စာရင်း

ကျွန်ုပ်တို့သည် အမှန်တကယ် “မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲခြင်းခံရ” ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခြင်းခံရနိုင်ပါသလား

ဖန်ရှန်း၊ တရုတ်ပြည်

သမ္မာကျမ်းစာထဲမှာ- “သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခု မျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂-၅၃) ဘုရားသခင်က အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်နေကြဆဲ ဖြစ်သော်လည်း၊ သခင်တစ်ဖန် ကြွလာသည့်အချိန်တွင်၊ သူသည် ကျွန်ုပ်တို့ကို အပြစ်ရှိခြင်းမှ အပြစ်မဲ့ခြင်းသို့ ပြောင်းလဲကာ၊ ထို့နောက်တွင် ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်လျက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ကျွန်ုပ်တို့ကို ပြောင်းလဲလိမ့်မည်ဟု လူများစွာတို့က ယုံကြည်ကြသည်။ ဤကဲ့သို့သော အမြင်ရှုထောင့်အတွက် သခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း တစ်ခုတစ်လေ ရှိပါသလား။ သခင် တစ်ဖန် ကြွလာသည့်အချိန်တွင်၊ သူဆောင်ရွက်လိမ့်မည်ဟု ကျွန်ုပ်တို့ စိတ်ကူးထားသကဲ့သို့ သူတကယ် ဆောင်ရွက်မလား။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူတို့ကို သန့်စင်ဖို့ သူ၏အမှုတော်ကို မည်သို့ အတိအကျ ဆောင်ရွက် မည်နည်း။ ဤမေးခွန်းများသည် ကျွန်ုပ်တို့၏ ကံကြမ္မာနှင့် ကျွန်ုပ်တို့၏ နောက်ဆုံးပန်းတိုင်တို့နှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စများနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ ဤအရေးကိစ္စကို အောက်တွင် ကျွန်ုပ်တို့ မိတ်သဟာယပြုပါမည်။

အမြန်လမ်းညွှန်
“မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲခံရခြင်း” သည် သခင်၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်နေသည်
နောက်ဆုံးသောကာလတွင် လူကို သန့်စင်ဖို့ ဘုရားသခင် အမှုပြုသည့်နည်းလမ်း

ကျွန်ုပ်တို့သည် အမှန်တကယ် “မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲခြင်းခံရ” ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခြင်းခံရနိုင်ပါသလား

“မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲခံရခြင်း” သည် သခင်၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်နေသည်

ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂-၅၃ အရ နောက်ဆုံးသောကာလတွင် သခင် ပြန်ကြွလာသည့် အချိန်၌၊ ကျွန်ုပ်တို့အားလုံးကို သူက မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲကာ၊ ကျွန်ုပ်တို့ကို သန့်ရှင်းစေပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင် လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သို့သော် ထိုအမြင်ရှုထောင့်သည် တကယ် မှန်ကန် ပါသလား။ သခင်ယေရှုသည် ထိုကဲ့သို့သော အရာကို တစ်ကြိမ် တစ်ခါမျှ ပြောခဲ့ဖူးပါသလား။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သော အရာကို တစ်ကြိမ်တစ်ခါမျှ ပြောခဲ့ဖူးပါသလား။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များသာလျှင် သြဇာအာဏာကို ပိုင်ဆိုင်လေသည်။ ပေါလုသည် လူသားတစ်ယောက်သာဖြစ်သည်။ ၎င်းသည် ခရစ်တော် မဟုတ်ပေ။ သူပြောသောစကားများသည် သမ္မာတရားမဟုတ်သောကြောင့်၊ ထိုစကားများသည် လူ၏ဆန္ဒဖြင့် မလွဲဧကန် စွန်းထင်းနေသည်။ သခင်၏ ပြန်ကြွလာခြင်းကို စောင့်မျှော်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရခြင်းတို့နှင့် ပတ်သက်ပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းသာ လိုက်နာသင့်သည်— ဤသည်မှာ လုပ်ဆောင်ရန် တစ်ခုတည်းသော မှန်ကန်သည့်နည်းလမ်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ မည်မျှ အပြစ်ကျူးလွန်ပါစေ ဘုရားသခင်က ဂရုမစိုက်ကြောင်းနှင့်၊ သခင်ပြန်ကြွလာသည့်အခါတွင် သူက ကျွန်ုပ်တို့အား ချက်ချင်း ပြောင်းလဲစေကာ၊ သန့်ရှင်းစေပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင် လိမ့်မည်ဖြစ်ကြောင်းတို့ကို ယုံကြည်လျက်၊ ကျွန်ုပ်တို့၏ နားလည်မှုကို ပေါလု၏ စကားများတွင် အခြေခံပါက၊ ဗျာဒိတ်ကျမ်းမှ ဤပရောဖက်ပြုခြင်းသည် မည်သို့ ပြည့်စုံမည်နည်း။ “ငါသည်အလျှင်အမြန် လာသည်။ ငါသည် အကျိုးအဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။(ဗျာဒိတ်ကျမ်း ၂၂:၁၂) ဤကျမ်းပိုဒ်အရ သခင် ပြန်ကြွလာသည့်အခါတွင် သူသည် လူများကို ၎င်းတို့၏လုပ်ရပ်များပေါ်တွင် မူတည်ကာ တစ်ယောက်ချင်းစီကို ဆုလာဘ်ချီးမြှင့်မည် သို့မဟုတ် အပြစ်ဒဏ်ပေးလိမ့်မည်။ ကျွန်ုပ်တို့၏ လုပ်ရပ်များနှင့် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက် နိုင်ခြင်းရှိမရှိတို့တွင် တိုက်ရိုက် ဆက်နွှယ်ခြင်းတစ်ခု ရှိနေသည်ကို ဤအရာက ဆိုလိုပါသည်။ သို့သော် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များအရ၊ ကျွန်ုပ်တို့သည် သခင်၏ လမ်းခရီးနောက်ကို မလိုက်ဘဲ၊ အပြစ်တွင် အသက်ရှင်နေထိုင်လျှင်ပင်၊ ကြောက်စရာ မရှိသေးပါ။ သခင်ပြန်ကြွလာသည့်အခါတွင်၊ သူက ကျွန်ုပ်တို့ကို မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းတွင် ပြောင်းလဲလိမ့်မည်ဖြစ်ကာ၊ ကျွန်ုပ်တို့အား သန့်ရှင်းစေ ပြီးနောက်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင် မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့၏ လုပ်ရပ်များ မည်မျှ ကောင်းမြတ်ခြင်း သို့မဟုတ် မည်မျှ ဖြောင့်မတ်ခြင်းနှင့် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိတို့အကြားတွင် မည်သည့် ဆက်သွယ်မှုမျှ လုံးလုံး ရှိလိမ့်မည်မဟုတ်ပေ။ သို့သော် ယင်းက “လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။” ဟု သူမိန့်တော်မူသည့်အချိန်တွင် သခင်၏နှုတ်ကပတ်တော်များကို မပြည့်စုံ ဖြစ်ရစ် စေသည် မဟုတ်ပါလား။ ထို့အပြင် ဘုရားသခင်သည် သိုးများကို ဆိတ်များမှ လည်းကောင်း၊ စပါးပင်များကို တောပင်များမှ လည်းကောင်း၊ အစေခံကောင်းများကို ဆိုးယုတ်သော အစေခံများမှ လည်းကောင်း သီးသန့် ခွဲထုတ်ဖို့ နောက်ဆုံးသောကာလတွင် ဘုရားသခင် ကြွလာလိမ့်မည်ဟု ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြု ထားခဲ့သည်။ လူတိုင်းက ပုံစံပြောင်းပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခြင်းခံရပါက၊ သိုးများနှင့် ဆိတ်များ၊ စပါးပင်များနှင့် တောပင်များတို့ အကြောင်း ပြောဆိုချက်သည် အဓိပ္ပါယ်မဲ့လိမ့်မည် ဖြစ်ပြီး၊ ထို့နောက်တွင် နောက်ဆုံးသောကာလတွင် ၎င်းတို့၏ အမျိုးအစားတစ်ခုချင်းစီအလိုက် ခွဲခြားခြင်း နှင့် သက်ဆိုင်သည့် ဘုရားသခင်၏အမှုတော်သည် မည်သို့ပြည့်စုံမည်နည်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင်၏ကိုယ်ပိုင် နှုတ်ကပတ်တော်များ၌ ကျွန်ုပ်တို့၏ ယုံကြည်မှုကို အခြေမခံဘဲ၊ ယင်းအစား ကျွန်ုပ်တို့ကို မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲဖို့နှင့်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ဖို့ သခင် ကြွလာစေရန် စိတ်ပါလက်ပါ တောင့်တလျက် ပေါလု၏ စကားများကိုသာ အခြေခံပါက၊ ကျွန်ုပ်တို့၏ အမြင်ရှုထောင့်သည် သခင်၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် ဖီလာဆန့်ကျင်နေပြီး၊ သူ၏ အလိုတော်နှင့် ကွဲလွဲနေသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။

နောက်ဆုံးသောကာလတွင် လူကို သန့်စင်ဖို့ ဘုရားသခင် အမှုပြုသည့်နည်းလမ်း

နောက်ဆုံးသောကာလတွင် သူပြန်ကြွ လာသည့်အခါ လူများသန့်စင်ခြင်းခံရနိုင်ဖို့အလို့ငှာ သူလုပ်ဆောင်မည့် အမှုတော် နှင့် လူများကို ပြောင်းလဲမည့်နည်းလမ်းတို့ကို ကြာမြင့်သော အချိန်ကတည်းက သခင်ယေရှုက ကျွန်ုပ်တို့အား ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ် တောင်းသည်မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည် အကြောင်းကိုသာ တောင်းပါ၏။...ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။...အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကို သန့်ရှင်း စေပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၅-၁၇) ထို့အပြင် ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇တွင် ပြောထားသည်၊ ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) သခင်ပြန်ကြွ လာသည့်အခါတွင်၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဖြစ်သည့် ကျွန်ုပ်တို့၏ လိုအပ်ချက် အတိုင်း၊ သမ္မာတရားကို ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်လိမ့်မည်ဟု ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့အား ပြောပြသည်။ လူများ သမ္မာတရားအားလုံးကို နားလည်ဖို့နှင့် ဝင်ရောက်ဖို့ သူက ဦးဆောင်လမ်းပြလိမ့်မည်ဖြစ်ပြီး၊ လူများကို ပြောင်းလဲဖို့နှင့် သန့်စင်ဖို့ သူက သမ္မာတရားကို အသုံးပြုလိမ့်မည်။ ဘုရား နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံတွေ့မှသာလျှင် ကျွန်ုပ်တို့သည် အပြစ်၏ အချုပ်အနှောင်များကို ဖယ်ရှားနိုင်ပြီး၊ သန့်စင်ခြင်း ခံရကာ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက် နိုင်သည်။ သခင်ယေရှုသည် ကြာမြင့်ပြီဖြစ်သော အချိန်ကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော် အဖြစ် ပြန်ကြွလာပြီးဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝကို အပြီးအပိုင် ဖြေရှင်းစေပြီး၊ အပြစ်ကို ဖယ်ရှားစေကာ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖြစ်စေလျက် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ်တွင် သူသည် သမ္မာတရားများကို ဖော်ပြပြီးဖြစ်ကာ၊ လူများကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်လေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်တော်မူသည့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်သည် သခင်ယေရှုအားဖြင့် မိန့်တော်မူခဲ့သည့် ပရောဖက်ပြုခြင်းများကို လုံးလုံး ပြည့်ဝစေသည်။ 

သို့ဆိုလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူများကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ တရားစီရင်ခြင်း အမှုတော်ကို မည်သို့ဆောင်ရွက်တော်မူသနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။

နောက်ဆုံးသောကာလတွင် လူများကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်သည် ကျွန်ုပ်တို့ စိတ်ကူးထားသကဲ့သို့ မရိုးရှင်းကြောင်းကို နားလည်သဘောပေါက်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် စာတန်အားဖြင့် အလွန် နက်ရှိုင်းစွာ ဖျက်ဆီးခံထားကြရပြီးဖြစ်ကာ၊ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် လောဘကြီးခြင်းတို့ကဲ့သို့ ဆိုးယုတ်သော စိတ်သဘောထားများက ကျွန်ုပ်တို့ အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီး ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည် မကြာခဏဆိုသလို အပြစ်ကျူးလွန်ပြီး ဘုရားသခင်ကို အာမခံဘဲ မနေနိုင်ကြပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကဲ့သို့ နက်ရှိုင်းစွာ ဖျက်ဆီးခံထားရသည့်သူများကို လုံးလုံး သန့်စင်စေပြီး၊ ပြောင်းလဲလိမ့်မည်ဖြစ်ကာ၊ ကျွန်ုပ်တို့အား ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး နာခံသည့်လူများဖြစ်စေလိမ့်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ကို တရားစီရင်ဖို့နှင့် သန့်စင်စေဖို့ သမ္မာတရားကို သူ ဖော်ပြရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ဖောက်ပြန်ပျက်စီးခြင်းအား ဖယ်ရှားနိုင်ပြီး သန့်စင်ခြင်း ခံရနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားဖို့ဆိုသည်မှာ ရေရှည်လုပ်ငန်းစဉ်တစ်ခုကို လိုအပ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလတွင် ကျွန်ုပ်တို့၏ လိုအပ်ချက်များအတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီရင်ပြီး၊ သန့်စင်ဖို့ သမ္မာတရား၏ ရှုထောင့်များ အားလုံးကို ဖော်ပြလေသည်။ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံသည့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝကို ဘုရားသခင်က တရားစီရင်ပြီး ဖော်ထုတ်ရုံသာမက၊ ကျွန်ုပ်တို့သည် သာမန်လူ့သဘာဝတွင် မည်သို့ အသက်ရှင်နေထိုင် သင့်သည်၊ ဘုရားသခင်ကို မည်သို့ နာခံပြီး ချစ်ကြောက်ရိုသေသင့်သည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် မည်သို့ ရိုးသားသည့်လူများဖြစ်သင့်သည်တို့ကဲ့သို့ ကျွန်ုပ်တို့ကို တောင်းဆိုထားသည့် အရာများကိုလည်း ပြောပြလေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ပြီးနောက်မှသာလျှင်၊ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားကို အမှန်တကယ် သတိပြုမိနိုင်ပြီး၊ မာနထောင်လွှားခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ ကဲ့သို့ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို စတင် သိမြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရနှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ကိုလည်း သိမြင်လာကာ၊ ထို့နောက်မှသာ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဇာတိပကတိကို မုန်းတီးဖို့ ကျွန်ုပ်တို့၏ သန္နိဌာန် ပေါ်ပေါက်လာပြီး၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ အမှန်တကယ် နောင်တရဖို့နှင့် သမ္မာတရားနှင့်အညီ မိမိတို့ကိုယ်ကိုယ် ပြုမူပြီး၊ အမှုအရာများကို ဆောင်ရွက်ဖို့ ဆန္ဒရှိလာသည်။ ဤနည်းအားဖြင့် သတိမထားလိုက်မီတွင်ပင် ကျွန်ုပ်တို့သည် အပြစ်၏ အချုပ်အနှောင်များကို ဖယ်ရှားပြီး၊ တကယ့် လူ့ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင် လာလေသည်။ 

ယခုအခါတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏အမှုတော်ကို စတင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီးဖြစ်လေသည်။ သူသည် ကြီးစွာသော ဘေးဒုက္ခများမကျရောက်မီ အောင်မြင်သူတစ်စုကို ပြုလုပ်နှင့်ပြီးဖြစ်ကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံခံစားပြီးသူများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် ပြောင်းလဲမှုကို ကြုံတွေ့ရပြီးသူများ၏ အတွေ့အကြုံနှင့်ဆိုင်သော သက်သေခံချက်များစွာကို ယခုအခါတွင် အွန်လိုင်းတွင် ရရှိနိုင်ပြီဖြစ်သည်- ဤအရာများသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်အားဖြင့် သီးပွင့်လာသည့် အသီးအပွင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ သမိုင်းကြောင်းနှင့် နှိုင်းယှဉ်ပါက၊ ဤအနှစ် ၃၀ နီးပါး အချိန်ကာလကို ခဏတာအချိန်တစ်ခုအဖြစ် ဖော်ပြနိုင်သည်မှာ သမ္မာကျမ်းစာတွင် ပြောထားသကဲ့သို့ပင် ဖြစ်လေသည်။ “အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း ဖြစ်သည် အရာတခုကို မမေ့လျော့ကြနှင့်။(ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၃:၈) နောက်ဆုံးသောကာလတွင် သခင် ပြန်ကြွ လာသည့်အခါ၊ သူသည် လူများကို တစ်ခဏချင်းနှင့် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲ လိမ့်မည်ဟု ကျွန်ုပ်တို့ ပြောပါက၊ ထိုကဲ့သို့သော ပြောဆိုချက်သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်နှင့် သက်ဆိုင်သည့် အသီးအပွင့်များကို ရည်ညွှန်းသည့်အခါ လုံးလုံး သင့်တော်ပြီး၊ ယင်းက ဘုရားသခင်၏ အမြော်အမြင်နှင့် အနန္တတန်ခိုးတို့ကို လုံးလုံး ထုတ်ဖော်ပြလေသည်။

ဤအချိန်အထိ မိတ်သဟာယပြုပြီး၊ ကျွန်ုပ်တို့သည် သန့်စင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုပါက၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်ခံခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကို ယခု လူတိုင်း နားလည်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ သဘာဝလွန်ကဲသော စိတ်ကူးများကို လက်လွှတ်ပြီး၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို လက်မခံသင့် ပါသလား။ 

အယ်ဒီတာ၏ မှတ်စု-

ဤဆောင်းပါးကို ဖတ်ပြီးနောက်၊ သန့်စင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ လမ်းကြောင်းကို သင် ယခုရှာတွေ့ပြီးပြီလား။ ကောင်းကင်နိုင်ငံတော်သို့ သွားရာ လမ်းကြောင်းကို ရှာဖွေဖို့ ဆန္ဒရှိနိုင်သည့် သင်၏ မိတ်ဆွေများကိုလည်း ဤဆောင်းပါးကို မျှဝေဖို့ ကျေးဇူးပြု၍ အားမနာပါနှင့်။ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း နှင့် ပတ်သက်ပြီး သင် နားမလည်သည့်အရာ တစ်စုံတစ်ခု ရှိနေဆဲဖြစ်ပါက၊ ကျွန်ုပ်တို့ကို Messenger သို့မဟုတ် Viber မှတစ်ဆင့် ဆက်သွယ်လိုက်ပါ၊ ကျွန်ုပ်တို့သည် ထိုအကြောင်းအရာကို သင်နှင့် ဆွေးနွေးပေးပြီး၊ သင့်အား ဤလမ်းကြောင်းကို ကူညီ ရှာဖွေပေးချင်ပါသည်။

နောက်ဆုံးအနေဖြင့်၊ အောက်ပါရုပ်ရှင်များကို သင်ကြည့်ဖို့ ကျွန်ုပ်တို့ အကြံပြုလိုပါသည်။ “မျှော်လင့်တောင့်တခြင်း” “အိပ်မက်မှ နိုးထလာခြင်း” နှင့် “ကောင်းကင်နိုင်ငံတော်သားများ” ဤရုပ်ရှင်များကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားရသည့် ခရစ်ယာန်များ ပေးသည့် သက်သေခံချက်များ အကြောင်း သင်သိရလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့က နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူများကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို မည်သို့ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ နားလည်မှုကို အထောက်အကူပြုပါလိမ့်မည်။

အမှာစကား ချန်ခဲ့မည်