စာရင်း

သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်ပါသလား

လျူရီ၊ တောင်ကိုးရီးယားနိုင်ငံ

ဘေးဒုက္ခများနောက်ပိုင်းတွင်၊ ယခုအခါ နောက်ဆုံးသောကာလ၌ သခင်၏ ပြန်ကြွလာခြင်း ရှေ့ပြေးနိမိတ်များကို အဓိကအားဖြင့် တွေ့မြင်ရပြီးဖြစ်ကာ၊ ဘုရားသခင်ကို တမ်းတကြသည့် လူများစွာတို့သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။ သခင်သည် သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော- နောက်ဆုံးသောကာလ ခရစ်တော်- အဖြစ် ပြန်ကြွလာခဲ့ပြီးဖြစ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူသိရှင်ကြား စတင်သက်သေခံနေ သည့်အချိန်တွင်၊ လူအချို့ကမူ “ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေအားလုံးက သမ္မာကျမ်းစာထဲမှာရှိတယ်၊ ပြီးတော့ သမ္မာကျမ်းစာကို စွန့်ပစ်တာဟာ မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်တယ်။” ဆိုသည့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောခဲ့သည့်အရာများအားဖြင့် လှည့်စားခြင်း ခံရပြီး၊ ဘောင်ခတ်ခြင်းခံကြရသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေဖို့ နှင့် လေ့လာစုံစမ်းဖို့ မဝံ့ရဲကြပေ။ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဤအခိုင်အမာပြောဆိုချက်က သမ္မာတရား နှင့်ကိုက်ညီပါသလား။ သခင်ယေရှု၏ နှုတ်ကပတ်တော်များ၌ ဤအခိုင်အမာပြောဆိုချက်အတွက် အခြေခံအကြောင်းရင်း တစ်ခုတစ်လေမျှ ရှိပါသလား။ ဤပြဿနာသည် သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ ကြိုဆိုနိုင်မည် ဟုတ် မဟုတ်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရနိုင်မည် ဟုတ်မဟုတ်တို့နှင့် တိုက်ရိုက် ဆက်စပ်နေလေသည်။ ယင်းကို ကျွန်ုပ်တို့ အတူတကွ လေ့လာဖော်ထုတ်ကြပါစို့။

သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်ပါသလား

အမြန်လမ်းညွှန်
ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်များအားလုံးကို သမ္မာကျမ်းစာထဲတွင် ရှာတွေ့မည်လော
သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်း ဖြစ်ပါသလား
ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်တို့ကို ကျွန်ုပ်တို့ မည်သို့ချဉ်းကပ်သင့်သနည်း

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်များအားလုံးကို သမ္မာကျမ်းစာထဲတွင် ရှာတွေ့မည်လော

“ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေအားလုံးက သမ္မာကျမ်းစာထဲမှာရှိတယ်၊ ပြီးတော့ သမ္မာကျမ်းစာကို စွန့်ပစ်တာဟာ မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်တယ်။” ဟု လူများစွာက ယုံကြည်ကြသော်လည်း၊ သခင်ယေရှုသည် ထိုသို့သော အရာကို တစ်ကြိမ်တစ်လေမျှ ပြောဖူးပါသလား။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသို့သော အရာကို တစ်ကြိမ်တစ်လေမျှ ပြောဖူးပါသလား။ ဤအမြင်ရှုထောင့်သည် အမှန်တရားနှင့် အမှန်တကယ်ပင် ကိုက်ညီပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် သမ္မာကျမ်းစာထဲတွင် ရှိပါက၊ ယောဟန် ပြောခဲ့သည့် အောက်ပါစကားများကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီး မဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်း ရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) ကျွန်ုပ်တို့အားလုံး သိထားကြသည့်အတိုင်းပင်၊ သခင်ယေရှုသည် မည်သူမျှ မသိနိုင်လောက်အောင် များပြားသောအရာများကို နေ့စဉ် မိန့်တော်မူပြီး လုပ်ဆောင်လျက်၊ သုံးနှစ်ခွဲကြာအောင် အမှုတော်ကို ဆောင်ရွက်ပြီး တရားဟောကြားခဲ့သောကြောင့်၊ ထိုအရာများအားလုံးကို ခရစ်ဝင်ကျမ်းလေးကျမ်း အတွင်းတွင်သာ ကန့်သတ်ပြီး မှတ်တမ်းတင်ထားဖို့ မည်သို့ ဖြစ်နိုင်သနည်း။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်၊ သူသည် အမြဲမပြတ်စီးဆင်းနေသည့် အသက်စမ်း ရေတွင်း၏ အသက်ရေဖြစ်သောကြောင့်၊ သူသည် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် နှုတ်ကပတ်တော် အနည်းအကျဉ်းကိုသာ မိန့်တော်မူခဲ့သည်မှာ မည်သို့ ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သမ္မာကျမ်းစာတွင် ဘောင်ခတ်ပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို သေးနုပ်ပြီး၊ အရေးမပါသူအဖြစ် သဘောထားနေခြင်း မဟုတ်ပါလား။ ထို့အပြင် သခင်ယေရှုက ရှင်းလင်းစွာ ပရောဖက်ပြုထားခဲ့သည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာ သောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဗျာဒိတ်ကျမ်းတွင်လည်း မိုးကြိုးသံခုနှစ်ချက် မြည်ခြင်း နှင့် သိုးသငယ်သည် စာစောင်ငယ်ကို ဖွင့်လိမ့်မည်ဖြစ်ကြောင်းတို့ကို ပရောဖက်ပြုထားသည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာသည့်အခါ၊ လူတို့အား မိန့်မြွက်ချက်အသစ်များကို ဖော်ပြပြီး၊ သမ္မာတရားအားလုံးကို ပေးအပ်လိမ့်မည်ဖြစ်သည်ကို ဤအရာမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာထဲမှ နှုတ်ကပတ်တော်များအပြင် နောက်ထပ်လုံးဝ မရှိနိုင်ဟု ကျွန်ုပ်တို့ ယုံကြည်ပါက၊ ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းကို ငြင်းပယ်နေခြင်းနှင့်၊ သူ၏ ပရောဖက်ပြုခြင်းများကို ငြင်းပယ်နေခြင်းသာ မဟုတ်ပါလား။ ထို့ကြောင့် “ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေအားလုံးက သမ္မာကျမ်းစာထဲမှာရှိတယ်၊ သမ္မာကျမ်းစာအပြင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဒါမှမဟုတ် အမှုတော်တွေ လုံးလုံး မရှိဘူး။”ဆိုသည့် အခိုင်အမာပြောဆိုချက်သည် တကယ့်ကို ရပ်တည်ချက်မရှိပေ။ ဤအမြင်ရှုထောင့်မျိုးကို ကျွန်ုပ်တို့ ဖက်တွယ်ထားပါက၊ သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်သည့်အခါမျှ ကြိုဆိုနိုင်မည် မဟုတ်ပေ။ 

သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်း ဖြစ်ပါသလား

သမ္မာကျမ်းစာတွင် တွေ့ရှိသည့် နှုတ်ကပတ်တော်များ အပြင် အခြားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိသည့်အတွက်၊ “သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်သည်။” ဆိုသည့် အဆိုသည် အမှန်တရားနှင့် ကိုက်ညီပါသလား။ အမှန်မှာမူ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင် အမှုတော် အဆင့်နှစ်ခုနှင့် သက်ဆိုင်သော မှတ်တမ်းတစ်ခုသာ ဖြစ်သည်။ ပညတ်တော်ခေတ်ဖြစ်စေ၊ ကျေးဇူးတော်ခေတ်ဖြစ်စေ ဘုရားသခင်က သူ၏အမှုတော်ကို အဆုံးသတ်ပြီးသည့်နောက် နှစ်ပေါင်းများစွာ ကြာမှသာ လူများက သူပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူပြုခဲ့သည့် အမှုတော်တို့ကို ရေးချပြီး ယခု ကျွန်ုပ်တို့ သိထားသည့် သမ္မာကျမ်းစာအဖြစ် အားလုံး အတူတကွ စုစည်းခဲ့ခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် အတိတ်မှ ဘုရားသခင်၏ အမှုတော်များနှင့် သက်ဆိုင်သော သမိုင်းဝင်မှတ်တမ်းတစ်ခုမျှသာ ဖြစ်သည်- ဘုရားသခင်၏ အမှုတော်မရှိဘဲ သမ္မာကျမ်းစာ မရှိနိုင်သည်ကို- သမ္မာကျမ်းစာ ဖြစ်တည်လာသည့် ဤနည်းစနစ်မှ ကျွန်ုပ်တို့ တွေ့မြင် နိုင်ပါသည်။ ယင်းက ဘုရားသခင်သည် သမ္မာကျမ်းစာအတိုင်း စကားပြောခြင်း သို့မဟုတ် အမှုတော်ကို ဆောင်ရွက်ခြင်း မရှိကြောင်း၊ သူသည် သမ္မာကျမ်းစာအားဖြင့် ကန့်သတ်ခြင်း ခံရခြင်း မဟုတ်ကြောင်းကို ဆိုလိုပါသည်။ ဘုရားသခင်က သူ၏ကိုယ်ပိုင် အကြံစည်တော်နှင့်၊ လူသားမျိုးနွယ်၏ လိုအပ်ချက်များအတိုင်း သူ၏နှုတ်ကပတ်တော်များကို ပြောပြီး၊ သူ၏ အမှုတော်ကို ဆောင်ရွက်သည်။ ထို့ကြောင့် စကားပြောဖို့နှင့် အမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ခွင့်ရှိသည့်အတွက် သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းတစ်စုံတစ်ရာသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်း ဖြစ်သည်ဟု အခိုင်အမာပြောဖို့ မဆိုထားနှင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့ကို သမ္မာကျမ်းစာအတိုင်း မကန့်သတ်နိုင်သကဲ့သို့၊ ဘုရားသခင်ကို ဘောင်ခတ်ဖို့ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ အသုံးပြု၍မရနိုင်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျမ်းပိုဒ် တစ်ပိုဒ်ကို ဖတ်ပြီးသည်နှင့်တပြိုင်နက် ဤပြဿနာနှင့် ပတ်သက်ပြီး ပို၍ ရှင်းလင်းသွားလိမ့်မည် ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။...လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။

ဘုရားသခင်သည် အမြဲတမ်း အသစ်ဖြစ်ပြီး မဟောင်းနွမ်းကြောင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်သည် အမြဲတမ်း ရှေ့ဆက် ရွေ့လျားနေပြီး၊ မည်သည့်အခါကမျှ ထပ်ခါ မလုပ်ဆောင်ကြောင်းတို့ကို ဤကျမ်းပိုဒ်မှ ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်သည်။ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူများထံသို့ ပို၍ သစ်သော လမ်းကြောင်းများဆောင်ကြဉ်းဖို့နှင့် ပို၍မြင့်မားသော သမ္မာတရားများ ပေးအပ်ဖို့ ခေတ်သစ်များကို စတင်ပြီး ပို၍သစ်သောအမှုတော်ကို ဆောင်ရွက်နေသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့နှင့် သက်ဆိုင်သည့် အဆင့်တိုင်းသည် သမ္မာကျမ်းစာကို အခြေမခံထားရုံမျှမက၊ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်သည် နှုတ်ကပတ်တော်အသစ်များကို ပြောဖို့နှင့် အမှုတော်အသစ်ကို ဆောင်ရွက်ဖို့ သမ္မာကျမ်းစာကို ကျော်လွန်သွားလေသည်။ ဓမ္မဟောင်းကျမ်းကို လုံးလုံး ကျော်လွန်ခဲ့သည့် သခင်ယေရှု၏ နှုတ်ကပတ်တော်များ နှင့် အမှုတော်တို့ကို ကြည့်ပါ။ ဓမ္မဟောင်းကျမ်းတွင် လူများ၏ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာတွင် ဗိမာန်တော်တွင် ဆောင်ရွက်ရမည်ဟု ပညတ်ခဲ့သော်လည်း၊ သခင်ယေရှုသည် ဗိမာန်တော်ထဲသို့ မဝင်ရုံမျှမက၊ တရားဟောဖို့နှင့် အမှုတော်ကို ဆောင်ရွက်ဖို့ သူ၏ တပည့်တော်များကိုလည်း မြို့တိုင်းနှင့် ရွာတိုင်းသို့ ဦးဆောင်လမ်းပြခဲ့သည်။ ကိုယ်တော်သည် နောင်တရခြင်း နည်းလမ်းကို ဟောကြားခဲ့ပြီး၊ ဘုရားသခင်ကို လူများက ဝိညာဉ်နှင့် သမ္မာတရားတို့ဖြင့် ဝတ်ပြုကိုးကွယ်ဖို့နှင့် လုပ်ရိုးလုပ်စဉ်များဖြင့် ဘောင်ခတ်ခြင်းမခံဖို့ သွန်သင်ခဲ့သည်။ လူများသည် ဥပုသ်နေ့ကို စောင့်ရမည်ဟု ဓမ္မဟောင်းကျမ်းက ပညတ်ခဲ့သော်လည်း၊ သခင်ယေရှုက သူ၏တပည့်တော်များကို ဥပုသ်နေ့တွင် အလုပ်လုပ်ဖို့နှင့် တရားဟောဖို့ ခေါ်ဆောင်ခဲ့ပြီး၊ တပည့်တော်များက စပါးအသီးအနှံများကို ဆွတ်၍ စားခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းက သူ့မျက်စိကိုဖျက်လျှင် ကိုယ့်မျက်စိဖျက်ခံစေခြင်းနှင့် သူ့သွားကိုချိုးလျှင် ကိုယ့်သွားချိုးခံစေဖို့တို့ဖြင့် ၎င်းတို့၏ ရန်သူများကို ဆက်ဆံရန် လူများအား သတ်မှတ်ခဲ့သော်လည်း၊ သခင်ယေရှုက လူများအား ၎င်းတို့၏ရန်သူများကို ချစ်ဖို့၊ ပါးတစ်ဖက်ကိုလှည့်၍ပေးဖို့နှင့် အခြားသူများကို ခုနှစ်ဆယ့်ခုနှစ်ကြိမ် ခွင့်လွှတ်ဖို့တို့ကို စေခိုင်းခဲ့သည်။… ထို့ကြောင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်ခဲ့သည်ဟု ကျွန်ုပ်တို့ ပြောနိုင်ပါသည်။ သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ပြောပါက၊ ကျွန်ုပ်တို့သည် သခင်ယေရှု၏ အမှုတော်ကို မိစ္ဆာဒိဌိအယူဟု သတ်မှတ်နေခြင်း မဟုတ်ပါလား။

ဘုရားသခင်သည် အရာခပ်သိမ်း၏ အုပ်စိုးသူဖြစ်သည်ကို ကျွန်ုပ်တို့ သိထားရမည်။ သူသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်ရုံသာမက၊ သမ္မာကျမ်းစာ၏ အရှင်သခင်လည်း ဖြစ်သည်။ ကိုယ်တော် လုပ်သင့်သည့်အမှုတော်ကို ဆောင်ရွက်ဖို့နှင့် ကိုယ်တော် ပြောလိုသည့် နှုတ်ကပတ်တော်များကို ပြောဖို့ သမ္မာကျမ်းစာကို ကျော်လွန်သွားရန် သူ့မှာ လုံးလုံး အခွင့်ရှိသည်။ ခေတ်သစ်၌ ဘုရားသခင်၏ အမှုတော်သည် ခေတ်ဟောင်း၏ အမှုတော်မှ အမြဲတမ်း သေချာပေါက် ကွဲပြားလိမ့်မည် ဖြစ်သည်နှင့်အညီ၊ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် ဖြစ်သည်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို စီရင်ဖို့ သို့မဟုတ် ဘောင်ခတ်ဖို့ အခွင့်အရေးမရှိပေ။ ထို့ကြောင့် “သမ္မာကျမ်းစာကို စွန့်ပစ်ခြင်းသည် မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်သည်။” ဆိုသည့် အခိုင်အမာပြောဆိုချက်သည် တကယ့်ကို ရပ်တည်ချက်မရှိဘဲ၊ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြုတော်မူသည့် အမှုတော်ကို ပြစ်တင်ရှုတ်ချဖို့ ဤအခိုင်အမာပြောဆိုချက်ကို ကျွန်ုပ်တို့ လုံးဝ အသုံးပြု၍မရနိုင်ပေ။ 

ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်တို့ကို ကျွန်ုပ်တို့ မည်သို့ချဉ်းကပ်သင့်သနည်း

နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ဖော်ပြပြီး၊ ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်နေသည်။ ဤနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်သည့် သမ္မာတရားများဖြစ်ပြီး၊ ထိုနှုတ်ကပတ်တော်များကို သမ္မာကျမ်းစာထဲတွင် ကြိုတင်၍ မှတ်တမ်းမတင်ထားခဲ့သော်လည်း၊ ၎င်းတို့သည် သခင်ယေရှု မိန့်တော်မူခဲ့သည့် ပရောဖက်ပြုခြင်းများကို လုံးလုံး ပြည့်စုံစေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်တို့၏အပြစ်မှ လွှတ်ခြင်းခံရပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝသည် ဖျောက်ဖျက်ခံရခြင်းမရှိသေးဘဲ၊ ကျွန်ုပ်တို့သည် ရုန်းထွက်မလွတ်မြောက်နိုင်ကာ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း အသက်တာတစ်ခုတွင် အသက်ရှင်နေထိုင်ဆဲ ဖြစ်လေသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်၏ အခြေခံအုတ်မြစ် ပေါ်တွင်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှု အစီအစဉ် နှင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လိုအပ်ချက်များ အတိုင်း၊ သမ္မာတရားကို ဖော်ပြကာ၊ ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်လေသည်။ သူက ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ဖို့၊ နှင့် ကျွန်ုပ်တို့ သန့်စင်ခြင်းခံရစေပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဦးဆောင်လမ်းပြခံရဖို့ ဤအရာကို ဆောင်ရွက်တော်မူသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို စီရင်ပြီး၊ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် အဖြစ်မှန်ကို ဖော်ထုတ်သည်၊ ပြီးလျှင် ထိုနှုတ်ကပတ်တော်များက ဘုရားသခင်ကို လူများ၏ ပုန်ကန်ခြင်းနှင့် အာခံခြင်းတို့၏ အရင်းအမြစ်ကို စိစစ်သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့ ပြည့်ဝသောကယ်တင်ခြင်း ရရှိဖို့ လိုအပ်သည့် သမ္မာတရားအားလုံးကို ထိုနှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား ပြောပြသည်၊ ပြီးလျှင် သန့်စင်ခံရပြီး၊ အပြည့်အဝ ကယ်တင်ခြင်းရရှိဖို့ ကျွန်ုပ်တို့ ယူရမည့် လမ်းကြောင်းကို ထိုနှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား ပြလေသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုသာ ဖက်တွယ်ထားပြီး နောက်ဆုံးသောကာလတွင် သမ္မာကျမ်းစာကို ကျော်လွန်ပြီး ဘုရားသခင်ပြုသည့် အမှုတော်ကို လက်ခံဖို့ ငြင်းပယ်ပါက၊ ကျွန်ုပ်တို့သည် နေ့အချိန်တွင် အပြစ်ကျူးလွန်ပြီး ညဖက်တွင် ဝန်ခံသည့် အခြေအနေတစ်ခုတွင် အသက်ရှင်ရုံမျှသာဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိဘဲ၊ ဘုရားသခင်ကို ဆက်လက်၍ ပုန်ကန်ပြီး အာခံလိမ့်မည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ သန့်စင်ခြင်းမခံရဘဲ၊ ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်ပါ။ 

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ် နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။” သမ္မာကျမ်းစာသည် ဘုရားသခင်၏ အတိတ်မှ အမှုတော်နှင့် သက်ဆိုင်သည့် သမိုင်းဝင်မှတ်တမ်းတစ်ခုသာဖြစ်သည်။ ကျွန်ုပ်တို့က ဘုရားသခင်၏ ယခင် အမှုတော်အဆင့်နှစ်ဆင့်ကို သိလိုပါက၊ သမ္မာကျမ်းစာကို ဖတ်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုလိုပြီး၊ နောက်ဆုံးသောကာလ၏ ကယ်တင်ခြင်းကို ရရှိလိုပါက၊ လက်ရှိ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး ဘုရားသခင်၏ အမှုတော်သစ်ကို အမီလိုက်ကာ သမ္မာကျမ်းစာကို ထားရစ်ခဲ့ရမည်။ ဥပမာအားဖြင့် အစပိုင်းတွင် သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်သည့်အချိန်က၊ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အခြားသူများသည် ဓမ္မဟောင်းကျမ်းကို ထားရစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်း၏ ချည်နှောင်ခြင်း နှင့် ဘောင်ခတ်ခြင်းကို မခံခဲ့ကြဘဲ၊ ဘုရားသခင်၏ အမှုတော်ကို အမီလိုက်ပြီး၊ သခင်ယေရှု၏ ကယ်တင်ခြင်းကို ရရှိခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ဖာရိရှဲများသည် သခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့က သြဇာအာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်သည်ကို အပြည့်အဝ ကောင်းစွာ သိခဲ့ကြသော်လည်း၊ ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဓမ္မဟောင်းကျမ်းကို ကျော်လွန် ခဲ့သောကြောင့်၊ ၎င်းတို့က ကိုယ်တော့်ကို ပြစ်တင်ရှုတ်ချပြီး၊ အာခံခဲ့ကြကာ၊ ကားတိုင်တွင် သူ့ကို သံမှိုစွဲခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိခဲ့ပြီး၊ ဘုရားသခင်၏ အပြစ်စီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။

အထက်ပါ မိတ်သဟာယကို ဖတ်ရှုပြီးသည့်နောက်တွင်၊ ယခုအခါ “ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေအားလုံးက သမ္မာကျမ်းစာထဲမှာရှိတယ်၊ ပြီးတော့ သမ္မာကျမ်းစာကို စွန့်ပစ်တာဟာ မိစ္ဆာဒိဌိအယူကို ယုံကြည်ခြင်းဖြစ်တယ်။” ဆိုသည့် အမြင်ရှုထောင့်က မှားယွင်းကြောင်းနှင့် သမ္မာတရားနှင့် မကိုက်ညီကြောင်းတို့ကို ကျွန်ုပ်တို့အားလုံး နားလည်ကြပြီဟု ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ အယူအဆများကို စွန့်လွှတ်ခြင်းအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အားရပါးရ နားထောင်ခြင်း၊ ဘုရားသခင်၏ အမှုတော်အသစ်ကို ရှာဖွေခြင်းနှင့် လေ့လာစုံစမ်းခြင်း၊ ပြီးလျှင် “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) ဟု နှုတ်ကပတ်တော်များတွင် ပြောထားသည့် အရာကို ရရှိခြင်းတို့အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ရရှိကာ၊ ပြည့်ဝသောကယ်တင်ခြင်းကို လက်ခံရရှိ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

အမှာစကား ချန်ခဲ့မည်