စာရင်း

ယုံကြည်ခြင်း မှတစ်ဆင့် ကယ်တင်ခြင်း သက်သက်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် လက်မှတ်တစ်ခုလေလား

ဆဗဲရို၊ အီတလီနိုင်ငံ

ခရစ်ယာန်အချို့က သခင်ယေရှု၏ ကားတိုင်နှင့်ဆိုင်သော ကယ်တင်ခြင်းကို သူတို့ လက်ခံသရွေ့၊ နှုတ်ဖြင့် သခင်ကို အသိအမှတ်ပြုပြီး နှလုံးသားထဲတွင် သူ့ကို ယုံကြည်သရွေ့၊ သူတို့ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဤယုံကြည်ခြင်းအတွက် သမ္မာကျမ်းအခြေပြုချက်လည်း ရှိပါသည်၊ ယင်းမှာ- “သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမဩဝါဒစာ ၁ဝ:၉-၁၁) ထို့ကြောင့်၊ သူတို့က ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရသောသူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်ဟု ပို၍ပင် ခိုင်မာစွာ ယုံကြည်ကြသည်။ သို့သော်၊ မရှင်းမလင်းဖြစ်ကျန်ရစ်သည့် ယုံကြည်သူအချို့ ရှိပြီး၊ ကျွန်တော်တို့က စိတ်ဆတ်လာနိုင်ပြီး နေ့တိုင်း လူများကို စိတ်ဆိုးနိုင်ကြသည်မှာ ကျွန်တော်တို့ မိသားစုဝင်များကို စိတ်ရှည်ခြင်း နှင့် သည်းခံခြင်းတို့ကို မပြနိုင်လောက်အောင် ဖြစ်ကြသည်၊ ပြီးလျှင် ကျွန်တော်တို့၏ နေ့စဉ်အသက်တာများတွင် အခြားသူများကို လှည့်ဖြားဖို့ မုသားများကို ပြောနိုင်ကြသည်ကို ကြည့်ခြင်းအားဖြင့်၊ ဤသို့ အပြစ်ထဲတွင် အသက်ရှင်ကြသော လူများသည် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ပါသလား။ ယနေ့ ဤအကြောင်းအရာကို မိတ်သဟာယ ပြုကြပါစို့။

သခင့်ကို ရိုးသားစွာ ယုံကြည်သူအားလုံး သိကြသည့်အတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်ကို ကျွန်တော်တို့ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ယင်းအားဖြင့် ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်တော်တို့ ဝင်ရောက်ရသည့် စံအမှတ် ဖြစ်သည့်အတွက် သခင့်ကို ကျွန်တော်တို့ ယုံကြည်မှုတွင် ကျွန်တော်တို့ လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုရပါမည်။ သို့ဆိုလျှင် ကျွန်တော်တို့ ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ မည်သည့်အရာကို ဘုရားသခင် မိန့်တော်မူသနည်း။ သခင်ယေရှုက၊ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဟု မိန့်တော်မူခဲ့သည်။ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ၊ နှလုံးသားထဲတွင်သာ ဘုရားသခင်ကို ယုံကြည်သောသူ၊ သခင့်ထံ နှုတ်ဖြင့် ဆုတောင်းသော်လည်း နေ့စဉ် မကြာခဏ အပြစ်ပြုသောလူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မဝင်နိုင်သည်ကို ကျွန်တော်တို့ သေချာလေ့လာစိစစ်နိုင်ပါသည်။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် အပြစ်သားတစ်ဦးတစ်ယောက်မျှ သူ၏နိုင်ငံတော်ထဲ လုံးဝ ဝင်ခွင့်ပြုခြင်းမခံရပါ၊ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ဆုံးဖြတ်ပါသည်။ ထို့ကြောင့်၊ ကောင်းကင်နိုင်ငံထဲဝင်ဖို့ စံများကို ကျွန်တော်တို့ မီ၊ မမီသိဖို့ရန် ကျွန်တော်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပါသည်။

သခင်ယေရှု၏ ရွေးနုတ်ခြင်းကို ကျွန်တော်တို့ လက်ခံပြီးနောက်တွင်၊ မကြာခဏ ကျွန်တော်တို့ ဆုတောင်းပြီး စုဝေးပွဲများကို တက်ရောက်ကြသည်၊ ပြီးလျှင် သခင့်ထံ ကျွန်တော်တို့ ဝန်ချပြီး နောင်တရကြသည်၊ မိမိကိုယ်ကိုယ် ထိန်းသိမ်းပြီး ခိုးယူခြင်း၊ လုယက်ခြင်း နှင့် အခြားသူများကို နှုတ်ဖြင့် စော်ကားခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ခြင်းနှင့် အခြားသူများကို စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းများ ပြနိုင်ကြသည်။ လူအချိုက ငွေကြေးလှူဒါန်းမှုကိုလည်း မကြာခဏ ပြုလုပ်ကြပြီး သူတို့၏ ပျိုရွယ်ချိန်ကိုပင်လျှင် အသင်းတော်ထဲတွင် အမှုတော်ဆောင်ခြင်းနှင့် တရားဟောခြင်းတို့အဖို့ ဆက်ကပ်ကြသည်။ သို့သော်၊ လျစ်လျူရှု၍မရသည့် အချက်တစ်ချက် ရှိပါသည်- ငွေ၊ ကျော်ကြားမှု သို့မဟုတ် ဥစ္စာပစ္စည်းတို့နှင့် ထိတွေ့သည့် အရာတစ်ခုခု ပေါ်လာသောအခါ၊ ကျွန်တော်တို့သည် အချင်းချင်း ဆန့်ကျင် ကြံစည်ကြပြီး အကျိုးအမြတ်အတွက် အချင်းချင်း မပြိုင်ဆိုင်ပဲမနေနိုင်ကြပါ။ အခြားလူများနှင့် ကျွန်တော်တို့ ဆက်ဆံရာတွင် မကြာခဏ မာနထောင်လွှားခြင်း နှင့် စိတ်ကြီးဝင်ခြင်းတို့ကို ထုတ်ဖော်ပြနိုင်ကြပြီး၊ အခြားသူများကို ချိုးနှိမ်ကာ သိမ်ငယ်စေနိုင်ကြသည်။ သာမန်အားဖြင့် သခင့်ကို ကျွန်တော်တို့ ယုံကြည်ပြီး နောက်လိုက်ကြသော်လည်း လူတွေကို အားကိုးတကြီးမျှော်လင့်ကြပြီး မြတ်နိုးကိုးကွယ်ရင်း လူတို့နောက်ကို လိုက်နိုင်ကြဆဲဖြစ်သည်။ သခင့်ကို ကျွန်တော်တို့ အစေခံကြသောအခါ၊ သိက္ခာ နှင့် အဆင့်အတန်းကို ရှာဖွေကာ မြင့်မားသည့် ရိုသေကြည်ညိုမှုကို ခံရဖို့ ရှာဖွေနိုင်ကြဆဲ ဖြစ်သည်။ သခင့်အားဖြင့် ကျွန်တော်တို့ကို ပေးအပ်သည့် အလုပ်များကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းရာတွင်၊ ကျွန်တော်တို့၏ နှစ်သက်လိုလားမှုနှင့် ခံစားချက်များအရ ပြုမူနိုင်ကြဆဲပဲဖြစ်သည်၊ ပြီးလျှင် ပေါ့ပေါ့ဆဆ နှင့် လက်လွတ်စပယ် ဖြစ်နိုင်ကြသေးသည်၊ သဘာဝဖြစ်စေ လူလုပ်ဖြစ်စေ ကပ်ဘေးများ ကျွန်တော်တို့အပေါ် ကျရောက်သောအခါ၊ နားလည်မှုလွဲခြင်းနှင့် ဘုရားသခင်ကို အပြစ်တင်ခြင်းတို့က ကျွန်တော်တို့ နှလုံးသားထဲတွင် ပေါ်ပေါက်နိုင်သည်မှာ ဘုရားသခင်ကို ကျွန်တော်တို့ ငြင်းပယ်ပြီး သစ္စာဖောက်ကြရလောက်အောင်ပင်၊ စသဖြင့် ဖြစ်သည်။ ထိုသို့သော ကြီးမားသည့် အပြုအမူများစွာ နှင့် အမူအရာများက ကျွန်တော်တို့ အပြစ်သားများဖြစ်နေဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ခြင်းအတွက် သတ်မှတ်ချက်များကို ကျွန်တော်တို့ မီသည်ဟု အဘယ်ကြောင့် ဆိုနိုင်ကြသနည်း။ ထို့ကြောင့်၊ “ယုံကြည်ခြင်းဖြင့် ကျွန်တော်တို့ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံထဲ ဝင်နိုင်သည်”ဟူသည့် စိတ်ကူးမှာ ကျွန်တော်တို့၏ နားလည်မှုလွဲခြင်းနှင့် စိတ်ကူးစိတ်သန်းများမှ လာခြင်းသာဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ခြင်းအားဖြင့်၊ ယုံကြည်ခြင်းဖြင့်မျှသာ ကယ်တင်ခံသော သူတို့သည် အဘယ်ကြောင့် ကောင်းကင်နိုင်ငံထဲ မဝင်ရောက်နိုင်သည်ကို ကျွန်တော်တို့ နားလည်နိုင်ကြပါလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။” ဟု ဆိုပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန်ရှင်းလှပါသည်။ အမှန်တကယ်တွင်၊ သခင်ယေရှု ဆောင်ရွက်ခဲ့သည့် ရွေးနုတ်ခြင်း အမှုတော်သည် ပညတ်တရားအားဖြင့် လူက ရှုတ်ချမခံရဖို့အလို့ငှာ သို့မဟုတ် သေခြင်းသို့ စီရင်မခံရဖို့အလို့ငှာ လူကို ပညတ်တရားနှင့် ပညတ်ချက်များမှ ကယ်တင်ဖို့ အဓိက ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညတ်တော်ခေတ် အဆုံးသတ်တွင်၊ လူသားမျိုးနွယ်သည် စာတန်အားဖြင့် ပိုပိုပြီး ဖောက်ပြန်ပျက်ဆီးခံရကာ ပညတ်တရားကို နောက်ထပ် မလိုက်နာနိုင်တော့ပဲ၊ ပညတ်တရားအားဖြင့် သေခြင်းသို့ စီရင်ခံရဖို့ အန္တရာယ်နှင့် သူတို့အားလုံး ရင်ဆိုင်ခဲ့ရသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ ကမ္ဘာမြေပေါ်တွင် သာမန်ဘဝများကို ရှင်သန်ဖို့ လူသားများကို ဖန်ဆင်းခဲ့သည်။ ပညတ်တရားအားဖြင့် အယောက်တိုင်း သေခြင်းသို့ စီရင်ခံရလျှင်၊ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခြင်းနောက်ကွယ်က အဓိပ္ပါယ်မှာ ပျောက်ဆုံးသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို စတင်သည့် အမှုတော်ကို ဆောင်ရွက်ဖို့ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူခဲ့ပြီး ယင်းက လူကို ပညတ်တရားအားဖြင့် သေခြင်းသို့ စီရင်ခံရမည့်အန္တရာယ်မှ ကယ်တင်ခဲ့သည်။ ထို့ကြောင့်၊ လူတို့က သခင်ယေရှု၏ ကယ်တင်ခြင်းကို လက်ခံကြသရွေ့၊သခင့်ထံ ဆုတောင်းဖို့၊ သခင့်ထံ ဝန်ချပြီး သူတို့ အပြစ်များကို နောင်တရဖို့ အရည်အချင်းပြည့်မှီလာပြီး၊ သူတို့၏ အပြစ်များ ခွင့်လွတ်ခံရနိုင်ကာ ဤအကြောင်းကြောင့် ကယ်တင်ခံရကြသည်။ သခင်ယေရှုက၊ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ် တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၆-၁၇) ဟု ဆိုထားသည့်အတိုင်းသာ ဖြစ်သည်။ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်သည်၊ ပညတ်တရား၏ ကျေးကျွန်ဘဝမှ ကျွန်တော်တို့ကို ကယ်တင်ဖို့၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူခဲ့ပြီး ကျွန်တော်တို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ ထို့ကြောင့်၊ သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့ ကယ်တင်ခံရသည့် အဓိက ဆိုလိုရင်းမှာ ပညတ်တရား၏ ကျိန်ခြင်းအမင်္ဂလာမှ ကျွန်တော်တို့ လွတ်မြောက်သည်၊ ပြီးလျှင် ဘုရားသခင်က ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမှတ်ယူတော့ပါဟု ဆိုလိုပါသည်။ ပြစ်မှုမျိုးစုံကို ကျူးလွန်ခဲ့သည့် ရာဇဝတ်ကောင်သည် စေတနာရှိသော တရားသူကြီးအားဖြင့် လွတ်ငြိမ်းချမ်းသာရာရပြီး တရားသေလွတ်သကဲ့သို့ပင်ဖြစ်သည်၊ ဤသည်မှာ သူက နောက်ထပ် လုံးဝ ပြစ်မှု မကျူးလွန်တော့ဟု မဆိုလိုပါ။ သခင်ယေရှုက ကျွန်တော်တို့ အပြစ်များကို ခွင့်လွတ်သကဲ့သို့ပင်၊ ကျွန်တော်တို့သည် မကြာခဏ အပြစ်ပြုနိုင်ကြသေးပြီး ကျွန်တော်တို့၏ အပြစ်နှင့့်ပြည့်သော သဘာဝက အမြစ်မပြုသေးပါ၊ သန့်စင်မခံရသေးပါ၊ ထို့ကြောင့် ကောင်းကင်နိုင်ငံထဲသို့ ကျွန်တော်တို့ မဝင်နိုင်ကြပါ။

ဤအချိန်တွင်၊ ညီအစ်ကို မောင်နှမ အချို့က၊ “သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကြောင့် ကျွန်တော်တို့ အပြစ်တွေ ခွင့်လွတ်ခံရပြီး၊ ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့ ကယ်တင်ခံရတယ်လို့ အပေါ်က မိတ်သဟာယကနေ ကျွန်တော်တို့ သေချာနားလည်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့က မကြာခဏ အပြစ်တွေ ကျူးလွန်နိုင်ကြသေးပြီး ကောင်းကင်နိုင်ငံထဲကို မုချ မဝင်နိုင်ကြဘူး။ ဒီတော့၊ ကျွန်တော်တို့ ဘယ်လို သန့်စင်ခံရပြီး ကောင်းကင်နိုင်ငံထဲကို ဝင်နိုင်သလဲ” ဟု မေးကောင်းမေးနိုင်သည်။

ကျမ်းစာ၏ ကျမ်းပိုဒ်အချို့ကို ဖတ်ခြင်းအားဖြင့်၊ ဤမေးခွန်း၏ အဖြေကို ကျွန်တော်တို့ သိလာပါလိမ့်မည်။ သခင်ယေရှုက၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃) ဟု ဆိုခဲ့သည်။ ရှင်ပေတရုသြဝါဒစာ ပထမစောင် ၁း၅ တွင် ပြောထားသည်မှာ- “နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” ဟေဗြဲသြဝါဒစာ ၉:၂၈ တွင် ပြောထားသည်မှာ- “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” ဤကျမ်းချက်များမှ၊ နောက်ဆုံသော ကာလတွင် သခင် ပြန်ကြွလာလိမ့်မည်၊ သူသည် အသင်းတော်များထံ ပိုမိုများပြားသော သမ္မာတရားများကို ဖော်ပြလိမ့်မည်ဖြစ်ပြီး လူကို တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ရန် သမ္မာတရားကို အသုံးပြုလိမ့်မည်။ ကျွန်တော်တို့ လုံးဝ သန့်စင်ခံရပြီး ကောင်းကင်နိုင်ငံထဲသို့ ချီမခံရနိုင်ဖို့အလို့ငှာ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထားများကို ဘုရားသခင် ဖြေရှင်းချင်ပါသည်- ဤသည်မှာ နောက်ဆုံးသော ကာလ ကယ်တင်ခြင်း ဖြစ်သည်။

ဘုရားသခင်က မိန့်တော်မူသည်မှာ- “လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။

“လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး

ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန်ရှင်းပါသည်။ ကျေးဇူးတော်ခေတ်တွင်၊ သခင်ယေရှုသည် ရွေးနုတ်ခြင်း အမှုတော်ကို ဆောင်ရွက်ခဲ့ပြီး၊ ဤသို့ဖြင့် ပညတ်တရားနှင့် ပညတ်ချက်များအားဖြင့် သေခြင်းသို့ စီရင်ခံရမည့် အန္တရာယ်မှ ကျွန်တော်တို့ကို သူ ကယ်တင်ခဲ့သည်။ သခင်၏ ကယ်တင်ခြင်းကို လက်ခံသရွေ့၊ ကျွန်တော်တို့သည် နောက်ထပ် အပြစ်မရှိတော့သလို သခင်ယေရှုအားဖြင့် ပြုလုပ်သော အပြစ်ဖြေရာယဇ်ကြောင့် ကယ်တင်ခံရကြသည်။ သို့တိုင် မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ လှည့်စားခြင်း၊ ဆိုးညစ်မှုနှင့် လောဘကဲ့သို့သော ဖောက်ပြန်ပျက်ဆီးသည့် သဘာဝများကို ပိုင်ဆိုင်ကြဆဲဖြစ်ပြီး၊ ထို့ကြောင့် ကျွန်တော်တို့သည် အပြစ် ကျူးလွန်နိုင်ဆဲဖြစ်ကာ ဘုရားသခင်နှင့် သဟဇတမဖြစ်နိုင်သလို ကောင်းကင်နိုင်ငံထဲသို့လည်း မဝင်နိုင်ကြပါ။ အပြစ်၏ ချည်နှောင်မှုများကို ကျွန်တော်တို့ ကိုယ်တိုင် လုံးလုံးလျားလျား ဖယ်ရှားလိုလျှင်၊ ကျွန်တော်တို့၏ ဆိုးယုတ်သည့် ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထားများအားဖြင့် အုပ်စိုးမခံရတော့ပဲ ဆိုးယုတ်သော အတွေးအခေါ်များအားဖြင့် နောက်ထပ် ကျွန်တော်တို့ အသက်မရှင်လိုတော့လျှင်၊ နောက်ဆုံးသော ကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်တော်တို့ လက်ခံရမည်၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများမှတဆင့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထားများကို ပြောင်းလဲခွင့်ပေးရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို သိရှိနိုင်ပြီး ဘုရားသခင်ကို နာခံကာ ကိုးကွယ်နိုင်ရပါမည်။ ထို့နောက်တွင်၊ ထို့နောက်တွင်မှ၊ ဘုရားသခင်၏ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီဟု ကျွန်တော်တို့ ပြောနိုင်ပြီး၊ ထို့နောက်တွင်မှ သူ၏ နိုင်ငံတော်ထဲကို ကျွန်တော်တို့ ဝင်နိုင်ပါလိမ့်မည်။

ယနေ့ မိတ်သဟာယမှတဆင့်၊ အယောက်တိုင်းက သူတို့၏ နှလုံးသားများထဲတွင်၊ “ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရသူတို့သည် ကောင်းကင်နိုင်ငံထဲ ဝင်နိုင်ပါသလား” နှင့် “ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ကျွနုပ်တို့ မည်သို့ ဝင်နိုင်ပါသနည်း” ဟူသည့် မေးခွန်းများအဖို့ အဖြေများ ယခုတွင် ရှိကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ဘုရားသခင်၏ ဦးဆောင်မှုကို ကျေးဇူးတင်ပါသည်။

အမှာစကား ချန်ခဲ့မည်