စာရင်း

နောင်တလမ်းနှင့် ထာဝရအသက်လမ်းဆိုသည်မှာ အဘယ်နည်း

မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။

ပို့စ်ကို ကြည်ရှုစဉ်အခါ ကျွန်ုပ်သည် သခင်ခရစ်တော် ၏ နှုတ်ကပတ်တော်တို့ကို တွေးတောမိလေသည်။ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ထိုအခါ ကျွန်ုပ်သည် နားလည်ရခက်လာသည်။ “ကျွန်ုပ်တို့သည် သခင်ခရစ်တော်ကို ကယ်တင်ရှင် အဖြစ်လက်ခံခဲ့ပြီးင့် ကျွန်ုပ်တို့ ၏ အပြစ်တို့သည် ဖြေ လွှတ်ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အသစ်သော အသက်တာတို့ နှင့် ဘုရားသခင်ပေးအပ် သော ထာဝရအသက်လမ်း တို့ကို ရရှိပြီမဟုတ်လော။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား အတိအကျ မည်သည့် ခြားနားချက်ရှိသနည်း။” ဤ မေးခွန်းတို့ဖြင့် ကျွန်ုပ်သည် ဆွေးနွေးချက်ကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

မကြာမီတွင် တုံ့ပြန်စာ တစ်ခု ရောက်ရှိလာသည်၊ “ကျွန်တော်တို့ဟာဒီမေးခွန်းတွေကို နားလည်ဖို့ တော်တော်ကို အရေးကြီးပါတယ်။ ဘာဘာကြောင့်လဲဆိုရင် ဒီအရာတွေက ဘုရာသခင်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ထာဝရအသက်တာကို အမှန်တကယ် ဘယ်လိုရရှိနိုင်မယ်ဆိုတဲ့ ကြီးမားတဲ့ အကြောင်းကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ဒါတွေကိုသိဖို့ကျွန်တော်တို့ဟာ နောင်တလမ်းဆိုတာ ဘာလဲဆိုတာကို ဦးဆုံးသိရပါမယ်။ ကျွန်တော်တို့တို့ အားလုံးသိသည်အတိုင်း၊ သခင်ယေရှုဟာ ကယ်တင်ခြင်းအမှုကို လာရောက် ဆောင်ရွက်စဉ်က ဒီကျမ်းချက်ကို ဟောကြားခဲ့တယ်။ ‘နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုလိုတာက ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ချင်ရင် ကိုယ်အပြစ်တွေကို ဝန်ခံပြီး ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ နောင်တရသင့်ပါတယ်။င့် ကျွန်တော်တို့ရဲ့ အရင်က အပြစ်တွေကို ဝန်ခံ ပြီးတဲ့အခါ ခွင့်လွှတ်ခြင်းခံရပါမယ်။ ကျွန်တော်တို့ဟာ နောက်ထပ် အပြစ်မပြုတော့ ဘဲ နောင်တရပြီး အသစ် တစ်ဖန်ပြန်လည်မွေးဖွားပါလိမ့်မယ်။ ဒါဟာ နောင်တရခြင်းပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သခင် ခရစ်တော်ဟာ ကျွန်တော်တို့ကို ကိုယ်အပြစ်ကို ဝန်ခံဖို့နဲ့င့် နောင်တရဖို့၊ အပြစ်တွေ သို့မဟုတ် ဆိုးယုတ်မှုတွေ မကျူးလွန်ဖို့နဲ့င့် ကိုယ်ကိုကိုယ် ငြင်းပယ်ဖို့၊ ကားတိုင်ထမ်းပြီး သခင့်နောက်တော်သို့ လိုက်ဖို့ သွန်သင်ခဲ့ပါတယ်။ ပြီးနောက်မှာ သခင်က ကျွန်တော်တို့ ကို သူ့ကိုင့် စိတ်နှလုံး၊ ဝိညာဉ်၊ င့်စိတ်တိုနဲ့င့် အကြွင်းမဲ့ချစ်ဖို့၊ တပါးသူတို့ကို ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ချစ်ဖို့၊ နှိမ့်ချဖို့ သည်းခံ စိတ်ရှည်ဖို့၊ သူတစ်ပါးတို့ကို ခုနှစ်ဆယ့်ခုနှစ်ကြိမ် ခွင့်လွှတ်ဖို့ စသဖြင့် သခင်က လိုလားပါတယ်။ ဒါတွေက နောင်တလမ်းကို ဖြစ်စေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အပြစ်တွေကို သခင်ခရစ်တော် ရှေ့မှောက်မှာ ဝန်ခံပြီး နောင်တရတဲ့အခါ ကျွန်တော်တို့ရဲ့ အပြစ်များတွေ ခွင့်လွှတ်ခံရပါလိမ့်မယ်။ ဒီအချက်ဟာ ကျွန်တော်တို့ကို ဘုရားသခင် ရှေ့တော်မှောက်မှာ ဆုတောင်းဖို့အခွင့်ကို ရရှိစေမှာဖြစ်ပြီး သခင်ပေးတဲ့ ကြွယ်ဝတဲ့ ကျေးဇူးတော်နဲ့င့် သမ္မာတရားတို့ကို ခံစားင့်ရစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငြင်းလို့မရတာက ကျွန်တော်တို့ရဲ့ အပြစ်တွေဖြေလွှတ်ပြီးဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့ သဘောသဘာဝဟာ ဆက်လက်တည်ရှိနေပါတယ်။ ကျွန်တော်တို့ဟာသခင်ဘုရားက ကျွန်တော်တို့မှာ လိုအပ်တဲ့အရာကို မကျင့်ဆောင်နိုင်ဘဲ အပြစ်ကျူးလွန်လိုက်၊ ဝန်ချတောင်းပန်လိုက် အခြေအနေအတိုင်း စဉ်ဆက်မပြတ် အသက်ရှင်နေထိုင်လျှက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ တကယ့်အခြေအနေကို ကြည့်ကြည့်ပါ။ ကျွန်တော်တို့ဟာ မကြာခဏ လိမ်ညာပြီး လှည့်စားခြင်းတွေပြုကြတယ်။ ကျွန်တော်တို့စိတ်နှလုံးမှာ မာန်မာနတွေ၊ ဘဝင်မြင့်မှုတွေ၊ အတ္တကြီးမှုတွေ၊ လောဘတွေနဲ့ ဆိုးယုတ်တဲ့အတွေးတွေ ပြည့်နှက်နေပါတယ်။ ကျွန်တော်တိုဟာ တပါးသူတကို မနာလို မုန်းတီးနိုင် သေးတယ်။ ကျွန်တော်တို့ဟာ လောက ခေတ်ရေစီးကြောင်းကိုလိုက် ပြီး ဓနဥစ္စာကို လည်းတွယ်ကပ် ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့ဟာ စမ်းသပ်မှုတွေ ဒါမှမဟုတ် ကပ်ဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်တော်တို့ဟာ သခင့်ကို ညည်းညူလျက် ဝေဖန်လျက်၊ သစ္စာတောင်ဖောက် ကြတယ်။

“တစ်ခါက ကျွန်တော် စာအုပ်တစ်အုပ်ထဲက စာပိုဒ်တစ်ပိုဒ်ကိုဖတ်ပြီး ပြောထားတာတော်တော်ကောင်းတယ်လို့ ခံစားမိတယ်။ င့်ခင်ဗျားကို မျှဝေချင်ပါတယ်။ ဒီလိုပါ။ ‘လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။(လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်းပဲ လူ့ဇာတိခံယူတဲ့ သခင်ယေရှုဟာ ကျွန်တော်တို့လူသားမျိုးနွယ်အတွက် အပြစ်ကိုပေးဆပ်တဲ့အနေနဲ့ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်နှက်ခြင်းကိုခံယူခဲ့တယ်။ ကျွန်တော်တို့ အပြစ်အားလုံးကို ယူဆောင်ပြီး အဲဒီအချိန်တုန်းက လူတွေကို ပညတ်တော်ရဲ့ စီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကနေ ရွေးနှုတ်ခဲ့တယ်။ အဲဒီအချက်ကနေ စပြီးကျွန်တော်တို့ဟာ သခင့် ရှေ့တော်ကိုလာပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဝန်ခံပြီး နောင်တရခြင်း၊ သခင့်ရဲ့ ကျေးဇူးတော် ကို ပျော်မွှေ့ခြင်း၊ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွင်းမှာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ကိုယ်စိတ်ချမ်းသာခြင်း တို့ကို ခံစားဖို့ အခွင့်ကို ရရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖြေလွှတ်ပြီး ဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြုတတ်တဲ့ သဘောသဘာဝကို မဖြေရှင်းရသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အစဉ်အမြတ် အပြစ်ပြုနေကြပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားကြတယ်။ သမ္မာကျမ်းစာမှာ ဒီလိုဆိုထားပါတယ်။ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲ ၁၂:၁၄)ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။(၁ ပေ ၁:၁၆) ပြီးတော့ ဗျာဒိတ်ကျမ်းမှာ ဘယ်လိုလူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ပရောဖက်ပြုချက်ရှိပါတယ်။ ‘အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။(ဗျာဒိတ် ၁၄:၅) ဒီကျမ်းချက်တွေကနေ ကောင်းကင် နိုင်ငံတော်ကို ဝင် ပြီး ထာဝရအသက် ရသူတို့ဟာ သူတို့ရဲ့ စကားတွေ မှာ ဘာလိမ်လည်မှုမှမရှိတဲ့၊ ဘာအပြစ်အနာအဆာမှမရှိဘဲ သန့်စင်တဲ့၊ င့်ဘုရားသခင်ကို ကြောက်ရွံ့ ပြီး ဆိုးယုတ်မှုကို ရှောင်ကြဉ်တဲ့၊ ရိုးသားသူတွေဖြစ်ကြောင်း ကျွန်တော်တို့ သိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အပြစ်ပြုတတ်တဲ့ သဘောသဘာဝကို မစင်ကြယ် ရသေးဘဲ အပြစ်များကို အဆက်မပြတ် ကျူးလွန် နိုင်ဆဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ထာဝရအသက်ကို မရသေးဘဲ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်ရန် အရည်အချင်း မပြည့်မှီဘူးဆိုတာ ထင်ရှားပါတယ်။ သခင်ခရစ်တော်ဟာ ကယ်တင်ခြင်းအမှု ကိုသာ ဆောင်ရွက်ခဲ့ ပြီး နောင်တလမ်းကို ပေးခဲတာကြောင့် ဒါက ကျွန်တော်တို့ကို ကိုယ်အပြစ်ကို ဝန်ခံ နောင်တရ ပြီး ဘုရားသခင် ထံတော်ကို ပြန်လာပြီး သခင့်ရဲ့င့် ကျေးဇူးတော်ကို ခံစားဖို့ ကိုသာ ခွင့် ပြုပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စာတန်မာရ်နတ် သဘောသဘာဝကို လုံးဝ ဖယ်ထုတ် ပြီး သန့်စင်ခြင်းကိုရယူပြီး ဘုရားသခင်ကို သိတဲ့ နာခံတဲ့ ချစ်တဲ့ သူတွေ ဖြစ်ချင်ရင် င့် ကျွန်တော်တို့ဟာ သမ္မာတရားကို ဒီထက်ပိုပြီး များစွာ နားလည်ရပါမယ်။”

ဤမိဿဟာယဖွဲ့ခြင်းကို ကျွန်ုပ်သည် ပို့စ်တွင် တွေ့ခြင်းဖြင့် မနေနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင်မိသည်။ လက်တွေ့ အသက်တာတွင် ကိုယ် အပြစ်ပြုတတ်သော သဘောသဘာဝနှင့် အသက်ရှင်လျက် ကျွန်ုပ်သည် အမှန် တကယ်ပင် အပြစ်ကျူးလွန်ခြင်း၊ ထိုအပြစ်များကို ဝန်ခံခြင်းစက်ဝန်းတွင်အသက်ရှင်လျက် မလွှတ်မြောက်နိုင်ပေ။ အချိန် အတော် ကြာသည် အထိ ကျွန်ုပ်သည် ကျွန်ုပ်၏ လုပ်ဖော်ဆောင်ဖက် ဝမ် ကို မနာလိုဖြစ်ခဲ့မိသည်။ အကြောင်းမှာ သူမ က ကျွန်ုပ်ထက် ကောင်းမွန် သော တရားဒေဿနာကို ဟောပြောနိုင်ပြီး ညီအစ်ကို ညီအစ်မတို့၏ နှစ်လိုကြည်ညိုခြင်းကို ရရှိသော ကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် သခင်ဘုရားထံတော်သို့ ကျွန်ုပ်၏ အပြစ်များကို ဝန်ချဆုတောင်း ခဲ့ပြီးဖြစ်သော်လည်း ညီအစ်ကို အစ်မ တို့သည် သူမ ကို နှစ်လိုကြည်ညိုမှု ဖြင့် ငေးကြည့်သောအခါတိုင်း ကျွန်ုပ်သည် အလိုလို သူမကို မနာလိုလာပြီး တစ်ခါတစ်ရံ မုန်းတီး မှုပင် ရှိလာသည်။ ကျွန်ုပ်၏နာမည်နှင့် ဂုဏ် ကို ကာကွယ်ရန် ကျွန်ုပ်သည် တပါးသူတို့ကို လိမ်လည်၍ လှည့်ဖျားလေသည်။ တခါတရံ တွင် ကျွန်ုပ်သည် နှစ်လိုဖွယ် မကောင်းသော ပတ်ဝန်းကျင်တို့နှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်ဆန့်ကျင်ပြီး ညည်းညူလေသည်။ ကျွန်ုပ် သည်သာမက အသင်းတော်ရှိ ညီအစ်ကိုမောင်နှမ တို့သည်လည်း ဤ အခြေအနေ၌ နေလျက်ရှိသည်- သူတို့သည် မုသာဆိုလျက် လှည့်စားမှုတွင် ပါဝင်လေသည်။ ဘုရားသခင်ကို လိမ်ညာရန် ဆုတောင်းချက်တို့တွင် မုသာစကားကို ဆိုပြီး အချို့တို့သည် ငွေ နောက်လိုက်ရန်အတွက် အစည်းအဝေးများတက် ရောက်ရန် ဆန္ဒမရှိတော့ဘဲ လောကီ ၏ ခေတ်ရေစီးကြောင်းနောက်သို့ ပင် လိုက်ကြလေသည်။ သမ္မာကျမ်းစာက ဆိုသည်မှာ “အပြစ်တရား၏ အခကားသေခြင်းပေတည်း။” (ရောမ ၆:၂၃) ပြီးနောက် သခင် ခရစ်တော် ဆိုသည်မှာ “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။(၁ ယော ၃:၁၅) ကျွန်ုပ်တို့သည် အပြစ်တရား၌ နေ့စဉ် အသက်ရှင်သောကြောင့် အပြစ်ကျူးလွန်ခြင်း၊ ထိုအပြစ်တို့ကို ဝန်ချတောင်းပန်ခြင်းဖြစ်သည့် မဆုံးနိုင်သည့် စက်ဝန်းမှ မလွှတ်မြောက်နိုင်ဘဲ ဘုရားသခင်ကို ဆက်၍ ပုန်ကန်ပြီး ခုခံနေဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် စင်ကြယ်ခြင်းနှင့် ထာဝရအသက်ရရှိ သူများ ဖြစ်သည်ဟု အဘယ်သို့ သတ်မှတ် နိုင်မည်နည်း။ ကျွန်ုပ်တို့သည် သခင့်ထံတော်တွင် မည်သို့ အပြစ်ဝန်ခံ၍ နောင်တရသည် ဖြစ်စေ အပြစ်၏ ချည်နှောင်ခြင်းမှ ကျွန်ုပ် တို့မလွှတ်မြောက်နိုင်ခြင်းမှာ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုကိုသာ ဆောင်ရွက်၍ သခင်ပေးသောအရာမှာ နောင်တလမ်းဖြစ်သည်။ ကျွန်ုပ်တို့အား စာတန်မာရ်နတ်ကဲ့သို့ သဘောသဘာဝ ကို ဖယ်ထုတ်စေ၍ စင်ကြယ်ခြင်းကိုရရှိစေသော ထာဝရအသက်လမ်း မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထာဝရအသက် လမ်းဆိုသည်မှာ မည်ကဲ့သို့သောအရာမျိုးကြီးဖြစ်သနည်း။ ကျွန်ုပ်တို့် မည်သို့ ရယူနိုင်မည်နည်း။ ကျွန်ုပ်သည် ဤမေးခွန်းတို့ ၏ အဖြေတို့ကို ရှာဖွေရန် စိတ်အားထက်သန်လေသည်။

ထို့နောက် ကျွန်ုပ်သည် နောက်ထပ် ပြန်စာတစ်ခုကို တွေ့သည်။ “ဒီတော့၊ ထာဝရအသက်လမ်းဆိုတာ ဘာလဲ။ ကျွန်တော်တို့ဟာ ထာဝရအသက်လမ်း အကြောင့်း ပြောတဲ့အခါ၊ ရိုးရှင်းတဲ့ အပြစ်များကိုဝန်ခံ ခြင်းနဲ့ နောင်တရခြင်းကို ပြောတာမဟုတ်ပါ။ ထာဝရအသက် ကိုပေးတဲ့ သမ္မာတရားလမ်းရဲ့ အကြောင်းကို ဆိုနေခြင်းဖြစ်ပါတယ်။ ပိုပြီး အသေးစိတ်ပြောရရင် ကျွန်တော်တို့ အပြစ်မှလုံးဝ လွှတ်မြောက်ပုံ၊ ကျွန်တော်တို့ဟာ သမ္မာတရားကို အသက်အဖြစ် ရရှိပုံ နဲ့ ကျွန်တော်တို့ရဲ့ အသက်တာ အနေအထားဟာ အမျိုးမျိုးသော အဆင့်များသို့ ပြောင်းလဲပုံ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ ကျွန်တော်တို့ရဲ့ ပြုမူဆောင်ရွက်ပုံ စည်းမျဉ်းတွေနဲ့ လက်တွေ့ဘဝအတွက် လမ်းညွှန်ကိရိယာဖြစ်လာပုံ၊ ဘုရားသခင်နဲ့ ကိုက်ညီမှုရှိလာပြီး ဘုရားသခင်ကို ခုခံခြင်း၊ သစ္စာဖောက်ခြင်းမရှိပုံ၊ ဘုရားသခင်ရဲ့ လက်ခံခြင်းကို အပြည့်အဝ ရရှိပုံတို့ဖြစ်ပါတယ်။ ဒါဟာ ထာဝရအသက်လမ်းဖြစ်ပါတယ်။ ဒါကြောင့် ထာဝရအသက်ကို ရယူနိုင်တဲ့သူတွေဟာ သမ္မာတရားကို ရရှိသူ၊ ပင်ကိုစရိုက် ပြောင်းလဲခြင်းကို ရရှိပြီးသူ၊ အပြစ်နဲ့ စာတန်ရဲ့လွှမ်းမိုးမှု မှ လွှတ်မြောက်သူတို့ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ အပြစ်မပြုလုပ်တော့ဘူး။ ဘုရားသခင်ကို မဆန့်ကျင်တော့ဘူး သို့မဟုတ် သစ္စာမဖောက်တော့ဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ အသိပညာကို ရရှိပြီး ဘုရားသခင်ကို နာခံ၊ ဝတ်ပြု၊ ချစ်ခင်နိုင်ကြပါတယ်။ ဘုရားသခင်နဲ့ကိုက်ညီ ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို နာခံသောသူ ဖြစ်လာလေသည်။ ဒီလိုလူတွေသာ ကောင်းကင်နိုင်ငံကို ဝင်ခွင့် ရ ကြပါတယ်။

“ဒါဆိုရင် ကျွန်တော်တို့ဟာ ထာဝရအသက်ကို ဘယ်လိုရရှိနိုင်မလဲ။ ‘ငါသည်အလျှင်အမြန် လာသည်’ လို့ သခင်ယေရှုက အကြိမ်များစွာ ပရောဖက်ပြုခဲ့ပြီး ကျွန်တော်တို့ကို ဒီလို ပြောခဲ့တယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန် ၁၂:၄၇-၄၈) ဒီနှုတ်ကပတ်တော်တွေကနေတစ်ဆင့် သခင်နောက်တစ်ဖန် ကြွလာတဲ့အခါမှာ သခင်ဟာ ကျွန်တော်တို့ကို သမ္မာ တရားရဲ့ ထာဝရတည်တံ့သောလမ်းကို အပ်နှင်း မှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အပြစ်ပြုတတ်တဲ့ သဘောသဘာဝကို တရားစီရင်ခြင်းအမှု နှင့် ပြစ်တင်ဆုံးမခြင်း စကား တို့အားဖြင့် လုံးဝ သန့်စင်ပေး မှာဖြစ်ပါတယ်။ ဒီလိုမှသာ ကျွန်တော်တို့ဟာ စာတန်ရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်မှာဖြစ်ပြီး အဆုံးမှာ ပင်ကိုယ်စိတ်သဘောထားပြောင်းလဲမှု ကို ရရှိနိုင်ပြီး ဘုရားသခင် အတွက် အကျိုးရှိ စေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော် နှင့်အညီ ဆောင်ရွက်မှသာ- စစ်မှန်တဲ့ လူတစ်ဦးလို အသက်ရှင်လျက် ဘုရားသခင်ကို အမှန်တကယ်ချစ် ပြီး နာခံတဲ့ သူတွေ ဖြစ်လာမှသသာ ကျွန်တော်တို့ဟာ ထာဝအသက် လမ်းကို အမှန်တကယ်ရရှိ ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမှန်တကယ် ဝင်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ သင်က ‘သခင် ခရစ်တော်ဟာ စင်ကြယ်ခြင်း နဲ့ ကယ်တင်ခြင်း အတွက် သမ္မာတရား ကို ကျေးဇူးတော်ကာလမှာ ဘာကြောင့် မဖော်ပြတာလဲ’ လို့မေးနိုင်ပါတယ်။ ဒီလိုဖြစ်တာကအဲဒီအချိန်ကာလတုန်းက ကျွန်တော်တို့တို့ လူသားတွေဟာ ဘုရားသခင်ရှေ့တော် သို့လာခါစသာ ဖြစ်ခဲ့ပြီး ဝိညာဉ်အသက်တာမှာ သေးငယ်နေပါတယ်။ ကျွန်တော်တို့ဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ယိုယွင်းသော ပင်ကိုယ်စရိုက်များ နဲ့သာ ပြည့်ဝနေတာကြောင့် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုကြားတာနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖယ်ထုတ်ပြီး သမ္မာတရားနဲ့အသက်ကို ရရှိပြီး နောင်တရလိုခြင်း ဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ရဲ့အမှုတော်ဟာကျွန်တော်တို့ကို သခင့်ထံတော်ပါးမှာ အပြစ်တွေ ဝန်ခံဖို့၊ နောင်တရဖို့ နှင့် သခင်ရဲ့ကျေးဇူးတော် ကို မွှေ့လျောဖို့ အခွင့်သာ ရပါတယ်။ နောက်ဆုံးသောကာလ မှာ သခင်ပြန်လာတဲ့ အချိန်မှာ သခင်ဟာ ကျွန်တော်တို့ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက်သမ္မာတရားကို ဖော်ပြပါလိမ်မယ်။ ကျွန်တော်တို့ရဲ့အပြစ်ပြုတတ်တဲ့ သဘောသဘောဝကို ဘယ်လိုဖယ်ရှားရမယ့် အကြောင်းနဲ့ ဘုရားသခင်ကို ချစ်ခင် နာခံတဲ့ သူတို့ ဖြစ်လာဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာတွေကို ပြောပြလိမ့်မယ်။ အဲဒီအချိန်မှာ ဒီသမ္မာတရားနဲ့အညီ ကျွန်တော်တို့ကျင့်ဆောင် နေသ၍၊ ကျွန်ုတို့ရဲ့အသက်တာ အဖြစ် အကျိုးရယူနေသ၍ ကျွန်တော်တို့ဟာ လုံးဝ စင်ကြယ် သန့်စင်ခြင်းခံရမယ်။ ဒီအချက်ကနေ ဘုရားသခင်က မတူညီတဲ့ခေတ်ကာလတွေမှာ မတူညီတဲ့ အမှုတော်တွေကို လုပ်ဆောင်ပြီး ကျွန်တော်တို့အပေါ်ကို မတူညီတဲ့နည်းလမ်းတွေနဲ့ ချပေးသနား ခြင်းဟာ ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့လိုအပ်ချက်တွေကို အခြေခံပြီးပြုလုပ်တယ်ဆိုတာတာ မြင်နိုင်တယ်။”

ဤနေရာထိ ဖတ်ရှုရာ ကျွန်ုပ်သည် ပို့စ်တွင် ဖော်ပြခဲ့သည် ကျမ်းချက်များဆီသို့ သမ္မာကျမ်းစာကို ချက်ချင်း ဖွင့်ဖတ်လိုက်ရာ သခင်ခရစ်တော် သည် ထို အနာဂတ္တိစကားတို့ကို ဆိုခဲ့သည်ကို တွေ့ရှိရသည်။ ထို့နောက် ကျွန်ုပ်သည် အောက်ပါ ကျမ်းချက်များကို ကျမ်းစာတွင် တွေ့ရှိသည်၊ “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲ ၉:၂၈)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။(ဗျာဒိတ် ၂:၇) ကျွန်ုပ် တွေးမိသည်မှာ “ဒီကျမ်းချက်တွေကသခင်ပြန်လာတဲ့အခါ သခင်ဟာ နောက်တဖန် မိန့်မြွက်မှာဖြစ်ပြီး လူတွေကို အပြစ်မှ လုံးလုံး သန့်စင် ကယ်တင်တဲ့ အမှုတို့ကို ဆောင်ရွက် မယ်လို့ငါတို့ကို ပြောပြနေတာ မဟုတ်ဘူးလား။ ငါတို့က နောက်ဆုံးသော ကာလ မှာ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို လက်ခံပြီး ဒါတွေကို ငါတို့ရဲ့ အသက်တာအဖြစ် ရယူပြီး ငါတို့ရဲ့ ယိုယွင်းသော ပင်ကိုယ်စရိုက်တို့ကို ဖယ်ရှား မှသာ ထာဝရအသက်လမ်းကို အမှန်တကယ် ရရှိနိုင်မယ့် သဘောရှိတယ်။”

ထိုအရာကို တွေးတောနေရာ ကျွန်ုပ်၏ နှလုံးသားထဲတွင် အလင်းကို ခံစားရ၍ စိတ်လှုပ်ရှားမှုဖြင့် စာရိုက်လိုက်သည်။ “သခင့်ကို ကျေးဇူးတင်တယ်၊ ဒီမိဿဟာယ ဖွဲ့မှုကနေတဆင့် သခင်ခရစ်တော်ဟာ ကျွန်တော်တို့ကို ထာဝရ အသက်လမ်း ပေးခဲ့တာ မဟုတ်ဘဲ နောင်တလမ်းကိုသာ ပေးအပ်ခဲ့တယ်ဆိုတာ ကို ကျွန်တော် နားလည်ခဲ့ပါတယ်။ သခင်ပြန်လာတဲ့အခါမှာ သခင်က ကျွန်တော်တို့ကို ပေးသနားမယ့် ထာဝရအသက်လမ်းကို လက်ခံခြင်းကသာ ကျွန်တော်တို့ရဲ့ ယိုယွင်းမှုကို လုံးလုံး သန့်စင်စေမှာ ဖြစ်ပါတယ်။ အခု နောက်ဆုံးမှာတော့ ကျွန်တော်သခင် ခရစ်တော် ရဲ့ နှုတ်ကပတ်တော်ရဲ့ အဓိပ္ပါယ်အမှန်ကို နားလည် ခဲ့ပါပြီ။ ‘ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန် ၄:၁၄) သခင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။”

ရှေ့သို့သွားရန်

ကမ္ဘာလောကအနှံ့အပြားတွင် ကပ်ဘေးများ မကြာခဏ ဖြစ်ပျက်နေပြီး၊ ၎င်းတို့သည် နောက်ဆုံးသော ကာလ ရောက်ရှိခြင်းကို ကြေညာရင်း၊ အတိုင်းအတာအားဖြင့် ကြီးထွားနေသည်။ သမ္မာကျမ်းစာထဲမှာ- “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၇)ဟု ဆိုထားသည်။ နောက်ဆုံးသော ကာလအတွင်း သခင် ပြန်ကြွလာချိန်တွင် သူသည် ကောင်းသောသူများကို ဆုချီးမြှင့်မည်ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးကာ လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်မည်ကို ကျွန်ုပ်တို့ သိပါသည်။ သို့ဆိုလျှင် သူသည် ကောင်းသောသူများကို မည်သို့ ဆုပေးပြီး ဆိုးယုတ်သောသူများကို မည်သို့ အပြစ်ပေးမည်ဖြစ်ကာ၊ လူတို့၏ အဆုံးသတ်များကို သူသည် မည်သို့ ဆုံးဖြတ်လိမ့်မည်နည်း။

အမှာစကား ချန်ခဲ့မည်