စာရင်း

“အမှုပြီးပြီ”ဟု ဆိုခဲ့ချိန်တွင် သခင်ယေရှုက အမှန်တကယ် မည်သည့်အရာကို ဆိုလိုခဲ့သနည်း

ခရစ်ယာန်တွေ ယုံကြည်တာက ကားတိုင်မှာ “အမှုပြီးပြီ။”လို့ သခင်ယေရှု ပြောတဲ့အချိန်မှာ၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားရဲ့ အမှုတော် ပြီးပြည့်စုံတာကို ပြောတာလို့ပေါ့။ ဒါကြောင့် သခင်ပြန်ကြွလာတဲ့အခါ နောက်ထပ် ကယ်တင်ခြင်း အမှု လုပ်စရာလိုမှာ မဟုတ်ဘဲ၊ သခင်နဲ့ ဆုံဖို့ ယုံကြည်သူအားလုံးကို ကောင်းကင်ကို ချီမရုံချီမယ်၊ ကောင်းကင်ဘုံကို ကျွန်တော်တို့ကို ခေါ်သွားမှာဖြစ်ပြီး အဲဒါပဲ ဖြစ်မယ်လို့ အသေအချာ ခံစားကြရတယ်။ ဒါကသခင့်ထဲက ယုံကြည်သူတွေ ခိုင်ခိုင်မာမာ ယုံကြည်ကြတဲ့အရာတစ်ခုပါ။ အဲဒါကြောင့် အများကြီးက သူတို့ကို သခင့်ရဲ့ နိုင်ငံတော်ထဲ တန်းခေါ်သွားအောင် အကြောင်းမဲ့သက်သက် သခင့်ကို စောင့်ဆိုင်းရင်းနဲ့ ကောင်းကင်ကို အမြဲငေးကြည့်ကြတယ်။ ဒါပေမယ့် ကပ်ဘေးကြီးတွေ ကျရောက်ပြီးပြီဖြစ်သလို၊ အများစုက သခင့်ရဲ့ ကြွလာခြင်းကို မမြင်ကြသေးလို့၊ သူတို့ရဲ့ ယုံကြည်ခြင်းက ကျဆင်းပြီး စိတ်ပျက်နေကြတယ်။ တချို့ဆို သံသယတောင် ရှိကြတယ်- သခင့်ရဲ့ ကတိတွေက စစ်ရောစစ်မှန်ရဲ့လား။ သူကြွလာမှာလား၊ မကြွလာဘူးလားဆိုပြီးပေါ့။ တကယ်တော့၊ သခင်ယေရှုက သမ္မာတရား အများကြီး ဖော်ပြရင်းနဲ့ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ရင်း၊ အချိန်ကြာမြင့်စွာကတည်းက လူသားအနေနဲ့ တိတ်တဆိတ် ပြန်ကြွလာခဲ့ပါတယ်။ ဒါပေမယ့် လူအများစုက ဘုရားရဲ့ အသံကို နားထောင်ဖို့ မကြိုးစားကြသလို၊ အသင်းတော်တွေဆီ သန့်ရှင်းသော ဝိဉာဉ်တော်ရဲ့ စကားတွေကို ကြားဖို့ မရှာဖွေကြဘူး၊ ပြီးတော့ သခင်က သူတို့ကို ကောင်းကင်ဘုံဆီ ခေါ်သွားဖို့ မိုးတိမ်တစ်ခုပေါ် ကြွလာရမယ်လို့ တစ်လျှောက်လုံး ထင်မှတ်နေခဲ့ကြတယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို သူတို့ လွဲနေကြတယ်။ အဲဒါ ရာသက်ပန်နောင်တတစ်ခု ဖြစ်လိမ့်မယ်။ ဒါဟာ ကားတိုင်ပေါ်က သခင်ယေရှုရဲ့ စကားတွေ “အမှုပြီးပြီ။” ဆိုတာကို လူတွေ အနက်ပြန်ပုံနဲ့ အရမ်းကို နီးနီးကပ်ကပ် ဆက်နွှယ်နိုင်တယ်။

ဒါနဲ့ စလိုက်ရအောင်။ “အမှုပြီးပြီ။”လို့ သခင်ယေရှု ပြောတာက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော် ပြီးဆုံးတာကို ဆိုလိုတယ်လို့ ဘာလို့ ယုံကြည်သူအများကြီးက တွေးကြတာလဲ။ ဒီအတွက် ကျမ်းအခြေပြုချက် တစ်ခုခု ရှိလား။ ဒါကို သန့်ရှင်းသော ဝိညာဉ်တော်က အတည်ပြုပေးလား။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နောက်ထပ် အမှုတစ်ခုမှ ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ သခင်က ပြောခဲ့ဖူးလား။ ဒီစကားတွေဟာ ဘုရားက သူ့ရဲ့ ကယ်တင်ခြင်းအမှု ပြီးစီးတာကို ရည်ညွှန်းနေတာလို့ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခဲ့ရလား။ မဟုတ်ဘူးလို့ အသေအချာ ပြောလို့ရတယ်။ အဲဒါဆိုရင်၊ သခင်ယေရှုဆီက ဒီစကားတွေဟာ အဲဒီတုန်းက ဘုရားရဲ့ ကယ်တင်ခြင်းအမှု အပြည့်အဝ ပြီးစီးခဲ့တာကို ဆိုလိုသလိုမျိုး လူတိုင်းက သတ်မှတ်ရတာလဲ။ အဲဒါ နည်းနည်း အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို နားလည်တာက လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ၂ပေ ၁:၂၀ မှာ ပြောထားတယ်၊ “ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။” ကျမ်းစာကို ကိုယ့်သဘောအတိုင်း အနက်ပြန်ခြင်းရဲ့ အကျိုးဆက်တွေက အရမ်းဆိုးတယ်။ ဖာရိရှဲတွေကို စဉ်းစားကြည့်— သူတို့က မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို ကိုယ်တိုင် အနက်ပြန်ခဲ့ကြပြီး၊ အကျိုးဆက်အနေနဲ့၊ မေရှိယကြွလာခဲ့ပြီး၊ သခင်ယေရှုကို သူတို့ရဲ့ အနက်ပြန်မှုတွေနဲ့ မကိုက်ဘူးလို့ မြင်ခဲ့ကြတယ်။ ဒါကြောင့် သူ့အမှုတော်ကို ရှုတ်ချခဲ့ကြပြီး သူ့ကို ကားစင်တောင်တင်သတ်ခဲ့ကြတယ်။ အရမ်းဆိုးရွားတဲ့ အကျိုးဆက်တွေကို သူတို့ ရင်ဆိုင်ခဲ့ရတယ်။ ဒါက သူတို့ကို သခင်ယေရှုရဲ့ ရှုတ်ချတာ တိုက်ရိုက်ခံစေခဲ့တယ်။ သူတို့ ကျိန်ခြင်းခံခဲ့ရတယ်။

ဒါကြောင့် သခင်ယေရှုက၊ “အမှုပြီးပြီ။” လို့ ကားတိုင်မှာပြောတဲ့အခါ၊ သူ ဘာနဲ့ပတ်သက်ပြီး ပြောနေခဲ့တာများလဲ။ ဒါကို နားလည်ဖို့ဆိုတာ နောက်ဆုံးသော ကာလမှာ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို သေချာတွေးဖို့ လိုတယ်။ အထူးသဖြင့် သူလုပ်မယ်လို့ သခင်ယေရှု ကိုယ်တိုင် ‌ပြောခဲ့တဲ့ အရာတွေနဲ့ ကောင်းကင်နိုင်ငံတော်အကြောင်း သူ့ရဲ့ ပုံဝတ္ထုတွေကိုပေါ့။ ဒီအရာတွေက နောက်ဆုံးသော ကာလထဲက သူ့အမှုတော်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ အဲဒါကို ကားတိုင်မှာ သခင်ယေရှု ပြောခဲ့တဲ့အချိန်တုန်းက သူ ဘာကို တကယ်တွေးနေခဲ့တယ်ဆိုတာကို မှန်မှန်ကန်ကန် နားလည်ဖို့ဆိုတာ ဒီပရောဖက်ပြုချက်တွေ၊ ပုံဝတ္ထုတွေနဲ့ဆိုင်တဲ့ အခြေခံ သိနားလည်မှုတစ်ခု ရှိဖို့လိုပါတယ်။ အပြည့်အဝ နားမလည်ဘူးဆိုရင်တောင်၊ အဲဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော် လုံးဝ ပြီးစီးတဲ့သဘောဖြစ်တယ်လို့ ယူဆလို့မရပါဘူး။ ဒါက ထင်ရာမြင်ရာ၊ သဘာဝမကျတဲ့ ယုံကြည်မှုတစ်ခုပါ။ အမှန်တော့၊ ကောင်းကင်နိုင်ငံအတွက် သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေနဲ့ ပုံဝတ္ထုတွေကို အလေးအနက် စဉ်းစားဆင်ခြင်မယ်ဆိုရင်၊ နိုင်ငံတော်နဲ့ သခင့်ရဲ့ ပြန်ကြွလာခြင်းမှာ သူ့ရဲ့ အမှုတော်အပေါ် အခြေခံ သိနားလည်မှုတစ်ခု ရနိုင်ပါတယ်။ အဲဒီအခါ “အမှုပြီးပြီ။” ဆိုတဲ့ သူ့ရဲ့ ကြေညာချက်ကို တလွဲအနက်ပြန်မိမှာ မဟုတ်တော့ဘူး။ သခင်ယေရှု ပရောဖက်ပြုခဲ့တာက ဒီလိုပါ၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅: ၂၃၊ ၂၇) ပြီးတော့ ရှင်ပေတရု ဩဝါဒစာ ပထမစောင်မှာ ပြောထားတယ်၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဗျာဒိတ်ကျမ်းထဲမှာ တွေ့ရတာက ဒီလို၊ “ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ်ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၄-၅)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) သခင်ယေရှုက ကောင်းကင်နိုင်ငံကို ဖော်ပြဖို့ ဒီလို ပုံဝတ္ထုအများကြီးကိုလည်း သုံးခဲ့တယ်၊ “တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ၏။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကို ခြင်း ထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊ ငိုးကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။(ရှင်မဿဲခရစ်ဝင် ၁၃:၄၇-၅၀) ဒီပရောဖက်ပြုချက်နဲ့ ပုံဝတ္ထုတွေကနေ ကျွန်တော်တို့ မြင်ရတာက၊ သူပြန်ကြွလာတဲ့အခါ၊ အမှုတော်အများကြီး သူ လုပ်မယ်လို့ သခင်ယေရှု ပြောခဲ့တယ်ဆိုတာပဲ။ ဒါပေမယ့် အရေးအကြီးဆုံး အပိုင်းက သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို လုပ်ဆောင်တာပါပဲ။ ဒါက လူတွေကို သမ္မာတရားအားလုံး ဝင်ရောက်စေမှာဖြစ်ပြီး၊ အဲဒီနောက် အမျိုးအစားအလိုက် အားလုံးကို ခွဲခြားခံရစေမှာ ဖြစ်တယ်။ စုံလင်ခံရနိုင်တဲ့သူတွေ စုံလင်ခံရပြီး ဖယ်ရှင်းသုတ်သင်ခံရမယ့်သူတွေ ဖယ်ရှင်းသုတ်သင်ခံရမယ်။ ဒါက နိုင်ငံတော်အကြောင်း သခင်ယေရှု ပြောခဲ့သမျှကို လုံးဝ အကောင်အထည်ဖော်သွားမှာပါ။ ဂျုံစပါးနဲ့ တောရိုင်းပင်တွေအကြောင်း၊ ငါးဖမ်းပိုက်ကွန်၊ ပညာသတိရှိတဲ့ သတို့သမီးတွေနဲ့ မိုက်မဲတဲ့ သတို့သမီးတွေ၊ သိုးနဲ့ ဆိတ်တွေ၊ ပြီးတော့ ကောင်းတဲ့ အစေခံနဲ့ ဆိုးတဲ့ အစေခံအကြောင်းတွေ စဉ်းစားကြည့်။ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုတော်က တောပင်တွေက ဂျုံစပါးပင်တွေကို၊ ဆိုးတဲ့ အစေခံတွေကနေ ကောင်းတဲ့ အစေခံတွေကို၊ သက်သောင့်သက်တာရှိခြင်းကိုပဲ မက်မောသူတွေကနေ သမ္မာတရားကို ချစ်တဲ့သူတွေကို ခွဲခြားပေးမှာပါ။ ပညာသတိရှိတဲ့ သတို့သမီးတွေက သိုးသငယ်ရဲ့ မင်္ဂလာဆောင်စားပွဲတော်ကို တက်ရောက်ပြီး ဘုရားရဲ့ စုံလင်စေခြင်း ခံရမှာပါ။ မိုက်မဲတဲ့ သတို့သမီးတွေကရော ဘယ်လိုလဲ။ ဘုရားရဲ့ အသံတော်ကို သူတို့ နားမထောင်ခဲ့လို့ ငိုကြွေးပြီး အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးတွေထဲ ကျဆင်းရမှာပါ။ ဒါက ကောင်းသူကို ဆုပေးပြီး မကောင်းသူကို အပြစ်ပေးရင်းနဲ့၊ အားလုံးကို အမျိုးအစားအလိုက် ခွဲခြားဖို့ဖြစ်တဲ့ တရားစီရင်ခြင်း အမှုဖြစ်ပြီး၊ ဒါက ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေမှာပါ။ “မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။(ဗျာဒိတ်ကျမ်း ၂၂:၁၁)ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။(ဗျာဒိတ်ကျမ်း ၂၂:၁၂) သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ကျွန်တော်တို့ တကယ် နားလည်ခဲ့အခါ၊ နောက်ဆုံးသော ကာလမှာ သခင့်ရဲ့ ကြွလာခြင်းက လူတိုင်းကို အမျိုးအစားအလိုက် ခွဲခြားပြီး သူတို့ရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးရင်းနဲ့၊ အဓိကအားဖြင့် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုပြုဖို့ဖြစ်တာ မြင်နိုင်တယ်။ ဒါကြောင့် ကားတိုင်မှာ သခင်ယေရှုက၊ “အမှုပြီးပြီ။”လို့ ပြောတဲ့အခါ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော် ပြီးစီးတာကို ပြောနေတာလို့ ကျွန်တော်တို့ တကယ် အခိုင်အမာ ပြောနိုင်လား။ မိုးတိမ်ပေါ် သခင်ယေရှု ကြွဆင်းပြီး သူနဲ့ဆုံဖို့ ကျွန်တော်တို့ကို ကောင်းကင်ဆီ ချီဆောင်ဖို့အတွက် စောင့်ဆိုင်းရင်နဲ့ ကောင်းကင်ကို ကျွန်တော်တို့ မိုက်မဲစွာနဲ့ ဆက်ငေးကြည့်ဦးမှာလား။ နောက်ဆုံးသော ကာလမှာ ဘုရားအမှုပြုနေတုန်း သူ ဖော်ပြတဲ့ သမ္မာတရားအားလုံးကို သာမန်ကာလျှံကာ ရှုတ်ချဦးမှာလား။ သခင်က နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လူသားအနေနဲ့ ပြန်ကြွလာပြီဆိုတာကို ကျွန်တော်တို့ အရှက်မရှိ ငြင်းကြမှာလား။ ကပ်ဘေးကြီးတွေ ရောက်နှင့်ပြီဖြစ်သလို၊ ဘာသာရေးသမားတွေအများကြီးက သခင်က သူတို့ကို လုံးဝ စွန့်ပစ်မှာ မဟုတ်ဘူးလို့ တွေးရင်းနဲ့ သခင်ပြန်ကြွလာတာနဲ့ဆိုင်တဲ့ သူတို့အိပ်မက်ထဲမှာ ပျောက်ဆုံးနေကြတုန်းပဲ။ နိုးထဖို့ အချိန်ရောက်ပြီ။ သူတို့ မနိုးထရင်၊ ကပ်ဘေးတွေ လွန်သွားတာပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က လူအားလုံးစီ ပွင့်ပွင့်လင်းလင်း ပေါ်လာတာနဲ့၊ ဘုရားက ကောင်းကင်နဲ့ မြေကြီးကို အသစ်ပြုပြင်မှာဖြစ်ပြီး၊ ဘာသာရေး လောကထဲက လူတွေအားလုံး ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်နေကြရမှာပါ။ ဒါက ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်ကို ပြည့်စုံစေမှာ ဖြစ်ပါတယ်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)

လူအများကြီးက ကားတိုင်မှာ “အမှုပြီးပြီ။”လို့ သခင်ယေရှု ပြောတုန်းက သူ ဘာကို တကယ်ဆိုလိုခဲ့တယ်ဆိုတာကို မေးကြမှာ သေချာတယ်။ တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ သခင်ယေရှုရဲ့ စကားတွေက အမြဲကို သိပ်လက်တွေ့ဆန်ပါတယ်၊ ဒါကြောင့် ဒါကို သူပြောတဲ့အခါ၊ သူ့ရဲ့ ရွေးနုတ်ခြင်း အမှုကို သေချာပေါက် ရည်ညွှန်းနေခဲ့တာပါ။ ဒါပေမယ့် သခင့်ဆီက ဒီလက်တွေကျတဲ့ စကားတွေကို လူကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော်နဲ့ပတ်သက်သလိုမျိုး လူတွေက ခိုင်ခိုင်မာမာ နားလည်ထားကြပေမယ့်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက သူ့ရဲ့ အမှုတော်ကို တစ်စိတ်တစ်ပိုင်းပဲ ပြီးစီးခဲ့တာကြောင့် ဒါက လုံးဝ ထင်ရာမြင်ရာဖြစ်ပါတယ်။ အရေးအကြီးဆုံး အဆင့် ရှိပါသေးတယ်— နောက်ဆုံးသော ကာလထဲက သူ့ရဲ့ တရားစီရင်ခြင်းပါပဲ။ “အမှုပြီးပြီ။”ဆိုတာ ဘုရားရဲ့ ကယ်တင်ခြင်း အမှုအားလုံး ပြီးစီးတဲ့သဘောပဲလို့ ဘာလို့ ခင်ဗျားတို့ ခံယူထားကြမှာလဲ။ အဲဒါက တော်တော် အဓိပ္ပာယ်မဲ့ပြီး ယုတ္တိမတန်တာ မဟုတ်လား။ အရင်ဦးဆုံးအနေနဲ့ ဘာလို့ သခင်ယေရှုက ကားစင်တင်ခံခဲ့ရတာလဲ။ ဒါကို သူ ဘာလို့ တကယ်ပြီးမြောက်ခဲ့တာလဲ။ ရလဒ်က ဘာများလဲ။ ဒါကို ကျမ်းစာထဲမှာ အရမ်းကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားလို့ ဒါကို ယုံကြည်သူအားလုံးက သိကြပါတယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှု ကြွလာခဲ့တယ်။ လူတွေအနေနဲ့ ပညတ်တရားအောက်မှာ ရှုတ်ချခံရပြီး သေခြင်းကို အပို့မခံရတော့အောင်လို့ လူတိုင်းရဲ့ အပြစ်တွေကို ယူဆောင်ရင်းနဲ့ ကားစင်တင်သတ်ခံရခြင်းအားဖြင့်၊ သခင်ယေရှုက လူသားမျိုးနွယ်အတွက် အပြစ်ဖြေ ယဇ်တစ်ခုအနေနဲ့ အသုံးတော်ခံခဲ့တာပါ။ အဲဒီအခါ လူတွေဟာ သခင့်ကို ယုံကြည်ပြီး၊ သူ့ဆီ ဆုတောင်း၊ ဝန်ချကြသရွေ့ သူတို့ အပြစ်တွေ ဖြေလွှတ်ခံရနိုင်ပြီး၊ ဘုရားဆီက မယုံနိုင်စရာ ကျေးဇူးတော်ကို ခံစားနိုင်ကြတယ်။ ဒါကကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းဖြစ်ပြီး၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှု စွမ်းဆောင်ရရှိခဲ့တဲ့ အရာပါ။ ယုံကြည်ခြင်းကတစ်ဆင့် ကျွန်တော်တို့ အပြစ်တွေ ဖြေလွှတ်ခံခဲ့ရပေမယ့်၊ တစ်ချိန်လုံး အပြစ်မလုပ်ဘဲ မနေနိုင်သေးတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ အပြစ်လုပ်လိုက်၊ ဝန်ချလိုက်၊ အပြစ်ပြန်လုပ်လိုက် ဆိုတဲ့ သံသရာထဲမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ အပြစ်က‌နေ ကျွန်တော်တို့ လုံးဝ မလွတ်သေးဘူး။ ဒါက ဘာကိုဆိုလိုသလဲ။ ကျွန်တော်တို့မှာ အပြစ်နဲ့ပြည့်တဲ့ သဘာဝ ရှိနေတုန်းပဲဖြစ်ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေရှိတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် အပြစ်တွေ ဖြေလွှတ်ခံရပြီးတဲ့နောက် ဆက်အပြစ်လုပ်တဲ့ ပြဿနာကို ကျွန်တော်တို့ မပြင်နိုင်ကြတာပါ။ ဒါက ယုံကြည်သူအားလုံးက ဘာလုပ်ရမှန်းမသိဖြစ်စေတယ်— အရမ်း နာကျင်စရာကောင်းတဲ့ အရာတစ်ခုပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၄-၄၅) ဘုရားက ဖြောင့်မတ်၊ သန့်ရှင်းလို့ မဖြူစင်တဲ့ ဘယ်သူမဆို သူ့ကို မတွေ့နိုင်ဘူး။ ဒါကြောင့် အမြဲ အပြစ်လုပ်ပြီး ဘုရားကို ခုခံတဲ့ လူတွေက ဘုရားရဲ့နိုင်ငံတော်ထဲကို ဘယ်လိုလုပ် ဝင်ရောက်ဖို့ ထိုက်တန်နိုင်မှာလဲ။ အပြစ်ကနေ လူတွေ အပြည့်အဝ လွတ်ပြီး သန့်စင်မခံလာရသေးတဲ့အတွက်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော် တကယ်ပဲ ပြီးဆုံးသွားနိုင်လား။ ဘုရားရဲ့ ကယ်တင်ခြင်းက ပြည့်စုံတဲ့ ကယ်တင်ခြင်း ဖြစ်မှာပါ— သူ့အမှုတော်ကို လမ်းတစ်ဝက်မှာ သူ လုံးဝ လက်လျှော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် သူ့ရဲ့ ပြန်ကြွလာခြင်းကို သခင်ယေရှုက အကြိမ်ကြိမ် ပရောဖက်ပြုခဲ့တာပါ။ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူ ပြန်ကြွလာပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင့်ရဲ့ ရွေးနုတ်ခြင်း အမှု အခြေခံအုတ်မြစ်ပေါ်မှာ တရားစီရင်ခြင်း အမှုလုပ်ဆောင်ဖို့ သမ္မာတရားတွေကို ဖော်ပြပြီးပါပြီ။ ဒါဟာ အပြစ်ရဲ့ အချည်အနှောင်တွေကနေ လွတ်မြောက်နိုင်အောင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတဲ့ လူသားမျိုးနွယ်ကို သန့်စင်စေဖို့ ဖြစ်တယ်။ စာတန်ရဲ့ အင်အားစုတွေကနေ ကျွန်တော်တို့ကို အပြည့်အဝ ကယ်တင်ပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ဖို့ ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှု ပြီးစီးပြီးတဲ့အခါမှပဲ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော် အပြီးသတ်မှာပါ။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ကျေးဇူးတော်ခေတ်မှာ၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက လူ့ရဲ့ အပြစ်တွေကို ဖြေလွတ်ဖို့သက်သက်ပဲ ဖြစ်တယ်။ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်စေပြီး၊ ကယ်တင်တာက အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ပါ။ အနန္တတန်ခိုးရှင် ဘုရားရဲ့ စကားတွေက ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သိခွင့်ပေးရင်းနဲ့ လူ့ရဲ့ ပုန်ကန်တတ်တဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ သဘာဝနဲ့ အနှစ်သာကို ဖော်ထုတ်တယ်။ အဲဒါက ကျွန်တော်တို့ဟာ လူသားသဏ္ဍာန် နည်းနည်းမှမရှိဘဲ မာနထောင်လွှားခြင်း၊ ကောက်ကျစ်ခြင်းနဲ့ ယုတ်မာမှုတို့လို ဆိုးယုတ်တဲ့ စိတ်သဘောထား အပြည့်ပဲဆိုတာကို ပြတယ်။ ဒါဟာ လူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ပြီး စစ်မှန်တဲ့ နောင်တ ဖြစ်ပေါ်တဲ့နောက် ဘုရားဆီ နောင်တရဖို့ စာတန်ကြောင့် ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့တယ်ဆိုတဲ့ အမှန်တရားကို မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အဲဒီအခါ သမ္မာတရား ဘယ်လောက် အဖိုးတန်မှန်း သူတို့ မြင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်းအပေါ် စပြီးအာရုံစိုက်ကြတယ်။ ဒါက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို တဖြည်းဖြည်း ဖယ်ရှားခွင့်ပေးပြီး၊ သူတို့ရဲ့ အသက် စိတ်သဘောထားမှာ စပြောင်းလဲစေတယ်၊ နောက်ဆုံးမှာ ဘုရားကို တကယ် ကျိုးနွံနာခံပြီး ကြောက်ရွ့လာစေသလို၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အသက်ရှင်စေတယ်။ ဒါက စာတန်ရဲ့ အင်အားစုတွေကို လူတွေက စွန့်ပစ်ပြီး ဘုရားအားဖြင့် အပြည့်အဝ ကယ်တင်ခံရပုံဖြစ်ပါတယ်၊ အဲဒီအခါ သူတို့ဟာ ဘုရားရဲ့ ကွယ်ကာတာခံရပြီး၊ နောက်ဆုံးသော ကာလမှာ ကပ်ဘေးတွေကို ရှင်သန်နိုင်သလို၊ လူသားမျိုးနွယ်အတွက် ဘုရားပြင်ဆင်ထားတဲ့ လှပတဲ့ ခရီးပန်းတိုင်ထဲ ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါက ဗျာဒိတ်ကျမ်း ၂၁:၃-၆ထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေပါတယ်။ “ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူက လည်း၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တဖန် တုံ၊ ရေးထား လော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏ ဟူ၍၎င်း၊ အမှုပြီးပြီ။ ငါသည် အာလပဖြစ်၏။ ဩမေဃ လည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။” ဒီမှာ ဘုရားက “အမှုပြီးပြီ”လို့ ပြောတယ်။ ဒါက ကားတိုင်မှာ သခင်ယေရှု ပြောခဲ့တဲ့ “အမှုပြီးပြီ”ဆိုတာနဲ့ လုံးဝ ကွဲပြားပါတယ်။ ဒါတွေဟာ မတူတဲ့ ဆက်စပ်အခြေအနေတွေ၊ မတူတဲ့ လောကတွေဖြစ်ပါတယ်။ ကားတိုင်မှာ သခင်ယေရှုက၊ “အမှုပြီးပြီ။”လို့ ပြောတဲ့အခါ၊ သူ့ရဲ့ ရွေးနုတ်ခြင်း အမှု ပြီးစီးတာနဲ့ပတ်သက်လို့ ပြောနေခဲ့တာပါ။ ဗျာဒိတ်ကျမ်းထဲက “အမှုပြီးပြီ။”ဆိုတဲ့ စကားတွေက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ အမှုတော် အပြည့်အဝ ပြီးစီးတဲ့အကြောင်း ဘုရားက ပြောနေတာ၊ ဘုရားရဲ့ တဲတော်က လူတွေနဲ့ ရှိတဲ့အခါမှာ၊ သူတို့အလယ်မှာ သူ အသက်ရှင်နေထိုင်မှာဖြစ်ပြီး၊ သူတို့ဟာ သူ့နိုင်ငံတော်သားတွေ ဖြစ်ကြမှာပါ။ အဲဒီမှာ မျက်ရည်တွေ၊ သေခြင်း၊ ဒါမှမဟုတ် စိတ်ဆင်းရဲခြင်းတွေ ရှိတော့မှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ ကယ်တင်ခြင်းအမှုကို ဘုရား ပြီးစီးခြင်းနဲ့ဆိုင်တဲ့ တစ်ခုတည်းသော ဝိသေသလက္ခဏာ ဖြစ်တယ်။

ဒီအချိန်မှာ၊ ကားတိုင်ပေါ်က သခင်ယေရှုရဲ့ စကားတွေဟာ ဘုရားရဲ့ ကယ်တင်ခြင်း အမှု ပြီးစီးတဲ့ သဘောဖြစ်တယ်လို့ အခိုင်အမာပြောတာက ဘုရားအမှုတော်ရဲ့ စစ်မှန်မှုနဲ့ လုံးဝ ဆန့်ကျင်ပြီး၊ လူသား အယူအဆ သက်သက်ဖြစ်မှန်း လူတိုင်းအတွက် ရှင်းသွားသင့်ပါပြီ။ အဲဒါက လှည်ဖြားပြီး အထင်မှားစေတဲ့ သခင့်ရဲ့ စကားတွေကို တလွဲအနက်ပြန်ခြင်းတစ်ခု ဖြစ်ပြီး၊ အဲဒါ လူဘယ်နှစ်ယောက်ကို လှည့်စားပြီးပြီလဲဆိုတာ ပြောလို့မရဘူး။ နိုင်ငံတော်ထဲကို သူတို့ ချီဆောင်ခံရနိုင်ဖို့ မိုးတိမ်ပေါ် သခင် ရုတ်တရက် ပေါ်ထွန်းဖို့အတွက် စောင့်ဆိုင်းနေရင်းနဲ့၊ အနန္တတန်ခိုးရှင် ဘုရား ဖော်ပြတဲ့ သမ္မာတရား အများကြီးကို ဆန်းစစ်ဖို့ ငြင်းပယ်နေတဲ့ ဒီအယူအဆကို ကြောင်းကျိုးမမြင်ဘဲ ဖက်တွယ်နေသူတွေကတော့ သခင့်ကို တွေ့ဆုံဖို့ သူတို့ရဲ့ အခွင့်အရေးကို လုံးဝ လွတ်သွားကြမှာပါ။ ပြီးတော့ အပြစ်ကနေ လုံးဝ လွှတ်မြောက်ပြီး အပြည့်အဝ ကယ်တင်မခံရမှာ အမှန်ပါပဲ။ အဲဒီအခါ တစ်သက်တာ ယုံကြည်ခြင်းက အချည်းနှီးဖြစ်လာမှာဖြစ်သလို၊ ကပ်ဘေးတွေထဲကို ကျဆင်းပြီး ဘုရားရဲ့သုတ်သင်ဖယ်ရှင်းခံရမှာ သေချာပါတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

အမှာစကား ချန်ခဲ့မည်