စာရင်း

ပရောဖက်အတုအယောင်များနှင့် ခရစ်တော်၏ အယောင်ကိုဆောင်သူများကို ကျွန်ုပ်တို့ မျက်လုံးစုံမှိတ် သတိထားပါက၊ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်သလား

ခရစ်တော်၏ အယောင်ဆောင်သူများနှင့် ပရောဖက်အတုအယောင်များကို ကျွန်ုပ်တို့ မည်သို့ခွဲခြားသိမြင်နိုင်ပြီး၊ သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုနိုင်မည်နည်း

ယခုအခါတွင် ဘေးဒုက္ခမျိုးစုံ ဖြစ်ပေါ်နေပြီး၊ သမ္မာကျမ်းစာထဲမှ သခင်၏ ကြွလာခြင်းနှင့် သက်ဆိုင်သည့် ပရောဖက်ပြုခြင်းများသည် ယခု အဓိကအားဖြင့် ပြည့်စုံလေပြီ။ ညီအစ်ကိုမောင်နှမများစွာတို့က သခင်ပြန်ကြွလာပြီဟု ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ခံစားရပြီး၊ ၎င်းတို့ အားလုံးသည် သခင့်ကို ရှာဖွေနေကြသည်။ သို့သော် သမ္မာကျမ်းစာမှ ဤကျမ်းပိုဒ်များနှင့် ပတ်သက်ပြီး တွေးတောသူများစွာ ရှိလေသည်။ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၅) ၎င်းတို့သည် သခင် ပြန်ကြွလာပြီဟု တစ်စုံတစ်ယောက်က သက်သေခံခြင်းကို ကြားနိုင်သော်လည်း၊ ဤအခိုင်အမာပြောဆိုချက်ကို ရှာဖွေခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်းမရှိဘဲ၊ ယင်းအစား ဘာသာရေး လောကနောက်ကို လိုက်ပြီး၊ “သခင်သည် ဇာတိပကတိ၌ ပြန်ကြွလာပြီဟု ဟောကြားသည့် သတင်းစကားမှန်သမျှ အမှားဖြစ်သည်။” ဆိုသည့် အယူအဆကို ဖက်တွယ် ထားကြသည်။ ကျွန်ုပ်တို့ ဤအရာကို လုပ်ဆောင်ပါက၊ သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုနိုင်ပါ့မလား။ သခင်ယေရှုက သူသည် ပြန်ကြွလာလိမ့်မည်ဟု အကြိမ်ပေါင်း များစွာ ပရောဖက်ပြုထားခဲ့သောကြောင့်၊ သခင်သည် ဇာတိပကတိ၌ ပြန်ကြွလာပြီဖြစ်ကြောင်း ဟောကြားသည့် သတင်းစကား မှန်သမျှသည် မှားသည်ဟု အဓိပ္ပာယ်ကောက်ဖို့ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သဘောပေါက် လက်ခံထားပါက၊ ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းကို ငြင်းပယ်နေခြင်းသာ ဖြစ်မည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အာခံနေပြီး၊ ဆိုးရွားသော အမှားတစ်ခုကို ကျူးလွန်နေခြင်း အမှန်တကယ်ပင် ဖြစ်လိမ့်မည်။ သခင်၏ ပြန်ကြွလာခြင်းကို စောင့်မျှော်ခြင်းနှင့် ပတ်သက်ပါက၊ ကျွန်ုပ်တို့သည် မတုန်မလှုပ် သတိထားနေဆဲဖြစ်ပါက၊ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သခင်၏ ပြန်ကြွလာခြင်းနှင့် လွဲချော်ရလိမ့်မည် ဖြစ်သည်။ သခင့်ကို ကြိုဆိုဖို့ရာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ တက်ကြွစွာ ရှာဖွေရမည်၊ သမ္မာကျမ်းစာထဲတွင် ပြောထားသကဲ့သို့ပင် ဖြစ်လေသည်၊ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဗျာဒိတ်ကျမ်းကလည်း ပရောဖက်ပြုထားသည်၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) နှင့် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၁၇) ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းအပေါ် ဆက်လက် ဂရုစိုက်ကြည့်ပြီး၊ အာရုံစိုက်ရန်မှာ သခင်၏ အလိုတော်ဖြစ်သည်။ သခင်ပြန်ကြွလာပြီဟု တစ်စုံတစ်ယောက်က သက်သေခံသည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့သည် သခင်၏ အသံတော်ကို တက်ကြွစွာရှာဖွေသည့် ပညာရှိသတို့သမီးများ ဖြစ်ရမည်၊ အကြောင်းမှာ ဤနည်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုနိုင်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ ကျွန်ုပ်တို့သည် ခရစ်တော် အယောင်ဆောင်သောသူများကို သတိထားပြီး၊ သခင်ပြန်ကြွလာသည့်အချိန်တွင်လည်း သူ့ကို ကျွန်ုပ်တို့၏ တံခါးများပိတ်ထားခြင်းဖြင့် အဆုံးသတ်ပါက၊ ကျွန်ုပ်တို့သည်လည်း အစာနင်မည်စိုး၍ အစားစားခြင်းကို လုံးလုံးရပ်လိုက်သကဲ့သို့ပင် ဖြစ်လိမ့်မည် မဟုတ်ပါလား။ ပြီးလျှင် ကျွန်ုပ်တို့သည် သခင့်ကို မကြိုနိုင်သော မိုက်မဲသော သတို့သမီးများကဲ့သို့ ဖြစ်ပြီး၊ စွန့်ပစ်ခံရကာ၊ သုတ်သင်ဖယ်ရှင်း ခံရလိမ့်မည် မဟုတ်ပါလား။ ဘုရားသခင်၏ သိုးများသည် သူ၏ အသံတော်ကို နားထောင်ကြ၏။ အစွမ်းအစနှင့် ခွဲခြားသိမြင်နိုင်စွမ်း အမှန်တကယ် ရှိသူများသည် ဘုရားသခင်၏ အသံတော်ကို နားထောင်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ကာ၊ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ဆောင်သူများအကြား ကွဲပြားချက်ကို သိနိုင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော် အယောင်ကိုဆောင်သူများ၏ လှည့်စားခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုအခါတွင် ကျွန်ုပ်တို့သည် အရာအားလုံးထက်ပို၍ နားလည်သင့်သည့် အရာမှာ စစ်မှန်သောခရစ်တော်နှင့် ခရစ်တော်၏ အယောင်ဆောင်သူများအကြား သိနိုင်ဖို့နည်းလမ်း ဖြစ်ပါသည်။ ထိုသို့သိမြင်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ခရစ်တော် အယောင်ဆောင်သူများ၏ လှည့်စားမှုမှ ကွယ်ကာခြင်းခံရလိမ့်မည် ဖြစ်ပြီး၊ သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုနိုင်လိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ အောက်ပါ မိတ်သဟာယသည် ဤသမ္မာတရား၏ ရှုထောင့်နှင့် သက်ဆိုင်လေသည်။

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ဆောင်သူများ အကြား သိနိုင်ဖို့ ပထမဆုံးနည်းလမ်း- ခရစ်တော်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက် အဖြစ် အသိအမှတ်ပြုခြင်း

တစ်စုံတစ်ယောက်သည် စစ်မှန်သော ခရစ်တော် သို့မဟုတ် ခရစ်တော်၏ အယောင်ဆောင်သောသူ ဟုတ်မဟုတ်ကို ခွဲခြားသိမြင်ဖို့ရာ၊ ၎င်းတို့သည် သမ္မာတရားကို ဖော်ပြနိုင်ခြင်းရှိမရှိ၊ ၎င်းတို့သည် လူတို့၏ ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက်နိုင်ခြင်း ရှိမရှိ တို့ကို တွေ့ဖို့ ကျွန်ုပ်တို့ ကြည့်ရမည်။ ဘုရားသခင်က ပြောသည်၊ “ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ ခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကားကျမ်းဦးစကား)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူး ဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့် လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

လူ့ဇာတိခံ ဘုရားသခင်ကိုသာလျှင် ခရစ်တော်ဟု ခေါ်ဆို၍ ရနိုင်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် ရှင်းရှင်းလင်းလင်း ပြောထားသည်။ ခရစ်တော်သည် ဇာတိပကတိ၌ တကယ်ဖြစ်ထွန်းလာသည့် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ဉာဏ်ပညာတို့အားလုံးသည် ဇာတိပကတိတွင် တကယ်ဖြစ်ထွန်းခြင်း ဖြစ်လေသည်။ ခရစ်တော်သည် ဘုရားသဘောသဘာဝ အနှစ်သာရကို ပိုင်ဆိုင်သည်၊ ကိုယ်တော်သည် သမ္မာတရား၏ သရုပ်ထင်စေသည်။ ကိုယ်တော်သည် လူတို့ကို ထိန်းကျောင်းဖို့နှင့် ထောက်ပံ့ပေးဖို့ သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်ပြီး၊ ခရစ်တော်တစ်ပါးတည်းသာလျှင် လူသားမျိုးနွယ်၏ ရွေးနှုတ်ခြင်းနှင့် ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက် နိုင်သည်။ ဤသည်မှာ ငြင်းဆန်၍မရနိုင်သည့် အမှန်တရား ဖြစ်သည်။ ဥပမာအားဖြင့် သခင်ယေရှုသည် လူ့ဇာတိခံ ခရစ်တော်ဖြစ်ခဲ့သည်။ ကိုယ်တော်သည် အချိန်မရွေး နေရာမရွေး သမ္မာတရားကို ဖော်ပြနိုင်ခဲ့သည်၊ ကိုယ်တော်သည် လူတို့ထံသို့ နောင်တရခြင်း လမ်းခရီးကို ဆောင်ကြဉ်းခဲ့ပြီး၊ ပညတ်တော်၏ ချုပ်ချယ်မှုများမှ လူတို့ကို ကယ်တင်ခဲ့သည်။ သခင်က သူတစ်ပါးကို ချစ်ဖို့နည်းလမ်းနှင့် ခွင့်လွှတ်ဖို့ နည်းလမ်းကို ကျွန်ုပ်တို့ နားလည်သဘောပေါက်လာအောင် သတ်မှတ်ချက် တစ်ချို့ကိုလည်း ပြုလုပ်ခဲ့ပြီး၊ ကျွန်ုပ်တို့၏ အပြစ်များကို သူ့အပေါ် ယူဖို့အလို့ငှာ၊ ကိုယ်တော်သည် ကိုယ်တိုင် ကားစင်တင်ခံခဲ့လေသည်။ သခင်ယေရှု ပြုခဲ့သမျှ အမှုတော်တိုင်းနှင့် သူပြောခဲ့သမျှ နှုတ်ကပတ်တော်တိုင်းအပြင်၊ လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့အားလုံးသည် လူတစ်ယောက် တစ်ခါမျှ အောင်မြင်ရရှိနိုင်ပြီးဖြစ်သည့်အရာများ မဟုတ်ဘဲ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို လုံးလုံး ကိုယ်စားပြုလေသည်။

အခြားတစ်ဖက်တွင် ခရစ်တော်၏ အယောင်ဆောင်သူများသည် ဆိုးယုတ်သော ဝိညာဉ်များနှင့် မကောင်းဆိုးဝါးများ၏ အနှစ်သာရ၌ရှိကြသည်။ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများသည် သမ္မာတရားကို ဖော်ပြနိုင်စွမ်းရှိဖို့ မဆိုထားနှင့် လုံးလုံး သမ္မာတရားမရှိကြပေ။ ၎င်းတို့အများစုသည် မာနထောင်လွှားပြီး၊ အလွန်အမင်း ယုတ္တိမရှိပေ။ လူများသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာကို မြတ်နိုးကိုးကွယ်သည်ကို ၎င်းတို့က သိထားသောကြောင့်၊ သမ္မာကျမ်းစာကို အဓိပ္ပာယ်ကောက်လွဲဖို့၊ အခြေအနေထဲမှ ကျမ်းစာပိုဒ်များကို ယူထုတ်ဖို့ နှင့် လူများကို လှည့်စားရန် ဖြစ်နိုင်ချေမရှိသော အယူအဆ အမျိုးမျိုးကို ခင်းကျင်းပေးဖို့ ဤစိတ်နေစိတ်ထားကို ၎င်းတို့က အသုံးပြုလေသည်။ ၎င်းတို့၏စကားများသည် လူများ၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခြင်း သို့မဟုတ် လူများက ဘုရားသခင်ကို သိကျွမ်းစေခြင်းကို မစွမ်းနိုင်ရုံသာမက၊ ၎င်းတို့က လူများ၏ ဝိညာဉ်ကို တိုး၍ မှောင်မိုက်စေကာ၊ စိတ်ပျက်ညှိုးငယ်စေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်တစ်ခုလုံး ရှာဖွေဖို့နှင့် စုံစမ်းမေးမြန်းဖို့ ၎င်းတို့၏ စကားများကို လူသိရှင်ကြားမဖော်ပြရဲဘဲ ထိုးထွင်းသိမြင်နိုင်ခြင်းမရှိသည့် လက်တစ်ဆုပ်စာလူများကို တိတ်တဆိတ် လှည့်စားနိုင်ရုံသာ ရှိပါသည်။ ထို့ကြောင့် စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ အကြား ကွာခြားချက်ကို သိနိုင်ဖို့၊ ၎င်းတို့၏ အနှစ်သာရကို ကျွန်ုပ်တို့ ပထမဦးစွာ ထိုးထွင်းသိမြင် ရမည်။ ဘုရားသဘောသဘာဝ အနှစ်သာရကို ပိုင်ဆိုင်သော ခရစ်တော်သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့နှင့် လူသားမျိုးနွယ်အတွက် ထောက်ပံ့ဖို့ သမ္မာတရားကို ဖော်ပြနိုင်သည်၊ ဘုရားသဘောသဘာဝ အနှစ်သာရကို မပိုင်ဆိုင်သောသူများမှာမူ ၎င်းတို့ထံတွင် အသိပညာ မည်မျှရှိပါစေ၊ ၎င်းတို့ မည်မျှ စွမ်းဆောင်နိုင်ပါစေ ဤအရာကို မလုပ်ဆောင်နိုင်ပေ။ ဆိုးယုတ်သောဝိညာဉ်များနှင့် မကောင်းဆိုးဝါးများသည် သမ္မာတရားကို ဖော်ပြဖို့ သို့မဟုတ် လူတို့၏ ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ပို၍ပင် စွမ်းဆောင်နိုင်စွမ်းနည်းပါးလေသည်။ ၎င်းတို့သည် လူများကို လှည့်စားဖို့နှင့် ဖျက်ဆီးဖို့သာ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကို ဆောင်သူတို့အကြား သိမြင်ဖို့အလို့ငှာ၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုရမည်မှာ ရှင်းလင်းပါသည်။ ယင်းမှာ သခင်ယေရှု မိန့်တော်မူခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄)

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကို ဆောင်သူများအကြား ကွာခြားချက်ကို သိမြင်ဖို့ ဒုတိယနည်းလမ်း- ဘုရားသခင်၏ အမှုတော်သည် အမြဲတမ်း အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းဘဲ၊ သူသည် သူ၏ အမှုတော်ကို ထပ်မလုပ်ပါ

ကျွန်ုပ်တို့အားလုံး သိထားသကဲ့သို့ပင်၊ ဘုရားသခင်သည် အမြဲတမ်း အသစ်ဖြစ်ပြီး၊ မည်သည့်အခါမျှ မဟောင်းပေ။ ထို့ကြောင့် စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သူတို့အကြား ခွဲခြားသိမြင်နိုင်ဖို့ ဤအချက်ကို ကျွန်ုပ်တို့ အသုံးပြုနိုင်သည်။ ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြပါစို့၊ “မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက် ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။ … အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသော သူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း”)

ဘုရားသခင်သည် အမြဲတမ်း အသစ်ဖြစ်ပြီး၊ မည်သည့်အခါမျှ မဟောင်းကြောင်းနှင့် သူ၏ အမှုတော်ကို ထပ်ခါ မလုပ်ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ဘုရားသခင်သည် အမှုတော်ကို ဆောင်ရွက်သည့်အချိန်တိုင်း၊ ပို၍သစ်ပြီး ပို၍မြင့်မားသော အမှုတော် အဆင့်တစ်ခုကို ဖြစ်ပေါ်စေလျက်၊ ခေတ်အသစ် တစ်ခုကို စတင်ပြီး၊ အဟောင်းကို အဆုံးသတ်သည်။ ဥပမာအားဖြင့် ယေဟောဝါ ဘုရားသခင်သည် တရားတော်များ နှင့် ပညတ်တော်များကို ကြေညာပြီး၊ လူတို့၏ အသက်တာများကို ဦးဆောင်လမ်းပြသည့် ပညတ်တော်ခေတ်၏ အမှုတော်ကို အပြီးသတ်ခဲ့သည်။ သခင်ယေရှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာသည့်အချိန်တွင် ယခင်က လာခဲ့ပြီးဖြစ်သည့် အမှုတော်ကို ထပ်မပြုခဲ့ပေ။ ယင်းအစား ကိုယ်တော်သည် ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သည်၊ ပြီးလျှင် ကိုယ်တော်သည် လူတို့၏ကယ်တင်ခြင်း၊ အပြစ်နှင့်သက်ဆိုင်သည့် သူ၏ ခွင့်လွှတ်ခြင်း အမှုတော်ကို ဆောင်ရွက်ခဲ့သည်။ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ထိုကဲ့သို့ အမှုတော်ကို ဆောင်ရွက်နိုင်သည်။ သို့သော် ခရစ်တော်၏အယောင်ကို ဆောင်သူများသည် ဘုရားသခင်၏ အနှစ်သာရ မရှိသောကြောင့် ၎င်းတို့သည် ခေတ်သစ်တစ်ခုကို စတင်ခြင်းနှင့် ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ခြင်းတို့နှင့် သက်ဆိုင်သည့် အမှုတော်ကို ဆောင်ရွက်နိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ဘုရားဟောကြားချက်များ၏ လေယူလေသိမ်း နှင့် သူမိန့်တော်မူခဲ့သည့် နှုတ်ကပတ်တော်များကို အတုခိုးပြီး၊ အတိတ်တွင် ဘုရားသခင် ဆောင်ရွက်တော်မူခဲ့သည့် အမှုတော်ကို အတုခိုးလျက် ဘုရားသခင်၏ အမှုတော်ကို ခြေရာခံလိုက်ရုံသာ တတ်နိုင်သည်။ ၎င်းတို့က လူများကို လှည့်စားဖို့အလို့ငှာ ရိုးရှင်းသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုအချို့ကို ပြသပြီး ဘုရားသခင်အဖြစ် အယောင်ဆောင် ကြသည်။ ထို့အပြင် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများသည် သြဇာအာဏာမရှိကြပေ။ ၎င်းတို့သည် သခင့်ကို မည်မျှ အတုခိုးပါစေ၊ အယောက်ငါးထောင်ကို ငါးနှစ်ကောင်၊ ပေါင်မုန့်ငါးလုံးဖြင့် ကျွေးမွေးခြင်းနှင့် လာဇရုကို သေရာမှ ပြန်ရှင်စေခြင်းတို့ကဲ့သို့ သခင်ယေရှု ပြုတော်မူခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ၎င်းတို့ မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် သခင်ယေရှု ယခင်က ပြုတော်မူခဲ့သည့် အမှုတော်ကို လုံးဝ ထပ်ပြုမည်မဟုတ်ဘဲ၊ နောက်ဆုံးသောကာလတွင် လူများကို လှည့်စားဖို့ ဘုရားသခင်၏ အမှုတော်ကို အတုခိုးသူများ၊ ရိုးရှင်းသော နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုအနည်းငယ်ကို ပြသသူများ၊ နာမကျန်းသူများကို အနာငြိမ်းစေပြီး မကောင်းဆိုးဝါးများကို မောင်းထုတ်သူများတို့သည် ရုပ်ဖျက်ထားသည့် ဆိုးယုတ်သော ဝိညာဉ်များသာ ဧကန်မုချဖြစ်သည်။- ၎င်းတို့သည် ခရစ်တော်၏ အယောင်ကို ဆောင်ထားသူများဖြစ်ကြသည်ဟု ဤအရာက ဆိုလိုခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် သခင်ယေရှုက ကျွန်ုပ်တို့အား ဤသတိပေးချက်ကို ပေးခဲ့ခြင်း ဖြစ်သည်၊ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၄)

ခရစ်တော်သာလျှင် ဘုရားအသက်၏ အနှစ်သာရှိကြောင်း နှင့် ခရစ်တော်သာလျှင် သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူများ၏အသက်တာများအတွက် ထောက်ပံ့နိုင်ကြောင်းတို့ကို ကျွန်ုပ်တို့ ဤမိတ်သဟာယမှနေ ယခု သတိပြုမိသည်။ သမ္မာတရားကို ချစ်ပြီး၊ သမ္မာတရားအတွက် ဆာငတ်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်သည့်အချိန်တွင်၊ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်၏ ညှို့ယူခြင်းနှင့် သိမ်းပိုက်ခြင်းတို့ကို ခံကြရသည်။ ထိုကဲ့သို့သော သူများသည် ဘုရားသခင်နှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ကို နားလည်နိုင်ပြီး၊ ခရစ်တော်ကို ဘုရားသခင် ကိုယ်တော်တိုင် အဖြစ် အသိအမှတ်ပြုကြသည်။ ဥပမာအားဖြင့်၊ ပေတရု၊ ယောဟန်နှင့် အခြားတပည့်တော်များအားလုံးက ကိုယ်တော်သည် ပြန်ကြွလာသည့် မေရှိယဖြစ်သည်ကို သခင်ယေရှု၏ နှုတ်ကပတ်တော်များ၌ သတိမူမိကြ သောကြောင့်၊ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် သူ၏နောက်သို့ စတင်လိုက်ကြလေသည်။ ယခုအခါ အနန္တတန်ခိုးရှင် ဘုရားသခင် နောက်ဆုံးသောကာလတွင် ကြွတော်မူလာပြီဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်မှ စတင်လျက်၊ သူသည် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြလေသည်။ လူသည် ၎င်း၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားကို သိလာနိုင်ပြီး၊ ၎င်း၏ စိတ်သဘောထား ပြောင်းလဲမှုများသို့ ဦးတည်သည့် လမ်းကြောင်းတစ်ခုကို ရရှိနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်သည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှုတော် တစ်ခုလုံးနှင့် သက်ဆိုင်သည့် နက်နဲမှုကို ဖွင့်ပြပြီး၊ လူ၏ ဆိုးယုတ်သော သဘာဝနှင့် အနှစ်သာရတို့ကို ဖော်ထုတ်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း အခြားအရာများစွာ နှင့်အတူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း၊ သင့်တော်ကောင်းမွန်သည့် လူ့သဘာဝတွင် အသက်ရှင်နေထိုင်ဖို့ နည်းလမ်းတို့ကို ကျွန်ုပ်တို့အား ပြောပြပြီး၊ အားလုံးပေါင်းလိုက်ပါက ဤအရာများအားလုံးသည် ထာဝရအသက်၏ နည်းလမ်း ဖြစ်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဆောင်ရွက်သည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုတော်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော်ဖြစ်ကာ၊ ယင်းက သမ္မာကျမ်းစာရှိ ဤပရောဖက်ပြုခြင်းများကို အတိအကျ ပြည့်စုံစေသည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည် မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇)

ယခုအခါတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များ စာအုပ်ဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ကမ္ဘာအနှံ့မှ သမ္မာတရားကို ချစ်သူများ ရှာဖွေလိုက်စားပြီး စုံစမ်းမေးမြန်းဖို့အတွက် အွန်လိုင်းတွင် လူသိရှင်ကြား ဖော်ပြထားပြီဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းဖို့ တောင့်တနေကြသည့် လူများစွာတို့က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို ဖတ်ပြီး၊ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်၏အသံတော်အဖြစ် အသိအမှတ်ပြုကြပြီး၊ ထိုသို့ဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာခဲ့သည့် သခင်ယေရှုဖြစ်သည်ကို သေချာလာကြပြီဖြစ်သည်။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် သိုးသငယ်၏ ခြေလှမ်းများနောက်သို့ လိုက်ကြပြီး၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာကြသည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော်နှင့် ပတ်သက်သည့် ရလဒ်လုံးလုံးဖြစ်ပြီး၊ ယင်းက ဟေရှာယ အခန်းကြီး ၂ အငယ်၂ ရှိ ဤပရောဖက်ပြုခြင်းကို လုံးလုံး ပြည့်စုံစေသည်၊ “နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” သခင့်ကို ကြိုဆိုရာတွင် မုချလိုအပ်သည့်အရာမှာ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံစိုက်မှုတစ်ခု နှင့် ခရစ်တော်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက် အဖြစ် အသိအမှတ်ပြုခြင်းတို့ဖြစ်သည်မှာ ထင်ရှားပေသည်။ တစ်နေရာရာတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များ ရှိကြောင်း၊ သို့မဟုတ် တစ်စုံတစ်ယောက်က သခင်၏ပြန်ကြွလာခြင်းကို တရားဟောနေကြောင်း ကျွန်ုပ်တို့ ကြားသည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် ရှာဖွေပြီး စုံစမ်းမေးမြန်းသင့်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ အယောင်ကို ဆောင်သောသူများ၏ လှည့်စားခံရမည်ကို ကြောက်မြဲ ကြောက်ကာ၊ သတိထားနေပါက၊ ရှာဖွေဖို့ သို့မဟုတ် စုံစမ်းမေးမြန်းဖို့ မရဲဝံ့ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော- နောက်ဆုံးသောကာလ ခရစ်တော်၏ ကယ်တင်ခြင်းကို- လက်ခံဖို့ ငြင်းဆန်ပါက၊ ကျွန်ုပ်တို့သည် အလွန်အမင်း မိုက်မဲရာကျလိမ့်မည် မဟုတ်ပါလား။ ကျွန်ုပ်တို့ ထိုသို့ပြုပါက၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ထာဝရဆုံးရှုံးရလိမ့်မည်။

အမှာစကား ချန်ခဲ့မည်