စာရင်း

ဗျာဒိတ်ကျမ်း 3:20- ဘုရားသခင်ကိုကြိုဆိုရန် ဘုရားသခင်၏အသံတော်ကို နားထောင်အားကိုးရမည်။

ယခုအခါ နောက်ဆုံးသောကာလသည် ရောက်လာပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့ သခင့်ကို မည်သို့ ကြိုဆိုနိုင်သနည်း။ ဗျာဒိတ်ကျမ်းထဲတွင် ရေးသားထားချက်အရ သခင်သည် သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာ၌ ပြန်ကြွလာမည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ထံသို့ မိုးတိမ်စီးကာ ပေါ်ထွန်းလိမ့်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ မြင်သည့်အရာအရ သခင့်ကို ကြိုဆိုခြင်းသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်သည်ဟု အချို့က ယုံကြည်ထားကြသည်။ သို့သော် ညီအစ်ကိုမောင်နှမအချို့က ဤကျမ်းပိုဒ်ကို ထည့်သွင်း စဉ်းစားကြသည်။ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက် ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) နောက်ဆုံးသော ကာလတွင် သခင်သည် ကျွန်ုပ်တို့၏ တံခါးများကို ခေါက်ဖို့ စကားပြောကြား လိမ့်မည်ဟု ကျွန်ုပ်တို့အား သခင်ပြောပြီးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သခင်သည် ပြန်ကြွလာနှင့်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားနှင့်ပြီး၊ သခင့်ကို ကြိုဆိုနှင့်ပြီးဖြစ်ကြောင်းတို့ကို သက်သေခံနေကြသည့် လူများစွာတို့လည်း အွန်လိုင်းတွင်ရှိလေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းမရှိဘဲ မိမိတို့ မြင်သည့်အရာပေါ်ကိုသာ အမှန်တကယ် အားကိုးနိုင်ပါသလား။ သခင့်ကို ကြိုဆိုဖို့ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင် နိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံကို နားထောင်ခြင်း အားဖြင့် သခင့်ကို ကြိုဆိုသင့်သလား၊ သို့မဟုတ် ကျွန်ုပ်တို့ မြင်သည့်အရာကိုသာ ယုံကြည်ခြင်းအားဖြင့် ကြိုဆိုသင့်သလား။

အမြန်လမ်းညွှန်
သခင်၏ ကြွလာခြင်းကို ကြိုဆိုဖို့ အရေးကြီးသော အဆင့်
သခင်သည် ပြန်ကြွလာပြီး စကားများ ပြောကြားပြီးဖြစ်သည်- သင်ကြားပြီးပြီလား
သခင် မိုးတိမ်စီးကာ ကြွလာခြင်းကို မြင်ဖို့သာ မလျှော့တမ်းပြောဆိုခြင်း၏ အကျိုးဆက်

သခင်၏ ကြွလာခြင်းကို ကြိုဆိုဖို့ အရေးကြီးသော အဆင့်

သခင် ပြန်ကြွလာခြင်းနှင့် စပ်လျဉ်း၍ ပရောဖက်ပြုချက်များစွာရှိသည်ကို ကျွန်ုပ်တို့အားလုံး သတိပြုမိကြသည်- သခင်သည် မိုးတိမ်စီးကာသာ ကြွလာလိမ့်မည်ဖြစ်ပြီး အခြားမည်သည့်အရာမျှ ဖြစ်မည်မဟုတ်ဟု မည်သူက အခိုင်အမာပြောဝံ့သနည်း။ သခင်ယေရှုက ကျွန်ုပ်တို့အား အလွန် ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည် မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ပြီးလျှင် ဗျာဒိတ်ကျမ်းကလည်း ပရောဖက်ပြု ထားခဲ့သည်၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) နောက်ဆုံးသော ကာလတွင် သခင်သည် သူ၏နှုတ်ကပတ်တော်များဖြင့် လူများ၏ စိတ်နှလုံးတံခါးများကို ခေါက်လိမ့်မည် ဖြစ်ကြောင်း၊ စကားပြောကြားခြင်းအားဖြင့် သူ၏သိုးကို သူရှာလိမ့်မည်ဖြစ်ကြောင်း နှင့် ဘုရားသခင်၏ သိုးသည် ဘုရားသခင်၏ အသံတော်ကို သတိပြုမိသည့်အခါတွင် သူ့ကို လက်ခံပြီး ကြိုဆိုလိမ့်မည် ဖြစ်ကြောင်းတို့ကို ဤပရောဖက်ပြုချက်များက ကျွန်ုပ်တို့အား ပြလေသည်။ ယင်းက ဘုရားသခင်သည် လူသားမျိုးနွယ်ထံ မည်သို့ ပေါ်ထွန်းသည်ဖြစ်စေ၊ သူသည် နှုတ်ကပတ်တော်များကို မိန့်မြွက်မည်မှာ သေချာသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို တကယ် သတိပြု မိသည့်အချိန်တွင်၊ သခင့်ကို ကြိုဆိုနိုင်ပြီးနောက်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ထံ မည်သည့်ပုံစံ၌ အမှန်တကယ် ပေါ်ထွန်းမည်ကို စိစစ် အတည်ပြုနိုင်သည်ကို ဆိုလိုခြင်း ဖြစ်လေသည်။ ယင်းက မောရှေသည် ဘုရားသခင် စကားပြောသည်ကို ချုံထဲကထွက်သောမီးလျှံမှ ကြားသကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်သည် မောရှေထံသို့ မီးပုံစံ၌ ပေါ်ထွန်းနေခဲ့သည်။ ယောဘသည် သူ့အား ဘုရားသခင်က မိုးသက်မုန်တိုင်းမှတစ်ဆင့် စကားပြောသည်ကို ကြားသည့်အချိန်တွင်၊ ယင်းမှာ ဘုရားသခင်က လေမှတစ်ဆင့် ယောဘထံသို့ ပေါ်ထွန်းခြင်းဖြစ်သည်။ ပြီးလျှင် လူ့ဇာတိခံ သခင်ယေရှုက ဘုရားသခင်၏အသံတော်ဖြစ်သည့် သမ္မာတရားကို ဖော်ပြခြင်းကို ကိုယ်တိုင်ကြားခဲ့ကြ သောကြောင့်၊ ဘုရားသခင်သည် လူ့ဇာတိပုံစံ၌ လူသားမျိုးနွယ်ထံသို့ ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း အတည်ပြုခဲ့ကြသည့် ပေတရုနှင့်ယောဟန်တို့လည်း ရှိလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို နည်းလမ်းများစွာဖြင့် စကားပြောဆိုနိုင်ပြီး၊ ကျွန်ုပ်တို့ကို သူစကားပြောသည်ကို မည်သို့ပင်ကြားပါစေ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ တွေ့မြင်ရကြောင်း ဤအရာအားလုံးမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုဖို့ မိမိတို့၏ မျက်လုံးများကိုသာ မှီခို၍မရနိုင်ပေ။ အဓိက သော့ချက်မှာ ကိုယ်တော်၏ အသံတော်ကို နားထောင်ဖို့ ဖြစ်သည်။ ပြန်ကြွလာသည့်သခင်၏ မိန့်မြွက်ချက်ကို ကျွန်ုပ်တို့ကြားပြီး၊ ထိုမိန့်မြွက်ချက်ကို ဘုရားသခင်၏ အသံတော်အဖြစ် သတိပြုမိသည်နှင့် တပြိုင်နက်၊ သခင်သည် အမှန်တကယ် ပြန်ကြွလာပြီးဖြစ်သည်ကို ယင်းက သက်သေပြလေသည်။ ထိုအချိန်တွင်၊ နောက်ဆုံးသောကာလတွင် သခင် ပေါ်ထွန်းသည့် နည်းလမ်းသည် သိသာထင်ရှားလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံတော်ကို နားထောင်ဖို့ အာရုံမစိုက်နိုင်ဘဲ၊ သမ္မာကျမ်းစာကို တိုက်ရိုက် အနက်ဖွင့်ဆိုခြင်း တစ်ခုအရ သခင်သည် လုံးဝ မိုးတိမ်စီးကာ ဆင်းသက် လာလိမ့်မည်ဟု ဆုံးဖြတ်ထားပြီး၊ သခင့်ကို ကြိုဆိုရာတွင် တွေ့မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်သည်ဟု တွေးထင်ပါက၊ ယင်းမှာ ဖာရိရှဲတို့ကဲ့သို့ တထေရာတည်းသော အမှားမျိုးကို ပြုလုပ်နေခြင်း မဟုတ်ပါလား။ ဖာရိရှဲများသည် ဘုရားသခင်၏ အသံတော်ကို အလေးဂရုပြုဖို့ အာရုံမစိုက်ခဲ့ကြဘဲ၊ မေရှိယ၏ ကြွလာခြင်းကို သမ္မာကျမ်းစာနှင့် သက်ဆိုင်သည့် တိုက်ရိုက် အနက်ဖွင့်ဆိုခြင်း တစ်ခုအတိုင်းသာ သတ်မှတ်ခဲ့ကြသည်။ သခင်ယေရှုသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များတွင် သြဇာအာဏာနှင့် တန်ခိုးတို့ ပါရှိသော်လည်း၊ ဖာရိရှဲများသည် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံမစိုက်ခဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့သည် နောက်ဆုံးတွင် သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲခဲ့ကြကာ၊ အလွန်ဆိုးရွားသောအပြစ် တစ်ခုကို ကျူးလွန်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် သခင် ကြွလာခြင်းကို ကြိုဆိုခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စတွင် ဖာရိရှဲများထံမှ သင်ခန်းစာ ယူသင့်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခို၍မရဘဲ၊ ပညာရှိသတို့သမီးများဖြစ်ရမည် ဖြစ်ကာ၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့အတွက် အလေးဂရုပြုရမည်။ ဤသည်မှာ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်။ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။

သခင်သည် ပြန်ကြွလာပြီး စကားများ ပြောကြားပြီးဖြစ်သည်- သင်ကြားပြီးပြီလား

သခင့်ကို ကြိုဆိုခြင်းအတွက် အဓိကသော့ချက်မှာ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို ကြားခြင်း အားဖြင့်သာလျှင် သခင်မည်သို့ ကြွလာပြီးဖြစ်သည်ကို ကျွန်ုပ်တို့ သိနိုင်သည်။ ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သာလျှင် သခင်ယေရှုသည် ကြီးစွာသော ဘေးဒုက္ခများမတိုင်မီ တိတ်တဆိတ် ကြွလာနှင့်ပြီးဖြစ်ကြောင်း၊ ကိုယ်တော်သည် လူ့ဇာတိဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းနှင့် ကိုယ်တော်သည် လူသားမျိုးနွယ်ကို တရားစီရင်ဖို့နှင့် သန့်စင်ဖို့ အမှုတော်အဆင့်တစ်ခုကို ဆောင်ရွက်တော်မူပြီး ဖြစ်ကြောင်းတို့ကို လူသိထင်ရှား သက်သေခံထားသည်။ ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသည့် နှုတ်ကပတ်တော်များအား ဖော်ပြပြီးဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများ၊ လူ့ဇာတိခံခြင်းသည် မည်သည့်အရာဖြစ်သည်၊ ချီဆောင်ခံရခြင်းသည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်၏ အသံတော်ကို မည်သို့ထိုးထွင်းသိမြင် ရမည်၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများမှ စစ်မှန်သော ခရစ်တော်ကို မည်သို့ ထိုးထွင်းသိမြင်ရမည်၊ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် သဘာဝနှင့် အနှစ်သာရ၊ အပြစ်၏ချည်နှောင်မှုများကို မည်သို့ ဖယ်ရှားရမည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သို့ တရားစီရင်ပြီး သန့်စင်စေသည်၊ ပြီးလျှင် ဘုရားသခင်သည် လူများ၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်များကို မည်သို့ဆုံးဖြတ်သည်တို့ အပါအဝင် သမ္မာတရား၏ ရှုထောင့်များအားလုံးကို ကျွန်ုပ်တို့အား မျှဝေပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်စင်ခြင်းခံရစေပြီး၊ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိစေလျက် အပြစ်၏ ချည်နှောင်မှုများမှ လုံးလုံး ကယ်တင်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် လူသား၏ ကြွလာခြင်းနှင့် သက်ဆိုင်သည့် ဤပရောဖက်ပြုချက်များကို ပြည့်စုံစေသည်ကို ဤအရာမှ ကျွန်ုပ်တို့ တွေ့မြင်နိုင် ပါသည်။ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ယင်းသာမကဘဲ၊ ဤအရာက သမ္မာတရားကို ဖော်ပြဖို့နှင့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ သခင် ပြန်ကြွလာခြင်းနှင့် သက်ဆိုင်သည့် ပရောဖက်ပြုချက်များ ကိုလည်း ပြည့်စုံစေလေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာ သောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သော နှုတ်ကပတ်တော်များကို ကြားသော နှလုံးသားနှင့်၊ ဝိညာဉ်နှင့် မည်သူမဆိုက ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း၊ ထိုနှုတ်ကပတ်တော်များသည် တန်ခိုးနှင့် သြဇာအာဏာတို့ဖြင့် ပြည့်နေကြောင်းတို့ကို ခံစားနိုင်သည်။ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဖြစ်ကြောင်း ၎င်းတို့က အတည်ပြုနိုင်ကြသည်။ ဤနှုတ်ကပတ်တော်သည် ဘုရားသခင်၏ အသံတော် မဟုတ်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် သက်ဆိုင်သည့် နက်နဲမှုများကို မည်သူက ထုတ်ဖော်ပြနိုင်ချေရှိမည်နည်း။ တရားစီရင်ခြင်းနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းကို မည်သူက တရားစီရင်နိုင်သနည်း။ ကျွန်ုပ်တို့က မည်သူက သန့်စင်ပြီး ပြောင်းလဲကာ အပြစ်၏ ချည်နှောင်မှုများမှ လွတ်မြောက်စေနိုင်သနည်း။ ဘုရားသခင်သာလျှင် သမ္မာတရားကို ဖော်ပြနိုင်သည်- ဤသည်မှာ ဘုရားသခင်၏ အသံတော်ဖြစ်သည်။ သခင်ယေရှုသည် ပြန်ကြွလာပြီး ဖြစ်ကြောင်း၊ သခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ဖို့နှင့် သန့်စင်ဖို့အလို့ငှာ လူသားမျိုးနွယ် ကြားသို့ တိတ်တဆိတ် ဆင်းလာလျက် လူသားအဖြစ် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းတို့ကို ဤအရာက ကျွန်ုပ်တို့အား စိစစ်အတည်ပြုစေသည်။ ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုလိုပါက၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖြစ်အောင် နားထောင်ရမည်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုရမည်။ ဤအရာကသာလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီဆောင်ခံရဖို့ နှင့် သခင်နှင့်အတူ စားတော်ပွဲကြီးကို တက်ရောက်ဖို့ အခွင့်အရေး ပေးလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ၌ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို တိုင်းနိုင်ငံအားလုံးမှ လူများ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ဖို့အလို့ငှာ အခြားဘာသာစကား ၂၀ကျော်သို့ ဘာသာပြန်ဆိုပြီး၊ အွန်လိုင်းတွင် ဖော်ပြတင်ဆက်ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်ုပ်တို့၏ တံခါးများကို ခေါက်နေခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များသည် သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသည့် နှုတ်ကပတ်တော်များ ဟုတ်မဟုတ်၊ ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ် နားထောင်လျက် ကျွန်ုပ်တို့သည် ပညာရှိသတို့သမီးများ မဖြစ်သင့်ပါလား။ ကျွန်ုပ်တို့သည် သခင် မိုးတိမ်များစီးကာ ကြွလာသည်ကို မြင်သည့်အခါမှသာ ယုံကြည်လျက်၊ တွေ့မြင်ခြင်းသည် ယုံကြည်ခြင်းဟု ကျွန်ုပ်တို့က လုံးဝ မလျှော့တမ်း ပြောဆိုပါက၊ ကျွန်ုပ်တို့သည် သူ့ကို တံခါးအပြင်တွင် ပိတ်ထားနှင့်ပြီး ဖြစ်လိမ့်မည် မဟုတ်ပါလား။ ယင်းမှာ ပညာရှိသတို့သမီး တစ်ယောက် ဖြစ်ခြင်း ဟုတ်ပါရဲ့လား။ သခင်၏ ကြွလာခြင်းကို ထိုနည်းလမ်းဖြင့် ကြိုဆိုဖို့ ဖြစ်နိုင်ချေရှိပါသလား။ ဤမေးခွန်းများသည် ကျွန်ုပ်တို့အားလုံး အသေအချာ ဆင်ခြင်တွေးတောသင့်သည့် မေးခွန်းများဖြစ်သည်။

သခင် မိုးတိမ်စီးကာ ကြွလာခြင်းကို မြင်ဖို့သာ မလျှော့တမ်းပြောဆိုခြင်း၏ အကျိုးဆက်

ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်း မရှိဘဲ၊ သူပြန်ကြွလာပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ မယုံကြည်မီ သခင် မိုးတိမ်များစီးကာ ကြွလာသည်ကိုသာ တွေ့ဖို့ စောင့်မျှော် နေပါက၊ အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်လိမ့် မည်နည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားပြီးဖြစ်သည့် သတိပေးချက်များနှင့် တိုက်တွန်းချက်များကို သေသေချာချာ ဖတ်ကြပါစို့။

ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည် ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။

သခင် မိုးတိမ်စီးခြင်းကို တွေ့မြင်ဖို့ကိုသာ စောင့်မျှော်နေသူများသည် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် သမ္မာတရားများကို လက်ခံဖို့ ငြင်းပယ်နေပြီး၊ ၎င်းတို့သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ပြစ်တင်ရှုတ်ချနေခြင်းသာဖြစ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။ ၎င်းတို့သည် ကြီးစွာသော ဘေးဒုက္ခများမတိုင်မီ သခင့်ကို ကြိုဆိုဖို့ ၎င်းတို့၏ အခွင့်အရေးကို လွဲချော်ရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်အားဖြင့် အောင်မြင်သူများအဖြစ် ပြုလုပ်ခံရဖို့ ၎င်းတို့၏ အခွင့်အလမ်းကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ သို့သော် ကြီးစွာသော ဘေးဒုက္ခများမတိုင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်ကို လက်ခံသူများသည်- ဆိုလိုသည်မှာ ဘေးဒုက္ခများမတိုင်မီ သခင့်ကို ကြိုဆိုသူများသည်- ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့် အပြစ်၏ ချည်နှောင်ခြင်းမှ ရုန်းထွက်လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ သန့်စင်ခြင်းခံရပြီး ပြောင်းလဲခြင်းခံရကာ ဘုရားသခင်အားဖြင့် အောင်မြင်သူများအဖြစ် ပြုလုပ်ခြင်းခံရဖို့ အခွင့်အလမ်းကို ရရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် လှပသော ခရီးပန်းတိုင်ဆီသို့ ဘုရားသခင်အားဖြင့် ခေါ်ဆောင်ခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် အောင်မြင်သူတစ်စုကို ပြုလုပ်ပြီးသည်နှင့်တပြိုင်နက် သူသည် ကြီးစွာသော ဘေးဒုက္ခများ ကျရောက်စေလိမ့်မည် ဖြစ်ကာ၊ ထိုအချိန်ကျမှသာလျှင် သူသည် လူများကို ၎င်းတို့၏ အမျိုးအစားအတိုင်း ခွဲထုတ်ပြီး ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးလျက် မိုးတိမ်စီးကာ လူပုံအလယ်သို့ ကြွလာပြီး လူသားမျိုးနွယ် ရှေ့တွင် ပေါ်ထွန်းလိမ့်မည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို အာခံပြီး ပြစ်တင်ရှုတ်ချခဲ့ သူများသည် သူ၏ ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ အာခံခဲ့သည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှု စင်စစ် ဖြစ်နေသည်ကို တွေ့မြင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ငိုကြွေးပြီး ၎င်းတို့၏ အံသွားခဲကြိတ်ကြလိမ့်မည်။ ၎င်းတို့၏ ရင်ဘတ်များကို ဆုပ်ထားကြလိမ့်မည်။ ဤအရာက သမ္မာကျမ်းစာဆိုင်ရာ ဤပရောဖက်ပြုခြင်းများကို ပြည့်စုံစေလိမ့်မည်။ “ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။(ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၄:၃၀)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည် ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင် ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။(ဗျာဒိတ်ကျမ်း ၁:၇) ထို့ကြောင့် ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ ကြိုးစားသူများအားလုံး၊ နောက်ဆုံးသောကာလတွင် ဘေးဒုက္ခများမတိုင်မီ ခရစ်တော် ဖော်ပြခဲ့သည့် သမ္မာတရားများကို လက်ခံသူများ အားလုံးတို့သည် ကောင်းကြီးမင်္ဂလာခံစားကြရသည်။ သို့သော် ၎င်းတို့၏ မျက်လုံးများကိုသာ အားကိုးကြသူများ၊ သခင် မိုးတိမ်စီးကာ ကြွလာဖို့ကိုသာ စောင့်မျှော်ဖို့ မလျှော့တမ်း ပြောဆိုနေသူများသည် ယူကျုံးမရဖြစ်ကြလိမ့်မည်။

သင်သည် ယခုအခါ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးဖြစ်သည့်အတွက်၊ ကျွန်ုပ်တို့အတွက် သူ၏ သတိပေးချက်များမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင်တွေ့ပြီးပါပြီလား။ ကျွန်ုပ်တို့အတွက် သူ၏ တိုက်တွန်းချက်များမှ တစ်ဆင့် ကျွန်ုပ်တို့ကို ကယ်တင်ဖို့ သူ၏ အရေးတကြီးအလိုတော်ကို သင်ခံစားပြီး ဖြစ်ပါသလား။ သခင် ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနှင့် ပတ်သက်၍ သံသယများ သို့မဟုတ် မေးခွန်းများ ရှိနေဆဲဖြစ်ပါက၊ ကျွန်ုပ်တို့ကို Viber သို့မဟုတ် Messenger တွင် စာပို့ဖို့ သင့်ကို ကြိုဆိုပါသည်။

အမှာစကား ချန်ခဲ့မည်