စာရင်း

စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ- စာတန်၏ ကောလာဟလများနှင့် မုသားများကို သင်နားထောင်၍ မဖြစ်ပေ

အမြန်လမ်းညွှန်
၁။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ကျူးလွန်ဖို့ အလွယ်ကူဆုံးအမှား
၂။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် စာတန်၏ ကောလာဟလများနှင့် မုသားများကို ယုံကြည်ခြင်း၏ အကျိုးဆက်
၃။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ

၁။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ကျူးလွန်ဖို့ အလွယ်ကူဆုံးအမှား

စာတန်သည် အဘယ့်ကြောင့် ဧဝကို လှည့်စားပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူမ ဆုံးရှုံးအောင် လုပ်နိုင်ခဲ့သည်ကို သင်သိပါသလား။ သာမန်ဂျူးများသည် သခင့်ကို အာခံခြင်းတွင် ဖာရိရှဲများနှင့် အတူ ပူးပေါင်းခဲ့ပြီး ဤသို့ဖြင့် သခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးရသည်မှာ အဘယ့်ကြောင့်ဆိုသည်ကို သင်သိပါသလား။ ယင်းမှာ ၎င်းတို့သည် အဓိကအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမထောင်ခဲ့ဘဲ၊ ထိုအစား စာတန်၏ ကောလာဟလများနှင့် မုသားများကို နားထောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သခင်သည် ကြာမြင့်သော အချိန်ကတည်းက ပြန်ကြွလာပြီးဖြစ်သည်။ ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေသည်။ ပြီးလျှင် လူများစွာတို့သည် ဧဝနှင့် သာမန်ဂျူးလူမျိုးများကျူးလွန်ခဲ့သည့် တစ်ထေရာတည်းသော အမှားမျိုးကို ကျူးလွန်နေကြသည်။ ၎င်းတို့က “သခင်က လူ့ဇာတိနဲ့ ပြန်ကြွလာပြီးပြီလို့ ပြောတဲ့ ဟောကြားချက် မှန်သမျှက အမှားချည်းပဲ။” ဆိုသော သခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်သည့် ဘာသာရေး အသိုင်းအဝိုင်းမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ယုတ္တိအမှားများနှင့် မုသားများကို မျက်စိစုံမှိတ် ယုံကြည် နေကြသည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်မှ ဖော်ပြသကဲ့သို့ အသင်းတော်တို့အား ဝိညာဉ်တော်က မြွက်ဆိုသည့်အရာကို ကြားဖို့ မရှာဖွေကြပေ။ ထိုကဲ့သို့ နားဝေတိမ်တောင်ဖြစ်သော မချင့်ချိန်နိုင်သော လူများသည် သခင် ပြန်ကြွလာရာတွင် သူ့အား ကြိုဆိုနိုင်မည်လော။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန့်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း၊ သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။” (ကမ္ဘာဦးကျမ်း ၃:၁-၅)

“သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၄)

“ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သမ္မာတရားကို နားမလည်သော သူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည် ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ ယင်းမှာ အမှန်တကယ်တွင် လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ၊ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ၊ သင်လည်း တထေရာတည်း ပြောလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သော်လည်း၊ သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။ တစ်နေ့တွင် “ဤအရာသည် ဆိုးယုတ်သောဝိညာဉ်၏ အလုပ်ဖြစ်သည်။” ဟုဆိုသော မိုက်မဲသူ တစ်ဦး ပေါ်လာကောင်း ပေါ်လာနိုင်ပြီး၊ ထိုစကားများကို သင်ကြားသည့်အခါ၊ သင်သည် ဘာပြောရမှန်းမသိဖြစ်ကာ နောက်တဖန် အခြားသူများ၏ စကားများဖြင့် ချည်နှောင်ခြင်း ခံရနိုင်သည်။ တစ်စုံတစ်ဦးက အာရုံပျက်စေဖို့ ဖြစ်ပေါ်စေတိုင်း၊ သင်၏ အနေအထားမှ ရပ်တည်ခြင်းငှာ သင်မတတ်စွမ်းနိုင်၊ ဤအရာအားလုံး ဖြစ်ရသည်မှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏ လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင် ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့် အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန် ဖြစ်သည်။

“ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။

“သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ

စစ်မှန်သော လမ်းခရီးကို ဆန်းစစ်ရာတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ဆန်းစစ်ရာတွင် စာတန် နတ်ဆိုး၏ စကားများကို သင်အဘယ့်ကြောင့် ယုံကြည်ရသနည်း။ ဤသည်မှာ ပြဿနာ တစ်ခုဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဆန်းစစ်သည့်အခါ၊ သူ၏ မိန့်မြွက်ချက်များကို သင် ဆန်းစစ်ဖို့လိုသည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ်၊ ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်၏ သမ္မာတရားနှင့် အမှုတော်တို့ ဟုတ်မဟုတ်ကို ကြည့်ရမည်။ ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော် ရှိမရှိကို ကြည့်ပါ။ ဤလူများသည် နှစ်ပေါင်းများစွာသော ယုံကြည်ခြင်း နောက်ပိုင်းတွင် မည်သည့်အရာကို အောင်မြင်ရရှိသနည်း။ ၎င်းတို့တွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ တစ်ခုတစ်လေ ရှိပါသလား။ ၎င်းတို့၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိခဲ့ပါသလား။ စာတန်၏ အဆိပ်များ သန့်စင်ခြင်းခံရပြီးဖြစ်ပါသလား။ ဤအရာများကို သင် ဆန်းစစ်ဖို့ လိုသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မဆန်းစစ်ပေ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသည့် လူများသည် မည်သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး၊ မည်သူ၏ အမှုတော်ကို တွေ့ကြုံခံစားနေသည်ကို သင် မဆန်းစစ်ပေ— သင်သည် အဘယ့်ကြောင့် အဆင်းနီသော နဂါးကြီးထံသို့ သွားပြီး စာတန်နတ်ဆိုး၏ စကားများကို ယုံကြည်ရသနည်း။ သင်သည် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ စကားများကို အဘယ့် ကြောင့် ယုံကြည်ရသနည်း။ ၎င်းတို့သည် မည်သို့သော သတ္တဝါများဖြစ်သနည်း။ ၎င်းတို့သည် သိုးရေခြုံထားသော ဝံပုလွေများဖြစ်သည်။ ၎င်းတို့သည် ကြောင်သူတော် ဆန်သော အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သော အစေခံများဖြစ်သည်။ ၎င်းတို့သည် လူ၏ စိတ်ဝိညာဉ်များကို ဝါးမြိုသည့် မကောင်းဆိုးဝါးများဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရကို သင် အဘယ့်ကြောင့် မရိပ်စားမိသနည်း။ ဤသည်မှာ လူသားများ၏ အကြီးမားဆုံး မသိနားမလည်ခြင်းနှင့် မိုက်မဲခြင်းသာ ဖြစ်လေသည်။

စစ်မှန်သော လမ်းခရီးကို ဆန်းစစ်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရမည်။ ထို့နောက်မှသာလျှင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့်အရာမှာ သမ္မာတရား ဟုတ်မဟုတ်၊ ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ်ကို သင် သိနိုင်လိမ့်မည် ဖြစ်သည်။ ယင်းသည် သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်းကို သင် အတည်ပြုပါက၊ ယင်းသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ဖြစ်သည်ကို သင် သေချာနိုင်ပေသည်။ ယင်းနှင့် ပတ်သက်၍ သင်သေချာပါက၊ စာတန်က အပျက်သဘောဆောင်ကာ၊ ဆန့်ကျင်သောအရာများ နောက်တစ်ကြိမ် ပြောသည့်အခါ၊ ယင်းတို့ကို သင်ယုံကြည်ဆဲ ဖြစ်လိမ့်မည်လော။ သင် အမှန်တကယ် ယုံကြည်သူမှာ အဘယ်သူနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သမ္မာတရား ဖြစ်သည်ဟု သင်ယုံကြည်သလား သို့မဟုတ် စာတန်၏ စကားက သမ္မာတရားဖြစ်သည်ဟု သင် ယုံကြည်သလား။ ဤသည်မှာ လူတို့ ရင်ဆိုင်ရသည့် ရွေးချယ်မှုဖြစ်သည်။ ဆင်ခြင်တုံတရားအမှန်တကယ် ပိုင်ဆိုင်သည့် လူတစ်ယောက်၏ ရွေးချယ်မှုသည် မည်သည့်အရာဖြစ်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် သမ္မာတရားကို ဖော်ပြနိုင်သလား။ ယင်းက သမ္မာတရားကို မဖော်ပြနိုင်ပေ- ယင်းက အဓိပ္ပာယ်မရှိသော စကားများကိုသာ ပြောနိုင်သည်၊ ကောလာဟလများကိုသာ ဖန်တီးနိုင်သည်၊ ပြီးလျှင် မုသားများကိုသာ ပြောနိုင်သည်။ ယင်းက သင့်ကို လှည့်စားပြီး စစ်မှန်သော လမ်းခရီးမှ သင့်ကို ဝေးအောင်သာ လုပ်နိုင်သည်။ ယင်းကို သင် အဘယ့်ကြောင့် ယုံကြည်သနည်း။ လူများ ရွေးချယ်မှုတစ်ခု ပြုလုပ်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို ရှေးဦးစွာ ရွေးချယ် သင့်သည်။ “သမ္မာတရားပိုင်ဆိုင်တဲ့သူတိုင်းကို ကျွန်တော်လက်ခံမယ်။ ကျွန်တော့်ကို ကယ်တင်ဖို့၊ ကျွန်တော့်ကို သန့်စင်ဖို့ နဲ့ ကျွန်တော့်ကို စုံလင်စေဖို့ သမ္မာတရားဖော်ပြနိုင်တဲ့သူတိုင်းကို ကျွန်တော်လက်ခံမယ်။ ကျွန်တော့်ကို သန့်စင်အောင်လုပ်ဖို့ သမ္မာတရားကို သင်မဖော်ပြနိုင်ရင်၊ သင် ကျွန်တော့်ကို မကယ်တင်နိုင်ရင်၊ သင်ပြောသမျှက အဓိပ္ပာယ်မရှိဘဲ၊ တစ်လုံးကိုမှ ကျွန်တော် နားထောင်မှာ မဟုတ်ဘူး။ သင့်ကို နားထောင်တာက ကျွန်တော့်အတွက် အသုံးမတည့်ဘူး။” ယင်းမှာ စစ်မှန်သော ကိစ္စတစ်ရပ် မဟုတ်သလော။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

လူအချို့က စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ၊ ၎င်းတို့က တရုတ်ကွန်မြူနစ်ပါတီ၏ ကောလာဟလများကို အခြေပြုကြသည်။ ၎င်းတို့က “ဒါကတော့ စစ်မှန်တဲ့ လမ်းခရီး ဖြစ်နိုင်ခြေ မရှိဘူး။ ခေါင်းဆောင်ကို ကြည့်ပါ- သူ့မှာ ရဲတွေ လိုက်ဖမ်းတာ ခံနေရပြီး၊ အသင်းတော်ရဲ့ ငွေတွေယူပြီး ပြေးတာလေ။ သူက မယုံကြည်သူတွေနဲ့ တစ်ထေရာတည်း မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ လမ်းခရီးဖြစ်နိုင်မှာလဲ။” ဟူ၍ ပြောကြသည်။ ထိုကဲ့သို့သော လူမျိုးသည် ဘုရားသခင်၏ အသံတော်ကို ကြားပြီးနောက် သူ့ကို မယုံကြည်ကြပေ။ ၎င်းတို့က အသင်းတော်နှင့် ခေါင်းဆောင် မည်ကဲ့သို့ရှိသည်ကိုသာ စုံစမ်းလိုကြသည်။ “ဒီခေါင်းဆောင်က အစိုးရရဲ့ ထောက်ခံမှုကို ရပြီး နိုင်ငံတကာ ကျော်ကြားမှုရှိတယ်ဆိုရင်၊ သူက ထင်ရှားလူသိများပြီး အစိုးရ ဒါမှမဟုတ် ဘာသာရေးအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချခြင်း မခံရဘူးဆိုရင်၊ ကျွန်မတို့ ဒါကို လက်ခံလို့ရတယ်။ သူက အစိုးရနဲ့ ဘာသာရေး အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချတာ ခံရတယ်ဆိုရင်၊ သူဟာ ရာဇဝတ်သား ဖြစ်ရမယ်။ ဒါဆိုရင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဘယ်လောက် အံ့ဩစရာ ကောင်းနေပါစေ၊ ကျွန်မတို့ လက်ခံမှာမဟုတ်ဘူး။” ဤသည်မှာ စစ်မှန်သော လမ်းခရီးကို စုံစမ်းလေ့လာခြင်း ဟုတ်ပါသလား။ ဤသည်မှာ မိုက်မဲသူတစ်ယောက်၏ စဉ်းစားတွေးခေါ်နည်း စနစ်တစ်ခု ဖြစ်သည်။ ယင်းသည် စာတန်၏ ယုတ္တိဖြစ်သည်။ စစ်မှန်သော လမ်းခရီးကို သင် စနစ်တကျ လေ့လာစုံစမ်းပါက၊ လူ့ဇာတိခံ ဘုရားသခင် ပြောကြားသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် အမှန်တကယ် ဟုတ်မဟုတ်၊ သမ္မာတရား ဟုတ်မဟုတ် နှင့် ဘုရားသခင်၏ အမှုတော် ဟုတ်မဟုတ်တို့ကို သင် ရှာဖွေရမည်။ ဤသည်မှာ သင် လေ့လာစုံစမ်းသင့်သည့်အရာဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပါက၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဖြစ်ပါက၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ဖြစ်ပါက၊ စာတန်က ကျွန်ုပ်တို့ကို မည်သည့်အရာပြောသော်ငြားလည်း၊ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး စာတန်၏ နှုတ်သည် မုသားများဖြင့် ပြည့်နေသောကြောင့် ထိုနှုတ်ကပတ်တော်များကိုသာ ကျွန်ုပ်တို့ ယုံကြည်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များသည် သူ၏အမှုတော်ဖြစ်ပြီး ဘုရားသခင်သည် ဖြောင့်မတ်ကာ သန့်ရှင်းတော်မူသည်။ ဘုရားသခင်၏ အမှုတော်သည် မည်သည့်အခါမျှ မမှားယွင်းနိုင်ပေ။ မည်သူမဆိုသည် မှားယွင်း နိုင်သော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါမျှ မမှားယွင်းနိုင်ပေ။ မည်သူမဆို လိမ်ညာနိုင်သည်၊ ၎င်းတို့သည် အခြားသူများကို လိမ်လည်ပြီး လှည့်စားနိုင်သည်၊ သို့သော် ဘုရားသခင်က မလိမ်ညာပေ။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်သည်။ သူသည် သမ္မာတရားဖြစ်သည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာစုံစမ်းခြင်းမရှိဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် နှင့် အသင်းတော် ခေါင်းဆောင်တို့အပေါ် ဘာသာရေးအသိုင်းအဝိုင်း၏ ဆန်းစစ်ဝေဖန်မှုများကိုသာ ကြည့်ကြသည်။ သို့သော် ဘာသာရေး လောကထဲမှ ထိုလူများ၏ စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်စားပြုပါသလား။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုဘဲ စာတန်၏ စကားများကိုသာ ယုံကြည်ပါက၊ သင်ယုံကြည်သူမှာ စာတန်သာမဟုတ်ပါလား။ စာတန်၏ စကားများသည် သမ္မာတရားများဖြစ်သည်ဟု သင်အမှန်တကယ် ယုံကြည် ပါသလား။ သင်ယုံကြည်ပါက၊ သင်၏ ယုံကြည်မှုတွင် ပြဿနာများရှိနေပြီဖြစ်သည်။ သင်သည် စာတန်၏ စကားများကို စိတ်ဝင်တစား ယုံကြည်သည်။ စစ်မှန်သော လမ်းခရီးကို စုံစမ်းလေ့လာသည့်အခါ၊ လောကီအသိုင်းအဝိုင်းမှ ထင်ရှားသော ဝက်ဘ်ဆိုဒ်များရှိ ဖော်ပြချက်များကို အထူးသဖြင့် ကြည့်ကြသည့် သူများလည်း ရှိသည်။ ၎င်းတို့က “အဲဒီ ဝက်ဘ်ဆိုဒ်တွေမှာ သူတို့ပြောနေတာတွေက မှန်ကိုမှန်ရမယ်။” ဟု ပြောကြသည်။ သို့သော်လည်း အမှန်တကယ်တွင် ထိုဝက်ဘ်ဆိုဒ်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဤကမ္ဘာလောကနှင့် သက်ဆိုင်သည့်အရာများ မဟုတ် ပါသလား။ ထိုစကားများကို ဖောက်ပြန်ပျက်စီးသော လူသားများက ရေးသားထားခြင်း မဟုတ်ပါသလား။ ၎င်းတို့သည် စာတန်၏ ဆိုးယုတ်သော တန်ခိုး၏ အစိတ်အပိုင်းများ မဟုတ်ပါသလား။ ၎င်းတို့တွင် သမ္မာတရား ပါရှိပါသလား။ ၎င်းတို့ကို သင်အဘယ့်ကြောင့်များ ယုံကြည်ရမည်နည်း။ ၎င်းတို့သည် မဟုတ်မမှန်သော အရာများကို ပြောဆိုပြီး မုသားများကို ဖြန့်ဝေနေကြသည်။ ၎င်းတို့သည် ဆိုးယုတ်သော အစိုးရများ ဖန်တီးနိုင်သည့် မည်သည့် ကောလာဟလများ သို့မဟုတ် အလိမ်အညာများကိုမဆို ဖြန့်ဖြူးကြသည်။ ယင်းက ၎င်းတို့ကို အလိမ်အညာများ ဖြန့်ဝေသည့် အဖွဲ့အစည်းများ မဖြစ်စေပါသလား။ ၎င်းတို့သည် တရုတ်ကွန်မြူနစ်အစိုးရ ဖန်တီးသည့် မည်သည့် ကောလာဟလကိုမဆို၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချဖို့ ၎င်းတို့ ကြိုးပမ်းအားထုတ်သမျှကို လက်ဆင့်ကမ်းကြသည်။ ထို့ကြောင့် ၎င်းတို့သည် စာတန်က သူ၏ အလိမ်အညာများကို ဖြန့်ဝေဖို့အတွက် တန်ဆာပလာများ ဖြစ်သည်မဟုတ်ပါသလား။ ၎င်းတို့သည် လူကို လှည့်စားရန် စာတန်၏ တန်ဆာပလာများ မဟုတ်ပါသလား။ လူများက စစ်မှန်သော လမ်းခရီးကို စနစ်တကျ လေ့လာစုံစမ်းသည့်အခါ စာတန်နှင့် ပတ်သက်သည့် ထိုအရာများကို အဘယ့်ကြောင့် ယုံကြည်ကြသနည်း။ ၎င်းတို့သည် ခေါင်းမကောင်း ကြပါသလား။ ၎င်းတို့က ကမ္ဘာသည် ဖြောင့်မတ်ပြီး တရားမျှတသည်ဟု ယုံကြည်ပါသလား။ အစိုးရ သို့မဟုတ် ဘာသာရေးအသိုင်းအဝိုင်းက စစ်မှန်သော လမ်းခရီးသည် မည်သည့်အရာဖြစ်ပြီး စစ်မှန်သော ဘုရားသခင်သည် မည်သည့်အရာဖြစ်ကြောင်း မှတ်ချက်များနှင့် အခိုင်အမာ ပြောဆိုချက်များ ပြုလုပ်ပါက၊ ၎င်းတို့ ယုံကြည်လိုက်ကြပေသည်။ အစိုးရ သို့မဟုတ် ဘာသာရေး အသိုင်းအဝိုင်းက တစ်စုံတစ်ခုသည် စစ်မှန်သော လမ်းခရီးမဟုတ်ဟုပြောပါက သို့မဟုတ် ဘုရားသခင်သည် မစစ်မှန်ဟု ပြောပါက၊ ၎င်းတို့က ယင်းကို မယုံကြည်ကြပေ။ ထိုလူများသည် မည်သူ့ကို ယုံကြည်ကြသနည်း။ ၎င်းတို့က အစိုးရကို ယုံကြည်ကြသည်၊ ၎င်းတို့က ဘာသာရေး အသိုင်းအဝိုင်း၏ စကားများကို ယုံကြည်ကြသည်၊ ၎င်းတို့က ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ စကားများကို ယုံကြည်ကြသည်။ ထိုကဲ့သို့သော လူတစ်စုံတစ်ယောက်သည် စစ်မှန်သော ယုံကြည်သူ တစ်ယောက် ဖြစ်ပါသလား။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမရှိပေ၊ ဘုရားသခင်ကို မကိုးစားပေ။ ဘုရားသခင် စစ်မှန်သည်ကို ၎င်းတို့ မယုံကြည်ကြဘဲ၊ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ကိုလည်း ၎င်းတို့ မဝန်ခံကြပေ။ ၎င်းတို့သည် အထူးသဖြင့် သမ္မာတရားကို မသိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော သူတစ်စုံတစ်ယောက်က စစ်မှန်သော လမ်းခရီးကို စုံစမ်းသည့်အခါ၊ ၎င်းတို့ စာတန်၏ အလိမ်အညာများနှင့် ကောလာဟလများကို ကြားလျှင်ကြားချင်း ကြက်သေသေကြသည်။ ဤသည်မှာ ဉာဏ်ရည်ဉာဏ်စွမ်းရှိသော လူတစ်ယောက် ဖြစ်ပါသလား။ ၎င်းတို့သည် စိတ်ရှုပ်ထွေးနေကြသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်မှုအတွက် အခြေခံသဘောတရား တစ်ခုတည်းသာရှိသည်။ “တစ်စုံတစ်ယောက်က ဘုရားသခင် ဖြစ်ရင်၊ သူက သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်နိုင်ရင်၊ သူ့ကို ကျွန်တော် ယုံကြည်မှာဖြစ်ပြီး ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကလည်း မဆုတ်မနစ်ရှိလိမ့်မယ်။” ပြီးလျှင် ကျွန်ုပ်တို့သည် သမ္မာတရားကို လက်ခံရရှိဖို့အလို့ငှာသာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပါလား။ သမ္မာတရားကို ရရှိခြင်းအားဖြင့်သာလျှင် သင်သည် ဘုရားသခင်ကို ရရှိုနိင်သည်။ သမ္မာတရားကို သင်မရရှိပါက၊ သင်၏ ယုံကြည်မှုသည် ကျရှုံးခြင်းဖြစ်ပြီး၊ ယင်းသည် အသုံးမတည့် ဖြစ်ကာ၊ သင်သည် ဘုရားသခင်ကို မရရှိနိုင်ပေ။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

၂။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် စာတန်၏ ကောလာဟလများနှင့် မုသားများကို ယုံကြည်ခြင်း၏ အကျိုးဆက်

စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းတွင် အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ခြင်းဖြစ်ပြီး၊ စာတန်၏ ကောလာဟလများနှင့် မုသားများကို လုံးဝ အရေးမထားဖို့ ဖြစ်လေသည်။ ဤသည်မှာ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းအတွက် အရေးအကြီးဆုံး အခြေခံသဘောတရားဖြစ်ပြီး ယင်းက ကျွန်ုပ်တို့၏ အဆုံးသတ်နှင့် နောက်ဆုံးခရီးပန်းတိုင်တို့နှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ လူများသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် သင်းအုပ်ဆရာများ၊ အကြီးအကဲများတို့၏ ကောလာဟလများနှင့် မုသားများကိုသာ နားထောင်ပြီး၊ အသင်းတော်တို့အား ဝိညာဉ်တော် ပြောသည့်အရာကို နားမထောင်ပါက၊ ၎င်းတို့သည် မည်သို့ ဖြစ်လာမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။” (ဟော ၄:၆)

“မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။

“ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ

ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများသည် မကောင်းမှုကိုပင် ရောင်ပြန်ဟပ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။

“သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။

“နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့နှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။

ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

“လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူတစ်ယောက်သည် စာတန်၏ ယုတ္တိအမှားများ၊ ကောလာဟလများနှင့် မုသားများကို လက်ခံပြီး နှလုံးသွင်းပါက ထိုကိစ္စ၏ သဘောသဘာဝသည် အဘယ်နည်း။ အကျိုးဆက်များမှာ မည်သည့်အရာများဖြစ်မည်နည်း။ စာတန်၏ ယုတ္တိအမှားများနှင့် အလိမ်အညာများကို လက်ခံသူ တစ်ယောက်သည် စာတန်၏ မှားယွင်းသောစကားများကို လက်ခံသူ တစ်ယောက်ဖြစ်ပြီး ၎င်းတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို တစ်ဖန် ခံရပြီးဖြစ်သည်။ လူတစ်ယောက်က စာတန်၏ မုသားများကို လက်ခံသည့်အချိန်သည် ထိုသူသည် စာတန်နှင့် သက်ဆိုင်လာသည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် သူသည် စာတန်နှင့် သက်ဆိုင်နှင့်ပြီးဖြစ်သည်။ ထို့နောက်တွင် သူသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများနှင့် ထင်မြင်ယူဆချက်များ ရှိလာသည်၊ ပြီးလျှင် ဘုရားသခင်ကို အာခံသည့် လုပ်ရပ်များနှင့် သရုပ်သကန်များ ဖြစ်လာလေသည်။ ဥပမာအားဖြင့် အာဒံနှင့် ဧဝတို့သည် စာတန်အားဖြင့် သွေးဆောင်ဖြားယောင်းခြင်းခံရပြီး ကောင်းမကောင်းသိကျွမ်းရာ အပင်မှ အသီးကို စားခဲ့ကြပြီးသည့်နောက်၊ ချက်ချင်း အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်က ၎င်းတို့ကို ဧဒင်ဥယျာဉ်မှ မောင်းထုတ်ခဲ့ပြီး၊ ဘုရားသခင်သည် ၎င်းတို့နှင့် နောက်ထပ် အတူမရှိတော့ပေ။ သို့ပါက ဘုရားသခင်သည် အာဒံနှင့် ဧဝတို့ကို အလွန်ကြမ်းတမ်းစွာ ဆက်ဆံသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားစော်ကားကြသောကြောင့် ဖြစ်လေသည်။ ဘုရားသခင်၏ စကားတို့ကို သူတို့ အလေးမထားခဲ့ကြပေ။ ၎င်းတို့ကို အသိမပေးသည်မှာ ဘုရားသခင် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို မစားဖို့ ပြောခဲ့သည်၊ “အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” (ကမ္ဘာဦးကျမ်း ၂:၁၇) ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာခံခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့က မလိုက်နာခဲ့ သောကြောင့် ၎င်းတို့သည် ဧဒင်ဉယျာဉ်မှ မောင်းထုတ်ခံခဲ့ရသည်။ ယင်းမှာ အကျိုးဆက်များ မည်မျှပြင်းထန်ပုံဖြစ်သည်။ စာတန်၏ အကြံပြုချက်ကို လက်ခံခြင်းသည် ကစားနည်းတစ်မျိုး မဟုတ်ပါ။ ဘုရားသခင်အတွက်မူ၊ ယင်းမှာ သူ့ကို သစ္စာဖောက်ခြင်းဖြစ်သောကြောင့်၊ ထို့နောက်ပိုင်းတွင် ၎င်းတို့နှင့်အတူ ဘုရားသခင် မရှိခဲ့ပေ။ ဘုရားသခင်က ၎င်းတို့ကို စက်ဆုပ်သည်- ယင်းမှာ ထိုအခြေအနေ၏ ပြင်းထန်မှု ဖြစ်လေသည်။ ထို့ကြောင့် ယခု သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီး ဖြစ်သည့်အတွက် သင်သည် စာတန်၏ အလိမ်အညာများကို ယုံကြည်ပြီး၊ ၎င်း၏ ကောလာဟလများကို လက်ခံနေဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ အသင်းတော်မှ မထွက်ခွာသေးသော်လည်း၊ ဘုရားသခင်၏ အမြင်ရှုထောင့်တွင် သင်သည်သူ့ကို သစ္စာဖောက်နှင့်ပြီးဖြစ်ကာ၊ သူသည် သင်နှင့် အတူရှိမနေတော့ပေ။ သင်သည် စာတန်၏ ဤကောလာဟလများနှင့် ယုတ္တိအမှားများကို ကြုံတွေ့ရပါက၊ ချက်ချင်း ဆုတောင်းသင့်သည်၊ “ဘုရားသခင် ကျွန်တော့်ကို ကျေးဇူးပြုပြီး ဉာဏ်အလင်းပေးပြီး အလင်းပြပါ။ ဒီအရာတွေနဲ့ စာတန်တို့ကို ကျွန်တော် ငြင်းပယ်နိုင်အောင်၊ ပြီးတော့ စာတန်ကို အမြဲတမ်း ငြင်းနိုင်အောင် ကျွန်တော့်ကို ကာကွယ်ပါ။ ကျွန်တော် စာတန်ရဲ့ အလိမ်အညာတွေနဲ့ ယုတ္တိအမှားတွေကို လက်ခံမှာ မဟုတ်ပါဘူး။” သင်သည် သက်သေရပ်တည်ပြီး ဖြစ်ကာ စာတန်၏ သွေးဆောင်ဖြားယောင်းမှု အားဖြင့် ထိုးလှဲ မခံခဲ့ရသည်ကို ဤအရာက သက်သေပြလိမ့်မည် ဖြစ်သည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

လူအချို့က စာတန်၏ စကားများကို အထူးသဖြင့် နားထောင်ကြသည်။ ပြီးလျှင် ၎င်းတို့ ထိုသို့ လုပ်ဆောင်သည့်အခါ၊ မည်သည့်အရာဖြစ်သနည်း။ စစ်မှန်သော ဘုရားသခင် ကြွလာသည့်အခါ၊ ၎င်းတို့က သူ့ကို လွဲချော်ရပြီး၊ သူ့ကို လက်မခံကြပေ။ သူ့ကို လက်မခံနိုင်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ အကျိုးဆက်မှာ ပျက်သုဉ်းခြင်း နှင့် သေခြင်းတရားတို့ ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် မည်သည့် အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာသနည်း။ ပထမဦးစွာ၊ ဘုရားသခင်သည် လူတစ်စုကို စုံလင်စေလိမ့်မည်ဖြစ်ပြီးနောက် လူတစ်စုကို ကယ်တင်ကာ၊ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ဖျက်ဆီးလိမ့်မည်- ဤအရာသုံးခု ဖြစ်သည်။ ပထမအချက်မှာ လူတစ်စုကို ဘေးဒုက္ခမတိုင်မီ စုံလင်စေဖို့ ဖြစ်သည်။ ဒုတိယမှာ လူအချို့ကို စစ်ဆေးပြီး ကယ်တင်ဖို့ဖြစ်သည်။ တတိယမှာ ဘေးဒုက္ခအားဖြင့် စာတန်နှင့် သက်ဆိုင်သူ အားလုံးကို ဖျက်ဆီးဖို့ ဖြစ်သည်။ စာတန်နှင့် သက်ဆိုင်သောသူ အားလုံးကို ဖျက်ဆီးခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်၏ အမျိုးအစား၏ ပမာဏသည် မည်မျှ များပြားသနည်း။ ဘုရားသခင်က ပြောသည်မှာ၊ “ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။” ဆိုလိုသည်မှာ ရုတ်တရက်ဖြစ်ပွားသည့် ကပ်ဘေး၏ နှောင်းပိုင်းအဆင့်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်မခံသေးသည့် သူများအားလုံး သေရလိမ့်မည်ဖြစ်သည်။ ယခု ကျွန်ုပ်တို့သည် ရှင်းလင်းစွာ သိမြင်လာသည့်အတွက် လူက စာတန်၏ ကောလာဟလများနှင့် အဓိပ္ပာယ်မရှိသည့် စကားများကို နားထောင်ကာ၊ ဘုရားအမှုတော်ကို ငြင်းပယ်ပြီး ပစ်ပယ်ပါက သူ၏ အဆုံးသတ်မှာ အဘယ်နည်း။ သူသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး ပြာအဖြစ် ပြောင်းလိမ့်မည်။ ယခုအခါတွင် ကျွန်ုပ်တို့သည် ဤအရာကိုလည်း အတည်ပြု နိုင်သည်။ အဆင်းနီသောနဂါးကြီးနှင့် ဘာသာရေး အသိုင်းအဝိုင်းများ၏ ကောလာဟလများကို အရေးထားသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ဤလူများသည် အဘယ့်ကြောင့် ဖျက်ဆီးခြင်းခံရလိမ့်မည်နည်း။ အကြောင်းမှာ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်မခံသေးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်အားဖြင့် လှည့်စားခြင်းခံရပြီး၊ ချည်နှောင်ခြင်း ခံရသောကြောင့် စစ်မှန်သော လမ်းခရီးကို လက်မခံသေး သကဲ့သို့ ဘုရားသခင်၏ ရှေ့တော်မှောက်သို့လည်း မလာသေးပေ။ အကျိုးဆက်အားဖြင့် ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ ဖျက်ဆီးခြင်း ခံရလိမ့်မည်။ ထို့ကြောင့် စာတန်၏ ကောလာဟလများနှင့် အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ခြင်း၏ အကျိုးဆက်သည် သေခြင်းတရားဖြစ်သည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

၃။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ

ဗျာဒိတ်ကျမ်းက ကြိုတင်ဟောကိန်းထုတ်ထားသည်၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်သည် သူ၏ မိန့်မြွက်ချက်များမှတစ်ဆင့် လူတို့ထံ ပေါ်ထွန်းသည်။ ပညာရှိ သတို့သမီးများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ထိုနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်း သိကြသည်။ ၎င်းတို့သည် မည်သည့် ကောလာဟလများ သို့မဟုတ် မုသားများဖြင့် အနည်းငယ်မျှ လှည့်စားခံရခြင်းမရှိဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ပြတ်ပြတ်သားသား လိုက်လျှောက်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် သခင့်ကို ကြိုဆိုနိုင်ကာ၊ သိုးသငယ်၏ စားတော်ပွဲကြီးသို့ တက်ရောက်နိုင်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံရရှိကြလေသည်။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းနှင့် သခင့်ကို ကြိုဆိုခြင်းအတွက် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းသည်သာလျှင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်မှာ ရှင်းလင်းပေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ကိုက်ညီမှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို စွန့်ပစ်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ် ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

“ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

ယနေ့တွင် ဘုရားသခင်သည် အမှုသစ်လုပ်ဆောင်ပြီးပြီ ဖြစ်သည်။ ဤစကားများကို သင်လက်ခံကောင်း လက်ခံနိုင်မည် မဟုတ်သကဲ့သို့၊ သင့်အဖို့ ထူးဆန်းပုံပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့တွင် ဖြောင့်မတ်ခြင်းတရားအတွက် အမှန်တကယ် ဆာငတ်သောသူတို့သာ သမ္မာတရားကို ရရှိနိုင်ပြီး၊ အမှန်တကယ် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော သူတို့သည်သာ သူ၏ ဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကို ခံရနိုင်သည့်အတွက်၊ သင်၏ သဘာဝကျခြင်းကို မဖော်ထုတ်ရန် ငါအကြံပြုသည်။ အကျိုးရလဒ်များကို စကားများခြင်းနှင့် ယှဉ်ပြိုင်မှုဖြင့် မဟုတ်ဘဲ၊ တည်ကြည်သော ဆိတ်ငြိမ်မှုအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းမှ ရရှိနိုင်ပေသည်။ “ယနေ့ ဘုရားသခင်သည် အမှုသစ် လုပ်ဆောင်ပြီးပြီ ဖြစ်သည်။” ဟု ငါပြောသောအခါ၊ ဘုရားသခင် လူ့ဇာတိအဖြစ်သို့ ပြန်လည် ကြွလာခြင်းကို ငါ ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤစကားများက သင့်ကို စိတ်အနှောင့်အယှက် ပေးကောင်းပေးမည် မဟုတ်။ သင်သည် ယင်းတို့ကို စက်ဆုပ်ကောင်း စက်ဆုပ်မည်၊ သို့မဟုတ် ယင်းတို့သည် သင့်ဖို့ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပေါ်ထွန်းသည်ကို အမှန်တကယ် တမ်းတသူတို့အားလုံးသည် ယင်းနှင့် ပတ်သက်၍ ချက်ချင်းရမ်းသန်း ကောက်ချက်ချသည်ထက်၊ ဤအမှန်တရားကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးနိုင်မည်ဟု ငါ မျှော်လင့်သည်။ ယင်းမှာ အမြော်အမြင်ရှိသည့် လူတစ်ဦး လုပ်ဆောင် သင့်သည့်အရာတစ်ခု ဖြစ်သည်။

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။

“ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း” မှ

ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

“သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ရှင်းခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို နာခံနိုင်ကြလေသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အမှုကို လက်ခံသော ဤလူအုပ်စုသည် ခေတ်များ မတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ကြရပြီး၊ ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောလူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက် ကြားရပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ကြရသည်၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးနှင့် ခေတ်ကာလများတစ်လျှောက်လုံးတွင် ဤလူစုဖြစ်သည့်‌ သင်တို့ထက် မည်သူမျှ ကောင်းချီးမခံစားကြရလေပြီ။

“ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

အမှာစကား ချန်ခဲ့မည်