စာရင်း

ဘေးအန္တရာယ်မတိုင်မှီ ချီဆောင်ခြင်းဆိုတာက ဘာလဲ။ ချီဆောင်ခြင်းကိုဘယ်လိုရရှိနိုင်မလဲ။

အမြန်လမ်းညွှန်
ချီဆောင်ခြင်းသည် ကောင်းကင်ဘုံ၌ ဆောင်ယူခြင်းခံရသည်ဟု အမှန်တကယ် ဆိုလိုပါသလား။
ကပ်ဘေးမတိုင်မီ ချီဆောင်ခံရခြင်းကဘာလဲ။
ကပ်ဘေးများမကျရောက်မီ ချီဆောင်ခံရနိုင်မည့်နည်းလမ်း။

(၂၀၁၉) ခုနှစ်အကုန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ 'ဝူဟန်' တွင်ဖြစ်ပွားခဲ့သည်။ ယခု ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာအနှံ့ရှိနိုင်ငံပေါင်း (၂၇) ခုသို့ ပျံ့နှံ့သွားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤအရာသည် နိုင်ငံတကာအလေးထားရမည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သည်ဟု ကြေငြာခဲ့ပါသည်။ သြစတြေးလျ၌ မကြုံစဖူး (၄) လတာတောမီးလောင်မှုများသည်လည်း ကျယ်ပြန့်သောစိုးရိမ်မှုကိုဖြစ်ပေါ်စေသည်။ ထို့အပြင် (၂၀၂၀) ခုနှစ်တွင် အရှေ့အာဖရိကနိုင်ငံသည် (၂၅) နှစ်အတွင်း သဲကန္တာရကျိုင်းကောင်များ၏ အဆိုးရွားဆုံးကျူးကျော်မှုကိုခံခဲ့ရသည်။ ရလဒ်အနေဖြင့် အာဖရိကနိုင်ငံများစွာ၌ ပြင်းထန်သော စားနပ်ရိက္ခာအကျပ်အတည်းများ ဖြစ်ပွားခဲ့သည်။ အနှစ် (၁၀၀) အတွင်း အဆိုးရွားဆုံး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘရာဇီးလ်နိုင်ငံအရှေ့တောင်ပိုင်းတွင် မရေမတွက်နိုင်သောအိမ်ရာမြေများကို ဖျက်ဆီးပစ်ခဲ့သည်။ ယခု ကမ္ဘာအနှံ့တွင် ကပ်ဘေး၊ မီးဘေး၊ ကျိုင်းကောင်ဘေး၊ ထို့အပြင် သွေးရောင်လွှမ်းသော လ (၄) လုံးသည်လည်း ပေါ်လာပြီးဖြစ်သည်။ သခင်ယေရှုပြန်ကြွလာခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်ပြည့်စုံကြောင်း ဤနိမိတ်လက္ခဏာများအားလုံးက ညွှန်ပြပါသည်။ သခင်ယေရှုပြန်ကြွလာခြင်းလက္ခဏာများနှင့်ပတ်သက်၍ သခင်ယေရှုက ဤသို့ပရောဖက်ပြုခဲ့သည် - "ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။- အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။”-(ရှင်လုကာခရစ်ဝင် ၂၁:၁၀-၁၁)

ညီအစ်ကိုမောင်နှမများစွာတို့သည် အလွန်စိုးရိမ်ပူပန်ပြီး စိတ်ရှုပ်ထွေးမှုများစွာကို ကြုံတွေ့နေကြရသည်။ ယခုအခါ ဘေးအန္တရာယ်များ အလွန်များပြားလာပြီး သခင်ပြန်ကြွလာမည့် ပရောဖက်ပြုချက်ပြည့်စုံခဲ့ပြီဖြစ်သော်လည်း အဘယ်ကြောင့် ဘေးအန္တရာယ်များမဖြစ်ပွားမီ ကျွန်ုပ်တို့သည် ချီဆောင်ခြင်း မရရှိကြသနည်း။ ကိုယ်တော်သည်သစ္စာရှိ၍ နောက်ဆုံးသောကာလ၌ ကျွန်ုပ်တို့အား ခေါ်ဆောင်သွားမည်ဟူသောသူ၏ကတိတော်ကို ပြည့်စုံစေမည်။ သို့ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကတိထားတော်မူသည့်အတိုင်း ဘေးအန္တရာယ်များမဖြစ်ပွားမီ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ချီဆောင်ခြင်းကိုမရရှိကြသနည်း။ ချီဆောင်ခြင်းအကြောင်းကို ကျွန်ုပ်တို့နားလည်ခြင်းမှာ တစ်ခုခုမှားယွင်းနေလို့များလား။ ဤပြဿနာနှင့်ပတ်သက်၍ ယနေ့ အတူတကွ မိတ်သဟာရ ဖွဲ့ကြပါစို့။

ချီဆောင်ခြင်းသည် ကောင်းကင်ဘုံ၌ ဆောင်ယူခြင်းခံရသည်ဟု အမှန်တကယ် ဆိုလိုပါသလား။

"ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။" (သက်သာလောနိတ်ဩဝါဒစာပထမစောင် ၄:၁၇) အရ ဘေးအန္တရာယ်များမဖြစ်ပွားမီ ကောင်းကင်၌ ချီဆောင်ခံရရန်နှင့် သခင်ပြန်ကြွလာသောအခါ သခင်နှင့်တွေ့ဆုံရန် ကျွန်ုပ်တို့ မျှော်လင့်ကြသည်။ အမှန်မှာ ဤကျမ်းပိုဒ်သည် သခင်ယေရှု၏စကားတော်များမဟုတ်ဘဲ ပေါလု၏စကားများကို ကျွန်ုပ်တို့ လက်ကိုင်စွဲထားခြင်းသာဖြစ်သည်။ ပေါလု၏စကားများကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော်လည်း သူသည် တမန်တော်တစ်ပါးမျှသာဖြစ်သည်။ သူ၏စကားအချို့သည် သန့်ရှင်းသောဝိညာဉ်တော်အလင်းပွင့်ပြခြင်းမှ ထွက်ပေါ်လာသော်လည်း အချို့သည် သူ၏အတွေးအခေါ်များနှင့် စိတ်ကူးစိတ်သန်းများဖြစ်သဖြင့် သမ္မာတရားနှင့်မကိုက်ညီပါ။ ထို့ကြောင့် သခင်ပြန်ကြွလာခြင်းကိုကြိုဆိုသောအခါ သခင်ယေရှု၏စကားတော်များကို စံအဖြစ်ယူမှတ်သင့်သည်။ ၎င်းသည်သာလျှင် ဘုရားသခင့်အလိုတော်နှင့် ကိုက်ညီပေသည်။

ချီဆောင်ခြင်းက ကောင်းကင်ဘုံသို့ ဆောင်ယူခံရခြင်းကိုဆိုလိုပါသလား။ သခင်သည် ကျွန်ုပ်တို့ကို သခင့်ဆုတောင်းခြင်းအားဖြင့် သင်ကြားခဲ့သည် -"ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။- နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။" (ရှင်မဿဲခရစ်ဝင် ၆:၉-၁၀) သခင်ယေရှုက နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် မိမိ၏နိုင်ငံတော်တည်ထောင်မည်ကိုလည်းကောင်း၊ အလိုတော်ကို မြေကြီးပေါ်၌ပြည့်စုံစေမည်ဟုလည်းကောင်း အတိအလင်းမိန့်ကြားခဲ့သည်။ (ဗျာဒိတ်ကျမ်း ၂၁:၂-၃)တွင် ဤသို့ပရောဖက်ပြုထားသည် - “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။- ကောင်းကင်မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။"- (ဗျာဒိတ်ကျမ်း ၁၁:၁၅)တွင်လည်း “သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။"- ဤပရောဖက်ပြုချက်များတွင် - “ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်၊" "ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏၊" "လောကီနိုင်ငံသည် ငါတို့သခင်နှင့် ခရစ်တော်၏နိုင်ငံဖြစ်လေပြီ၊" ၎င်းတို့အားလုံးက ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် မြေကြီးပေါ်ရှိလူတို့နှင့် အတူရှင်သန်မည်ဖြစ်ကြောင်း၊ မြေကြီးပေါ်တွင် နိုင်ငံတော်ကိုတည်ထောင်တော်မူကြောင်း သက်သေပြကြသည်။ သို့သော် များစွာသောသူတို့သည် သခင်ယေရှုပြန်ကြွလာသောအခါ သခင်နှင့်တွေ့ဆုံရန် လေထဲတွင်ဆောင်ယူခံရမည်ဟု ယုံကြည်ကြသည်။ ဒါက သူတို့ရဲ့အယူအဆနဲ့စိတ်ကူးမဟုတ်ပေဘူးလား။ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင်တည်ထောင်ရန် အစီအစဉ်ရှိသော်လည်း သူတို့သည် အမြဲတမ်း လေထဲတွင်ချီဆောင်ခြင်းကို ခံရလိုကြသည်။ ဤအမှုသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်မဟုတ်လော။

အမှန်မှာ ကျွန်ုပ်တို့သည် ၎င်းကို ဘုရားသခင့်အလုပ်လုပ်ဆောင်ခြင်းမှ တွေ့ရှိနိုင်သည်။ ဘုရားသခင်သည် လူကို ပထမဦးဆုံးဖန်ဆင်းခဲ့သကဲ့သို့ သူသည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်းပြီး အာဒံနှင့်ဧဝကို ဘုရားသခင်အားကိုးကွယ်ရန်နှင့် ကမ္ဘာပေါ်ရှိအရာအားလုံးကိုစီမံရန် ဦးဆောင်ခဲ့သည်။ ဘုရားသခင်သည် နောဧခေတ်တွင် ရေလွှမ်းမိုးခြင်းကိုရှောင်ရှားရန် နောဧနှင့်သူ၏မိသားစုကို လေထဲမဆောင်ယူဘဲ မြေကြီးပေါ်တွင်သင်္ဘောဆောက်ရန် အမိန့်ပေးခဲ့သည်။ ရေလွှမ်းမိုးခြင်းနောက်တွင် နောဧမိသားစုအား ရှင်သန်ကာ များပြားစေခဲ့သည်မှာလည်း ကမ႓ာမြေကြီးပေါ်တွင်ဖြစ်သည်။ ပညတ်တော်ခေတ်နှောင်းပိုင်းတွင် လူတို့သည် ဥပဒေများကိုချိုးဖောက်ခြင်းကြောင့် ကွပ်မျက်ခံရမည့်အန္တရာယ်ကြုံတွေ့ရသောအခါ ဘုရားသခင်က သူတို့ကို အပြစ်ဖြေရာယဇ်ပူဇော်ရန် လေထဲချီဆောင်သွားခြင်းမပြုခဲ့ပါ။ ယင်းအစား ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်လာပြီး လူသားများကို ၎င်းတို့၏အပြစ်များမှ ရွေးနုတ်ရန် လက်ဝါးကပ်တိုင်မှာအသေခံခဲ့သည်။ ဘုရားသခင်လုပ်ဆောင်သည့်အချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် လူများကိုကယ်တင်ခြင်း၊ လူတို့အား အသက်တာဝတ်ပြုကိုးကွယ်ခြင်းကို ဆောင်ကျဉ်းပေးခဲ့ပြီး သူသည် မည်သူ့ကိုမျှ လေထုထဲတွင်ချီဆောင်ခြင်းမပြုကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ ထို့ကြောင့် ကျွန်ုပ်တို့မျှော်လင့်ချက်က လေထဲသို့ ချီဆောင်ခံရဖို့ဆိုတာ ဘုရားသခင်၏အလုပ်နှင့်မကိုက်ညီပါ။

ကပ်ဘေးမတိုင်မီ ချီဆောင်ခံရခြင်းကဘာလဲ။

ဘေးအန္တရာယ်များမတိုင်မီ ဆောင်ယူခံရခြင်းဆိုသည်မှာ ဘယ်အရာကို ဆိုလိုသည်ကို နားလည်ရန်၊ ဆောင်ယူခံရခြင်းအကြောင်းကို ဦးစွာ ပြောကြပါစို့။ ဘုရားသခင့်စကားတော်က ဤသို့ဆိုသည်- “‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ “ဆောင်ယူခံရခြင်း” ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။” ယင်းမှ နားလည်သိရှိနိုင်သည်မှာ ဆောင်ယူခံရခြင်းသည် ကျွန်ုပ်တို့တွေးထင်သလို မိုးကောင်းကင်သို့ ဆောင်ယူခံရပြီး သခင်နှင့်အတူ စုံစည်းခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ယင်းမှာ ဘုရားသခင်က မြေကြီးပေါ်သို့ ရောက်ရှိလာပြီး အလုပ်လာလုပ်ချိန်တွင် လူတို့က ဘုရားသခင်၏အသံတော်ကို ကြားသိပြီး သခင့်ကိုသိမြင်နိုင်ကာ ဘုရားသခင်၏ အသစ်သော အမှုတော်ကို လက်ခံလိုက်လျှောက်နိုင်ပြီး ဘုရားသခင်ရှေ့တော်မှောက်သို့ရောက်ရှိလာနိုင်ခြင်းသည် ဆောင်ယူခံရခြင်း၏ စစ်မှန်သည့် အနက်အဓိပ္ပါယ်ဖြစ်သည်။ ပညတ်တော်ခေတ်ကာလနှောင်းပိုင်းကဲ့သို့ပင် သခင်ယေရှုသည် ရွေးနှုတ်ကယ်တင်သည့်အမှုတော်ကို လာထမ်းဆောင်ချိန်တွင် သခင့်၏အသံတော်ကို ကြားသိပြီး သခင့်ကို သိမြင်နိုင်သူတို့သည်၊ ထိုသူသည် မေရှိယဖြစ်ကြောင်း ခရစ်တော်ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ပြီး သခင်၏ကယ်တင်ခြင်းတရားကို လက်ခံလိုက်ကြသည်၊ ယင်းသည် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ဆောင်ယူခံရခြင်းပင် ဖြစ်သည်။ ပေတရု၊ မဿဲ၊ လုကာ စသည်ကဲ့သို့သောသူနှင့် သခင်၏ကယ်တင်ခြင်းတရားကို လက်ခံသောသူတိုင်းသည် သခင်၏ရှေ့တော်မှောက်သို့ ဆောင်ယူခံရသောသူများဖြစ်ကြသည်။

ဒီတော့ ဘေးအန္တရာယ်မတိုင်မီ ချီဆောင်ခြင်းဆိုတာဘာလဲ။ ကြီးစွာသောဘေးအန္တရာယ်များမကျရောက်မီ ဘုရားသခင်သည် သူ၏အမှုတော်သစ်ကိုလုပ်ဆောင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်အသံတော်ကိုအသိအမှတ်ပြုပြီး နောက်ဆုံးသောကာလ ကိုယ်တော်၏လုပ်ဆောင်မှုကိုလက်ခံပြီး ဤအချိန်ကာလအတွင်း သိုးသူငယ်၏ခြေရာကိုလိုက်လျှောက်လျှင် ကျွန်ုပ်တို့သည် ဘေးအန္တရာယ်များမတိုင်မီ ချီဆောင်ခံရသူများဖြစ်ကြမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အောင်နိုင်သူများဖြစ်လာရန် အခွင့်အရေးရှိသည်။ သို့သော် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အယူအဆများနှင့် အတွေးအခေါ်များကိုစွဲကိုင်ပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို လက်မခံသောသူများသည် ဟိုးတစ်ချိန်က ဖာရိရှဲများကဲ့သို့ ဘေးအန္တရာယ်များမကျရောက်မီ ချီဆောင်ခြင်းခံရရန် ပျက်ကွက်ရုံသာမက ဘုရားသခင်၏အမှုတော်သစ်ဖြင့်လည်း ထုတ်ဖော်ခြင်းခံရကြကာ ဘုရားသခင်၏စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်း၏အရာများဖြစ်လာကြမည်။ သူတို့သည်သာ ဘေးအန္တရာယ်များ၌ ငိုကြွေး၍ ထာဝရ အံသွားခဲကြိတ်ပြီး အမှောင်ထဲ၌ အမြဲကျန်ရစ်ခဲ့မည်ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

ကပ်ဘေးများမကျရောက်မီ ချီဆောင်ခံရနိုင်မည့်နည်းလမ်း။

သခင်ယေရှုက "သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။" (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဗျာဒိတ်ကျမ်း အခန်းကြီး (၂) မှ (၃ )တို့တွင်လည်း ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။"ဟု အကြိမ်ကြိမ်ပရောဖက်ပြုထားသည်။ ထို့အပြင် (ဗျာဒိတ် ၃:၂၀)က "ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။" သခင်ယေရှု၏စကားတော်များမှ ကျွန်ုပ်တို့နားလည်ရသည်မှာ သခင်သည် သမ္မာတရားအလုံးစုံကို ကျွန်ုပ်တို့အား သွန်သင်ပြသရန် နောက်ဆုံးသောကာလ၌ ကြွလာလိမ့်မည်ဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်သည် အသင်းတော်များကို စကားလုံးများမြွက်ဆိုပြီး ကျွန်ုပ်တို့စိတ်နှလုံးတံခါးကို သူ၏စကားလုံးများဖြင့် ခေါက်လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပညာရှိသတို့သမီးတစ်ယောက်ဖြစ်မှသာလျင် သခင့်ကိုကြိုဆိုနိုင်ခြင်းနှင့် ဘေးအန္တရာယ်များမတိုင်မီ သခင့်ရှေ့တော်မှောက်၌ ဆောင်ယူခြင်းကိုရရှိနိုင်မည်ဖြစ်သည်။ လူအချို့က သခင်ပြန်လာပြီး စကားများမြွက်ဆိုသည်ဟု သက်သေခံကြသည်ကို ကြားသည့်အခါ ကျွန်ုပ်တို့သည် နှိမ့်ချစွာဖြင့် ရှာဖွေလေ့လာသင့်ပြီး၊ ထိုစကားများသည် ဘုရားသခင့်အသံတော်ဟုတ်မဟုတ်နှင့် ထိုစကားလုံးများ၌ ဩဇာအာဏာနှင့် အစွမ်းထက်မှုရှိမရှိ ပိုင်းခြားသိမြင်ဖို့ အာရုံစိုက်သင့်ပါသည်။ တစ်နည်းပြောရလျှင် လူတစ်ဦးသည် ဘုရားသခင်ရှေ့တော်၌ ဆောင်ယူခံရခြင်းရှိမရှိသည် အဓိကအားဖြင့် ဘုရား၏အသံတော်ကို အသိအမှတ်ပြုနိုင်ခြင်းရှိမရှိ၊ အသင်းတော်များထံ မြွက်ဆိုသည့် သန့်ရှင်းသောဝိညာဉ်တော်၏စကားများကို နှိမ့်ချစွာ ရှာဖွေနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ခြေရာတော်နောက်သို့ လိုက်လျှောက်နိုင်ခြင်းရှိမရှိပင် ဖြစ်သည်။ ဤသည်သာ ဘုရားသခင့်ပလ္လင်တော်ရှေ့၌ ချီဆောင်ခြင်းခံရမည့် အဓိက သော့ချက်ဖြစ်သည်။ ပေတရု နှင့်ယောဟန်ကဲ့သို့ သခင်ရဲ့ကယ်တင်ခြင်းကိုလက်ခံသော အခြားလူများတို့သည် သခင်ယေရှု၏တရားဒေသနာကိုနားထောင်ရန် အာရုံစူးစိုက်ခဲ့ကြပြီး၊ စိတ်နှလုံး နှိမ့်ချစွာ ရှာဖွေခဲ့ကြသောကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏နှုတ်မြွက်စကားတော်နှင့်အမှုတော်တို့မှ ကိုယ်တော်၏အသံတော်ကို အသိအမှတ်ပြုပြီး သိုးသူငယ်၏ခြေရာကိုလိုက်လျှောက်နိုင်ခဲ့ကြသည်။ 

ယခု နောက်ဆုံးသောကာလ၏ အဆုံးသတ်ချိန်ဖြစ်သည်။ ကပ်ဘေးများ၊ မီးဘေးများ၊ ရေကြီးမှုများစသည့် သဘာဝဘေးအန္တရာယ်များသည် နေရာတိုင်းတွင်ပျံ့နှံ့လျက်ရှိသည်။ သခင်ရဲ့ပေါ်ထွန်းခြင်းကို ရှာဖွေရန်အလွန်နီးကပ်နေပြီဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့ဘေးအန္တရာယ်များမတိုင်မီ ချီဆောင်ခံရခြင်းရှိမရှိနှင့် တိုက်ရိုက်ဆက်နွယ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုတွင် ပညာရှိသောအပျိုကညာများဖြစ်သင့်သည်၊ မည်သည့်အသင်းတော်သည် သခင်ပြန်ကြွလာကြောင်းသက်သေခံ၍ မည်သည့်အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်မှ စကားများမြွက်ကြားသည်ကို ရှာဖွေသင့်သည်။ သခင်ပြန်ကြွလာသောသတင်းကိုကျွန်ုပ်တို့ကြားရသောအခါ ကျွန်ုပ်တို့၏အတွေးအခေါ်များနှင့် စိတ်ကူးစိတ်သန်းများအရ အဓိပ္ပာယ်ဖွင့်ဆို၍ မရပါ။ သို့သော် ၎င်းသည် သမ္မာတရား၏ဖော်ပြချက်လား (သို့မဟုတ်) ဘုရားသခင်၏အသံတော်လားဆိုတာကို ဂရုပြုသင့်သည်။ ဤသည်မှာ ကျွန်ုပ်တို့ ချီဆောင်းခြင်းအခွင့်အလမ်း ပျောက်ဆုံးခြင်းကို ရှောင်ရှားနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ကပ်ဘေးမကျရောက်မီ ဆောင်ယူခြင်းကို ရရှိနိုင်မည့် နည်းလမ်းနှင့် ပတ်သက်သည့် ရှုပ်ထွေးမှုကို ဤဆောင်းပါးက ဖြေရှင်းပေးနိုင်ပါသလော? အကယ်၍ သင့်ကို ထောက်အကူပြုခဲ့ပါက သင်၏ သူငယ်ချင်းများကိုလည်း ပြန်လည်မျှဝေဖို့မမေ့နဲ့နော်။ သင်၏ ယုံကြည်မှုတွင် နောက်ထပ်အခြား ရှုပ်ထွေးသည့် မေးခွန်းများရှိပါက အောက်တွင် ဖော်ပြထားသည့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်၊ ကျွန်ုပ်တို့သည် သင်၏ မေးခွန်းများကို အချိန်မရွေး ဖြေရှင်းပေးနိုင်ပါသည်။

အမှာစကား ချန်ခဲ့မည်