စာရင်း

ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း

အမြန်လမ်းညွှန်
ကျွန်တော့် စိတ်ရှုပ်ထွေးမှု
ခရစ်ယာန်ဂိုဏ်းဂဏများစွာ အဘယ့်ကြောင့် ရှိနေရသနည်း
လူများက ဂိုဏ်းဂဏတစ်ခုချင်းစီတွင် နေရခြင်းအကြောင်းအရင်းနှင့် ဘာသာရေးခေါင်းဆောင်များကို နောက်လိုက်ရခြင်း၏ အကျိုးဆက်
ဂိုဏ်းဂဏအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာရန်ဖြစ်သည်

ကျွန်တော့် စိတ်ရှုပ်ထွေးမှု

လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်တော်က စီးပွားရေးကိစ္စအတွက် မကြာခဏ အပြင်ထွက်ခဲ့သည်။ ကျွန်တော်ရပ်နားသည့် နေရာတိုင်းတွင် ကျွန်တော်က စနေတနင်္ဂနွေများတွင် သခင့်နှုတ်ကပတ်တော်များကို ဝေငှရန် နှင့် ဆုတောင်းရန် ကောက်ကာငင်ကာဖြင့် အစည်းအဝေးနေရာများကို ရှာဖွေလေ့ရှိသည်။ သို့သော်လည်း အစည်းအဝေးအချို့ အပြီးတွင် အသင်းတော်ခေါင်းဆောင်များက "အစ်ကိုဂျူးရေ အစ်ကိုက ဘယ်ဂိုဏ်းဂဏ နဲ့သက်ဆိုင်တာလဲ။ အစ်ကို့အသင်းတော်ရဲ့ အယူဝါဒကဘာလဲ"ဟု ကျွန်တော့် ကို မေးကြသည်။ ကျွန်တော်က အမြဲတမ်း အံ့အားသင့်ပြီး "ကျွန်တော်က သခင်ယေရှုကို ယုံကြည်တယ်လေ၊ ပြီးတော့ ကျွန်တော်က ဘယ်ဂိုဏ်းဂဏနဲ့မှ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့အားလုံးက ခရစ်တော်မှာ မိသားစုပါပဲ" ဟု ပြန်ဖြေခဲ့သည်။ သို့သော်လည်း သူတို့က "အခု အသင်းတော်တွေ အများကြီး ရှိပေမဲ့ ကျွန်တော်တို့ အသင်းတော်ကသာလျှင် စစ်မှန်တဲ့ အသင်းတော် တစ်ခုဖြစ်တယ်၊ ကျွန်တော်တို့ အသင်းတော်သာလျှင် အခြားအသင်းတော် အားလုံးကို အကျုံးဝင်စေတာပါ" ဟု ဖြေကြသည်။ နောက်ပိုင်းတွင် ကျွန်တော့် ကို ပို၍ ခေါင်းခြောက်စေသည့်အရာမှာ ကျွန်တော်က ကျွန်တော့် ဇာတိမြေ အသင်းတော်သို့ ပြန်သွားသည့်အချိန်တွင်၊ ကျွန်တော့်အသင်းတော် မိတ်ဆွေ များက ကျွန်တော့်အား အခြားအသင်းတော်များတွင် မည်သည့် အယူဝါဒကို ကြားမိသနည်းဟု မေးကြခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့က သမ္မာ ကျမ်းချက်များကို ကွဲပြားသည့် နားလည်သဘောပေါက်ခြင်းများအပေါ် စကားများပြီး၊ သဘောတူညီချက်တစ်ခုကို မည်သည့်အခါမျှ မရရှိခဲ့ပါ။ ကျွန်တော်တို့ အစည်းအဝေးများသည် မကြာခဏ ခါးသီးစွာ အဆုံးသတ် ခဲ့ပါသည်။ နှစ်များစွာ ကြာမြင့်ပြီးနောက်၊ ကျွန်တော်မည်သည့် နေရာသို့သွားသည်ဖြစ်စေ၊ ကျွန်တော့်ကို သဘောကျစေသည့် အရာမှာ ဂိုဏ်းဂဏ အမြောက်အမြား ဖြစ်ပြီး၊ သူတို့အားလုံးသည် အချင်းချင်း မည်မျှ အပြစ်မြင်ကြခြင်းပင် ဖြစ်ပါသည်။ ဤအချက်ကိုကြည့်ရင်းဖြင့် ကျွန်တော်က သမ္မာကျမ်းစာထဲမှာ နှုတ်ကပတ်တော်များကို တွေးမိပါသည်၊ "သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။" (ဧဖက် ၄:၅-၆) ကျွန်တော်တို့အားလုံး သခင့်ကို ယုံကြည်ပြီး၊ သမ္မာကျမ်းစာနှင့် သခင့် နှုတ်ကပတ်တော်တို့ကို ဖတ်ရှုကြသည်၊ အဘယ့်ကြောင့် ခရစ်ယာန် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း။ ဤအရာ၏ ဇစ်မြစ်မှာ အဘယ်နည်း။ မည်သည့်တစ်ခုက သခင့်အလိုတော်နှင့် ကိုက်ညီသနည်း။ စိတ်ရှုပ်ထွေးမှု နှင့် သဘောမပေါက်ခြင်းအပြည့်တို့ဖြင့်၊ ကျွန်တော်က အဖြေများကို စိတ်အား ထက်သန်စွာ ရှာဖွေလိုခဲ့ပါသည်။

ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း

ခရစ်ယာန်ဂိုဏ်းဂဏများစွာ အဘယ့်ကြောင့် ရှိနေရသနည်း

နောက်ပိုင်းတွင် ကျွန်တော့်ဆွေမျိုးများထဲမှ တစ်ယောက်၏ အိမ်ရှိ လုပ်ဖော်ကိုင်ဖက်များ အစည်းအဝေးတစ်ခုတွင် ဧဝံဂေလိအမှုတော် အစ်ကိုရွမ်နှင့် တွေ့ဆုံခဲ့သည်။ ကျွန်တော်တို့က ကျွန်တော့် စိတ်ရှုပ်ထွေးမှု အကြောင်း ဆွေးနွေးခဲ့သည်။ ဂိုဏ်းဂဏများစွာ ရှိရသည့်အကြောင်းအရင်းကို ကျွန်တော်က မေးသည့်အခါတွင် အစ်ကိုရွမ်က ခရစ်ယာန်ဘာသာ ဇစ်မြစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကို ပြောခဲ့ပါသည်။ ထို့နောက် သူက "အချိန်ကြာ လာတာနဲ့အမျှ ပထဝီအနေအထား၊ သမိုင်းကြောင်းနဲ့ ရိုးရာယဉ်ကျေးမှုတို့ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ယုံကြည်သူတွေက နှုတ်ကပတ်တော်ကို ကွဲပြားစွာ နားလည် သဘောပေါက် လာခဲ့သည်။ သူတို့မှာ ခွဲထွက်ကုန်တဲ့ အမြင်ရှုထောင့်တွေ ရှိပြီး၊ အဲဒါတွေကို အဆုံးမရှိစွာပဲ စကားရည်လုကြတယ်။ ဒါ့ကြောင့် ဂိုဏ်းဂဏ များစွာတို့က အသက်ဝင်လာပြီး၊ ခရစ်ယာန်ဘာသာဟာ ပရမ်းပတာဖြစ်ခြင်း ထဲကို ကျရောက်ကြတယ်။

"အခုတော့ ဘုရားသခင်ကို အမှန်တကယ် ငတ်မွတ်နေသူတွေက လူတွေဟာ ဂိုဏ်းဂဏ အများစုမှာ ထိန်းချုပ်ခံနေရကြောင်းကို တွေ့မြင် နေရတယ်။ သူတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးတွေ နဲ့ တွေးခေါ်မျှော်မြင်မှုတို့ကို အခြေခံပြီး သင်းအုပ်ဆရာနဲ့ အကြီးအကဲအချို့တို့က ဘုရားသခင်ကို ယုံကြည်မှုကို အယောင်ပြတစ်ခုအနေနဲ့ အသုံးချပြီး၊ ပိုပြီးများပြားတဲ့လူတွေ သူတို့ ပိုင်နက်ထဲ ရောက်လာစေဖို့ ဒါမှမဟုတ် သူတို့ကို နောက်မလိုက်တဲ့ တခြားဂိုဏ်းဂဏတွေကို ဖယ်ရှားဖို့ ပန်းတိုင်နဲ့ သူတို့ကိုယ်ပိုင် စီမံခန့်ခွဲမှုတွေကို လက်တွေ့အကောင်အထည် ဖော်ဖို့ ကြိုးစားကြတယ်၊ တစ်ချို့လူတွေက ဒါက ချဲ့ကားခြင်း တစ်ခုဖြစ်တယ်လို့ တွေးမှာဖြစ်ပြီး၊ နားမထောင် လိုကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဘုရားသခင့်အမှုတော် သမိုင်းဝင်မှတ်တမ်းတွေကနေပြီးတော့ အတည်ပြုနိုင်ပါတယ်။ အဲဒါကို တွေးကြည့်ရအောင်၊ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဣသရေလရဲ့ လူမျိုးတွေကို တိုက်ရိုက်ဦးဆောင်ဖို့ မောရှေကို အသုံးပြုခဲ့ပြီး၊ မောရှေက ယဇ်ပုရောဟိတ်စနစ်ကို သတ်မှတ်ခဲ့တယ်။ မောရှေရဲ့ အမှုတော် စုံလင်ပြီးနောက်မှာ၊ ဣသရေလလူမျိုးတွေကို ဦးဆောင်ဖို့ ဘုရားသခင်က တိုက်ရိုက်ခန့်အပ်တဲ့ လူဆိုလို့ ကမ္ဘာပေါ်မှာ နောက်ထပ် မရှိတော့ဘူး။ အဲဒီအချိန်က ဂျူးဘာသာရဲ့ ယဇ်ပုရောဟိတ်စနစ်က ရွေးကောက်ပွဲတွေနဲ့ စတင်ပြီး ဖွဲ့စည်းခဲ့တယ်။ မကြာခဏ ဆိုသလိုပဲ မှားယွင်းတဲ့ ယဇ်ပုရောဟိတ်တွေကို ရွေးကောက်မိလို့ ဘာသာရေးအသိုင်းအဝိုင်းဟာ ဖောက်ပြန်ပျက်စီးလာခဲ့တယ်။ ပညတ်တော်ခေတ် အကုန်မှာ ယဇ်ပုရောဟိတ်တွေက ဘုရားသခင်ရဲ့ လမ်းပြမှုကို လုံးလုံး ဆုံးရှုံးခဲ့ကြတယ်။ သူတို့က ဘာစည်းကမ်းတစ်ခုရဲ့ အောက်မှာမှ မနေပဲနဲ့ ဆိုးယုတ်မှုတွေကို ပြုခဲ့တယ်၊ ဂိုဏ်းဂဏတွေ ဖွဲ့တယ်၊ ပြီးတော့ ဗိမာန်တော်ဟာလည်း ဓါးပြတွင်း ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ဂိုဏ်းဂဏတွေအများကြီးကို ဖန်တီးခဲ့ကြတယ်။လူ့ဇာတိခံယူတဲ့ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ပေါ်ထွန်းပြီး အမှုပြုထဲ့အချိန်မှာ၊ ကိုယ်တော်ဟာ ကိုယ်တော်တိုင် တမန်တော်ဆယ့်နှစ်ပါးကို ရွေးချယ်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ကိုယ်တော့် တမန်တော်တွေမှာ အမှုများစွာပြုခဲ့တယ်။ သခင့်ကို နောက်လိုက်ကြတဲ့ လူတွေအားလုံးဟာ သိုးထိန်းကျောင်းခံရပြီး၊ ဘုရားသခင် ခန့်အပ်တဲ့ လူတွေရဲ့ ဦးဆောင်တာကို ခံရတယ်။ ဘယ်သူကမှ တစ်ကိုယ်ကောင်းဆန်တဲ့ အကြံဉာဏ်တွေ ဒါမှမဟုတ် ကွယ်ဝှက်ထားတဲ့ အကြောင်းရင်းတွေ မရှိကြဘူး။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ သခင့်ကို ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ အသင်းတော်ကို ဖန်ဆင်းတော်မူခဲ့တယ်။ အဲဒီအချိန်က ဂိုဏ်းဂဏတွေ ဆိုတဲ့ အယူအဆက မတည်ရှိခဲ့ဘူး။ သခင်ယေရှု သေဆုံးပြီး၊ ရှင်ပြန်ထမြောက်ကာ၊ ကောင်းကင်ဘုံသို့ ကြွတော်မူပြီးနောက်ပိုင်း နှစ်ပေါင်းသုံးဆယ်ခန့်လောက်မှာ၊ တမန်တော် ဆယ့်နှစ်ပါးထဲက အများစုက မာတုရဖြစ်ခဲ့ပြီး၊ ကမ္ဘာပေါ်က အသင်းတော်တွေက သခင်ယေရှု တိုက်ရိုက်ခန့်အပ်ထားတဲ့ တမန်တော်တွေရဲ့ သိုးထိန်းကျောင်းခြင်းကို မခံရတော့ဘူး။ အဲဒီနောက်မှာ ဘာသာရေး အုပ်စုအမျိုးမျိုးက စတင်ဖွဲ့စည်းလာပြီး၊ ဒီနေ့မှာဆိုရင် ခရစ်ယာန်ဘာသာမှာ ဂိုဏ်းဂဏ ၂၀၀၀ ထက်ပိုပြီး ရှိနေပြီ ဖြစ်တယ်။ အဲဒါ့ကြောင့် ခရစ်တော်ရဲ့ ကိုယ်တိုင် လမ်းပြခြင်းမရှိတဲ့အပြင်၊ သူတို့နှလုံးသားတွေမှာ ဘုရားသခင် အတွက် နေရာတစ်ခုမရှိပဲနဲ့၊ လူတွေအများစုဟာ သူတို့ကိုယ်သူတို့ မာန ထောင်လွှားစွာနဲ့ ကြွားဝါနိုင်ပြီး၊ သူတို့နှစ်သက်ရာနောက်လိုက်တဲ့အပြင်၊ သူတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လာတာကြောင့် အမှုမဲ့အမှတ်မဲ့ကို လမ်းလွဲကုန်ကြတယ်။

"အဲဒီထက်ပိုပြီးတော့ ဒီဂိုဏ်းဂဏတွေရဲ့ ခေါင်းဆောင်တွေ အများစုဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုမခံရသလို၊ သန့်ရှင်းသော ဝိညာဉ်တော် ရဲ့ စုံလင်စေခြင်းကိုလည်း မခံရပါဘူး။ သူတို့က ခရစ်တော်ကို သိဖို့ နဲ့ ကိုယ်တော်ရဲ့ လမ်းပြမှုကို နာခံဖို့ နောက်လိုက်တွေကို ဦးဆောင်နိုင်စွမ်းလည်း တကယ်ကို မရှိပါဘူး။ ဘုရားသခင်ရဲ့ ဒုက္ခသုက္ခတွေနဲ့ စုံလင်ခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရတဲ့ မောရှေ၊ သခင်ယေရှု ကိုယ်တော်တိုင် ခေါ်ခံရပြီး၊ သခင်ယေရှုရဲ့ သိုးထိန်းကျောင်းတာကို အချိန်ကာလတစ်ခုတိုင်အောင် ခံခဲ့ရပြီးတဲ့နောက်မှာ ဘုရားသခင်က သူတို့ကို ယုံကြည်စွာအပ်နှံခဲ့တဲ့ အမှုတော်ကို ပြုခဲ့တဲ့ တပည့်တော်တွေ နဲ့ မတူပဲနဲ့ ဘာသာရေး ခေါင်းဆောင်အများစုက သူတို့ စိတ်ထက်သန်ပြင်းပြမှု နဲ့ သဘာဝ ကျခြင်းတွေကို မှီခိုခြင်းအားဖြင့် ဘုရားသခင်ကို အစေခံခဲ့တယ်။ ဒါတွေအားလုံးက ခရစ်ယာန်ဘာသာခွဲထွက်ခြင်းရဲ့ တိုက်ရိုက်ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ"ဟု ပြောခဲ့ပါသည်။

ဤသည်မှာ ထိုကဲ့သို့သော ဆွေးနွေးချက်မျိုးကို ကျွန်တော်ပထမဆုံး ကြားခဲ့ရသည့် အချိန်ပင် ဖြစ်ပါသည်။ အမှန်မှာမူ ခရစ်ယာန် ဂိုဏ်းဂဏများ ဖြစ်​ပျက်ခြင်းက လူတွေရဲ့ ဆန္ဒက လာတာဖြစ်ပြီးတော့၊ အဲဒါတွေဟာလည်း လူတွေက အုပ်စိုးထားတာပဲ ဖြစ်တယ်။ဒါပေမဲ့ သူတို့ အမူအကျင့်က ခရစ်တော်ရဲ့ အလိုတော် မဟုတ်တဲ့အပြင်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလိုတော်လည်း လုံးဝ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စုံလင်စေခြင်းကို မခံရသေးတဲ့အပြင်၊ လူတွေကို ဦးဆောင်ခြင်း အမှုတော်ကိုလည်း မပြုနိုင်ပါဘူး။သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စည်းကမ်းမရှိပဲနဲ့ ဂိုဏ်းဂဏတွေဟာ အချင်းချင်း တိုက်ခိုက်ပြီး၊ ငြင်းပယ် နေကြမှာသာ ဖြစ်တယ်ဆိုတာ အံ့သြစရာမဟုတ်ပါဘူး။ ဤအချက်က ကျွန်တော် မည်သည့်နေရာသို့သွားသည်ဖြစ်စေ လူများက ကျွန်တော်နှင့် စကားပြောသည့်အချိန်တွင် အနည်းငယ် သတိထားကြရ သည့်အကြောင်း အရင်းကို ကျွန်တော် ရှင်းလင်းစွာ မြင်လာစေခဲ့ပါသည်။ ဤအသင်းတော် ခေါင်းဆောင်များသည် ဘုရားသခင်၏ အသင်းတော်ကို သူတို့ကိုယ်ပိုင် ပိုင်ဆိုင်မှု အဖြစ် သဘောထားကြသည်မှာ၊ ဆိုးယုတ်သည့် အိမ်ငှားက စပျစ်ခြံကို စောင့်ရှောက်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ထောင်အတွင်းတွင် ဤအချက်ကို မည်သူက ရှင်းလင်းစွာ တွေ့မြင်ခဲ့သနည်း။ ထိုအချိန်တွင် သခင့်နှုတ်ကပတ်တော်များက ကျွန်တော့် စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်၊ "ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။" (ဟေရှာယ ၂၉:၁၃) ဤနှုတ်ကပတ်တော်များက ကျွန်တော့်ကို သတိပေးချက်တစ်ခုဖြစ်သည်။ ကျွန်တော့် ဤ "ဖြောင့်မတ်သော" အသင်းတော်ခေါင်းဆောင်များ၏ လှည့်စားခံရသည်။ ထို့နောက် ကျွန်တော်က "ဘာသာရေးခေါင်းဆောင် တစ်ယောက်ချင်းစီကို ထောက်ပံ့ပြီး၊ နောက်လိုက်တဲ့လူတွေ ဘာဖြစ်လို့ အများကြီးရှိနေတာလဲ" ဟု မေးလိုက်သည်။

လူများက ဂိုဏ်းဂဏတစ်ခုချင်းစီတွင် နေရခြင်းအကြောင်းအရင်းနှင့် ဘာသာရေးခေါင်းဆောင်များကို နောက်လိုက်ရခြင်း၏ အကျိုးဆက်

အစ်ကိုရွမ်းက "ဘာသာရေးခေါင်းဆောင်များ အားလုံးတို့က သဘာဝ အလျောက် ထူးချွန်သူတွေပါ။ သူတို့က လူတစ်ချို့ကို ဦးဆောင်ဖို့ သူတို့ရဲ့ သမ္မာကျမ်းစာ ရှင်းလင်းချက် ဒါမှမဟုတ် သူတို့သင်းအုပ် ဆရာ လက်မှတ်တွေပေါ်မှာ အခြေခံပြီး အသင်းတော်တွေ တည်ထောင်ခဲ့တယ်။ အဲဒီအပြင်ကို သူတို့က တခြားလူတွေကို ဟန်ဆောင်တာ နဲ့ လှည့်စားတာ တို့မှာ အထူးသဖြင့် ကျွမ်းကျင်ကြတာကြောင့် လူတွေဟာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ လှည့်စားခံရပြီး၊ သူတို့ကို လူတွေရဲ့ နှလုံးသားတွေထဲကို အမှုမဲ့အမှတ်မဲ့ ဝင်ရောက်စေခဲ့တယ်။ အဲဒါထက်ပိုတာက သမ္မာတရားမရှိပဲနဲ့ လူတွေဟာ ဒီခေါင်းဆောင်တွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ရှိမရှိ ဆိုတာရယ်၊ သူတို့က တရားဟောတဲ့အချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းနဲ့ အလင်းပေးတာ ခံရလား မခံရဘူးလား ဆိုတာရယ်၊ ပြီးတော့ သူတို့လုပ်တဲ့အရာက ဘုရားသခင်ရဲ့ အတည်ပြုခံရလား မခံရဘူးလား ဆိုတာရယ်ကို ထိုးထွင်းမသိမြင်နိုင်ကြဘူး။ အဲဒီအပြင် လူတွေဟာ စစ်မှန်တဲ့ သိုးထိန်းတွေနဲ့ အတုအယောင် သိုးထိန်းတွေကြားမှာ ခွဲခြားမသိမြင်နိုင်ကြဘူး။ ထိုလူများက သူတို့အားလုံးကို ဆင်ကန်းတောတိုး နောက်လိုက်ပြီး ကိုးကွယ်ကြကာ၊ အဲဒီခေါင်းဆောင်တွေ အားလုံးကို သူတို့ရဲ့ အရှင်သခင်တွေနဲ့ ကိုးကွယ်ရာတွေအဖြစ် ဆက်ဆံကြတယ်။ ဒါ့ကြောင့် သူတို့က အဲဒီဘာသာရေးခေါင်းဆောင် တွေရဲ့ အန္တရာယ်ပြုတာကို ခံရပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုကိုလည်း ဆုံးရှုံးရတဲ့အပြင်၊ အမှောင်ထု ထဲကို ကျရောက်ရပါတယ်။ သခင်မိန့်တော်မူခဲ့တဲ့ အတိုင်း ‘သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။’ (မဿဲ ၁၅:၁၄) ပါပဲ" ဟု ပြောခဲ့သည်။

ဂိုဏ်းဂဏအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာရန်ဖြစ်သည်

အစ်ကိုရွမ်းက ကျွန်တော့်ကို ဘုရားသခင့်နှုတ်ကပတ်တော်၏ ကဏ္ဍ တစ်ခုကို ဖတ်ပြသည်၊ "ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကသည် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတိုးတက်မှု၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်များသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်များသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ စကြဝဠာတစ်ခုလုံးက လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်များသည် ခေါင်းဆောင်များသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို မူလက ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။"

သူကထပ်ပြီး "နိုင်ငံတစ်ခုမှာ ဘာသာတရားတွေ ဘယ်လောက် ရှိနေပါစေ၊ ဘာသာတရားတစ်ခုချင်းစီမှာ ခေါင်းဆောင်တွေ ဘယ်လောက်ရှိ နေပါစေ၊ ပြီးတော့ သူတို့အဆင့်အတန်း ဘယ်လောက်မြင့်မားပါစေ၊ ဒါမှမဟုတ် သူတို့ဦးဆောင်တဲ့သူတွေ ဘယ်လောက်ပဲများပါစေ သူတို့တွေဟာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို တာဝန်ယူထိန်းချုပ်ထားတာ မဟုတ်ဘူး ဆိုတာကို ဒီဘုရားသခင့်နှုတ်ကပတ်တော်တွေကနေပြီး ကျွန်တော်တို့ တွေ့နိုင် ပါတယ်။ဘယ်လူတစ်ယောက် ဒါမှမဟုတ် ဘယ်အရာ ကမှ ဖန်ဆင်းရှင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေ နဲ့ စီစဉ်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း မရှိဘူး။ တစ်နေ့တာကုန်တဲ့အခါမှာ ယုံကြည်သူအားလုံးက ဖန်ဆင်းရှင်ကို နောက်လိုက်ဖို့ ဂိုဏ်းဂဏ တစ်ခုချင်းစီ ရှိကြလိမ့်မယ်။ သူတို့က ဘယ်သူကိုမှ လုံးဝ နောက်လိုက်တာ ဒါမှမဟုတ် ကိုးကွယ်တာ ရှိတော့မှာ မဟုတ်ဘူး။ အနာဂတ်မှာ ဘာဂိုဏ်းဂဏမှ ရှိမှာမဟုတ်ဘူး။ ယောက်ျား ဒါမှမဟုတ် မိန်းမတွေ ဖန်တီးတဲ့ ဂိုဏ်းဂဏတွေအားလုံးက ဘုရားသခင်ရဲ့ ဖျက်ဆီးတာ ကို ခံကြရလိမ့်မယ်"ပြောခဲ့ပါသည်။

သူ့ဆွေးနွေးချက်က ကျွန်တော့်ကို သခင်ယေရှု၏ နှုတ်ကပတ်တော် များဖြစ်သည့် "ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။" (ရှင်ယောဟန် ၁၀:၁၆) အကြောင်းကို တွေးမိစေသည်။ သခင့် နှုတ်ကပတ်တော်က ကျွန်တော့်အား ခရစ်ယာန်ဘာသာကို ပြခဲ့သည်၊ ၎င်းတွင် ဂိုဏ်းဂဏ် မည်မျှ ရှိပါစေ၊ ၎င်းသည် ခရစ်တော်၏ အုပ်စိုးခံရခြင်းဖြင့် အဆုံးသတ်သည့်အပြင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်စေမည်။ ဤသည်မှာ အဆုံးသတ်တွင် ဘုရားသခင်အားဖြင့် စုံလင်စေမည့် အမှုတော်ပင် ဖြစ်ပါသည်။ ထိုအစ်ကို၏ ဆွေးနွေးချက်သည် ကျွန်တော့် အတွေးအမြင်ကို ပိုမိုကျယ်ပြန့်စေရုံသာမက၊ လူအချို့က ဂိုဏ်းဂဏများကို ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ ယုံကြည်သူများကို ထိန်းချုပ်ရန် ဖြစ်ကြောင်းကိုလည်း ကျွန်တော့်ကို မြင်စေပါသည်။ လူတစ်ယောက်ကို နောက်လိုက်ခြင်း၏ ဘေးအန္တရာယ် များသည့် အကျိုးဆက်ကိုလည်း ကျွန်တော် ရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။ ထိုအချိန်က ကျွန်တော့်မှာ ရုတ်ချည်း နားလည်သဘောပေါက်မှုတစ်ခု ရရှိလာ ကာ၊ ဘာသာတရားထဲမှ ထွက်လာပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ၏ အလုပ်နှင့် အမှီလိုက် လိုခဲ့ပါသည်။

ကိုယ်တော်၏ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်း ပါသည်။ ခရစ်ယာန်ဂိုဏ်းဂဏ များစွာ တည်ရှိရခြင်း အကြောင်း အရင်းကို ကျွန်တော် အမှန်တကယ်ပင် နားလည်သဘောပေါက်ခဲ့သည်။ ဆွေးနွေးချက် အပြီးတွင် ကျွန်တော်က ယခင်က လုံးဝမခံစားဖူးသည့် ပျော်မွေ့ခြင်းနှင့် ကျွန်တော့်ဝိညာဉ်ထဲတွင် လွတ်ငြိမ်းခြင်းကို ခံစားခဲ့ရ ပါသည်။

အမှာစကား ချန်ခဲ့မည်