ်ရမည်ဖြစ်သည်။

အမှာစကား ချန်ခဲ့မည်