စာရင်း

နောဧ၏ နေ့ရက်များ ရောက်လာပြီ- နောက်ဆုံးသောကာလ၏ သင်္ဘောပေါ်သို့ ကျွန်မတို့ မည်သို့တက်နိုင်မည်နည်း

ဘက်ကီ ဖိလစ်ပိုင်

အမြန်လမ်းညွှန်
နောဧ၏ အချိန် ပြန်လည်ပေါ်ပေါက်ဟန်ရှိခြင်းမှ ကျွန်မတို့ မည်သည့်အရာကို ကောက်ချက်ချသင့်သနည်း
လူတို့ကို ကယ်တင်ဖို့ ဘုရားအမှုတော်၏ အခြေခံမူများမှာ အဘယ်နည်း
သခင်သည် နောက်ဆုံးသောကာလတွင် ပြန်ကြွ လာသည့်အချိန်တွင် ပထမဦးစွာ တိတ်တဆိတ် ကြွလာလိမ့်မည်
သခင်၏ လူပုံအလယ်တွင် ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများ မည်သို့ ပြည့်စုံမည်နည်း

နောဧ၏ အချိန် ပြန်လည်ပေါ်ပေါက်ဟန်ရှိခြင်းမှ ကျွန်မတို့ မည်သည့်အရာကို ကောက်ချက်ချသင့်သနည်း

လူသားမျိုးနွယ်တစ်ခုလုံးသည် ယခုအခါတွင် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် အသက်ရှင်သန် နေကြပြီး၊ တစ်ရက်ပြီးတစ်ရက် ပို၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီး လာကြသည်။ ကမ္ဘာပေါ်ရှိ လူများသည် အပြုသဘောဆောင်သည့် အမှုအရာများကို ပြစ်တင်ရှုတ်ချကာ၊ အပျက်သဘောဆောင်သည့် အမှုအရာများကိုမူ တိုး၍ အထင်ကြီးလေးစားကြသည်၊ ပြီးလျှင် ယခုအခါ လူသားမျိုးနွယ်သည် မကောင်းမှု၏ ကြီးစွာသော ထောက်ခံအားပေးသူများဖြစ်လာကြပြီ။ အထူးသဖြင့် မည်သည့်မြို့ကြီးများတွင်မဆို ကာရာအိုကေ အရက် ဘားများ၊ စားသောက်ဆိုင်များနှင့် အက ကလပ်များတို့ကို မြင်ရသည်၊ တစ်ခုချင်းစီတိုင်း သည်လည်း ကောက်ကျစ်မှု၊ လူတကာနှင့် လိင်အပျော်အပါးလိုက်စားခြင်းတို့ဖြင့် ပြည့်လျှံ နေသည်။ လူများသည် စားသောက်ခြင်း၊ ပျော်ပွဲရွှင်ပွဲ လုပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ တဏှာကို မွေ့လျော်ခြင်း တို့တွင် မြူးထူးနေကြပြီး၊ ၎င်းတို့၏ သိက္ခာနှင့် သမာဓိတို့ကို ဆုံးရှုံးကြလေသည်။ လူများကြားတွင် ချစ်ခြင်းမေတ္တာမရှိဘဲ၊ လူတိုင်းက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ကာ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်း ကြသည်။ ငွေ သို့မဟုတ် အကျိုးအမြတ်အတွက်၊ လူများသည် အချင်းချင်း တုပယှဉ်ပြိုင်ကြသည်၊ အချင်းချင်း အကောက်ကြံပြီး၊ လှည့်စားကြသည်၊ ပြီးလျှင် ထ၍ပင်သတ်ကြသည်။ ညီအစ်ကို မောင်နှမများ၊ မိဘများနှင့် သားသမီးများ၊ မိတ်ဆွေများ နှင့် ဆွေမျိုးများပင်လျှင် အကျိုးအမြတ်အတွက် အချင်းချင်း အလွန်အမင်း ရန်ဖြစ်စကားများကြလျက် ဤကဲ့သို့ပင် ဖြစ်သည်။ ပြီးလျှင် ဤကဲ့သို့ ပြုမူကြသူများသည် မယုံကြည်သူများသာ မဟုတ်ပေ။ သခင်၏ သွန်သင်ချက်များကို မထိန်းသိမ်းနိုင်သည့်၊ ကမ္ဘာကြီး ရေပန်းစားမှုများ နောက်သို့လိုက်သော၊ ဖက်ရှင်နောက် လိုက်သော၊ ဥစ္စာဓနကို တပ်မက်သော၊ ရာထူးအတွက် လိမ်လည်သော သခင့်ကို ယုံကြည်သူ ညီအစ်ကိုမောင်နှမများစွာရှိပါသည်။ အချို့သော ယုံကြည်သူများက အသင်းတော် ဝတ်ပြု စည်းဝေးပွဲများကို မတက်ဘဲ၊ ၎င်းတို့တက်ရောက် သည့်အခါတွင်လည်း လူများစွာတို့က အပျော်ရဖို့၊ ၎င်းတို့၏ ရောင်းကုန်ပစ္စည်းများကို ရောင်းချဖို့၊ ရည်းစားရှာဖို့၊ အဆက်အသွယ်လုပ်ဖို့ စသည်တို့ အတွက် သက်သက်သာ လာကြခြင်းဖြစ်သည်။-အသင်းတော်သည် ဖြည်းဖြည်းချင်း ကမ္ဘာနှင့် တစ်သားတည်းဖြစ်လာသည်။ ယခုအခါတွင် မကောင်းမှုကို ထောက်ခံပြီး၊ သမ္မာတရားကို ပြောင်းပြန်လှန်ထားသည့် ဤကမ္ဘာတွင် မည်သူမျှ သမ္မာတရားကို မချစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုတော်နှင့် ပေါ်ထွန်းမှုတို့ကို ရှာဖွေဖို့ စဦး ဆောင်ရွက်လှုပ်ရှားခြင်း မရှိကြပါ၊ ပြီးလျှင် မည်သူကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ရိုးသားဖို့ နည်းလမ်း နှင့် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်ဖို့နည်းလမ်းတို့အကြောင်းကို မတွေးကြပါ။ ယင်းအစား လူတိုင်းသည် ကောက်ကျစ်မှုကို အငမ်းမရဖြစ်ကာ၊ မိမိကိုယ်ကိုယ် ဒုစရိုက်တွင် စွန့်ပစ်ထားပြီး၊ ၎င်းတို့သည် အထိန်းအကွပ်မဲ့ ပြုမူကြလေသည်။

ဤအရာ တစ်ကျော့ပြန်လည်လာသည်ကို ကျွန်မတို့ ကြည့်ရင်း၊ နောဧ၏ အချိန်ကို ပြန်သတိရ မိသည်။ ထိုအချိန်မှ လူများသည် ဘုရားသခင် ရှိမရှိကို အနည်းငယ်သာ ဂရုစိုက်သည်၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်းမရှိသကဲ့သို့ သူ၏ သွန်သင်ချက်များကိုလည်း မလိုက်နာပါ။ ဆန့်ကျင်ဖက်အားဖြင့် ၎င်းတို့သည် လူသတ်ခြင်း၊ မီးရှို့ခြင်း၊ ခိုးခြင်း နှင့် လုယက်ခြင်းတို့ကဲ့သို့ ဘုရားသခင်ကို အာခံသော မကောင်းမှုမျိုးစုံကို ကျူးလွန်ခဲ့သည်။ ၎င်းတို့သည် သဘာဝအားဖြင့် ဖောက်ပြန်သည်၊ ၎င်းတို့သည် အကြိမ်ကြိမ် အိမ်ထောင်ပြုကြသည်၊ ၎င်းတို့၏ အတွေးများနှင့် အပြုအမူများသည် မကောင်းမှုအနံ့ထွက်နေပြီး၊ ၎င်းတို့သည် သည်းမခံနိုင်လောက်အောင် ဖောက်ပြန် ပျက်စီးကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းခံရပြီး၊ ရေလွှမ်းမိုးခြင်း အားဖြင့် ဖျက်ဆီးခံကြရသည်။ ယခုခေတ်တွင် ကမ္ဘာပေါ်မှ လူများသည်လည်း နောဧ၏ အချိန်ရှိ လူများကဲ့သို့ ပို၍ပင် ဖောက်ပြန်ပျက်စီးပြီး ကောက်ကျစ်ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က၊ သခင်ယေရှုက ပရောဖက်ပြုခဲ့သည်။နောဧ လက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။...လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။(ရှင်လုကာ ခရစ်ဝင် ၁၇:၂၆-၃၀) သခင်၏ နှုတ်ကပတ်တော်များသည် အလွန်အရေးပါသည့် အရာတစ်ခုကို ကျွန်မတို့ကို ပြောပြနေသည်။ နောက်ဆုံးသောကာလတွင် လူများသည် နောဧ၏ အချိန်က လူများကဲ့သို့ ဖောက်ပြန်ပျက်စီးပြီး ကောက်ကျစ်သည့်အချိန်တွင်၊ ထိုနေ့ရက်သည် လူသား ကြွလာသည့် နေ့ရက်ဖြစ်လိမ့်မည်၊ သခင် ပြန်ကြွလာသည့် နေ့ရက် ဖြစ်လိမ့်မည်။ ထို့ကြောင့် ကျွန်မတို့သည် ကြီးစွာသော ဘေးဒုက္ခမကျရောက်မီ နောက်ဆုံးသောကာလ၏ သင်္ဘောပေါ်သို့ မည်သို့ တက်ရောက်နိုင်မည်နည်း။

လူတို့ကို ကယ်တင်ဖို့ ဘုရားအမှုတော်၏ အခြေခံမူများမှာ အဘယ်နည်း

ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ၏ သင်္ဘောပေါ်သို့ တက်ရောက်လိုပါက၊ နောဧ၏ အချိန်တွင် လူတို့ကို ကယ်တင်ဖို့ ဘုရားအမှုတော်၏ အခြေခံမူများကို ကျွန်မတို့ ပထမဦးစွာ ပြန်တွေးရမည်။ ထိုအချိန်က လူသားမျိုးနွယ်သည် ကောက်ကျစ်မှုနှင့် အကျင့်ပျက်ပြားခြင်း အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး၊ ဘုရားသခင်၏ စိတ်သဘောထားကို ပိုမိုဆိုးဝါးလာ စေခဲ့သည်။ သို့သော် ဘုရားသခင်သည် ထိုအချိန်မှ လူများကို ချက်ချင်း မဖျက်ဆီးခဲ့ဘဲ၊ လူတို့ကို ကယ်တင်ဖို့ အမှုပြုခဲ့သည်။ ပထမဦးစွာ ဘုရားသခင်သည် သင်္ဘောဆောက်ဖို့ နောဧကို ခေါ်ခဲ့သည်၊ ထို့နောက်တွင် ထိုအချိန်မှ လူများကို ဘုရားသခင်သည် ကမ္ဘာကို ဖျက်ဆီးခြင်း အမှုပြုမည် ဖြစ်ကြောင်းပြောစေလျက်၊ ၎င်းတို့အား ဧဝံဂေလိ ဖြန့်ဝေဖို့ နောဧကို သူအသုံးပြုခဲ့သည်။ ၎င်းတို့ နောင်တရကာ၊ ဘုရားသခင်၏ ဧဝံဂေလိကို လက်ခံပြီး၊ သင်္ဘောပေါ် တက်မှဖြစ်မည်ဖြစ်ကြောင်း နှင့် ထိုနည်းဖြင့်သာ ၎င်းတို့ ရှင်သန်မည် ဖြစ်ကြောင်းတို့ကို နောဧက ၎င်းတို့အား ပြောခဲ့သည်။ နောဧက ဤဧဝံဂေလိကို နှစ်ရာချီထက်ကျော်အောင် ဟောပြော ခဲ့သည်၊ ဤသည်မှာ ဘုရားသခင်က လူများ နောင်တရဖို့ အခွင့်ပေးသည့် အချိန်အတွင်းပင် ဖြစ်သည်။- ဤသည်မှာ လူတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ သို့သော် ထိုအချိန်က လူသားမျိုးနွယ်သည် နောဧကို မယုံကြည်ခဲ့ပါ။ ၎င်းတို့က သူ့ကို လှောင်ပြောင်ကြပြီး၊ ဘုရားသခင်က ကမ္ဘာကို ဖျက်ဆီးဖို့ ရေလွှမ်းမှုကို ကျရောက် စေမည်ဆိုသည်မှာ မဖြစ်နိုင်ဟု ယုံကြည်လျက်၊ ဘုရားသခင်၏ အမှုတော်ကို ဘောင်ခတ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများပေါ်သာ မှီခိုကြသည်။ ၎င်းတို့၏ မျက်လုံးဖြင့် မမြင်နိုင်သည့် အရာမှန်သမျှကို မယုံကြည်လိုကြသောကြောင့် ၎င်းတို့ထဲမှ တစ်ယောက်မျှ ဘုရားသခင်၏ ဧဝံဂေလိကို လက်မခံခဲ့ကြပေ။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ဖို့ သူ၏အမှုတော် ပြီးဆုံးသွားသည့် အချိန်တွင်၊ မကောင်းမှုပြုသူများအားလုံးကို အပြစ်ဒဏ် ခတ်ဖို့ ရေလွှမ်းမိုးမှုကို စတင် လွှတ်ပေးခဲ့သည်။ ထိုအချိန်က၊ သင်္ဘော၏ တံခါးများက အလုံပိတ်ထားပြီး၊ အသက်ရှင်ကျန်ရစ်သည့် နောဧ၏ မိသားစုထဲမှ လူရှစ်ယောက်မှလွဲ၍ ဘုရားသခင်ကို အာခံပြီး၊ မကောင်းမှု ဒုစရိုက်မျိုးစုံ ကျူးလွန်ခဲ့သူများ အားလုံးတို့သည် ရေလွှမ်းမိုးမှု၏ ဖျက်ဆီးခြင်း ခံကြရသည်။—၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခံရဖို့ ၎င်းတို့၏ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ လူတို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်တွင် သူ၏ အခြေခံမူများကို အဆင့်နှစ်ဆင့် ခွဲခြားနိုင်သည်ကို ဤအရာမှ ကျွန်မတို့ တွေ့မြင် နိုင်သည်။ ပထမဦးစွာ ကိုယ်တော်က လူတို့ကို ကယ်တင်ဖို့ ကြိုးစားသည်၊ ထို့နောက်တွင် ၎င်းတို့ကို သူ ဖျက်ဆီးလေသည်။ လူတို့ကို ကယ်တင်ဖို့ ဘုရားသခင်၏အမှုတော်သည် သူက လူတို့ကို နောင်တရဖို့ အခွင့်အရေးတစ်ခု ပေးခြင်း ဖြစ်ပြီး၊ လူတို့ကို ဖော်ထုတ်ဖို့ နှင့် ၎င်းတို့၏ အမျိုးအစား အတိုင်း ခွဲခြားဖို့အတွက် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးထားပြီး၊ ဘုရားသခင် လိုလားသည့်အတိုင်း ပြုမူသူများနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်ကို လက်ခံဖို့ ငြင်းဆန်ပြီး၊ ယင်းအစား ဘုရားသခင်ကို အာခံပြီး ပုန်ကန်သူများ အားလုံးတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်မှတစ်ဆင့် လုံးလုံး ဖော်ထုတ်ခံရလေသည်။ ဘုရားသခင်က ကောင်းမြတ်သောသူများကို ဆိုးယုတ်သော သူများထံမှ ခွဲခြားပြီးနောက်မှသာလျှင်၊ လူများ၏ အဆုံးသတ်ကို ဆုံးဖြတ်ခြင်းနှင့် ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးခြင်း အမှုတော်ကို သူ စတင်သည်။ ထို့နောက်တွင် လူများ၏ အဆုံးသတ်များသည် သတ်မှတ်ခံရပြီးဖြစ်ကာ၊ ဆိုးယုတ်သူများသည် ဖျက်ဆီးခြင်းခံရသည်၊ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်း တို့က ဤနေရာတွင် သရုပ်ထင်လေသည်။

အမှန်မှာမူ နောက်ဆုံးသောကာလတွင် သခင် ပြန်ကြွလာသည့်အချိန်တွင်၊ ပထမဦးစွာ လူတို့ကို ကယ်တင်ဖို့လည်း အမှုပြုသည်၊ ထို့နောက်တွင် ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးဖို့ လူပုံအလယ်တွင် သူပေါ်ထွန်းသည်။ ကျွန်မတို့က နောက်ဆုံးသော ကာလ၏ သင်္ဘောပေါ်သို့ တက်ရောက် လိုပါက၊ ဘုရားသခင်၏ တိတ်တဆိတ် ကြွလာခြင်းကို လက်ခံရမည်။ ဤနေရာတွင် ညီအစ်ကို မောင်နှမများစွာက သံသယဝင်နိုင်ပြီး၊ “သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန် အဖြူရောင် မိုးတိမ်စီးပြီး လူပုံအလယ်မှာ ကြွလာမှာ မဟုတ်ဘူးလား။” ဟု တွေးကောင်းတွေးနေနိုင်သည်။ ၎င်းတို့က ဤကဲ့သို့ တွေးတောသည်မှာ ယင်းကို သမ္မာကျမ်းစာတွင် ပြောထားသောကြောင့် ဖြစ်သည်၊ “မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊...ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြ လိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) သခင်က အမှန်တကယ် မိုးတိမ်စီးကာ လူပုံအလယ်တွင် ကြွလာခဲ့ပါက၊ မည်သူမျှ ဘုရားသခင်ကို အာခံရဲ တော့မည် မဟုတ်ဘဲ၊ သို့ပါက ကောင်းမြတ်သူများကို ဆိုးယုတ်သူများထဲမှ ခွဲခြားသိမြင်ခြင်း အမှုတော်သည် မည်သို့ဖြစ်မြောက်မည်နည်း။ ဘုရားသခင်သည် မိုးတိမ်စီးကာ လူပုံအလယ်တွင် ကြွလာမည်ဆိုသည့် ကျမ်းပိုဒ်များအပြင်၊ ဘုရားသခင်သည် တိတ်တဆိတ် မည်သို့ကြွလာမည်ကို ဖော်ပြထားသည့် ကျမ်းပိုဒ်များလည်း ရှိသည်နှင့်အညီ ကျွန်မတို့သည် သမ္မာကျမ်းစာကို သေချာစွာ ဖတ်ရှုသင့်သည်။ 

သခင်သည် နောက်ဆုံးသောကာလတွင် ပြန်ကြွ လာသည့်အချိန်တွင် ပထမဦးစွာ တိတ်တဆိတ် ကြွလာလိမ့်မည်

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်သည် တိတ်တဆိတ် ကြွလာမည်ဖြစ်ကြောင်းကို ဖော်ပြ ထားသည့် ကျမ်းပိုဒ်များစွာရှိပါသည်၊ ဥပမာအားဖြင့်၊ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဤပရောဖက်ပြုခြင်းများက ဘုရားသခင်၏ ကြွလာခြင်းသည် သူခိုးတစ်ယောက်ကဲ့သို့ ဖြစ်လိမ့် မည်ဟု ပြောထားသည်၊ ယင်းက ဆိုလိုသည်မှာ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တိတ်တဆိတ် ကြွလာလိမ့်မည်ဟု ဖြစ်သည်။ ဤကျမ်းပိုဒ်များက “လူသားသည် ကြွလာတော် မူလတံ့” နှင့် “လူသားသည် ကြွလာလိမ့်မည်” ဟု လည်း ဖော်ပြထားသည်။ “လူသား” ဆိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို ညွှန်းဆိုပါသည်။ သာမန်လူ့ခန္ဓာကိုယ်တစ်ခုဖြင့် လူမှ မွေးဖွားလာသည့် လူတစ်ယောက်ကိုသာလျှင် “လူသား” ဟု ခေါ်ဆို၍ ရသည်၊ ကိုယ်တော်က ဝိညာဉ်ခန္ဓာတစ်ခုဖြင့် လာပါမူ၊ ကိုယ်တော့်ကို “လူသား” ဟု ခေါ်ဆို၍ မရနိုင်ပါ။ ဥပမာအားဖြင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် သူ၏ ဝိညာဉ်ခန္ဓာသည် နံရံများကို ဖြတ်ကျော်နိုင်ပြီး၊ လေထဲတွင် သူ့ကိုယ်သူ ကွယ်ဝှက်ထားနိုင်သည်။ ထိုကဲ့သို့သော သဘာဝလွန် ဝိညာဉ်ခန္ဓာတစ်ခုကို “လူသား” ဟု ခေါ်ဆို၍မရနိုင်ပါ။ သခင်ယေရှုသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာသည့် အချိန်တွင်၊ ကိုယ်တော်သည် သာမန်၊ ရိုးရှင်းသော ဇာတိပကတိကို ယူခြုံလျက် လူတို့ကြားသို့ တိတ်တဆိတ် ကြွလာမည်ဟု ဤအရာက ကျွန်မတို့ကို ပြနေသည်။ ကိုယ်တော်သည် အပြင်ပန်းတွင် ရိုးရှင်းသော သာမန်လူတစ်ယောက်ကဲ့သို့ ပေါ်ထွန်း လိမ့်မည် ဖြစ်ပြီး၊ မည်သူကမျှ သူ၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာ သို့မဟုတ် အနေအထားတို့ကို ပြောနိုင်စွမ်းရှိမည် မဟုတ်ဘဲ၊ ဤအရာကို လူတို့ထံမှ လျှို့ဝှက်ထိန်းသိမ်း ထားလေသည်။ လူတို့ကို ကယ်တင်ဖို့ အမှုစပြုပြီး၊ သူ၏နှုတ်ကပတ်တော်များကို ပြောသည့်အချိန်မှသာလျှင်၊ သူ၏အသံတော်ကို ခွဲခြားသိမြင်နိုင် သူများသည် သူ့ကို သိလိမ့်မည်။ ကိုယ်တော်၏အသံတော်ကို ခွဲခြားနိုင်ခြင်း မရှိသူများသည် သာမန်လူတစ်ယောက်အဖြစ် သူ့ကို ဆက်ဆံကာ၊ ၎င်းတို့သည် သူ့အား ငြင်းပယ်လိမ့်မည်၊ စွန့်ပယ်လိမ့်မည်၊ ပြီးလျှင် ပြစ်တင်၍ပင် ရှုတ်ချကြလိမ့်မည်။ သခင်ယေရှုက သူ၏အမှုပြုဖို့ ဇာတိပကတိခံယူသည့်အချိန်က၊ ဖာရိရှဲများက သူ့အား သာမန်လူတစ်ယောက် အဖြစ် သတ်မှတ်ပြီး၊ သူ့ကို ခုခံကာ၊ ပြစ်တင်ရှုတ်ချပြီး၊ ကားစင်တင်ခဲ့ကြသည့် အချိန်ကကဲ့သို့ပင် ဖြစ်သည်။ အဆုံးသတ်တွင် လူ့ဇာတိခံ ဘုရားသခင်က တိတ်တဆိတ် လာသည့် ကာလအတွင်းတွင်၊ ဖာရိရှဲများသည် သခင်၏ ကယ်တင်ခြင်းနှင့် လွဲချော်ကာ၊ ဘုရားသခင်ကို အာခံရာတွင် ကျူးလွန်ခဲ့သည့် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။ ထို့အပြင် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူ ခြင်းဖြင့်သာလျှင် ဘုရားသခင်သည် ဆင်းရဲဒုက္ခ များစွာကို ခံနိုင်သည်။ ကိုယ်တော်က မိုးတိမ်စီးကာ လူပုံအလယ်တွင် ကြွလာပါက၊ လူများအားလုံး ကြောက်လန့်ကာ၊ မြေကြီးပေါ်တွင် ၎င်းတို့ကိုယ်ကိုယ် ဝပ်ဆင်းလျက်၊ မည်သူမျှ ကိုယ်တော့်ကို ခုခံရဲမည် မဟုတ်ပေ။ ယင်းမှာ မှန်ကန်ပါက၊ သခင်၏ တိတ်တဆိတ် ကြွလာခြင်းကို ပြောထားသည့် ဤပရောဖက်ပြုခြင်းများသည် ပြည့်စုံမည် မဟုတ်ပေ။

သခင်၏ လူပုံအလယ်တွင် ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများ မည်သို့ ပြည့်စုံမည်နည်း

သခင်ပြန်ကြွလာသည့်အချိန်တွင် သူ၏အမှုပြုဖို့ တိတ်တဆိတ် ကြွလာခြင်းအကြောင်း ကျွန်မတို့ ပြောကြသည့်အချိန်တွင် ညီအစ်ကိုမောင်နှမတစ်ချို့က နားမလည်နိုင်ကြပေ။ သခင်ပြန်ကြွလာသည့် အချိန်တွင် ကျွန်မတို့ထံသို့ မိုးတိမ်များစီးကာ လူပုံအလယ်တွင် ပေါ်ထွန်းမည်ဟု သမ္မာကျမ်းစာ ကလည်း ပရောဖက်ပြုထားသောကြောင့်၊ လုံးလုံးကွဲပြားသော ဤပရောဖက်ပြုခြင်း နှစ်ခုသည် မည်သို့ ပြည့်စုံနိုင်မည်နည်း။ ဘုရားသခင်၏နှုတ်တော်မှ ပြောထားသည့် စကားလုံးတိုင်းသည် အမှန်တကယ် ဖြစ်လာလိမ့်မည်။ ၎င်းတို့ ပြည့်စုံမည့် အစီအစဉ်ကသာ ကွဲပြားသွားခြင်းဖြစ်သည်။ ထို့အပြင် ဤပရောဖက် ပြုခြင်းများသည် ဘုရားသခင်၏ အမှုတော် အဆင့်များနှင့် ကိုက်ညီစွာ တစ်ခုပြီးတစ်ခု ပြည့်စုံလေသည်။ ဆိုလိုသည်မှာ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ လူတို့ကို ကယ်တင်ခြင်း အမှုပြုဖို့ ပထမဦးစွာ တိတ်တဆိတ် ကြွလာလိမ့်မည်၊ ထို့နောက်တွင် မိုးတိမ်များစီးကာ လူပုံအလယ်တွင် ပေါ်ထွန်းလိမ့်မည်။ အဆင့်များဖြင့် အမှုပြုသည့် ဘုရားသခင်၏ နည်းလမ်းသည် နောက်ဆုံးသောကာလတွင် သူပြုမည့် အမှုတော်နှင့် တိုက်ရိုက် ဆက်နွှယ်နေလေသည်။ ယခုအခါတွင် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်အချို့ကို ဖတ်ရှုကြပါစို့။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၇)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွ လာသည့်အခါတွင်၊ ကျွန်မတို့ကို ရေလောင်းဖို့နှင့် ထောက်ပံ့ဖို့ သမ္မာတရားများကို ပို၍ ဖော်ပြလိမ့်မည် ဖြစ်သည်ကို ဤကျမ်းပိုဒ်များမှ ကျွန်မတို့ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဤသမ္မာတရားများသည် ကျွန်မတို့ သခင့်ကို ယုံကြည်ခဲ့သည့် အချိန်တစ်လျှောက်လုံး ယခင်က ကျွန်မတို့ လုံးဝ နားမလည်ခဲ့သော သို့မဟုတ် မကြားဖူးခဲ့သော သမ္မာတရားများဖြစ်လေသည်။ ပို၍ပင် အရေးပါသည့်အရာမှာ သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကျွန်မတို့ ဝိညာဉ်ရေးရာ အသက်တာများ ကြီးထွားရင့်ကျက်ဖို့ အလို့ငှာ ဤသမ္မာတရားများထဲသို့ ဝင်ရောက်ဖို့ ကျွန်မတို့ကို သူကိုယ်တိုင် ဦးဆောင်လမ်းပြသွားမည် ဖြစ်သည်။ ထို့အပြင်၊ သခင်ယေရှု၏ အမှုတော်နှင့် ပတ်သက်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်သည် အမှုတော် အဆင့်သစ်ဖြစ်သည့်- တရားစီရင်ခြင်းအမှုတော်ကို-ဆောင်ရွက်လိမ့်မည်။ ကျွန်မတို့၏ အပြစ်များကို သန့်စင်ဖို့ နှင့် အပြစ်၏ အချုပ်အနှောင်များမှ အပြီးအပိုင် ဖယ်ရှားရန် ကျွန်မတို့ကို ဦးဆောင် လမ်းပြဖို့အတွက် ဖြစ်ပါသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က တိတ်တဆိတ် အမှုပြုချိန်အတွင်းတွင် ဆောင်ရွက်မည့် အမှုတော်ဖြစ်ပါသည်။

အမှန်မှာမူ သခင် မိုးတိမ်စီးကာ ကြွလာခြင်း အတွက် ကျွန်မတို့ စောင့်မျှော်နေစဉ်တွင် သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင် အဖြစ် အမှန်တကယ် ကြွလာနှင့်ပြီ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတို့ကို ကယ်တင်ဖို့ သူ၏ တိတ်တဆိတ် အမှုတော်ကို ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ပြီး၊ ဤအချိန်တွင် ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ၊ နိုင်ငံတော်ခေတ်ကို စတင်ခဲ့ပြီဖြစ်သည်။ လူတို့သည် ကယ်တင်ခြင်း ရရှိနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်က သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီဖြစ်သည်၊ ကိုယ်တော်က ဘုရားသခင်၏အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုပြုခဲ့ပြီး၊ ကိုယ်တော်၏ ရှေ့မှောက် လာရောက်သူများအားလုံးကို လုံးလုံး သန့်စင်ပြီး ကယ်တင်လေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံခံစားခြင်းတို့အားဖြင့် ကျွန်မတို့သည် မည်သည့်စော်ကားခြင်းကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ပတ်သက်ပြီး စစ်မှန်သော နားလည်မှုတစ်ခု ရလာရုံသာမက၊ ကျွန်မတို့ အပြစ်များ၏ အရင်းအမြစ်ကိုလည်း သိလာကြသည်။ ကျွန်မတို့သည် မိမိကိုယ်ကိုယ် မုန်းတီးလာနိုင်ပြီး၊ မိမိတို့၏ ဇာတိပကတိကို စွန့်ပယ်လာနိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မတို့မှာ သန္နိဌာန်ရှိလာသည်။ ကျွန်မတို့ထဲတွင် ဘုရားသခင်ကို ကြောက်သည့် နှလုံးသားတစ်ခု ဖြည်းဖြည်းချင်း စတင်ဖြစ်ပေါ်လာသည်၊ ကျွန်မတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုများကို ကျွန်မတို့ သက်သေခံကြပြီး၊ ထို့နောက်တွင် ဘေးဒုက္ခမကျရောက်မီ ပြုလုပ်ခံရသည့် အောင်မြင်သူများ ကျွန်မတို့ ဖြစ်နိုင်စွမ်းရှိလာကြသည်။ ယနေ့ခေတ်တွင် ဘုရားရွေးချယ်ထားသည့်လူများ၏ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို တွေ့ကြုံခံစားခြင်း၊ ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတို့နှင့် ပတ်သက်သည့် သက်သေခံချက်များအပြင်၊ အောင်မြင်သူများ၏ သက်သေခံချက်များတို့ကို အွန်လိုင်းတွင် တင်ထားခဲ့ပြီးဖြစ်သည်။ သမ္မာကျမ်းစာထဲမှ လူ့ဇာတိခံဘုရားသခင် တိတ်တဆိတ် ကြွလာခြင်း၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် တရားစီရင်ခြင်း အမှုပြုခြင်း၊ ဘုရားသခင်က စာစောင်ဖွင့်ခြင်း၊ ဘုရားသခင်သည် အောင်မြင်သူများကို ပြုလုပ်ခြင်း နှင့် ပို၍များပြားသော အရာများ တို့နှင့် စပ်လျဉ်းသော ပရောဖက်ပြုခြင်းများအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်တို့က လုံးလုံး ပြည့်စုံစေခဲ့ပြီဖြစ်သည်။ 

အနန္တတန်ခိုးရှင်ဘုရားသခင် တိတ်တဆိတ် အမှုပြုနေစဉ်တွင် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သူများအားလုံးသည် ပညာရှိသတို့သမီးများ ဖြစ်ကြသည်။ ၎င်းတို့က ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံပြီးသည်နှင့် တပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် အပြစ်မှ ဖယ်ရှားနိုင်လာပြီး၊ ဘုရားသခင်အားဖြင့် သန့်စင်ခံရကာ စုံလင်စေခြင်းကို ခံကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်သော အောင်မြင်သူများ၊ ဘုရားသခင်ကို ချစ်ကြောက် ရိုသေပြီး နာခံသူများဖြစ်လာကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဘေးဒုက္ခမကျရောက်မီ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းအမှုတော်ကို တိတ်တဆိတ် ဆောင်ရွက်သည့် ကာလအတွင်းတွင်၊ ဤအမှုတော်သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ပြီး၊ သမ္မာတရားကို ရှာဖွေအားထုတ်သူများ အတွက် ကယ်တင်ခြင်းနှင့် ချစ်ခြင်းသာ ဖြစ်သည်ကို ဤအရာက ပြနေပါသည်။ အပြန်အလှန်အားဖြင့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကိုသာ ဖက်တွယ်ထားပြီး၊ လူ့ဇာတိခံဘုရားသခင်၏ တိတ်တဆိတ် အမှုတော်ကို လက်မခံသည့် ထိုမိုက်မဲသော သတို့သမီးများအပြင်၊ ဘုရားသခင်ကို ခုခံ၊ အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့် ဆိုးယုတ်သော အင်အားစုများအားလုံးတို့ကို ဘုရားသခင်၏ အမှုတော်က ထုတ်ဖော်ကာ၊ လုံးလုံး သုတ်သင်ဖယ်ရှင်းပြီး ပြစ်တင်ရှုတ်ချလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ အမြော်အမြင် ဖြစ်သည်။ ဘုရားသခင်၏ တိတ်တဆိတ် အမှုတော် ကာလအတွင်း အောင်မြင်သူတစ်စုကို ပြုလုသည့် အချိန်တွင်၊ သမ္မာတရားကို ချစ်သူများအားလုံးနှင့် သမ္မာတရားကို မုန်းတီးသူများ၊ အစေခံကောင်းများနှင့် ဆိုးယုတ်သော အစေခံများ၊ ပညာရှိသတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများ၊ သိုးများနှင့် ဆိတ်များ- အားလုံးတို့သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်။ ထို့နောက်တွင် ဘုရားသခင်က ဘေးဒုက္ခများကို ပုံမှန်အားဖြင့် စေလွှတ်လိမ့်မည် ဖြစ်ပြီး၊ ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ကာ၊ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးလိမ့်မည်။ ကိုယ်တော်သည် အဖြူရောင် မိုးတိမ်စီးကာ လူများအားလုံးထံသို့ လူပုံအလယ်တွင် ပေါ်ထွန်း လိမ့်မည် ဖြစ်ပြီး၊ ထိုအရာဖြစ်ပျက်သည့်အချိန်တွင် လူတို့ကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင်၏ တိတ်တဆိတ်ကြွလာခြင်း အမှုတော်သည် လုံးလုံး ပြီးဆုံးလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသောကာလ၏ သင်္ဘောသို့ ကျေးဇူးတော်တံခါးသည် ပိတ်သွား လိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့သူများ နှင့် ဘုရားသခင်အားဖြင့် သန့်စင်ခံရပြီး၊ ကယ်တင် ခံရသူများသည် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာပေးခြင်းကို ခံစားကြရကာ၊ သူ၏ ကောင်းကင် နိုင်ငံတော်ထဲသို့ ၎င်းတို့အား သူဦးဆောင်ခေါ်သွား လိမ့်မည်။ သို့သော် ဘုရားသခင် တိတ်တဆိတ် အမှုပြုနေစဉ် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းဆန်သူများနှင့် လူ့ဇာတိခံ ဘုရားသခင်ကို ခုခံပြီး ပြစ်တင်ရှုတ်ချသူများကမူ ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ ၎င်းတို့၏ အခွင့်အရေးကို ဆုံးရှုံးရရုံသာမက၊ ဘေးဒုက္ခများ ကြားတွင် ပိတ်မိကာ၊ အပြစ်ဒဏ်ပေးခံရလိမ့်မည်။ ဤသည်မှာ သမ္မာကျမ်းစာထဲမှ ဤနှုတ်ကပတ်တော်များကို အတိအကျ ပြည့်စုံ စေသည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေး မြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀) “ကိုယ်တော်ကို ထိုးဖောက်သောသူတို့” ဆိုသည့်စကားက နောက်ဆုံးသောကာလ ခရစ်တော်ကို ခုခံပြီး ပြစ်တင်ရှုတ်ချသူများကို ညွှန်းဆိုသည်။ အကြောင်းမှာ ၎င်းတို့ ခုခံပြီး ပြစ်တင်ရှုတ်ချခဲ့သူသည် ပြန်ကြွ လာသည့် သခင်ယေရှုသာ ဖြစ်သည်ကို ၎င်းတို့ မြင်ကြရသော်လည်း၊ ထို့နောက်တွင် နောက်ဆုံးသော ကာလ ခရစ်တော်၏ ကယ်တင်ခြင်းကို ခံရဖို့ ၎င်းတို့၏ အခွင့်အရေးကို ဆုံးရှုံးလိမ့်မည်ဖြစ်ကာ၊ ၎င်းတို့သည် ရင်ကိုထုပြီး၊ ကြီးစွာသော နောင်တနှင့် နာကျင်မှုကို ခံစားရလိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ ထို့နောက်တွင် “မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍” ဆိုသည်မှာ သင်္ဘော ပေါ်တက်ဖို့ ၎င်းတို့၏ အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့သော နောဧ၏ အချိန်မှ လူများကဲ့သို့ သူတို့ကို ဆိုလိုခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်သည် အဆုံးသတ်လုနီးပြီ ဖြစ်ပြီး၊ ကျေးဇူးတော်တံခါးသည် ပိတ်လုနီးပြီ ဖြစ်သည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည် ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။” ဘုရားသခင် မိုးတိမ်များစီးကာ လူပုံအလယ်တွင် ကြွလာသည့်အချိန်သည် လူများ၏အဆုံးသတ်ကို သူ ဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး၊ သူ့ကို ဆန့်ကျင်သူများ အားလုံးကို လူပုံအလယ်တွင် အပြစ်ဒဏ်ပေးပြီး ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏အမှုတော် နောက်ဆုံးအဆင့် ဖြစ်လိမ့်မည် ဆိုသည့်ကို ယခု ကျွန်မတို့ နားလည်သင့်ပြီ ဖြစ်ပါသည်။ ဘုရားသခင် တိတ်တဆိတ် အမှုပြုနေစဉ်တွင်သာ လူတို့ ကယ်တင်ခံရနိုင်ပြီး၊ ဘုရားသခင်၏ တိတ်တဆိတ် အမှုတော်ကို လက်ခံခြင်းအားဖြင့်သာလျှင် ကျွန်မတို့သည် နောက်ဆုံးသောကာလ၏ သင်္ဘောပေါ်သို့ တက်ရောက်နိုင်သည်။ ကျွန်မတို့သည် ယခုအခါ သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ဧဝံဂေလိကို နဖူးတွေ့ဒူးတွေ့ တွေ့နေသည့်အတွက်၊ ကျွန်မတို့၏ များစွာသော အယူအဆများကို လွှတ်ချပြီး၊ သဘောထားကြီးစွာ ရှာဖွေပြီး စုံစမ်းမေးမြန်းသည့် ပညာရှိသတို့သမီးများ မဖြစ်သင့်ပါလား။ သို့မဟုတ် ကျွန်မတို့သည် နောဧ၏ အချိန်မှ လူများကဲ့သို့ပင် ဖြစ်ပြီး၊ ၎င်းကို မယုံကြည်ဖို့ သို့မဟုတ် သတိမပြုမိဖို့ကို ရွေးချယ်ပြီး၊ သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ဧဝံဂေလိကို ငြင်းပယ်ကာ၊ ပြစ်တင်ရှုတ်ချသည်အထိ လုပ်ဆောင်ကြမလား။ ဤအရာကို ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းသည် သေချာ အချိန်ကြာမြင့်စွာ တွေးတောသင့်ပါသည်။

အမှာစကား ချန်ခဲ့မည်