စာရင်း

မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၂)

အာရှီး မလေးရှား

မိတ်သဟာယပြုရန် အတွက် ကျွန်မ အွန်လိုင်းသို့ နောက်တစ်ခေါက်တက်သည့် အချိန်တွင် ကျွန်မ အစ်ကိုကို “ကျွန်မတို့တွေက အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်ပြီး၊ စိတ်အားထက်သန်စွာ အသုံးခံရင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက် တွေ အများကြီးထားရှိတယ်ဆိုတာရယ်၊ ကျွန်မတို့ မကြာခဏ ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆောင်ရွက်ဘူး ဆိုတာတွေ အားလုံး မှန်ပါတယ်။ ဖခမည်းတော်အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် လို့ သခင်ယေရှုက မိန့်တော်မူတာကြောင့် အဲဒီအကြောင်းပြချက်အားဖြင့် ကျွန်မတို့တွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သေးဘူး ဖြစ်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက ကျွန်မက စိတ်ရှုပ်စေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သင်းအုပ်တရာက သခင်ယေရှုက ကျွန်မတို့အပြစ်တွေအားလုံးကို အပြစ်မှလွှတ်ပေးပြီးဖြစ်တယ်လို့ မကြာခဏပြောပြီး၊ ကျွန်မတို့က အပြစ်မဲ့ကြောင်း၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ဖြောင့်မတ်သူတွေလို့ အခေါ်ခံရကြောင်း နဲ့ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်ခြင်းခံရမှာ ဖြစ်ကြောင်းတွေကို ပြောခဲ့လို့ ဖြစ်တယ်။ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ဒီအကြောင်း နဲ့ပတ်သက်ပြီး အစ်ကို မိတ်သဟာယပြုတာကို ကျွန်မကြား ချင်တယ်” ဟု မေးခဲ့သည်။

ကျွန်မအစ်ကိုက “သခင်ယေရှုက လူသားမျိုးနွယ်ရဲ့ အပြစ်တွေ ကို ရွေးနှုတ်ဖို့အတွက် ကားတိုင်တင် ခြင်းခံရတယ်။ ပြီးတော့ ကျွန်တော်တို့ သခင့်ကို ဆုတောင်းပြီး၊ ကျွန်တော်တို့ အပြစ်တွေကို သခင့်ကို ဝန်ခံတဲ့အပြင်၊ ဝန်ချတောင်းပန် တဲ့အချိန်မှာ ကျွန်တော်တို့အပြစ်တွေကလွှတ်ခြင်းခံရပေမဲ့လည်း ကျွန်တော်တို့ အပြစ်က လွှတ်ခြင်း ခံရတာဟာ ကျွန်တော်တို့ ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ ဆိုလိုတာလား။ ဒီကျမ်းပိုဒ်ကို ဖတ်ကြည့်ရအောင် ‘လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။’” (အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) ဟု ပြောသည်။

သူက “ဘုရားသခင်၏နှုတ်ကပတ်တော်မှ၊ သခင်ယေရှုက ကျွန်တော်တို့ကို အပြစ်တွေကလွှတ်ပြီး၊ ကျွန်တော်တို့က အပြစ်မရှိတော့ဘူး ဆိုတာက ပညတ်တော်အောက်မှာ ကျွန်တော်တို့က အပြစ်ထင်ရှားခြင်း မရှိတော့ဘူးလို့ ရည်ညွှန်း တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ သင်ယူရတယ်။ ကျွန်တော်တို့ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကျေးဇူးတော်ကို လက်ခံတဲ့အချိန်မှာ ကျွန်တော်တို့က သခင့်ရှေ့တော်မှောက်ကိုလာ၊ ကိုယ်တော့် ကို ဆုတောင်း၊ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံ၊ ဝန်ချတောင်းပန်တဲ့အပြင် ဘုရားသခင်ရဲ့ ကျေးဇူးတော် ဆိုင်ရာ ကောင်းကြီးမင်္ဂလာတွေကို ပျော်မွေ့ဖို့ အရည်အသွေးနဲ့ ပြည့်ဝပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေက ကျွန်တော်တို့ထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီးတော့၊ မာနထောင်လွှားခြင်း၊ အတ္တ ကြီးခြင်း နဲ့ လှည့်စားခြင်း တွေကလည်း ကျွန်တော်တို့ထဲမှာ တည်ရှိနေသေးတယ်ဆိုတာက ငြင်းဆန်မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်ကို ခုခံတဲ့ ဆိုးယုတ်သော သဘာဝတွေနဲ့ စိတ်သဘောထားတွေကို မဖြေရှင်းရသေးဘူးဆိုရင်၊ ကျွန်တော် တို့က မရည်ရွယ်ပဲ အပြစ်ကျူးလွန်တဲ့အပြင်၊ ဘုရားသခင်ကို ခုခံနိုင်တဲ့အတွက် ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်နိုင်ဘူးလို့ ဆိုလိုပါတယ်။ အဲဒါက သမ္မာကျမ်းစာထဲမှာ ပြောထားသလိုပဲဖြစ်ပါတယ်၊ ‘အပြစ်တရား၏ အခကားသေခြင်းပေတည်း။’ (ရောမ ၆:၂၃) ‘ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၆) ကျွန်တော်တို့က အညစ်အကြေးတွေနဲ့ ပြည့်နေတယ်၊ ကျွန်တော်တို့က သန့်စင်ခြင်း မခံရသေးချိန်အထိ အပြစ်လုပ်နိုင်သေးပါတယ်၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကိုလည်း ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့အနှစ်သာရနဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားတို့က ဆုံးဖြတ်တာ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ခြေလှမ်းကို ပိုမိုတွေ့ကြုံခံစားဖို့၊ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝတွေမှ ရုန်းထွက်လွတ်မြောက်ပြီး၊ ဘုရားသခင်ရဲ့ မျက်နှာတော်ကို တွေ့မြင်ဖို့ ကျွန်တော်တို့ အရည်အသွေး မပြည့်ဝခင်မှာ အပြည့်အဝ သန့်စင်ခြင်းခံရပါမယ်။ ဒါက ဒီသမ္မာ ကျမ်းစာပိုဒ်တွေမှာ ဆိုလိုထားတဲ့ အရာဖြစ်ပါတယ်၊ ‘နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။’ (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဒီကယ်တင်ခြင်း ကျေးဇူးတော်က ဘုရားသခင် အိမ်တော်ရာက စတင်မယ့် နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ စီရင်ခြင်း အမှုတော်ဖြစ်တယ်။ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ စီရင်ခြင်းအမှုတော်ကို ကျွန်တော်တို့ လက်ခံတဲ့အချိန်မှာ၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေမှာ ပြောင်းလဲမှုတွေကို အောင်မြင်ရရှိလာပြီး၊ အပြစ်ရဲ့ ချည်နှောင်ခြင်းနဲ့ ကန့်သတ်ဘောင်ခတ်ခြင်းကို လုံးဝမခံစားရ တော့တဲ့အပြင်၊ ဘုရားသခင်ကို အမှန်တကယ် နာခံတဲ့ လူတွေဖြစ်လာတယ်။ အဲဒီအချိန်ကျမှသာလျှင် ကျွန်တော်တို့တွေ က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အသွေးပြည့်မှာ ဖြစ်တယ်”ဟု မိတ်သဟာယပြုခဲ့ပါသည်။

ကျွန်မအစ်ကို၏ မိတ်သဟာယပြုခြင်းကို ကြားပြီး နောက်တွင် ကျွန်မနှလုံးသားသည် များစွာ အားတက်လာခဲ့သည်။ ကျွန်မတို့တွင် သခင်ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်းအမှုရှိပြီး၊ အပြစ်မရှိပဲနှင့် သခင့်အတွက် အလုပ်လုပ်ပြီး ဆင်းရဲဒုက္ခကို ခံစားနိုင်သော်လည်း၊ ကျွန်မတို့သည် သန့်စင်ခြင်းကို မခံရသေး သောကြာင့်၊ သခင့်သွန်သင်ချက်များကို ကျင့်ကြံ ထိန်းသိမ်း နိုင်ခြင်း မရှိဆဲသာ ဖြစ်ပါသည်။ အသင်းတော် ခေါင်းဆောင်များ နှင့် အလုပ်သမားများသည် အဆင့်အတန်းများအတွက် ရုန်းကန်ကြိုးစားပြီး၊ မကြာခဏ အပြစ်ကျူးလွန်ကာ၊ သခင့်ကို ထိခိုက်နိုင်ဆဲဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် အရည်အသွေးမပြည့်ဝ သေးဟု ဆိုလိုပါသည်။ ယခင်က ကျွန်မတို့ အပြစ်များသည် ရွေးနှုတ်ခြင်းခံရပြီး၊ ၎င်းသည် ကောင်းကင်နိုင်ငံတော် ဝင်ရောက်ရန် လုံလောက်ပြီဟု ကျွန်မထင်ခဲ့သော်လည်း၊ ထိုသည်မှာ ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများပေါ်တွင်သာ လုံးလုံး လျားလျား အခြေခံထားကြောင်းကို ယခုကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ သခင်ယေရှုက ကျွန်မတို့ကို ရွေးနှုတ်ပြီး၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် လုံးဝ မရှုမြင်တော့သော်လည်း ကျွန်မတို့ကို အပြစ်ကျူးလွန်စေသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် တည်ရှိနေဆဲ ဖြစ်လေသည်။ ကျွန်မတို့သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ စီရင်ချက်နှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်တို့ကို တွေ့ကြုံခံစားရမည် ဖြစ်ပြီးလျှင် ကျွန်မတို့ အပြစ်ကျူးလွန် ခြင်း၏ ဇစ်မြစ်ကို အပြည့်အဝ ဖြေရှင်းကာ၊ ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်ပြီး ထာဝရအသက်ကို ရရှိရန် ဝန်ချ တောင်းပန်ရမည် ဖြစ်ပါသည်။ ထို့နောက်တွင် ကျွန်မက ကျွန်မအစ်ကို ကို “နောက်ဆုံးသောကာလမှ ဘုရားသခင်က စီရင်ခြင်းအမှုတော်ကို ဘယ်လိုပြုတော်မူသလဲ”ဟု အလျင်စလို မေးလိုက်သည်။

ထိုအစ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ခုကို ဖတ်ရှုခဲ့ပါသည်။ “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

သူက “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက နောက်ဆုံးသောကာလမှာ ဘုရားသခင်က စီရင်ခြင်းအမှုတော်ကို ဘယ်လိုပြုတော်မူမယ်ဆိုတာကို ပြတ်သားစွာ ရှင်းပြ တော်မူခဲ့တယ်။ ဘုရားသခင်က စီရင်ခြင်းအမှုတော်ကို ပြုဖို့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်ကို အသုံးပြုတော်မူတယ်၊ ဘုရားသခင် က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရား တစ်ခုလုံးကို ဖော်ပြတော်မူတဲ့အပြင် ဘယ်လိုထိခိုက် စော်ကားခြင်းကိုမျှ သည်းခံခြင်းမရှိတဲ့ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်တော်မူတယ်၊ ပြီးနောက် ကျွန်တော်တို့က စာတန်အားဖြင့် မည်သို့ဖောက်ပြန် ပျက်စီးကြောင်း၊ ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ ပုန်ကန်ခြင်းနဲ့ ခုခံခြင်းတို့ရဲ့ ဇစ်မြစ် အပြင်၊ ကိုယ်တော်က ဘယ်လို လူအမျိုးအစားကို ကယ်တင်ပြီး၊ ဘယ်လိုလူအမျိုးအစားကို အပြစ်ဒဏ်ပေးကာ သုတ်သင်ဖယ်ရှင်းမည် အကြောင်းတို့ကို ကျွန်တော်တို့ကို ပြောပြပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကယ်တင်ခြင်း ရရှိနိုင်ပြီး၊ သန့်စင်ခြင်းခံရမဲ့ လမ်းကြောင်းကို ကိုယ်တော်က ညွှန်ပြတော်မူခဲ့တယ်။ ကျွန်တော်တို့က ဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ စီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံတဲ့ အချိန်မှသာလျှင်၊ ကျွန်တော်တို့က စာတန်အားဖြင့် ကျွန်တော်တို့ ဖောက်ပြန် ပျက်စီးခြင်း အချက်အလက်မှန်ကို ပြတ်သားရှင်းလင်းစွာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥမာအားဖြင့် ကျွန်တော်တို့ရဲ့ မာနထောင်လွှားတဲ့ သဘာဝတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်တော်တို့က ကိုယ့်ထင်မြင်ယူဆချက်တွေနဲ့ မကိုက်ညီတဲ့ လူတစ်ယောက်ကို တွေ့တဲ့အချိန်မှာ၊ ကျွန်တော်တို့က သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ကြတယ်။ ကျွန်တော်တို့က မကြာခဏ ကြွားဝါပြီး၊ အခြားသူတွေအထက်ကိုရောက်အောင် ကြိုးစား ရှာဖွေတဲ့အပြင်၊ ကျွန်တော်တို့ အသင်းတော် အလုပ်ကို လုပ်ချိန်မှာ အခြားသူတွေနှလုံးသားမှာ ကိုယ့်ကိုအထင်ကြီးအောင် လုပ်ကြ တယ်။ လူတွေနဲ့ ကျွန်တော်တို့ အပြန်အလှန်ဆက်ဆံရာမှာ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကိုသာ အမြဲတမ်း ဆင်ခြင်သုံးသပ်ပြီး၊ ကိုယ့်ကိုယ်ပိုင် ပန်းတိုင်ကို အောင်မြင်ရရှိဖို့ အခြားသူတွေကို လှည့်စားပြီး အသုံးပြုလေ့ရှိတယ်။ ကျွန်တော်တို့က အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်၊ ဆင်းရဲဒုက္ခခံစားပြီး၊ အသုံးခံကာ အဲဒါတွေကို ကောင်းကင်နိုင်ငံတော်မှာ ကောင်းကြီးမင်္ဂလာတွေနဲ့ အလဲအထပ် လုပ်ဖို့၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစား အားထုတ်မှုတစ်ခု အနေနဲ့ ဆောင်ရွက်ပါတယ်။ အဲဒီလိုအရာ များစွာကို ကျွန်တော်တို့ ပြုလုပ်လေ့ရှိတယ်။ ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့အရာက ဆိုးယုတ်တဲ့ သဏ္ဌာန်တစ်ခုသာ ဖြစ်တာကို ရှင်းလင်းပြတ်သားစွာ အမှန်တကယ် တွေ့မြင်တဲ့အချိန်မှာ၊ ကျွန်တော်တို့အထဲမှာ စစ်မှန်တဲ့ ဝန်ချတောင်းပန်ခြင်း ဖြစ်ပေါ်လာပြီး ဘုရားသခင်ရဲ့ စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို ပိုမိုလက်ခံလိုလာပြီး၊ သမ္မာတရားကို ရှာဖွေလိုလာတယ်။ တဖြည်းဖြည်းချင်း ဒီလုပ်ရပ်တွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ချည်နှောင့်မှုနဲ့ ကန့်သတ်ဘောင်ခတ်ခြင်းတွေက ရုန်းထွက် လွတ်မြောက်ပြီး၊ သန့်စင်ခြင်း ခံရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျ မှသာလျှင် ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် ကို ဝင်ရောက်ဖို့ အရည်အသွေးပြည့်ဝပါမယ်”ဟု မိတ်သဟာယပြုခဲ့ပါသည်။

ကျွန်မအစ်ကို၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက်၊ ကျွန်မတို့က နောက်ဆုံးသောကာလက ဘုရားသခင်၏ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားရခြင်း မရှိသေးသောကြောင့် ကျွန်မတို့သည် အပြစ်၏ ချည်နှောင်ခြင်းမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်းကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မတို့သည် စာတန်အားဖြင့် ကျွန်မတို့၏ ဖောက်ပြန် ပျက်စီးခြင်းဆိုင်ရာ သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် မည်သည့်ထိခိုက်စော်ကားခြင်းကိုမျှ လက်မခံသည်ကိုလည်းကောင်း နားလည် သဘောပေါက်ခြင်း မရှိခဲ့သောကြောင့် ကျွန်မတို့သည် မရည်ရွယ်ပဲနှင့် အပြစ်ကျူးလွန်မိနိုင်ပါသည်။ မည်မျှအလုပ်ကြိုးစားခြင်း၊ အမှုတော်ဆောင်ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်း သို့မဟုတ် ဆုတောင်းခြင်းတို့သည် ထိုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပါ၊ ၎င်းသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ပြစ်တင် ဆုံးမခြင်းတို့ကို လက်ခံဖို့ လိုအပ်ပါသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည် သဘာဝများ ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဖတ်ရှုခြင်း၊ စာတန် အားဖြင့် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဆိုင်ရာအချက်များကို အမှန်တကယ်ပင် နားလည် သဘောပေါက်ခြင်း နှင့်၊ ကျွန်မတို့ ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရကိုလည်း အမှန်တကယ် နားလည်သဘောပေါက်ခြင်း တို့မှတစ်ဆင့် ကျွန်မတို့သည် စာတန်ကို ရွံရှာမုန်းတီး၊ သစ္စာဖောက်နိုင်ပြီး၊ ဘုရားသခင်ထံ စစ်မှန်စွာ ပြန်သွားကာ၊ နာခံနိုင်မည် ဖြစ်ပါသည်။ ကျွန်မတို့ ထိုသို့ပြုလုပ်သည့်အချိန်တွင် ကျွန်မတို့သည် အပြစ်၏ ချည်နှောင်ခြင်းမှ အမှန်တကယ် ရုန်းထွက်လွတ်မြောက်ခဲ့ပြီး၊ သန့်စင်ခြင်းကို ခံရမည် ဖြစ်သည်။ ကျွန်မသည် အဆုံးသတ်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လမ်းကြောင်းကို ရရှိခဲ့ပြီဟု ခံစားခဲ့ရပါသည်။

ထို့နောက်တွင် ကျွန်မအစ်ကိုက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အက်ပလီကေးရှင်းကို ပေးပို့လိုက် သည်။ အစည်းအဝေးအပြီးတွင် ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝဘ်ဆိုက် ကို သွားလည်ဖို့ရာ မစောင့်နိုင်တော့ပါ။ ကျွန်မသွားလည်ပြီးသည့်အချိန်တွင်၊ ကျွန်မသည် အလွန် နှစ်သက်သဘောကျမိပါသည်။ ဘုရားသခင့် အမှုတော်၏ နက်နဲမှုကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဆိုးယုတ်သည့် သဘာဝ နှင့် အနှစ်သာရ တို့ကို ဖော်ပြသည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ဖော်ပြသည့် နှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်အနေဖြင့် ဝင်ရောက်ခြင်း ကို လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားဆိုင်ရာ ရှုထောင့်များကို ဖော်ပြသည့် နှုတ်ကပတ်တော်များ စသည်ဖြင့် ဘုရားသခင်သည် နှုတ်ကပတ်တော်အသစ်များစွာကို ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ကျွန်မတစ်ခါမျှ စိတ်မကူးခဲ့ပေ။...ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရင်းဖြင့် ကျွန်မ၏နှလုံးသားသည် အမှန်တကယ်ပင် တို့ထိခြင်း ခံရပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ဧဝံဂေလိရုပ်ရှင်များနှင့် အကတင်ဆက်မှု ဗီဒီယိုများကိုလည်း ကြည့်ခဲ့သည့်အပြင်၊ သက်သေခံချက် ဆောင်းပါး အမျိုးအစားအားလုံးကိုလည်း ဖတ်ရှုခဲ့ပါသည်။ ကျွန်မသည် သိုးသငယ်၏ မင်္ဂလာဆောင် စားပွဲတော်ကြီးသို့ ရောက်ရှိနေသည်ဟု အမှန်တကယ်ပင် ခံစားရပြီး၊ ကျွန်မ ဝိညာဉ်ရေးရာ အာသာဆန္ဒသည် လည်း တစ်ခါဖူးမျှ ထိုသို့ ကျေနပ်စေခြင်း မရှိခဲ့ပါ။

မျက်တောင်တစ်ခတ်ဟု သဘောရသည့် အချိန်တွင်ပင် ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်တစ်ဝက်ကျိုးသွားခဲ့ပြီး၊ အသင်းတော်တွင် ကျွန်မ တတ်နိုင်သမျှ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ကျွန်မ၏ အတွေ့အကြုံမှတစ်ဆင့် ကျွန်မသည် ဘုရားသခင့် အမှုတော်ဆိုင်ရာ အသိဉာဏ်ပညာကို အနည်းငယ် ရရှိခဲ့သည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နှုတ်ကပတ်တော်၌ ထုတ်ဖော်ခြင်းတွင်၊ ကျွန်မ၏ မှားယွင်းသော ရှာဖွေမှုများနှင့် အမြင်ရှုထောင့်များအပြင် ကျွန်မ၏ ဆိုးယုတ် သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်သည့် မာန ထောင်လွှားခြင်း နှင့် အတ္တကြီးခြင်းကိုပါ နားလည်သဘောပေါက် လာခဲ့ပြီး၊ ရိုးသားသည့် လူတစ်ယောက် ဖြစ်ခြင်းသည် စစ်မှန်သည့် လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် လမ်းခရီးဖြစ်ကြောင်း ကိုပါ နားလည် သဘောပေါက် လာခဲ့ပါသည်။ ကျွန်မ အပျက်သဘောဆောင်ပြီး၊ အားနည်း သည်ဟု ခံစားရတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ထောက်ပံ့ပြီး ဖြည့်ဆည်းပေးသည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ တို့ကို ခံစားခွင့်ပေးသည်။ ကျွန်မသည် ဘုရားသခင်ကို ဆန့်ကျင်တော်လှန်ခြင်း သို့မဟုတ် ခုခံခြင်းတို့ပြုပါက၊ ဘုရားသခင်၏ ပြင်းထန်သည့်နှုတ်ကပတ်တော်များက ကျွန်မထံ သို့ လာရောက်ပြီး၊ ကျွန်မ၏ ကိုယ်ပိုင်ဖောက်ပြန် ပျက်စီးခြင်း ဆိုင်ရာ အမှန်တရားကို တွေ့မြင်ပါသည်။ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ဖြစ်သည့် လူသားမျိုးနွယ်ကို စီရင်ခြင်းနှင့် သန့်စင်ခြင်း တို့သည် လူများအတွက် အပြစ်၏ချည်နှောင်ခြင်းမှ အပြည့်အဝ ရုန်းထွက်လွတ်မြောက်ရန် တစ်ခုတည်းသော လမ်းခရီးဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဟုလည်း အမှန်တကယ် ခံစားခဲ့ရပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

အပိုင်း ၁-

အမှာစကား ချန်ခဲ့မည်