စာရင်း

မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၁)

အာရှီး မလေးရှား

ကျွန်မ အသက် ၁၂ နှစ်တွင်၊ သခင်ယေရှုကို စတင်ယုံကြည်ခဲ့ပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်မ စတင်ယုံကြည်ပြီးနောက် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း နှင့် သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စုများတွင် နိုးကြားစွာနှင့် စွဲစွဲမြဲမြဲဖြင့် တက်ရောက်ခဲ့ပါသည်။ သမ္မာကျမ်းစာလေ့လာခြင်း အစည်းအဝေးများတွင် ကျွန်မတို့က တိမောသေ သြဝါဒစာ ဒုတိယစောင် ၄:၇-၈ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” ကို မကြာခဏ ဆွေးနွေးခဲ့ပါသည်။ ခရစ်ယာန်များအနေဖြင့် ကျွန်မတို့အပေါ်တွင် ဖြောင့်မတ်ခြင်းသရဖူကို အပ်နှင်းမည်ဖြစ် သောကြောင့် ကျွန်မတို့က ရှင်ပေါလုကို အတုခိုးပြီး၊ ပြေးလွှားကြိုးစားကာ အမှုတော်များ ထမ်းဆောင်သင့်သည်ဟု တွေးကြပါသည်။ ကျွန်မတို့၏ သင်းအုပ်ဆရာက ကောင်းကင် နိုင်ငံတော်သည် ကြိုးစားအားထုတ်မှုအားဖြင့် ဝင်ရောက်နိုင်ပြီး၊ သခင့်အမှုတော်ကို ဇွဲကောင်းကောင်းဖြင့် ပြုရန် နှင့် ရှာဖွေရန် တို့အတွက် ကျွန်မတို့ ကြိုးစားအားထုတ်သမျှ ကာလပတ်လုံး၊ သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော် သည် ကျွန်မတို့ အား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည်ဟု ပြောကာ မကြာခဏ အားပေးခဲ့ပါသည်။ ထိုသွန်သင်ချက်သည် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုတွင် အခြေခံအုတ်မြစ် ဖြစ်လာပြီး၊ ကျွန်မအနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လုံလောက်သည့် “တန်ဖိုး”စုပေါင်းရရှိလာရန်၊ ကိုယ်တော်ကြွ တော်မူသည့်အချိန်တွင် ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရရန် တို့အတွက် အသင်းတော် အစေခံခြင်း အလုပ်တွင် ပါဝင်ဖို့ မိမိစွမ်းအားရှိသမျှ လုပ်ဆောင်မည့် အကြောင်း မိမိကိုယ်ကို ကျိန်ဆိုခဲ့ပါသည်။

တက္ကသိုလ်တွင် ကျွန်မ၏ သင်းအုပ်ဆရာက အသင်းတော် သည် နေရာတိုင်းတွင် တိုးချဲ့နိုင်ရန် အသင်းတော်တွင် ပိုမိုများပြားသော စွမ်းရည်ရှိသူများကို မွေးမြူခြင်းအကြောင်း ပြောခဲ့သည်။ အသင်းတော်သည် ပါဝင်ရန် နှင့် အစေခံရန် လူများ လိုအပ်နေသည်ကို ကျွန်မတွေ့သည့်အချိန်တွင် ကျွန်မက “ငါသာ သခင့်အတွက် စိတ်ပိုင်းဖြတ်ပြီး အမှုတော်ဆောင်နိုင်မယ်၊ အလုပ်လုပ်နိုင်ပြီး အသုံးခံနိုင်မယ်ဆိုရင်၊ ဘုရားသခင်က ငါ့ကို ကောင်းကြီးမင်္ဂလာပေးမှာ သံသယရှိစရာမလိုတဲ့အပြင် ငါလည်း ကောင်းကင်ဘုံမှာ ငါ့အတွက် ဆုလာဒ်တွေကို စုဆောင်းရရှိ နိုင်တယ်” ဟု တွေးမိသည်။ ထိုကာလအတွင်း သီတင်းပတ်တိုင်း ကျွန်မသည် မိမိသင်တန်းအလုပ်များဖြင့် အလွန်အလုပ်ရှုပ် နေခဲ့သော်လည်း၊ အစေခံခြင်း အလုပ်၊ လေ့လာသည့် နေရာများကို ဦးဆောင်ခြင်း၊ ကျွန်မ ညီအစ်ကိုမောင်နှမများကို လည်ပတ်ခြင်းနှင့် ထောက်ပံ့ခြင်းတို့အပြင် အသင်းတော် လုပ်ဆောင်ချက်များကို စီစဉ်ခြင်း၊ အသင်းတော် သင်တန်းပေး ခြင်းတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခြင်း၊ နှင့် စသည်တို့ကို ပြုလုပ်ခြင်းဖြင့် အတန်းချိန်ပြင်ပမှ အချိန်များအားလုံးကို ကုန်စေခဲ့ပါသည်။ အသင်းတော်က ကျွန်မအစေခံခြင်းကို လိုအပ်သည့် အချိန်တိုင်း၊ ကျွန်မကို သေချာရှာဖွေတွေ့ရှိကြစေရန် နေခဲ့သည်။ ကျွန်မသည် အလုပ်များလွန်သောကြောင့် အသင်းတော် အစေခံခြင်းနှင့် ကျွန်မအတန်းများအကြား အသက်ရှုရန်အချိန်ပင် ရှားပါးလွန်းလှသော်လည်း၊ ကျွန်မ ကာယလုပ်အား နှင့် အမှုတော်ဆောင်ခြင်းများသည် အနာဂတ် ကောင်းတစ်ခုနှင့် သခင့်ကောင်းကြီး မင်္ဂလာ များအတွက် မည်သို့အလဲအထပ်လုပ်နိုင်မည်ကို တွေးလိုက်သည့်အချိန်တွင်၊ ကျွန်မ၏ ပေးဆပ်မှု များအားလုံးသည် ထိုက်တန်သည်ဟု ခံစားရပါသည်။

သို့သော်လည်း တဖြည်းဖြည်းချင်းဖြင့် အသင်းတော် ခေါင်းဆောင်များသည် အလှူငွေများနှင့် ပတ်သက်ပြီး မကြာခဏ အငြင်းပွားကြောင်း၊ သူတို့သည် အကျိုးစီးပွားများနှင့် ပတ်သက်ပြီး အုပ်စုများ ကွဲကုန်ကြကြောင်းအပြင်၊ အသင်းတော် အလုပ်သမားများသည် အဆင့်အတန်းအတွက် သူတို့အကြားတွင် ခိုက်ရန်ဖြစ်ပွားကြကြောင်း စသည်တို့ကို ကျွန်မ စတင်သတိပြု မိလာခဲ့ပါသည်။ ကျွန်မသည်လည်း မကြာခဏ အပြစ်၌ အသက်ရှင်နေထိုင်ပြီး ကျွန်မကို ဂရုစိုက်ပြီး ကူညီသည့် ညီအစ်ကိုမောင်နှမများ ကို အလွန်စိတ်အားထက်သန်စွာ ဆက်ဆံလေ့ရှိသော်လည်း၊ ကျွန်မနှင့် မရင်းနီးပဲ ကျွန်မ၏ ဂရုစိုက်မှု နှင့် ကူညီမှုတို့ကို လိုအပ်သည့် ညီအစ်ကို မောင်နှမများကိုမူ ကျွန်မက ချစ်ခင်စွာဖြင့် ကူညီထောက်ပံ့ လိုခြင်း မရှိခဲ့ပါ။ လေ့လာသည့်အုပ်စုတစ်စုတွင် ခေါင်းဆောင် တစ်ယောက် ဖြစ်လာရန် အရေးကိစ္စများကို ပြောဆိုလုပ်ဆောင် ခြင်းများကိုလည်း တမင်ရည်ရွယ် ပြုလုပ်ခဲ့ သောကြောင့် ကျွန်မလုပ်ဖော် ကိုင်ဖက်များကို ဆန့်ကျင်ပြီး ဂုဏ်သတင်းနှင့် အကျိုးစီးပွားအတွက် ရုန်းကန်နေခဲ့ပါသည်။ ထိုအခြေအနေများ အားလုံးသည် ကျွန်မကို အလွန်ပင် စိတ်ရှုပ်ထွေးစေသည်။ အသင်းတော် ခေါင်းဆောင်များနှင့် ကျွန်မအပါအဝင် အသင်းတော်အလုပ်သမားများ သည် ညည်းတွားခြင်းမရှိပဲ အလုပ်ကြိုးစားလုပ်နိုင်သည့်အပြင် သခင့်အတွက် အစေခံရာတွင် များစွာသော အသုံးခံခြင်းနှင့် ပေးဆပ်မှုများကိုလည်း ပြုလုပ်နိုင် ပါသည်။ သခင်ယေရှုက အခြားသူများအား မိမိတို့တမျှ သည်းခံ၊ စိတ်ရှည်ပြီး ချစ်ရန် ကျွန်မတို့အား သွန်သင်ခဲ့သော်လည်း ကျွန်မတို့ မလုပ်နိုင်ရသည်မှာ အဘယ့်ကြောင့်နည်း။

မမျှော်လင့်ပဲနှင့် တက္ကသိုလ်မှ ကျွန်မ အစ်မတစ်ယောက်က ကျွန်မ နှင့် နောက်ထပ် အစ်ကို တစ်ယောက်တို့အား အွန်လိုင်း သမ္မာကျမ်းစာလေ့လာခြင်း အုပ်စုကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ အစည်းအဝေးတစ်ခုတွင် ကျွန်မတို့သည် ကျမ်းစာ၏ ဤကျမ်းချက်များကို စူးစမ်းလေ့လာခဲ့သည်၊ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ကျွန်မအစ်ကိုက “ဒီကျမ်းစာထဲမှာ ပြောသွားတဲ့ သခင့်နာမတော်အားဖြင့် ပရောဖက်ပြုပြီး၊ အမှုတော်ဆောင်တဲ့သူတွေက လူအများစုရဲ့ အယူအဆ အတိုင်းဆိုရင် သခင့်အတွက် အများဆုံး အသုံးခံပြီး ပေးဆပ်ခဲ့သူ တွေဖြစ်တယ်။ ဒီလူတွေက သခင် အတည်ပြုတာအခံရဆုံးလူတွေ ဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်မှာ သေချာပေါက် နေရာတစ်နေရာ ရထားသူတွေ ဖြစ်သင့်တယ်။ ဒါပေမဲ့ သခင်က ဘာဖြစ်လို့ သူတို့ကို အတည်မပြုဘူးလို့ပြောတဲ့အပြင်၊ အဲဒီအစား သူတို့အပြစ်တွေအတွက် ပြစ်တင်ရှုတ်ချခဲ့တာလဲ”ဟု ပြောသည်။

ထိုကျမ်းပိုဒ်များကို ဖတ်ရှုပြီး၊ ကျွန်မအစ်ကို၏ မေးခွန်းကို ကြားပြီးနောက် ကျွန်မက ဤအကြောင်းကို လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မတို့ သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စုတွင် ပြောခဲ့ဖူး ကြောင်းကို တွေးမိပါသည်။ ထိုအချိန်က အစ်ကိုတစ်ယောက်က ကျွန်မကို ထိုတူညီသောမေးခွန်းကို မေးခဲ့သည်။ ထိုကဲ့သို့ အလုပ်လုပ်ပြီး၊ အမှုတော်ဆောင်သည့် လူများသည်ကောင်းကင် နိုင်ငံတော်ကို မဝင်ရောက်နိုင်ဟု သခင်ယေရှုက အဘယ့်ကြောင့် မိန့်တော်မူခဲ့သနည်း။ ပြီးနောက် ကျွန်မတို့က ယုံကြည် သောကြောင့် ကျွန်မတို့ကို ဖြောင့်မတ်သူများ ဟု ခေါ်ဆိုခြင်း ခံရကြောင်း အပြင်၊ ကာယလုပ်အားနှင့် အမှုတော်ဆောင်ခြင်း တို့မှတစ်ဆင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်း ကျွန်မတို့ ယုံကြည်မှုနှင့် အဘယ့်ကြောင့် ပဋိပက္ခဖြစ် ရသနည်း။ ကျွန်မတို့သည် ဤမေးခွန်းများကို ဆွေးနွေးခဲ့သော်လည်း၊ ဤနက်နဲမှုများ အတွက် မည်သို့ ဖြေရှင်းချက်တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မသည် သမ္မာကျမ်းစာနှင့် အလွန်အကျွမ်း တဝင်ရှိသည့် အသင်းတော်၌ မိတ်ဆွေတစ်ဦး ဖြစ်သည့် မစ်စတာဟွန်း ဖြင့် အဖြေများကို ရှာဖွေခဲ့သော်လည်း၊ သူလည်း အကြောင်းအရင်းကို ရှင်းပြနိုင်ခဲ့ခြင်း မရှိသည့်အပြင်၊ သူက မဆုတ်မနစ် ကြိုးစားသည့်လုပ်အားနှင့် အမှုတော်ဆောင် ခြင်းတို့သည် ကျွန်မတို့အား ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် ခွင့်ပေးသည်ဆိုသည့် သူ၏ယုံကြည်မှုကိုသာ ဆက်လက်ထိန်း သိမ်းထားပါသည်။ ထိုနေ့တွင် ဤအစ်ကိုကလည်း ထိုတူညီသည့် မေးခွန်းကိုပင် မေးခဲ့သောကြောင့် ကျွန်မကို သိလိုစိတ်ဖြစ် လာစေသည်။ ကျွန်မအစ်ကိုက မည်သို့ မိတ်သဟာယပြုမည်ကို ကျွန်မ နားထောင်လိုခဲ့သည်။

ကျွန်မအစ်ကိုက “လူတော်တော်များများက ရှင်ပေါလု ပြောတဲ့ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။’ (တိမောသေ သြဝါဒစာ ဒုတိယစောင် ၄:၇-၈) ဆိုတာကို ဖတ်ပြီးတော့ ဒါကိုပဲ သူတို့ ဆောင်ပုဒ်အဖြစ် လုပ်ထားကြတယ်။ သူတို့က လုပ်အား၊ အမှုတော်ဆောင်ခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနဲ့ အသုံးခံခြင်းတို့ကို ရှာဖွေပြီး၊ ဒီအရာတွေမှာ သူတို့ ဇွဲနပဲနဲ့ ကြိုးစားရှာဖွေမယ်ဆိုရင်၊ ကောင်းကင်နိုင်ငံတော်ကို သခင့်ချီဆောင်တာ ခံရမည်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ ဒါက ဘုရားသခင်ရဲ့ အလိုတော် နဲ့ ကိုက်ညီပါသလား။ လုပ်အားနဲ့ အမှုတော်ဆောင်ခြင်း တစ်ခုတည်းနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ပြီး ဆုလာဘ် ချီးမြှင့်ခြင်း ခံရမည်လို့ သခင်ယေရှုက မိန့်တော်မူခဲ့ပါသလား။ ကောင်းကင် နိုင်ငံတော်ကို ဘယ်သူဝင်ရောက်မယ်ဆိုတာကို ဘုရားသခင်က ထိန်းချုပ်တော်မူတာကြောင့် ကျွန်မတို့က ဘယ်လိုလူ အမျိုးအစားက ဝင်ရောက်နိုင်မယ် ဆိုတာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ နားလည် သဘောပေါက်မှုကို သခင့်နှုတ်ကပတ်တော်တွေမှာ အခြေခံရမှာဖြစ်ပြီး၊ ကျွန်တော်တို့ကိုယ်ပိုင် အယူအဆတွေ နဲ့ စိတ်ကူးတွေ ပေါ်မှာ အခြေမခံရပါဘူး။ သခင်ယေရှုက ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။(ရှင်မာကုခရစ်ဝင် ၁၂:၃၀) လို့ မိန့်တော်မူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်သူ သာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာဖြစ်ကြောင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်သူတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်ပြီး၊ ဘုရားသခင်ကို သူတို့ရဲ့ စိတ်နှလုံး၊ ဝိညာဉ်နဲ့ စိတ်တွေနဲ့ အကြွင်းမဲ့ ချစ်တဲ့သူဖြစ်တဲ့အပြင်၊ ဘုရားသခင်ကို နာခံသူတွေဖြစ်ကြောင်း တို့ကို သခင်က အလွန်ရှင်းလင်းစွာ မိန့်တော်မူထားပါတယ်။ အလုပ်လုပ်ပြီး၊ အမှုတော်ဆောင်သူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက် နိုင်မယ်လို့ ကိုယ်တော်က မဆိုထားပါဘူး။ ပညတ်တော်ခေတ်မှာ ယဇ်ပုရောဟိတ်ကြီးတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေက ဗိမာန်တော်မှာ ဖိနပ်မပါပဲ အစေခံကြပြီး၊ ဧဝံဂေလိတရားတော် ဟောကြားဖို့ ကမ္ဘာရဲ့ ဝေးလံချောင်ကျတဲ့ နေရာတွေကိုတောင် ခရီးသွားခဲ့ကြပါတယ်။ အပြင်ပန်းကဆိုရင်၊ သူတို့က ဘုရားသခင်အတွက် အသုံးခံဖို့၊ စွန့်လွှတ်ဖို့ အပြင် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံစားခြင်းနဲ့ ညည်းတွား အပြစ်တင်ခြင်းတို့ကို သည်းခံ ပုံပေါက်သော်လည်း၊ သခင်ယေရှု က အမှုတော်ပြုဖို့ ကြွလာတဲ့အချိန်မှာ၊ သူတို့ရဲ့ ကိုယ်ပိုင်ရာထူး တွေနဲ့ ဝင်ငွေတွေကို ကာကွယ်စောင့်ရှောက်ဖို့ သူတို့က ကောလာဟလမျိုးစုံကို လုပ်ကြံပြောဆိုတယ်၊ သခင်ယေရှုကို ထိတ်ထိတ်ပျာပျာနဲ့ ခုခံပြီး အပြစ်တင်ရှုတ်ချကြတဲ့အပြင် ဂျူးဘာသာအယူဝါဒက သာမာန်ယုံကြည်သူတွေကို သခင်ယေရှု ဆီကို ပြန်သွားခြင်းကနေ တားဆီးခဲ့ကြတယ်။ သူတို့က ဘုရားသခင်ကို ယုံကြည်ပေမဲ့လည်း ဘုရားသခင်ကို မသိကျွမ်း ကြတဲ့အပြင်၊ ဘုရားသခင်ကို ခုခံခြင်းနဲ့ အပြစ်တင်ခြင်း တို့အတွက်တောင် စွမ်းနိုင်ကြတယ်။ သူတို့ ဘယ်လောက်ပဲ အလုပ်လုပ်ပါစေ၊ ဘုရားသခင်က အဲဒီလိုလူတွေကို ကိုယ်တော်၏ နိုင်ငံတော်ကို ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူး။

“ကျွန်တော်တို့ အသင်းတော်မှာ လူတွေက ဘယ်လို သခင့်အမှုတော်အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့၊ လေဒဏ် မိုးဒဏ်ကို ဂရုမထားပဲ ဆောင်ရွက်ဖို့ နဲ့ သခင့်ကို အစေခံဖို့ သူတို့အသက်တာတွေကို ပေးထားဖို့ လုပ်နိုင်စွမ်း ရှိတယ်ဆိုရင် တောင်မှ ကျွန်တော်တို့က မကြခဏ ဆိုသလို သခင့် သွန်သင်ချက်တွေကို ကျင့်ကြံစောင့်ထိန်းနိုင်ခြင်း မရှိခဲ့တာဟာ မငြင်းနိုင်တဲ့အချက်တစ်ချက်ဖြစ်နေတာ အမှတ်ရမိတယ်။ ကျွန်တော်တို့ အလုပ်နဲ့ အသုံးခံခြင်းတို့ကို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ နဲ့ ဆန္ဒတွေနဲ့သာ မကြာခဏ လုပ်ဆောင် လေ့ရှိကြပြီး၊ သခင့်ကို သန့်စင်တဲ့ ချစ်ခြင်း ဒါမှမဟုတ် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့အတွက် လုပ်ဆောင်တာမျိုး လုံးဝ မဟုတ်ပါဘူး။ တစ်ချို့အချိန်တွေမှာ ဘုရားသခင်အတွက် သူတို့ရဲ့ အစေခံခြင်းမှာ အချို့လူတွေက ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ တွေက ဘုရားသခင်ကို ပေးထားတဲ့ အလှူငွေတွေကို ခိုးယူကြပြီး၊ သူတို့ ရုပ်ဝထ္ထုဆိုင်ရာ အသက်တာကို ဖြည့်ဆည်းဖို့ သူတို့အတွက် သိမ်းထားကြတယ်။ တစ်ချို့လူတွေကြတော့ ဘုရားသခင်အတွက် ထောက်ထားညှာတာခြင်း ဒါမှမဟုတ် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ အတွက် မဟုတ်ပဲနဲ့၊ အလုပ် ကြိုးစားလုပ်ပြီး၊ အမှုတော် ထမ်းဆောင်ကြ တာက သခင့်ဆီက ဆုလာဘ်တွေအတွက် ဒါတွေကို လဲလှယ်ဖို့ဖြစ်ပါတယ်။ တစ်ချို့လူတွေကြတော့ သခင့်ကို ချီးမြှောက်ပြီး သက်သေခံရမဲ့ အစား၊ မကြာခဏဆိုသလို သူတို့ အလုပ်မှာ သူတို့ကိုယ်သူတို့ ချီးမြှောက်ပြီး သက်သေခံကြတာကြောင့် ယုံကြည်သူတွေက သူတို့ကို ကိုးကွယ်ပြီး၊ အထင်ကြီးကြတယ်၊ သူတို့နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိရုံတင်မကဘူး၊ အဲဒီလူတွေအတွက် ပါနေရာမရှိပါဘူး။ တစ်ချို့လူတွေက ယုံကြည်သူတွေအလယ်မှာ ခေါင်းဆောင်မှုရာထူးတွေ ဒါမှမဟုတ် ဂုဏ်သိက္ခာတွေ ရရှိဖို့ စိတ်ပြင်းပြစွာ အသုံးခံကြတယ်။ တစ်ချို့လူတွေက သူတို့အလုပ်ကြိုးစားပြီး၊ အမှုတော်ထမ်းဆောင်ရင်း နဲ့တောင်မှ ကျော်ကြားမှု နဲ့ ချမ်းသားမှုအတွက်လည်း ကြိုးစားရုန်းကန်ရင်း၊ သူတို့နှင့် ထင်မြင်ယူဆချက် ကွဲပြားတဲ့သူတွေကို ကြဉ်ထားတယ်၊ ဂိုဏ်းဂဏတွေ သီးသန့်ခွဲပြီးဖွဲ့တယ်၊ ပြီးတော့ သူတို့ကိုယ်ပိုင် နိုင်ငံတော်လေးတွေကို တည်ထောင်ဖို့ ကြိုးစားကြတယ်...ဒီလိုလူမျိုးတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်ဖို့ ဖြစ်နိုင်ပါမလား။ သူတို့တွေက တကယ်ကို သခင့်ကို ချစ်ပြီး၊ စိတ်ကျေနပ်စေတာလား။ ဒီလိုလူမျိုးတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဘယ်တော့မှ မဆောင်ရွက်နိုင် တဲ့အပြင်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို သူတို့ မဝင်ရောက်နိုင်ဖို့က ပိုတောင်နည်းသွားပါတယ်။ ကျွန်တော်တို့က အလုပ်ကြိုးစားပြီး အမှုတော်ထမ်းဆောင်တာက ကျွန်တော်တို့ကို ကောင်းကင် နိုင်ငံတော်ထဲကို ဝင်ရောက်ခွင့်ပေးမယ်လို့ အမြဲတမ်းတွေ့ကြပေမဲ့၊ အဲဒါက ကျွန်တော်တို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပေါ်မှာသာ လုံးလုံးလျားလျား အခြေခံထားတာဖြစ်ပါတယ်”ဟု ပြောပါ သည်။

ကျွန်မအစ်ကို၏ မိတ်သဟာယပြုခြင်းကို ကြားပြီးနောက် ကျွန်မစိတ်ထဲတွင် မြင်ကွင်းတစ်ချို့ လျှပ်တပြက် ပေါ်ပေါက် လာခဲ့သည်။ အသင်းတော်ခေါင်းဆောင်များနှင့် အလုပ်သမား များသည် သူတို့ ဂုဏ်သတင်းများနှင့် သူတို့ အကျိုးစီးပွားများနှင့် ပတ်သက်ပြီး ခိုက်ရန်ဖြစ်နေကြခြင်း၊ ကျွန်မ မသိသည့် လိုအပ်နေသည့် ညီအစ်ကိုမောင်နှမများအား ကျွန်မ၏ ကူညီရန်မလိုလားစိတ်၊ လေ့လာရေးအုပ်စု ခေါင်းဆောင် ဖြစ်ရန် ကျွန်မပြောခဲ့သည့် လုပ်ခဲ့သည့် ကြွားဝါခဲ့သည့် အရာများ နှင့် ကျွန်မ၏ ဂုဏ်သတင်း နှင့် အကျိုးစီးပွားအတွက် ကျွန်မလုပ်ဖော် ကိုင်ဖက်များကို မည်သို့ ရန်ဖြစ်ခဲ့ပုံ တို့ဖြစ်ပါသည်။...ကျွန်မတို့သည် အမှန်တကယ်ပင် အပြစ်၌ အသက်ရှင်နေထိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နေသူများ မဟုတ် ကြပါ။

နောက်တစ်နေ့တွင် ကျွန်မသည် ကျွန်မအစ်ကို၏ မိတ်သဟာယအကြောင်း တွေးတောခြင်းကို မရပ်တန့်နိုင်ခဲ့ပါ။ သူ့စကားများကို ကျွန်မစိတ်ထဲတွင် အကြိမ်ကြိမ်အဖန်ဖန် တွေးတောနေခဲ့ပြီး၊ သူ့မိတ်သဟာယပြုခြင်းသည် သခင့် နှုတ်ကပတ်တော်များနှင့် အမှန်တကယ်ပင် ကိုက်ညီလှပါသည်။ ကျွန်မတို့သည် အလုပ်ကြိုးစားပြီး၊ အမှုတော်ထမ်းဆောင်ကာ၊ အသုံးခံနေစဉ် ကျွန်မတို့ ကိုယ်ပိုင် ဂုဏ်သတင်းများ၊ အကျိုးစီးပွားများနှင့် အဆင့်အတန်းများ အတွက် ကြိုးစား နေပြီး၊ ကျွန်မတို့ အကြားတွင် အကျိုးစီးပွားများအတွက် ကတောက်ကဆဖြစ်ကာ၊ အချင်းချင်း လိမ်ညာ လှည့်စားခဲ့ ကြသည့်အပြင် မကြာခဏ ဆိုသကဲ့သို့ သခင့်ကို အပြစ်လုပ်ပြီး၊ ခုခံခဲ့ကြပါသည်။ ကျွန်မတို့ လုပ်ဆောင်ချက်များသည် ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်နေခြင်း လုံးဝ မဟုတ်ခဲ့ပါ။ ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သူများ သာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မည်ဟု သခင်က မိန့်တော်မူခဲ့သည်။ ကျွန်မတို့လုပ်သည့် နည်းလမ်း မျိုးဖြင့် စတေးခံပြီး အသုံးခံခဲ့သူများသည် ဘုရားသခင်၏ ကောင်းကင် နိုင်ငံတော်ကို မည်သို့ ဖြစ်ဖြစ်မြောက်မြောက် ဝင်ရောက်နိုင်မည်နည်း။ သို့သော် အခြားတစ်ဖက်တွင်လည်း ကျွန်မတို့ အလုပ်နှင့် အသုံးခံခြင်းတို့ နောက်ကွယ်မှ ရည်ရွယ်ချက်အများစုသည် မှားယွင်းနေသည့်အပြင်၊ ကျွန်မတို့ သည် ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံနိုင်ဆဲ ဖြစ်သော်လည်း၊ ကျွန်မတို့ သင်းအုပ်ဆရာက သခင်က ကျွန်မတို့အပြစ်များအတွက် ခွင့်လွှတ်ခဲ့ကြောင်းနှင့် ကိုယ်တော် ကြွတော်မူသည့်အချိန်တွင် ကျွန်မ တို့သည် ကောင်းကင် နိုင်ငံတော် သို့ တိုက်ရိုက်ချီဆောင်ခြင်း ခံရမည်ဟု ပြောခဲ့သည်။ ဤနေရာတွင် ဘယ်လိုအရာများ ဖြစ်ပျက်နေသနည်း။ ကျွန်မ အလွန်ပင် စိတ်ရှုပ်ထွေးခဲ့ပါသည်။ ကျွန်မသည် ဤမေးခွန်း များကို ကျွန်မအစ်ကိုနှင့် အပြည့်အဝ ဆွေးနွေးနိုင်မည့် အချိန်ဖြစ်သည့် နောက်ထပ် အစည်းအဝေးကို မျှော်နေမိပါသည်။

ဆက်ရန် …

အပိုင်း ၂-

အမှာစကား ချန်ခဲ့မည်