စာရင်း

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး လူသားတို့အား ကိုယ်ထင်ပြခြင်း၏ နက်နဲမှုကဘာလဲ။

ဟန်စရောင် ရေးသားသည်

အီစတာဆိုသည်မှာ အဘယ်နည်း။ အီစတာ၏ အရင်းအမြစ်

အီစတာ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနေ့ ဟု လည်းခေါ်ဝေါ်ကြသည့်နေ့သည် သခင်ယေရှုက ကားတိုင်တော်ပေါ်တွင် အသေခံခဲ့ပြီး ၃ ရက်မြောက်တွင် ဖြစ်ပေါ်သည့် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အောင်ပွဲခံကျင်းပသည့် အခါကြီးရက်ကြီး တစ်ရက် ဖြစ်ပါသည်။ ၎င်းသည် နှစ်စဉ်နှစ်တိုင်း နွေဦး နေ့တာနှင့် ညတာ ညီမျှသော ကာလပြီး ပထမဆုံး လပြည့်နေ့နောက်ပိုင်းမှ ပထမဆုံး တနင်္ဂနွေနေ့တွင် အတိအကျပင် ကျရောက်ပါသည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်အဖြစ် ကျင်းပရန် နှင့် လူသားမျိုးနွယ်အတွက် ယေရှု ယူဆောင်လာသည့် ကယ်တင်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို နားလည်သဘောပေါက်ရန်၊ နှစ်စဉ် မတ်လ မှ ဧပြီလအထိ တကမ္ဘာလုံးမှ ခရစ်ယာန်များသည် အီစတာနေ့ရက်တွင် ပွဲတော်များကျင်းပကြသည်။ ထို့ကြောင့် ကျွန်မတို့ခရစ်ယာန်များသည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ကျင်းပရင်းဖြင့် ကိုယ်တော်၏ ရွေးနှုတ်သောအမှုတော် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း သေခြင်းမှ ပြန်လာပြီး လူသားများထံ အဘယ့်ကြောင့် ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို ကျွန်ုပ်တို့ သိပါသလား။ ပြီးနောက်တွင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကိုယ်တော်၏ပေါ်ထွန်းခြင်းတို့ နောက်ကွယ်မှ အဓိပ္ပါယ်မှာ အဘယ်နည်း။

သခင်ယေရှု၏ ရွေးနှုတ်ခြင်း အဓိပ္ပါယ် နှင့် လူသားများထံသို့ ကိုယ်တော်၏ ပေါ်ထွန်းခြင်း

ဘုရားသခင်၏ နှုတ်ကပတ်တော်များက “သူ၏ ရှင်ပြန်ထမြောက်ခြင်း နောက်တွင် ပထမဦးဆုံး သခင်ယေရှု လုပ်ဆောင်ခဲ့သောအရာမှာ အယောက်တိုင်းအား သူ့ကိုမြင်ရန်၊ သူတည်ရှိသည်ဆိုသည်ကို အတည်ပြုရန်နှင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သည့် အမှန်တရားကို အတည်ပြုရန် အခွင့်ပေးခြင်း ဖြစ်ပေသည်။ ထို့အပြင် ဤလုပ်ဆောင်ချက်သည် လူ့ဇာတိဖြင့် သူအလုပ် လုပ်နေခဲ့အချိန်၊ သူသည် ၎င်းတို့ မြင်နိုင်သကဲ့သို့ တို့ထိနိုင်ခဲ့သည့် ခရစ်တော်ဖြစ်ခဲ့ချိန်က ရှိခဲ့သည့် ပုံစံအတိုင်း လူတို့နှင့် သူ၏ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့သည်။ ဤအရာ၏ တစ်ခုသော ရလဒ်မှာ သခင်ယေရှုသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီးနောက် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ခြင်း ရှိမရှိဆိုသည်ကို လူတို့ သံသယမရှိခဲ့ကြသကဲ့သို့၊ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် ဖြစ်သည့် သခင်ယေရှု၏ အမှုတော်ကိုလည်း ၎င်းတို့ သံသယမရှိခဲ့ကြပေ။ နောက်ထပ် ရလဒ်တစ်ခုမှာ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် လူတို့ထံ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် လူတို့ကို သူ့အား မြင်ခွင့်ပေးကာ ထိခွင့်ပေးခြင်းသည် သခင်ယေရှု ‘ပျောက်ကွယ်သွား’ ခဲ့ပြီးဖြစ်သည် သို့မဟုတ် သူသည် ‘စကားတစ်ခွန်းမျှ မချန်ခဲ့လေပြီ’ ဟု ထင်ရသော အခြေခံအကြောင်းရင်းအပေါ် လူတို့သည် ယခုချိန်မှစ၍ ယခင် ပညတ်တော်ခေတ်သို့ ပြန်သွားတော့မည်မဟုတ်သည်ကို သေချာစေလျက်၊ ကျေးဇူးတော်ခေတ်တွင် လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာ လုံခြုံစေခဲ့သည်။ ထိုသို့ဖြင့် ၎င်းတို့သည် သခင်ယေရှု၏ သွန်သင်ချက်များနှင့် သူ လုပ်ဆောင်ခဲ့သည့် အမှုတော်နောက် လိုက်လျှောက်ရင်း ဆက်လက် ရှေ့ဆက်မည် ဖြစ်သည်ကို သူက သေချာစေခဲ့သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်ရှိ အမှုတော်ထဲက အဆင့်အသစ် တစ်ခုကို တရားဝင် ဖွင့်ဟခဲ့ပြီး၊ ထိုအခိုက်အတန့်မှစ၍ ပညတ်တော် အောက်၌ အသက်ရှင်နေခဲ့ပြီးဖြစ်သော လူတို့သည် ပညတ်တရားမှ တရားဝင် ပေါ်ထွက်ခဲ့ပြီး ခေတ်သစ်တစ်ခု၊ အသစ်သော စတင်ခြင်းတစ်ခုထဲသို့ ဝင်ရောက်ခဲ့လေသည်။ ဤအရာများသည် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် လူသားမျိုးနွယ်ထံ သခင်ယေရှုပေါ်ထွန်းခြင်း၏ ရှုထောင့် အမျိုးမျိုးရှိသည့် အဓိပ္ပာယ်များ ဖြစ်သည်။(ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃))သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်တွင်၊ သူသည် လိုအပ်သည်ဟု သူထင်သော လူတို့ထံ ကိုယ်ထင်ပြခဲ့သည်၊ ၎င်းတို့နှင့်စကားပြောခဲ့ပြီး လူတို့နှင့် ဆိုင်သည့် သူ၏ ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များကို ထားခဲ့ရင်း၊ ၎င်းတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်တို့ကို ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်အနေဖြင့်၊ လူသားမျိုးနွယ်အတွက် သူ၏ ပူပန်မှုနှင့် လူတို့နှင့်ဆိုင်သော သူ၏ သတ်မှတ်ချက်တို့ မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ဤအရာများသည် သူ လူ့ဇာတိခံ၌ ရှိချိန်နှင့် လက်ဝါးကားတိုင်၌ သံမှိုရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြင့် သူ ရှိခဲ့ချိန်တွင် အလားတူ ရှိမြဲရှိနေခဲ့သည်။ သူသည် လက်ဝါးကားတိုင်ပေါ် မရောက်မီတွင် ဤတပည့်တော်တို့အတွက် စိုးရိမ်ပူပန်ခဲ့ပြီး၊ လူတစ်ဦးချင်းစီတိုင်း၏ အခြေအနေနှင့်ပတ်သက်၍ သူ၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေသကဲ့သို့၊ လူတိုင်း၏ ချို့တဲ့ခြင်းတို့ကို သူနားလည်ခဲ့သည်၊ ဟုတ်ပေ၏၊ သူသေဆုံးကာ ရှင်ပြန်ထမြောက်ပြီး ဝိညာဉ်ခန္ဓာဖြစ်လာပြီးနောက်တွင် လူတိုင်းနှင့်ဆိုင်သည့် သူ၏ သိနားလည်မှုသည် လူ့ဇာတိမှာ ရှိခဲ့ချိန်တုန်းကကဲ့သို့ တူညီပေသည်။ လူတို့က ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာကို လုံးဝ သေချာခြင်းမရှိကြသည်ကို သူသိခဲ့သည်၊ သို့သော်လည်း လူ့ဇာတိမှာရှိသည့် သူ၏ အချိန်ကာလအတောအတွင်းတွင်၊ သူသည် လူတို့အပေါ် တင်းကျပ်သည့် တောင်းဆိုမှုတို့ မပြုလုပ်ခဲ့ပေ။ သို့သော် သူ ရှင်ပြန်ထမြောက် ခဲ့ပြီးသည့်နောက်တွင်၊ ၎င်းတို့ရှေ့ သူ ပေါ်ထွန်းခဲ့ပြီး၊ သခင်ယေရှုသည် ဘုရားသခင်ထံမှလာခဲ့ကြောင်းနှင့် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်းကို ၎င်းတို့အား လုံးဝ သေချာစေခဲ့သကဲ့သို့၊ သူသည် သူ၏ ပေါ်ထွန်းခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သည့် အမှန်တရားကို လူသားမျိုးနွယ်၏ ရာသက်ပန် လိုက်စားမှုအတွက် အကြီးမားဆုံးသော ရူပါရုံနှင့် လှုံ့ဆော်မှုအဖြစ် အသုံးပြုခဲ့သည်။ သူ၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သော သူအားလုံးကို အားကောင်းစေခဲ့ရုံမက၊ လူသားမျိုးနွယ် အလယ် ကျေးဇူးတော်ခေတ်နှင့်ဆိုင်သည့် သူ၏ အမှုတော်ကိုလည်း လုံးလုံးလျားလျား အကောင်အထည် ဖော်ခဲ့ကာ၊ ထိုသို့ဖြင့် ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ ကယ်တင်ခြင်း၏ ဧဝံဂေလိတရားသည် လူသားမျိုးနွယ်၏ နေရာအနှံ့ကို တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှု၏ ပေါ်ထွန်းခြင်းသည် အရေးပါမှုတစ်ခုတစ်လေရှိသည်ဟု သင် ဆိုမည်လော။...သူ၏ ပေါ်ထွန်းခြင်းက လူတို့အား ဘုရားသခင်၏ ပူပန်မှုနှင့် စောင့်ရှောက်မှုတို့ကို နောက်တစ်ဖန် တွေ့ကြုံကာ ခံစားစေစဉ်တွင်၊ ဘုရားသခင်သည် ခေတ်တစ်ခုကို အစပျိုးသူ၊ ခေတ်တစ်ခုကို ဖွင့်သူနှင့် ခေတ်တစ်ခုကို အဆုံးသတ်သူလည်း ဖြစ်သည်ဆိုသည်ကို အားကောင်းစွာ သက်သေပြပေသည်။ သူ၏ ပေါ်ထွန်းခြင်းမှတစ်ဆင့်၊ သူသည် လူအားလုံး၏ ယုံကြည်ခြင်းကို သာ၍ ခိုင်ခံ့စေခဲ့ပြီး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဆိုသည့်အချက်ကို ကမ္ဘာလောကထံ သက်သေပြ ခဲ့သည်။ ဤအရာက သူ၏နောက်လိုက်များအား ထာဝရ အတည်ပြုချက်ကို ပေးခဲ့ပြီး၊ သူ၏ပေါ်ထွန်းခြင်းမှတစ်ဆင့် ခေတ်သစ်၌ သူ့အမှုတော်၏ အဆင့်တစ်ခုကိုလည်း စတင်ခဲ့သည်။(ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)) ဟု မိန့်တော်မူထားသည်။

သခင်ယေရှုသည် သေခြင်းမှ ပြန်လာပြီးနောက် ကိုယ်တော်၏ တပည့်တော်များထံသို့ အကြိမ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ခြင်း နှင့် ဘုရားသခင်၏ အပတ်တကုတ် ဂရုစိုက်စောင့်ရှောက်မှုများ ၏ နက်နဲသိမ်မွေ့သော အဓိပ္ပါယ်တစ်ခု ရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ထိုအချိန်က ကိုယ်တော့်ကို လိုက်လျှောက်ခဲ့သူများသည် ကိုယ်တော်၏ သွန်သင်ခြင်းများကို နားထောင်ခဲ့ပြီး၊ သခင်ပြုတော်မူခဲ့သည့် အံ့ဖွယ်အမှုများစွာကို တွေ့မြင်ခဲ့သည့်အပြင်၊ သူတို့က သခင်ယေရှုသည် သူတို့၏ သခင်ဖြစ်ကြောင်း၊ ကိုယ်တော်က ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဆိုခဲ့ကြသော်လည်း၊ သူတို့က ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း နှင့် ကိုယ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းတို့ကိုမူ စစ်မှန်သည့် နားလည်သဘောပေါက်ခြင်း မရှိခဲ့ကြကြောင်းကို ယေရှုက သိတော်မူခဲ့သည်။ သခင်ယေရှုသည် ရောမလူမျိုး အာဏာပိုင်များ၏ ဖမ်းဆီးခံရပြီး၊ စစ်သားများ ကျာပွတ်ဖြင့်ပြင်းထန်စွာ ရိုက်ခံရပြီး၊ ပြောင်လှောင်သရော်ခြင်းကို ခံရသည့်အချိန်တွင် ကိုယ်တော့် နောက်လိုက်သူအများစုသည် ကိုယ်တော်၏ ကိုယ်ပိုင် အမှတ်အသားနှင့် ပတ်သက်ပြီး သံသယများစွာ စရှိလာ သည့်အပြင်၊ သခင့်ကို သူတို့၏ ယုံကြည်မှုသည် တိုး၍ အားနည်းပြီးရင်း အားနည်းလာခဲ့သည်။ အထူးသဖြင့် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် သံမှိုစွဲခံရပြီးနောက် သေဆုံးခဲ့သည့်အချိန်တွင် လူအများစုက ကိုယ်တော့်ကို လုံးလုံးလျားလျား စိတ်ပျက်ခဲ့ကြ သည့်အပြင်၊ သံသယအနေဖြင့် စတင်ခဲ့သည့်အရာသည် သခင်ယေရှုကို ငြင်းပယ်ခြင်း ဖြစ်လာခဲ့သည်။ ဤသို့သော အခြေအနေတစ်ခုကို ဆန့်ကျင်ပြီး သခင်ယေရှုသည် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက် လူသားများထံသို့ မပေါ်ထွန်းခဲ့ပါက၊ ကိုယ်တော့်နောက်လိုက်သူ များစွာတို့သည် သခင်ယေရှုကို ယုံကြည်ကြတော့မည် မဟုတ်သည့်အပြင်၊ သူတို့သည် ပညတ်တော်ခေတ်ကို ပြန်သွားကာ၊ ဓမ္မဟောင်းကျမ်း တရားတော်ကို ဆက်လက်ကျင့်သုံးကြမည်သာ ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ အတွင်းအကျဆုံး နှလုံးသားများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး၊ သူတို့၏ အားနည်းချက်များကို နားလည်သဘောပေါက်တော်မူသော်လည်း၊ ထို့အပြင် ကိုယ်တော်က လူများသည် ဝိညာဉ်အသက်တာ နုနယ်ကြောင်းကို သိရှိတော်မူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သေခြင်းမှ ပြန်ကြွလာခဲ့ပြီး၊ ကိုယ်တော်၏ တပည့်တော်များထံသို့ အကြိမ်ပေါင်းများစွာ ပေါ်ထွန်းခဲ့ပြီး ဖြစ်သည်၊ ကိုယ်တော်သည် သူ့တပည့်တော်များကို စကားပြောဆိုတော်မူပြီး၊ ရှင်ပြန်ထမြောက်ခြင်း အပြီး ကိုယ်တော်၏ ဝိညာဉ်ခန္ဓာကို သူတို့ကို ပြတော်မူခဲ့ကာ၊ သူတို့နှင့် အတူ စားသောက်သည့်အပြင်၊ သူတို့ကို နှုတ်ကပတ်တော်ကျမ်းပိုဒ်များအား အသေးစိတ် ရှင်းပြတော်မူခဲ့ ပါသည်။ ဤအရာများအားလုံးကို ပြုတော်မူရခြင်းတွင် ကိုယ်တော်၏ ရည်ရွယ်ချက်မှာ သခင်ယေရှုသည် သေခြင်းမှ အမှန်တကယ် ပြန်လာတော်မူခဲ့ကြောင်း၊ ကိုယ်တော်သည် လူသားကို ချစ်တော်မူခဲ့သော၊ လူသားကို သနားကရုဏာတော် ထားတော်မူ ခဲ့သော ယေရှုသာ ဖြစ်မြဲ ဖြစ်ကြောင်း၊ သခင်ယေရှုသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း နှင့် ကိုယ်တော်သည် လူသားမျိုးနွယ်ကို ရွေးနှုတ်တော်မူရန် ကြွလာမည်ဟု သမ္မာကျမ်းစာတွင် ပရောဖက်ပြုထားသည့် မေရှိယဖြစ်ကြောင်းတို့ကို ကိုယ်တော်ကို လိုက်လျှောက်သူများအား သူတို့၏ နှလုံးသား ၏ နက်ရှိုင်းသော နေရာမှ သေချာစေရန် ဖြစ်ပါသည်။ သူတို့က သခင်ယေရှုကို သံသယမရှိတော့သကဲ့သို့၊ ငြင်းပယ်ခြင်းလည်း မရှိတော့သော်လည်း၊ ထိုအစား သူတို့သည် ကိုယ်တော့်ကို စိတ်ရင်းအတိုင်း ယုံကြည်ပြီး၊ သခင်ယေရှုကို သူတို့၏ သခင်အဖြစ် လက်ခံခဲ့ကြသည်။ လူသားများထံသို့ ရှင်ပြန်ထမြောက်ခြင်းနှင့် ပေါ်ထွန်းခြင်းအားဖြင့် ယေရှုသည် သခင့်ကို ယုံကြည်ရန် နှင့် လိုက်လျှောက်ရန် လူများ၏ ယုံကြည်မှုကို အားဖြည့်ပေးခြင်း ဖြစ်ကြောင်းကို ဤအချက်မှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ဤသည်မှာ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အဓိပ္ပါယ်၏ ရှုထောင့်တစ်ခုဖြစ်ပါသည်။

ဤအချက်မှလွဲပြီး သခင်ယေရှုသည် ပေါ်ထွန်းလာပြီး၊ ဇာတိပကတိအားဖြင့် အမှုပြုခဲ့ကာ၊ ပညတ်တော်ခေတ်ကို လုံးလုံး လျားလျား အဆုံးသတ်စေခဲ့သည့်အပြင်၊ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို စတင်တော်မူခဲ့သည်။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက်၊ လူ့ဇာတိခံယူထားသည့် သခင်ယေရှုသည့် ကားတိုင်တင်ခံရသော်လည်း၊ ကိုယ်တော်သည် အပြစ်နှင့် သေခြင်းတရားတို့ကို အောင်မြင် တော်မူခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်တော်သည် စာတန်ကို အနိုင်ယူခဲ့ပြီး ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ ရွေးနှုတ်ခြင်း အမှုတော်ကို စုံလင်စေခဲ့ကာ၊ ဘုန်းတော်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည့်အချက်ကို ယေရှုက လူများအား ပို၍ ရှင်းလင်းစွာပင် မြင်တွေ့စေတော်မူခဲ့သည်။ သခင်ယေရှုက ခေတ်အသစ်ကို စတင်တော်မူခဲ့ပြီး၊ လူသားမျိုးနွယ်ကို ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်မှ လုံးလုံးလျားလျား ခေါ်ထုတ်တော်မူခဲ့သည့်အပြင်၊ ကျေးဇူးတော်ခေတ်ကို ခိုင်မာစွာ တည်ထောင်ခဲ့သောကြောင့် ကိုယ်တော်သည် သူတို့အား ကျေးဇူးတော်ခေတ်၌ ဘုရားသခင်၏ လမ်းပြခြင်း၊ သိုးထိန်းခြင်းနှင့် ရေလောင်းခြင်းတို့ကို ခံယူဖြစ်စေခဲ့ပါသည်။ ဤနည်းအားဖြင့် သခင်ယေရှုက ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံသို့ ကြွတော်မူသည့်တိုင်၊ ကိုယ်တော်သည် လူများနှင့် စားသောက်ခြင်း၊ နေခြင်း သို့မဟုတ် လူသားများအတိုင်း ပြုမူခြင်း မရှိတော့သည့်တိုင်၊ လူများသည် ယေရှု၏နာမတော်ဖြင့် ဆုတောင်းနိုင်ဆဲ နှင့် ခေါ်ဆိုနိုင်ဆဲဖြစ်သည့်အပြင်၊ ကိုယ်တော်၏ သွန်သင်ချက်များကို ထိန်းသိမ်းကျင့်ကြံကာ၊ သခင်ယေရှုကို မဖြိုဖျက်နိုင်သည့် ယုံကြည်မှုဖြင့် လိုက်လျှောက်ပြီး၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေနိုင်ဆဲဖြစ်ပါသည်။ အထူးသဖြင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး၊ ကိုယ်တော့်နောက် လိုက်လျှောက်ခဲ့သည့် တပည့်တော်များထံတွင် ပေါ်ထွန်းပြီးနောက်တွင်၊ သူတို့ ယုံကြည်မှုသည် များစွာ ကြီးထွားလာခဲ့သည့်အပြင်၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်း သို့မဟုတ် ၎င်းအတွက် သက်သေခံခြင်းတို့ဖြစ်လာပါက၊ သူတို့သည် မည်သည့် ဆင်းရဲဒုက္ခ သို့မဟုတ် အန္တရာယ်ကိုမျှ မကြောက်ပဲ၊ သူတို့၏ ဇွဲလုံ့လတွင် အနိုင်မခံအရှုံးမပေးသောသူများ ဖြစ်လာကာ၊ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်းတွင် သူတို့၏ အရာအားလုံးကို ဆက်ကပ်အပ်နှံကြသည်မှာ သခင့်အတွက် သူတို့ကိုယ်သူတို့ပင် မာတုရအဖြစ်ခံခဲ့ကြပါသည်။ အဆုံးသတ်တွင် ယေရှု၏ ဧဝံဂေလိတရားတော်သည် စကြာဝဠာတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးအနှံ့ ချဲ့ထွင်ခဲ့ကာ၊ သခင်ယေရှု၏ နောက်လိုက်များ၏ အရေအတွက်သည် အဆက်မပြတ် တိုးပွားလာသည်မှာ အိမ်ထောင်တိုင်းမှ လူတိုင်းသည် ကိုယ်တော်၏ ဧဝံဂေလိတရားတော်ကို ကြားဖူးပြီး၊ ၎င်းကို အားလုံး သိရှိသည့်အချိန်အထိပင် ဖြစ်ပါတော့သည်။

ဤအချက်မှလွဲပြီး သခင်ယေရှုသည် ပေါ်ထွန်းလာပြီး၊ ဇာတိပကတိအားဖြင့် အမှုပြုခဲ့ကာ၊ ပညတ်တော်ခေတ်ကို လုံးလုံးလျားလျား အဆုံးသတ်စေခဲ့သည့်အပြင်၊ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို စတင်တော်မူခဲ့သည်။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက်၊ လူ့ဇာတိခံယူထားသည့် သခင်ယေရှုသည့် ကားတိုင်တင်ခံရသော်လည်း၊ ကိုယ်တော်သည် အပြစ်နှင့် သေခြင်းတရားတို့ကို အောင်မြင် တော်မူခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်တော်သည် စာတန်ကို အနိုင်ယူခဲ့ပြီး ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ ရွေးနှုတ်ခြင်း အမှုတော်ကို စုံလင်စေခဲ့ကာ၊ ဘုန်းတော်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည့်အချက်ကို ယေရှုက လူများအား ပို၍ ရှင်းလင်းစွာပင် မြင်တွေ့စေတော်မူခဲ့သည်။ သခင်ယေရှုက ခေတ်အသစ်ကို စတင်တော်မူခဲ့ပြီး၊ လူသားမျိုးနွယ်ကို ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်မှ လုံးလုံးလျားလျား ခေါ်ထုတ်တော်မူခဲ့သည့်အပြင်၊ ကျေးဇူးတော်ခေတ်ကို ခိုင်မာစွာ တည်ထောင်ခဲ့သောကြောင့် ကိုယ်တော်သည် သူတို့အား ကျေးဇူးတော်ခေတ်၌ ဘုရားသခင်၏ လမ်းပြခြင်း၊ သိုးထိန်းခြင်းနှင့် ရေလောင်းခြင်းတို့ကို ခံယူဖြစ်စေခဲ့ပါသည်။ ဤနည်းအားဖြင့် သခင်ယေရှုက ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံသို့ ကြွတော်မူသည့်တိုင်၊ ကိုယ်တော်သည် လူများနှင့် စားသောက်ခြင်း၊ နေခြင်း သို့မဟုတ် လူသားများအတိုင်း ပြုမူခြင်း မရှိတော့သည့်တိုင်၊ လူများသည် ယေရှု၏နာမတော်ဖြင့် ဆုတောင်းနိုင်ဆဲ နှင့် ခေါ်ဆိုနိုင်ဆဲဖြစ်သည့်အပြင်၊ ကိုယ်တော်၏ သွန်သင်ချက်များကို ထိန်းသိမ်းကျင့်ကြံကာ၊ သခင်ယေရှုကို မဖြိုဖျက်နိုင်သည့် ယုံကြည်မှုဖြင့် လိုက်လျှောက်ပြီး၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေနိုင်ဆဲဖြစ်ပါသည်။ အထူးသဖြင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး၊ ကိုယ်တော့်နောက် လိုက်လျှောက်ခဲ့သည့် တပည့်တော်များထံတွင် ပေါ်ထွန်းပြီးနောက်တွင်၊ သူတို့ ယုံကြည်မှုသည် များစွာ ကြီးထွားလာခဲ့သည့်အပြင်၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်း သို့မဟုတ် ၎င်းအတွက် သက်သေခံခြင်းတို့ဖြစ်လာပါက၊ သူတို့သည် မည်သည့် ဆင်းရဲဒုက္ခ သို့မဟုတ် အန္တရာယ်ကိုမျှ မကြောက်ပဲ၊ သူတို့၏ ဇွဲလုံ့လတွင် အနိုင်မခံအရှုံးမပေးသောသူများ ဖြစ်လာကာ၊ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်းတွင် သူတို့၏ အရာအားလုံးကို ဆက်ကပ်အပ်နှံကြသည်မှာ သခင့်အတွက် သူတို့ကိုယ်သူတို့ပင် မာတုရအဖြစ်ခံခဲ့ကြပါသည်။ အဆုံးသတ်တွင် ယေရှု၏ ဧဝံဂေလိတရားတော်သည် စကြာဝဠာတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးအနှံ့ ချဲ့ထွင်ခဲ့ကာ၊ သခင်ယေရှု၏ နောက်လိုက်များ၏ အရေအတွက်သည် အဆက်မပြတ် တိုးပွားလာသည်မှာ အိမ်ထောင်တိုင်းမှ လူတိုင်းသည် ကိုယ်တော်၏ ဧဝံဂေလိတရားတော်ကို ကြားဖူးပြီး၊ ၎င်းကို လူတိုင်း သိရှိသည့်အချိန်အထိပင် ဖြစ်ပါတော့သည်။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမများ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အဓိပ္ပါယ်ကို နားလည်စေသည့်အပြင်၊ ကိုယ်တော်၏ အမှုတော်တွင် တစ်ဖန် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်မှုတို့ကို သိမှတ်နားလည်စေရန် ခွင့်ပေးခြင်းအတွက် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ကျေးဇူးတော်ချီးမွမ်းကြပါစို့။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

အမှာစကား ချန်ခဲ့မည်