စာရင်း

Facebook ပေါ်ကစကားပြောဆိုခြင်း- အဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား

နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ ‘ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး”ဟု မေးလိုက်သည်။

ဖခမည်းတော်၏အလိုတော်ကိုလိုက်လျှောက်ခြင်း

ခဏအကြာတွင်၊ ကွန်ပြူတာမှ သတိပေးချက် အသံထွက်လာပြီး၊ Yeqi က Lina စာတိုပို့ထားသည်ကို တွေ့ရပါသည်။ သူမက ၎င်းကို လျင်မြန်စွာဖွင့်လိုက်သည်။ ၎င်းတွင် “ငါအခုလေးတင်အွန်လိုင်းတက်ပြီး၊ နင့်စာတိုကို တွေ့တာ။ နင်က အရမ်းအရေးကြီးတဲ့ မေးခွန်းကို မေးထားတာပဲ၊ သခင့်အတည်ပြုချက်ရနိုင် မရနိုင် ပြီးတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မနိုင် နဲ့ ဆက်စပ်နေတဲ့ မေးခွန်းတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့ ငါ့နားလည်မှုက အရမ်းအကန့်အသတ်ရှိနေတယ်၊ ဒါ့ကြောင့် ငါနင့်ကို ငါ့ကိုယ်ပိုင် အမြင်ရှုထောင့်အကြောင်း နည်းနည်းကို ပြောပြပြီး၊ အဲဒီနောက်မှာ ငါတို့ အဲဒါတွေကို ဆွေးနွေးလို့ရတယ်။

“သခင့်အားဖြင့် ညီအစ်ကိုမောင်နှမအများစုက သခင့်အတွက် အသုံးခံဖို့ အရာအားလုံးကို စွန့်လွှတ်၊ ဆင်းရဲဒုက္ခခံစားပြီး၊ သခင့်ဧဝံဂေလိတရားတော် ဖြန့်ဝေဖို့ ပေးဆပ်ခြင်းတွေ ပြုတဲ့အပြင်၊ ဒီအရာတွေကို အဆုံးသတ်အထိ မဆုတ်မနစ်ဆောင်ရွက်နိုင်မယ်ဆိုရင်၊ သူတို့က သခင့်အတည်ပြုချက်ကို ရရှိပြီး၊ သခင်ပြန် ကြွလာတဲ့အချိန်မှာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ချီမတာခံရမယ်ဆိုတဲ့ အမြင်ရှုထောင့် တွေကို လက်ကိုင်ထားကြတယ်။ ဒါပေမဲ့ ဒီအမြင်ရှုထောင့်က သခင့်အလိုတော်နဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား။ ဖာရိရှဲတို့က ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ကမ္ဘာကြီးရဲ့ ဝေးတဲ့ ထောင့်တွေကို ခရီးသွားပြီး၊ ရာသီဥတု၊ အပူ သို့မဟုတ် အအေး ဘယ်လိုပဲရှိရှိ ဗိမာန်တော်ထဲမှာ ဘုရားသခင်ကို အစေခံကြတဲ့အပြင်၊ ကောင်းမှုတွေအများကြီး လုပ်ခဲ့ကြတာကို ပြန်သတိရလိုက်ပါ။ သူတို့ရော သခင့်အတည်ပြုချက် လက်ခံရရှိကြလား။ မရတဲ့သဘော ရှိပါတယ်။ ဖာရိရှဲတွေက ဘုရားသခင်ရဲ့ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ဆင်းရဲဒုက္ခတွေအများကြီး ခံစားခဲ့ပြီး၊ ကြီးမားလှတဲ့တန်ဖိုးနဲ့ ပေးဆပ်ခဲ့ရတယ်လို့ မြင်ရပေမဲ့လည်း၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှုတော်ပြုဖို့ သခင်ယေရှုရဲ့ သဏ္ဍာန်နဲ့လူ့ဇာတိကို ခံယူပြီး ကြွလာတဲ့အချိန်မှာ၊ သူတို့က ကိုယ်ပိုင်အယူအဆတွေ နဲ့ စိတ်ကူးတွေ အားဖြင့်သာ ရပ်တည်ပြီး ဘုရားသခင်ကို ခုခံပြီး အပြစ်တင်ရှုတ်ချတဲ့အပြင်၊ သူတို့ကိုယ်ပိုင် အဆင့်အတန်းနဲ့ ဝင်ငွေတွေကို ကာကွယ်ဖို့အတွက် သခင်ယေရှုကို ကားတိုင်တင်ဖို့ လူအုပ်ကြီးကိုတောင် လှုံ့ဆော်ခဲ့တယ်။ တစ်ယောက်ယောက်က ဆင်းရဲဒုက္ခခံစားပြီး၊ ပေးဆပ်မှုတွေ လုပ်တဲ့အပြင်၊ ကောင်းမှုတွေပြုတဲ့ ပုံပေါက်နေသည့်တိုင်အောင် သူတို့တွေက ဘုရားသခင်ရဲ့ အမှုတော်တွေကို ပြုနေတာကို ကိုယ်စားမပြုဘူး သလို၊ သူတို့က ဘုရားသခင်ကို သိကျွမ်းတာ ဒါမှမဟုတ် နာခံတာကိုလည်း ကိုယ်စားမပြုဘူး ဆိုတာကို ဒါကသက်သေပြနေတာပဲ။

“ပြီးတော့ ဒီနေ့ ဘုရားသခင်မှာ ငါတို့ ယုံကြည်သူတွေအကြားကို ကြည့်လိုက်ပါ။ ငါ့တို့ အများစုက ကိုယ့်အိမ်တွေ အလုပ်အကိုင်တွေ၊ လုပ်အားတွေ နဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး၊ လေထဲမိုးထဲမှာ ခရီးသွားတဲ့အပြင်၊ ဆင်းရဲဒုက္ခတွေ အများကြီး ခံကြရပေမဲ့လည်း၊ ငါတို့တွေက တကယ့်ကို ဘုရားသခင်ရဲ့ နှလုံးသားနောက်ကို လိုက်ပြီး၊ ဒီကိစ္စတွေကိုလည်း ဘုရားသခင်ကို ချစ်တဲ့အတွက် လုပ်နေကြတာလား။ တစ်ချို့လူတွေက သခင့်အတွက် အလုပ်လုပ်ရင်၊ ကိုယ်တော်က သူတို့ကို ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ပေးသနားတော်မူပြီး၊ သူတို့မိသားစုတွေ လုံခြုံပြီး၊ ချမ်းသာဖို့အတွက် သေချာစေမယ်လို့ ယုံကြည်ကြတယ်။ သူတို့ရည်ရွယ်ချက်က ကောင်းကြီးမင်္ဂလာရရှိဖို့ ဖြစ်တဲ့အတွက်ကြောင့်၊ အခက်အခဲတွေ၊ စမ်းသပ်မှုတွေ နဲ့ ဘေးအန္တရယ်တွေကို တွေ့ကြုံရတဲ့အခါမှာ သူတို့က သခင့်ကို အထင်လွဲပြီး အပြစ်တင်ကြတယ် ဒါမှမဟုတ် ပိုပြီးလေးနက်တဲ့ အမှုတွေမှာဆိုရင် သူတို့က ကိုယ်တော်ကို စွန့်ခွာသွားတယ် ဒါမှမဟုတ် သစ္စာဖောက်တယ်။ တခြားလူတွေကျပြန်တော့လည်း ဘုရားသခင်အတွက် အသုံးခံရင်းနဲ့ သူတို့ ဇာတိပကတိရဲ့ ဆန္ဒတွေကို အလိုလိုက်ပြီး၊ သူတို့ကိုယ်ပိုင် အကျိုးစီးပွားကို ဖြည့်ဆည်းဖို့ လိမ်ညာပြီး၊ လှည့်စားကြတဲ့အပြင် ညီအစ်ကိုမောင်နှမတွေရှေ့မှာလည်း သူတို့အကြောင်း ကောင်းတဲ့ရှုထောင့်လေးတွေပဲ ပြောတယ်၊ သူတို့ တကယ့်အမှန်အခြေအနေကို ဘယ်သူ့ကိုမှ မပြောဘူး၊ သူတို့ရဲ့ အတုအယောင်၊ စိတ်ရှုပ်ထွေးစရာကောင်းပြီး လှည့်စားတဲ့ ပုံရိပ်တွေကိုပဲ ပြတယ်။ တခြားလူတွေက သူတို့ကိုယ်တိုင် အတွက် ပုံရိပ်နဲ့ ရာထူးတွေကို တည့်မတ်ဖို့ ဒေသနာတွေပေးပြီး၊ အလုပ်လုပ်တာကလည်း ရှိနေသေးတယ်။ သူတို့တွေက တခြားလူတွေ သူတို့ကိုသူတို့ အထင်ကြီးလေးစားလာအောင် လုပ်ဖို့ရှာဖွေရင်းနဲ့ ရလဒ်အနေနဲ့ သူတို့တွေက တခြားလူတွေကို သူတို့ရှေ့မှာထားကြတယ်၊ ပြီးတော့ သူတို့နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိလျက်နဲ့ပဲ ညီအစ်ကိုမောင်နှတွေက သူတို့ကို ကိုးကွယ်ကြတယ်...ဒီလိုလူတွေက ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဘယ်လိုကိုက်ညီမှာလဲ။ ငါတို့အတွင်းမှာ မသန့်စင်မှုတွေ အများကြီးရှိနေပေမဲ့လည်း ငါတို့တွေက ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်နေတာဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေဆဲ ဖြစ်တယ်။ အဲဒါက သူတော်ကောင်းယောင်ဆောင်တာ မဟုတ်ဘူးလား။ ဒါဟာ ဘုရားသင်ကို လှည့်စားပြီး၊ ပြစ်မှားတာ မဟုတ်ဘူးလား။ ဒါ့ကြောင့် သခင်ယေရှုက ‘ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲ ၇:၂၂-၂၃) လို့ပြောခဲ့တယ်။ မသန့်စင်ခြင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်မျိုးစုံ သယ်ဆောင်လာတဲ့ အသုံးခံခြင်း နဲ့ ပေးဆပ်ခြင်း လုပ်တဲ့ ပုံပေါက်နေတာမျိုးတွေကို ရွံမုန်းတယ် ဆိုတဲ့အကြောင်းကို ဒီနှုတ်ကပတ်တော်အားဖြင့် သခင်က ကိုယ်တော့်အလိုတော်ကို ငါတို့ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ ရည်ရွယ်တာ ဖြစ်တယ်၊” ဟု ဆိုထားပါသည်။

Yeqi က Lina ၏ နားလည်သဘောပေါက်မှုကို ဖတ်သည့်အချိန်တွင် အရမ်းကို တို့ထိခြင်းခံရပါသည်။ ကျွန်မတို့ အတွင်း၌ မသန့်စင်ခြင်းများနှင့် မမှန်ကန်သည့် ရည်ရွယ်ချက်များ ရှိနေလျက်နှင့် ကျွန်မတို့သည် သခင့်အတွက် အသုံးခံကာ ပေးဆပ်ပြီး ကြီးမားစွာ ဆင်းရဲဒုက္ခခံစားသည့် ပုံပေါက်နေသည်။ ဤသည်မှာ ကျွန်မတို့၏ မှန်ကန်သည့် အခြေအနေ ဖြစ်ပါသည်။ သူမသည် သခင့်အတွက် စိတ်အားထက်သန်စွာ အသုံးခံခဲ့ပြီး၊ ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့သော်လည်း သခင်က သူမမိသားစု လုံခြုံရန် နှင့် သူမ အလုပ်အကိုင်လမ်းကြောင်း ချောမွေ့စေရန် သေချာစေဖို့အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် သူမသည် ကောင်းကင်နိုင်ငံတော်သို့ ချီမခြင်းခံရရန်အတွက် သူမသည် သခင့်ကောင်းကြီးမင်္ဂလာများကို ရရှိရန်သာ မည်သို့လုပ်ဆောင်ခဲ့ကြောင်းကို တွေးမိသည်။ အရေးကိစ္စများသည် သူမ၏ ဆန္ဒများကို ဆန့်ကျင်သွား သည့်အချိန်၊ သို့မဟုတ် သူမ မိသားစု အခက်အခဲများ တွေ့ကြုံရသည့်အချိန်တွင်၊ သခင်နှင့် ထိုအနေအထား များအကြောင်း ငြင်းခုံရန်၊ သခင့်ကို အပြစ်တင်ရန် နှင့် သခင့်ကို ဆန့်ကျင်ပုန်ကန်ရန် တို့အတွက် သူမ ပေးဆပ်ခဲ့သည့်အရာများကို ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ဤနည်းဖြင့် ပေးဆပ်ခြင်း နှင့် အသုံးခံခြင်းတို့သည် သခင့်အတည်ပြုချက်ကို မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။ သခင်ပြစ်တင်ရှုတ်ချသည့် အရာသည် ကျွန်မတို့အပြင်ပန်းတွင် ပေးဆပ်ရသည့်ပေးဆပ်မှုတစ်ခု မဟုတ်သည့်အပြင်၊ ကျွန်မတို့နှလုံးသား များမှ မမှန်ကန်သည့် ရည်ရွယ်ချက်များကိုသာ ဖြစ်ပါသည်။ ၎င်းတို့သည် သခင်ရွံမုန်းသည့်အရာများ ဖြစ်ပါ သည်။

ခဏတာတွေးတောပြီးနောက် Yeqi က Lina ကို စာတိုပို့လိုက်သည်၊ “ငါနင့်အဖြေကိုဖတ်ပြီးတော့၊ အရမ်းတို့ထိခြင်းခံရတယ်။ အခုတော့ သခင့်အတွက် တရားဟောကြားခြင်း နဲ့ အလုပ်လုပ်ခြင်းတို့က သခင့်မုန်းတီးခြင်းနဲ့ ကျိန်စာတွေကိုပဲ ဘာဖြစ်လို့ ရစေခဲ့လဲဆိုတာကို နောက်ဆုံးမှာ ငါနားလည်လာခဲ့တယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ငါတို့ထဲမှာ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေ နဲ့ မသန့်စင်ခြင်းတွေ အများကြီး ရှိနေလို့ပေါ့။ ငါတို့က ငါတို့ထဲမှာ ရှိတဲ့ ရည်ရွယ်ချက်တွေ နဲ့ မသန့်စင်ခြင်းတွေနဲ့ ဘုရားသခင်ကို အစေခံတဲ့အခါမှာ၊ ဘုရားသခင်က အဲဒါကို ရွံမုန်းပြီးတော့၊ အဲဒါက ဘုရားသခင်ရဲ့ အလိုတော်နဲ့လည်း လုံးဝကို မကိုက်ညီပါဘူး။ ဒါ့ကြောင့် ငါတို့တွေက သခင့်အတည်ပြုချက်ကို ရအောင် ဘယ်လိုလက်တွေ့ လုပ်ဆောင်သင့်သလဲ။”

Lina က“အဲဒီမေးခွန်းနှင့် သက်ဆိုင်တဲ့ သမ္မာကျမ်းစာတစ်ချို့ကို ကြည့်ရအောင်။ သခင်ယေရှုက ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲ ၇:၂၁)သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။(ရှင်ယောဟန် ၈:၃၁)ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနားထောင်လိမ့်မည်။...ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။(ရှင်ယောဟန် ၁၄:၂၃-၂၄)သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။(ရှင်မဿဲ ၂၂:၃၇-၃၈) လို့မိန့်တော်မူခဲ့တယ်။ ဖခမည်းတော်ရဲ့ အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်မယ်ဆိုတာကို သခင့် နှုတ်ကပတ်တော်တွေကနေပြီး ငါတို့တွေ့မြင်နိုင်ပါတယ်။ ဖခမည်းတော်ရဲ့ အလိုတော်ကို အမှန်တကယ် လုပ်ဆောင်ခြင်းဆိုတာက သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့ လုပ်ဆောင်ခြင်း၊ သခင့်ပညတ်တော်တွေကို ကျင့်ကြံထိန်းသိမ်းခြင်း၊ သခင့်သတ်မှတ်ချက်တွေအတိုင်း အသုံးခံခြင်းနဲ့ အလုပ်လုပ်ခြင်း အပြင်၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေခြင်း နဲ့၊ အရာအားလုံးတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း တို့ဖြစ်ပါတယ်။ ဖခမည်းတော်ရဲ့ အလိုတော်ကို အမှန်တကယ် ဆောင်ရွက်တဲ့ သူတွေက သူတို့အယူအဆနဲ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကိုက်ညီသည် ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်တယ်၊ ဘုရားသခင်က သူတို့ကို ယုံကြည်စွာ အပ်နှံထားတဲ့ အရာကို ပြီးဆုံးဖို့အတွက် သူတို့သစ္စာစောင့်သိခြင်းကို ဆက်ကပ်တယ်၊ ဘုရားသခင်နဲ့ ပတ်သက်ရင် သူတို့ အကျိုးစီးပွား ပိုဖြစ်ဖို့ မရှာဖွေဘူး၊ ဘုရားသခင်နဲ့ ကုန်သွယ်မှုလုပ်ဖို့ မကြိုးစားတဲ့အပြင် ဘုရားသခင်ကို သက်သေခံဖို့ သူတို့အသက်တာတွေကိုတောင် စွန့်စားကြတယ်။ ဒါမျိုးလူတွေက ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီပြီး၊ ဘုရားသခင်ရဲ့ အတည်ပြုချက်ကို ရရှိတဲ့သူတွေဖြစ်တယ်။

“အဲဒါက ဘုရားသခင်က အာဗြဟံရဲ့ချစ်လှစွာသောသားကို ကိုယ်တော့်ကို ပူဇော်ခိုင်းတဲ့အချိန်၊ အဲဒီသတ်မှတ်ချက်က သူ့အယူအဆတွေနဲ့ အံဝင်ခွင်ကျမဖြစ်တာတောင်မှ အာဗြဟံက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ နာခံခဲ့ပြီး၊ မငြင်းခုံတဲ့အပြင်၊ ဣဇက် ဘုရားသခင်ဆီကို ပြန်ဖို့ စိတ်ရင်းအတိုင်းပဲ ပူဇော်ခဲ့တဲ့ အချိန်လိုမျိုးပေါ့။ အာဗြဟံက ဘုရားသခင်အတွက် အကြွင်းမဲ့နာခံခြင်း ရှိခဲ့တယ်။ သူ့နေစဉ်အသက်တာမှာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရုံသာမက၊ မကောင်းသောအကျင့်ကိုပါ ရှောင်ခဲ့တဲ့ ယောဘလိုမျိုးပဲပေါ့။ သူ့စမ်းသပ်မှုကာလအတွင်းမှာ သူ့ကြွယ်ဝမှုတွေနဲ့ သားသမီးတွေကို ယူဆောင်ခြင်းခံ ရပြီး၊ ဘုရားသခင်ရဲ့ အလိုတော်ကို သူနားမလည်ခဲ့တဲ့ အချိန်မှာ၊ သူက ဘုရားသခင်ကို အပြစ်တင်မဲ့အစား သူမွေးဖွားတဲ့ရက်ကိုသာ ကျိန်ဆဲခဲ့တဲ့အပြင်၊ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့နာမတော်ကို ဘုန်းတော်ထင်ရှား စေမြဲသာ ဖြစ်တယ်။ ဘုရားသခင်ကို ယောဘရဲ့ ဝတ်ပြုကိုးကွယ်ခြင်းမှာ ကုန်သွယ်မှုလုပ်တာ ဒါမှမဟုတ် လဲလှယ်တာ တစ်ခုမှ မရှိပါဘူး။ ဘုရားသခင်က ဘာကိုပဲ ပေးပေး ဒါမှမဟုတ် ဘာကိုပဲ ယူယူ၊ ယောဘက ဘုရားသခင်ရဲ့ သွန်သင်ချက်တွေဖြစ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး၊ မကောင်းတဲ့အကျင့်ကို ရှောင်ခြင်းကို ဆက်ပြီးဆောင်ရွက်နိုင်ခဲ့တယ်။ သခင်ယေရှုကို သူ့အသက်တာတစ်ခုလုံး နောက်လိုက်ခဲ့တဲ့ ရှင်ပေတရုကလည်း သခင် သူ့ကို ယုံကြည်စွာအပ်နှံခဲ့တဲ့ အရာကို ဆက်လက်ဆောင်ရွက်ခဲ့တယ်၊ ‘ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော...ငါ၏သိုးတို့ကိုကျွေးမွေးလော့။’ (ရှင်ယောဟန် ၂၁:၁၆) သူက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို မှတ်မိပြီး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတဲ့အပြင်၊ အရာအားလုံးမှာ ဘုရားသခင်ကို စိတ်ကျေနပ်စေခဲ့တယ်၊ သခင့်အလိုတော်နဲ့ သတ်မှတ်ချက်တွေအတိုင်း အသင်းတော်ကို သိုးထိန်းကျောင်းတဲ့အလုပ်ကိုလည်း တင်းကျပ်စွာနဲ့ ဆက်လက်ဆောင်ရွက်ခဲ့တဲ့အပြင်၊ နောက်ဆုံးမှာ ဇောက်ထိုးမိုးမျှော် ကားတိုင်တင်ခြင်းခံရပြီး ဘုရားသခင်ကို သေတဲ့အထိ နာခံတဲ့အပြင် ဘုရားသခင်ကို အစွန်းဆုံး ချစ်သွားခဲ့တယ်။ သူတို့တွေအားလုံးက ဘုရားသခင်ကို အမှန်တကယ်ကို ကြောက်ရွံ့ပြီးတော့ နာခံတဲ့သူတွေပေါ့၊ ဒီလိုလူမျိုးတွေကသာ ဖခမည်းတော်ရဲ့ အလိုတော်ကို အမှန်ကတယ် လုပ်ဆောင်တဲ့သူတွေ ဖြစ်တယ်။ ဒါ့ကြောင့် ဖခမည်းတော်ရဲ့ အလိုတော်ကို လုပ်ဆောင်ခြင်းက ဘုရားသခင်အတွက် စွန့်လွှတ်ဖို့နဲ့ အသုံးခံဖို့အတွက် ပုံပေါက်နေတယ်လို့ ညွှန်းဆိုတာမဟုတ်ပါဘူး၊ အဲဒါက အရာအားလုံးမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေခြင်းနဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအပြင်၊ ဘုရားသခင်အတွက် အကြွင်းမဲ့ နာခံခြင်းနဲ့ သစ္စာစောင့်သိခြင်းတို့ ရှိတာကို ဆိုလိုပါတယ်။ ဒါက ငါတို့တွေ လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ဝင်ရောက်ရမယ့်အရာလည်း ဖြစ်ပါတယ်။”ဟု ပြန်ဖြေခဲ့သည်။

Yeqi သည် ကွန်ပြူတာဖန်သားပြင်ကို ငေးနေခဲ့ကာ၊ အတွေးထဲတွင် အကြာကြီး ပိတ်မိနေခဲ့သည်။ သူမ၏ ယုံကြည်မှု နှစ်များအားလုံးတွင် ယနေ့မှသာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း ရှာဖွေတွေ့ခဲ့ရမည်ဟု လုံးဝ စိတ်မကူးခဲ့မိပါ။ သူမသည် သမ္မာတရား ၏ဤရှုထောင့်ကို နားလည်နိုင်လာသည်ကို အလွန်ပင်ပျော်ရွှင်ရသော်လည်း၊ သခင့် အတွက် သူမ၏ အမှုတော်တွင် မသန့်စင်ခြင်းများစွာ ရှိကြောင်းကိုလည်း သတိပြုမိခဲ့ပါသည်။ သူမ၏ မမှန်ကန်သည့် ရည်ရွယ်ချက်များကို သစ္စာဖောက်ရန်၊ ယောဘနှင့် ရှင်ပေတရုတို့၏ နမူနာများကို လိုက်နာရန်၊ အရာအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်ရဲ့ချစ်ခြင်း တို့အတွက် ရှာဖွေရန် တို့အပြင် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်သည့် သူတစ်ယောက် ဖြစ်လာရန် တို့အတွက် ဆန္ဒရှိပါသည်။ ထိုအတွေးသူထံတွင် ပေါ်လာချိန်တွင်၊ သူမက Lina ထံသို့ ပြုံးနေသည့် မျက်နှာကြီး တစ်ခု ပို့လိုက်ပါသည်။...

အမှာစကား ချန်ခဲ့မည်