စာရင်း

ကတ်သလစ်ယုံကြည်မှု- ဘုရားသခင်၏ နာမတော်နောက်ကွယ်မှ နက်နဲမှုကို သင်သိပါသလား

ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ယာဟွဲ-ယေဟောဝါ ဆိုသည့် နာမတော်ကို ယူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် သူသည် ယေရှု နာမတော်ကို ယူခဲ့သည်၊ ထို့အပြင် ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်သည် နောက်ထပ် နာမတော်အသစ်တစ်ခု ရရှိမည်ဟု ပရောဖက်ပြုခဲ့သည်။ ဘုရားသခင်သည် နာမတော်များကို အဘယ့်ကြောင့် ပြောင်းလဲခဲ့သနည်း။ ကျွန်မသည် သမ္မာတရား၏ ရှုထောင့်ကို နားမလည်ခဲ့သောကြောင့် သခင်ယေရှုပြန်ကြွလာခြင်းအပေါ်ကို တံခါးပိတ်မိလုနီးပါးဖြစ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကာလအပြီးတွင်၊ ကျွန်မသည် ဘုရားသခင်၏နာမတော်နောက်ကွယ်မှ နက်နဲမှုများကို နောက်ဆုံး၌ နားလည်သဘောပေါက်ခဲ့ပြီး၊ သခင်ယေရှုပြန်ကြွလာခြင်းကို ကြိုဆိုခဲ့ပါသည်။

အယူအဆများကို တေးထားခြင်း၊ ဘုရားသခင်ကို တံခါးပိတ်ထားခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျွန်မမိတ်ဆွေတစ်ဦးက အစ်ကိုယမ်းကို ကျွန်မတို့အား ဒေသနာတစ်ခု ဝေငှပါရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနေ့တွင် ကျွန်မသည် ချိန်းဆိုထားသည့် နေရာသို့ ကြိုတင်သွားရောက်ခဲ့ပြီး၊ လူတိုင်းနှုတ်ခွန်းဆက်သမှု ဖလှယ်အပြီးတွင်၊ ကျွန်မတို့ သမ္မာကျမ်းစာ လေ့လာခြင်းကို စတင်ခဲ့သည်။

အစ်ကိုရမ်းက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်အကြောင်း သမ္မာကျမ်းစာနှင့် တစ်သားတည်းဖြစ်အောင်ပြုရင်းဖြင့် ကျွန်မတို့ကို ပြောပြခဲ့သည်။ ၎င်းက ပညတ်တော်ခေတ်မှ ယေဟောဝါ၏ အမှုတော်၊ ကျေးဇူးတော်ခေတ်မှ သခင်ယေရှု၏ ကားတိုင်တင်ခြင်းအမှုတော်နှင့်၊ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့် နောက်ဆုံးသော ကာလတွင် ဘုရားသခင် ဖွင့်တော်မူမည့် စာစောင်နှင့် တံဆိပ်ခုနှစ်ချက် တို့အကြောင်းကို ပြောကြားခဲ့သည်။ ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်က အသင်းတော်အားလုံးနှင့် နားရှိပြီး ကြားသင့်သောသူအားလုံးကို စကားပြောဆိုမည် ဖြစ်ကြောင်းကို ပရောဖက်ပြုထားခဲ့သည်။ သင်သည် ခရစ်ယာန်ဖြစ်စေ၊ ကတ်သလစ်ဖြစ်စေ သို့မဟုတ် အရှေ့အော်သိုဒေါ့စ် ဖြစ်စေ ၎င်းတို့အားလုံးသည် သခင်ယေရှု ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ရန် ပညာရှိ သတို့သမီးကဲ့သို့ ဖြစ်သင့်ပြီး၊ ဘုရားသခင်၏ အသံတော်ကို အလေးဂရုပြုသင့်သည်။ အစ်ကိုရမ်း၏ ဒေသနာက အတော် ယုတ္တိရှိပြီး၊ အလင်းအပြည့်ပါရှိသည်၊ ကျွန်မအတွက် အလွန် အကျိုးဖြစ်ထွန်းစေပါသည်။ ကျွန်မသည် ဘုရားသခင်ကို ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သော်လည်း၊ ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်ကို အလွန်ရှင်းလင်းစွာ တစ်စုံတစ်ယောက်က ရှင်းပြသည်ကို ကျွန်မတစ်ခါမျှ မကြားခဲ့ဖူးပါ။ ကျွန်မ အလွန်ပျော်ရွှင်ပြီး၊ အစ်ကိုရမ်းကို ဆက်ပြီး နားထောင်ရန်ကိုသာ တောင့်တမိပါတော့သည်။

နေ့လည်စာစားအပြီးတွင်၊ အစ်ကိုရမ်းက ပြုံးပြီး “‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။' လို့ ၁ ရှင်ပေတရု ၄:၁၇ မှာ သမ္မာကျမ်းစာက ပြောထားတယ် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါမှာ၊ ကိုယ်တော်က တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုတော် အဆင့်တစ်ခုကို ပြုမှာဖြစ်ကြောင်း၊ လူတွေအားလုံးကို သူတို့အမျိုးအစားအတိုင်း အမျိုးအစားခွဲခြားမှာ ဖြစ်ကြောင်း နဲ့ အဆုံးသတ်မှာ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို သန့်စင်ခံရသူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရမှာ ဖြစ်ကြောင်းတို့ကို ဒီအချက်မှ ရှင်းရှင်းလင်းလင်းသိရှိရပါတယ်။ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီးဖြစ်တဲ့အပြင်၊ ဘုရားသခင်ရဲ့ အိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုခဲ့ပြီး ဖြစ်တဲ့အပြင်၊ ဗျာဒိတ်ကျမ်းမှ ပရောဖက်ပြုထားတဲ့ စာစောင်ကလည်း ဖွင့်ခဲ့ပြီးဖြစ်တယ်။ အစ်မ နောက်ဆုံးသောကာလမှာ ဘုရားသခင် မိန့်မြွက်တော်မူခဲ့တဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ချင်လား”ဟု ပြောခဲ့သည်။

“ဟင်။ သခင်က ပြန်ကြွလာပြီးပြီတဲ့လား၊ စာစောင်ကလည်း ဖွင့်ပြီးပြီတဲ့လား” ဟု အစ်ကိုရမ်းက ပြောသည်ကို ကျွန်မကြားရသည်မှာ အလွန်ပင် အံ့အားသင့်ခဲ့ရပါသည်။ လျှို့ဝှက်ဆန်းကြယ်သော အကျော်ဇေယျ သိုးသားရေစာစောင်သည် ဖွင့်ခဲ့ပြီးဖြစ်သည့်အပြင်၊ နှစ်ဖက်လုံးတွင် နှုတ်ကပတ်တော်များဖြင့် ဖုံးနေသည်ကို တွေးရင်းဖြင့် ကျွန်မသည် အံ့သြဖွယ်ကောင်းလောက်အောင် စိတ်လှုပ်ရှားခဲ့ပါသည်။ အစ်ကိုရမ်းက ကျွန်မကို စာအုပ်တစ်အုပ်လှမ်းပေးပြီး၊ ကျွန်မက ယူလိုက်ရင်းဖြင့် “ဒါက ဘုရားသခင် ဖွင့်တော်မူခဲ့တဲ့ စာစောင်လား”ဟု မေးလိုက်သည်။ ကျွန်မက ၎င်းကိုဖွင့်ရန် မစောင့်နိုင်သော်လည်း စာအုပ်နောက်ကျောမှ “အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်မှ ထုတ်ဝေသည်”ကိုတွေ့သည့်အခါတွင် ကျွန်မသည် မှင်သက်သွားခဲ့ပြီး “အစ်ကိုရမ်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ အသင်းသားတစ်ယောက် တကယ်ဖြစ်နိုင်လား” ဟု တွေးမိခဲ့သည်။ ကျွန်မက မကျေမနပ်အနည်းငယ်ဖြစ်ပြီး၊ “အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့ အသင်းသားတွေ ယုံကြည်တဲ့ ဘုရားသခင်က အနန္တတန်ခိုးရှင်ဘုရားသခင် လိုခေါ်တဲ့လို့ ငါကြားဖူးတယ်၊ ဒါပေမဲ့ ငါစောင့်ဆိုင်းနေတဲ့ ဘုရားသခင်က ယေရှုလို့ခေါ်တယ်။ သူ့ကို အနန္တတန်ခိုးရှင်ဘုရားသခင်လို့ ဘယ်လိုခေါ်နိုင်မှာလဲ။ မဟုတ်ဘူး၊ ဒါကို ငါနဲနဲလောက် ပိုတွေးရဦးမယ်” ဟု တွေးမိသည်။ထို့နောက် ကျွန်မက “ကျွန်မတောင်းပန်ပါတယ်၊ ဒီည ကျွန်မ စတိုင်းဆိုင်ကို စောင့်ဖို့လိုတယ်။ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ” ဟု ပြောလိုက်သည်။ အစ်ကိုရမ်းက ကျွန်မ ထွက်သွားရန် ထနေသည်ကို တွေ့မြင်ပြီး “အစ်မ၊ အစ်မအနေနဲ့ ဘုရားသခင် မိန့်မြွက်တဲ့ နှုတ်ကပတ်တော်တွေကို သေသေချာချာ နားထောင်ရမယ်။ အစ်မ မေးစရာတွေရှိရန် ကျွန်တော်တို့ အတူတူ ရှာဖွေဆုတောင်းနိုင်ပါတယ်” ဟု ပြောခဲ့သည်။ သူက ဘုရားသခင်၏ သိုးသည် ကိုယ်တော်၏ အသံတော်ကို နားထောင်ကြောင်းကိုလည်း ပြောသည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ပိုမိုရရှိစေရန် ကျွန်မအား ဆုတောင်းပြီး ရှာဖွေခိုင်းခဲ့ပါသည်။

တိုက်ပွဲတစ်ခုအတွင်း၌၊ ဘုရားသခင်က တမန်တော်တစ်ဦးကို တံခါးခေါက်ရန် တစ်ဖန် စေလွှတ်တော်မူပြန်သည်

နောက်ရက်အနည်းငယ်အတွင်းတွင် ကျွန်မက ထိုနေ့မှ အစ်ကိုရမ်း၏ ဆွေးနွေးချက်ကို တွေးမိတိုင်း ကျွန်မနှလုံးသားထဲတွင် အဆက်မပြတ်သော တိုက်ပွဲတစ်ခုဖြစ်ပွားနေပါသည်။ “အစ်ကိုရမ်းရဲ့ ဆွေးနွေးချက်က တကယ်ကို အလင်းပါရှိပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုလည်း ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့သခင်ယေရှုဖြစ်နေတယ်ပြီးတော့၊ ငါကလည်း နားမထောင်ဘူးဆိုရင်၊ အဲဒါက ဘုရားသခင်ကို တံခါးပိတ်သလို ဖြစ်မနေဘူးလား။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော်က ယေရှုဖြစ်တယ်ဆိုတာကလည်း တကယ်ကို ရှင်းလင်းနေတာကြောင့် ကိုယ်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်လို့ ဘယ်လိုလုပ်ပြီး ခေါ်ခံရတာလဲ” ထိုအကြောင်းကို ကျွန်မပို၍တွေးလေ၊ ကျွန်မမှာ ပို၍ ပဋိပက္ခဖြစ်လေ ဖြစ်သည်။ ကျွန်မသည် ဆက်ပြီး ရှာဖွေသင့်မသင့်ကို မသိခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မက ပညတ်တော်ခေတ်မှ ဘုရားသခင်ကို သူတို့အသက်တာတစ်ခုလုံးတွင် အစေခံခဲ့ပြီး၊ ယေဟောဝါဆိုသည့် နာမတော်ကို အမြဲတမ်းခေါ်ဝေါ်နေခဲ့ကြသော်လည်း၊ သခင်ယေရှုသည် လူသားမျိုးနွယ်ကြားတွင် အမှုပြုရန် ကြွတော်မူချိန်တွင်မူ သူတို့၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်တားပြီး၊ မေရှိယ ဟု မခေါ်သည့် မည်သူမဆိုသည် ဘုရားသခင်မဟုတ်ဟု ယုံကြည်ခဲ့ကြသော ယဇ်ပုရောဟိတ်မင်းကြီးများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို တွေးမိခဲ့သည်။ ထို့ကြောင့် သူတို့သည် သခင်ယေရှုကို ခုခံပြီး၊ ပြစ်တင်ရှုတ်ချကာ၊ ကိုယ်တော့်ကို ကားစင်တွင် သံမှိုစွဲခဲ့ကြသည်။ ကျွန်မသည် ယခင်က လာဖူးသည့်သူများ၏ အရေးနိမ့်ရသည့် ခါးသီးသော သင်ခန်းစာများမှ သင်ယူသင့်သည်၊ ကျွန်မသည် သူတို့လျှောက်ခဲ့သည့် ထိုတူညီသည့် လမ်းကြောင်းအမှားကို မလျှောက်နိုင်ပါ။

နောက်နှစ်ရက်ကြာသည့်အခါတွင် အစ်ကိုရမ်၊ အစ်မကျန်း နှင့် ကျွန်မ အသင်းတော်မှ မိတ်ဆွေ မစ်ဖမ်း တို့က ကျွန်မကို စတိုးဆိုင်တွင် တွေ့ဖို့ လာခဲ့ကြသည်။ မစ်ဖမ်းက သူမသည် မည်သို့ပုန်ကန်ပြီး ခုခံခဲ့ကာ၊ နောက်ပိုင်းတွင် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို သေချာမှု ရရှိခဲ့ပုံ သူမ၏ အတွေ့အကြုံကို ဝေငှခဲ့သည်။ ကျွန်မသည် အလွန် တို့ထိခံရပြီး၊ သူတို့နှင့် သခင့်ပြန်ကြွလာခြင်းကို ဆက်ပြီးဆွေးနွေးလို ခဲ့သည်။

ထို့နောက် ကျွန်မသည် မိမိစိတ်တွင်းမှ စိတ်ရှုပ်ထွေးခြင်းကို ဖွင့်ပြောပြီး “ကျွန်မက ငယ်ငယ်လေးကတည်းက အမေနဲ့အတူ သခင့်ကို ယုံကြည်ခဲ့တယ်။ ကျွန်မ ဘဝတစ်ဝက်လောက်က သခင်ယေရှုရဲ့ နာမတော်ကို ဆုတောင်းခဲ့ပြီး၊ သခင့်ဆီက ကောင်းကြီးမင်္ဂလာတွေကိုလည်း ပျော်မွေ့ခဲ့တယ်။ သခင်က ယေရှုလို့ ရှင်းရှင်းလင်းလင်း နာမတော် ပေးခံရပေမဲ့၊ အခုတော့ သခင်က အနန္တတန်ခိုးရှင်ဘုရားသခင် ဆိုတဲ့ နာမတော်အောက်မှာ နှုတ်ကပတ်တော်တွေကို မိန့်မြွက်တော်မူနေတယ်လို့ အစ်ကိုက ပြောတယ်။ ဒါကဘာသဘောလဲ။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နာမတော်ကို လက်ခံမယ်ဆိုရင်၊ ကျွန်မဟာ သခင်ယေရှုကို သစ္စာဖောက်နေသလို မဖြစ်နေဘူးလား” ဟု ဝေငှခဲ့သည်။

အစ်ကိုရမ်းက တည်ငြိမ်စွာဖြင့် “သခင်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နာမတော်အောက်မှာ အမှုတော်အသစ်ကို ပြုနေတာကို ချက်ခြင်းလက်မခံနိုင်တာက ကျွန်တော်တို့အတွက်တော့ သာမာန်ပါပဲ။ ဒါက ဘုရားသခင်ရဲ့ နာမတော်နဲ့ သက်ဆိုင်တဲ့ သမ္မာတရားဆိုင်ရာ ရှုထောင့်အပေါ်မှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် ဖြစ်ရတာပါ။ အဲဒီအကြောင်းကို တွေးကြရအောင်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်ရဲ့ နာမတော်က ယေဟောဝါ ဖြစ်ပေမဲ့ အဲဒီနောက်မှာ သူ့နာမတော်က ကျေးဇူးတော်ခေတ်မှာ ယေရှုလို့ ပြောင်းခဲ့တယ်။ ယေရှုရဲ့ နာမတော်ကို လက်ခံခြင်းမှာ ယေဟောဝါ ဘုရားသခင်ကို သစ္စာဖောက်ခြင်းလား” ဟုပြန်ဖြေခဲ့ပါသည်။

ကျွန်မက အစ်ကိုရမ်းရဲ့ စကားများကြောင့် ကြောင်သွားပြီး၊ “မဟုတ်ပါဘူး။ သခင်ယေရှုနဲ့ ယေဟောဝါက တစ်ပါးတည်းသော ဘုရားသခင်ပါ” ဟု လျင်မြန်စွာ ပြောလိုက်သည်။

အစ်ကိုရမ်းက ပြုံးပြီး “အစ်မ၊ ယေဟောဝါနဲ့ ယေရှုက တစ်ပါးတည်းသော ဘုရားသခင် ဖြစ်တဲ့အားလျော်စွာ ယေဟောဝါက ဘာဖြစ်လို့ သူ့နာမတော်ကို ယေရှုလို့ ပြောင်းခဲ့သလဲ။ သခင့်ကို ဆယ်စုနှစ်တွေ ဆုတောင်းပြီးတဲ့နောက်မှာ၊ သူဟာ ဘာဖြစ်လို့ ယေရှုလို့ ခေါ်ခံရတာကို ကျွန်တော်တို့ သိကြရဲ့လား။ ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့ နာမတော် နောက်ကွယ်က နက်နဲမှုကိုရော သိရဲ့လား” ဟု ပြောခဲ့သည်။

ကျွန်မက မည်သည့်အရာကိုမျှ မပြောပဲနှင့် “ဒီနက်နဲမှုအကြောင်း ကျွန်မတို့ ဘယ်နေရာမှာ သင်ယူနိုင်မလဲ” ဟု မိမိဘာသာ တွေးလိုက်မိသည်။

ကျွန်မ မည်သည့်အရာမျှ မပြောသည်ကို တွေ့မြင်ရင်းဖြင့် အစ်ကိုရမ်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး၊ ကျွန်မ ဖတ်ရှုဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ရှာတွေ့ခဲ့သည်။

ဘုရားသခင်၏ နာမတော်များ ယေဟောဝါ နှင့် ယေရှုတို့၏ အဓိပ္ပါယ်

ကျွန်မက ဤအနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပါသည်၊ “ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။(ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။(ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

အစ်ကိုရမ်းက “ခေတ်တစ်ခုချင်းစီမှာ ဘုရားသခင် ခေါ်ဝေါ်ခြင်းခံရတဲ့ နာမတော်က အမြဲတမ်း အဓိပ္ပါယ်ပြည့်ဝတယ်၊ သူတို့တွေက အဲဒီခေတ်က ဘုရားသခင်ပြုတဲ့အမှုတော်နဲ့ ဘုရားသခင် ဖော်ပြတော်မူတဲ့ စိတ်သဘောထားတို့ကို ကိုယ်စားပြုတယ် ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေပြီး ကျွန်တော်တို့ တွေ့ရတယ်။ အစောဆုံးလူသားမျိုးနွယ်က ဘာမှမသိဘူးဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်၊ သူတို့က ဘယ်လို အသက်ရှင်နေထိုင်ရမှန်း မသိဘူး၊ အချင်းချင်း ဘယ်လို့တုံ့ပြန်မယ်၊ ဘုရားသခင်ကို ဘယ်လိုဝတ်ပြုကိုးကွယ်မယ်၊ ဘုရားသခင်ကို ဘယ်လိုချီးမြှောက်မယ် ဆိုတာတွေကို မသိကြဘူး။ ပြီးတော့ ယေဟောဝါ ဆိုတဲ့နာမတော်မှာ ဘုရားသခင်က ပညတ်တော်ခေတ်က သူ့အမှုတော်ကို လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ စတင်တော်မူခဲ့တာဖြစ်တယ်။ ကိုယ်တော် ဖော်ပြတဲ့ စိတ်သဘောထားက သနားကရုဏာ၊ ကျိန်ဆဲခြင်း၊ ဘုန်းအာနုဘော် နဲ့ အမျက်တော် တို့ဖြစ်တယ်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီး နဲ့ အရာအားလုံးကို ဖန်ဆင်းတော်မူကြောင်း၊ သူတို့က ဘယ်လိုပူဇော်ခြင်းတွေ ပြုပြီး၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ကြောင်း၊ ကောင်းမြတ်တဲ့အရာနဲ့ ဆိုးယုတ်တဲ့အရာမှာ ဘာတွေဖြစ်ကြောင်း အပြင် စတာတွေကို သူတို့ သိစေဖို့ ဘုရားသခင်က သူ့ ပညတ်တော်တွေနဲ့ တရားတော်တွေကို ကြေငြာဖို့ရာ မောရှေကို အသုံးပြုတော်မူခဲ့တယ်။ ပညတ်တော်ကို ချိုးဖောက်သူတွေက ကျောက်တုံးနဲ့ သေအောင် ထုသတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကောင်းကင်ဘုံဆိုင်ရာ မီးနဲ့ ရတာပဲဖြစ်ဖြစ် ခံရမှာဖြစ်ပြီး၊ ပညတ်တော်အတိုင်း လိုက်နာသူတွေက ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကောင်းကြီးမင်္ဂလာ တွေကို ရရှိမှာ ဖြစ်တယ်။ ဘုရားသခင်က သူတို့ရဲ့ အမူအကျင့်တွေကို စံသတ်မှတ်ပေးခဲ့ပြီး၊ သူတို့ကို အစီအစဉ်နဲ့ ပုံစံအနေအထားတကျဖြစ်ခြင်း ရှိတဲ့ အသက်တာတစ်ခုကို ရရှိစေဖို့ လမ်းပြတော်မူခဲ့တယ်။ ပညတ်တော်ခေတ်၏ နှောင်းပိုင်းကာလမှာ လူသားမျိုးနွယ်က စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးမှုကို ပိုပိုနက်ရှိုင်းစွာခံလာခဲ့ရပြီး၊ သူတို့က ပညတ်တော်တွေနဲ့ တရားတော်တွေကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့တာကြောင့် သူတို့အားလုံးက တရားတော်ရဲ့ ကွပ်မျက်ခံရဖို့ဘေး ကျရောက်ခဲ့တယ်။ ဘုရားသခင်က လူသားတွေအတွက် အပြစ်ဖြေရာယဇ် တစ်ခုအနေနဲ့ အစေခံပြီး၊ လူသားတွေရဲ့ အပြစ်တွေကို ခေါင်းခံပေးခဲ့တဲ့ အချိန်မှသာ လူသားတွေက ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို လာရောက်နိုင်ဖို့ အရည်အသွေး ပြည့်ဝလာခဲ့တယ်။ ဒါ့ကြောင့် ဘုရားသခင်က ယေရှုနာမတော်ရဲ့ လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်း အမှုတော်အဆင့်တစ်ခုကို ပြုခဲ့ပြီး၊ ကျေးဇူးတော်နဲ့ ချစ်ခြင်းဆိုင်ရာ စိတ်သဘောထားကို ထုတ်ဖော်ပြခဲ့တဲ့အပြင်၊ နောင်တရခြင်းရဲ့ နည်းလမ်းကို ယူဆောင်ကာ၊ လူသားတွေကို သည်းခံဖို့ နဲ့ စိတ်ရှည်ဖို့ အပြင် ကိုယ့်ရန်သူတွေကို ချစ်ဖို့ သွန်သင်ခဲ့ပြီး၊ စတာတွေကို ပြုတော်မူခဲ့တယ်။ ကိုယ်တော်က နာမကျန်းသူတွေကိုလည်း အနာငြိမ်းစေတဲ့အပြင်၊ နတ်ဆိုးတွေကို မောင်းထုတ်ကာ၊ လူသားမျိုးနွယ်ဆီကို ကြွယ်ဝပြီး ပေါ်လျှံတဲ့ ကျေးဇူးတော်ကို ယူဆောင်တော်မူခဲ့တယ်။ နောက်ဆုံးမှာ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ သူ့ရွေးနှုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေကာ၊ ကိုယ်တော်ရဲ့ ရွေးနှုတ်ခြင်းအမှုတော်ကို ကျွန်တော်တို့ လက်ခံပြီး ကိုယ်တော့်နာမတော်မှာ ဆုတောင်းနေသမျှကာလပတ်လုံး၊ ကျွန်တော်တို့က အပြစ်ကလွှတ်ခြင်းခံရပြီး၊ ဘုရားသခင်ဆီကလာတဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတို့ကို နှစ်သက်ခံစားနိုင်မှာဖြစ်တယ်။ ဘုရားသခင်က သူ့အမှုတော်ရဲ့ သတ်မှတ်ချက်တွေအပြင်၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအတိုင်း ခေတ်အမျိုးမျိုးမှာ နာမတော်အမျိုးမျိုးကို ယူခဲ့ကြောင်းကို ဘုရားသခင်၏ ယခင်က အမှုတော်အဆင့်နှစ်ခုမှ ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့က ဘုရားသခင်ကို ပိုမိုနားလည်သဘောပေါက်မှု ရရှိနိုင်ပြီး၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ကို မကန့်သတ်တော့ဘူးပေါ့”ဟု ပြောခဲ့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အစ်ကိုရမ်းရဲ့ ပြောပြမှုတွေကို နားထောင်အပြီးမှာ ကျွန်မက “ဒါဆိုဘုရားသခင်ယူတဲ့ နာမတော်က သူ့အမှုတော်ရဲ့ သတ်မှတ်ချက်တွေ နဲ့ ဖောက်ပြန်ပျက်စီးတဲ့လူသားမျိုးနွယ် ပေါ်မှာ အခြေခံထားတာပေါ့။ သူဟာ ဘယ်ခေတ်မှာ ဘာနာမတော်တွေကိုယူပါစေ၊ အဲဒါတွေအားလုံးက အဲဒီခေတ်က သူ့အမှုတော်နဲ့ စိတ်သဘောထားကို ကိုယ်စားပြုပြီး၊ အဲဒါအားလုံးကလည်း အဓိပ္ပါယ်ပြည့်ဝပါတယ်။ ကျွန်မက ဒီနှစ်တွေအားလုံးမှာ သခင့်ကို ယုံကြည်ခဲ့ပြီး၊ သခင့်ကို နေ့စဉ်နေ့တိုင်း ဆုတောင်းနေခဲ့ပေမဲ့ သူ့နာမတော်မှာ ဘယ်လို့ နက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိတယ်ဆိုတာကို ကျွန်မ လုံးဝ မသိခဲ့ဘူး။ ပြီးတော့ အတိတ်မှာ ကျွန်မက ပညတ်တော်ခေတ်က ယေဟောဝါရဲ့ စိတ်သဘောထားက အရမ်းကို ဘုန်းအာနုဘော်ပြည့်ဝတာ၊ ပညတ်တော်ကို ချိုးဖောက်တဲ့သူတွေဟာ မီးရှို့ဖျက်ဆီးပြီး၊ ငရဲကျခံစေရပေမဲ့ သခင်ယေရှုကတော့ လူတွေကို သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာအပြည့်ထားပြီး၊ ဘာဖြစ်လို့ ခုနှစ်ဆယ့်ခုနှစ်ကြိမ် ခွင့်လွှတ်ဖို့ မိန့်တော်မူခဲ့တာတွေကို ကျွန်မလုံးဝ နားမလည်ခဲ့ဘူး။ အမှန်မှာတော့ အမှုတော်နဲ့ ဘုရားသခင် ဖော်ပြတဲ့ စိတ်သဘောထားတွေက ကွဲပြားတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဒါထဲမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်တွေ ပါရှိတာပဲ”ဟု ရုတ်တရက် နားလည်သဘောပေါက်ခဲ့ပါသည်။

ဗျာဒိတ်ကျမ်းက ဘုရားသခင်သည် နောက်ထပ် နာမတော်အသစ်တစ်ခုကို ရရှိမည်ဟု ပရောဖက်ပြုခဲ့သည်

အစ်ကိုရမ်းကဆက်ပြီး “ဘုရားသခင်က ကျွန်တော်တို့ကို စာတန်၏ ဖမ်းဆုပ်မှုကနေ အပြည့်အဝ ကယ်တင်ပြီး နိုင်ငံတော်ထဲကို ယူဆောင်လိုပေမဲ့ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု ပြုခဲ့တဲ့ ရွေးနှုတ်ခြင်းအမှုတော်က ကျွန်တော်တို့ရဲ့ အပြစ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရုံသာဖြစ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝက နက်ရှိုင်းစွာ အမြစ်တယ်နေဆဲဖြစ်တာကြောင့် ကျွန်တော်တို့က သခင့်ကို ဆန့်ကျင်ပုန်ကန်ခြင်း နှင့် ခုခံခြင်းကနေ ကိုယ့်ကိုကိုယ် မထိန်းချုပ်သေးတာ ဖြစ်တယ်။ ကျွန်တော်တို့က အပြစ်ကျူးလွန်ခြင်းနဲ့ ဝန်ခံခြင်း ဆိုတဲ့ ဆိုးကျိုးသံသရာထဲမှာ အသက်ရှင်နေထိုင်တယ်၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မသင့်တော်သေးဘူး။ ဒါ့ကြောင့် နောက်ဆုံးသော ကာလက အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲပြီး သန့်စင်ဖို့ သခင်ယေရှု အမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တရားစီရင်ခြင်း အမှုတော် နောက်တစ်ဆင့်ကို ပြုတော်မူခဲ့တာ ဖြစ်တယ်၊ ဒါက ကျွန်တော်တို့ကို အပြစ်ရဲ့ ချည်နှောင်မှုကို လုံးလုံးလျားလျား ဖယ်ရှားပေးပြီး၊ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံထဲကို ဝင်ရောက်ဖို့ နဲ့ ဘုရားသခင်နဲ့ ထာဝရအသက်ရှင်နေထိုင်ဖို့ အရည်အသွေးပြည့်ဝတဲ့ ဘုရားသခင်ကို အမှန်တကယ် နာခံပြီး ချစ်တဲ့ သူတွေဖြစ်လာစေတယ်။ အစ်မရေ ဘုရားသခင်က ပညတ်တော်ခေတ်မှာ ယေဟောဝါ၊ ပြီးတော့ ကျေးဇူးတော်ခေတ်မှာ ယေရှု ဆိုတဲ့ နာမတော်ကို ယူခဲ့တယ်၊ ဘုရားသခင်က ခေတ်အမျိုးမျိုးမှာ နာမတော်အမျိုးမျိုး ရှိတော်မူတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်ဟာ သူ့အမှုတော်အသစ်ကို ကိုယ်စားပြုဖို့အတွက် ယေရှုဆိုတဲ့ နာမတော်ကို အသုံးပြုဦးမှာပဲလို့ အစ်မထင်လား”

ဤမေးခွန်းကို ကြားခြင်းဖြင့် ကျွန်မက ရှေ့နောက်မစဉ်းစားဘဲ “မသုံးလောက်ဘူး”ဟု ပြောလိုက်သည်။

အစ်ကိုရမ်းက ပြုံးပြီး “အဲဒါအမှန်ပဲ။ ခေတ်သစ်တစ်ခုမှာ အမှုတော်အသစ်တစ်ခု ရှိတာကြောင့် ဘုရားသခင်က ခေတ်တစ်ခုရဲ့ ကိုယ်စားပြုတဲ့ နာမတော်ကို ယူတယ်။ ကိုယ်တော်က သူ့နာမတော်တွေ နဲ့ ခေတ်ကို ကိုယ်စားပြုပြီးပြောင်းလဲတယ်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၃၊ အငယ် ၁၂ ကို ဖတ်ကြပါစို့”ဟု ပြောလိုက်သည်။

ကျွန်မက သမ္မာကျမ်းစာကို အလျင်စလိုဖွင့်ပြီး၊ ဤကျမ်းချက်ကို ဖတ်ရှုခဲ့သည်၊ “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။

အစ်ကိုရမ်းက “နောက်ဆုံးသောကာလမှာ ဘုရားသခင်က နာမတော်အသစ်တစ်ခု ရရှိမှာဖြစ်ကြောင်း ဒီကျမ်းချက်က ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အဲဒါက နာမတော်အသစ်ဖြစ်တဲ့အားလျော်စွာ၊ ယေရှု မဖြစ်သင့်တော့ဘူး။ အဲဒီနောက်မှာ ကိုယ်တော်ပြန်ကြွလာတဲ့အခါမှာ သခင့်နာမတော်အသစ်က ဘာလဲ။ ဗျာဒိတ်ကျမ်း ၁:၈ ကို ဖတ်ကြရအောင်၊ ‘ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။'”

ဤကျမ်းချက်ကို ကြားရင်းဖြင့် “အမလေး။ ဘုရားသခင်ရဲ့ နာမတော်အသစ်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တကယ်ကို ဒီမှာရေးထားတာပဲ။ ကျွန်မက သမ္မာကျမ်းစာကို အတော်အတန် ဖတ်ခဲ့ပေးမဲ့ ဒီကျမ်းချက်ကို တစ်ခါမှ မှတ်စုမယူခဲ့ဖူးဘူး။ ကျွန်မက ဘာသာတရားကို အလွန်ကိုင်းရှိုင်းတယ်လို့ အမှန်တကယ် ထင်ခဲ့တာ၊ ဒါပေမဲ့ အမှန်တော့ ကျွန်မက ဘာမှမသိဘူးပဲ” ဟု ရုတ်တရက် နားလည်သဘောပေါက်ခြင်းတစ်ခု ရရှိခဲ့ပါသည်။

နောက်ဆုံးသောကာလက “အနန္တတန်ခိုးရှင်ဘုရားသခင်” နာမတော်ကို ဘုရားသခင်ယူရခြင်းရဲ့ အဓိပ္ပါယ်

“ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုခြင်းတွေကနေပြီးတော့ နောက်ဆုံးသော ကာလက ဘုရားသခင်ရဲ့ နာမတော်အသစ်က အနန္တတန်ခိုးရှင် ဖြစ်တယ်၊ အဲဒါက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်တယ်ဆိုတာကို ကျွန်မတို့ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ဘုရားသခင်က နောက်ဆုံးကာလမှာ ဒီနာမတော်ကို ဘာကြောင့် ယူခဲ့တယ်ဆိုတာကို ကျွန်မတို့ သိပါသလား။ ဒီနာမတော်ရဲ့ အဓိပ္ပါယ်က ဘာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေပြီးတော့ ကျမ်းပိုဒ်တစ်ချို့ကို ဖတ်ကြရအောင်” ဟု ဆက်ပြီးပြောခဲ့သည်။ ဤသို့ပြောရင်းဖြင့် မစ်ဖန်းက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖွင့်ပြီး “သူ၏ စီမံခန့်ခွဲမှု အလုံးစုံတစ်လျှောက် ဘုရားသခင်၏ အမှုသည် လုံးဝ ရှင်းလင်းပေသည်။ ကျေးဇူးတော်ခေတ်သည် ကျေးဇူးတော်ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်အသီးသီးတွင် ဘုရားသခင်သည် ထိုခေတ်ကို ကိုယ်စားပြုသည့် အမှုကို လုပ်ဆောင်သည့်အတွက် ခေတ်အသီးသီး ကြားတွင် သိသာသော ခြားနားမှုများ ရှိသည်။ နောက်ဆုံးသော ကာလ၏ အမှုကို လုပ်ဆောင်ပြီးရန်အတွက်၊ ခေတ်ကို အဆုံးသတ်သို့ ရောက်စေမည့် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်ဆီးမှုများ ရှိရမည် ဖြစ်သည်။...သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမသည် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် သူ၏ နာမမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန်နှင့် နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် သူ၏တန်ခိုးကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်သည်။(ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။...လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) ဟု ဖတ်ခဲ့သည်။

မစ်ဖန်းသည် ဆွေးနွေးခြင်းတွင် ဆက်ပြီးဝေငှခဲ့သည်၊ “ကျွန်မတို့လူသားတွေက စာတန်အားဖြင့် အရမ်းနက်နဲစွာပဲ ဖောက်ပြန်ပျက်စီးကုန်ကြတယ်၊ ကျွန်မတို့က မာနထောင်လွှားတာ၊ မိမိကိုယ်ကို မှန်ကန်တယ်လို့ ယူမှတ်တာ၊ ကောက်ကျစ်တာ၊ နဲ့လှည့်စားတာ၊ အတ္တကြီးတာ ပြီးတော့၊ စက်ဆုပ်ဖွယ်ကောင်းတာ၊ ဆိုးယုတ်တာ၊ နဲ့ လောဘ တို့လိုမျိုး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေကြတယ်။ ကျွန်မတို့က ဘုရားသခင်ကို အချိန်ပြည့် ဆန့်ကျင်ပုန်ကန်ပြီး၊ ခုခံကြတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ကို ပြောင်းလဲပြီး၊ ကျွန်မတို့ကို စာတန်ရဲ့ စွမ်းအားကနေ အပြည့်အဝ ကယ်တင်ဖို့အတွက် ဘုရားသခင်က နိုင်ငံတော်ခေတ်က တရားစီရင်ခြင်းအမှုတော်ကို နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နာမတော်အောက်မှ စတင်တော်မူခဲ့တယ်။ ကိုယ်တော်က သူ့ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်ဖြစ်ခြင်းနဲ့ အမျက်ဒေါသ ဆိုင်ရာ စိတ်သဘောထားတွေနဲ့ ကျွန်မတို့ဆီကို ပေါ်ထွန်းတော်မူပြီး၊ နှုတ်ကပတ်တော်တွေကို မိန့်မြွက်တဲ့အပြင်၊ ကျွန်မတို့စိတ်သဘောထားတွေ ပြောင်းလဲဖို့ နည်းလမ်းကို ညွှန်ပြရင်းနဲ့ စာတန်အားဖြင့် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ သမ္မာတရားကို ဖော်ထုတ်ခဲ့တယ်။ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ဆုံးမပြစ်တင်မှုတွေကို ကြုံခြင်းအားဖြင့် ကျွန်မတို့က ကိုယ့်ကိုယ်ပိုင် သဘာဝ နဲ့ အနှစ်သာရကို သိနိုင်ပြီး၊ ကျွန်မတို့က စာတန်အားဖြင့် ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့လဲဆိုရင် ကျွန်မတို့ဟာ လူသားပုံသဏ္ဌာန်တောင် ချို့တဲ့နေတာကို တွေ့နိုင်တယ်၊ ကျွန်မတို့တွေက လူသားတို့ရဲ့ စော်ကားခြင်းကို သည်းခံမှာမဟုတ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း အချို့ ရရှိပြီး၊ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ အသက်ရှင်နေတဲ့ စိတ်သဘောထားကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်မတို့က အားနည်ပြီး၊ အပျက်သဘောဆောင်တဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မတို့ကို နှစ်သိမ့်ပြီး၊ ပံ့ပိုးပေးတယ်၊ ကျွန်မတို့က ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံတဲ့အချိန်မှာ ကိုယ်တော့်နှုတ်ကပတ်တော်က ကျွန်မတို့ကို စီရင်တယ်၊ ပြီးတော့ ကိုယ်တော်က ကျွန်မတို့ကို ပြုပြင်ဖို့နဲ့ ရိုက်နှက်ဆုံးမဖို့အတွက် ပတ်ဝန်းကျင်တွေ၊ လူတွေ နဲ့ အဖြစ်အပျက်တွေ၊ အရာတွေကို စီစဉ်တော်မူတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို အကြိမ်ပေါင်းများစွာ ကျော်ဖြတ်ခြင်းအားဖြင့် ကျွန်မတို့က ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အမှန်တကယ် နားလည်သဘောပေါက်မှု ရလာတယ်၊ ကျွန်မတို့က ကိုယ့်ကိုကိုယ် မုန်းတီးပြီး ကျွန်မတို့နှလုံးသားတွေမှာ နောင်တကို ခံစားရတဲ့အပြင်၊ ဘုရားသခင်အတွက် ကြောက်ရွံ့ရိုသေတဲ့ နှလုံးသားတစ်စုံ ရရှိလာတယ်၊ ဇာတိပကတိကို စွန့်ပယ်ဖို့ နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့အတွက် လိုလားလာခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီး တဲ့ စိတ်သဘောထားတွေဟာ တဖြည်းဖြည်းချင်း သန့်စင်လာခဲ့တယ်။ နောက်ဆုံးမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တော်မူရုံတင်မကပဲနဲ့၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရဲ့ အသက်တာတွေကိုလည်း လမ်းပြဖို့ ပညတ်တော်တွေကို ထုတ်ပြန်နိုင်ကြောင်းနဲ့ ကျွန်မတို့ အပြစ်တွေအတွက် ရွေးနှုတ်ဖို့ ကားစင်တင်တာခံခဲ့ပေမဲ့ ကိုယ်တော်ဟာ ကျွန်မတို့ အပြစ်တွေကို သန့်စင်ဖို့နဲ့ စာတန်ရဲ့ မှောင်မိုက်တဲ့စွမ်းအားကနေ လုံးလုံးလျားလျား ကယ်တင်ဖို့တို့အတွက် နှုတ်ကပတ်တော်တွေကို မိန့်မြွက်နိုင်ကြောင်း ကိုလည်း ဘုရားသခင်က ကျွန်မတို့ကို မြင်တွေ့စေလိုတယ်။ ဒါ့ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နာမတော်ကို ယူခဲ့တာက အရမ်းကို အဓိပ္ပါယ်ရှိရခြင်း အကြောင်းအရင်းဖြစ်တယ်။ အမှန်တော့ ဘုရားသခင်ရဲ့ နာမတော်က ဘယ်လိုပြောင်းလဲပါစေ၊ ကိုယ်တော်ရဲ့ အနှစ်သာရက မပြောင်းလဲပါဘူး၊ ကိုယ်တော်ရဲ့ ကိုယ်ပိုင်လက္ခဏာ နဲ့ အဆင့်အတန်းတို့က မပြောင်းလဲပါဘူး၊ ကောင်းကင် နဲ့ မြေကြီးမှာ တမူထူးခြားတဲ့၊ စစ်မှန်တဲ့ ဘုရားသခင် တစ်ပါးတည်သာ ရှိပါတယ်။ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခြင်းက သခင်ယေရှုကို သစ္စာဖောက်တာ မဟုတ်ပဲနဲ့၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေကို လိုက်လျှောက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဘုရားသခင်ရဲ့ အမှုတော်ကို နားမလည်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ခေတ်အမျိုးမျိုးမှာ ကိုယ်တော့်နာမတော်တွေကို ကိုယ်တော် ပြောင်းလဲရခြင်း အဓိပ္ပါယ်ကို နားမလည်တာပဲဖြစ်ဖြစ်၊ ကျွန်မတို့ကိုယ်ပိုင် အယူအဆတွေကို မှီခိုပြီး နောက်ဆုံးသောကာလမှာ ပြန်ကြွလာခဲ့တဲ့ ဘုရားသခင်က ယေရှုလို့ မခေါ်ရင် သူက ဘုရားသခင်မဟုတ်တဲ့အပြင်၊ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခြင်းက သခင်ယေရှုကို သစ္စာဖောက်ခြင်း ဖြစ်တယ် လို့ ယုံကြည်နေမယ်ဆိုရင်၊ ဒါက မိုက်မဲခြင်းတစ်ခု၊ ယုတ္တိမတန်တဲ့ နားလည်မှုတစ်ခုသာ ဖြစ်တယ်။ အဲဒါဟာ သခင်ယေရှုရဲ့ အလိုတော်နဲ့ လုံးဝ မကိုက်ညီပါဘူး။ ကျွန်မတို့က ဒီအယူအဆကို ဆက်ပြီးဖက်တွယ် နေမယ်ဆိုရင်၊ ကျွန်မတို့က ကြွလာပြီးဖြစ်တဲ့ သခင်ယေရှုကို တံခါးပိတ်ပြီး၊ သခင့်ပြန်ကြွခြင်းကို တောင့်တပေမဲ့ ကိုယ်တော့်ကို ခုခံတဲ့၊ သခင့်ကို သစ္စာဖောက်တဲ့ လူတွေသာ ဖြစ်လာမှာပဲ”

မစ်ဖန်း၏ ဆွေးနွေးချက်သည် ကျွန်မနှလုံးသားဆီသို့ ဓါးတစ်စင်းကဲ့သို့ပင် ဖြစ်သည်၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင်၊ ဉာဏ်ပညာနှင့် ပြည့်စုံသော ဘုရားသခင် ဖြစ်လေသည်၊ သို့သော်လည်း ကျွန်မက ဘုရားသခင်၏ နာမတော်အကြောင်း အယူအဆများ လက်ကိုင်ထားသည့် မဖြစ်စလောက် သတ္တဝါငယ်လေးသာ ဖြစ်သည်။ ထိုသည်မှာ အလွန်မာနထောင်လွှားခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း နှင့် ကျွန်မ အစ်ကိုနဲ့ အစ်မတို့၏ ဆွေးနွေးချက်များကို နားထောင်ခြင်းတို့မှတစ်ဆင့် အနန္တတန်ခိုးရှင်ဘုရားသခင် နာမတော်၏ မည်မျှ အဓိပ္ပါယ်ပြည့်ဝပုံကို သတိပြုမိခဲ့သည်။ ဤသည်မှာ ကျွန်မကို ဘုရားသခင်နှင့် ပတ်သက်ပြီး ပိုမိုကြီးမားသည့် နားလည်သဘောပေါက်မှုကို ရရှိစေသည်။ ခေတ်အသစ်တစ်ခုအစ၊ ခေတ်တစ်ခု အဆုံးတို့တွင် လူသားမျိုးနွယ်၏ အပြစ်ဖြေရာယဇ် ဖြစ်ရခြင်း၊ လူသားများ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ထိုအရာများအားလုံးတို့သည် ခေတ်အမျိုးမျိုးတွင် နာမတော်အမျိုးမျိုးအောက်၌ ဘုရားသခင်၏ ရည်ရွယ်ချက်များသာ ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့၏ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်းက ပို၍ကျယ်ပြန့်ပြည့်စုံပြီး၊ တိကျသေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။

နောက်ထပ်သီတင်းပတ် အနည်းငယ်တွင် ကျွန်မသည် သိုးသငယ်ဖွင့်သည့် စာစောင် စာအုပ်တစ်အုပ်လုံးကို ဆာငတ်စွာ အငမ်းမရဖတ်ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်းဖြင့်၊ ပညတ်တော်ခေတ်၌ ယေဟောဝါ ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်၏ အသက်တာအတွက် လမ်းပြမှုကို ပေးတော်မူခဲ့ကြောင်း၊ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်တွင် ကျွန်ုပ်တို့အပြစ်များမှ ရွေးနှုတ်ရန် ကားတိုင်တင်ခံခဲ့ကြောင်းအပြင် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သန့်စင်ရန် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ နှုတ်ကပတ်တော်များကို မိန့်မြွက်တော်မူခဲ့ပြီး နောက်ဆုံးတွင် မိမိတို့ ဖောက်ပြန်ပျက်စီးမှုကို လုံးလုံးလျားလျား ဖယ်ရှားစေပြီး၊ ဘုရားသခင်က ရရှိစေကြောင်း တို့ကို ကျွန်မသိလာရပါသည်။ ဘုရားသခင်၏ အမှုတော်အသစ်တိုင်းသည် ယခင်အမှုတော်အဆင့်၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်းသာ ဖြစ်သည်။ ထိုအဆင့်သုံးဆင့်သည် တဆင့်ဆင့် မြှင့်တင်လာပြီး၊ ခေတ်များသည် မတူညီသော်လည်း၊ ပြီးတော့ ဘုရားသခင်၏ နာမတော်များသည် မတူညီသော်လည်း၊ ၎င်းကို အစမှအဆုံးအထိ တစ်ပါးတည်သော ဘုရားသခင်က ပြုခြင်းဖြစ်သည်။ ကျွန်မတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပါယ်ကို သိရှိခြင်း တို့ဖြင့် ကျွန်မအနေဖြင့် ဘုရားသခင်၏ နာမတော်အသစ်ကို လက်ခံခြင်းသည် ကိုယ်တော့်ကို သစ္စာဖောက်ခြင်းမဟုတ်သော်လည်း၊ ကိုယ်တော်ပြန်ကြွလာခြင်းကို ကြိုဆိုခဲ့ခြင်းသာ ဖြစ်ကြောင်းကို နားလည်သဘောပေါက်ခဲ့ပါသည်။ ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကာလမှတစ်ဆင့် ကျွန်မသည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပြီး၊ သိုးသငယ်၏ ခြေလှမ်းများကို လိုက်နာပါသည်။ ဘုရားသခင်၏ ဦးဆောင်မှုအတွက် ကျေးဇူးတင်ပါသည်။

နောက်သို့ပြန်သွားရန်

ကပ်ဘေးများ တစ်ခုပြီးနောက်တစ်ခု သွန်ဆင်းလာသော်လည်း၊ သမ္မာကျမ်းစာက၊ “သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။” (ဆာလံကျမ်း ၉၁:၇) ဟု ကျွန်ုပ်တို့ကို ပြောသည့်အတွက် ကျွန်ုပ်တို့ မကြောက်ရွံ့ရဟု သင်းအုပ်ဆရာများက ကျွန်ုပ်တို့ကို မကြာခဏ ပြောကြသည်။ သခင်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းရှိပြီး ဆက်လက်ဆုတောင်းကြပါက၊ ကျမ်းစာကို ဆက်လက်ဖတ်ရှုကာ အတူတကွ စုစည်းကြပါက၊ ကပ်ဘေးသည် ကျွန်ုပ်တို့အပေါ် ကျရောက်လိမ့်မည်မဟုတ်ပါ။ သို့သော် ဤကပ်ဘေးများတွင် သေဆုံးကြရပြီးဖြစ်သည့် ဘာသာရေး သင်းအုပ်ဆရာများနှင့် ခရစ်ယာန်များအချို့ ရှိသည်။ ၎င်းတို့အားလုံး ကျမ်းစာကို ဖတ်ခဲ့ကြသည်၊ ဆုတောင်းခဲ့ကြပြီး သခင့်ကို အစေခံခဲ့ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို မကွယ်ကာခဲ့ပါသနည်း။

အမှာစကား ချန်ခဲ့မည်