စာရင်း

ခရစ်ယာန်တစ်ဦး၏ ဝေမျှခြင်း- စုဝေးပွဲများကို ပုံမှန်မတက်နိုင်လျှင် ကျွန်ပ်တို့ မည်သို့လုပ်ဆောင်သင့်သနည်း

ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ

ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။

အန်းဂျင်း

မင်္ဂလာပါ ညီမ အန်းဂျင်း

ညီမက စုဝေးပွဲများကို အချိန်မှီ မတက်ရောက်လိုကြောင်း နဲ့ ညီမမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေ ရရင်း၊ အဲဒီအချိန်မှပဲ ညီမရဲ့ ညီအစ်ကိုမောင်နှမတွေကို စကားပြောဖို့ တက်ကြွစွာ မျှော်လင့်တဲ့ တစ်ခုတည်းသော အချိန်ဖြစ်ကြောင်းတို့ကို ပြောခဲ့တယ်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းက ဘယ်အရာ ဖြစပြီး စုဝေးပွဲတွေရဲ့ အရေးကြီးမှုကို ကျွန်မတို့ နားလည် သဘောပေါက်ခြင်း မရှတာကြောင့် ဒီလိုတွေးကြတာပါ။ အဲဒါက ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ ယုံကြည်မှုမှာ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ရရှိနိုင်မရရှိနိုင် ဆိုတဲ့အချက်နဲ့ တိုက်ရိုက် ဆက်နွယ်နေတာနဲ့ အညီ ဒီလို သမ္မာတရားရဲ့ ရှုထောင့်က ကျွန်မတို့အတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုရှုထောင့်အကြောင်း ကျွန်မ နားလည်သဘောပေါက်မှုလေး အနည်းငယ်ကို ပြောပြပါမယ်။ ဒီလိုက ညီမအတွက် အသုံးတည့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

ခရစ်ယာန်တစ်ဦး၏ ဝေမျှခြင်း

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း

ကမ္ဘာပေါ်တွင် လူသားက ဘုရားသခင်ကို ဂုဏ်ပြုပြီး၊ ဝတ်ပြုကိုးကွယ်စေဖို့ နဂိုက ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ခြင်း ဖြစ်ကြောင်းကို ကျွန်မတို့အားလုံး သိကြပါသည်။ သခင်ယေရှုက “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၈) ဟု မိန့်တော်မူခဲ့သည်။ သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်မတို့အားလုံးက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်း အပြင်၊ ဘုရားသခင်နှင့် သာမန် ပေါင်းသင်းဆက်ဆံရေး ရရှိဖို့ ကို အလေးထားသင့်ပါသည်။ စုဝေးပွဲတွေ၊ ဆုတောင်းခြင်း၊ သမ္မာတရားကို ဝေမျှခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း နှင့် ဘုရားသခင်ကို ချီးမွမ်းခြင်းတို့သည် ဘုရားသခင်နှင့် သာမန် ပေါင်းသင်းဆက်ဆံရေး တစ်ခုကို တည်ထောင်ရန် နည်းလမ်းများပင် ဖြစ်ပါသည်။ ခရစ်ယာန်များအနေဖြင့် ဤအရာများက ကျွန်မတို့ လုပ်ဆောင်ရမည့် အနည်းဆုံးအရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက “‘ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ဘုရားသခင်ကို ယုံကြည်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။” (ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း) “ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။…ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။...ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။” (ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဟု မိန့်တော်မူခဲ့သည်။ ကျွန်မတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နှုတ်ဖြင့် အသိအမှတ်ပြုခြင်း နှင့် ကျွန်မတို့နှလုံးသားတွင်း၌ ယုံကြည်ခြင်းတို့သာ ပါဝင်ပြီး၊ ကျွန်မတို့က သမ္မာတရားကို မရှာဖွေသည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံ ခံစားခြင်းနှင့် လက်တွေ့ လုပ်ဆောင်ခြင်းလည်း မရှိပဲနှင့်၊ ယုံကြည်ခြင်းကို ဝိညာဉ်ရေးရာ အထောက်အပံ့ သို့မဟုတ် ဝါသနာအဖြစ်သာ သတ်မှတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း မဟုတ်ကြောင်းကို ဤနှုတ်ကပတ်တော်များမှနေပြီး ကျွန်မတို့ မြင်တွေ့နိုင်ပါသည်။ ဘုရားသခင်က ဤသို့သော ယုံကြည်မှုမျိုးကို မချီးမွမ်းပါ။ ဘုရားသခင်၌ အမှန်တကယ် ယုံကြည်သူများသည် မကြာခဏဆိုသကဲ့သို့ ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်သင့်ပြီး၊ မကြာခဏ ဘုရားသခင်ကို ဆုတောင်းကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသင့်သည်၊ စုဝေးပွဲများကို မကြာခဏ တက်ရောက်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ နောက်ထပ် သမ္မာတရားများကို နားလည်သင့်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန် နှင့် လက်တွေ့လုပ်ဆောင်ရန် တကယ့်လက်တွေ့ဘဝထဲသို့ ယူဆောင်လာသည်။ ၎င်းတို့က နေ့စဉ်ဖြစ်ပျက်နေသည့်အရာများကို ဘုရားသခင်က ဦးဆောင်ပြီး၊ စီစဉ်နေသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ သူတို့က သူတို့ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်ခုကို တွေ့ကြုံရသည့် အချိန်နှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သည့် အချိန်များတွင် အထူးသဖြင့် မှန်ကန်ပါသည်။ သူတို့သည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သူတို့ကိုယ်သူတို့ ပြန်လည်သုံးသပ်နိုင်ပါသည်။ သူတို့က ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်တွင် သူတို့ သင်ယူသင့်သည့် သင်ခန်းစာများနှင့် သူတို့ဝင်ရောက်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများကို ရှာဖွေနိုင်စွမ်းလည်း ရှိပါသည်။ နောက်ပိုင်းတွင် သူတို့က ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ၎င်းတို့ကို အမှန်တကယ် လက်တွေ့ လုပ်ဆောင်ပြီး၊ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားကာ၊ သာမာန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်သည့်အပြင် အဆုံးသတ်တွင် ဘုရားသခင်ကို မှန်ကန်သည့် နားလည်သဘောပေါက်ခြင်းတစ်ခု၊ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အတွက် ချစ်ခြင်းတို့ကိုပါ ရရှိခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို ဤနည်းဖြင့် တွေ့ကြုံခံစားခြင်းသာလျှင် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း ပါဝင်ပေသည်။ ကျွန်မတို့က ဤနည်းဟန်ဖြင့် ဘုရားသခင်ကို ယုံကြည်မှသာလျှင် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်မည် ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျွန်မတို့ ယုံကြည်မှုတွင် ဘုရားသခင်နှင့် သာမာန် ပေါင်းသင်းဆက်ဆံရေး၊ စုဝေးပွဲများတွင် ပုံမှန်ပါဝင်ခြင်း၊ ဆုတောင်းခြင်း၊ သမ္မာတရားကို ဝေမျှခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းတို့မရှိပါက၊ အချိန်အားမှ ယုံကြည်ခြင်းသာ ဖြစ်ပါက၊ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီဖြစ်သော်လည်း ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား လုံးဝ မပြောင်းလဲခြင်း၊ နှင့် ဘုရားသခင်ကို စစ်မှန်သော နားလည်သဘောပေါက်မှု မရှိပါက၊ ကျွန်မတို့၏ ယုံကြည်ခြင်းနှင့် မယုံကြည်သူများ၏ ယုံကြည်ခြင်းတို့အကြား ကွာခြားချက် မရှိပါ။ ဘုရားသခင်က ဤသို့သော ယုံကြည်မှုမျိုးကို အသိအမှတ်မပြုပါ။ ကျွန်မတို့ ယုံကြည်မှုက ဤသို့ဖြစ်နေပါလျှင်၊ ကျွန်မတို့က အဆုံးသတ်ထိ ယုံကြည်သည့်တိုင်၊ ဘုရားသခင်၏ လက်ခံမှုနှင့် ကယ်တင်ခြင်းတို့ကို ကျွန်မတို့ ရရှိမည်မဟုတ်ပါ။

အသင်းတော်အသက်တာသည် ပဓာနကျသည်

ကျွန်မတို့က စုဝေးပွဲများကို အချိန်မှန်တက်ရောက် လိုခြင်းမရှိပါက၊ ကျွန်မတို့သည် အသင်းတော်အသက်တာ၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်း မရှိကြောင်း ဤအချက်က ညွှန်ပြနေသည်။ အမှန်မှာမူ အသင်းတော်အသက်တာသည် ကျွန်မတို့၏ ဘုရားနှုတ်ကပတ်တော်များကို ဝေငှခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းနှင့် ဝင်ရောက်ခြင်း အသက်တာဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံခံစားခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပျော်မွေ့ခြင်း အသက်တာလည်း ဖြစ်ပါသည်။ ကျွန်မတို့၏ သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရားထဲ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှ မှတစ်ဆင့် အောင်မြင်ရရှိသည့် ရလာဒ်တစ်ခု လုံးလုံးဖြစ်ပါသည်။ ကျွန်မတို့အချင်းချင်း အစေခံပြီး၊ ထောက်ပံ့ပေးသည့်၊ ကျွန်မတို့ တာဝန်များကို ဖြည့်ဆည်းပြီး ဘုရားသခင်ကို သက်သေခံသည့် အသင်းတော်အသက်တာမှ တစ်ဆင့်သာလျှင် ကျွန်မတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို အလွယ်တကူရရှိနိုင်ပါမည်။ အခြားနည်းဖြင့်ဆိုရသော် ကျွန်မတို့ယုံကြည်မှုနှင့် ပတ်သက်ပြီး ဘုရားသခင်၏ လက်ခံမှုကို ကြိုးပမ်းရရှိခြင်းနှင့် ကိုယ်တော့်ကယ်တင်ခြင်းကို ရရှိခြင်းတို့သည် သာမာန်အသင်းတော် အသက်တာနှင့် ခွဲခြားမရနိုင်အောင် ဆက်နွှယ်နေပါသည်။ သမ္မာ ကျမ်းစာတွင် “လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။” (ဟေဗြဲ သြဝါဒစာ ၁၀:၂၅) ဟု ပြောထားသည်။ သခင်ယေရှုက “တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။(ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀) ဟု မိန့်တော်မူခဲ့သည်။ အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ခြင်းသည် ကျွန်မတို့ ခရစ်ယာန်များအတွက် ဘုရားသခင်၏ တောင်းဆိုချက်များထဲမှ တစ်ခု ဖြစ်ကြောင်း ဤအချက်မှ ကျွန်မတို့ မြင်တွေ့နိုင်ပါသည်။ ကျွန်မတို့၏ အရည်အသွေးသည် ကန့်သတ်ခံရပြီး၊ ကျွန်မတို့မှာ သမ္မာတရားကို လက်ခံရန် အစွမ်းအစမရှိသည့် အားလျော်စွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ရန် အလွန်ခက်ခဲပါသည်။ ကျွန်မတို့က တိုက်ရိုက် အဓိပ္ပါယ်များစွာကို နားလည်သဘောပေါက်သော်လည်း လူသားအတွက် ဘုရားသခင်ထံတွင် ရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကိုမူ အနည်းငယ်သာ နားလည် သဘောပေါက်ပါသည်။ သို့သော်လည်း ကျွန်မတို့က အသင်းတော် အသက်တာတွင် အစဉ်တစိုက် ပါဝင်ဆောင်ရွက်ပြီး၊ ကျွန်မတို့ ညီအစ်ကိုမောင်နှမများနှင့် အတူတကွ ဆုတောင်းကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော မိမိတို့ကိုယ်ပိုင် နားလည်သဘောပေါက်မှု နှင့် တွေ့ကြုံခံစားမှုတို့ကို ဝေမျှပါက၊ ကျွန်မတို့သည် သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။ ကျွန်မတို့က ပို၍ပင်များပြားသော အလင်းများနှင့် ဆုလာဘ်များတို့ကို ရရှိကာ၊ ကျွန်မတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုမှုများတို့ကို ပို၍ ရှင်းလင်းစွာ နားလည်သဘောပေါက်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းသည်လည်း ပို၍ပင် ရှင်းလင်းလာလိမ့်မည်။ အထူးသဖြင့် ကျွန်မတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည် သဘောမပေါက်ချိန် သို့မဟုတ် ကျွန်မတို့က ခက်ခဲမှုအမျိုးစုံကို ကြုံတွေ့ရချိန် တို့တွင်၊ ညီအစ်ကိုမောင်နှမများက ဘုရားသခင်ကို ရှာဖွေပြီး၊ ဘုရားသခင်ထံ အတူတကွ ဆုတောင်းကြပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်မတို့မှတစ်ဆင့် အလုပ်လုပ်ပြီး၊ သမ္မာတရားကို နားလည်သဘောပေါက်သည့် ညီအစ်ကိုမောင်နှမများမှတစ်ဆင့် ကျွန်မတို့ကို ရေလောင်းပြီး၊ ဦးဆောင်လမ်းပြတော်မူလိမ့်မည်။ ထိုသို့ဖြစ်လျှင် ကျွန်မတို့သည် နက်နဲသော ဘုရားသခင့်နှုတ်ကပတ်တော်၏ အဓိပ္ပါယ်ကို နားလည်နိုင်ပြီး၊ ကျွန်မတို့က သမ္မာတရားကို နားလည်သဘောပေါက်သောကြောင့် ကျွန်မတို့၏ ပြဿနာများနှင့် အခက်အခဲများ အားလုံးသည်လည်း ပြေလည်သွားပါလိမ့်မည်။ ကျွန်မတို့ အသင်းတော်အသက်တာတွင် ပြဿနာများကို ပို၍ဖြေရှင်းလေ ကျွန်မတို့က နောက်ထပ် သမ္မာတရားများကို နားလည်သဘောပေါက် ပြီး၊ ရရှိလေ ဖြစ်ပါသည်။ ဤနည်းအားဖြင့် ကျွန်မတို့က စိတ်ရှုပ်ထွေးမှုများနှင့် အခက်အခဲမျိုးစုံတို့၌ အသက်ရှင်နေထိုင်တော့မည် မဟုတ်ပါ။ ကျွန်မတို့၏ အသက်တာများသည် သက်သောင့်သက်သာဖြစ်ပြီး လွတ်မြောက်နေမည် ဖြစ်သည်။ ကျွန်မတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုမှုများတို့နှင့်အညီ ကျွန်မတို့ ကြုံတွေ့ရသည့် အခြေအနေများကို ကိုင်တွယ်နိုင်မည်။ တဖြည်းဖြည်းချင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မတို့ အခြေအနေများကို ကိုင်တွယ်ရာတွင် အခြေခံမူများနှင့် လမ်းညွှန်မှုများ ဖြစ်လာမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်၊ ကျွန်မတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေလှမ်းနိုင်ပါလိမ့်မည်။

ကျွန်မတို့က အသင်းတော်အသက်တာတွင် မပါဝင်ပါက၊ ကျွန်မတို့က အခါအခွင့်သင့်သလို မိမိဘာသာ ဘုရားသခင်ကို ဆုတောင်းပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကျွန်မတို့ ရရှိခြင်းသည် အလွန် ကန့်သတ်ခံရလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိပဲနှင့်၊ ကျွန်မတို့က သမ္မာတရားကို နားလည်မှာ မဟုတ်သလို သမ္မာတရား၏လက်တွေ့အရှိတရားထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပါ။ ကျွန်မတို့က အခက်အခဲများ သို့မဟုတ် ပြဿနာများကို ကြုံတွေ့ရသည့်အခါတွင်၊ ကျွန်မတို့က ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အတွက်၊ မကြာခဏဆိုသလို မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိသကဲ့သို့၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိပါ။ ကျွန်မတို့က အရေးကိစ္စများကို လုပ်ဆောင်ရန် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများပေါ်တွင် မှီခိုပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ချိုးဖောက်ပြီး ဘုရားသခင်၏ စိတ်သဘောထားကိုပင် ပြစ်မှားစော်ကားမိသည့် အရာများကို လုပ်မိလိမ့်မည်။ ကျွန်မတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကိုလည်း ဆုံးရှုံးရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက “သင်၏ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်မဟုတ်ပါက၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သင်နားမလည်နိုင် သကဲ့သို့၊ ထိုအစား ယင်းသည် သင့်ကိုယ်ပိုင်အယူအဆများနှင့် သဟဇာတ လုံးဝမဖြစ်ဟု သင်အမြဲတမ်းခံစားရကာ၊ သင်သည် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိသော်လည်း အတွင်းပိုင်း တက်ကြွမှု ကင်းမဲ့လေသည်။ ထို့ကြောင့်၊ လက်ရှိတွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ လူတို့သည် ပူပေါင်းဆောင်ရွက်သင့်သည်။ အကယ်၍ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုကို မပြုနိုင်ပေ၊ ပြီးလျှင် လူတို့သည် ပူးပေါင်းလုပ်ဆောင်လိုသော စိတ်နှလုံးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ၎င်းတို့ အနည်းငယ်သာ ရနိုင်ပေသည်။...လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့ သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်သည် နဂိုမူလက သူတို့ ပိုင်ဆိုင်ခဲ့သည့် အရာများအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။ အတွင်းတွင်၊ လူတို့သည် သက်သောင့်သက်သာရှိမှုအတွက် အမြဲအလိုကြီးကြပြီး၊ ရနှင့်ပြီးသောအရာကို ပို၍ မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ကတိတော်များကို မည်သည့် အဖိုးအခမျှ လုံးဝမပေးဘဲ ရလိုကြသည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က စဉ်းစားသည့် လွန်ကဲသော အတွေးများဖြစ်သည်။ အဖိုးအခမပေးဘဲ အသက်ကိုယ်တိုင်ကို ရယူခြင်း- သို့သော် ဤမျှ လွယ်ကူသည့်အရာ ရှိဖူးသလော။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ကာ အသက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားပြီး ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အဖိုးအခတစ်ခု ပေးပြီး သူ့နောက်သို့ အမြဲလိုက်မည့် အခြေအနေတစ်ခုကို ရရှိရမည်ဖြစ်သည်။ ဤသည်ကား လူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဤအရာအားလုံးကို စည်းမျဉ်းတစ်ခုကဲ့သို့ လိုက်လျှောက်လျှင်ပင်၊ ထိုစည်းမျဉ်းကို သင် အမြဲ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ စမ်းသပ်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်နှင့်သင်၏ပုံမှန်ဆက်ဆံရေးကို လက်လွှတ်၍ မဖြစ်နိုင်ပေ။ သင် ဆုတောင်းနိုင်သင့်သည်၊ သင်၏ အသင်းတော် အသက်တာကို ထိန်းသိမ်းနိုင်သင့်ပြီး၊ ညီအစ်ကိုမောင်နှမများကို ဘယ်သောအခါမျှ မစွန့်ခွာဘဲ နေနိုင်သင့်ပေသည်။ ဘုရားသခင် သင့်ကို စမ်းသပ်သည့်အခါ၊ သမ္မာတရားကို သင် ရှာဖွေဆဲ ဖြစ်သင့်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ အသက်တာအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။(သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်) ဟု မိန့်တော်မူထားသည်။ သာမာန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုသည် ကျွန်မတို့အဖို့ အလွန်အရေးကြီးကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှနေပြီး ကျွန်မတို့တွေ့မြင်နိုင်ပါသည်။ ဆုတောင်းခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ စုဝေးပွဲများ တက်ရောက်ခြင်းတို့အားလုံးသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု၏ အစိတ်အပိုင်းများပင် ဖြစ်သည်။ ကျွန်မတို့က ဤအရာများကို လိုက်နာ ကျင့်သုံးနိုင်ခြင်းမရှိနိုင်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကျွန်မတို့ ရနိုင်မည် မဟုတ်ပါ။ ကျွန်မတို့နှလုံးသားများသည် ဘုရားသခင် နောက်လိုက်လိုသော်လည်း၊ ကျွန်မတို့မှာ ယုံကြည်မှုရှိမည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မတို့ အလုပ်လုပ်သော ဘဝများသည် မည်မျှ အလုပ်ရှုပ်နေပါစေ၊ ကျွန်မတို့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များ မည်မျှ ပင်ပန်းနွမ်းနယ်နေပါစေ၊ ကျွန်မတို့က ဘုရားသခင်နှင့် မိမိတို့၏ သာမာန်ပေါင်းသင်းဆက်ဆံရေးကို မဆုံးရှုံးသင့်ပါ။ အနည်းဆုံးအနေနှင့် ကျွန်မတို့က သာမာန်ဝိညာဉ်ရေးရာ အသက်တာကို ထိန်းသိမ်းရပါမည်။ အခြေအနေများကို ကြုံတွေ့လာသည့်အခါ ကျွန်မတို့က ဘုရားသခင်ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်ပြီး၊ သမ္မာတရားကို ရှာဖွေသည့်အပြင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရပါမည်။ ဤသည်ကို လုပ်ဆောင်ခြင်းဖြင့် သာလျှင်၊ ကျွန်မတို့၏ ဝိညာဉ်ရေးရာအသက်တာသည် အရှုံးမပေးသော အသက်တာဖြစ်လာမည်။ သို့မှသာလျှင် ကျွန်မတို့က အခြေအနေများကို ကြုံတွေ့ရသည့်အချိန်တွင် လမ်းကြောင်းတစ်ခု ရှိလာမည်။

သက်ဆိုင်သည့် အကြောင်းအရာ-

ဘုရားသခင် ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်ခြင်း နှင့် ဘုရားသခင်၏ ကွယ်ကာမှုကို လက်ခံရရှိခြင်း

သခင်ယေရှုက “အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။(ရှင်မဿဲခရစ်ဝင် ၁၁:၃၀) ဟု မိန့်တော်မူခဲ့သည်။ ကျွန်မတို့ သက်သောင့်သက်သာနှင့် လွတ်လပ်စွာ အသက်ရှင်နေထိုင်နိုင်ဖို့ ဘုရားသခင်က မျှော်လင့်တော်မူသည်။ ကိုယ်တော်က ကျွန်မတို့ကို လောကီထဲတွင် ထွေးပတ်ပြီး၊ ဆင်းရဲဒုက္ခခံစားနေသည်ကို မမြင်တွေ့လိုပါ။ ထို့ကြောင့် ကျွန်မတို့က အလုပ်လုပ်ခြင်းမှ ပင်ပန်းနွမ်းနယ်လွန်းသောခံစားချက်ကြောင့် စုဝေးပွဲများကို မတက်ရောက်လိုကြသည်မှာ အဘယ့်ကြောင့်နည်း။ အမှန်မှာမူ ထိုသို့သော အကြံဉာဏ်များသည် စာတန်ထံမှ အစပြုခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် စာတန်၏ ဆိုးယုတ်သော အကြံအစည်များ ပါဝင်နေသည်။ ဘုရားသခင်က “လူသား၏အထဲတွင် ဘုရားသခင် လုပ်ဆောင်လိုသည့်အရာသည် စာတန် ဖျက်စီးလိုသည့်အရာ အတိအကျဖြစ်ပြီး၊ စာတန် ဖျက်စီးလိုသည့်အရာသည် လုံးဝ မကွယ်မဝှက်ဘဲ လူသားမှတဆင့် ထုတ်ဖော်ပြထားသည်။...လူသားမျိုးနွယ်ထဲ၌ စာတန်၏ ဖျက်ဆီးခြင်း၏ ရှင်းလင်းသော ကိုယ်စားပြုချက်များလည်း ရှိ၏- ၎င်းတို့သည် အကျင့်စာရိတ္တပျက်ပြားသထက် ပျက်ပြားလာကြပြီး ၎င်းတို့၏ အခြေအနေများက သာ၍ နိမ့်ကျစွာ ကျဆင်းနေလေသည်။ ၎င်းတို့၏ အခြေအနေများ ကြောက်မက်ဖွယ် အလုံအလောက် ဖြစ်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် စာတန်၏ ဖမ်းဆီးခြင်းခံရဖွယ် ရှိလေသည်။” (ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဟု မိန့်တော်မူခဲ့သည်။ စာတန်က ဘုရားသခင်၏ ရန်သူဖြစ်သည်။ ၎င်းက ဘုရားသခင်ကို ရှုထောင့်မျိုးစုံတွင် ဆန့်ကျင်ပြီး၊ ၎င်းက ကျွန်မတို့၏ အားနည်းသည့် အချက်များကို မကြာခဏ ပစ်မှတ်ထားပြီး တိုက်ခိုက်သည်။ ကျွန်မတို့အတွင်း၌ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသည့်အတွက် ကျွန်မတို့သည် စာတန်၏ အဆိပ်များဖြင့် ပြည့်နှက်နေသည်။ ကျွန်မတို့က ကြွယ်ဝမှု၊ ကျော်ကြားမှု၊ အဆင့်အတန်း နှင့် သွေးသားဆိုင်ရာ ပျော်မွေ့မှုများ စသည်တို့ကို နှစ်သက်ကြသည်။ ကျွန်မတို့က ကြွယ်ဝမှု သို့မဟုတ် ကျော်ကြားမှုတို့အတွက် အကြီးအကျယ် ကြိုးစားအားထုတ်ဖို့ တွေဝေ တုံ့ဆိုင်းမနေသည့်အပြင် ထိုပန်းတိုင်များအတွက် ကျွန်မတို့က မည်သည အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်။ ထို့ကြောင့် စာတန်က ကျွန်မတို့ကို အသွေးအသားဆိုင်ရာ အရှုပ်အယှက်များတွင် နစ်စေရန်၊ ကျွန်မတို့၏ ဘုရားသခင်နှင့် သာမာန်ပေါင်းသင်းဆက်ဆံရေးကို နှောင့်ယှက်ရန် အပြင်၊ ဘုရားသခင်ကို ကျွန်မတို့ ရှောင်ကြဉ်စေရန်နှင့် သစ္စာဖောက်စေရန် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို အသုံးပြုပြီး၊ အဆုံးသတ်တွင် ကျွန်မတို့ကို ဝါးမြိုခြင်းဟူသော သူ၏ ပန်းတိုင်ကို အောင်မြင်ရရှိသည်။ ကျွန်မတို့က မိမိတို့၏ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ ဆန္ဒများကို ဖြည့်ဆည်းပါက၊ ကျွန်မတို့က ဘုရားသခင်ထံ မကြာခဏ တိုးဝင်နီးစပ်ခြင်းမရှိပါက၊ ကျွန်မတို့သည် စာတန်၏ ကွန်ယက်ထဲတွင် ပိတ်မိစေရန်၊ လောကီ၏ ဆိုးယုတ်သော ရေပန်းစားမှုများနောက်လိုက်ရန်၊ ထို့အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ချိုးဖောက်သည့် အချို့သော အရာများကို လုပ်ဆောင်မိပြီး ဘုရားသခင်ကို ကျွန်မတို့အား စက်ဆုပ်ရွံရှာစေသည့် အခြေအနေအထိ လက်လွတ်စပယ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာဖို့ အလွန်လွယ်ကူပါလိမ့်မည်။ စုဝေးပွဲများသည် ဘုရားသခင်ထံနီးကပ်စေဖို့ ကျွန်မတို့၏ အခွင့်အလမ်းပင် ဖြစ်ပါသည်။ ၎င်းတို့က ကျွန်မတို့နှင့် ဘုရားသခင်အကြား ကွာခြားခြင်းကို နီးကပ်စေပြီး၊ ကျွန်မတို့ကို ဘုရားသခင်၏ ရှေ့တော်မှောက်တွင် မကြာခဏ အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံရန်၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ကို လက်ခံရရှိစေရန် ခွင့်ပေးပါသည်။ ကျွန်မတို့၏ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရေး ပုံမှန်ဖြစ်လာသည်နှင့် တပြိုင်နက်၊ ကျွန်မတို့ ဝိညာဉ်များသည် ထက်မြက်လာပြီး၊ ဘုရားသခင် မုန်းတီးသော၊ ဘုရားသခင် နှစ်ခြိုက်တော်မူသော အရေးကိစ္စများကို ကျွန်မတို့ ခွဲခြားသိမြင်နိုင်လာမည်။ အခြေအနေများကို ကျွန်မတို့ ကြုံတွေ့ရသည့်အချိန်တွင် ဘုရားသခင်၏ ဘက်တွင် ရပ်တည်နိုင်ကာ၊ ကျွန်မတို့၏ သွေးသားဆိုင်ရာ နှစ်သက်မှုများနောက် မလိုက်ပဲနှင့် ဘုရားသခင်ကို ဆန့်ကျင် သို့မဟုတ် ခုခံသော အရာတစ်စုံတစ်ခုကိုလည်း လုပ်မည် မဟုတ်ပါ။ ဤအချက်၏ ရလဒ်တစ်ခုအနေဖြင့် ကျွန်မတို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ပို၍ပင် ရရှိပါမည်။ ထို့ကြောင့် အသင်းတော် အသက်တာက ကျွန်မတို့ ဘုရားသခင်၏ လက်ခံမှုနှင့် ကယ်တင်ခြင်း ရရှိနိုင်ခြင်းရှိမရှိ ဆိုသည်နှင့် ပတ်သက်၍ အလွန် အရေးကြီးပါသည်။ ကျွန်မတို့၏ ယုံကြည်မှုက အားနည်းပြီး၊ ကျွန်မတို့ အခြေအနေက ပုံမှန်မဟုတ်သည့်အခါတွင် ကျွန်မတို့က ဘုရားသခင် ရှေ့တော်မှောက်ကို ပို၍လာရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ပို၍ ဆုတောင်းကာ၊ ဘုရားသခင်အပေါ် မှီခိုရပါမည်။ ကျွန်မတို့က အသင်းတော် အသက်တာကို မစွန့်ခွာရမည်မဟုတ်ပါ။ တစ်ချိန်တည်းမှာပင် ကျွန်မတို့က ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သူ့ ရှေ့တော်မှောက်တွင် သံဓိဌာန်ချမှတ်ရမည်။ ဤနည်းအားဖြင့် ဘုရားသခင်နှင့် ကျွန်မတို့ ပူးပေါင်းသည့် အချိန်တွင်၊ စာတန်၏ အကြံအစည်များသည် ကျွန်မတို့အပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသည့်အပြင်၊ ၎င်းက ချောက်ချားကာ ထွက်ပြေးလိမ့်မည်။ ကျွန်မတို့၏ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရေး ပုံမှန်ဖြစ်လာသည်နှင့် တပြိုင်နက်၊ စုဝေးပွဲ တက်ရောက်ခြင်းသည် မလုပ်ချင်သောအလုပ်ကို လုပ်ရသည်ဟု ကျွန်မတို့ ခံစားရတော့မည်မဟုတ်ပါ။ ဆန့်ကျင်ဖက်အားဖြင့် စုဝေးပွဲတက်ရောက်ခြင်းသည် ကျွန်မတို့အနေဖြင့် ဘုရားသခင်ထံကို တိုးဝင်နီးကပ်စေရန် နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု ကျွန်မတို့ ခံစားရလိမ့်မည်။

ကိုယ်တော်ရဲ့ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါ တယ်။ ညီမ အန်းဂျင်၊ ဒီနေရာကကျွန်မတို့ရဲ့ ဒီနေ့မိတ်သဟာယ အဆုံးသတ်မယ့် နေရာပါ။ ဒီနေ့ ညီမကို ကျွန်မပေးတဲ့ အသိဉာဏ်ပညာက အထောက်အကူ အချို့ ဖြစ်မယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်။ ညီမမှာ မေးခွန်းတစ်ခုတစ်လေ ရှိရင်၊ အတူတကွ ဆွေးနွေးကြရအောင်။

ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်း

အယ်ဒီတာ့ မှတ်စု- ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းအကြောင်း ယနေ့ဝေငှခြင်းမှ၊ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းအပြင်၊ အသင်းတော်အသက်တာ၌ အသက်ရှင် နေထိုင်ခြင်း၏ အရေးပါမှုတို့ကို ကျွန်မတို့ ယခုနားလည် သဘောပေါက်ခဲ့ပါသည်။ အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းသည် ကျွန်မတို့အနေဖြင့် ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းဆိုင်ရာ အရေးကြီးသော ကိစ္စရပ်နှင့် တိုက်ရိုက် ဆက်နွယ်နေသည်နှင့်အညီ၊ ၎င်းသည် အလွန့်အလွန်ပင် အရေးကြီးကြောင်းကိုလည်း ယခု ကျွန်မတို့ သိပါပြီ။ ကျွန်မတို့ ယုံကြည်မှုတွင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ထိုက်တန်စွာ ရရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို ကျွန်မတို့ အတူတကွ လေ့လာနိုင်ဖို့ ကျွန်မအနေဖြင့် သင့်ကို ဘုရားသခင်၌ ယုံကြည်ခြင်း ဟု ခေါ်သည့် ဧဝံဂေလိရုပ်ရှင်တစ်ခုကို နောက်ထပ် အကြံပြုလိုပါသည်။

အမှာစကား ချန်ခဲ့မည်