စာရင်း

သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း- ဘုရားသခင်၏ အသံတော်နှင့် လူ၏အသံတို့အကြား ကွာခြားချက်ကို သိမြင်ဖို့နည်းလမ်း

ခရစ်ယာန်များစွာတို့သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်ပြီး၊ ကယ်တင်ရှင်၏ ကြွလာခြင်းကို တောင့်တကြသည်။ သခင်ယေရှုသည် ကြာမြင့်သော အချိန်ကတည်းက လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြကာ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်သည့်အတွက် ကျွန်ုပ်တို့ တောင့်တခဲ့သည့်အရာသည် ယခု နောက်ဆုံးတွင် ပြည့်စုံပြီဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) သခင့်ကို ကြိုဆိုခြင်း အတွက် အဓိကသော့ချက်သည် သခင်၏ အသံတော်ကို ကြားခြင်း ဖြစ်သော်လည်း သခင်၏ အသံတော်ကို ကြားဖို့နည်းလမ်းအား မသိသည့်သူအချို့ရှိကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်နှင့် လူ၏အသံတို့အကြားတွင် ကွာခြားချက်ကို သိမြင်နိုင်စွမ်းမရှိကြ သောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်းကို စိစစ်အတည်ပြုနိုင်ခြင်းမရှိကြပေ။ လူများသည် ဘုရားသခင်၏ အသံတော်နှင့် ပတ်သက်ပြီး သေချာလာကာ၊ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ဖို့အလို့ငှာ၊ ယခုအခါတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူ၏ စကားများကြားမှ ကွာခြားချက်ကို မိတ်သဟာယပြုကြပါမည်။

အမြန်လမ်းညွှန်
၁။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဖော်ပြချက်များဖြစ်ပြီး၊ ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုကာ၊ ထိုမိန့်မြွက်ချက်များနှင့် လူ၏စကားများအကြားတွင် အနှစ်သာရ၌ ကွာခြားချက်တစ်ခု ရှိလေသည်
၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်ကို စတင်ပြီး ခေတ်ဟောင်းကို အဆုံးသတ်နိုင်ကာ၊ ခေတ်သစ်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းခရီးကို လူများအား ပြသနိုင်သည်။ လူများသည် ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုတို့နှင့် ပတ်သက်ပြီး အနည်းငယ် စကားပြောဖို့ ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို အခြေခံပြီး အခိုင်အမာပြောဆိုနိုင်ရုံသာရှိသည်
၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် နက်နဲမှုများကို ထုတ်ဖော်ပြနိုင်သည်။ လူ၏စကားများက မထုတ်ဖော်ပြနိုင်ပေ။

၁။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဖော်ပြချက်များဖြစ်ပြီး၊ ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုကာ၊ ထိုမိန့်မြွက်ချက်များနှင့် လူ၏စကားများအကြားတွင် အနှစ်သာရ၌ ကွာခြားချက်တစ်ခု ရှိလေသည်

လူ့ဇာတိခံဘုရားသခင်သည် ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ခရစ်တော် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိထားကြပါသည်။ ဤနှုတ်ကပတ်တော်များသည် တန်ခိုးနှင့် သြဇာအာဏာ နှစ်ခုလုံးကို ပိုင်ဆိုင်လျက် သမ္မာတရားဖြစ်ပြီး၊ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ကြားသည့်အခါတွင် ဤအရာကို ကျွန်ုပ်တို့ ခံစားနိုင်သည်။ ဥပမာအားဖြင့် လူသားမျိုးနွယ်ကို သခင်ယေရှုက သူ၏ ကတိတော်များပေးသည်ကို ကျွန်ုပ်တို့ ကြားသည့်အခါတွင်၊ လူသားမျိုးနွယ်ကို သူကြေညာသည့် ပညတ်တော်များ၊ ဖာရိရှဲများကို သူပြစ်တင်မောင်းမဲသည့်အခါတွင် သူပြောကြားသည့် နှုတ်ကပတ်တော်များ၊ သူ၏သွန်သင်ချက်များ စသည်တို့ကို ကျွန်ုပ်တို့ ကြားသည့်အခါတွင်၊ သခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားများဖြစ်ကြောင်း၊ ထိုနှုတ်ကပတ်တော်များတွင် တန်ခိုးနှင့် အာဏာတို့ပါရှိကာ၊ ထိုနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ချစ်ကြောက်ရိုသေစိတ်ကို လှုံ့ဆော်ပေးပြီး၊ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ကြောင်းတို့ကို ကျွန်ုပ်တို့ သိထားကြသည်။ သို့သော် လူများကမူ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ဖို့ မဆိုထားနှင့် ဘုရားသခင်၏ အနှစ်သာရပင်ကို မပိုင်ဆိုင်ကြပေ။ လူများ စကားပြောသည်ကို ကျွန်ုပ်တို့ကြားသည့်အခါ၊ ကျွန်ုပ်တို့ နားလည်နိုင်သော်လည်း၊ လူများ၏ စကားများသည် သမ္မာတရား ရှိဖို့မဆိုထားနှင့်၊ တန်ခိုး သို့မဟုတ် သြဇာအာဏာ တစ်ခုတစ်လေမျှ ရှိသည်ဟု ကျွန်ုပ်တို့ ခံစား၍မရပါ။ ထိုစကားများသည် ကျွန်ုပ်တို့ကို အကျိုးရှိစေသည့် စကားအချို့သာ ဖြစ်လေသည်။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူ၏ စကားများအကြားမှ အကြီးမားဆုံးသော ကွာခြားချက်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို ခွဲခြားသိမြင်နိုင်ဖို့ မိမိတို့၏ စိတ်နှလုံးများဖြင့် နားထောင်ဖို့သာ လိုအပ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော် ဖော်ပြခဲ့သည် နှုတ်ကပတ်တော်များသည် ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များအားလုံးဖြစ်လေသည်။ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက်တွင် ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်းနှင့် ၎င်းတို့တွင် တန်ခိုးနှင့် သြဇာအာဏာတို့ ပိုင်ဆိုင်ကြောင်း သိကြပြီး၊ ထို့နောက်မှသာလျှင် ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်၏ အသံတော်အဖြစ် လက်ခံကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျက် ရှိပြီး အရှေ့အရပ်တွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတန်ခိုးကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနှုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲ နေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထား သူများအား မျက်နှာချင်းဆိုင်လျက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင်မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက် ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ် အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့အရပ်၏ “သံလွင်တောင် ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီ ဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။

သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက် လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ် အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြ လိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင် ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တစ်ဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်မိမိ ကင်းလွတ် စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏ တန်ခိုး နှင့် သြဇာအာဏာတို့ကို သယ်ဆောင်လာသည်။ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပေါ်လွင်ထင်ရှားစေပြီး၊ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေလေသည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်အားလုံးကို သူ၏ နှုတ်ကပတ်တော်များအား မိန့်မြွက်ခြင်းဖြစ်သည့်အတွက် ထိုနှုတ်ကပတ်တော်များသည် မည်သည့်ဖန်ဆင်းခံတစ်ဦးကမျှ မပြောနိုင်သောစကားများဖြစ်ပြီး၊ မည်သည့် ဖန်ဆင်းခံတစ်ဦးမှ ရရှိနိုင်သည့်အရာ တစ်စုံတစ်ခုလည်း မဟုတ်ပေ။ ဘုရားသခင်မှလွဲ၍ လူသားမျိုးနွယ်တစ်ခုလုံးကို အခြား မည်သူက နှုတ်ကပတ်တော်များ မိန့်မြွက်နိုင်သနည်း။ လူတို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ အဆုံးသတ် အလိုတော်ကို လူသားမျိုးနွယ်ကို အခြားမည်သူက ပြန်ပြောပြပြီး ဖော်ပြနိုင်သနည်း။ ဤနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့မှတစ်ဆင့် တစ်ကမ္ဘာလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ပြောသည့် နှုတ်ကပတ်တော်များဖြစ်ကြောင်း၊ မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်နှင့် ပြည့်စုံသည့် စိတ်သဘောထားကို လုံးလုံး ထုတ်ဖော်ပြကြောင်းတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ သဘောပေါက်နိုင်ပါသည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သမ္မာတရားကို နားမလည်နိုင်လျှင်ပင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက်တွင် ထိုနှုတ်ကပတ်တော်များအတွင်းရှိ ဘုန်းတန်ခိုးနှင့် သြဇာအာဏာတို့ကို ၎င်းတို့ သဘောပေါက်နိုင်ပြီး၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော်ဖြစ်ပြီး၊ ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များဖြစ်သည်ကို ၎င်းတို့ လက်ခံနိုင်ကြလေသည်။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်ကို စတင်ပြီး ခေတ်ဟောင်းကို အဆုံးသတ်နိုင်ကာ၊ ခေတ်သစ်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းခရီးကို လူများအား ပြသနိုင်သည်။ လူများသည် ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုတို့နှင့် ပတ်သက်ပြီး အနည်းငယ် စကားပြောဖို့ ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို အခြေခံပြီး အခိုင်အမာပြောဆိုနိုင်ရုံသာရှိသည်

လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်နိုင်ပြီး၊ ခေတ်ဟောင်းကို အဆုံးသတ်နိုင်ကာ၊ ခေတ်သစ်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းခရီးကို လူများအား ပြသနိုင်သည်။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရအားဖြင့် ဆုံးဖြတ်သည်။ သို့သော် လူ၏ စကားများမှာမူ ခေတ်သစ်တစ်ခုကို စတင်နိုင်ခြင်း မရှိသကဲ့သို့ ခေတ်သစ်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို လူများအား မပြသနိုင်ပေ။ လူများလုပ်နိုင်သည်မှာ ၎င်းတို့၏ ကိုယ်ပိုင် ထိုးထွင်းအမြင်များနှင့် နားလည်မှုများကို ပြောဖို့ ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို အခြေခံပြီး အခိုင်အမာပြောဆိုနိုင်ခြင်းသာ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားအမှုတော် နှင့် နှုတ်ကပတ်တော်များ၏ အတိုင်းအတာထက် မကျော်လွန်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူ၏စကားတို့ ကြားမှ နောက်ထပ် ကွာခြားချက်ဖြစ်သည်။ ဥပမာအားဖြင့် ပညတ်တော်ခေတ် အဆုံးသတ်တွင် လူများသည် အပြစ်များကို ပို၍ပို၍ ကျူးလွန်နေခဲ့ကြပြီး လူများစွာတို့က ပညတ်တော်များကို မစောင့်ထိန်းနိုင်ဘဲ၊ ပညတ်တော်များအားဖြင့် စီရင်ခြင်းနှင့် သေဒဏ်ပေးခြင်းတို့ကို ခံခဲ့ရသည်။ လူတို့၏ လိုအပ်ချက်များအရ၊ ဘုရားသခင် ကိုယ်တော်တိုင်က ထိုအချိန်က လူ့ဇာတိခံယူပြီး၊ ရွေးနုတ်ခြင်းအမှုတော်ကို ဆောင်ရွက်တော်မူခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့က ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို စတင်စေခဲ့သည်။ ကိုယ်တော်သည် လူများအား ပညတ်တော်များ အတိုင်း လိုက်နာဖို့နည်းလမ်းကို မသွန်သင်တော့ဘဲ၊ ထိုအစား လူများအား လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းတစ်ခုကို ပြတော်မူ ခဲ့လေသည်။ ၎င်းတို့၏ အပြစ်များကို ဝန်ခံပြီး၊ နောင်တရဖို့၊ ၎င်းတို့၏ရန်သူများကို ချစ်ဖို့၊ ၎င်းတို့ နှိမ့်ချဖို့၊ စိတ်ရှည်ဖို့၊ ခွင့်လွှတ်တတ်ဖို့ နှင့် ၎င်းတို့နှင့် သက်ဆိုင်သူများကို ကိုယ်နှင့်အမျှချစ်ဖို့ စသည်တို့ကို စေခိုင်းခဲ့သည်။ ဤနှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်ကို အခြေခံပြီး မိန်တော်မူခဲ့သည့် ပို၍သစ်ပြီး ပို၍မြင့်မားသော နှုတ်ကပတ်တော်များဖြစ်လေသည်။ ထိုအချိန်မှပြီး လူများအားလုံးသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ပေါ်တွင် အခြေခံပြီး ၎င်းတို့၏ ကိုယ်ပိုင် နားလည်မှုနှင့် အသိပညာတို့နှင့် ပတ်သက်၍ အနည်းငယ်စကားပြောခဲ့ကြ သော်လည်း၊ မည်သူကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့၏ အတိုင်းအတာကို ကျော်လွန်နိုင်ခြင်းမရှိခဲ့ပေ။

လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် သခင်ယေရှု၏ ရွေးနုတ်ခြင်းကို ကြုံတွေ့ခဲ့သော်လည်း၊ လူတို့၏ အပြစ်ရှိသော သဘာဝသည် အတွင်း၌ နက်ရှိုင်းစွာ ဆက်လက် အမြစ်တွယ်နေခဲ့သည်။ လူများသည် အပြစ်၏ အချုပ်အနှောင်များနှင့် ချုပ်ချယ်မှုများကို တစ်ခါမျှ ဖယ်ရှားနိုင်ခြင်းမရှိဘဲ၊ နေ့တွင် အပြစ်ကျူးလွန်ပြီး ညတွင် ဝန်ခံသည့် အသက်တာတစ်ခုဖြင့် အမြဲမပြတ် အသက်ရှင်နေထိုင်နေဆဲဖြစ်သည်။ လူများကို အပြစ်၏ အချုပ်အနှောင်များမှ အပြီးအပိုင် ဖယ်ရှားပေးနိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းအသစ်ကို ပြနိုင်သည့် နှုတ်ကပတ်တော်များကို လူသားမျိုးနွယ်ထဲမှ မည်သူက တစ်ကြိမ်တစ်ခါမျှ ပြောနိုင်ခဲ့သနည်း။ မည်သူမျှ မပြောနိုင်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် လူများကို သန့်စင်ပြီး၊ ကယ်တင်နိုင်သည်၊ ခေတ်ဟောင်းကို အဆုံးသတ်စေနိုင်ပြီး ခေတ်အသစ်တွင် လူများကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပြနိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင် ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနှုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်း ဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။

နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာမြုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသသခြင်း အားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှု အားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦး ဖြစ်လာသည်။

နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခဲ့သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာပေါ်သို့ ကြွလာပြီးဖြစ်သည်။ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို စတင်ပြီးဖြစ်သည်။ ကိုယ်တော်သည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ဖော်ပြကာ၊ ကယ်တင်ခြင်း အပြည့်အဝ ရရှိဖို့ လူသားအား သူ လိုအပ်သည့် သမ္မာတရားများ အားလုံးကို ပေးအပ်ပြီး ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးကို ဖော်ထုတ်ပြီးဖြစ်လေသည်။ သူချစ်သောသူများနှင့် သူ မုန်းသောသူများသည် မည်သူတို့ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝတို့ကို ဖြေရှင်းနိုင်ဖို့၊ စာတန်၏ သြဇာလွှမ်းမိုးမှုမှ အပြီးအပိုင် ရုန်းထွက် လွတ်မြောက်နိုင်ဖို့ နှင့် သန့်စင်ခြင်းခံရပြီး ဘုရားသခင်၏ အပြည့်အဝ ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ ကျွန်ုပ်တို့ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ကြောင်းတို့ကို ကျွန်ုပ်တို့အား သူပြောပြပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံမှ အဖဘုရားသခင်၏ အလိုတော်ကို ပြုလုပ်သူများ မည်သို့ ဖြစ်လာနိုင်ကြောင်း နှင့် ဘုရားသခင်ကို စစ်မှန်သော နာခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းတို့က မည်သည့်အရာ ဖြစ်ကြောင်းတို့ကိုလည်း ပြောပြပြီးဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး သန့်စင်နိုင်သည့် နှုတ်ကပတ်တော်များကို မည်သူက ဖော်ပြနိုင်စွမ်းရှိသနည်း။ ပြီးလျှင် မည်သူက ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်နိုင်သနည်း။ မည်သည့်လူသားတစ်ယောက်မျှ ဤအရာကို မလုပ်ဆောင်နိုင်ပါ။ ဘုရားသခင်သာ ဤအရာကို လုပ်ဆောင်နိုင်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်ကို စတင်ပြီး၊ ခေတ်ဟောင်းကို အဆုံးသတ်နိုင်ကြောင်း နှင့် ထိုနှုတ်ကပတ်တော်များသည် လူများကို ကယ်တင်နိုင်ပြီး သန့်စင်နိုင်ကာ၊ ခေတ်သစ်တွင် လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းကို ပြနိုင်ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ ယခုတွေ့မြင်နိုင်ပါသည်။ လူ၏ အနှစ်သာရသည် လူဖြစ်သည့်အတွက် ထိုကဲ့သို့သော နှုတ်ကပတ်တော်များကို မည်သည့်လူသားတစ်ဦးမျှ ပြောနိုင်ချေမရှိဘဲ၊ လူ၏ စကားများသည် သမ္မာတရားမဟုတ်ပေ။ လူများ လုပ်နိုင်သည့်အရာမှာ ၎င်းတို့၏ ထိုးထွင်းအမြင်များနှင့် နားလည်မှုတို့အကြောင်း အနည်းငယ်ပြောဖို့ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များတွင် အခြေခံပြီး အခိုင်အမာ ပြောဆိုနိုင်ခြင်းသာဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ အတိုင်းအတာကို ကျော်လွန်မသွားနိုင်ပေ။

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် နက်နဲမှုများကို ထုတ်ဖော်ပြနိုင်သည်။ လူ၏စကားများက မထုတ်ဖော်ပြနိုင်ပေ။

ဘုရားသခင်သည် လူတို့ကို ကယ်တင်ဖို့ လူ့ဇာတိခံယူ ခဲ့သောကြောင့်၊ သူသည် သမ္မာတရားများစွာကို ဖော်ပြပြီး နက်နဲမှုများစွာကို ထုတ်ဖော်ပြရမည် ဖြစ်သည်။ ထိုအကြောင်းကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတိုင်း၊ သူသည် သမ္မာတရားများ နှင့် နက်နဲမှုများစွာတို့ကို အမြဲတမ်း ဖွင့်ပြကာ၊ ဤသည်မှာ မည်သည့်လူသား တစ်ယောက်မျှ မလုပ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် သခင်ယေရှု ကြွလာသည့်အချိန်က၊ သူက ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ နည်းလမ်းနှင့် သက်ဆိုင်သည့် နက်နဲမှုကို ထုတ်ဖော်ပြခဲ့ပြီး၊ နောက်ဆုံးသောကာလတွင် သူကြွလာသည့်အခါ သူမည်သည့်အမှုတော်ကို ဆောင်ရွက်မည် ဖြစ်ကြောင်း နှင့် သူ၏ပြန်ကြွလာခြင်းကို ညွှန်ပြဖို့ မည်သည့်နိမိတ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း စသည်တို့ကိုလည်း ကျွန်ုပ်တို့အား ပြောပြတော်မူခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော် မိန့်တော်မူခဲ့သည့် နှုတ်ကပတ်တော်များသည် နက်နဲမှုများစွာကိုလည်း ထုတ်ဖော်ပြ လေသည်။ ဥပမာအားဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာနေခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူသားကို အပြည့်အစုံ ဖော်ပြသည်။ ယခုမှသာ ငါသည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ လျှို့ဝှက်နက်နဲမှု အစုံအလင်ကို လူသားအား ဖွင့်ပြပြီး၊ ငါ့အလုပ်၏ ရည်ရွယ်ချက်ကို လူသားက သိခဲ့ပြီဖြစ်သည့်အပြင် ငါ၏ လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း နားလည်ပြီဖြစ်သည်။ သူစိုးရိမ်နေသည့် ခရီးပန်းတိုင် အကြောင်းကိုလည်း ငါက လူသားကို အားလုံးပြောပြပြီး ဖြစ်သည်။ နှစ်ပေါင်း ၅၉၀၀ ကျော် ဖုံးကွယ်ထားသည့် ငါ၏လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း လူသားအတွက် ဖော်ပြပြီးဖြစ်သည်။

လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ၊။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ သူတို့ကို စိတ်မပူကြလင့်၊ သင်တို့သည် ယနေ့တွင် ပြောဆိုခြင်းမခံရလျှင် သင်တို့သည် နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤနှစ်ပေါင်း ခြောက်ထောင် အလုပ်သည် ပရောဖက်များ ဟောကြားချက် အားလုံးထက် ပိုမို၍ နက်နဲရှုပ်ထွေးသည်။ ယင်းသည် ဖန်ဆင်းသည့် အချိန်မှစ၍ အနက်နဲဆုံးဖြစ်ပြီး ယခင်က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်ဆုံးခေတ်တွင်မှသာ ဖော်ထုတ်မည် ဖြစ်သောကြောင့် ဤနက်နဲခြင်းကို မည်သည့် ယခင်က ပရောဖက်မှ နားမလည်နိုင်သေးပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား လူသားမျိုးနွယ်ကို သူ၏ စီမံခန့်ခွဲမှုတွင် သူ၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်၊ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုတော်ကို သူမည်သို့ ဆောင်ရွက်သည်၊ တရားစီရင်ခြင်းအမှုတော်၏ အဓိပ္ပါယ်မှာ မည်သည့်အရာဖြစ်သည်၊ လူ့ဇာတိခံခြင်းများ၏ နက်နဲမှုများ၊ ဘုရားအမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် အတွင်းပိုင်းဇာတ်လမ်း၊ လူသားမျိုးနွယ်၏ အပြစ်နှင့် သက်ဆိုင်သည့် အကြောင်းခံအရင်းအမြစ်၊ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရား၊ စာတန်သည် လူသားမျိုးနွယ်ကို မည်သို့ ဖျက်ဆီးသည်၊ ဘုရားသခင်သည် လူတို့ကို မည်သို့ကယ်တင်သည်၊ လူတို့သည် ၎င်းတို့၏ အမျိုးအစား တစ်ခုချင်းစီအလိုက် မည်သို့ သီးသန့်ခွဲခြားခြင်းခံရမည်၊ ဘုရားသခင်သည် လူတစ်စုကို အောင်မြင်သူများအဖြစ် မည်သို့ စုံလင်စေသည်၊ ခရစ်တော်၏ နိုင်ငံတော် မည်သို့တည်လာမည်၊ အနှစ်တစ်ထောင် နိုင်ငံတော်၏အလှတရား စသည်တို့ကဲ့သို့သော လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြလေသည်။ ဤနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများနှင့် နက်နဲမှုများဖြစ်ကာ ယင်းက သခင်ယေရှု၏ ပရောဖက်ပြုခြင်းများကို အတိအကျ ပြည့်စုံစေသည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

ထိုအကြောင်းကို တွေးကြည့်ကြပါစို့- ဘုရားသခင်သည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်များကို ပြောကြားဖို့ မကြွလာခဲ့ပါက၊ အခြားမည်သူက သမ္မာတရားများစွာကို ဖော်ပြနိုင်မည်နည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုတော်ကို မည်သူက အပြည့်အဝ ရှင်းလင်းစွာပြောဆိုနိုင်မည်နည်း။ ပြီးလျှင် ဤနက်နဲမှုများကို ကျွန်ုပ်တို့အား အခြားမည်သူက ပြောပြနိုင် မည်နည်း။ ဤနက်နဲမှုများသည် ဘုရားသခင်နှင့် ကောင်းကင်နိုင်ငံတော်တို့နှင့် ဆက်စပ်နေပြီး၊ ၎င်းတို့သည် ဘုရားသခင် အနာဂတ်တွင် ပြီးမြောက်အောင်မြင်မည့်အရာနှင့်လည်း ဆက်စပ်နေသည့် အရေးကိစ္စများဖြစ်လေသည်။ ဤနက်နဲမှုများ အားလုံးတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်နေပြီး၊ ဘုရားသခင်မှလွဲ၍ ၎င်းတို့ကို မည်သူမျှ မသိနိုင်ပေ။ ဗျာဒိတ်ကျမ်း ၅:၃-၅ တွင် ပြောထားသကဲ့သို့ပင် ဖြစ်ပါသည်။ “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ ငါမြင်၏။ အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာ ငိုကြွေးလေ၏။ ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။” ကျွန်ုပ်တို့ လူသားများသည် ဘုရားသခင်၏ သတ္တဝါများသာ ဖြစ်ပြီး၊ နက်နဲမှုများကို မထုတ်ဖော်ပြနိုင်ပေ။ ဘုရားသခင်က ဤနက်နဲမှုများကို ကျွန်ုပ်တို့အား မထုတ်ဖော်ပြမီတွင်၊ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ ဖတ်နိုင်သမျှ အားလုံးမှာ စာလုံးများသာ ဖြစ်သည်။ သမ္မာကျမ်းစာကို လေ့လာဖို့ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်ထားသည့် ဓမ္မပညာဆိုင်ရာ ပါရဂူများစွာ ရှိသော်လည်း၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ အစွမ်းနှင့် အတွေ့အကြုံတို့အရ အရှိအတိုင်း အဓိပ္ပာယ်ကောက်ခြင်း အချို့ကို ကောက်ချက်ချနိုင်ရုံသာ ရှိပါသည်။ ဤသည်မှာ ဘုရားသခင်နှင့် လူတို့ကြားမှ အနှစ်သာရတွင် ကွဲပြားချက် ဖြစ်လေသည်။

အနှစ်သာရ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူ၏စကားတို့ကြားတွင် ကြီးစွာသော ကွဲပြားချက်တစ်ခုရှိပြီး၊ ကျွန်ုပ်တို့ကြားသည့် စကားများသည် ဘုရားသခင်၏ အသံတော် ဟုတ် မဟုတ်ကို သိမြင်နိုင်စွမ်းရှိဖို့ မိမိတို့၏ စိတ်နှလုံးဖြင့် နားထောင်ဖို့သာ လိုသည်ကို အထက်ဖော်ပြပါ မိတ်သဟာယမှ ကျွန်ုပ်တို့ သိမြင်နိုင်ပါသည်။

ဤတစ်ပုဒ်ကို ဖတ်ရှုပြီး သင်သည် ဘုရားသခင်၏အသံတော်ကို ခွဲခြားမည့်နိယာမကို နားလည်ပြီဟု ယုံကြည်ပါတယ်။အကယ်၍ သင်သည် ဘာသာရေးပေါ်မှာ သံသယဖြစ်မှု သို့မဟုတ် အခက်အခဲတစ်ခုခုတို့ ရှိသေးပါက အောက်ပါ Messenger မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။ကျွန်ုပ်တို့သည် သင့်နှင့်အတူ ဆွေးနွေးကြလိမ့်မည်။

အမှာစကား ချန်ခဲ့မည်