စာရင်း

ဘုရားသခင်၏ နာမတော်နောက်ကွယ်မှ နက်နဲမှုကို သင်သိပါသလား

ဇောင်းရင်နို တရုတ်ပြည်

ဘုရားသခင်၏ နာမတော်သည် ယေဟောဝါ ဖြစ်သည်၊ ဓမ္မဟောင်းကျမ်းတွင် “ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ။” (ဟေရှာယ အနာဂတ္တိကျမ်း ၄၃:၁၁)ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။(ထွက်မြောက်ရာကျမ်း ၃:၁၅) ဟု မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ဓမ္မသစ်ကျမ်းတွင် “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ သြဝါဒစာ ၁၃:၈) “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂) ဟု မှတ်တမ်းတင်ထားသည်။ ယေဟောဝါ နှင့် ယေရှုတို့သည် ဘုရားသခင်၏ နာမတော်များဖြစ်ကြောင်း ဤကျမ်းချက်များမှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဟု ခေါ်သော်လည်း ဓမ္မသစ်ကျမ်းတွင်မူ ယေရှုဟု ခေါ်သည်။ ဘုရားသခင်၏ နာမတော်က အဘယ့်ကြောင့် ပြောင်းလဲရသနည်း။ ကိုယ်တော့်နာမတော်များ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤသမ္မာတရား၏ ရှုထောင့်ကို အတူတကွ စူးစမ်းလေ့လာကြပါစို့။

ကျွန်ုပ်တစ်ခါက စာအုပ်တစ်အုပ်ထဲတွင် ကျမ်းချက်တစ်ခုကို ဖတ်ရှုရသည်၊ ထိုကျမ်းချက်က ကျွန်ုပ်အား ယေဟောဝါဆိုသည့် နာမတော်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်မှု အချို့ ပေးခဲ့သည်။ ထိုကျမ်းချက်က “‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။...ယင်းမှာ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လတ်တလော ခေတ်တွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများ ပြုကြပြီး၊ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက် ယေဟောဝါအား အစေခံကြသည်။ ၎င်းတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ၏ ပြန်လည် ပေါ်ထွန်းခြင်း ဖြစ်သည်။...ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ ‘ယေဟောဝါ’ သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများ ကိုးကွယ်ကြသော ဘုရားသခင်အတွက် ဂုဏ်ပြုသော အမည်နာမ ဖြစ်သည်။(ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူ၏ ပညတ်တော်ကို ကြွေးကြော်ခြင်း အမှုတော် နှင့် သူဖော်ပြခဲ့သည့် စိတ်သဘောထားပေါ်တွင် အခြေခံကာ ယေဟောဝါ ဆိုသည့် နာမတော်ကို ယူခဲ့သည်။ ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ယေဟောဝါ ဆိုသည့် နာမတော်ဖြင့် စတင်ခဲ့သည်။ကိုယ်တော်သည် မောရှေမှတစ်ဆင့် တရားတော်များနှင့် ပညတ်တော်များကို ကြွေးကြော်ကာ၊ ကမ္ဘာပေါ်မှ အခြေတည်စလူသားမျိုးနွယ်၏ အသက်တာများကို တရားဝင် ဦးဆောင်ခဲ့သည်။ ကိုယ်တော်သည် သူများကို ပညတ်တော်များအားဖြင့် တင်းကျပ်စွာ နေထိုင်ကျင့်ကြံရန် နှင့် သူ့ကို ဝတ်ပြုကိုးကွယ်ရန် သင်ယူရန် နှင့် သူ့ကို ကြီးမြတ်သူအဖြစ် ရိုသေသမှုပြုရန် တို့အတွက် သတ်မှတ်ခဲ့သည်။ ပညတ်တော်ကို ကျင့်ကြံထိန်းသိမ်းသူ မည်သူမဆိုအတွက် ကောင်းကြီးမင်္ဂလာနှင့် ကျေးဇူးတော်တို့ က လိုက်ပါလာမည် ဖြစ်သည်၊ ပညတ်တော်ကို ချိုးဖောက်သည့် မည်သူမဆိုသည် ကျောက်တုံးဖြင် ထုသတ်ခံရသည်ဖြစ်စေ သို့မဟုတ် ကောင်းကင်ဘုံမီးဖြင့် ရှို့ခံရမည်ဖြစ်သည်။ ယေဟောဝါဆိုသည့် နာမတော်က ထိုခေတ်တွင် လူသားမျိုးနွယ်ကို ဘုရားသခင် ဖော်ပြခဲ့သည့် အရာကို ကိုယ်စားပြုသည်၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ကျိန်ခြင်းအမင်္ဂလာ နှင့် သနားကရုဏာ ဆိုင်ရာ စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ကြောင့် ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ခဲ့သည့် ဣသရေလလူမျိုးတို့သည် ၎င်းကို တင်းကျပ်စွာ လိုက်နာထိန်းသိမ်းပြီး၊ ယေဟောဝါ ဆိုသည့် နာမတော်ကို သန့်ရှင်းသူအနေဖြင့် သဘောထားခဲ့ကြသည်။ သူတို့အားလုံးသည် ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြပြီး၊ သူ့ထံ ဆုတောင်းခြင်း၊ သူ့ကို ချီးမွမ်းခြင်းအပြင်၊ ယဇ်ပလ္လင်ထက်တွင် သူ့ထံသို့ ပူဇော်ဆက်ကပ်ခြင်းများ ပြုခဲ့ကြသည်။ သူတို့သည် နှစ်ထောင်ပေါင်း အနည်းငယ်ခန့် ယေဟောဝါ၏ လမ်းပြမှု အောက်တွင် အသက်ရှင်နေထိုင်ခဲ့ကြသည်မှာ ပညတ်တော်ခေတ်၏ အမှုတော် ကုန်ဆုံးချိန်အထိ ဖြစ်ပါသည်။

သို့ပါက ဘုရားသခင်၏နာမတော်သည် ကျေးဇူးတော်ခေတ်တွင် ယေရှုဟု အဘယ့်ကြောင့် ပြောင်းလဲခဲ့သနည်း။ ယေရှုဆိုသည့် နာမတော်၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤမေးခွန်းများနှင့် ပတ်သက်ပြီး စာအုပ်ထဲမှ ကျမ်းပိုဒ်တစ်ခုက “‘ယေရှု သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။(ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) ဟု ရှင်းလင်းစွာ ပြောထားပါသည်။

ပညတ်တော်ခေတ် အဆုံးတွင် လူသားမျိုးနွယ်သည် ပို၍ပို၍ ဖောက်ပြန်ပျက်စီးကာ၊ အပြစ်ရှိလာခဲ့သောကြောင့်၊ သူတို့သည် ပညတ်တော်ကို ဆက်လက်ပြီး ကျင့်ကြံထိန်းသိမ်းရန် မဖြစ်နိုင်တော့ပါ။ ရလဒ်တစ်ခုအနေဖြင့် သူတို့သည် ပညတ်တော်ကို ချိုးဖောက်ခြင်းအတွက် အပြစ်ဒဏ်ခံရဖို့ အန္တရာယ်ထဲတွင် အဆက်မပြတ် ကျရောက်ခဲ့ပါသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်က ကိုယ်တော်တိုင် ရွေးနှုတ်ခြင်းအမှုတော်ကို ပြုဖို့ရာ ကမ္ဘာပေါ်တွင် လူ့ဇာတိခံယူခဲ့သည်။ သူသည် ယေရှုဆိုသည့် နာမတော်ဖြင့် ကျေးဇူးတော်ခေတ်ကို စတင်ခဲ့ပြီး၊ ပညတ်တော်ခေတ် အဆုံးတွင် လူသားမျိုးနွယ်ကို ကြွယ်ဝပြီး၊ ပေါ်လျှံသော ကျေးဇူးတော် ယူဆောင်လာခဲ့ကာ၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာစိတ်သဘောထား တစ်ခုကို ထုတ်ဖော်ပြသည့်အပြင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနှုတ်ခဲ့သည်။ ယေရှုဆိုသည့် နာမတော်၏ အဓိပ္ပါယ်မှာ ချစ်ခြင်းမေတ္တာပြည့်ဝသော၊ ကျေးဇူးတော်ပြည့်ဝသော၊ လူသားမျိုးနွယ်ကို ရွေးနှုတ်နိုင်သည့် အပြစ်ဖြေရာယဇ်တစ်ခု ဟု၍ ဖြစ်ပါသည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် ကျွန်ုပ်တို့သည် သခင့်နာမတော်၌ ဆုတောင်းခြင်း၊ ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ ရှိသမျှကာလပတ်လုံး၊ ကျွန်ုပ်တို့၏ နာမကျန်းမှုများသည် အနာငြိမ်းကာ၊ ကျွန်ုပ်တို့၏ အပြစ်များသည် လွှတ်ခံရမည် ဖြစ်သည်၊ ထို့အပြင် သခင်ယေရှု၏ နာမတော်ကို ကျွန်ုပ်တို့ လက်ခံပြီးနောက်၊ ကျွန်ုပ်တို့သည် သခင့်မျက်မှောက်တော်ကို ခံစားရပြီး၊ ကျွန်ုပ်တို့ ၏ ဝိညာဉ်များတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကိုလည်း ခံစားရကာ၊ ဘုရားသခင်၏ ပေါ်လျှံသော ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကိုလည်း ပျော်မွေ့နိုင်မည် ဖြစ်ပါသည်။ ယေရှုနာမတော်သည် ကျေးဇူးတော်ခေတ်ကို အထူးပြုသည်။ ၎င်းသည် ကျေးဇူးတော်ခေတ်မှ ဘုရားသခင်၏ အမှုတော်နှင့် သူဖော်ပြသည့် စိတ်သဘောထားတို့ကို ကိုယ်စားပြုပါသည်။

ဘုရားသခင်၏ ယခင်အမှုတော် အဆင့်နှစ်ခုကို ပြန်ကြည့်ခြင်းဖြင့်သာလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတိုင်း ခေတ်အမျိုးမျိုးတွင် အမှုတော်အမျိုးမျိုးကို ပြုကြောင်း နှင့် ခေတ်တစ်ခုချင်းစီတွင် ကိုယ်တော် ခံယူခဲ့သည့် နာမတော်တွင် သူ့ကိုယ်ပိုင် ကိုယ်စားပြုခြင်း အဓိပ္ပါယ်ရှိပြီး၊ ထိုခေတ်၌ သူ၏ အမှုတော်နှင့် သူဖော်ပြသည့် စိတ်သဘောထားနှစ်ခုလုံး တို့ကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း တို့ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရပါတော့သည်။ ဘုရားသခင်သည် ပညတ်တော်အသစ်တစ်ခုကို စတင်ပြီး၊ ထိုခေတ်ကို သူ့နာမတော်အားဖြင့် ပြောင်းလဲသည်။ ဆိုလိုသည်မှာ ခေတ်ပြောင်းလဲတိုင်း၊ သူ၏အမှုတော် ပြောင်းလဲသည့်အခါတွင်၊ ဘုရားသခင်သည် သူ့နာမတော်ကို ပြောင်းလဲမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ နာမတော်သည် ကျေးဇူးတော်ခေတ်တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဤအချက်တွင် အချို့သော ညီအစ်ကိုမောင်နှမများက “ဘုရားသခင်ရဲ့ နာမတော်ပြောင်းလဲ တယ်ဆိုပေမဲ့လည်း၊ သမ္မာကျမ်းစာထဲမှာက ‘ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။'” လို့ ဘာဖြစ်လို့ပြောထားသလဲဆိုသည့် ဤမေးခွန်းကို မေးနိုင်ပါသည်။

စာအုပ်ထဲမှ နှုတ်ကပတ်တော်အချို့က ကျွန်ုပ်တို့အား ဤမေးခွန်းအတွက် အဖြေကို ရှင်းလင်းစွာ ပေးထားပါသည်။ “ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။” “ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။(ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

သမ္မာကျမ်းစာ ထဲမှ “အစဉ်” နှင့် “လူမျိုးအစဉ်အဆက်မပြတ်” ဆိုသည့် နှုတ်ကပတ်တော်များက ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို ညွှန်းဆိုနေပြီး၊ ဘုရားသခင်၏ နာမတော်ကို ညွှန်းဆိုခြင်း မဟုတ်ကြောင်းကို ဤနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို သိရှိစေသည်။ ဘုရားသခင်၏နာမတော်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဆိုင်ရာ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင် ယေဟောဝါ ဆိုသည့် နာမတော်ဖြင့် သူ့အမှုတော်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ယေရှု နာမတော်ဖြင့် စတင်တော်မူခဲ့သည်။သို့သော်လည်း ခေတ် နှင့် ဘုရားသခင်၏ နာမတော် မည်မျှ ပြောင်းလဲပါစေ ဘုရားသခင်၏ အနှစ်သာရသည် လုံးဝပြောင်းလဲမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်သာ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ ယခင်က သခင်ယေရှုက သူ့အမှုတော်ကို ပြုရန် လူ့ဇာတိခံယူခဲ့သည့် အချိန်တွင် ဖာရိရှဲတို့သည် “ယေဟောဝါသာလျှင် ဘုရားသခင် ဖြစ်တယ်၊ ယေဟောဝါကလွဲရင် ကယ်တင်ပိုင်ရှင် ဆိုတာ မရှိဘူး” ဆိုသည့် စကားများကိုသာ ခေါင်းမာစွာ စွဲကိုင်ထားခဲ့ကြသောကြောင့် သူတို့သည် ယေရှုမှာ ၎င်းတို့ ကြာရှည်စွာ စောင့်မျှော်ခဲ့သည့် မေရှိယ ဖြစ်ကြောင်းကို သတိမပြုမိခဲ့ကြပါ။ သူတို့က သခင်ယေရှု ဖော်ပြခဲ့သည့် သမ္မာတရားကို လုံးဝမရှာဖွေပဲနှင့်၊ ဆန့်ကျင်ဖက်အားဖြင့် သူတို့သည် ကိုယ်တော့်ကို ထိတ်ထိတ်ပျာပျာဖြင့် ခုခံကာ၊ ပြစ်တင်ရှုတ်ချခဲ့ကြသည့်အပြင်၊ ကိုယ်တော့်ကို ကားတိုင်တင်ရန် ရောမအစိုးရနှင့်ပင် ပူးပေါင်းကြံစည်ခဲ့သောကြောင့် ဧရာမအပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့ကြသည်။ ရလဒ်တစ်ခုအနေဖြင့် သူတို့သည် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာ သင့်ခဲ့ပြီး၊ ဣသရေလကို လက်အောက်ခံဘဝသို့ နှစ်ပေါင်း ၂၀၀၀ ခန့် ကျရောက်စေခဲ့ပါသည်။ သူတို့၏ ကျရှုံးခြင်းသည် အမှန်တကယ်ပင် နက်နဲစွာ တွေးတောထိုက်သည့် အကြောင်းအရာ ဖြစ်လေသည်။ သမ္မာကျမ်းစာက “ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။” (ကောရိန္သု သြဝါဒစာဒုတိယစောင် ၃:၆) ဟု ပြောထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ခြင်းမရှိပဲနှင့်၊ ၎င်း၏ တိုက်ရိုက်အဓိပ္ပါယ်ကိုသာ နားလည်သဘောပေါက်ပါက၊ ယေဟောဝါကို ယုံကြည်သူများသည် ယေဟောဝါနာမတော်ကိုသာ အစဉ်ထာဝရ အတည်ပြုထားပြီး၊ ခေတ်ပြောင်းလဲရန် ဘုရားသခင်သည် သူ့နာမတော်ကို အသုံးပြုခြင်း အဓိပ္ပါယ်ကို ကျွန်ုပ်တို့ နားမလည်ပါက၊ ကျွန်ုပ်တို့သည် ဖာရိရှဲတို့ကဲ့သို့ အမှားမျိုးကိုသာ ပြုမိမည် ဖြစ်သည်၊ မိမိကိုယ်ကို ဘုရားသခင်၏ အမှုတော်ဟောင်းတွင်သာ ကန့်သတ်ထားပြီး၊ ဘုရားသခင်၏ အသစ်သောအမှုတော်ကို ဆင်ကန်းတောတိုး ပြစ်တင်ရှုတ်ချသောကြောင့် ဘုရားသခင်၏ အမှုတော်အသစ်ကို လက်လွတ်ဆုံးရှုံးကာ၊ မည်သည့်အရာမှ မရှိပဲနောင်တဖြင့်သာ ကျန်ရစ်ခဲ့မည်သာ ဖြစ်သည်။

ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်ပြီး၊ သခင့်ဆိုက်ရောက်ခြင်းကို ကြိုဆိုရန်အတွက် အဓိကကျသည့်အချိန်လည်း ဖြစ်သည်။ သခင်ယေရှုက သူသည် တစ်ဖန်ပြန်ကြွလာမည့်ဖြစ်ကြောင်း ပရောဖက်ပြုခဲ့သောကြောင့်၊ သခင်သည် ပြန်ကြွလာသည့်အချိန်တွင် ယေရှုဟုပင် ခေါ်ဝေါ်မည်လား။ ဗျာဒိတ်ကျမ်းတွင် “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂) ဟု ပရောဖက်ပြုထားသည်။ ဤကျမ်းချက်က ဘုရားသခင်သည် နာမတော်အသစ်ရှိမည် ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ယခင်က တစ်ခါမျှ ယူမသုံးဖူးသည့် နာမတော်အသစ်တစ်ခုဖြစ်ပြီးလျှင်၊ ထို့ကြောင့်လည်း နာမတော်အသစ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ နာမတော်သည် သူပြန်ကြွလာသည့်အချိန်တွင် ပြောင်းလဲမည်လား၊ ပြီးနောက် သူသည် ယေရှု မဟုတ်တော့ပဲနေမည်လား။ ဗျာဒိတ်ကျမ်း ၁:၈ တွင် “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” ဟု ပရောဖက်ပြုထားပြီး ဗျာဒိတ်ကျမ်း ၁၁:၁၆-၁၇ တွင် “ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။” ဟု ပြောထားသည်။ ဗျာဒိတ်ကျမ်းထဲမှ ထိုကျမ်းချက်များအပြင် “အနန္တတန်ခိုးရှင်” ဆိုသည့် နာမတော်ကို ပြောပြသွားသည့် အခြားကျမ်းချက်များစွာ ရှိနေပါသေးသည်။ ဤပရောဖက်ပြုခြင်းများအရ၊ သခင်သည် ပြန်ကြွလာသည့်အချိန်တွင် အနန္တတန်ခိုးရှင်ဟု ခေါ်ဝေါ်ခြင်းခံရမည်။ ဘုရားသခင်၏ နာမတော်သည် တစ်ဖန်ပြောင်းလဲသည့်အခါတွင်၊ ဘုရားသခင်၏ နာမတော်အသစ်ကို ကျွန်ုပ်တို့သည် မည်သည့်နည်းဖြင့် ချဉ်းကပ်သင့်သနည်း၊ ပြီးနောက် ကျွန်ုပ်တို့သည် သခင့်ပြန်ကြွခြင်းကို မည်သို့ကြိုဆိုမည်နည်း။

အမှာစကား ချန်ခဲ့မည်