စာရင်း

သခင်ယေရှုသည် လူသားမျိုးနွယ်အား ရွေးနှုတ်ကယ်တင်ပြီးဖြစ်သောကြောင့် နောက်ဆုံးသောကာလ သူပြန်လာသည့်အခါတွင် အဘယ်ကြောင့် တရားစီရင်ခြင်းအမှုတော်ကို သူ ဆောင်ရွက်မည်နည်း

c့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းတယ် မဟုတ်လား။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုဟာ လူသားမျိုးနွယ် ကို ရွေးနှုတ်ကယ်တင်ပြီးဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာ တရားစီရင်ဖို့အတွက် ဘာကြောင့် သူ ပြန်လာမှာလဲ။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုဟာ ရွေးနှုတ်ကယ် တင်ခြင်းအမှုတော်ကိုသာ ဆောင်ရွက်ပြီးတာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်ရဲ့တစ်ဝက်ကို သာ ပြီးဆုံးသေးတာဖြစ်တယ်။ ဒါဟာ လူသားတွေရဲ့အပြစ်တွေကနေ ရွေးနှုတ်ကယ်တင် ခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်တာကြောင့် ကျွန်မတို့အနေနဲ့ သခင်နဲ့မိတ်သဟာယဖွဲ့ပြီး ဆုတောင်း ဖို့ သူ့ရဲ့ကျေးဇူးတော်နဲ့ကောင်းချီးမင်္ဂလာတွေကိုလည်း ခံစားဖို့ အရည်အချင်းပြည့်မီတာဖြစ်တယ်။ ကျွန်မတို့ရဲ့အပြစ်တွေကနေ ခွင့်လွှတ်ခြင်းခံခဲ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်ကပေးတဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်မှုတွေကို ခံစားရပေမယ့် ကျွန်မတို့ဟာ အမြဲဆက်ပြီး တစ်ချိန်လုံး အပြစ်တွေ လုပ်နေတယ်၊ အပြစ်လုပ်ခြင်းသံသရာထဲမှာ ပိတ်မိနေပြီး ဝန်ချတောင်းပန်လိုက်၊ အပြစ်ပြန်လုပ်လိုက် ဖြစ်နေကြ တယ်။ အပြစ်ရဲ့ချည်နှောင်မှုတွေနဲ့အဟန့်အတားတွေကနေ ဘယ်သူမှ ရုန်းထွက်လို့မရပေမယ့် ကျွန်မတို့ဟာ ရုန်းကန်ရင်းနဲ့ပဲ ရှင်သန်နေကြရတယ်။ ဒါဟာ နာကျင်ပြီး လွတ်ထွက်ဖို့ နည်းလမ်းလည်း မရှိဘူး။ ဒါက ဘာကိုပြလဲဆိုရင် သခင်က ကျွန်မတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေမယ့် ကျွန်မတို့ရဲ့ အပြစ်လုပ်တဲ့သဘာဝဟာ တည်ရှိနေဆဲ ဖြစ်ပြီး ကျွန်မတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘော ထားတွေကလည်း ရှိနေတုန်းပဲဖြစ်တယ်။ ကျွန်မတို့ဟာ ဘယ်အချိန်မဆို ဘုရားသခင်ကို ပုန်ကန်၊ ဆန့်ကျင်ပြီး ထင်မြင်ချက်ပေးနိုင်ခြေရှိတယ်။ ဒါဟာ ငြင်းလို့မရတဲ့အရှိတရားပဲ။ လူတစ်ယောက်အနေနဲ့ ယုံကြည်သူဖြစ်တာ ဘယ်လောက်ပဲကြာနေပါစေ သူတို့ဟာ အပြစ်လုပ်ခြင်းကနေ ရုန်းထွက်လို့မရသလို ဘုရားသခင်ကို ရင်ဆိုင်ဖို့ သန့်ရှင်းခြင်း သို့မဟုတ် ထိုက်တန်ခြင်း ဘယ်တော့မှရရှိမှာ မဟုတ်ဘူး။ ဒါဟာ သခင်ရဲ့ဟောကိန်းကို အပြည့်အဝဖြည့်ဆည်းပေး တာဖြစ်တယ်- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ပြီးတော့ ဟေဗြဲ ၁၂:၁၄ မှာ ပြောထားတာက၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” ဘုရားသခင်ရဲ့အလိုတော်ကို ဖြည့်ဆည်းပေးတဲ့သူတွေ သာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်ဆိုတဲ့ အကြောင်း ဒီမှာ ကျွန်မတို့ တွေ့နိုင်တယ်။ ဒါဖြင့်ရင် သူ့ရဲ့နာမတော်နဲ့ တရားဟောပြီး နတ်ဆိုးတွေ ကို နှင်ထုတ်တဲ့သူတွေဟာ ဆိုးယုတ်တဲ့အရာတွေကို လုပ်တဲ့သူတွေလို့ ဘာဖြစ်လို့ သခင်က ပြောသလဲ။ ဒါဟာ လူအများအပြားအတွက် ရှုပ်ထွေးစရာတစ်ခု ဖြစ်နိုင်တယ်။ ဆိုလိုတာက သူတို့ဟာ သူတို့ရဲ့ယုံကြည်ခြင်းကို ကြေညာကြပေမယ့် အပြစ်ကို ဆက်လုပ်နေကြပြီး၊ အမှန်တကယ် နောင်တမရကြဘူး။ သူတို့ဟာ သခင်ရဲ့နာမတော်နဲ့ ဘယ်လောက်ပဲ တရားဟောသည်ဖြစ်စေ၊ ဒါမှမဟုတ် ဘယ်လောက်ပဲ နတ်ဆိုးတွေကို နှင်သည်ဖြစ်စေ၊ အံ့ဩဖွယ်ရာတွေ ဘယ်လောက်ပဲ လုပ်လုပ် သခင့်ရဲ့ခွင့်ပြုချက်ကို သူတို့ မရရှိထားဘူး။ သခင့်ရဲ့မျက်စိထဲမှာ အဲဒီလိုလူမျိုးတွေဟာ ဆိုးယုတ်တဲ့ အလုပ်ကို လုပ်နေတဲ့သူတွေပဲဖြစ်တယ်။ သခင့်ရဲ့နာမတော်နဲ့ သူတို့ အများကြီးလုပ်ချင်လုပ်မယ်၊ ဒါပေမယ့် ဒါဟာ သခင့်ကို စော်ကားနေတာဖြစ်ပြီး၊ သူက အဲဒါကို မုန်းတီးတယ်။ အပြစ်တွေ ခွင့်လွှတ်ခံထားရတဲ့ ဒီလူတွေက နိုင်ငံတော် ကို ဝင်ရောက်ဖို့အတွက် ထိုက်တန်ရဲ့လား။ လုံးဝမထိုက်တန်ဘူး။ သခင်လာပြီး သူတို့ကို ကောင်းကင်ပေါ် ခေါ်သွားမယ့် နေ့ကို သူတို့ အိပ်မက်မက်နေကြတုန်းဖြစ်တယ်။ ဒါဟာ လူသားရဲ့စိတ်ကူးယဉ်မှုသက်သက်ပဲ။ သေချာတာက သခင်ယေရှုက သူပြန်လာမယ့်အကြောင်း ကို ဟောကိန်းထုတ်တဲ့အခါမှာ သူနဲ့တွေ့ဆုံဖို့ လူတွေကို တန်းပြီး ကောင်းကင်ပေါ် ခေါ်သွား မယ်လို့ ပြောတာမဟုတ်ဘဲ တရားစီရင်ခြင်းကို ဆောင်ရွက်ပြီး လူတွေရဲ့အပြစ်လုပ် တဲ့သဘာဝနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို သန့်စင်ပေး မယ်၊ အပြစ်နဲ့ စာတန်ရဲ့အင်အားစုတွေကနေ ကျွန်မတို့ကို အပြည့်အဝကယ်တင်ပြီး လှပတဲ့ပန်းတိုင်တစ်ခုဆီကို ကျွန်မတို့ကို ခေါ်သွားမယ် လို့ ဆိုလိုတာဖြစ်တယ်။ ဒါဟာ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ရဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ကျေးဇူးတော်ခေတ်အတွင်း ရွေးနှုတ်ကယ်တင်ခြင်းအမှု တော်ဟာ ကျွန်မတို့ရဲ့အပြစ်တွေကနေ ကျွန်မတို့ကို ရွေးနှုတ်ကယ်တင်သွားမှာပဲဖြစ်ပြီး ဒါကြောင့် ကျွန်မတို့ရဲ့အပြစ်တွေကိုလည်း ခွင့်လွှတ်ပေး မှာဖြစ်တယ်။ ဒါဟာ ကယ်တင်ခြင်းအမှုတော်ရဲ့တစ်ဝက် ပြီးစီးသွား တာ ဖြစ်ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်က အမှုတော်ရဲ့ ပိုမိုကြီးမားတဲ့အဆင့်တစ်ဆင့်ကို ဆောင်ရွက်လျှက်ရှိ တယ်။ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်းအမှုတော်အတွက် သမ္မာတရားတွေ ဖော်ပြလျှက်ရှိပြီး လူသားမျိုးနွယ်ကို အပြစ်ကနေ အပြည့်အဝသန့်စင်၊ ကယ်တင်ပြီး စာတန်ရဲ့အင်အားစုတွေကနေ ကျွန်မတို့ လွတ်မြှောက်သွားဖို့ဖြစ်တယ်။ ဒီမှာ ကျွန်မတို့ ဘာတွေ့နိုင်လဲဆိုတော့ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းဟာ နောက်ဆုံး သောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့တရားစီရင် ခြင်းကို အပြည့်အဝလမ်းဖွင့်ပေးတာပဲဖြစ်တယ်။ ဒါဟာ အခြေခံကျတဲ့အလုပ်ပဲ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင် ခြင်းအမှုတော်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်မှာ အရေးကြီးဆုံးအဆင့်ဖြစ်ပြီး ခေတ်ကို အဆုံးသတ်ပေးမှာဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်မခံဘဲ၊ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းအမှု တော်ကိုသာ လက်ခံရင် ယုံကြည်မှုလမ်းခရီးရဲ့ လမ်းတစ်ဝက်မှာ ရပ်နေတဲ့ သဘောဖြစ်ပြီး အရေးကြီးဆုံးဖြစ်တဲ့ နောက်ဆုံးအဆင့်ဟာ ကျွန်မတို့ ရဲ့ကံကြမ္မာနဲ့ရလဒ်ကို ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ဒီအဆင့်ကို အမှန်တကယ်မလုပ်ရင် လမ်းတစ်ဝက်မှာ အရှုံးပေးတာဖြစ်ပြီး၊ အရင်ကြိုးပမ်းအားထုတ်မှုတွေ အားလုံး အချည်းနှီးဖြစ်သွားမှာဖြစ်တယ်။ လမ်းခရီးရဲ့ နောက်ဆုံးအပိုင်းဟာ အများအားဖြင့် အခက်ဆုံးဖြစ်တယ်ဆိုတာကို လူတိုင်း နားလည်မယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ရဲ့ယုံကြည်မှုလမ်းခရီးရဲ့ ဒီနောက်ဆုံးအဆင့်ဟာ ကိုယ့်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အရေးအကြီးဆုံး အဆင့်ဖြစ်တယ်။ ယုံကြည်သူတွေအတွက်ဆိုရင် ကျွန်မတို့ရဲ့ရလဒ်နဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမှာဟာ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ပဲ ဖြစ်တယ်။ ဒါကို လူတွေက လက်မခံရင် ဘုရားသခင်က သူတို့ကို ဖယ်ရှားပစ်မှာဖြစ်ပြီး၊ အဲဒါ အရမ်းဝမ်းနည်းကြေကွဲ စရာကောင်းတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ သေချာတာက လူတစ်ယောက်က ယုံကြည်သူဖြစ်ခဲ့တာ ဘယ်လောက်ပဲ ကြာသည်ဖြစ်စေ၊ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံရင် ဘုရားသခင်က သူတို့ကို ဖယ်ရှားပစ်မှာဖြစ်ပြီး၊ သူတို့ဟာ ငိုရင်း၊ အံကြိတ်ရင်းနဲ့ ဘေးဒုက္ခထဲ ကျသွား တဲ့ မိုက်မဲတဲ့သတို့သမီးတစ်ယောက်လို ဖြစ်နေမှာ ဖြစ်တယ်။ အရင်က ယုံကြည်သူမဟုတ်တဲ့လူအများအပြားဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို တိုက်ရိုက်လက်ခံပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလကယ်တင်ခြင်းကို ရရှိကြတယ်။ သူတို့ဟာ ကံကောင်းတဲ့လူတွေဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ငြင်းပယ်ပြီး ဖယ်ရှားပစ်ခံရတဲ့ ယုံကြည်သူတွေအစား သူတို့က ဝင်ရောက်မှာဖြစ်တယ်။ ဒါဟာ ယုံကြည်သူတွေအတွက် အကြီးမားဆုံး နောင်တရစရာ မဟုတ်လား။ နှစ်ပေါင်းများစွာ သခင့်ကို စောင့်နေကြပြီးမှ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်းအမှု တော်ကို လုပ်ပြီး သမ္မာတရားအများအပြား ဖော်ပြနေ တာကို တွေ့ပေမယ့် အဲဒါကို လက်ခံဖို့ ငြင်းဆိုကြပြီး ခေါင်းမာစွာနဲ့ သခင် မိုးတိမ်စီးလာတာကို စောင့်နေကြ ပြီး ဘုရားသခင်နဲ့ ဒီအလောင်းအစားကို လုပ်ကြတယ်။ နောက်ဆုံးတော့ သူတို့ဟာ ကယ်တင်ခြင်းရမယ့် သူတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးသွားမှာဖြစ်တယ်။ ယုံကြည်သူတစ်ယောက်အတွက် အဲဒါဟာ အရမ်းစိတ်မကောင်းဖြစ်စရာ မဟုတ်လား။

အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုတော်နဲ့သန့်စင်ခြင်းတွေကို ဘယ်လိုလုပ်မလဲလို့ တချို့က မေးကြမယ်။ ဒါနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို မိတ်သဟာယဖွဲ့ဖို့ အများကြီးရှိတာကြောင့် ဒီနေ့ ကျွန်မတို့အနေနဲ့ အပေါ်ယံကိုပဲ သွားနိုင်မှာ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရှင်းရှင်းလင်းလင်းနဲ့ဖော်ပြထားတာက နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်မှုဟာ အဓိကအနေနဲ့ သမ္မာတရားကို ဖော်ပြခြင်းဖြင့် လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်နေတဲ့အနှစ်သာရကို တရားစီရင်ပြီး ကျွန်မတို့ရဲ့ အကျင့်ပျက်နေမှုကို ဖော်ထုတ်ဖို့အတွက် ဖြစ်ပြီး ဒါမှသာ ကျွန်မတို့အနေနဲ့ ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိနိုင်မယ့်အပြင်၊ ကျွန်မတို့ရဲ့ အကျင့်ပျက်မှုတွေကို တွေ့ရှိနိုင်မှာဖြစ်တယ်။ ဒါဆိုရင် ကျွန်မတို့ဟာ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့အပြင် ကျွန်မတို့ရဲ့ဇာတိကိုပါမုန်းပြီး စစ်မှန်တဲ့ နောင်တရခြင်းဆီကို ဦးတည်မှာဖြစ်တယ်။ ဒီတရားစီရင်ခြင်းအမှုတော်ဟာ လူတွေနားလည်ဖို့အတွက် အမှန်တရားအချို့ကို ဖော်ပြတာကိုပဲ ပြုလုပ်တာမဟုတ်ဘဲ သမ္မာတရားရဲ့ကဏ္ဍအများအပြားကို ဘုရားသခင်က ဖော်ပြနေတာဖြစ်တယ်။ ဒီသမ္မာတရားတွေအားလုံးဟာ လူသားမျိုးနွယ်ကို တရားစီရင်ဖို့၊ ဖော်ထုတ်ဖို့၊ ပြုပြင်ဖို့နဲ့ ကိုင်တွယ်ဖြေရှင်း ဖို့အတွက် ဖြစ်တဲ့အပြင် ကျွန်မတို့ကို စမ်းသပ်ပြီး စစ်ဆေးဖို့အတွက်လည်း ဖြစ်တယ်။ အထူးသဖြင့် လူသားရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ အနှစ်သာရကို တရားစီရင်ပြီး ဖော်ထုတ်တဲ့ ဘုရားသခင် ရဲ့နှုတ်ကပတ်တော်တွေဟာ လူသားရဲ့ စာတန်ဆန်တဲ့စိတ်သဘောထားနဲ့ ကျွန်မတို့ ရဲ့သဘာဝနဲ့အနှစ်သာရကို ပြတ်ပြတ်သားသားဖော် ထုတ်ပြသပေးတယ်။ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ရတာ အရမ်းဆွတ်ပျံ့ဖွယ် ကောင်းပြီး ကျွန်မတို့ရဲ့နှလုံးသားကို တန်းထိတယ်။ ကျွန်မတို့ ဘယ်လောက်နက်ရှိုင်းစွာအကျင့်ပျက်နေ တယ်ဆိုတာကို ကျွန်မတို့ တွေ့ရပြီး၊ ကျွန်မတို့ဟာ လူလို့တောင် အခေါ်ခံရဖို့ မထိုက်တန်ဘူး။ ကျွန်မတို့ ပုန်းစရာ ဘယ်နေရာမှ မရှိတာကြောင့် ဘုရားသခင်ရဲ့အမျက်ဒေါသကနေ ရှောင်ထွက်ဖို့ ကမ္ဘာမြေကြီးရဲ့ ကွဲအက်နေတဲ့နေရာတွေမှာ ကျွန်မတို့ ပုန်းအောင်းနေချင်ကြတယ်။ ဒီတရားစီရင်ခြင်းကို ဖြတ်သန်းတာကသာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးနေခြင်းရဲ့ အမှန်တရားကို ကျွန်မတို့ တွေ့နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး အဲဒီအခါမှာ ကျွန်မတို့ဟာ နောင်တတွေနဲ့ပြည့်ပြီး ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကိုရော သူ့ရဲ့နိုင်ငံ တော်ဆီကို အခေါ်ခံရဖို့ကိုရော ကျွန်မတို့က မထိုက်တန်ကြဘူးဆိုတာကို သိရတယ်။ အရမ်းဖောက်ပြန်ပျက်စီးနေတာကြောင့် ကျွန်မတို့ ဘုရားသခင်ကိုတွေ့ဖို့ မထိုက်တန်ဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်း မပါဘဲ ကျွန်မတို့ကိုယ်ကျွန်မတို့ အမှန်တကယ် ဘယ်တော့မှ သိမှာမဟုတ်ဘဲ ကျွန်မတို့ဟာ စာတန်ဆန်တဲ့စိတ်သဘောထားတွေနဲ့ အပြည့်အဝနေထိုင်နေတယ်ဆိုတာကို မသိဘဲနဲ့ ပါးစပ်ပြောနဲ့သာ ကျွန်မတို့ရဲ့အပြစ်တွေကို ဝန်ချတောင်းပန်နေတာဖြစ်တယ်။ ကျွန်မတို့ဟာ ဘုရားသခင်ကို အမြဲတော်လှန်ပြီး ဆန့်ကျင်နေပေမယ့် ကောင်းကင်နိုင်ငံတော်ကို ကျွန်မတို့ ရောက်နိုင်တယ်လို့ ဆက်ထင်နေကြတယ်။ ဒါဟာ အရှက်မရှိခြင်းဖြစ်ပြီး ထင်ယောင်ထင်မှားမှုဖြစ် တယ်၊ ကိုယ့်ကိုယ်ကိုယ်သိခြင်း လုံးဝမရှိကြဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို တွေ့ကြုံနေရတဲ့ ကျွန်မတို့ဟာ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ် တယ်ဆိုတဲ့ စစ်မှန်တဲ့ကိုယ်တွေ့အသိပညာကို ရရှိကြပြီး အဲဒါတွေက တန်ဖိုးဖြတ်လို့မရဘူး။ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကသာ ကျွန်မတို့ ရဲ့ဖောက်ပြန်ပျက်စီးမှုကို သန့်စင်အောင်လုပ်နိုင်မှာဖြစ် ပြီး ကျွန်မတို့ကို အပြစ်ကနေ ကယ်တင်နိုင်မှာဖြစ်တယ်။ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံမှသာ ကျွန်မတို့ရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲပစ်နိုင် မှာဖြစ်သလို ဒါမှသာ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဆောင်ရွက်တဲ့သူတွေဖြစ်လာပြီး နိုင်ငံတော်ဆီကို ဝင်ရောက်နိုင်ဖို့ ထိုက်တန်မှာဖြစ်တယ်။ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ကို ကျွန်မတို့ဆီ သယ်ဆောင်လာတာဟာ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းပဲဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကနေမှ ကျွန်မတို့အနေနဲ့ သမ္မာတရားနဲ့အသက်ကို ရရှိပြီး ဘုရားသခင်ရှေ့မှောက်မှာ ရှင်သန်နိုင်မှာဖြစ်လို့ အဲဒါဟာ ဘုရားသခင်ဆီကနေ ရရှိတဲ့ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာဖြစ်တယ်။

ကျွန်မတို့မိတ်သဟာယရဲ့ ဒီနေရာမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့အမှု တော်ဟာ ကျွန်မတို့ထင်ခဲ့သလောက် ရိုးရှင်းတာမဟုတ်ကြောင်း ကို ကျွန်မတို့အများစုအနေနဲ့ နားလည်ကြပြီလို့ ကျွန်မထင်တယ်။ အဲဒါဟာ ကျွန်မတို့ကို ရွေးနှုတ်ကယ်တင်ပြီး အပြစ်တွေခွင့်လွှတ်ရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ဘဲ သူ့ရဲ့ကယ်တင်ခြင်းအမှုတော်ဟာ ကျွန်မတို့ကို ဆိုးယုတ်မှုနဲ့အပြစ်တွေကနေ အပြည့်အဝကယ်တင်ဖို့နဲ့ စာတန်ရဲ့လက်ထဲကနေ ကျွန်မတို့ကို ကယ်တင်ဖို့ဖြစ်ပြီး ဒါမှသာ ကျွန်မတို့အနေနဲ့ ဘုရားသခင်ကို နာခံနိုင်ပြီး ကိုယ်တော့်ကို ဝတ်ပြုနိုင်မှာဖြစ်တယ်။ ဒါကိုရရှိနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက တရားစီရင်ခြင်းအမှုတော်ပဲ ဖြစ်တယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး တရားစီရင်ခြင်းအမှု တော်ကို ဆောင်ရွက်လျှက်ရှိတယ်။ ကိုယ်တော်ရဲ့ ဒီအမှုတော်ဟာ လုံးဝကြီးမားပြီး နှိုင်းယှဉ် လို့မရဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေပြီး စကြဝဠာကို လှုပ်ခါစေတယ်။ နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့အမှု တော်ကို လူတိုင်းက ကြည့်နေကြပြီး ကမ္ဘာကြီးကို တုန်လှုပ်စေတယ်။ သမ္မာတရားကို မြတ်နိုးတဲ့လူတိုင်းဟာ နောက်ဆုံးသော ကာလရဲ့ ဘုရားသခင်ရဲ့အမှုတော်ကို စုံစမ်းစစ်ဆေးကြ ပြီး သမ္မာတရားကို မမြတ်နိုးတဲ့သူတွေကသာ မျက်စိပိတ် ထားပြီး ဘုရားသခင်ရဲ့အမှုတော်ကို ဂရုမစိုက်ကြဘူး။ ဒါပေမယ့် ဘုရားသခင်ရဲ့အမှုတော်ဟာ ဘာသာရေး လောက ဒါမှမဟုတ် မယုံကြည်တဲ့လူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ အဲဒါက ရှေ့ကိုဆက်သွားပြီး တားလို့မရဘူး။ မျက်တောင်တစ်ခတ်မှာပဲ ကြီးမားတဲ့ဘေးဒုက္ခတွေ စတင်ဖြစ်ပွားနေပြီဖြစ်ပြီး ဘုရားသခင်ရဲ့ တရားစီရင် ခြင်းအမှုတော်ဟာ နောက်ဆုံးသောကာလမှာ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်တယ်။ ကိုယ်တော့်နောက်ကိုလိုက်တဲ့လူတွေအတွက် အဲဒီ တရားစီရင်ခြင်းဟာ ဘုရားသခင်ရဲ့အိမ်တော်မှာ စတင်နေပြီဖြစ်ပြီး၊ တချို့ကို စုံလင်အောင်ပြုလုပ်ပေးပြီး အများအပြားကို ဖယ်ရှားပစ်လျှက်ရှိတယ်။ အခြားသူတွေအတွက်ကတော့၊ အဲဒါက ဘေးဒုက္ခတွေကို အသုံးပြုပြီး ဘုရားသခင်ကိုဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ အလုပ်ကို လုပ်တဲ့လူတွေကို တဖြည်းဖြည်းချင်း ကိုင်တွယ်သွားပြီး၊ စာတန်ဦးစီးတဲ့ ဒီဆိုးယုတ်တဲ့ခေတ်ကို အပြီးသတ် အဆုံးသတ်စေမှာဖြစ်တယ်။ အဲဒီအခါမှာ ကျွန်မတို့ဟာ ခေတ်သစ်ကို ကြိုဆိုရင်း ဝင်ရောက်မှာဖြစ်ပြီး အဲဒီအခါမှာ ခရစ်တော်ရဲ့နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာ ဖြစ်မြောက်လာမှာဖြစ်တယ်။ သခင်တိမ်စီးပြီးလာမှာကို စောင့်နေသေးတဲ့လူတွေက တော့ ငိုရင်း၊ အံကြိတ်ရင်းနဲ့ ဘေးဒုက္ခထဲကို ကျရောက် သွားမှာဖြစ်ပြီး ဗျာဒိတ်ကျမ်းမှာပါတဲ့ ဟောကိန်းတွေကို ဖြည့်ဆည်း သွားမှာဖြစ်တယ်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) အနန္တတန်ခိုးရှင် ဘုရားသခင်က ဒါကိုလည်း ပြောသွား တယ်၊ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်”)

အမှာစကား ချန်ခဲ့မည်