စာရင်း

ကျွန်တော်တို့ အပြစ်များမှ လွှတ်ခံရခြင်းသည် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်သို့ ပင့်မခြင်းခံရမည်ဟု ဆိုလိုခြင်းဖြစ်ပါသလား

ချာအို နင်း တရုတ်ပြည်

သခင့်ကို ယုံကြည်ကြသည့် ကျွန်တော်တို့၏ အကြီးမားဆုံးသော တောင့်တမှုကြီးမှာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် ဖြစ်သောကြောင့် ထိုနေရာတွင် မည်မျှ လှပမည်ကို ကျွန်တော်တို့ မကြာခဏ စိတ်ကူးလေ့ရှိပါသည်။ သမ္မာကျမ်းစာတွင် “ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။” (ကောလောသဲ သြဝါဒစာ ၁:၁၄) ဟုဆိုထားသောကြောင့် ကျွန်တော်တို့ ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအကြောင်း နှင့် ပတ်သက်ပြီးလည်း ယုံကြည်မှုရှိကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် သခင့်ကို ယုံကြည်ပြီးနောက်တွင် ကျွန်တော်တို့၏ အပြစ်များသည် လွှတ်ပြီးဖြစ် ကြောင်းနှင့် ကျွန်တော်တို့သည် လုံးဝ အပြစ်မရှိတော့ကြောင်းတို့ကို ယုံကြည်ပါသည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချက်ခြင်း ပင့်မခြင်း ခံရမည်ဟုလည်း ယုံကြည်ပါသည်။ ထိုအရာများကို တွေးရင်းဖြင့် ကျွန်တော်တို့ကို အလွန်ပင်စိတ်လှုပ်ရှားစေကာ၊ သခင်က ကျွန်တော်တို့ထံသို့ မြန်မြန်ကြွလာတော်မူဖို့အတွက် တောင့်တ မိပါသည်။ ဤသည်မှာ ယခင်က ကျွန်တော်တောင့်တခဲ့သည့် အရာလည်း ဖြစ်ပါသည်။ သို့သော်လည်း ဤအရေးကိစ္စကို ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် ဆွေးနွေးခြင်း နှင့် မိတ်သဟာယပြုခြင်းတို့အပြီးတွင်၊ ကျွန်တော်သည် အသစ်သောရှာဖွေတွေ့မှုတစ်ခုကို ရရှိလာကာ၊ ကျွန်တော် ရရှိခဲ့သည့် အရာများကို သင်တို့အားလုံးနှင့် ဤနေရာတွင် မိတ်သဟာယပြု လိုပါသည်...

ကျွန်တော်တို့ အပြစ်များလွှတ်ခံရခြင်း ၏ စစ်မှန်သည့် အဓိပ္ပါယ်

ပထမဆုံးအနေဖြင့် ကျွန်တော်တို့သည် တစ်စုံတစ်ခုကို နားလည်ရန် လိုအပ်သည်။ ကျွန်တော်တို့ အပြစ်များလွှတ်ခြင်းခံရသည် ဆိုသည်မှာ မည်သည့်အရာကို အသေအချာ ဆိုလိုသနည်း။ ထိုအရေးကိစ္စနှင့် ပတ်သက်ပါက ဘုရားသခင်က ကိုယ်တော်၏ ပညတ်တော်များနှင့် တရားတော်များကို ပညတ်တော်ခေတ်တွင် မောရှေမှတစ်ဆင့် ကြေငြာတော်မူခဲ့သည်ကို ကျွန်တော်တို့အားလုံး သိပါသည်။ တရားတော်၏ နည်းလမ်းများအားဖြင့် ကိုယ်တော်က လူများအား အပြစ်ကို သတိပြုမိစေပြီး၊ ထိုအချိန်ကလူများအား ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ပုံ အခြားသူများနှင့် အတူတကွ အသက်ရှင်နေထိုင်ပုံ နှင့် သူတို့ အပြစ်ကျူးလွန်ပါက၊ သူတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရမည် ဖြစ်ကြောင်းတို့ကို ကိုယ်တော်က သိရှိစေခဲ့သည်။ ယေဟောဝါဘုရားသခင်ကို ပူဇော်ဆက်ကပ်မှုတစ်ခု ပြုလုပ်ခြင်းဖြင့်သာလျှင် သူတို့၏ အပြစ်များလွှတ်ခြင်း ခံရမည် ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် ပြောထားသကဲ့သို့ပင် “ဣသရေလအမျိုးသားတို့အား ပြောဆိုရမည်မှာ၊ မပြုအပ်သော အရာများနှင့် ပတ်သက်၍ ယေဟာဝါ၏ ပညတ်ချက်များကို တစ်ခုမျှ မသိခြင်းမှတစ်ဆင့် ဝိညာဉ်တစ်ဦးသည် အပြစ်ပြုမိပြီး ဆန့်ကျင်လုပ်ဆောင်မိလျှင်၊ ဘိသိက်ခံရသော ယဇ်ပရောဟိတ်သည် လူတို့၏ အပြစ်အတိုင်း အပြစ်ပြုမိလျှင်၊ သူပြုမိသော အပြစ်အတွက် အနာအဆာမရှိသည့် အသက်ပျိုသော နွားထီးကို ယေဟောဝါထံသို့ အပြစ်ဖြေရာယဇ်အဖြစ် ဆောင်ယူပါစေ။” (ဝတ်ပြုရာ ၄:၂-၃) ဟုဖြစ်ပါသည်။ ပူဇော်ဆက်ကပ်ခြင်းဖြင့်သာလျှင် လူသားမျိုးနွယ်၏ အပြစ်များကို လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း ပညတ်တော်ခေတ် အဆုံးသတ်တွင် လူသားမျိုးနွယ်သည် စာတန်အားဖြင့် ပို၍ပို၍ ဖောက်ပြန်ပျက်စီး လာသောကြောင့် သူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို ကျင့်ကြံထိန်းသိမ်းနိုင်ခြင်းမရှိတော့ပါ၊ ၎င်းတို့ကို ရွေးနှုတ်နိုင်သည့် အပြစ်ဖြေရာပူဇော်ဆက်ကပ်ခြင်း တစ်စုံတစ်ရာသည့် လုံးဝမရှိ တော့သည့်အပြင်၊ သူတို့အားလုံးသည်လည်း ပညတ်တော်အားဖြင့် အသေသတ်ခြင်းကို ခံရမည့် ဘေးအန္တရာယ် ရှိလာခဲ့ပါသည်။

ဘုရားသခင်သည် ကျွန်တော်တို့ အားလုံး ပညတ်တော်အားဖြင့် သေဆုံးကြမည်ကို တွေ့မြင်လိုခြင်း မရှိသောကြောင့် ကိုယ်တော်သည် လူ့ဇာတိပကတိကို ခံယူကာ သခင်ယေရှု၏၏ သဏ္ဌာန်အားဖြင့် လူကြားတွင် အမှုတော်ဆောင်ခဲ့ပါသည်။ ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဟောကြားပြီး၊ လူများအား သူတို့၏ အပြစ်အတွက် ဝန်ချတောင်းပန်ရန် နှင့် ဝန်ခံရန်တို့အတွက် စေခိုင်းခဲ့သည်မှာ နောက်ဆုံးတွင် ကိုယ်တော်သည် ကားတိုင်တော်ပေါ် အတင်ခံရပြီး၊ လူသားမျိုးနွယ်အားလုံးအတွက် အပြစ်ဖြေရာယဇ်ဖြစ်လာသည် အထိပင် ဖြစ်သည်။ သမ္မာကျမ်းစာတွင် ပြောထားသည့်အတိုင်းပင် ဖြစ်သည်၊ “ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။” (ဟေဗြဲ ၁၀:၁၀-၁၁) သခင့်ရွေးနှုတ်ခြင်းကြောင့် ကျွန်တော်တို့အပြစ်များလွှတ်ခြင်းခံရပြီး၊ ကျွန်တော်တို့သည် ပညတ်တော်အားဖြင့် သေဒဏ်ပေးခြင်း ခံရမည့် အန္တရာယ်မှ ရုန်းထွက်လွတ်မြောက်ခဲ့သည်။ ထိုလုပ်ဆောင်ချက်များကို ကျွန်တော်တို့ ပြန်လည်တွေးတောမိ သည့်အခါတိုင်း ယနေ့ထိတိုင် ကျွန်တော်တို့ လူသားမျိုးနွယ်ကို ရှင်သန်စေသည်မှာ ဘုရားသခင်၏ သနားကရုဏာ နှင့် သက်ညှာမှုတို့ဖြစ်သောကြောင့် ကျွန်တော်တို့ နှလုံးသားများတွင် မယုံနိုင်ဖွယ်ရာ နွေးထွေးသည့် အာရုံမျိုး ခံစားရပါသည်။ သမ္မာကျမ်းစာတွင် “ကျေးဇူးတော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ် တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့ သည်းခံရကြ၏။” (ဧဖက် ၁:၇-၈) ဟု ဆိုထားပါသည်။ သခင်ယေရှုသည် ကျွန်တော်တို့အတွက် ကားတိုင်တင်ခံရခြင်းအားဖြင့် ကျွန်တော်တို့ ရွေးနှုတ်တော်မူခဲ့သောကြောင့် ကျွန်တော်တို့၏ အပြစ်များသည် လွှတ်ခြင်းခံရသည်မှာ ရှင်းပါသည်။ ထို့နောက်တွင် ကျွန်တော်တို့သည် ဘုရားသခင်၏ ပညတ်တော်များအားဖြင့် လုံးဝစီရင်ခြင်း မခံရတော့ပဲနှင့်၊ ဘုရားသခင်ကလည်း ကျွန်တော်တို့ကို အပြစ်ရှိသည်ဟု လုံးဝ မမြင်တော့သည့်အပြင် ကျွန်တော်တို့သည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ရန် နှင့် ဘုရားသခင်ကို ဆုတောင်းရန်၊ ကျွန်တော်၏ အပြစ်များကို ဝန်ခံပြီး ဝန်ချတောင်းပန်ရန် နှင့် ကျွန်တော်တို့အပေါ် ဘုရားသခင် ပေးအပ်နှင်းတော်မူသည့် ပေါ်လျှံသည့် ကျေးဇူးတော်ကို ပျော်မွေ့ရန် တို့အတွက် နောက်ဆုံးတွင် အရည်အသွေးပြည့်ဝလာခဲ့ပြီ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော်တို့အပြစ်များလွှတ်ခံရခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။

ကျွန်တော်တို့၏ အပြစ်များလွှတ်ခံရခြင်း ဆိုသည်မှာ ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီဟု ဆိုလိုခြင်း ဖြစ်ပါသလား

ကျွန်တော်တို့သည် သခင်အားဖြင့် ကျွန်တော်တို့၏ အပြစ်များမှ လွှတ်ခြင်းခံရပြီး၊ ဘုရားသခင်သည် ကျွန်တော်တို့ကို အပြစ်ရှိသူများ အဖြစ် လုံးဝ မရှုမြင်တော့ပါ။ သို့သော်လည်းကျွန်တော်တို့သည် အပြစ်နှင့် အညစ်အကြေးတို့မှ ကင်းစင်ခဲ့ပြီဟု ဤအချက်က ဆိုလိုခြင်းမဟုတ်ပါ။ ၎င်းကို ကျွန်တော်တို့ သေချာစွာတွေးတောပါက၊ ကျွန်တော်တို့သည် သခင့်ကို ယုံကြည်သော်လည်း၊ သခင့်အတွက် ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီး၊ အလုပ်ကြိုးစားနိုင်သည့်အပြင်၊ အပြင်ပန်းတွင် ကျွန်တော်တို့သည် ကောင်းကောင်းမွန်မွန်နေသည့် အသွင်ပေါက်နေသော်လည်း၊ ကျွန်တော်တို့သည် နေ့အချိန်တွင် အပြစ်ကျူးလွန်ပြီး၊ ညတွင် အပြစ်များကို ဝန်ခံသည့် နည်းအားဖြင့် အသက်ရှင်နေထိုင်နေဆဲ ဖြစ်ကြသည်၊ ကျွန်တော်တို့သည် မိမိတို့ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ခြင်း မရှိ သကဲ့သို့ မိမိတို့ကိုယ်ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေ ခြင်းလည်း မရှိခဲ့ပါ။ ဥပမာအနည်းငယ်ကို စာရင်းပြုစုရန်- အခြား လူများက ကျွန်တော်တို့ အကျိုးစီးပွားကို ဆန့်ကျင်သည့် တစ်စုံတစ်ခုကို ပြုသည့်အခါတွင်၊ ကျွန်တော်တို့၏ အတ္တနှင့် စက်ဆုပ်ဖွယ်ဖြစ်သည့် သဘာဝများကြောင့် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားကိုသာ အမြဲတမ်း ဦးစားပေးလေ့ရှိကြပြီး၊ အခြားသူများကို ဆက်ဆံရာတွင် ကျွန်တော်တို့ထံမှ အမုန်းတရားသည် ပေါ်ထွက်လာနိုင်သည့်အပြင်၊ ကျွန်တော်တို့သည် အလွယ်တကူပင် မိမိနှင့်သက်ဆိုင်သူကို မိမိတို့တမျှ ချစ်နိုင်စွမ်း မရှိဖြစ်လာသည်၊ ကျွန်တော်တို့သည်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုပြီး၊ ရိုးသားသူများဖြစ်လိုသည့်အခါ၊ ကျွန်တော်တို့သည် မိမိကိုယ်ကျိုးများအတွက် အခြားသူများကို အမှုမဲ့အမှတ်မဲ့ဖြင့် လှည့်စားရန် နှင့် လိမ်ညာရန် ကြိုးစားကြသည်၊ သခင်က ကျွန်တော်တို့အား မိမိကိုယ်ကိုနှိမ့်ချရန် စေခိုင်းကြောင်း ကောင်းစွာသိသော်လည်း၊ ကျွန်တော်တို့သည် မကြာခဏ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ၊ မည်သူ့ကိုမျှလည်း နားမထောင်ပါ။ ကျွန်တော်တို့သည် သခင်နှင့် ဥစ္စာဓနနှစ်ခုလုံးကို အစေခံ၍မရကြောင်း သခင်ယေရှုမိန့်တော်မူခဲ့သည်ကို ကောင်းစွာသိသော်လည်း၊ ချမ်းသာကြွယ်ဝမှု နှင့် ရုပ်ဝထ္ထုဆိုင်ရာ စည်းစိမ်များအားဖြင့် ပိုင်ဆိုင်ခြင်းကိုခံရနိုင်စွမ်း ရှိဆဲဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် ကျွန်တော်တို့သည် ကျွန်တော်တို့၏ ဆုတောင်းခြင်း များကို ပုံမှန်မရွတ်ဆိုပဲနှင့်၊ အစည်းအဝေးများကိုလည်း ပုံမှန်မ တက်ရောက်သည့်အပြင် အချို့သော ညီအစ်ကိုမောင်နှမများက လောက၏ ရေပန်းစားမှုများကိုပင် နောက်လိုက်ကြကာ၊ အမည်ခံ ခရစ်ယာန်များသာဖြစ်သည့် ယုံကြည်သူအတုအယောင်များ ဖြစ်လာခဲ့ ပါသည်...ထိုအပြုအမူများက ကျွန်တော်တို့သည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်နေထိုင်ကာ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်တို့အကြားတွင် အသက်ရှင်နေထိုင်နေသည်ဟု သက်သေပြ မနေပါလား။ ကျွန်တော်တို့အနေဖြင့် အညစ်အကြေးများဖြင့် နေရာအနှံ့ ဖုံးလွှမ်းနေသည့် အားလျော်စွာ၊ ဘုရားသခင်၏ မျက်နှာတော်ကို မည်သို့ရှုမြင်နိုင်မည်နည်း။သမ္မာကျမ်းစာတွင် “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန် ၈:၃၃-၃၅) ဤနေရာတွင် သခင်သည် အလွန် ရှင်းလင်းစွာ မိန့်တော်မူထားသည်။ ကျွန်တော်တို့သည် အပြစ်လုပ်ခြင်းနှင့် ဝန်ခံခြင်း ၏မကောင်းကျိုးသံသရာအတွင်း အသက်ရှင်နေထိုင်ပြီး၊ အပြစ်၏ကျွန်များဖြစ်၍ ဘုရားသခင်သည် ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါ။

ထို့ကြောင့် ကျွန်တော်တို့ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ကို မည်သို့ဝင်ရောက်နိုင်မည်နည်း

ဘုရားသခင်က “ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၁၆) ဟု မိန့်တော်မူခဲ့သည်။ ဗျာဒိတ်ကျမ်း ၁၄:၅ က “အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” ဟု ပြောထားပါသည်။ ဗျာဒိတ်ကျမ်း ၃:၁၈ က “သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။” ဟု ပြောထားပါသည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဘုရားသခင်အားဖြင့် သန့်စင်ခြင်းခံရသူများ၊ အညစ်အကြေးများနှင့် ဖောက်ပြန်ပျက်စီးမှု များကို ဖယ်ရှားသူများသာလျှင် ဘုရားသခင်၏ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုခြင်းများမှ တွေ့မြင်နိုင်ပါသည်။ ထိုနည်းတူပင် မိမိကိုယ်ကို မှီခိုခြင်းမျှရုံအားဖြင့် အပြစ်၏ချည်နှောင်ခြင်းများကို ဖယ်ရှားရန် ကျွန်တော်တို့အတွက် မဖြစ်နိုင်သည်မှာ မှန်ကန်ကြောင်းကို ကျွန်တော်တို့က သိပါသည်။ သခင်၌ ကျွန်တော်တို့ညီအစ်ကိုမောင်နှမများ အကြားတွင် မည်သူသည် အပြစ်တွင် အသက်ရှင်နေထိုင် လိုမည်နည်းဟု ကျွန်တော် မေးလို့ရပါသလား။ ကျွန်တော်တို့ ကိုယ်ပိုင် ဆန္ဒများအားဖြင့် ဝေဖန်သုံးသပ်ပါက၊ ကျွန်တော်တို့တစ်ယောက်မျှ အပြစ်တွင် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသူ မပါရှိသော်လည်း၊ ကျွန်တော်တို့သည် အမှုမဲ့အမှတ်မဲ့ အမြဲတမ်း အပြစ်ကျူးလွန်ပြီး၊ ထို့နောက် ၎င်းတို့အား ဝန်ခံကာ၊ အလွန်အမင်း နာကျင်ခံစားရ၍ ကူညီရာမဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့သည် မိမိကိုယ်ကို အပြစ်၏ ချည်နှောင်မှုများနှင့် ကန့်သတ်ချက်ဘောင်များမှ ဖယ်ရှားပြီး၊ သန့်စင်ခြင်းကို ခံလိုပါက၊ ကျွန်တော်တို့သည် ဘုရားသခင်၏ ပိုမိုသော ကယ်တင်ခြင်းကို လိုအပ်ပါသည်။

သမ္မာကျမ်းစာကို သေချာစွာ စစ်ဆေးခြင်းဖြင့် သခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် နောက်ဆုံးသောကာလ၌ စီရင်ခြင်း အမှုတော်ကို ပြုမည်ဖြစ်ကြောင်း နေရာများစွာတွင် ပရောက်ဖက်ပြု ထားသည်ကို တွေ့နိုင်ပါသည်။ ဥပမာအားဖြင့် ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇က “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဟု ပြောထားပါသည်။ ရှင်ယောဟန် ၁၂:၄၇-၄၈ တွင် “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” ဟု ပြောထားပါသည်။ ပြီးနောက် ရှင်ယောဟန် ၁၆:၈ တွင် “ဥပဇ္ဇျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ဟု ပြောထားပါသည်။ ထိုကျမ်းချက်များမှ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အိမ်တော်မှ စတင်မည့် စီရင်ခြင်းအမှုတော်သည် ပြန်ကြွလာသည့် သခင် ယေရှုအားဖြင့် ဆောင်ရွက်တော်မူမည် ဖြစ်ကာ၊ ကျွန်တော်တို့အတွင်း၌ သယ်ဆောင်လေ့ရှိသည့် အပြစ်နှင့် အပြစ်ရှိသည့်သဘာဝများ၏ ဇစ်မြစ်သည် အလုံးစုံ နှုတ်ပယ်ခံရခြင်းမရှိမီ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားဖို့လိုကြောင်း ကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။

သို့သော်လည်း ဘုရားသခင်သည် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို မည်သို့ပြုတော်မူမည်ဖြစ်ပြီး၊ ကျွန်တော် တို့ကလည်း ၎င်းကို မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ သမ္မာကျမ်းစာ တွင် ဤမေးခွန်းများအတွက် အဖြေကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသော်လည်း သခင်က ပရောက်ဖက်ပြုခဲ့သည်မှာ ကြာခဲ့ပါပြီ၊ “ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၁၁) သခင်သည် ကျွန်တော်တို့ကို ပြောစရာများစွာ ကျန်ရှိသေး ကြောင်းနှင့် သမ္မာတရားဆိုင်ရာ ဝိညာဉ်တော်သည် ကျွန်တော့်ကို သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ပြောရန်၊ ကျွန်တော်တို့၏ အပြစ်များကို စီရင်ရန် နှင့် အပြစ်ကင်းလွတ်သည့် လမ်းခရီးကို ကျွန်တော်တို့အား ပြရန် နောက်ဆုံးသောကာလတွင် ကြွတော်မူမည် ဖြစ်ကြောင်း တို့ကို ဤပရောဖက်ပြုခြင်းများမှ မြင်တွေ့နိုင်ပါသည်။ ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် ကျွန်တော်တို့ လုပ်ဆောင်ရမည့် အရာမှာ ဘုရားသခင် မိန့်တော်မူသည့် နှုတ်ကပတ်တော်များကို နားထောင်ရန်သတိပြုပြီး၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ စီရင်ခြင်းအမှုတော်ကို ရှာဖွေကာ၊ လေ့လာရမည် ဖြစ်သည်၊ ထိုသို့လုပ်ခြင်းဖြင့်သာလျှင် ကျွန်တော်တို့သည် ပညာရှိသည့် သတို့သမီးများကဲ့သို့ဖြစ်ကာ၊ သခင့်ကြွတော်မူခြင်းကို ကြိုဆို၊ သခင်နှင့် အတူ စားသောက်၊ ဘုရားသခင်အားဖြင့် သန့်စင်ခြင်းခံကာ၊ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ဦးဆောင်ခြင်းခံရမည် ဖြစ်သည်။

ခင်မင်လေးစားရပါသော ညီအစ်ကိုမောင်နှမများ ကျွန်တော်တို့ အားလုံး ဤဆုတောင်းခြင်းကို သခင့်ထံသို့ ရွတ်ဆိုကြရအောင်။

“အိုသခင်။ ကျွန်တော်တို့ကို ကိုယ်တော်လမ်းပြဖို့၊ ကိုယ်တော် မိန့်မြွက်တော်မူတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ကြားနိုင်စွမ်း နှင့် နောက်ဆုံးသောကာလတွင် ကိုယ်တော်ပြန်ကြွခြင်းကို ကြိုဆို နိုင်စွမ်းပေးဖို့ တို့ကို ကိုယ်တော့်ထံမှာ တောင်းလျှောက် ပါတယ်...”

အမှာစကား ချန်ခဲ့မည်