စာရင်း

သမ္မာကျမ်းစာ ဆွေးနွေးချက်- သခင်ယေရှုက နောက်ဆုံးသောကာလတွင် သူ၏ နာမတော်ကို ပြောင်းလဲမလား

ရောင်းလီး တရုတ်ပြည်

ကျွန်တော်တို့သည် သခင်ယေရှု၏ နာမတော် အကြောင်း တွေးသည့်အချိန်တွင် ဤကျမ်းချက်များ ကို မကြာခဏ တွေးလေ့ရှိကြသည်၊ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ သြဝါဒစာ ၁၃:၈) “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂) သခင်ယေရှုနာမတော်သည် လုံးဝပြောင်းလဲလိမ့်မည် မဟုတ်သည့်အပြင်၊ နောက်ဆုံးသောကာလတွင် ကိုယ်တော် ပြန်ကြွလာ ပါက၊ သူ့နာမတော်သည် ယေရှုမဟုတ်ပါက၊ ကျွန်တော်တို့က သူ့ကို ယုံကြည်ရန် သို့မဟုတ် နောက်လိုက်ရန် ငြင်းဆန်ရမည် ဖြစ်ကြောင်း ဤကျမ်းချက်များက များစွာသောသူတို့ကို ယုံကြည် စေသည်။

သို့သော်လည်း ညီအစ်ကိုမောင်နှမများက “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ သြဝါဒစာ ၁၃:၈) ဆိုသည့် နှုတ်ကပတ်တော်များက သမ္မာကျမ်းစာထဲတွင် အမှန်တကယ် မှတ်တမ်းတင် ထားသော်လည်း၊ ဗျာဒိတ်ကျမ်းတွင် ဤပရောဖက် ပြုခြင်းဖြစ်သည့် “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂) လည်း ပါဝင်သည်ဟု အချို့ညီအစ်ကိုမောင်နှမများက မေးမြန်းကြသည်။ ကိုယ်တော်သည် နောက်ဆုံးသောကာလများတွင် ပြန်ကြွလာသည့်အချိန်တွင်၊ သူသည် အောင်မြင်သူ တစ်အုပ်ကို စုံလင်စေသည့်အပြင်၊ နာမတော်အသစ် တစ်ခုလည်း ရှိမည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန်ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ဘုရားသခင်က နောက်ဆုံးသောကာလ၌ နာမတော်အသစ်ရှိမည် ဖြစ်သည့် အားလျော်စွာ သူသည် ယေရှု နာမတော်ကို အသုံးပြုရန် ရွေးချယ်မြဲ ရွေးချယ်မလား။ သို့ပါက ကျွန်တော်တို့အနေဖြင့် ဘုရားသခင်၏ နာမတော် သည် လုံးဝ မပြောင်းလဲဟု ကြေငြာရန် အလျင်စလိုမပြုသင့်ပါ။

ထို့ကြောင့် ဘုရားသခင်၏ နာမတော်သည် ပြောင်းလဲနိုင်စွမ်း ရှိပါသလား။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ယေရှုဟုသာ ခေါ်ဝေါ် ခံရမည်လား။ ယနေ့တွင် ကျွန်တော်တို့ ဤမေးခွန်းများကို ဆွေးနွေးမည် ဖြစ်ပါသည်။ သခင်က ကျွန်တော်တို့ကို လမ်းပြပါစေ။

အမှန်မှာမူ ဘုရားသခင်သည် မောရှေကို ဣသရေလလူမျိုးတို့အား အဲဂုတ္တုပြည်မှ ဦးဆောင် ခေါ်ထုတ်လာရန် အမိန့်မပေးမီ၊ ကိုယ်တော့်ထံတွင် မည်သည့်နာမတော်မျှ မရှိခဲ့ကြောင်း သမ္မာကျမ်းစာ နှင့် ရင်းနှီးကျွမ်းဝင်သူများအားလုံးက သိရှိထားပါ သည်။ ထိုအချိန်မှ လူများက ကိုယ်တော့်ထံ ဆုတောင်းကြသည့်အခါတွင်၊ သူတို့က “အာဗြဟံ၏ ဘုရားသခင်၊ ဣဇက်၏ ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်နှင့် ဒါဝိဒ်၏ ဘုရားသခင်” ထံသို့ ဆုတောင်း ကြသည်။ “ယေဟောဝါ” ဆိုသည့် နာမတော်က ဘုရားသခင်သည် ဣသရေလလူမျိုး တို့ကို အဲဂုတ္တုမှ ဦးဆောင်လာချိန် နှင့် ပညတ်တော်ခေတ်ကို စတင်ချိန်တို့တွင် အသုံးပြုခဲ့ သည့် နာမတော်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ရေးသားထားသကဲ့သို့ပင် ဖြစ်ပါသည်။ “မောရှေကလည်း၊ ကြည့်ပါလော့၊ ကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ထံသို့ ရောက်ပြီး သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်သည် သင်တို့ထံသို့ ငါ့ကို စေလွှတ်တော်မူသည်ဟု ကျွန်ုပ်ဆိုလျှင် သူ၏အမည်နာမမှာ အဘယ်နည်းဟု သူတို့ပြောသောအခါ မည်သည့်အရာကို ကျွန်ုပ်ပြောရပါမည်နည်းဟု ဘုရားသခင်ကို ဆို၏။ ဘုရားသခင်ကလည်း မောရှေအား၊ ငါသည် ငါဖြစ်၏သင်သည် ဣသရေလအမျိုးသားတို့ကို ဆိုရမည်မှာ ငါဖြစ်သည်ဟူသောသူသည် သင်တို့ထံသို့ ငါ့ကို စေလွှတ်တော်မူသည်ဟု ပြောလော့ဟုဆို၏။ ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊ ဣဇက်နှင့် ယာကုပ်တို့၏ ဘုရားသခင် ယေဟောဝါသည် သင်တို့ထံသို့ ငါ့ကို စေလွှတ်တော်မူသည်ဟု ပြောရမည်၊ ဤသည်မှာ အစဉ်အမြဲ ငါ၏ အမည်နာမဖြစ်ပြီး လူမျိုးဆက်အားလုံးအဖို့ ငါ၏ အထိမ်းအမှတ်ဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၃:၁၃-၁၅)

ဤသည်မှာ ယေဟောဝါနာမတော်၏ အရင်းအမြစ် ဖြစ်သည်။ ဘုရားသခင်သည် ယေဟောဝါ ဆိုသည့် နာမတော်ကို ယူပြီး နောက်တွင်၊ သူသည် ပညတ်တော်ခေတ်၏ အမှုတော်ကို စတင်ပြုတော်မူခဲ့ကာ၊ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ပြီး၊ တရားတော်များနှင့် ပညတ်တော်များကို ကြေငြာ သည့်အပြင်၊ လူများအား ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ရန်နည်းလမ်း၊ ယဇ်ပလ္လင် ဆောက်ရန် နည်းလမ်း နှင့် ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရန် နည်းလမ်း စသည်တို့ကို သွန်သင်တော်မူခဲ့သည်။ကိုယ်တော်၏ ပညတ်တော် များကို ချိုးဖောက်သည့် မည်သူမဆို မီးရှို့အသတ်ခံ သို့မဟုတ် ကျောက်တုံးဖြင့် ထုသတ်ခံရမည် ဖြစ်ပြီး၊ ပညတ်တော်အောက်တွင် လူတိုင်းသည် ယေဟောဝါ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကာ၊ သူ၏ နာမတော်ကို အရာခပ်သိမ်းထက်ပို၍ လက်ကိုင်ထား ခဲ့ကြသည့်အပြင်၊ ပညတ်တော်ခေတ် အဆုံးသတ် အထိ သူ၏ ယဇ်ပလ္လင်ထက်တွင် ပူဇော်ခြင်းများ ပြုခဲ့ကြသည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါ ဘုရားသခင်သည် မီးရှို့ခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာ စိတ်သဘောထားကို ဖော်ပြတော်မူခဲ့ပြီး၊ ကမ္ဘာပေါ်မှ လူများ၏ အသက်တာကို ဦးဆောင်ခြင်းအမှုကို ပြုခဲ့သည့်အပြင်၊ ဘုရားသခင်သည် သူပြုသည့် အမှုတော်နှင့် သူဖော်ပြသည့် စိတ်သဘောထား ပေါ်တွင် အခြေခံကာ ယေဟောဝါဆိုသည့် နာမတော်ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် “ယေဟောဝါ” သည် ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ တိကျသောနာမတော်တစ်ခု ဖြစ်လာခဲ့သည်။

ပညတ်တော်ခေတ် နှောင်းပိုင်းတွင် လူများ၏ အပြစ်များသည် ပိုမိုပြင်းထန်လာပြီး၊ ပိုမိုများပြား လာကာ၊ ပိုမိုများပြားသော တရားတော်များနှင့် ပညတ်တော်များတို့ကို ထိန်းသိမ်းရန် အရေးနိမ့် လာခဲ့ကြသည်၊ လူများ ဆက်ကပ်သည့် ပူဇော်ခြင်း များသည် သူတို့၏ အပြစ်များကို ရွေးနှုတ်ရန် မလုံလောက်တော့သည့်အပြင်၊ လူသားမျိုးနွယ်သည် ပညတ်တော်၏ သေဒဏ်စီရင်ခံရခြင်း ကို ရင်ဆိုင်ခဲ့ရပါသည်။ လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်၊ ဘုရားသခင်သည် ယေဟောဝါဟု အမည်တွင်ခဲ့သည့် ပညတ်တော်ခေတ်ကို အဆုံးသတ် ခဲ့ပြီး၊ ထိုခေတ်တွင် ယေဟောဝါဟု အမည်တွင်တော် မူခဲ့သည့်အပြင် ပညတ်တော်ခေတ်တွင် ယေရှု၏ နာမတော်အောက်၌ သူ၏ ယခင်အမှုတော်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ရွေးနှုတ်ခြင်း အမှုတော်ကို စတင်တော်မူခဲ့သည်။ ကိုယ်တော်သည် ချစ်ခင်သော၊ သနားကရုဏာပြည့်ဝသော စိတ်သဘောထားကို ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ အံ့ဖွယ်အမှုများစွာကို ပြုတော်မူခဲ့ကာ၊ နောင်တရ ခြင်း ယုံကြည်ခံယူချက်ကို ဟောကြားခဲ့ သည့်အပြင်၊ လူသားမျိုးနွယ်တစ်ခုလုံး၏ အပြစ်များ အတွက် အပြစ်ဖြေရာယဇ် အဖြစ်နှင့် လူသားမျိုးနွယ်ကို ရွေးနှုတ်ရန် နောက်ဆုံး၌ ကားတိုင်တွင် သံမှိုစွဲခံခဲ့ရသည်၊ ထို့ကြောင့် ကျေးဇူးတော်ခေတ်မှ သူ၏ အမှုတော်ကို စုံလင်စေခဲ့သည်။ ဤအချက်မှနေပြီး လူသားမျိုးနွယ်၏ ဖောက်ပြန် ပျက်စီးခြင်း အတိုင်းအတာ၊ သူ့အကြံအစည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ သူပြုရမည့်အမှု နှင့် သူဖော်ပြရမည့် စိတ်သဘောထား တို့ပေါ်တွင် အခြေခံကာ ဘုရားသခင်သည် နာမတော် အမျိုးမျိုးကို ယူခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။

ထို့အပြင် ဘုရားသခင်၏ နာမတော်များသည် အချို့သောခေတ်ကာလများတွင် အကန့်အသတ် ရှိကြောင်း သမ္မာကျမ်းစာတွင် ရေးသားထား ပါသည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါဘုရား သခင်က “ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။(ထွက်မြောက်ရာကျမ်း ၃:၁၅) ဟု မိန့်တော်မူခဲ့သည်၊ “အစဉ်” ဆိုသည့်နှုတ်ကပတ်တော်ဖြင့် ပညတ်တော် ခေတ် ကာလအတွင်း၌ ယေဟောဝါဆိုသည့် နာမတော်သည် ပြောင်းလဲမည် မဟုတ်သော်လည်း၊ ထိုနာမတော်သည် ကျေးဇူးတော်ခေတ်တွင် သင့်တင့် လျောက်ပတ်ခြင်း မရှိတော့ပါ။ ကျေးဇူးတော် ခေတ်တွင် ဘုရားသခင်၏ နာမတော်သည် ပြောင်းလဲခဲ့ပြီး၊ လူများကလည်း သခင်ယေရှု၏ နာမတော်ကို ထိန်းသိမ်းထားခြင်းဖြင့်သာလျှင် ကယ်တင်ခြင်း ရရှိကြပါသည်။ “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂) ဟု ရေးသားထားသည့် အတိုင်းပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ၏ နာမတော်သည် လုံးဝ မပြောင်းလဲဟု ဖြစ်ပါသည်။ ဘုရားသခင် ယူတော်မူသည့် နာမတော်တစ်ခုချင်းစီသည် ဘုရားသခင်၏ အမှုတော်ဆိုင်ရာ ခေတ်အမျိုးမျိုးကို ကိုယ်စားပြု ကြသည်။ ဘုရားသခင်၏ အမှုတော် ပြောင်းလဲသည့်အချိန်တွင် သူ၏ နာမတော်ကလည်း ပြောင်းလဲပါသည်။ သို့သော်လည်း ဘုရားသခင်၏ နာမတော် မည်မျှပြောင်းလဲပါစေ၊ ဘုရားသခင်သည် အမြဲတမ်း ဖန်ဆင်းခြင်း ဘုရားသခင်အဖြစ် တည်ရှိနေမည် ဖြစ်ကာ၊ သူ့သြဇာအာဏာ၊ တန်ခိုး၊ ဖြောင့်မတ်သော စိတ်သဘောထား၊ သန့်ရှင်းသော အနှစ်သာရ နှင့် လူများကို ကယ်တင်လိုခြင်းတို့သည် လုံးဝ မပြောင်းလဲပါ။ ထို့ကြောင့် ယေဟောဝါ နာမတော်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုသကဲ့သို့၊ ယေရှုနာမတော်သည်လည်း ထိုကဲ့သို့ပင် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလ၌ ဘုရားသခင်ယူမည့် နာမတော်အသစ်သည်လည်း ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုမည် ဖြစ်ပါသည်။ ဘုရားသခင်၏ နာမတော် ပြောင်းလဲသော်လည်း ဘုရားသခင်၏ အနှစ်သာရ လုံးဝမပြောင်းလဲပါ။ ဘုရားသခင်သည် ကျွန်တော်တို့၏ ဘုရားသခင်သာ ဖြစ်သော်လည်း ကျွန်တော်တို့သည် ဘုရားသခင်၏ နာမတော်ကို မကန့်သတ်သင့်ပါ၊ သို့မဟုတ်ပါက အကျိုးဆက်များ သည် မတွေးရဲစရာပင် ဖြစ်လိမ့်မည်။

အချို့ညီအစ်ကိုမောင်နှမများက “ဒီလေးနက် တဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်နိုင်မလဲ” ဟု ပြောကြလိမ့်မည်။

ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ပညတ်တော်ခေတ်ကို နိဂုံးချုပ်ခဲ့ပြီး၊ ယေရှု၏ နာမတော်အောက်တွင် လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့ သူ့အမှုတော်ကို စတင်တော်မူခဲ့ကြောင်းကို ပြန်သတိရ ကြပါစို့။ ဖာရိရှဲ၊ ယဇ်ပုရောဟိတ် ကြီးများနှင့် ကျမ်းပြုဆရာများ တို့က ဘုရားသခင်သည် ယေရှုဟု ခေါ်ခံရပြီး၊ မေရှိယဟု ခေါ်မခံရကြောင်း၊ သူသည် အလွန်သာမာန်ဖြစ်သည့် အသွင်ပေါက်ကြောင်း၊ နိမ့်ကျသည့် ကျောထောက် နောက်ခံ အခြေအနေမှ လာကြောင်း အပြင်၊ ရောမအုပ်ချုပ်ရေးကို ဖြုတ်ချရန် သူတို့ကို ဦးမဆောင်ခဲ့ကြောင်း နှင့် သခင်ယေရှု၏ အမှုတော်နှင့် တရားဟောကြားခြင်းများသည် သူတို့၏ အယူအဆများ သို့မဟုတ် ပရောဖက်ပြု ခြင်းကို သူတို့၏ အလွတ်ကျက် နားလည် သဘောပေါက်ခြင်းများနှင့် မဆီလျော်ကြောင်း တို့ကို တွေ့မြင်သည့်နောက်တွင် ဖာရိရှဲများသည် သခင်ယေရှုကို ကြမ်းတမ်းခက်ထန်စွာ စီရင်၊ သွားပုပ်လေလွင့်ပြောဆိုပြီး၊ ပြစ်တင်ရှုတ်ချ ခဲ့ကြသည်၊ ထို့နောက် နောက်ဆုံးတွင် သနား ကရုဏာနှင့် ပြည့်စုံသော ကယ်တင်ပိုင်ရှင် သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲခြင်းဖြင့် သတ်ဖြတ်ခဲ့ကြသည်။ သခင်ယေရှုသည် ယေဟောဝါဘုရားသခင်၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းမှုဖြစ်ကြောင်း သူတို့ လုံးဝ အတွေးမပေါက်ခဲ့ပါ။ အဆုံးသတ်တွင် သူတို့သည် သူတို့နိုင်ငံ၏ သေဆုံးခြင်းနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရပါ သည်။

ထို့ကြောင့် ကျွန်တော်တို့သည် ဘုရားသခင်၏ နာမတော်ကို အရေးမထားစွာ မကန့်သတ် ရပါ။ အမှန်မှာမူ ကိုယ်တော်က လူသားမျိုးနွယ်ကို ကယ်တင်သည်နှင့်အညီ ဘုရားသခင်က မည်သည့်နာမတော်ကို ရွေးချယ်မည် ဖြစ်ကြောင်း မှတ်ချက်ပေးရန် သို့မဟုတ် ကန့်သတ်ရန် အရည်အချင်း မပြည့်ဝကြပါ။ ဖန်ဆင်းခံသတ္တဝါများ အနေဖြင့် ကျွန်တော်တို့သည် ထိုသို့သော အသိစိတ် ရှိသင့်ပါသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် မည်သို့ပင် ပြုစေကာမူ၊ ဘုရားသခင်သည် ကျွန်တော်တို့၏ ဘုရားသခင် အဖြစ် ဆက်လက်တည်ရှိနေကာ၊ ကိုယ်တော်၏ နာမတော်သည် ပြောင်းလဲနိုင်သော်လည်း၊ ဤအချက်သည် ကျွန်တော်တို့က ဘုရားသခင်ကို လိုက်နာသင့်ပြီး၊ ဘုရားသခင်၏ ရယူခံသင့်သည့် ဆိုသည်အချက်ကို သြဇာမလွှမ်းမိုးပါ။ ထို့ကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် မည်သို့သော နာမတော်ကို ယူမည်နည်း။

အမှန်မှာမူ ဘုရားသခင်သည် လွန်လေခဲ့ပြီးသော အချိန်အတော်ကြာကတည်းက ကျွန်တော်တို့ကို သမ္မာကျမ်းစာထဲတွင်အဖြေ ပေးတော်မူခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ သည် စိုးစံတော်မူ၏ ဟုစည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။(ဗျာဒိတ်ကျမ်း ၁၉:၆-၇) “ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။” (ဗျာဒိတ်ကျမ်း ၄:၈)အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။(ဗျာဒိတ်ကျမ်း ၁၁:၁၇) ဟု မိန့်တော်မူခဲ့သည်။ ထိုကျမ်းချက်များတွင် အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ဆိုသည့် နာမတော်ကို ပြောပြထားသည်။ ၎င်းကို အခြားကျမ်းချက်များဖြစ်သည့် ဗျာဒိတ်ကျမ်း ၁၅:၃၊ ၁၆:၇၊ ၁၆:၁၄၊ ၂၁:၂၂၊ စသည်တို့တွင်လည်း တွေ့ရှိနိုင်သည့်အပြင်၊ ၎င်းတို့အားလုံးက အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ဟု ပြောပြထားသည်။ ဤပရောဖက်ပြုခြင်းများက သခင်က ဘုရင်အဖြစ် အုပ်စိုးရန်ပြန်ကြွလာချိန်တွင်၊ သူ့နာမတော်သည်လည်း အနန္တတန်ခိုးနှင့်ပြည့်စုံ၍. အဖြစ်ပြောင်းလဲမည် ဖြစ်ကြောင်း ကျွန်တော်တို့ကို နားလည်စေသည်။ နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွသည့်အချိန်တွင် သူ့နာမတော်သည် အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ဖြစ်မည် ဟု သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ကိုယ်တော်တိုင် သက်သေခံခဲ့သည်။

ဘုရားသခင်၏ လမ်းပြမှုကို ကျေးဇူးတော် ချီးမွမ်းပါသည်၊ ရှာဖွေအပြီးနောက်တွင် ကျွန်တော် တို့က သခင်ယေရှု၏ နာမတော်သည် နောက်ဆုံးသောကာလ၌ ပြောင်းလဲမည့် အကြောင်း ကို နားလည်သဘောပေါက်နိုင်စွမ်း ရှိလာခဲ့သည်။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် သမ္မာတရားကြောင်း ကျွန်တော်တို့၏ ဆွေးနွေးချက် သည် ဤနေရာတွင် အဆုံးသတ်ပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် သခင့်ဘုန်းတော် ထင်ရှားပါစေ။

အမှာစကား ချန်ခဲ့မည်