စာရင်း

ဘေးဒုက္ခများ ကျွန်ုပ်တို့အပေါ် ကျရောက်နေပြီဖြစ်သည်- ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

လတ်တလော အချိန်များတွင်၊ ငလျင်များ၊ ရေလွှမ်းမိုးမှုများ၊ ကျိုင်းကောင်အုပ်ကြီးများ၊ မီးလောင်ခြင်းများ၊ ကပ်ရောဂါများ နှင့် အစာငတ်မွတ်ခေါင်းပါးခြင်းတို့ကဲ့သို့သော ဘေးဒုက္ခများသည် ဆက်လက် ပျံ့နှံ့နေပြီး၊ ဤပျံ့နှံ့မှု၏ အတိုင်းအတာသည် ပို၍ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်ပြီး ဖြစ်လေသည်။ ထိုထဲမှ အထူးမှတ်ချက်ချစရာတစ်ခုမှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ ယခုအခါ စတင်ဝင်ရောက်လာပြီး အကျိုးဆက်အားဖြင့် လူပေါင်းများစွာ သေဆုံးစေသော ကပ်ရောဂါတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် အသစ်ဖြစ်ပါသည်။ ထိုကဲ့သို့သော ဘေးဒုက္ခများ မကြာခဏ ဖြစ်ပေါ်နေသည်ကို ကျွန်ုပ်တို့ တွေ့မြင်သည့်အခါ၊ ကျွန်ုပ်တို့သည် ကြောက်စိတ်ဖြင့် လောင်မြိုက်ပြီး မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိဖြစ်လာကာ၊ ကွယ်ကာခြင်းအတွက် သခင့်ကို မပြတ်အော်ခေါ်ဖို့သာ လုပ်နိုင်ကြသည်။ ဘေးဒုက္ခများ ဘုရားသခင် ဖြစ်ပေါ်ခွင့်ပြုခြင်း၏ အကြောင်းအရင်းမှာ ကျွန်ုပ်တို့က သူ့ကို အော်ခေါ်ပြီး သူ၏ ကွယ်ကာခြင်းကို တောင်းလျှောက်စေဖို့ သူဆန္ဒရှိသောကြောင့် သက်သက်များ ဖြစ်နိုင်ပါသလား။ ဘုရားသခင်၏ ရည်ရွယ်ချက် စင်စစ်မှာ အဘယ်နည်း။ ဘေးဒုက္ခများ ကျရောက်သည့်အခါ ဘုရားသခင်၏ ကွယ်ကာခြင်းကို ကျွန်ုပ်တို့ မည်သို့ ရရှိနိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီး၊ သူ၏ကွယ်ကာခြင်းကို လက်ခံဖို့ လမ်းကြောင်းကို ရှာတွေ့ဖို့အလို့ငှာ ဤအရေးကိစ္စကို ယနေ့ အတူတကွ ဆွေးနွေးပြီး လေ့လာဖော်ထုတ်ကြပါစို့။

ဘေးဒုက္ခများ ကျွန်ုပ်တို့အပေါ် ကျရောက်နေပြီဖြစ်သည်- ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

အမှန်မှာမူ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် နှိုးဆော်ချက်များနှင့် သတိပေးချက်များအဖြစ် အသုံးချဖို့ ဘေးဒုက္ခများကို ကျွန်ုပ်တို့ထံ ကျရောက်ခွင့်ပြုခြင်းဖြစ်သည်။ သို့သော် ကိုယ်တော် ကျွန်ုပ်တို့ကို သတိပေးနေသည့်အရာမှာ အဘယ်နည်း။ ယခုခေတ် ဤကမ္ဘာကြီးတွင် လူများသည် ပို၍ ပို၍ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးလာသည်ကို ကျွန်ုပ်တို့ အားလုံး သိထားကြသည်။ အားလုံးက ၎င်းတို့၏ အသက်တာများကို အစားကြူးခြင်း၊ သာယာမှုကို ရှာဖွေခြင်းနှင့် ကာမဂုဏ်ခံစားခြင်း၊ ရမ္မက်သွေးကြွသော လိုအင်ဆန္ဒများ၌ မွေ့လျော်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြသည်။ လူများသည် အကျိုးအမြတ်ကို ရှာဖွေလိုက်စားရာ၌ အချင်းချင်း ယှဉ်ပြိုင်ကြပြီး၊ အလိမ်အညာများနှင့် အကြမ်းဖက်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။ ၎င်းတို့၏ သိက္ခာ၊ သမာဓိ၊ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ကြာမြင့်သော အချိန်ကတည်းက ၎င်းတို့ ဆုံးရှုံးခဲ့ကြပြီး၊ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ တည်ရှိမှုကိုပင် အသိအမှတ်မပြုကြဘဲ၊ သမ္မာတရားအတွက် ဆာငတ်မှု နှင့် စစ်မှန်သော အလင်းရောင် ပေါ်ထွန်းဖို့ တောင့်တခြင်းအနည်းငယ်သာ ရှိကြသည်။ သခင့်ကို ယုံကြည်သူများသည်လည်းပဲ ငွေကြေး၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကို ရှာဖွေရာတွင် လောက၏ ရေပန်းစားမှုများ နောက်ကို လိုက်ကြသည်။ ၎င်းတို့သည် ဇာတိပကတိ၏ သာယာမှုကို အငမ်းမရဖြစ်ပြီး ရုန်းမထွက်နိုင်ဘဲ အပြစ်တွင် အသက်ရှင်နေထိုင်ကြလေသည်။ လက်ရှိ ဤကမ္ဘာထဲရှိ လူများသည် နောဧ၏အချိန်မှ လူများကဲ့သို့ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးကြလေသည်။ သခင်ယေရှုက တစ်ချိန်က ပရောဖက်ပြုခဲ့သည်၊ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၄:၃၇) နောက်ဆုံးသောကာလ ရောက်ချိန်တွင် လူသည် နောဧ၏အချိန်ကကဲ့သို့ ဖောက်ပြန်ပျက်စီး လာပြီးဖြစ်မည့်အခါ သခင်သည် ကြွလာနှင့်ပြီးဖြစ်လိမ့်မည်ဟု သခင်ယေရှု၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ သိထားကြသည်။ သို့သော် ဘုရားသခင် သို့မဟုတ် သူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို မည်သူတစ်ဦး တစ်ယောက်ကမျှ တက်ကြွစွာရှာဖွေခြင်း မရှိသောကြောင့်၊ လူများသည်လည်း အလွန်ဖောက်ပြန်ပျက်စီးလာပြီး၊ သခင်၏ ပြန်ကြွလာခြင်းကို တစ်စုံတစ်ယောက် သက်သေခံသည်ကို ၎င်းတို့ ကြားသည့်အချိန်တွင်ပင်၊ ၎င်းတို့သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေခြင်းမရှိသေးကဲ့သို့၊ ယင်းကို နောက်ထပ် လေ့လာစုံစမ်းခြင်းလည်း မရှိကြပေ။ ဤဘေးဒုက္ခများကို ဖြစ်ပေါ်စေခြင်းအားဖြင့်၊ သခင် ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းသည် ပြည့်စုံနှင့်ပြီးဖြစ်ကာ၊ သခင်သည် ကြာမြင့်သော အချိန်ကတည်းက ပြန်ကြွလာပြီးဖြစ်သည်ကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်စေဖို့အလို့ငှာ ကျွန်ုပ်တို့၏ တက်ကြွမှုမရှိသော စိတ်နှလုံးများကို လှုပ်နှိုးဖို့ သတိပေးချက်များအား ဘုရားသခင်က ကျွန်ုပ်တို့ထံ ပေးပို့နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို နှောင့်နှေးမှု မရှိစေဘဲ ရှာဖွေသင့်သည်။ ကျွန်ုပ်တို့သည် ကြီးစွာသော ဘေးဒုက္ခမကျရောက်မီ သခင့်ကို မကြိုဆိုနိုင်ပါက၊ ကြီးစွာသော ဘေးဒုက္ခ၏ ဖယ်ရှားခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကိုသာ ခံရလိမ့်မည် ဖြစ်လေသည်။

သခင်ယေရှုကလည်း ကျွန်ုပ်တို့ကို ကြာမြင့်သော အချိန်ကတည်းက မိန့်တော်မူခဲ့သည်၊ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။(ရှင်မဿဲခရစ်ဝင် ၇:၈) ဤအရာက လူများသည် သခင် ပြန်ကြွလာပြီးဖြစ်သည့်အခါ တရားဟောကြားပြီး သက်သေခံ နေလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ “မင်္ဂလာဆောင် လုလင်လာပြီ၊” ဆိုသည့် နှုတ်ကပတ်တော်များကို ကြားခြင်းအားဖြင့် လူများသည် သခင်၏ ပြန်ကြွလာခြင်းကို တက်ကြွစွာ ရှာဖွေပြီး လေ့လာစုံစမ်းရမည်ဖြစ်ကာ၊ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် ၎င်းတို့သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်လေသည်။ ယခုအခါတွင်၊ တစ်ကမ္ဘာလုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သာလျှင် သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်ကို သက်သေခံနေသည်။ ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြပြီးဖြစ်ကာ၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ပြီးဖြစ်သည်၊ ထိုသို့ဖြင့် သခင်ယေရှု၏ ပရောဖက်ပြုခြင်းများကို ပြည့်စုံစေလေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးလျှင် ရှင်ပေတရုသြဝါဒ ပထမစောင် ၄:၁၇ က ပြောထားသည်၊ “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်ပေါ်တွင် အခြေခံပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်တော်မူသည်။ ကျွန်ုပ်တို့သည် သခင့်ကို ယုံကြည်နိုင်ပြီး၊ ကျွန်ုပ်တို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို လက်ခံရရှိနိုင်သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝသည် ကျွန်ုပ်တို့ထဲတွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသက်ရှင် နေထိုင်သည့်အရာသည် မာနထောင်လွှားခြင်း နှင့် စိတ်ကြီးဝင်ခြင်း၊ ကောက်ကျစ်ခြင်း နှင့် ဉာဏ်နီဉာဏ်နက်များခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့သော အပြုအမူ၊ ဆိုးယုတ်ခြင်းနှင့် လောဘကြီးခြင်းနှင့်၊ အခြား ဆိုးယုတ်သော စိတ်သဘောထားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်၏ချည်နှောင်မှုများကို မဖယ်ရှားနိုင်ဘဲ၊ အမြဲမပြတ် အပြစ်ကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ၊ အာခံကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်ကြွ လာသည့်အချိန်တွင်၊ သူသည် လူတို့ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း၊ လူသားမျိုးနွယ်ကို ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝမှ လုံးလုံးဖယ်ရှားခြင်း၊ ကျွန်ုပ်တို့ကို စာတန်၏ အုပ်စိုးမှုအောက်မှ ကယ်တင်ခြင်း၊ ကျွန်ုပ်တို့ကို ဘေးဒုက္ခများမှ ကယ်တင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ သယ်ဆောင်ခြင်း အမှုတော်ကို ဆောင်ရွက်လိမ့်ဦးမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

ကောင်းကင်နိုင်ငံတော် ဖြစ်တည်လာခြင်းနှင့် သက်ဆိုင်သည့် ဤဧဝံဂေလိတရားကို ရင်ဆိုင်ကြုံတွေ့လျက်၊ စစ်မှန်သော လမ်းခရီးကို လူဦးရေမည်မျှက တက်ကြွစွာ ရှာဖွေပြီး လေ့လာစုံစမ်းလိမ့်မည်နည်း။ လူများစွာတို့သည် စိတ်ပါဝင်စားမှုမရှိကြဘဲ၊ မလျှော့တမ်းပေပြီး ခေါင်းမာ နေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော်တို့ကို လုံးဝ မရှာဖွေဘဲ လေ့လာစုံစမ်းခြင်းလည်း မရှိသကဲ့သို့ သခင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့အလို့ငှာ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းကိုလည်း အာရုံမစိုက်ကြပေ။ ဤအရာတွင် ပြဿနာက အဘယ်နည်း။ ယင်းက ကျွန်ုပ်တို့ လူသားများသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိဟု ပြနေသည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရခြင်းနှင့် ကောင်းကြီး မင်္ဂလာများကို လက်ခံရရှိခြင်းတို့ကိုသာ လိုချင်ကြလေသည်။ ကျွန်ုပ်တို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားလိုခြင်း မရှိဘဲ၊ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်နှက်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို တွေ့ကြုံခံစားခြင်းမရှိဘဲ မည်သို့ သန့်စင်ခြင်းခံရနိုင်သနည်း။ လူများသည် ဘုရားသခင်ကို အချိန်မရွေး နေရာမရွေးအာခံပြီး၊ ပုန်ကန်ကာ၊ အချို့က ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အစွမ်းကုန် ပြစ်တင်ရှုတ်ချဖို့နှင့် အာခံဖို့ပင် ကြိုးစားကြလျက် အပြစ်တွင် အသက်ရှင်နေထိုင်ဆဲဖြစ်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြောသည်မှာ၊ “လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။” “အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ကဲ့သို့သော မရေတွက်နိုင်သည့် ပြောင်းလဲမှုများသည် ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။

ဘုရားသခင်ထံတွင် သန့်ရှင်းခြင်းနှင့် သက်ဆိုင်သည့် အနှစ်သာရရှိပြီး၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အပြစ်များကို ရွံရှာစက်ဆုပ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ နားလည်နိုင်သည်။ လူသည် အလွန်ဖောက်ပြန်ပျက်စီးသည့်အတွက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ထံသို့ ဘေးဒုက္ခများ ကျရောက်ခွင့်ပြုဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သို့သော် ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့သည့်အတွက်၊ သူ ဤနည်းလမ်းဖြင့် ဖျက်ဆီး ခံရခြင်းကိုလည်း မကြည့်ရက်နိုင်သောကြောင့် ဘုရားသခင်သည် ကြီးစွာသော ဘေးဒုက္ခ ဖြစ်စေခြင်းမတိုင်မီ နောက်ဆုံးသောကာလတွင် သူ၏ ကယ်တင်ခြင်းကို လက်ခံဖို့ လူတိုင်းကို သူ အခွင့်အရေး ပေးလိမ့်မည်။ ယင်းက ဘုရားသခင် နောဧကို တရားဟောစေသည့် ရာစုနှစ်တစ်ခုကျော်ဖြစ်စဉ်တွင်၊ ဘုရားသခင်က သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိဖို့အလို့ငှာ သူ့ထံသို့ လာဖို့ အခွင့်အရေးကို ပေးသော်လည်း ထိုအချိန်က လူတို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူသားက နားမလည်နိုင်သောကြောင့်၊ လူသားသည် ခေါင်းမာစွာ ဆန့်ကျင်ပြီး အာခံခဲ့သည့် အချိန်ကကဲ့သို့ပင် ဖြစ်လေသည်။ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံခဲ့ဘဲ၊ နောက်ဆုံးတွင် ရေလွှမ်းမိုးမှု၌ ဖျက်ဆီးခြင်းခံခဲ့ရသည်။ နောက်ဆုံးသောကာလတွင် သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းအတွက်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ၁၉၉၁ ခုနှစ်ကတည်းက နှစ် ၃၀ နီးပါး အလုပ်လုပ်ခဲ့သောကြောင့်၊ လူသားသည် လုံလောက်သော အချိန်ကို ရရှိပြီးဖြစ်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အပြင် ဧဝံဂေလိရုပ်ရှင်များ၊ ဟာသ ဇတ်လမ်းတိုများ၊ ဓမ္မသေးတံစုံကျူးလက်ရာများ နှင့် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းကို ကြုံတွေ့ရပြီးဖြစ်သည့် ဘုရားသခင် ရွေးချယ်ထားသည့်သူများ၏ သက်သေခံချက် အမျိုးမျိုး— အားလုံးတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ စီစဉ်တင်ဆက်ခဲ့သည်- အွန်လိုင်းတွင်လည်း တင်ခဲ့ပြီးဖြစ်ကာ၊ ကမ္ဘာအနှံ့မှ လူများအားလုံး၏ ရှာဖွေခြင်းများနှင့် လေ့လာစုံစမ်းခြင်းများအတွင်းတွင် အသုံးပြုနိုင်ဖို့ အွန်လိုင်းပေါ်တွင် ရှိနေပြီဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်ုပ်တို့အား တရားဟောပြီး သက်သေခံသည့် လူများကိုလည်း အသုံးပြုလေသည်။ ကောင်းကင်နိုင်ငံတော် တည်ခြင်း နှင့် သက်ဆိုင်သည့် ဤဧဝံဂေလိတရားသည် တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့ပြီးဖြစ်သည်။ လူဦးရေမည်မျှသည် စစ်မှန်သည့် လမ်းခရီးကို တက်ကြွစွာ ရှာဖွေပြီး လေ့လာစုံစမ်းကြပြီးဖြစ်သနည်း။ ဘုရားသခင်ကို အာခံပြီး ငြင်းပယ်သည့် ထိုကဲ့သို့ ဖောက်ပြန်ပျက်စီးသောသူများသည် သူ၏ အမျက်ဒေါသမှ မည်သို့ ရုန်းထွက်လွတ်မြောက်နိုင်မည်နည်း။ ယခုအခါတွင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် အဆုံးသတ်ခါနီးပြီဖြစ်ပြီး၊ ထောင်စုနှစ်ကြာအောင် တစ်ခါမျှ မမြင်စဖူး ကြီးစွာသော ဘေးဒုက္ခကြီးသည် ဖြစ်အံ့ဆဲဆဲ ဖြစ်လေသည်။ သခင်ယေရှု မိန့်တော်မူခဲ့သကဲ့သို့ပင် ဖြစ်သည်၊ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၁) လူတို့အတွက် ဘုရားသခင် ခွင့်ပြုထားသည့်အချိန်သည် ကုန်သွားပြီဖြစ်ပြီး၊ ကျေးဇူးတော်တံခါးသည် မကြာမီ ပိတ်လိမ့်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ဆက်လက် ငြင်းပယ်ပြီး၊ အာခံကာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းဆန်ပါက၊ သူသည် ဘုရားသခင်၏ ဂုဏ်သိက္ခာကို ပုန်ကန်ပြစ်မှားမိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဒေါသကို ကြီးထွားစေလိမ့်မည် ဖြစ်ကာ၊ သူသည် ကြီးစွာသော ဘေးဒုက္ခတွင် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်၊ ယင်းကဲ့သို့သောအရာမျိုးကို ထောင်စုနှစ်ကြာအောင် မမြင်ဖူးသေးပါ။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သတိပေးခြင်း နှင့် နှိုးဆော်ခြင်း နည်းလမ်းအနေဖြင့် ဘေးဒုက္ခများ ဖြစ်ပေါ်စေဖို့ ခွင့်ပြုနေခြင်းဖြစ်သည်ကို ယခု ကျွန်ုပ်တို့ နားလည်သဘောပေါက်ပြီဖြစ်သည်။ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံပြီး၊ ကျွန်ုပ်တို့အတွက် ဂရုစိုက်ကြောင်းနှင့် နောင်တရဖို့ အခွင့်အရေးကို ကျွန်ုပ်တို့ကို ပေးပြီးဖြစ်ကြောင်းတို့ကို ဤအရာက ကျွန်ုပ်တို့ကို ပြနေသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေဖို့ နှင့် လေ့လာစုံစမ်းဖို့၊ နောက်ဆုံးသောကာလတွင် နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံဖို့နှင့်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သန့်စင်ခြင်းခံဖို့ ဤအရေးကြီးသည့် အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချနိုင်ရုံသာ ရှိသည်။ ဘုရားသခင်က ကျွန်ုပ်တို့၏ ရိုးသားမှုကို မြင်သည့်အခါတွင်၊ ဘေးဒုက္ခများအလယ်တွင် ကျွန်ုပ်တို့အား သူ၏ ကွယ်ကာခြင်းအောက်သို့ ဆောင်ကြဉ်းလိမ့်မည် ဖြစ်ပါသည်။

အယ်ဒီတာ၏ မှတ်စု-

ဤဆောင်းပါးကို ဖတ်ရှုပြီးသည့်နောက် ဘေးဒုက္ခများ ဖြစ်ပေါ်သည့်အချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သည်ကို သင် ယခု နားလည်ပြီ ဖြစ်ပါသလား။ ဘေးဒုက္ခများအတွင်းတွင် ဘုရားသခင်၏ ကွယ်ကာခြင်းကို လက်ခံရရှိဖို့ လမ်းခရီးကို သင်ရှာတွေ့ပြီးပြီလား။ နောက်ဆုံးသောကာလတွင် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း သို့မဟုတ် သခင်၏ တရားစီရင်ခြင်း အမှုတော်တို့နှင့် ပတ်သက်၍ သင့်ထံတွင် မေးစရာများ ရှိပါက၊ ကျွန်ုပ်တို့ကို Messenger တွင် အချိန်မရွေး အမြဲ ဆက်သွယ်နိုင်ပြီး၊ ဤအရာကို ကျွန်ုပ်တို့ အတူတကွ ဆွေးနွေးနိုင်ပါသည်။

အမှာစကား ချန်ခဲ့မည်