စာရင်း

သခင်၏ ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများသည် ပြည့်စုံပြီဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သခင့်ကို ကြိုဆိုနည်း

အမြန်လမ်းညွှန်
၁။ ဘုရားသခင်၏ အသံတော်တွင် သြဇာအာဏာနှင့် တန်ခိုးရှိသည်
၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး၊ ကျွန်ုပ်တို့အား လမ်းခရီးကို ပြနိုင်သည်
၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်တွင် ရှိသော ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်နိုင်သည်

လတ်တလောနှစ်များတွင် ဘေးဒုက္ခမျိုးစုံ ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပြီး၊ အနီရောင်လကြတ်ခြင်းများသည် ကြာမြင့်သော အချိန်ကတည်းက ပေါ်ပေါက်ခဲ့ပြီဖြစ်ကာ၊  ယခုအခါတွင် သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် ပရောဖက် ပြုခြင်းများသည် အခြေခံအားဖြင့် ပြည့်စုံပြီဖြစ်သည်။ သို့ဆိုပါက သခင့်ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုရမည်နည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက် ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဗျာဒိတ်ကျမ်းတွင်၊ ယင်းကို အကြိမ်ပေါင်းများစွာ ပရောဖက် ပြုထားသည်၊ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၂၊ ၃) နောက်ဆုံးသောကာလ၌ သခင် ပြန်ကြွလာသည့်အချိန်တွင် အသင်းတော်များကို သူ စကားပြောတော်မူလိမ့်မည်ဖြစ်ပြီး၊ သူ၏ မိန့်မြွက်ချက်များ မှတစ်ဆင့် သူ၏ သိုးကို ရှာဖွေလျက်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး တံခါးများကို ခေါက်လိမ့်မည်ဟု ဤပရောဖက်ပြုခြင်းများက ကျွန်ုပ်တို့အား ပြောထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုလိုပါက၊ ပညာရှိသတို့သမီး ဖြစ်ပြီး၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ရန် နည်းလမ်းကို သင်ယူရမည် ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်း ဖြင့်သာလျှင် ကျွန်ုပ်တို့သည် သိုးသငယ်၏ စားတော်ပွဲကြီးကို တက်ရောက်နိုင်မည် ဖြစ်သောကြောင့်ပင်တည်း။

ယခုအချိန်တွင် ညီအစ်ကိုမောင်နှမတစ်ချို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်းကို တွေးနိုင်သည်။ သခင်ပြန်ကြွလာပြီး ဖြစ်ကြောင်း၊ ကိုယ်တော် ပေါ်ထွန်းခဲ့ပြီး၊ သူ၏ အမှုပြုနေကြောင်း၊ ကိုယ်တော်သည် မိန့်မြွက်ချက် အသစ်များကို ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်တော်သည် လက်ရှိတွင် လူကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုပြုနေကြောင်းနှင့် ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးမှ လူများစွာတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် သူ့ထံ ပြန်လာကြကြောင်းတို့ကို လတ်တလောနှစ်များအတွင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သာလျှင် အွန်လိုင်း၌ လူပုံအလယ်တွင် သက်သေခံနေခဲ့ခြင်းဖြစ်သည်ကို ၎င်းတို့က တွေးနိုင်သည်။ သို့သော် ဘုရားသခင်၏ အသံတော်ကို ထိုးထွင်းသိမြင်ဖို့ နည်းလမ်းကို မသိသော ညီအစ်ကို မောင်နှမများစွာ ရှိကြသည်။ ဤပြဿနာသည် စစ်မှန်ပြီး၊ ယင်းမှာ သခင်ပြန်ကြွလာသည့်အချိန်တွင် သူ့ကို ကြိုဆိုနိုင်ဖို့ ကျွန်ုပ်တို့အတွက် အဓိကသော့ချက်ဖြစ်သည်။ အောက်တွင်၊ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ ထိုးထွင်းသိမြင်နိုင်ခြင်းနှင့် ပတ်သက်ပြီး မိတ်သဟာယ ပြုပါမည်။

၁။ ဘုရားသခင်၏ အသံတော်တွင် သြဇာအာဏာနှင့် တန်ခိုးရှိသည်

အမှန်မှာမူ ဘုရားသခင်၏ အသံတော်ကို သတိပြုနိုင်ဖို့မှာ မခက်ခဲပါ။ သင်၏ စိတ်နှလုံးကို အသုံးပြုဖို့သာလိုပြီး၊ သင်သိလိမ့်မည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ထံတွင် သခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် နှံ့စပ်သော နားလည်မှုတစ်ခု ရှိချင်မှ ရှိမည်ဖြစ်သော်လည်း၊ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ကြားသည်နှင့် တပြိုင်နက်၊ ၎င်းတို့သည် သမ္မာတရားဖြစ်မှန်း ကျွန်ုပ်တို့ သိကြသည်၊ ၎င်းတို့၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်ုပ်တို့ ခံစားရသည်၊ ပြီးလျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ဤနှုတ်ကပတ်တော်များကို မည်သည့် သာမန်လူ တစ်ယောက်ကမျှ မပြောနိုင်ခဲ့သည်ကို ကျွန်ုပ်တို့ သံသယကင်းစွာ သိရှိလေသည်။ ကောင်းကင်နှင့် မြေကြီးတွင် လက်ဝယ်ရှိနိုင်သမျှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော ဘုရားသခင်သာလျှင် ထိုကဲ့သို့ သြဇာအာဏာနှင့် တန်ခိုးတို့ကို ပိုင်ဆိုင်နိုင်ပြီး၊ စိတ်နှလုံးနှင့် ဝိညာဉ်ရှိသည့် မည်သူမဆိုသည် ဤအရာကို ခံစားနိုင်စွမ်းရှိလိမ့်မည်ဖြစ်ပြီး၊ ယုံကြည်လိမ့်မည်။ ဥပမာအားဖြင့်၊ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါသည်လမ်းခရီး ဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅) နှင့် “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ် အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏ အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” (ရှင်မဿဲခရစ်ဝင် ၁၂:၃၁-၃၂) သခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ကြားသည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် အလွန့်အလွန် တို့ထိခံရသည်၊ ၎င်းတို့၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်ုပ်တို့ ခံစားရသည်၊ ထို့နောက်တွင် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ကို ကျွန်ုပ်တို့ သေချာလေသည်။ ထို့ထက်ပိုပြီးလျှင် လူသားမျိုးနွယ်အတွက် သတိပေးချက်ဖြစ်သည့် သခင်၏ နှုတ်ကပတ်တော်များသည် ဘုန်းအာနုဘော်၊ မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံသည့် ဘုရားသခင်၏ အမျက်ဒေါသကြီးသော စိတ်သဘောထားတို့ဖြင့် ပြည့်လျှမ်း နေပြီး၊ မည်သည့်လူသားမျှ ထိုကဲ့သို့သော နှုတ်ကပတ်တော်များကို ပြောနိုင်မည်မဟုတ်သည်ကို ကျွန်ုပ်တို့ သိထားပါသည်။ 

နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြပါစို့၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ ထိုးထွင်းသိမြင်နိုင်မည့် အကြောင်းကို ကျွန်ုပ်တို့ ပိုနားလည်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏ သြဇာအာဏာနှင့် ဝိသေသ လက္ခဏာတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ အသုံးအနှုန်းတွင် ရှင်းလင်းစွာ ဖွင့်ပြထားသည်ဆိုခြင်းကို တွေ့ရှိရန်မခက်ခဲပေ။ ဥပမာ ဘုရားသခင်က “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်...ငါသည် သင့်ကို...ခန့်ထားပြီ။ ငါသည် သင့်ကို...စေမည်” စသည့် “သင်သည်” “ငါသည်” ဆိုသည့် အသုံးအနှုန်းများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သြဇာအာဏာကို အတည်ပြုခြင်းကို ဖော်ဆောင်သည့် နှုတ်ကပတ်တော်များ ဖြစ်ကာ တစ်ဖက်တွင် ဖန်ဆင်းရှင်၏ သစ္စာရှိမှုကိုပြသမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင် အသုံးပြုသည့် သမားရိုးကျ ဝေါဟာရများထဲတွင် ပါဝင်သည့် ထူးခြားလေးနက်သည့် နှုတ်ကပတ်တော်များဖြစ်သည်။ … ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် မှန်ကန်သည့် အဖြစ်အပျက်ကို မလွဲမုချ ပြီးမြောက်အောင်မြင်ခဲ့ခြင်းများသည် မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် အရာများမျှ မရရှိနိုင်ပေ။ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံ မဟုတ်သည့် အရာများမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သောလေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက် သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်း မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ အဖြစ်အပျက်၊ အရာဝတ္ထုမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

ဘုရားသခင်၏ မိန့်မြွက်ချက်များသည် လူသားမျိုးနွယ် အားလုံးကို ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာဖြင့် မိန့်တော်မူ ထားခြင်း ဖြစ်သည်ကို ဤကျမ်းပိုဒ်မှနေပြီး ကျွန်ုပ်တို့ တွေ့မြင် နိုင်သည်။ ကိုယ်တော်၏ စကားပြောသည့် ဟန်ပန်၊ ကိုယ်တော်၏ စကားအသုံးအနှုန်း နှင့် ကိုယ်တော်၏ လေသံ အားလုံးတို့က ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင် လက္ခဏာနှင့် အနှစ်သာရတို့ကို သိသာထင်ရှားစေပြီး၊ ဤနှုတ်ကပတ်တော်များသည် ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မသိနိုင်သကဲ့သို့၊ သမ္မာတရားကိုလည်း နားမလည်နိုင် သော်လည်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများဖြင့် နားထောင်ပါက၊ ဘုရားနှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်ုပ်တို့ ခံစားရလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် ဘုရားသခင်သည်သာလျှင် ဖန်ဆင်းရှင်အဖြစ် ထိုကဲ့သို့ နည်းလမ်းတစ်ခုဖြင့် စကားပြောနိုင်သည်ကို ကျွန်ုပ်တို့ သေချာလိမ့်မည်။ ဥပမာအားဖြင့် ဓမ္မဟောင်းကျမ်းအချိန်တွင် ဘုရားသခင်က အာဗြဟံကို မိန့်တော်မူခဲ့သည်။ “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။” (ကမ္ဘာဦးကျမ်း ၁၇:၄-၆) အာဗြဟံကို ကောင်းကြီးပေးသည့် ဘုရားနှုတ်ကပတ်တော်များတွင်၊ ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များ၌ သြဇာအာဏာကို သိမြင် နိုင်သည်။ မည်သည့် ဖန်ဆင်းခံလူသားမျှ ထိုကဲ့သို့ ကတိများကို ​စိတ်ကူးပေါက်သလို မပေးရဲပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်အား ထိုးထွင်းသိမြင်ခြင်းကို ခက်ခဲသောအရာတစ်ခုအဖြစ် မယူဆသင့်ပေ။ ဓမ္မပညာအယူဆ သို့မဟုတ် သမ္မာကျမ်းစာဆိုင်ရာ အသိပညာတို့အပေါ် မည်မျှ မူတည်ဖို့ မဆိုထားနှင့်၊ ကျွန်ုပ်တို့သည် ပညာတတ်သည်ဖြစ်စေ၊ သို့မဟုတ် အစွမ်းအစရှိသည်ဖြစ်စေ အရေးမကြီးပါ။ ကျွန်ုပ်တို့ သမ္မာတရားကို ချစ် မချစ် ကသာလျှင် အခရာဖြစ်ပြီး၊ ကျွန်ုပ်တို့ထံတွင် စိတ်နှလုံးနှင့် ဝိညာဉ်တို့ ရှိသမျှကာလပတ်လုံး၊ ကျွန်ုပ်တို့သည် သိမြင်နားလည်နိုင်စွမ်း နှင့် ဝေဖန် ပိုင်းခြားနိုင်စွမ်းတို့ ရှိလိမ့်မည်ဖြစ်သည်၊ သခင်ယေရှု ပြောခဲ့သည့်အတိုင်း- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) သမ္မာတရားကို မချစ်သူများ၊ စိတ်နှလုံးနှင့် ဝိညာဉ်မရှိသော သူများသာလျှင် ဘုရားသခင်၏ အသံတော်ကို သတိပြုမိနိုင်စွမ်း မရှိပေ။ သခင်ယေရှု၏ အချိန်မှ ဖာရိရှဲတို့ကို ဥပမာယူပါ။ ၎င်းတို့သည် သခင်ယေရှု မိန့်တော်မူခဲ့သည့် နှုတ်ကပတ်တော်များတွင် သြဇာအာဏာနှင့် တန်ခိုးတို့ကို ကြားရသော်လည်း၊ ကိုယ်တော်သည် မေရှိယ ဖြစ်သည်ဟု ၎င်းတို့ မယုံကြည်နိုင်ဆဲဖြစ်ကာ၊ ၎င်းတို့က ကိုယ်တော့်ကို ဝေဖန်ပြီး၊ ကိုယ်တော်သည် ပြစ်မှားစော်ကားသော စကားကိုပြောသည်ဟု ပြောခဲ့ကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ကိစ္စများကို နားမလည်သည့် ယုတ္တိမတန်ဘဲ မဆင်မခြင် မိုက်မဲသော သတို့သမီးများ ဖြစ်လေသည်။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး၊ ကျွန်ုပ်တို့အား လမ်းခရီးကို ပြနိုင်သည်

သခင်ယေရှု ပြောခဲ့သည်မှာ- "ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏ အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။” ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်နှင့် ပတ်သက်ပြီး သေချာလိုပါက၊ ဘုရားသခင်မှလွဲ၍ အခြားမည်သူကမျှ သမ္မာတရားကို ဖော်ပြနိုင်စွမ်းမရှိသည့်အတွက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ထိုနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို လမ်းခရီး ပြနိုင်ခြင်း ရှိမရှိတို့ကို ဆုံးဖြတ်ဖို့ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကဲဖြတ်မှုကို အသုံးနိုင်သည်ကို ဤနှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ တွေ့နိုင်ပါသည်။ ထို့ထက်ပိုပြီးလျှင်၊ ဘုရားသခင် ဟောကြားတော်မူသည့် မိန့်မြွက်ချက် တစ်ခုချင်းစီတိုင်းသည် ကျွန်ုပ်တို့၏ အမှန်တကယ် လိုအပ်ချက်များကို ပစ်မှတ် ထားသည်။ ကိုယ်တော်သည် ကျမ်းပိုဒ်အချို့ကို အလျဉ်းသင့် သလိုသာ ဟောကြားပြီး၊ ထို့နောက်တွင် ထွက်သွားခြင်း မဟုတ်ပါ။ ဘုရားနှုတ်ကပတ်တော်များ အားလုံးတွင် အဓိပ္ပာယ်ရှိသည်။ ထိုနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းနိုင်ကာ၊ ကျွန်ုပ်တို့ကို လမ်းခရီးပြနိုင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များအရ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသက်တာကို ရရှိနိုင်ပြီး စစ်မှန်သည့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်။ ပညတ်တော်ခေတ်တွင် လူသားတို့က အပြစ်ဖြစ်သည့်အရာဖြစ်ကြောင်း နှင့် သာမန် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်သည့် နည်းလမ်းတို့ကို သိရှိဖို့ရာ၊ တရားတော်များနှင့် ပညတ်တော်များကို ကြေညာရန် ဘုရားသခင်က မောရှေကို အသုံးပြုခဲ့သည်။ ဘုရားသခင် ဤအရာကို မပြုခဲ့ပါက၊ လူများသည် လူရိုင်းများကဲ့သို့ အချင်းချင်း သတ်ဖြတ်ခဲ့ ကြလိမ့်မည်။ ပညတ်တော်ခေတ် ကုန်ခါနီးတွင်၊ လူများသည် ပညတ်တော်များကို နောက်ထပ် မထိန်းသိမ်းနိုင်တော့ဘဲ၊ ထိုပညတ်တော်များ၏ သေဒဏ်ပေး ခံရဖို့နှင့် ပတ်သက်သည့် အန္တရာယ်ရှိလာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့၏ လိုအပ်ချက်များအတိုင်း နောင်တရခြင်း၏ လမ်းခရီးကို ဖော်ပြခဲ့သည်။ လူများ ဝန်ခံပြီး နောင်တရဖို့၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန် သင်ယူဖို့၊ အခြားသူများကို ကိုယ်နှင့်အမျှချစ်ဖို့၊ ၎င်းတို့၏ ရန်သူများကို ချစ်ဖို့နှင့်၊ သည်းခံပြီး စိတ်ရှည်ဖို့ စသည်တို့ကို ကိုယ်တော်က လိုလားခဲ့လေသည်။ ဥပမာအားဖြင့်- သခင်ယေရှု ပြောခဲ့သည်မှာ- “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထို့ကြောင့် နောင်တရကြလော့။” (ရှင်မဿဲခရစ်ဝင် ၃:၁-၂) “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ် ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” (ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ဤနှုတ်ကပတ်တော်များက ထိုအချိန်က လူများကို လိုက်လျှောက်ဖို့ လမ်းကြောင်း အသစ်တစ်ခု ပြခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များ အတိုင်း လက်တွေ့ လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့၏ အပြင်ပန်း အပြုအမူသည် အတော်အတန် ပြောင်းလဲပြီး၊ ကျွန်ုပ်တို့သည် အတော်အတန် ချစ်ခင်တတ်လာပြီး၊ စိတ်ရှည်လာကြသည်။ သို့သော် မငြင်းပယ်နိုင်သည့်အရာမှာ၊ ကျွန်ုပ်တို့သည် ယခုအခါတွင် အပြစ်ကို အမြဲလုပ်လုနီးပါး အခြေအနေတစ်ခုတွင် အသက်ရှင်နေပြီး၊ အပြစ်၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် ဖယ်ရှားနိုင်သည့် နည်းလမ်းသည် ကျွန်ုပ်တို့ကို ကြီးစွာ စိတ်အနှောင့်အယှက် ဖြစ်စေသည့် ကိစ္စတစ်ခုဖြစ်သည်- ဤသည်မှာ ကျွန်ုပ်တို့၏ တကယ့် အခက်အခဲ ဖြစ်လေသည်။ သခင်ယေရှုက ပရောဖက်ပြုထားခဲ့သည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ် အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးလျှင် ဟေဗြဲ ၉:၂၈က ပြောထားသည်၊ “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သမ္မာတရားများအားလုံးထဲသို့ ဦးဆောင်လမ်းပြဖို့ နှုတ်ကပတ်တော်အသစ်များ ဖော်ပြလိမ့်မည်ဟု ဤကျမ်းပိုဒ်များမှ ကျွန်ုပ်တို့ မြင်နိုင်ပါသည်။ ကျေးဇူးတော်ခေတ်အတွင်းမှ သမ္မာတရားများထက် ပိုမိုများပြားသော၊ ပိုမိုမြင့်မားသော သမ္မာတရားများရှိလိမ့်မည်၊ ထိုသမ္မာတရားများအားလုံးသည် ကျွန်ုပ်တို့ ယခင်က လုံးဝ နားမလည်ခဲ့သော သမ္မာတရားများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်နိုင်စွမ်းရှိပြီး၊ ထာဝရအသက်ကို ရစေလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ယောက်က ယခင်က သခင်ယေရှုအားဖြင့် မိန့်တော်မူထားသည့် နှုတ်ကပတ်တော်အချို့ကို ရိုးရိုးတန်းတန်း ပြန်ရွတ်ပြပါက၊ ယင်းမှာ ဧကန်မုချ ဘုရားသခင်၏ အသံတော် မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို တုပသည့် ဆိုးယုတ်သော ဝိညာဉ်တစ်ခု သို့မဟုတ် ခရစ်တော်အယောင်ဆောင်သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သခင်သည် ကြွလာပြီး၊ နှုတ်ကပတ်တော် အသစ်များကို ဖော်ပြနေသည်ဟု တစ်စုံတစ်ယောက်က သက်သေခံသည်ကို ကျွန်ုပ်တို့ ကြားသည့်အချိန်တွင်၊ ဤနှုတ်ကပတ်တော်များတွင် အလင်းအသစ် တစ်ခုတစ်လေ ရှိမရှိ၊ ၎င်းတို့သည် ကျွန်ုပ်တို့၏ အပြစ်များမှ မိမိကိုယ်ကိုယ် ဖယ်ရှားဖို့ နည်းလမ်းကို ကျွန်ုပ်တို့အား ပြနိုင်ခြင်းရှိမရှိ၊ သင့်တော်သည့် လူ့သဘာဝတွင် ကျွန်ုပ်တို့ကို အသက်ရှင်နေထိုင်စေနိုင်ခြင်း ရှိမရှိတို့ကို ဆုံးဖြတ်ဖို့ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကဲဖြတ်ခြင်းကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အသံတော်ကို ထိုးထွင်းသိမြင်ခြင်း၏ ဒုတိယမြောက် အခြေခံမူဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ-

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်တွင် ရှိသော ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်နိုင်သည်

ဘုရားသခင်၏ အသံတော်ကို ခွဲခြားသိမြင်ခြင်းတွင် နောက်ထပ် အခြေခံမူတစ်ခုရှိသည်၊ ယင်းမှာ ဤနှုတ်ကပတ်တော်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ထုတ်ဖော်နိုင်စွမ်းရှိမရှိ ကြည့်ပြီး၊ မြင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးသိထားသကဲ့သို့ပင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အတွင်းကျကျ စိတ်နှလုံးများနှင့် စိတ်တို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ကိုယ်တော်၏ နားလည်မှုသည် ကျွန်ုပ်တို့၏ အစိတ်အပိုင်းတိုင်းကို ထိုးဖောက်ပြီး၊ ကျွန်ုပ်တို့၏ သဘာဝနှင့် ပတ်သက်သည့် တကယ့် အနှစ်သာရကို ကိုယ်တော် ထိုးဖောက်မြင်လေသည်။ သမ္မာကျမ်းစာတွင် ပြောထားသကဲ့သို့ပင် ဖြစ်သည်၊ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။” (ဟေဗြဲသြဝါဒစာ ၄:၁၂-၁၃) ကမ္ဘာလောကရှိ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အကွယ်အကာမရှိဘဲ၊ လှန်ထားလျက် ရှိကြသည်ကို ဤကျမ်းပိုဒ်မှနေ ကျွန်ုပ်တို့ မြင်နိုင်သည်။ ကျွန်ုပ်တို့၏ စိတ်များထဲတွင် အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသည့် အရာများကိုပင်လျှင်၊ ထိုနေရာတွင် ရှိသည်ဟု ကျွန်ုပ်တို့ လုံးဝ မသိရှိထားသည့် အရာများကိုပင်လျှင်၊ ဘုရားသခင်က ၎င်းတို့အားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်နိုင်ပြီး၊ အလင်းထဲသို့ ၎င်းတို့အားလုံးကို သယ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် သခင်ယေရှုက “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၂၇-၂၈) ဟု ပြောသည့် အချိန်တွင် သူက ဖာရိရှဲများကို ဖော်ထုတ်ခဲ့သည်။ ဖာရိရှဲများသည် လမ်းဆုံလမ်းခွတွင် မတ်တပ်ရပ်လျက် ဘုရားသခင်ကို ဆုတောင်းသောသူများ၊ အစာရှောင်နေစဉ်တွင် မိမိကိုယ်ကိုယ် အကျည်းတန်အောင် တမင်သက်သက် လုပ်သောသူများ၊ လှူဖွယ်ဝထ္ထုများကို ပေးကမ်းသည့်အချိန်တွင် လူများမြင်အောင် လုပ်သောသူများ နှင့် ၎င်းတို့၏ အဝတ်အထည် ပန်းဖွားများပေါ်တွင် သမ္မာကျမ်းစာကိုပင် ရေးသောသူများဖြစ်သော်လည်း၊ မုဆိုးမများ၏ ပိုင်ဆိုင်မှုများကို တိတ်တဆိတ် အလွဲသုံးစားလုပ်သော လုံးလုံး သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်သည်ကို သမ္မာကျမ်းစာဆိုင်ရာ မှတ်တမ်းမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်ခြင်း သို့မဟုတ် သက်သေခံခြင်း လုံးဝ မရှိခဲ့ပေ။ အသုံးမဝင်သည့် စည်းမျဉ်းတစ်ချို့ကို ဖက်တွယ်ထားဖို့ ၎င်းတို့က ယုံကြည်သူများကို ဦးဆောင်လမ်းပြခဲ့ပြီး၊ လူတိုင်းကို ၎င်းတို့၏ ရှေ့မှောက်သို့ ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်က သာမန်ဂျူးလူမျိုးတို့သည် ဖာရိရှဲတို့ တကယ် မည်သည့် ပုံစံရှိသည်ကို မြင်နိုင်စွမ်းရှိဘဲ၊ ၎င်းတို့၏ အပြင်ပန်းအားဖြင့် ဖြစ်သော ကောင်းမှုများအားဖြင့် လှည့်စားခံကြရသည်။ ဖာရိရှဲများသည် ဘာသာတရားကိုင်းရှိုင်းပြီး၊ ဘုရားသခင်ကို အစေခံသည့်လူများ ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကာ၊ ဖာရိရှဲများကို ကြောင်းကျိုးမမြင်တော့သော ယုံကြည်မှုရှိပြီး၊ ကိုးကွယ်ခဲ့ကြသည်။ သို့သော် သခင်ယေရှုကမူ ဖာရိရှဲများ၏ အတွင်းကျကျ စိတ်နှလုံးများကို ထိုးဖောက်မြင်နိုင်စွမ်းရှိပြီး၊ ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်သော အနှစ်သာရကို သူ ဖော်ထုတ်ခဲ့သည်၊ ထိုသို့ဖြင့် ယုံကြည်သူများကို ထိုးထွင်းသိမြင်မှု ရရှိခွင့်ပြုခဲ့လေသည်။

ထိုနည်းတူစွာပင်၊ နောက်ဆုံးသောကာလတွင် သခင် ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်က ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကိုလည်း ဖော်ထုတ် လိမ့်မည်။ ဗျာဒိတ်ကျမ်းထဲရှိ ဤပရောဖက်ပြုခြင်းများကို ကြည့်ကြပါစို့။ “လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ် ၁:၁၃) ပြီးလျှင် သခင်ယေရှုက ပရောဖက်ပြုခဲ့သည်၊ “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇ က ပြောထားသည်၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကိုယ်တော်သည် တရားစီရင်ခြင်းအမှုပြုဖို့ နှုတ်ကပတ်တော်များကို ဖော်ပြလိမ့်မည် ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ အပြစ်များကို ထုတ်ဖော်ဖို့ သူ၏ နှုတ်ကပတ်တော်များကို အသွားနှစ်ဖက်ပါသောဓားတစ်ခုကဲ့သို့ အသုံးပြုလိမ့်မည် ဖြစ်သည်ကို ဤပရောဖက်ပြုခြင်းများက ကျွန်ုပ်တို့ကို ပြောထားသည်။ ဤနည်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်စေလိမ့်မည်၊ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအတွက် နောင်တရစေလိမ့်မည်၊ ပြီးလျှင် စစ်မှန်သော နောင်တရခြင်း နှင့် ပြောင်းလဲခြင်းတို့ကို အောင်မြင်ရရှိစေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည့်အတိုင်းပင် ဖြစ်သည်။ “သူသည် အညစ်အကြေးကို စက်ဆုပ်ရွံရှာလေသည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ညစ်ပတ်ပေရေသောအရာ တစ်ခုတစ်လေမျှပင် သတိပြုမိနိုင်လိမ့်မည် မဟုတ်သော်လည်း ဘုရားသခင်က သတိပြုမိနိုင်ပြီး ၎င်းတို့ကို သင့်အား သူ ထောက်ပြလေသည်။ သင်၏ ဟောင်းနွမ်းသောအရာများ ဖြစ်သည့် သင်၏ ရည်မွန်ယဉ်ကျေးခြင်း၊ ထိုးထွင်းသိမြင်မှုနှင့် အသိတို့ ကင်းမဲ့မှုနှင့် သင်၏ နောက်သို့ပြန်သွားသော အသက်ရှင်သည့်နည်းလမ်းများသည် ယနေ့ ထုတ်ဖော်ပြခြင်းများ အားဖြင့် အလင်းထဲသို့ ရောက်လာပြီးဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ရှုမြင်ကြရသည်မှာ ဘုရားသခင်သည် ထိုသို့အမှုပြုဖို့ရန် ကမ္ဘာမြေသို့ ကြွလာခြင်းအားဖြင့်သာ ဖြစ်သည်။ သူသည် သင့်ကို သိနားလည်မှုရှိစေရင်း၊ သင့်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမလေသည်။ တစ်ခါတစ်ရံတွင်၊ သင်၏ ဘီလူးသရဲစီးသော သဘာဝသည် ထင်ရှားပြီး ကိုယ်တော်က ယင်းကို သင့်အား ထောက်ပြသည်။ သူသည် လူသား၏ အနှစ်သာရကို အကုန်အစင်သိလေသည်။” ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်သည့် မိန့်မြွက်ချက်များ ဟုတ်မဟုတ် ပြောဖို့အလို့ငှာ၊ ထိုနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ အတွင်းအကျဆုံးသော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ကို ဖော်ထုတ်နိုင်စွမ်း ရှိမရှိနှင့် ကျွန်ုပ်တို့ မိမိကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ခြင်း၊ မိမိကိုယ်ကိုယ် သိကျွမ်းခြင်း နှင့် စစ်မှန်သော နောင်တရခြင်းတို့ကို ရရှိစေနိုင်ခြင်း ရှိမရှိတို့ကို ကျွန်ုပ်တို့ ကြည့်ရမည် ဖြစ်သည်။ အကယ်၍ ထိုနှုတ်ကပတ်တော်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဘုရားသခင် ထုတ်ဖော်ပြီး စီရင်သည့် နှုတ်ကပတ်တော်များဖြစ်ပါက၊ ၎င်းတို့ကို ကျွန်ုပ်တို့ ဖတ်ရှုသည့်အချိန်တွင်၊ ၎င်းတို့အားဖြင့် ကျွန်ုပ်တို့ သောက ရောက်လိမ့်မည် ဖြစ်ပြီး၊ စိတ်နှလုံးထဲတွင် ယုံကြည် လက်ခံလိမ့်မည်၊ ထို့နောက်တွင် ပြစ်မှား စော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ခံစားနိုင်လိမ့်မည်။ ကျွန်ုပ်တို့ ကြားနေရသည့် အရာသည် ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက်က အပြစ်တင်ဟန်ရှိသော စကားအနည်းငယ်ကို ပြောနေခြင်းသာ ဖြစ်ပါက၊ ကျွန်ုပ်တို့ထံတွင် ဤခံစားချက်များ ရှိမည် မဟုတ်ပေ။

ဤအချိန်အထိ မိတ်သဟာယပြုပြီးသည့် သကာလ၊ ယခုအခါတွင် သင်သည် ဘုရားသခင်၏ အသံတော်ကို သတိပြုမိနိုင်စွမ်းရှိဖို့ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ သို့ဖြစ်လျှင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဖြစ်သည်ကို ကျွန်ုပ်တို့ မည်သို့ သေချာနိုင်သနည်း။ ယင်းမှာ အမှန်တကယ် မခက်ခဲပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော် အများစုကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်။ ဤစာအုပ်၏ အခန်းတစ်ချို့ကို ဖတ်ဖို့ ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ကျွန်ုပ်တို့ အသုံးပြုပါက၊ ဤနှုတ်ကပတ်တော်များသည် သြဇာအာဏာရှိမရှိ၊ အပြစ်မှ မိမိကိုယ်ကိုယ် ဖယ်ရှားဖို့ နည်းလမ်းကို ကျွန်ုပ်တို့အား ပြနိုင်ခြင်းရှိမရှိ၊ ပြီးလျှင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို ဖော်ထုတ်ခြင်းရှိမရှိ တို့ကို ကျွန်ုပ်တို့ မိမိကိုယ်တိုင် တွေ့မြင်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် ကျွန်ုပ်တို့သည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်နိုင်စွမ်း အလိုအလျောက် ရှိလိမ့်မည်။  ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို သတိပြုမိနိုင်စွမ်းရှိပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံကာ၊ နာခံနိုင်စွမ်းရှိပါက၊ ကျွန်ုပ်တို့သည် ပညာရှိသတို့သမီးများဖြစ်ကာ၊ သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သူ့အား ကြိုဆိုနိုင်လိမ့်မည်။

အမှာစကား ချန်ခဲ့မည်