စာရင်း

ဧဝံဂေလိတရားတော် ဆိုသည်မှာ အဘယ်နည်း

ဝူရမ်း တရုတ်ပြည်

ဧဝံဂေလိ

ဧဝံဂေလိသည် ကျွန်ုပ်တို့အတွက် သတင်းကောင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ အစတွင် ဘုရားသခင်သည် မောရှေကို ကိုယ်တော်တိုင် ခေါ်ဆောင်တော်မူပြီး၊ ဣသရေလလူမျိုး တို့ကို လမ်းပြရန် ပညတ်တော် ၆၁၃ ပါးကို ပေးသနားတော်မူဖို့အတွက် သူ့ကို အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများအတွက် ထိုပညတ်တော်များသည် ဘုရားသခင်က သူတို့အပေါ်သို့ ပေးအပ်နှင်း တော်မူသည့် သတင်းကောင်းဖြစ်ပြီး၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဧဝံဂေလိသည် သူတို့ထံသို့ ရောက်လာသည်ဟု ဖြစ်သည်။ ဤအချက်က ယေဟောဝါ ဘုရားသခင်သည် သူတို့ကို ကိုယ်တော်တိုင် ဦးဆောင်ပြီး၊ သူတို့အကြားတွင် ထင်ထင်ရှားရှား ပေါ်ထွန်းခဲ့ပြီဟု ဖြစ်သည်။ ယေဟောဝါဘုရားသခင်က “ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြ...၏။” (တရားဟောရာကျမ်း ၅:၁၀) ဟု မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ဣသရေလလူမျိုးတို့သည် ယေဟောဝါကို ကြောက်ရွံ့ရိုသေကာ၊ သူ့ပညတ်တော်များအတိုင်း နေထိုင်ကျင့်ကြံပြီး၊ သူ့ဧဝံဂေလိမှ သွေဖယ်သွားခြင်း မရှိသမျှ ကာလပတ်လုံး သူတို့သည် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာကို မျိုးဆက်တစ်ခုပြီး တစ်ခု ခံစားရမည်။

ပညတ်တော်ခေတ် အဆုံးတွင် သူတို့သည် ပို၍ပို၍ ဖောက်ပြန်ပျက်စီး ကာ၊ ဘုရားသခင်အတွက် သူတို့၏ ကြောက်ရွံ့ရိုသေခြင်းလည်း ပျောက်ဆုံးခဲ့သည့်အားလျော်စွာ၊ သူတို့သည် ပညတ်တော်များကို တိုး၍တိုး၍ မထိန်းသိမ်းနိုင်တော့သည့်အပြင်၊ ပို၍ပို၍ အပြစ်ကျူးလွန် နေခဲ့ကြပြီး၊ အဆုံးသတ်အထိ ယေဟောဝါဘုရား သခင်၏ ပညတ်တော်များသည် သူတို့၌ လိုချင်သည့် ရလဒ်များကို အောင်မြင်ရရှိနိုင်ခြင်းမရှိခဲ့ပါ။ အပြစ်ဖြေရာယဇ်များ ရှိခဲ့သော်ငြား လည်း၊ သူတို့အပြစ်များစွာကို ကျူးလွန်ခဲ့သည် ပူဇော်ရန် အပြစ်အနာအဆာမရှိသော သားဦးကျွဲနွား သိုးများ မလုံလောက် သောကြောင့် သူတို့သည် ယေဟောဝါ၏ ယဇ်ပလ္လင်ထက်တွင် ခြေလက်မသန်သော၊ အပြစ်အနာအဆာရှိသော ပူဇော်ခြင်းများကို ထားရှိပူဇော်သောကြောင့် သူတို့အပြစ်များကို လွှတ်၍မရနိုင်ပါ။ ရလဒ်အနေဖြင့် သူတို့၏အပြစ်များသည် ပို၍ အရေအတွက်များစွာ ကြီးထွားလာခဲ့ပြီး၊ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာမှ သေဆုံးကြရမည် ဖြစ်သည်။ ထိုနည်းအားဖြင့် လူသားများကို ဘုရားသခင် ဖန်ဆင်းတော်မူခြင်း ၏ အဓိပ္ပါယ်သည် အကျိုးမဲ့သွားခဲ့ မည်သာဖြစ်သည်။ ထို့နောက် ချက်ချင်း ဖောက်ပြန်ပျက်စီးသော လူသားများ၏ လိုအပ်ချက်များနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တို့အရ သခင်ယေရှုသည် လူသားအနေဖြင့် ကမ္ဘာသို့ ကြွလာပြီး၊ သခင်ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ဖြစ်သည့် ကျေးဇူးတော်ခေတ်၏ အမှုတော်ကို စတင်ဆောင်ရွက်တော်မူခဲ့သည်။

သခင်ယေရှုသည် လောကသို့ကြွလာသည့်အချိန်တွင်၊ ဗက်လင်မြို့ရှိ လယ်မြေများထဲမှ သိုးထိန်းများသည် ဧဝံဂေလိတရားတော်၏ သတင်းကောင်းကို ပထမဆုံး ကြားရသူများဖြစ်သည်ကို သခင့်ကို ယုံကြည်သူတိုင်းက သိကြပါသည်။ ဘုရားသခင်က ကောင်းကင်တမန် တစ်ပါးမှတစ်ဆင့် သူတို့ကို “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့ အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။” (ရှင်လုကာခရစ်ဝင် ၂:၁၀-၁၁) ဟု ဝမ်းသာစရာသတင်းကို ကြေငြာတော်မူခဲ့သည်။ သခင်ယေရှုသည် သုံးနှစ်ခွဲတိုင်အောင် အမှုပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ယုဒပြည်၏ ကျေးရွာများကို ဖြတ်သန်းခရီးသွားကာ၊ လူများနောင်တရစေရန် ကောင်းကင်နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိတရားတော်ကို ဟောကြား တော်မူခဲ့သည်၊ ထို့ထက်ပိုပြီးလျှင် ကိုယ်တော်သည် နာမကျန်းသူများကို အနာငြိမ်းစေကာ၊ နတ်ဆိုးများကို မောင်းထုတ်ပြီး၊ နိမိတ်လက္ခဏာ များနှင့် အံ့ဖွယ်အမှုများကို ပြုတော်မူခဲ့သည်၊ ကိုယ်တော်သည် လူသားများပေါ် ပေါလျှံသော ကျေးဇူးတော်များကို ပေးအပ်နှင်းခဲ့ သည့်အပြင်၊ လူသားများကို သည်းခံကာ၊ အပြစ်မှလွှတ်တော်မူခဲ့သည်၊ အဆုံးသတ်တွင် ကိုယ်တော်သည် လူသားများ၏ အပြစ်များအတွက် ကားတိုင်တင်ခံရကာ၊ လူသားများအတွက် အပြစ်ဖြေရာယဇ်ဖြစ်လာပြီး၊ လူသားများကို ရွေးနှုတ်ခြင်း အမှုတော်တစ်ခုလုံးကို စုံလင်စေခဲ့လေ သည်။ သမ္မာကျမ်းစာက “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ် တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၆-၁၇) ဟု ပြောထားသည်။ ဤနှုတ်ကပတ်တော်များသည် ကျေးဇူးတော်ခေတ်၌ ဧဝံဂေလိ တရားတော်၏ အချက်အချာဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို လက်ခံကြသူများအားလုံးသည် ကိုယ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီး၊ လက်ခံကာ၊ သူတို့၏အပြစ်များကို ဝန်ခံပြီး ဝန်ချတောင်းပန်သမျှ ကာလပတ်လုံး သူတို့၏အပြစ်များမှ လွှတ်ခြင်းခံရမည် ဖြစ်သည်။

ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝသည် ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့က သခင့်ကို ယုံကြည်ပြီး၊ လိုက်လျှောက်စဉ်တွင်၊ ကျွန်ုပ်တို့သည် သခင့်သွန်သင်ချက်များကို မကြာခဏ ဆန့်ကျင်ဆဲဖြစ် သည့်အပြင်၊ အပြစ်ကျူးလွန်ရန် ကျွန်ုပ်တို့၏ ဇာတိပကတိဆန္ဒများ ဖြစ်သည့် ကျော်ကြားမှုကို ကြိုးပမ်းခြင်း၊ အချင်းချင်း အခွင့်ကောင်းယူခြင်း နှင့် အကောက်ကြံခြင်း၊ လိမ်ညာခြင်းနှင့် လှည့်စားခြင်း၊ ဆိုးယုတ်ပြီး၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ခြင်းနှင့် ပို၍များများသော အရာများကို အလျှော့ပေးခဲ့ကြသည်၊ ကျွန်ုပ်တို့သည် လောက၏ ရေပန်းစားမှုများကို လိုက်နာပြီး၊ အဆင့်အတန်း၊ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဉစ္စာဓနတို့ကို ရှာဖွေကာ၊ အပြစ်၏ ပျော်မွေ့မှုကို အလိုလိုက်သည့်အပြင်၊ နေ့အချိန်တွင် အပြစ်ကျူးလွန်ပြီး၊ ညအချိန်တွင် ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံခြင်း အခြေအနေတွင် အသက်ရှင်နေထိုင်နေနိုင်ကြဆဲသာ ဖြစ်ပါသည်။ ဘုရားသခင်သည် သန့်ရှင်းကြောင်း၊ ကျွန်ုပ်တို့ အမြဲတမ်း အပြစ်ကျူးလွန်ပြီး၊ သန့်စင်ခြင်းကို မရရှိပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မဝင်ရောက်နိုင်ကြောင်းကို သိရှိကြပါ သည်။ သမ္မာကျမ်းစာက “ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၆) “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ ၁၂:၁၄) ဟု ပြောထားသည်။ ဘုရားသခင်က “လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။” ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့ကို အပြစ်မှလုံးလုံးလျားလျား ကယ်တင်ရန် နှင့် သန့်စင်ရန်အပြင်၊ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝမှ ပြောင်းလဲရန်မှာ ဘုရားသခင်က နောက်ဆုံးသောကာလ၌ ကိုယ်တော်ရောက်ရှိသည့်အချိန်တွင် ကျွန်ုပ်တို့ထံ ဧဝံဂေလိ ယူဆောင်လာမည်ဖြစ်ကြောင်း ဤနှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ သိရှိပါသည်။ သမ္မာကျမ်းစာက “မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” (ဗျာဒိတ်ကျမ်း ၁၄:၆-၇) ဟု ပရောဖက်ပြု ထားသည့်အတိုင်း ဖြစ်ပါသည်။ ဤနေရာတွင် “မြေကြီးပေါ်မှာ နေသော သူတည်းဟူသော...လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော”နှင့် “တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။” ဟု ပြောထားပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား သန့်စင်ခံရရန် နှင့် ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝမှ နောက်ဆုံးတွင် လွတ်မြောက်ပြီး၊ ဘုရားသခင်၏နိုင်ငံတော်ကို ဝင်ရောက်နိုင်ရန်တို့အတွက် ကျွန်ုပ်တို့ အတွက် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြင်ဆင်တော် မူသည့် ထာဝရဧဝံဂေလိနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရပါမည်။ ထာဝရဧဝံဂေလကို လက်ခံနိုင်သူများသာလျှင် ကောင်းကြီးမင်္ဂလာကိုအခံစားရဆုံး သူများဖြစ်သည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ထာဝရဧဝံဂေလိကို မည်သို့ရရှိနိုင်မည်နည်း။ သမ္မာကျမ်းစာတွင် “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဟု ရှင်းလင်းစွာ ပြောထားပါသည်။ ဤနေရာတွင် နှုတ်ကပတ်တော်ကျမ်းပိုဒ်က ကျွန်ုပ်တို့အား ဧဝံဂေလိတရားတော်ကို လက်ခံခြင်းလမ်းကြောင်း တစ်ခုကို ပြောပြထားသည်၊ သခင်သည် ဧဝံဂေလိဖြင့် ဆင်းသက်လာ သည့်အချိန်တွင်၊ ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ကြေငြာမည့်သူ တစ်ယောက် ကလည်း ရှိနေမည် ဖြစ်သည်။ထိုအချိန်က တောထဲတွင် ဗိတ္တိဇံဆရာယောဟန်က သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို “ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ ထို့ကြောင့် နောင်တရကြလော့။” (ရှင်မဿဲခရစ်ဝင် ၃:၁-၂) ဟု ဟစ်ကြွေးခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ထိုအကြောင်းကြောင့် နောက်ဆုံးသောကာလ၌ ကျွန်ုပ်တို့က အပြင်မှနေပြီး တစ်စုံတစ်ယောက်က “မင်္ဂလာဆောင်လုလင်လာပြီ” ဟု အော်ဟစ်သည်ကို ကြားသည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် ပညာရှိသည့် သတို့သမီးများဖြစ်သင့်သည့်အပြင်၊ အပြင်သို့ထွက်ကာ ရှာဖွေပြီး စုံစမ်းစစ်ဆေးသင့်ပါသည်။

နောက်ထပ် ဖတ်ရန်-

Myanmar Song With Lyrics (ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း)

သခင် ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန်အတွက် အလွန်အရေးပါသည့် အဆင့်တစ်ဆင့်

အမှာစကား ချန်ခဲ့မည်