စာရင်း

ကျွန်မသည် နောက်ဆုံးတွင် ချီဆောင်ခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ကို သိရသည်

ဘုရားသခင်နှင့် တွေ့ဆုံရန် လေထဲသို့ ချီဆောင်ခံရခြင်းကို စိတ်ကူးယဉ်မှုများ

၂၀၁၄ ခုနှစ်တွင် အစ်မတစ်ယောက်က ကျွန်မကို သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်မက အစည်းအဝေးများကို စိတ်အားထက်သန်စွာ သွားခဲ့ပြီး၊ အစည်းအဝေးတစ်ခုတွင် ကျွန်မ၏ သင်းအုပ်ဆရာက "သခင်ယေရှုက ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန် ၁၄:၂-၃) လို့ မိန့်တော်မူပြီး ရှင်ပေါလုကလည်း 'ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။' (၁ သက်သာ ၄:၁၇) လို့ပြောခဲ့တယ်။ သခင်သည် ကျွန်တော်တို့အတွက် နေရာတစ်ခုကို ပြင်ဆင်တော်မူခဲ့ပြီ၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့ အချိန်မှာ၊ ကျွန်တော်တို့က သခင်နဲ့ တွေ့ဆုံဖို့ လေထဲကို တိုက်ရိုက်ချီဆောင်ခံရမယ်၊ အဲဒီနောက်မှာ ကျွန်တော်တို့က သခင်နဲ့ ထာဝရရှိမယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ နံရံတွေက နဂါးသွဲ့ကျောက် တွေနဲ့ လုပ်ထားပြီး၊ လမ်းတွေက ရွှေတွေနဲ့ ဆောက်ထားတယ်၊ ပြီးတော့ အားလုံးက ကျွန်တော်တို့ လိုချင်မဲ့ ကျောက်မျက်ရတနာတွေ၊ မဟူရာ နဲ့ ကျောက်စိမ်း တွေချည်းပဲ။ အဲဒီမှာ နာကျင်မှု ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်မှု၊ မျက်ရည် ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ပြီးတော့ နှစ်သက်ခံစားဖို့ အဆုံးမရှိတဲ့ ကောင်းကြီးမင်္ဂလာတွေပဲရှိတယ်…" ဟု ပြောခဲ့ပါသည်။ကျွန်မ သင်းအုပ်ဆရာ၏ ဒေသနာတွင် စိတ်အားထက်သန်မှုကို ကြားရသည့် အချိန်တွင်၊ ကျွန်မလည်း တစ်နေ့တွင် ကောင်းကင်ဘုံသို့ ဘုရားသခင်၏ ချီဆောင်ခံရပါက နှစ်သက်ပျော်ရွှင်ဖွယ်ကောင်း မည်ဟု ကျွန်မတွေးခဲ့ မိသည်။

သို့သော်လည်း ကျွန်မ၏ စိတ်လှုပ်ရှားခြင်း အလယ်တွင်၊ ကျွန်မက "သခင်က ပြန်ကြွလာတဲ့အချိန်မှာ ကျွန်မတို့ကို သူနဲ့တွေ့ဖို့ လေထဲချီဆောင်လိမ့်မယ်၊ ကျွန်မတို့ ဘယ်လိုချီဆောင်ခံရမှာလဲ" ဟု တွေးမိသည်။ ကျွန်မ၏ သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စုမှ သခင့်ကို ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သည့် အစ်မအချို့ကို ကျွန်မဤမေးခွန်းကို မေးခဲ့သည်။ တစ်ဦးက "သခင်က အနန္တတန်ခိုးတော်နှင့်ပြည့်စုံတယ်။ သခင်က ကျွန်မတို့ကို လက်ခံဖို့ ကြွလာတဲ့အချိန်မှာ၊ ကျွန်မတို့က လေထဲမှ မြောက်နေမယ်" ဟု ပြောခဲ့သည်။ ထိုအစ်မက ၎င်းကို ပြောသည်ကို ကျွန်မကြားချိန်တွင် ကျွန်မ ပိုမိုအာမခံချက်ရရှိသည်ဟု ခံစားရသည်။ ယင်းမှာ မှန်ပါသည်၊ သခင်သည် အနန္တတန်ခိုးတော်နှင့် ပြည့်စုံသောကြောင့် သခင်က ကျွန်မတို့ကို ကောင်းကင်သို့ ချီဆောင်နိုင်သည်မှာ မှန်ပါသည်။ ထို့နောက်တွင် ကျွန်မသည် အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး၊ ဧဝံဂေလိတရားတော်ကိုလည်း ပိုမိုစိတ်အားထက်သန်စွာဖြင့် ဖြန့်ဝေခဲ့ကာ၊ သခင်က ကျွန်မတို့ကို လက်ခံမည့်နေ့ကို မျှော်လင့်နေခဲ့မိပါသည်။

ထို့နောက် အနည်းငယ်ကြာပြီး၊ ကျွန်မသည် သခင့်ကို ယုံကြည်ခဲ့သော်လည်း၊ ကျွန်မသည် သခင့်သွန်သင်ခြင်းများကို မထိန်းသိမ်း နိုင်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်မသည် ကျွန်မ၏ မိသားစုနှင့် သေးငယ်သောကိစ္စများနှင့် ပတ်သက်ပြီး မကြာခဏ စိတ်ဆိုး ရန်ဖြစ်ခဲ့သည်။ ရန်ဖြစ်မှုများပြီးနောက် ကျွန်မက "ငါက ခရစ်ယန်တစ်ယောက်ဖြစ်တယ်၊ ငါက သည်းခံ စိတ်ရှည်တတ်ဖို့ သင်ယူသင့်တယ်" ဟု တွေးသော်လည်း နောက်ပိုင်းတွင် ကျွန်မသည် တစ်ဖန် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်ပြန်ကာ၊ စိတ်မချမ်းမြေ့စွာ ခံစားခဲ့ရသည်။ ကျွန်မ မကြာခဏ ငိုကြွေးပြီး၊ သခင့်ထံသို့ "သခင်၊ ဒီကမ္ဘာမှာ အသက်ရှင်နေထိုင်နေရတာ ညှင်းပန်းမှုဒဏ်ပါပဲ၊ ကျေးဇူးပြုပြီး လာပြီးတော့ ကောင်းကင်ဘုံက ကျွန်မတို့ အိမ်ထဲကို လက်ခံတော်မူပါ" ဟု ဆုတောင်းခဲ့ပါသည်။ ထို့နောက် ကျွန်မ လမ်းပေါ် လျှောက်တိုင်း၊ ကျွန်မသည် ကောင်းကင်ထဲမှ အဖြူရောင်တိမ်တိုက် များကို မကြာခဏ မော့ကြည့်ကာ၊ သခင်ယေရှုက ကျွန်မတို့ကို ကောင်းကင်ဘုံက ကျွန်မတို့ အိမ်ထဲကို လက်ခံဖို့အတွက် မျှော်လင့်နေခဲ့ပါသည်။

တုန်လှုပ်ဖွယ် သတင်းကောင်းများ

တစ်နေ့တွင် ကျွန်မက မိမိအိမ် ရှင်းနေစဉ်တွင်၊ ကျွန်မအစ်မက ဖုန်းခေါ်ပြီး ဒေသနာတစ်ခုကို ကြားနာဖို့အတွက် နောက်ထပ် အစ်မတစ်ယောက် အိမ်သို့ သွားရန် ကျွန်မနှင့် ချိန်းဆိုမှုတစ်ခု လုပ်ခဲ့ကာ၊ ကျွန်မကလည်း ထိုချိန်းဆိုမှုကို ပျော်ရွှင်စွာ သဘောတူပြီး၊ သွားခဲ့သည်။ ကျွန်မတို့ တွေ့ပြီးနောက် အစ်ကိုဝမ်းက ပညတ်တော်ခေတ်မှ ယေဟောဝါ၏ အမှုတော်အကြောင်းနှင့် ကျေးဇူးတော်ခေတ်မှ သခင်ယေရှု၏ အမှုတော်အကြောင်း၊ ပညာရှိသတို့သမီးများဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် မိုက်မဲသောသတို့သမီးများ ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာရှိသတို့သမီးများသည် သခင့်ကို ကြိုဆိုရန် ဆီများကို မည်သို့ သိုလှောင်ထားကြောင်းနှင့် ပို၍များစွာသော အရာများကို ကျွန်မတို့ကို မိတ်သဟာယပြုခဲ့ပါသည်။ အတိတ်တွင် ကျွန်မတို့ အသင်းတော်၏ သင်းအုပ်ဆရာသည် ကျွန်မတို့အတွက် သမ္မာကျမ်းစာကို ထိုသို့ အသေးစိတ်ကျကျတစ်ခါမျှ အဓိပ္ပါယ်မကောက်ပေး ခဲ့သည့်အပြင်၊ ကျွန်မတို့ နားမလည်ခဲ့သည့် မေးခွန်းများအကြောင်း သင်းအုပ်ဆရာနှင့် အဖြေများ ရှာဖွေရန်မှာ ကျွန်မတို့သည် ချိန်းဆိုမှုတစ်ခုပြုလုပ်ရန် ယွမ်ငွေ ၃၀၀၀ အနည်းဆုံး သုံးစွဲခဲ့ရပါသည်။ ရလဒ်အနေဖြင့် ၂နှစ်နီးပါး ယုံကြည်ပြီးနောက်တွင်၊ ကျွန်မသည် သမ္မာကျမ်းစာအကြောင်း သိပ်နားလည်ခဲ့ခြင်းမရှိခဲ့ပါ၊ သို့သော်လည်း ကျွန်မအစ်ကို၏ မိတ်သဟာယပြုခြင်းကို ကြားနာပြီးနောက်၊ ကျွန်မသည် သမ္မာကျမ်းစာအကြောင်း ရုတ်တရက် အသိဉာဏ်ပွင့်လင်းခဲ့ပြီး၊ ကျွန်မ၏ နှလုံးသားသည် ပိုမိုအားတက်လာသည်ဟု ခံစားရပါသည်။ ထို့နောက်တွင် ဗျာဒိတ်ကျမ်းတွင် ရှင်ယောဟန်၏ ရူပါရုံအကြောင်း၊ စာစောင်ငယ်က မည်သည့်အရာကို ကိုယ်စားပြုကြောင်းနှင့် များစွာပိုမိုသော အရာများ တို့ကိုလည်း အစ်ကိုဝမ်းကို မေးခဲ့ပြီး၊ သူက ၎င်းတို့အားလုံးကို တစ်ခုချင်းစီ ရှင်းပြခဲ့သည်။ ကျွန်မက မှင်တက်၍ နားထောင်ခဲ့ပြီး၊ နံနက်ခင်းသည် လျင်မြန်စွာ ကုန်သွားခဲ့သည်။

ထို့နောက်တွင် အစ်ကိုဝမ်းက ဘုရားသခင့်နာမတော်များ၏ ရည်ရွယ်ချက်အကြောင်း ကျွန်မတို့ကို မိတ်သဟာယပြုခဲ့သည်။ သူကယေဟောဝါ နှင့် ယေရှု နာမတော်များ အပြင်၊ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့် နာမတော်အသစ် ဖြစ်သည့် အနန္တတန်ခိုးရှင် တို့သည် အထူးရည်ရွယ်ချက်တစ်ခုစီရှိကြောင်း နှင့် ထို့နောက် ကျွန်မတို့သည် "ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်"ဆိုသည့် သီချင်းရုပ်ရှင်ကို ကြည်ခဲ့ကြသည်။ ကျွန်မသည် သီချင်းစာသားများကို နားထောင်သည်နှင့် အညီ ထိုစကားလုံးများသည် အမှန်တကယ် သြဇာအာဏာ ရှိပြီး၊ ဘုရားသခင်၏ အသံတော်ဖြစ် သည်ဟု ကျွန်မခံစားခဲ့ရသည်။ ထို့နောက်တွင် အစ်ကိုဝမ်းက "ညီအစ်ကိုမောင်နှမတို့၊ သခင်ယေရှုက အမှန်တကယ် ပြန်ကြွလာပြီး ဖြစ်တယ်။ သူ့နာမတော်က အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ပြီး၊ ဒီနေ့ ကျွန်တော် အစ်မတို့ကို ပြောတဲ့အရာအားလုံးက ဘုရားသခင် ကိုယ်တော်တိုင် ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်" ဟု ကျွန်မတို့ကို ပြောခဲ့ပါသည်။

ဘုရားသခင်၏ နိုင်ငံတော်သည် ကမ္ဘာပေါ်တွင်ဖြစ်သည်

သခင်ပြန်ကြွလာပြီးဖြစ်ကြောင်း သတင်းသည် ကျွန်မကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ ကျွန်မက "အစ်ကိုဝမ်း သခင်ယေရှုက အမှန်တကယ်ပြန်ကြွလာခဲ့ပြီလား။ ကျွန်မ ကောင်းကင်ကို ခဏခဏ မော့ကြည့်တယ်။ သူကြွလာတာကို ကျွန်မက ဘာဖြစ်လို့ မမြင်ခဲ့ရတာလဲ။ သခင်က ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန် ၁၄:၂-၃) လို့ ပရောဖက်ပြုခဲ့တယ်၊ ပြီးတော့ ရှင်ပေါလုကလည်း 'ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။' (၁ သက်သာ ၄:၁၇) လို့ ပြောခဲ့တယ်။ ကျွန်မတို့ သင်းအုပ်ဆရာကလည်း သခင်က ကောင်းကင်ဘုံမှ ကျွန်မတို့အတွက် နေရာတစ်ခု ပြင်ဆင်နေပြီးတော့၊ သူပြန်ကြွလာတဲ့အချိန်ကျရင်၊ သူက ကျွန်မတို့ကို သခင်နဲ့ တွေ့ဖို့အတွက် ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်မယ်လို့ ခဏခဏ ပြောတယ်။ အစ်ကိုကပြောတော့ သခင်က ပြန်ကြွလာပြီးပြီတဲ့၊ ဒါပေမဲ့ ကျွန်မတို့က ဘာဖြစ်လို့ ကောင်းကင်ဘုံကို ချီဆောင်တာမခံရတာလဲ"ဟု မမေးဘဲ မနေနိုင်ခဲ့ပါ။

အစ်ကိုဝမ်းက လေးနက်စွာဖြင့် "သခင်ယေရှုက ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန် ၁၄:၂-၃) လို့ မိန့်တော်မူခဲ့တယ်။ သခင်ယေရှုက ကျွန်တော်တို့အတွက် သူပြင်ဆင်ထားတဲ့ နေရာမှာ ကျွန်တော်တို့ကို လက်ခံဖို့ ကြွလာမယ်လို့ပဲ ပရောဖက်ပြုခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ အဲဒီနေရာဟာ ကောင်းကင်ဘုံမှာ ဖြစ်တယ်လို့ သူမပြောခဲ့ပါဘူး။ ကျွန်တော်တို့က သမ္မာကျမ်းစာကို ဖတ်ရင်၊ နားလည်လာလိမ့်မယ်။ ဗျာဒိတ်ကျမ်း ၁၁:၁၅ ကို အတူဖတ်ကြရအောင် ‘သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။’ ပြီးတော့ ဗျာဒိတ်ကျမ်း ၂၁:၃-၄ ‘ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။’ ယေရုရှလင်မြို့သစ်က ကမ္ဘာပေါ်မှာဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့ တဲတော်က လူတွေနဲ့ ဖြစ်ကြောင်း၊ ဘုရားသခင်က လူတွေနဲ့ ကျိန်းဝပ်တော်မူမှာ ဖြစ်ကြောင်းအပြင်၊ ကမ္ဘာ့ နိုင်ငံတွေက ခရစ်တော်ရဲ့ နိုင်ငံတော်တွေ ဖြစ်လာမှာ ဖြစ်ကြောင်း တို့ကို ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုခြင်းတွေကနေ ကျွန်တော်တို့ တွေ့မြင်နိုင်တယ်။ ဘုရားသခင်က ကမ္ဘာပေါ်မှာ ဘုရင်အနေနဲ့ အုပ်စိုးပြီး၊ သူ့လူတွေကို ဦးဆောင်တဲ့အပြင်၊ ကမ္ဘာပေါ်မှာလည်း သေခြင်းတရား၊ ငိုကြွေးခြင်း ဒါမှမဟုတ် နာကျင်မှုတွေ လုံးဝမရှိတော့ဘူး။ ဒါကနေပြီးတော့ ဘုရားသခင်က ကျွန်တော်တို့အတွက် ပြင်ဆင်တဲ့ နေရာက ကမ္ဘာပေါ်မှာ ရှိပြီး၊ ကောင်းကင်ဘုံပေါ်မှာ မဟုတ်တာကို ပြနေတာပဲ" ကျွန်မသည် ထိုကျမ်းချက်များကို သေချာစွာ ဖတ်ရှုပြီး၊ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ရှိကြောင်းကို ၎င်းတို့က အမှန်တကယ်ပင် ပြောခဲ့သည်။ ဤနက်နဲမှုကို ကျွန်မ ယခင်က အဘယ့်ကြောင့် လုံးဝ ရှာဖွေမတွေ့ရှိခဲ့သနည်း။

အစ်ကိုဝမ်းက ဆက်ပြီး “အစမှာ ဘုရားသခင်က အာဒံနဲ့ ဧဝတို့ကို မြေမှုန့်က ဖန်ဆင်းတော်မူခဲ့ပြီး၊ ကမ္ဘာပေါ်က အရာတွေအားလုံးကို စောင့်ကြည့်ဖို့ဆိုပြီး သူတို့ကို ကမ္ဘာပေါ်မှာထားခဲ့တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ အရင်လူသားမျိုးနွယ် ရဲ့ မျိုးဆက်တွေ အားလုံးက ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့အပြင်၊ လူသားမျိုးနွယ် ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်ကလည်း ကမ္ဘာပေါ်မှာ ဆက်လက်ဆောင်ရွက်ခဲ့တာပါ။ ပညတ်တော်ခေတ်မှာ ဘုရားသခင် ကြွေးကြော်ထားတဲ့ ပညတ်တော်ကို ကမ္ဘာပေါ်မှာ ဆက်လက်စောင့်ထိန်းကြပြီး၊ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ကမ္ဘာပေါ်မှာ အလုပ်လုပ်ဖို့ လူ့ဇာတိခံပြီးကြွလာတယ်၊ အဲဒီမှာပဲ သူက လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့ ကားတိုင်တင်ခံခဲ့ရတယ်။ နောက်ဆုံးသော ကာလမှ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့နဲ့ တရားစီရင်ခြင်းအမှုပြုဖို့တို့အတွက် ကမ္ဘာကို ထပ်ပြီးကြွလာခဲ့တယ်။ အစကနေ အဆုံးသတ်အထိ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်အားလုံးက ကမ္ဘာပေါ်မှာပဲ ဆက်လက် ဆောင်ရွက်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ အလိုတော်က ကျွန်တော်တို့ ကောင်းကင်ဘုံမှာ တက်ပြီး အသက်ရှင်နေထိုင်ဖို့သာ ဆိုရင်၊ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့စီမံခန့်ခွဲခြင်း အမှုတော်ကို ဆက်ပြီးလုပ်ဆောင်ဖို့ အသွေးတော်မှာ ကြီးမားတဲ့ အဖိုးအခကို သူက ဘာဖြစ်လို့ပေးဆပ်ခဲ့ရတာလဲ။ သခင်ယေရှုက ‘ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။(ရှင်ယောဟန် ၃:၁၃) လို့ မိန့်တော်မူခဲ့တယ်။ ဘယ်လူတစ်ယောက်မှ ကောင်းကင်ဘုံကို မတက်ခဲ့ဘူးလို့ သခင့်နှုတ်ကပတ်တော်က ရှင်းရှင်းလင်းလင်း ဖော်ပြထားရဲ့သားနဲ့၊ အဲဒါကို ကျွန်တော်တို့အားလုံးက အဲဒီကို ဘာဖြစ်လို့ သွားချင်နေကြရတာလဲ။ တစ်ချို့လူတွေက ဒါတွေဟာ ရှင်ပေါလုရဲ့ စကားတွေ ဖြစ်တယ်လို့ ဖြေနိုင်ပါတယ်၊ ဒါပေမဲ့ ရှင်ပေါလုရဲ့ စကားတွေက သခင့်နှုတ်ကပတ်တော်တွေကို ကိုယ်စားပြုနိုင်လား။ သခင်ယေရှုက ကျွန်တော်တို့ကို ကောင်းကင်ဘုံကို ချီဆောင်မယ်လို့ လုံးဝမပြောဖူးသလို၊ တခြားတမန်တော်တွေ နဲ့ ပရောဖက်တွေကလည်း မပြောဖူးဘူးလေ၊ ဒါ့ကြောင့် သခင်ပြန်ကြွလာတဲ့အချိန်မှာ သခင်က ကျွန်တော်တို့ကို သခင်နဲ့တွေ့ဖို့ တိမ်ထဲကို ချီဆောင်မယ်လို့ ဘာဖြစ်လို့ ရှင်ပေါလုက ပြောနိုင်ရတာလဲ။ ဒါက သူ့ကိုယ်ပိုင်စိတ်ကူးပဲ မဟုတ်ဘူးလား"

ကျွန်မအစ်ကို၏ မိတ်သဟာယပြုခြင်းကို ကြားပြီးနောက်တွင် ကျွန်မသည် အလွန်ပင် တို့ထိခံရသည်။ ယင်းမှာ မှန်ကန်ပါသည်။ သခင်ယေရှုက ကျွန်မတို့ကို ကောင်းကင်ပေါ်ကို ချီဆောင်မည်ဟု လုံးဝမပြောဖူးသကဲ့သို့၊ တခြားတမန်တော်တွေလည်း မပြောဖူးပါ။ ရှင်ပေါလုသာ ပြောခဲ့သည်။ သို့သော် ၎င်းသည် သခင့်အလိုတော်ကို ကိုယ်စားပြုပါသလား။ ဗျာဒိတ်ကျမ်းတွင် "လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။" "ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။" ဟု ရှင်းလင်းစွာ ပရောဖက်ပြုထားပြီး အဆုံးသတ်တွင် ဘုရားသခင်နှင့် သူလူများသည် ကမ္ဘာပေါ်တွင် သူနှင့် ကျိန်းဝပ်ကြမည်သာ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်၏ အလိုတော်ဖြစ်ပါသည်။

ချီဆောင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်

အစ်ကိုဝမ်းက ဆက်ပြီး "ဘုရားသခင်က လက်တွေ့ကျတဲ့ ဘုရားသခင်ဖြစ်ပြီး၊ သူ့အမှုတော်ကလည်း အမြဲတမ်း လက်တွေ့ကျခဲ့တယ်။ စစ်မှန်တဲ့ ချီဆောင်ခြင်းက လေထဲကို ချီမခြင်း မဟုတ်ဘူးဆိုရင် ချီဆောင်ခြင်းက ဘာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ‘“ဆောင်ယူခံရခြင်း" ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက် ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။… ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။’ လို့ မိန့်တော်မူခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေပြီး ‘ချီဆောင်ခြင်း’ ဆိုတာ နိမ့်ရာကနေ မြင့်ရာကို ဆောင်ယူခြင်း မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ အဲဒါက ကမ္ဘာပေါ်က ကောင်းကင်ဘုံကိုသွားတာမဟုတ်ဘူး။ ဘုရားသခင်က သူ့ရှေ့တော်မှောက်မှာ ကြိုတင်ခန့်ခွဲမှတ်သား ထားပြီး၊ ရွေးချယ်ထားတဲ့ လူတွေကို ခေါ်ဆောင်တာကို ညွှန်းဆိုတယ်။ ဒီလူတွေက သမ္မာကျမ်းစာထဲမှာ ပြောထားတဲ့ ပညာရှိသတို့သမီးတွေ ပဲ။ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို သတိပြုနိုင်ပြီး၊ သိုးသငယ်ရဲ့ မင်္ဂလာဆောင် စားတော်ပွဲကြီးကို ပါဝင်ပူးပေါင်းကာ၊ ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို ချီမခံရတဲ့အပြင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိတယ်။ နောက်တစ်နည်းနဲ့ ပြောရရင်၊ ဘုရားသခင်ရဲ့ ချီဆောင်ခံရတယ်ဆိုတာက ခေတ်ဟောင်းကနေ အသစ်ထဲကို ခေါ်ဆောင်ခြင်းခံရတာ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ပျောက်ဆုံးလို့ ယိုယွင်းပျက်စီးခြင်းကနေ ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့တော်မှောက်ကို ချီမခံရတာ ဖြစ်တဲ့အပြင်၊ ဘုရားသခင်ရဲ့ အသက်ရေ စမ်းချောင်းရဲ့ ရေပေးခြင်းကို ခံရတာ၊ ပညတ်တော်ခေတ်နှောင်းပိုင်းမှာ အသက်ရှင်နေထိုင်ခဲ့ရာကနေ ရွှေ့ပြောင်းပြီး သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတော်ကို လက်ခံခဲ့တဲ့ သူတွေလိုပါပဲ။ ဒါက ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲကို ချီဆောင်ခံရတာကို ဆိုလိုတာ ဖြစ်တယ်။ ဒီနေ့ ကျွန်တော်တို့က ကျေးဇူးတော်ခေတ်ကနေပြီး ပြောင်းရွှေ့နိုင်ပြီ၊ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်နဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံတဲ့အပြင် နောက်ဆုံးသော ကာလမှာ ပေါ်ပေါက်လာတဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိတယ်၊ ပြီးတော့ ဒါကသာ ကျွန်တော်တို့ ချီဆောင်ခံရတာကို ဆိုလိုတာဖြစ်တယ်။”

ဤအကြောင်းကို ကြားခြင်းသည် ကျွန်မအတွက် ရုတ်တရက် နိုးထခြင်း တစ်ခုဖြစ်သည်။ အမှန်မှာမူ ချီဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ခေါ်ဆောင်ခံရပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်ကို လက်ခံခြင်းသာ ဖြစ်ပါသည်။

အစ်ကိုဝမ်းက "အရင်က နောက်ဆုံးသောကာလက သခင်ပြန်ကြွလာတဲ့အချိန်မှာ ကျွန်တော်တို့က လေထဲကို တိုက်ရိုက်ချီဆောင်ခံရပြီး အဲဒီမှာ ကျွန်တော်တို့ သခင်နဲ့ တွေ့ဆုံရမယ်လို့ ကျွန်တော်တို့ စိတ်ကူးတွေက ကျွန်တော်တို့ အများစုကို တွေးစေခဲ့တယ်။ ဒါပေမဲ့ သခင်က ကျွန်တော်တို့လို အညစ်ကြေးတွေနဲ့ ပြည့်နေတဲ့ လူတွေကို ကောင်းကင်နိုင်ငံတော်ထဲကို အမှန်တကယ် ချီဆောင်မှာ ဟုတ်မဟုတ် ဆိုတာများ အစ်မတို့ ဆင်ခြင်ဖူးသလား။ သမ္မာကျမ်းစာထဲမှာ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲ ၁၂:၁၄)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာ ၁၁:၄၅-၄၆) လို့ပြောထားတယ်။ ဘုရားသခင်က သန့်ရှင်းတယ်၊ ပြီးတော့ ညစ်ပတ်ပေရေနေတဲ့ အရာတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့် မရှိပါဘူး။ ကျွန်တော်တို့က သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းကို လက်ခံခဲ့ကြပြီး၊ ကျွန်တော်တို့ အပြစ်တွေကို လွှတ်ခြင်းခံရပေမဲ့လည်း ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝက ဖယ်ရှားမခံရသေးဘူး ဆိုတဲ့အချက်ကို တွေးပါ။ အမြဲလိုပဲ ကျွန်တော်တို့တွေက အပြစ်လုပ်ခြင်းနဲ့ ဝန်ခံခြင်း အခြေအနေမှာ အသက်ရှင်နေထိုင်ကြတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အသွေး မပြည့်ဝသေးဘူး။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို တွေ့ကြုံခံစားပြီး၊ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်တဲ့အပြင်၊ ဘုရားသခင်ကို အပြည့်အဝ နာခံဖို့ နဲ့ ခရစ်တော်နဲ့ သဟဇာတဖြစ်ဖို့ လိုနေသေးတယ်။ အဲဒီကျမှသာလျှင် ကျွန်တော်တို့က ဘုရားသခင်နဲ့ ထာဝရ အတူရှိနိုင်မှာပါ။ နောက်ဆုံးသောကာလက ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာပေါ်ကို လူ့ဇာတိခံယူပြီး ကြွတော်မူခဲ့တဲ့အပြင်၊ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်တွေကို ပြုဖို့သမ္မာတရားတွေရဲ့ ရှုထောင့်များစွာကို ဖော်ပြခဲ့တယ်။ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းက ကျွန်တော်တို့ရဲ့ အပြစ်နဲ့ပြည့်နေတဲ့ သဘာဝတွေကို ထုတ်ဖော်ပြီး ကျွန်တော်တို့အတွင်းမှာရှိတဲ့ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းအပြင်၊ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ရန်သူဖြစ်စေတဲ့ လှည့်စားခြင်းတို့လိုမျိုး တို့လိုမျိုး ဆိုးယုတ်ခြင်းဆိုင်ရာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပေးတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်တဲ့ အချိန်မှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းတို့ကို တွေ့ကြုံခံစားရတဲ့သူတွေက ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ခေါ်ဆောင်ခံရမဲ့ သူတွေသာ ဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ ဘုရားသခင်ကို ထာဝရ ချီးမွမ်းလိမ့်မယ်။ ဒါက သခင်ယေရှုရဲ့ ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန် ၁၄:၂-၃) ဆိုတဲ့ ပရောဖက်ပြုခြင်းကို ပြည့်စုံစေတယ်။ အဲဒီအချိန်မှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်က သူ့အမှုပြုနေစဉ်၊ ဘုရားသခင်က သူ့ကိုယ်သူ လူပုံအလယ်ထုတ်ဖော်တဲ့ အချိန်မှာ နောက်ဆုံးသောကာလက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံတဲ့ သူတွေ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို မကြုံရတဲ့လူတွေ၊ သန့်စင်ခြင်းမရတဲ့ လူတွေနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးတဲ့လူတွေက နောက်ဆုံးသော ကာလက ကြီးမားတဲ့ ဘေးဒုက္ခထဲမှာ အပြည့်အဝ ဖျက်စီးခြင်းကို ခံရမဲ့အပြင်၊ ဘယ်တော့မှ ထပ်ပြီး အသက်ရှင်နေထိုင်ရမှာ မဟုတ်တော့ပါဘူး။ ဘုရားသခင်ရဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိတဲ့သူတွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်မှာ သူတို့ အခန်းကဏ္ဍကို ပြည့်စုံစေပြီး၊ ငြိမ်သက်ခြင်းနဲ့ လုံခြုံခြင်း တို့နဲ့ အသက်ရှင်နေထိုင်သွားမဲ့အပြင်၊ စစ်ပွဲ၊ သေခြင်းတရား ဒါမှမဟုတ် နာကျင်မှုတွေကို လုံးဝဒုက္ခခံစားရတော့မှာမဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်က သူ့အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အဆုံးသတ်ပြီး၊ အနားယူခြင်းထဲကို ဝင်ရောက်မယ် ဟု ပြောခဲ့သည်။”

ဤအကြောင်းကို ကြားသည့်အခါတွင် ကျွန်မသည် မှင်သက်နေခဲ့သည်။ ကျွန်မတို့က သခင်နှင့် အတူနေဖို့ ကျွန်မတို့ကို သူက လက်ခံမည်ဟု မိန့်တော်မူသည့် အချိန်တွင် သခင်နဂိုမူကတည်းက ဆိုလိုခဲ့သည်မှာ၊ ဘုရားသခင်သည် ကျွန်မတို့ကို ကယ်တင်ဖို့အတွက် လူ့ဇာတိခံယူပြီး ကမ္ဘာပေါ်ကို ကိုယ်တော်တိုင် ကြွတော်မူ၍၊ နောက်ဆုံး၌ ကျွန်မတို့ကို သန့်စင်ကာ၊ ကျွန်မတို့အတွက် သူပြင်ဆင်ထားသည့် နိုင်ငံတော်ထဲသို့ ကျွန်မတို့ကို ခေါ်ဆောင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ကိုပင် နက်နဲမှုတစ်ခုဖြစ်ခဲ့ပါသည်။ ယခင်က ကျွန်မတို့အားလုံးသည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရရန် သခင့်ပြန်ကြွလာခြင်းကို မည်မျှ စောင့်မျှော်ခဲ့သော်လည်း၊ ကျွန်မတို့ကဲ့သို့ အပြစ်ကျူးလွန်ခြင်းနှင့် နောင်တရခြင်း အခြေအနေတစ်ခုတွင် အပြစ်ဖြင့် အသက်ရှင်နေထိုင်ကာ၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း သို့မဟုတ် မလိမ်ညာခြင်း ကိုပင် အောင်မြင်စွာ မရရှိနိုင်သူများ၊ သခင့်ကိုဆန့်ကျင် ခုခံကာ၊ ပုန်ကန်သူများသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အမှန်တကယ် အရည်အသွေး ပြည့်ဝခြင်းရှိမရှိကိုမူ ကျွန်မတို့အားလုံး လုံးဝ မဆင်ခြင်ခဲ့ပုံ တို့ကို ကျွန်မတွေးမိပါသည်။ လေထဲသို့ ချီဆောင်ခံရခြင်းနှင့်၊ သခင်နှင့် တွေ့ဆုံခြင်း အကြောင်း ကျွန်မယုံကြည်ခဲ့သမျှသည် ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများပေါ်တွင်သာ အခြေခံခဲ့သည့် သဘောရှိပါသည်။

ကျွန်မက အစ်ကိုဝမ်းကို စိတ်လှုပ်ရှားစွာဖြင့် "လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ အစ်ကိုပြုခဲ့တဲ့ မိတ်သဟာယက သခင့်ကို ယုံကြည်ခဲ့တဲ့ နှစ်နှစ်မှာ ကျွန်မသိခဲ့ရမျှထက် ပိုပြီးတော့ နားလည်သဘောပေါက်ဖို့ ကျွန်မကို ကူညီပေးခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်မှာ၊ ကျွန်မက ဧဝံဂေလိတရားတော် ဝေငှခြင်းနဲ့ ကိုယ့်ကိုကိုယ် အလုပ်တွေ ရှုပ်နေပြီး၊ အပြင်ပန်းမှာ ကျွန်မက ဘာသာတရားကိုင်းရှိုင်းတဲ့ အသွင်ပေါက်နေပေမဲ့၊ ကျွန်မက ဘုရားသခင့်နှုတ်ကပတ်တော်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို နားမလည်ခဲ့တဲ့အပြင်၊ ကျွန်မတို့အတွက် သခင်ပြင်ဆင်ထားတယ်ဆိုတဲ့ နေရာရဲ့ တည်နေရာကိုလည်း မသိခဲ့ပါဘူး။ အခုတော့ ကျွန်မ ချီဆောင်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ် ကို နားလည်ပါပြီ၊ သခင်က ကျွန်မတို့အတွက် ပြင်ဆင်ထားတဲ့ နေရာဆိုတာက ကမ္ဘာပေါ်မှာ ဆိုတာကို ကျွန်မနားလည်တဲ့အပြင်၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရပြီး၊ သန့်စင်ခံရတဲ့ လူတွေသာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်ဆိုတာကို ကျွန်မသိလိုက်ပြီ။ သခင့်အမှုတော်က အရမ်းကို လက်တွေ့ကျပါတယ်" ဟု ပြောခဲ့သည်။

ကျွန်မအစ်က စိတ်လှုပ်ရှားစွာဖြင့် "အဲဒါမှန်တယ်။ ကျွန်မတို့က အသင်းတော်မှာ နေလာတာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က နားလည်သဘောပေါက်သလောက်ကို နားမလည်ခဲ့ဘူး။ ကျွန်မတို့ စိတ်ကူးတွေကို အခြေခံပြီးတော့ သခင်က နောက်ဆုံးသောကာလမှ ပြန်ကြွလာတဲ့အချိန်မှာ သူက ကျွန်မတို့ကို ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်မယ်လို့ ကျွန်မတို့ အမြဲတမ်း တွေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအကြံဉာဏ်က ကျွန်မတို့ရဲ့ မရေရာတဲ့ စိတ်ကူးတွေပေါ်မှာ အမြဲတမ်း အခြေခံခဲ့ပြီးတော့ သခင့်အလိုတော်နဲ့လည်း မကိုက်ညီပါဘူး" ဟု ပြောခဲ့သည်။

အစ်ကိုဝမ်းက ပျော်ရွှင်စွာဖြင့် "ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဘုရားသခင်ရဲ့ အမှုတော်က ကျွန်တော်တို့ မြင်နိုင်အောင်၊ လက်လှမ်းမီနိုင်အောင်၊ လူတွေကို ကယ်တင်ဖို့ သမ္မာတရားဆိုင်ရာ လက်တွေ့ကျတဲ့ ဖော်ပြချက်ဖြစ်ပြီး၊ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်တွေ့ကျကျ ရရှိနိုင်စေတယ်။ ဘုရားသခင်က လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် မကြွလာခဲ့တဲ့အပြင်၊ ဒီနက်နဲမှုတွေကို မထုတ်ဖော်ဘူးဆိုရင်၊ ကျွန်တော်တို့ တစ်ယောက်မှ အဲဒါတွေကို နားလည်ကြမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

အစ်ကိုဝမ်းနဲ့ အတူတကွ ကျွန်မတို့သည် ပို၍များပြားသည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ ကျမ်းပိုဒ်များကို ဖတ်ရှုခဲ့ကြသည့်အပြင်၊ ဘုရားသခင် သည် နောက်ဆုံးသော ကာလ၌ မည်သို့ တရားစီရင်ပုံ၊ သန့်စင်ပုံနှင့် လူသားမျိုးနွယ်ကို ပြောင်းလဲစေပုံ တို့ကို မိတ်သဟာယပြုကာ၊ သခင်မည်သို့ ပြန်ကြွလာခဲ့ပြီး၊ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်သည် အဆုံးသတ်ခါနီး နေပြီဖြစ်ကြောင်း၊ ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းသည် အရှေ့မှ အနောက်သို့ မည်သို့ပျံ့နှံ့ခဲ့ပြီဖြစ်ကြောင်း တို့ကိုလည်း ဆွေးနွေးခဲ့ပါသည်။ ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်းဖြင့်၊ ဘုရားသခင်သည် သမ္မာတရားဆိုင်ရာ ရှုထောင့်များအားလုံးနှင့် သူ၏ နက်နဲမှုများကို ကျွန်မတို့ကို ဖွင့်ပြခဲ့ပြီးဖြစ်ကြောင်း တွေ့ခဲ့ရပါသည်။ဘေးဒုက္ခမတိုင်မီတွင် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ချီဆောင်ခံရန် ဆုလာဘ်ကို ရရှိသည်မှာ ကျွန်မအတွက် ဂုဏ်ယူဖွယ်ရာတစ်ခုပင် အမှန်တကယ် ဖြစ်ပါသည်။ ကျွန်မသည် စိတ်ပြင်းပြသော မျက်ရည်များဖြင့် မငိုပဲ မနေနိုင်ခဲ့သည့်အပြင်၊ ဘုရားသခင်၏ သန့်စင်ခြင်း ခံရရန် ကြိုးစားဖို့ ကျိန်ဆိုခဲ့ပါသည်။

အစ်ကိုဝမ်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ စာအုပ် ဖြစ်သည့် သိုးသငယ် ဖွင့်သည့် စာစောင် ကို ကျွန်မတို့ကို မိထ္ထူတစ်အုပ်စီပေးခဲ့၍၊ ကျွန်မအတွက်မှာမူ ယင်းမှာ ဘဏ္ဍာသိုက်တစ်ခုကို လက်ခံရရှိသကဲ့သို့ပင် ဖြစ်သည်။ ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်းအား မရပ်နိုင်ခဲ့ပါ။ထိုအချိန်မှ စတင်ပြီး၊ နေ့စဉ်နေ့တိုင်း ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းအတွက် ငတ်မွတ်နေသည့်အလား ဖတ်ရှုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဗီဒီယိုများကို ကြည့်ခြင်းတို့မှတစ်ဆင့် ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း အပြည့်အဝ သေချာလာကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်တွင် ဘုရားသခင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ကျွန်မစတင် တွေ့ကြုံခံစားလာခဲ့ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပါစေ။

အမှာစကား ချန်ခဲ့မည်